Thursday, February 18, 2016

တောင်တရုတ်ပင်လယ်ထဲတွင် တရုတ် ဒုံးကျည်များ ဖြန့်ကျက်နေသည် ဆိုခြင်းကို အမေရိကန် စိုးရိမ်

တောင်တရုတ် ပင်လယ်အတွင်းတွင် တရုတ်က ဒုံးကျည်စနစ်များ ဖြန့်ကျက်ထားကြောင်း သတင်းများအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တကြီး လေ့လာနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောကြားခဲ့သည်။တရုတ်တိုင်ပေ အစိုးရက တရုတ်သည် ရေပိုင်နက် အငြင်းပွားမှုများ ရှိနေရာ တောင်တရုတ် ပင်လယ်အတွင်း ၎င်းတို့ တည်ဆောက်ထားသည့် စစ်စခန်းတစ်ခု၌ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ဖြန့်ကျက်ထားကြောင်း စွပ်စွဲခဲ့သလို ဒေသတွင်း မီဒီယာများကလည်း ယင်းသတင်းကို နောက်ဆက်တွဲ ဖော်ပြခဲ့ကြသည်။

အမေရိကန် တက္ကသိုလ်တစ်ခု စာသင်ခန်းများထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြု

အမေရိကန်နိုင်ငံ၊ အော်စတင်ရှိ တက္ကဆက်စ် တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများ စာသင်ခန်းထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြုပေးလိုက်ကြောင်း သိရှိရသည်။
ပြည်နယ် လွှတ်တော်အမတ်များက တက္ကသိုလ် ပရဝုဏ်များအတွင်း သေနတ်များ ကိုင်ဆောင်ခွင့် ပိတ်ပင်ထားမှုသည် တရားမဝင်ကြောင်း အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပြီးနောက် တက္ကသိုလ် အာဏာပိုင်များက ယခုလို ခွင့်ပြုလိုက်ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

စာအုပ်အစိမ်းရဲ့ ဝိရောဓိအချို့

၂၀၀၈ မေလ ၂၉ ရက်စွဲနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ စာအုပ်အစိမ်းလို့ လူအများသိတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မအချင်းချင်း ရှေ့နောက် မချိတ်ဆက်တာ၊ အဓိပ္ပာယ်ဖွင့်ဆိုရာမှာဝိရောဓိ ဖြစ်နေတာ၊ ပြဋ္ဌာန်းထားတဲ့ ပုဒ်မတချို့ဟာ လက်တွေ့ကျင့်သုံး ဆောင်ရွက်ရာမှာ အံခွင်မကျတာတွေရှိနေတာကြောင့် ဖြည့်စွက်ဖို့ ပယ်ဖျက်ဖို့ ပြင်ဆင်ဖို့(ဒါမှမဟုတ်) အသစ်ပြန်လည်ရေးဆွဲဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

လိင်တူစုံမက်သူများကို ပုတ်ခတ်ခဲ့ခြင်းကြောင့် ပက်ကွီအိုနှင့် စပွန်ဆာ စာချုပ်ကို Nike ဖျက်သိမ်း

လိင်တူ စုံမက်သူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့သည့် မှတ်ချက်စကားကြောင့် မန်နီပက်ကွီအိုနှင့် စပွန်ဆာစာချုပ်ကို Nike ကုမ္ပဏီက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ဝိတ်တန်းခြောက်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ ဖိလစ်ပိုင်လက်ဝှေ့သမားက လိင်တူ စုံမက်သူများသည် တိရစ္ဆာန်များထက်ပင် အဆင့်အတန်းနိမ့်သေးကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တွင် လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်နေသည့် အသက် ၃၇ နှစ်အရွယ် ကမ္ဘာကျော်အားကစားသမားက နောက်ပိုင်းတွင် အဆိုပါစကားအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

လပွတ္တာမြို့ရွှေပေါ်ကျွန်းရှိ သိမ်းဆည်းထားသည့် လယ်မြေဧက ၈၀၀၀ကျော် မူလတောင်သူပြန်လိုချင်

လပွတ္တာမြို့၊ ကုက္ကိုကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်း ပေါ်ရှိ လယ်မြေဧက ၈၀၀၀ ကျော်အား မူလတောင်သူများထံ ဥပဒေအတိုင်းပြန်လည်ပေးအပ် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုထားသော်လည်း ယခုအထိမရသေးကြောင်း သိမ်းဆည်းခံ တောင်သူများက ပြောသည်။
"ကျွန်တော်တို့ လယ်တွေကို သက်ဆိုင်ရာတောင်းတော့လည်း ဖြေရှင်းမပေးဘဲအချိန်ဆွဲထားတယ်၊သူများတွေ လုပ်နေပြီး ကျွန်တော်တို့တောင်သူတွေက လုပ်ခွင့်မရဘူး၊ ကိုယ်ပိုင်တဲ့လယ်တွေ ပြန်လို ချင်ပြီး" ဟုရွှေပေါ်ကျွန်းမှ သိမ်းဆည်းခံတောင်သူ ဦးဝင်းမြင့်က ပြောသည်။