Saturday, June 8, 2013

မောင်တောဒေသမှာ ကလေးနှစ်ယောက် ကန့်သတ်မိန့် မထုတ်ပြန်ရသေး

Photo: ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော် ဝင်ကြေးများ တိုးမြှင့်ကောက်ခံတော့မည်
Saturday, June 8, 2013

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော်
အတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသား လေ့လာသူများအား ဝင်ကြေးများ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“နဂို မူလ နှုန်းတွေထက် ၅ ဒေါ်လာစီ တိုးမြှင့်ကောက်ခံဖို့ စီစဉ်နေပါတယ်။ အရင်က ရှေးဟောင်း သုတေသန ကနေ ကောက်ခံတာပါ။ အခုကျတော့ Myanmar Tourism Federation က တရားဝင် လွှဲပြောင်းလုပ်ကိုင်ရမှာ
ဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

ယင်းသို့ လွှဲပြောင်း လုပ်ကိုင်နိုင်ရန်အတွက် နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုကာ ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။

“ဌာနနဲ့ Myanmar Tourism Federation နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို
ရှေ့နေချုပ်ရုံးက လိုတာပိုတာတွေ စိစစ်ပြီးမှ လုပ်ငန်း လွှဲပြောင်းပေး
ရမှာပါ” ဟု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပုဂံဒေသတွင် နိုင်ငံခြားသား တဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ ကောက်ခံလျက်ရှိသည်။ ထို့အပြင် ပုဂံပြတိုက်သို့ ၅ ဒေါ်လာ၊ နန်းတော်အတွင်းသို့ ၅ ဒေါ်လာနှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

“Myanmar Tourism Federation ရဲ့ လွှဲပြောင်းလုပ်ကိုင်မှုက ဇူလိုင်လလောက်မှာ အကောင်အထည်ဖော်လာနိုင်ဖွယ် ရှိပါတယ်။
ကောက်ခံမှု အသစ်အရ ပုဂံဇုန် ဝင်ကြေးက ၁၅ ဒေါ်လာ။ ပုဂံပြတိုက်နဲ့ နန်းတော် အတွင်း ဝင်ကြေးက ၁၀ ဒေါ်လာစီ ပေးဆောင်ရမှာပါ” ဟု ဦးနိုင်ဝင်း က ပြောသည်။

ဝင်ကြေးများ၏ ၈၅ ရာခိုင်နှုန်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ပေးသွင်း
ရမည် ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“Myanmar Tourism Federation က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှု အောက်မှာ ရှိနေတော့ တိုးမြှင့်ကောက်ခံရတဲ့ ဇုန်ဝင်ကြေးတွေကို ထင်ထင်ရှားရှား ထုတ်ပြန်ကြေညာပြီး ခရီးသွား
လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အမှန်တကယ် အသုံးပြုကြောင်းကိုလည်း ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှလည်း ဖွံ့ဖြိုးမှုတွေကိုမြင်လာရမှာ ဖြစ်ပါ
တယ်” ဟု ပုဂံ ဧည့်လမ်းညွှန် ဦးအောင်ကို က ပြောဆိုသည်။

Mizzima
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ မွတ်စလင် မိသားစုတစ်စုကို ကလေး ၂ ဦးထက် ပိုမယူဖို့နဲ့ တစ်လင် တစ်မယားစနစ်ကျင့်သုံးဖို့ ဆိုတဲ့ ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ် အစိုးရအနေနဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပဲ စဉ်းစားနေဆဲသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက် ပါတယ်။

လွတ်မြောက်မှုအတွက် လမ်းညွှန်တခု

Photo: လွတ်မြောက်မှုအတွက် လမ်းညွှန်တခု
Saturday, June 08, 2013

တောင်အာဖရိကနိုင်ငံမှာ ကျနော်တို့ သင်ခန်းစာထုတ်ယူနိုင်ခဲ့တဲ့ အချက်တချို့ကို ဒီမှာ တင်ပြချင်ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်း လုပ်ဆောင်နေကြတဲ့၊ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက် ထားကြတဲ့ လူထုတွေရဲ့ လူ့ဘ၀ အရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ရည်မှန်းချက်ထားကြတဲ့၊ ဒီမိုကရေစီကို ချီတက်နိုင်ဖို့ လူထုတွေဆီကို လွတ်မြောက်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ တခြား ကမ္ဘာ့နိုင်ငံအားလုံးအတွက်  ဒီသင်ခန်းစာတွေက အထောက်အကူ
 ဖြစ်စေနိုင်ပါတယ်။

ကျနော် လေ့လာတွေ့ရှိခဲ့ရတဲ့ သင်ခန်းစာအားလုံးကို အကျယ်တ၀င့်
 ပြန်ပြောပြဖို့ အချိန်တော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်က အချက် ၅ ခုတော့ ပြောလိုပါတယ်။

ပထမ အချက်အနေနဲ့ အကယ်၍ ခင်ဗျားတို့က အကြမ်းဖက်မှု သံသရာစက်ဝန်းကို ချိုးဖျက်ချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ပိုလို့ ကြွယ်ဝချမ်းသာတဲ့ လူမှုအဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်ကို ချချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချင်တယ် ဆိုလို့ရှိရင်၊ အခြေခံကျတဲ့ ပြုပြင် ပြောင်းလဲ မှုတွေကို စတင် လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်လုပ် သူတွေက အရင်ဆုံး လက်ခံ သဘောပေါက်ဖို့ လိုပါတယ်။

တောင်အာဖရိကမှာ ဒီလို ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ ကျနော်နဲ့ အမျိုးသားပါတီ (National Party) ထဲက လုပ်ဖော် ကိုင်ဖက် ခေါင်းဆောင်တွေ လက်ခံ သဘောပေါက်ခဲ့ကြပါတယ်။ ကျနော်တို့က အသားအရောင် ခွဲခြားရေးစနစ်ကို ပြုပြင်မွမ်းမံနေလို့ မရတော့ပါဘူး။ ဒီစနစ်ကို လူတွေ ပိုမိုလက်ခံလာအောင်ဆိုပြီး လုပ်လို့ မရတော့ပါဘူး။ ခွဲခြား နေထိုင်ရမယ်ဆိုတဲ့ အမြင်၊ အယူအဆကို ကျနော်တို့က စွန့်လွှတ်ပြီး အတူတကွ နေထိုင်ရမယ်ဆိုတဲ့ မျှော်မြင်ချက် ကို ပွေ့ပိုက်လက်ခံဖို့ လိုအပ်ပါတယ်။ တစုတစည်းတည်းသော ညီညွတ်တဲ့ တောင်အာဖရိက နိုင်ငံဆိုတာမျိုးပါ။ အားလုံးအတွက် တန်းတူညီမျှ အခွင့်အရေးရှိပြီး ခွဲခြားဆက်ဆံမှုတွေ နိဂုံးချုပ် အဆုံးသတ်ရပါမယ်။ ဒါပေမယ့် ကိုလိုနီစနစ် ဖျက်သိမ်းရေးကို အလျင်အမြန် လုပ်ဆောင်လိုက်လို့ မတည်ငြိမ်မှု အရှုပ်အထွေး ပြဿနာတွေကြားထဲ ကျန်အာဖရိက နိုင်ငံတွေ ကျရောက် ခဲ့ရပါတယ်။ အဲဒီ အခြေအနေတွေ ကနေတဆင့် အာဏာရှင်တွေ၊ စစ်ဝါဒီတွေ လက်အောက် နောက်ထပ် ကျရောက်ခဲ့ပါတယ်။ အဲဒီလို အခြေအနေမျိုး မဖြစ်ရလေအောင် ကျနော်တို့ တောင်အာဖရိက နိုင်ငံအနေနဲ့ သေချာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဆိုလိုတာက အခြေခံကျကျ ပြောင်းလဲရတော့မယ်လို့ ကျနော်တို့က လက်ခံ သဘောပေါက်ပါတယ်။ ၁၈၀ ဒီဂရီ အချိုးအကွေ့ကို လှည့်ပြောင်း ရတော့မှာပါ။ အလားတူပဲ သမ္မတ မင်ဒဲလားနဲ့ အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) က ခေါင်းဆောင်ပိုင်းတွေကလည်း သူတို့အနေ နဲ့ တော်လှန်စစ်ကို ဆင်နွှဲလို့ မအောင်မြင်နိုင်ဘူး ဆိုတာကို လက်ခံလာရပါတယ်။ အင်အားသုံးပြီး အာဏာရရေး လုပ်ဆောင်မယ်ဆိုတဲ့ အမြင်ကို စွန့်လွှတ်ကြပြီး ဒီမိုကရေစီ နည်းလမ်းနဲ့ အာဏာရယူမယ်ဆိုတာ လက်ခံလာကြရပါတယ်။

ကျနော်တို့က ညှိနှိုင်း အပေးအယူ လုပ်ခဲ့ရပါတယ်။ နှစ်ဖက်စလုံးက လုပ်လည်းလုပ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ရလဒ်အနေနဲ့ နောက်ပိုင်း ဆွေးနွေး ပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါကြောင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်တွေ လက်ခံလာအောင် အရင်ဆုံး လုပ်ရပါမယ်။

ဒုတိယ အချက်အနေနဲ့ အင်အားစုအားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေကနေ ပေါ်ထွက်လာတဲ့ သဘောတူညီမှုတွေကို အခြေခံမှသာ ဘယ်လို နိုင်ငံရေးစနစ်သစ်မျိုးမဆို အောင်မြင်ကြမှာပါ။ “အင်အားစု အားလုံး ပါဝင်တဲ့” တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆိုတာကို  ဒီနေရာမှာ ဘာ့ကြောင့် ကျနော် အလေးပေး ဖော်ပြရတာပါလဲ။ ပဋိပက္ခ အများစုမှာ အင်အားစု အများအပြားက အကြောင်းအချက် အမျိုးမျိုးနဲ့၊ စိုးရိမ်ပူပန်ချက် အမျိုးမျိုးနဲ့၊ မျှော်မြင်လိုလားချက် အမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေကြပါတယ်။

အားလုံးက တညီတညွတ်တည်း လက်ခံတဲ့ သဘောတူညီမှုကို ရယူနိုင်ပါမှ၊ “အခြေခံ ဥပဒေအသစ်ကို ငါတို့ပိုင်တယ်။ စေ့စပ်ညှိနိုင်းပြီး ရလာတဲ့ သဘောတူညီချက်တွေထဲက အခြေခံမူတွေကို ငါတို့ပိုင်တယ်” လို့ ပြောတဲ့ ပြည်သူအများစု ပါဝင်တဲ့ သဘောတူညီချက်ဖြစ်ပါမှ အဲဒီသဘောတူညီချက်က ရေရှည်တည်တံ့ခိုင်မြဲမှာပါ။

ဒီအချက်ကနေ ကျနော် တတိယအချက်ကို ဆွဲယူဖော်ပြလိုပါတယ်။ အဲသလို ညှိနှိုင်းဆွေးနွေးပွဲတွေမှာ၊ ညှိနှိုင်းဆွေးနွေးပွဲတွေ ကနေရလာတဲ့ သဘောတူညီချက်တွေမှာ ပဋိပက္ခထဲ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေရဲ့ ကျိုးကြောင်း ဆီလျော်တဲ့ စိုးရိမ်ပူပန်ချက်တွေ၊ မျှော်မြင် လိုလားချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပေးရပါမယ်။  ဆိုလိုတာက အင်အားစု အားလုံးက အနစ်နာခံ ပေးဆပ်ရမယ်။ ဆိုလိုတာက ညှိနှိုင်းဆွေးနွေးပွဲတွေကနေ အောင်မြင်သူနဲ့ ရှုံးနိမ့်သူဆိုပြီး ပေါ်ထွက်တာမျိုး မဖြစ်စေရပါဘူး။

ကျနော် ဆိုလိုချင်တာက ပါဝင်တက်ရောက်ကြသူ အင်အားစု အားလုံးအနေနဲ့ သူတို့ရဲ့ အရေးကြီး ကိစ္စရပ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်ပယ်တွေမှာ ပြန်လည် ဆွေးနွေးတင်ပြနိုင်အောင် အချိန် လုံလုံလောက်လောက် ရဖို့လိုအပ်ပါတယ်။ “ကျနော်တို့က ကိစ္စရပ် က၊ ခ၊ ဂ တွေမှာ အလျှော့ပေးရမယ်။ ဒါပေမယ့် ကျနော်တို့က ကိစ္စရပ်  ဃ၊ င နဲ့ စ မှာတော့ ပြန်ရ စရာရှိပါတယ်။ ကိစ္စရပ် ဃ၊ င နဲ့ စ တွေက ကျနော်တို့အတွက် အလွန် အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့က က၊ ခ နဲ့ ဂ ကို စွန့်လွှတ်လိုက်ကြရအောင်” စသည်ဖြင့် ပြန်ရှင်းပြနိုင်စေရပါမယ်။

တောင်အာဖရိက နိုင်ငံမှာတော့ ဒီလို ဖြစ်ခဲ့ပါတယ်။ မလုပ်ချင်ဘဲနဲ့ လုပ်ခဲ့ရတဲ့ ရင်နာစရာ အလျှော့ပေးမှုတွေကို နှစ်ဖက်စလုံးက လုပ်ခဲ့ရပါတယ်။ ၀မ်းနည်းကြေကွဲဖွယ် ကောင်းတာက ဆွေးနွေးငြင်းခုန်မှု အသစ်တခုကို ပြီးခဲ့တဲ့ လအနည်းငယ်မှာ ANC က စတင်လုပ်လာတာပါ။ သူတို့က ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တွေမှာ ရရှိထားခဲ့တဲ့ သဘောတူညီချက်တွေကို ပြန်လို့ စိစစ်သုံးသပ် ချင်တယ်လို့ဆိုပါတယ်။ ဒီကိစ္စက စိတ်အနှောက် အယှက် ဖြစ်ဖွယ်ပါ။ ကျနော်တို့ရဲ့ တည်ကြည်စွာ ချုပ်ဆိုထားတဲ့ သဘောတူ ညီချက်တွေရဲ့ အခြေခံ အုတ်မြစ်တွေကို ပြန်တူးဆွ တိုက်ခိုက်ချင်၊
 မေးခွန်းထုတ်ချင် နေကြတာပါ။ ဒီသဘောတူညီချက်တွေကြောင့်ပဲ တောင် အာဖရိက နိုင်ငံသစ် တည်ထောင် နိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီလို မေးခွန်းထုတ် တိုက်ခိုက်နေတာက သီးခြားကိစ္စပဲ ဖြစ်ပြီး သီးခြား ရည်ရွယ်ချက်တွေ ရှိနေပါတယ်။။

ကျနော် ထောက်ပြလိုတဲ့ အချက်ကတော့ တွေ့ဆုံညှိနှိုင်းမှုတွေမှာ အပေးအယူ ရှိကြရပါမယ်။ လူတိုင်းက နာကျင်မှုတွေလည်း ခံစားကြရပါမယ်။ ဒါပေမယ့် လူတိုင်းဟာလည်း အခု တွေ့ဆုံဆွေးနွေးမှု တွေကတဆင့် ကျေနပ် အားရမှု တစုံတရာလည်း ခံစားရရှိကြရပါလိမ့်မယ်။

စတုတ္ထအချက်ကတော့ ညီညွတ်မှုနဲ့ မတူကွဲပြားမှု နှစ်ခုကြားထဲမှာ မျှတတဲ့ အခြေအနေတခုကို ရအောင် ယူနိုင်ဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဒီနေ့ ပဋိပက္ခအများစုကို စဉ်းစားကြည့်လိုက်ပါ။ အများစုက နိုင်ငံတွေ အချင်းချင်းကြားမှာ ဖြစ်နေကြတာ မဟုတ်ဘဲ နိုင်ငံတခုထဲမှာ နေထိုင်နေကြ တဲ့ ပြည်သူအချင်းချင်းကြားမှာ ဖြစ်ပွားနေတာပါ။ အခုကာလမှာ နိုင်ငံတခုနဲ့ တခုအကြား၊ အမျိုးသားအစိုးရ တခုနဲ့တခုအကြား ဖြစ်တဲ့ စစ်ပွဲတွေက သိပ်မရှိတော့ပါဘူး။

(၂၀၁၁ ခုနှစ်အတွင်း) မကြာသေးခင်က လေ့လာမှုတခုအရ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အပြင်းအထန်ဆုံး ပဋိပက္ခ ၂၅ ခု အနက် ၂ ခုကပဲ နိုင်ငံတခုနဲ့ တခုအကြား ဖြစ်တာပါ။ ပဋိပက္ခ ၂၃ ခုက နိုင်ငံနယ်နိမိတ် တခုအတွင်း မှာ နေထိုင်ကြတဲ့ ပြည်သူတွေ အချင်းချင်းကြားမှာ ဖြစ်ကြတာပါ။ ဘာသာစကား ယဉ်ကျေးမှု သမိုင်းနောက်ခံ အများစုတူတဲ့ နိုင်ငံသားတွေ အချင်းချင်းကြားထဲမှာ ဖြစ်ပွားကြတာပါ။

ကွဲပြားခြားနားမှုကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ၊ ဘယ်လို စီမံခန့်ခွဲကြမလဲ ဆိုတာကတော့ ခက်ခဲတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့က ပြဿနာတွေကို ဖြေရှင်းချင်တယ် ဆိုရင်တော့၊ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတခုမှာ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးချင်တယ် ဆိုရင်တော့ ညီညွတ်မှု (နိုင်ငံတခုလုံးသဘော) နဲ့ ကွဲပြားခြားနားမှု (နိုင်ငံတခု ဖြစ်ပေါ်စေရန် ဖန်တီး တည်ဆောက်ပေးထားတဲ့ အုပ်စုများ) အကြား မျှတတဲ့ အခြေအနေတခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

သူတို့ကို ကွက်ချန် ပစ်ပယ်ထားတယ် ဆိုတာမျိုး အရေးကြီးတဲ့ တိုင်းရင်းသား လူနည်းစုတွေ စိတ်ထဲ ခံစားစေလို့ မဖြစ်ပါဘူး။ သူတို့က နိုင်ငံတခုလုံးကို တည်ဆောက်ဖို့ အရေးကြီးတဲ့ မဲဆန္ဒနယ် အစိတ်အပိုင်းတွေလို့ အသိအမှတ် ပြုကြရပါမယ်။

နောက်ပြီးတော့ အထက်ဖော်ပြပါ အချက်အားလုံးအပြင် အကြမ်းဖက် ပဋိပက္ခတွေက လွန်မြောက်လာတဲ့ နိုင်ငံတွေအနေနဲ့  ပြဿ နာတွေကို
 ဖြေရှင်းဖို့ ဖော်မြူလာ (ဆေးနည်းကား) လိုပါတယ်။ တောင် အာဖရိက မှာတော့ အဲဒီ ပြဿနာတွေကို နိုင်ငံရေးဆိုင်ရာ ရာဇ၀တ်မှုများလို့ ခေါ်ဆို ကြပါတယ်။ တဦးချင်း တယောက်ချင်း ချမ်းသာကြွယ်ဝဖို့ ကျုးလွန်ကြတာ မဟုတ်ဘဲ မြင့်မြတ်တယ်လို့ ယုံကြည်တဲ့ကိစ္စတခု အရေးတော်ပုံ တခုအတွက် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကျူးလွန်ကြတဲ့ ရာဇ၀တ်ပြစ်မှုတွေပါ။

အောင်မြင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ မဖြစ်အောင် ပိတ်ဆို့ ဟန့်တားနေတဲ့ ကြီးမားတဲ့ အကြောင်းကိစ္စတခု နိုင်ငံအများစုမှာ ရှိတတ်ပါတယ်။ ဒီကိစ္စက အခြေအနေတွေကို ပြောင်းလဲလာစေဖို့ ဒီမိုကရေစီကို ပြောင်းလဲဖို့ ပိုမိုလွတ်လပ်တဲ့ အခြေအနေကို ဖန်တီးဖို့ ခေါင်းဆောင်တွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ စတင် မလုပ်ဆောင်နိုင်အောင် တားဆီးထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီကိစ္စကို မေးခွန်း ၂ ခုနဲ့ အကျဉ်းချုပ် ဖော်ပြနိုင် ပါတယ်။ “အကယ်၍ ငါသာ အာဏာ လက်လွတ်သွားခဲ့ရင် ငါ ထောင်ကျ မှာလား၊ငါ့ကို လက်စားချေကြမှာလား” ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

ဇင်ဘာဘွေမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေက ရောဘတ် မူဂါဘီကို ၀ိုင်းဝန်း ကျားကန် ပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အစိုးရ လက်ထက်မှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ဆောင်ရွက်ထားခဲ့တဲ့ ကိစ္စတွေ အတွက် သူတို့ကို ပြန်လည် လက်စားချေမလားလို့ စိုးရိမ်နေကြပါတယ်။ အခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်ပျက်ကြတာပါပဲ။ ဒါကြောင့်မို့လို့ ခင်ဗျားတို့က ဖော်မြူလာ (ဖော်နည်းကား) တခုကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တောင်အာဖရိက အနေနဲ့တော့ အတိုင်းအဆ ကြီးမားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဖော်မြူလာကို ချမှတ်ဆောင် ရွက်ခဲ့ပါတယ်။ အမှန်ပြောရရင် ကျနော်လိုလားတဲ့ အခြေအနေထက်တောင် ကျော်လွန် သွားခဲ့ပါတယ်။

ANC အဖွဲ့က လွတ်ငြိမ်းချမ်းသာခွင့်ကို ပြစ်မှုရဲ့ ကြီးလေးမှု အတိုင်းအတာ မခွဲခြားဘဲ ပေးရမယ်လို့ အတင်းအကျပ် တိုက်တွန်းပါတယ်။ ကျနော်ကတော့ နမီးဘီးယားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ နိုဂါ့ဒ်မူ (Norgaard principles) ကို သဘောကျပါတယ်။ သူတို့က လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုပေးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် သွေးအေးအေးနဲ့ လူသတ်တဲ့ ကိစ္စမျိုးတွေ၊ လုပ်ကြံသတ်ဖြတ်မှုမျိုးတွေ၊ မုဒိမ်းကျင့်တာတွေ၊ အလားတူပြစ်မှုတွေ အကြုံးမ၀င်ပါဘူး။ စစ်ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေရဲ့ ဘောင်ကိုကျော်တဲ့ လုပ်ရပ်မျိုးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းဆိုတာက မမှန်ကန် မမျှတနိုင်ပါဘူး။

သမ္မတ မင်ဒဲလားနဲ့ သူ့ရဲ့အဖွဲ့ကို ရင်နာနာနဲ့ အပေးအယူပြုခဲ့ရတဲ့ ကိစ္စတခုကို ကျနော် ပြန်ပြီး အမှတ်ရနေပါသေးတယ်။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့ လူသတ်သမားတဦး၊ လူအများ ထိုင်နေကြတဲ့ သောက်စားနေ ကြတဲ့ စားသောက်ဆိုင် ဘားတခုထဲကို လက်ပစ်ဗုံးပစ်သွင်းခဲ့တဲ့ လူသတ်သမားတဦးကို ကျနော်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရတဲ့ ကိစ္စပါ။ သူ့လုပ်ရပ်ကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ကျနော်တို့က လူဖြူတဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း သဘောတူညီခဲ့ ရပါတယ်။ သူက ဘတ်စကားပေါ်က လူတွေကို ရိုင်ဖယ်သေနတ်နဲ့ အကြိမ်ကြိမ် ပစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးအောင် ပစ်ခဲ့သူပါ။ ပစ်ခတ်ရတဲ့ အကြောင်းကတော့ ကားစီးလာသူတွေက လူမည်းတွေ ဖြစ်နေလို့ပါပဲ။

ကျနော် ဒီ လွတ်ငြိမ်းချမ်းသာခွင့်တွေကို မပေးချင်ခဲ့ပါဘူး။ ANC ဘက်က အတင်းအကျပ် တောင်းဆိုပါတယ်။ ကျနော် အပေးအယူ လုပ်ခဲ့ရတဲ့ ကိစ္စတွေထဲမှာ ရင်အနာဆုံးနဲ့ လုပ်ဆောင်ခဲ့ရတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် ရှေ့ကို ဆက်သွားနိုင်ဖို့ ဆိုရင် ကျနော်တို့ ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေ ရရှိနိုင်မှာပါ။ ဒီလို ပြဿနာတွေကတော့ အကြမ်းဖက် ပဋိပက္ခတွေကနေ လွတ်မြောက်လာတဲ့ နိုင်ငံတိုင်းမှာ ပေါ်လာတတ်မယ့် ပြဿနာမျိုးတွေပါ။ ဒီလိုပြဿနာတွေက မူဝါဒအခြေခံအပေါ် ရပ်တည်ပြီး ဖြေရှင်းကြရမယ့်
 ပြဿနာတွေပါ။ အာဏာကို စွန့်လွှတ်ကြရမယ့် သူတွေရဲ့ အကြောက်တရားကို ရလာမယ့် အဖြေတွေက ပြေပျောက်အောင် လုပ်ပေးသင့်ပါတယ်။ ပေးဖို့ အဆင့်သင့်မဖြစ်သေးတဲ့ တန်ဖိုးတွေကို ပေးစရာမလိုဘူးလို့လည်း သူတို့ကို အာမခံ ပြောကြားသင့်ပါတယ်။ ဒီလို သင်ခန်းစာတွေက အီဂျစ်၊ တူနီးရှား၊ ဒီကနေ့ လစ်ဗျား၊ ကွန်ဂို၊ ဆူဒန်၊ မြန်မာနဲ့ ဆီးရီးယား၊ အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံတွေမှာလည်း အသုံးတည့်မယ်လို့ ကျနော်ယူဆပါတယ်။

အခုလို ပြဿနာ ဖြစ်နေရတဲ့ နေရာဒေသတွေမှာ ဘာကြောင့် နိုင်ငံရေးအရရှေ့ကို မတိုးတက်နိုင်တာလဲလို့ ခင်ဗျားတို့ စိစစ် သုံးသပ်ကြည့်မယ်ဆိုရင်၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှု သံသရာစက်ဝန်းကို ချေဖျက်ဖို့ ခေါင်းဆောင်တွေက ဘာကြောင့် လက်ဦးမှုရယူ မလုပ်ကိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင်၊ ညှိနှိုင်းအဖြေရှာ အပေးအယူလုပ်တဲ့ လမ်းကြောင်းကို ဘာကြောင့် မရှာဖွေနိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ အချက်တွေက ကမ္ဘာကြီးရဲ့ ပြဿနာဖြစ်နေတဲ့ နေရာဒေသတွေမှာ ပြဿနာတွေ ပြေလည်စေဖို့အတွက် နှလုံးသားနဲ့ နာယူရမယ့် သင်ခန်းစာတွေ ဖြစ်ပါတယ်။

နိုင်ငံရေး သိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက “အခုအချိန်ဟာ သမိုင်းရဲ့ နိဂုံးခရီးဆုံး” လို့ ပြောသွားခဲ့ပါတယ်။ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား၊ သမိုင်းဟာ မဆုံးသေးပါဘူး။ ကျနော်တို့က သမိုင်းကို နောက်တကြိမ် ပြန်ရေးနေကြပါပြီ။ အစွန်းရောက် အစ္စလမ် အကြမ်းဖက်ဝါဒဟာ ခေတ်သစ်တခုအဖြစ် ပြန်လို့ ပေါက်ဖွား ပျံ့နှံ့နေပါတယ်။ လူတွေ ပြောဆိုနေကြတဲ့ အရင်းရှင်စနစ် ကျဆုံးခန်း၊ ဒါမှမဟုတ် ပိုလို့ တိတိကျကျ ပြောရရင် ကျနော်တို့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြတဲ့ အရင်းရှင်စနစ် ပုံစံမျိုးရဲ့ ကျဆုံးခန်း စတာတွေက ခေတ်သစ်တခုကို ဖန်တီးနေကြပါတယ်။ သမိုင်းဟာ ပြီးဆုံးစရာ အကြောင်းမရှိပါဘူး ခင်ဗျား။

ANC မှာရှိတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြိုက်လို့ ပြောပြောနေတတ် တဲ့ စကားရှိပါတယ်။ “တိုက်ပွဲက ဆက်ရှိနေဦးမယ်။ အမြဲတမ်း ဆက်ရှိနေပါ လိမ့်မယ်”။

(အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လီဂါတန် အင်စတီကျု (Legatum Institute) နှင့် Foreign Policy မဂ္ဂဇင်းတို့ ပူးတွဲကျင်းပသော ဒီမိုကရေစီ ဓာတ်ခွဲခန်း (Democracy Lab) ဖွင့်ပွဲအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့က ပြောကြားသည့် တောင်အာဖရိက သမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီကလပ် (F. W. de Klerk) ၏ မိန်းခွန်းမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Irrawaddy
တောင်အာဖရိကနိုင်ငံမှာ ကျနော်တို့ သင်ခန်းစာထုတ်ယူနိုင်ခဲ့တဲ့ အချက်တချို့ကို ဒီမှာ တင်ပြချင်ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်း လုပ်ဆောင်နေကြတဲ့၊ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက် ထားကြတဲ့ လူထုတွေရဲ့ လူ့ဘ၀ အရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ရည်မှန်းချက်ထားကြတဲ့၊ ဒီမိုကရေစီကို ချီတက်နိုင်ဖို့ လူထုတွေ ဆီကို လွတ်မြောက်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ တခြား ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဒီသင်ခန်းစာတွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

မြန်မာ့ ဆက်သွယ်ရေး မဲဆွယ်ပွဲ

Photo: မြန်မာ့ဆက်သွယ်ရေး မဲဆွယ်ပွဲ
Saturday, June 8, 2013

(ကျော်ဆန်းမင်း၊ နော်ကိုကို)
နောက်ဆုံးအဆင့်သို့ ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက် သွားပြီဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးလိုင်စင် နှစ်နေရာလုပွဲတွင် နိုင်ငံတကာ နာမည်ကျော် ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ရွေးချယ် မည့် နှစ်နေရာကို လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာတော့မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီကြီး ၁၁ ခုမှာလည်း လူထုအား ရရှိနိုင်ရေး ခြေလှမ်း သွက်သွက်ဖြင့် လှုပ်ရှားလာကြသည်။

အထူးခြားဆုံးနှင့် ထင်ပေါ်မှု အရှိဆုံးမှာ Digicel ဂျာမေကာ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိရေး ရန်ကုန်မြို့အတွင်း အင်နှင့် အားနှင့် ကြော်ငြာမှုများ ကို ပြုလုပ် လျက်ရှိသည်။

ယင်းလုပ်ဆောင်မှုများ ကြောင့်ပင် ၎င်းတို့မှာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာလူထုအကြား ရေပန်းအစားဆုံး၊ ထင်ကြေးအပေး ခံရဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

လိုင်စင်ရသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် 4G စနစ်သုံး မိုဘိုင်းလ်ဖုန်းများကို ဖြန့်ချိသွားမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဝန်ထမ်းများ ခေါ်ယူလျက်ရှိကြောင်း၊ စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr. Denis O’Brien က ပြောကြားလိုက်သည်။

Digicel ကို တစ်ချိန်က တပ်မတော်အစိုးရ အတိုက်အခံများကို အထောက် အပံ့များစွာ ပေးခဲ့သော အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်က
နောက်ခံပြုထားပြီး မြန်မာနိုင်ငံ ရိုးမကုမ္ပဏီအုပ်စုနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။
Digicel သည် လိုင်စင်ရရန် အခွင့်အလမ်းသာသည့်အပြင် လိုင်စင်ရလျှင် ဘာလုပ်ပေးမည်ဆိုသည့် ကတိစကားများနှင့် ဈေးကွက်ထိုးဖောက်မှုကို ယခုရက်ပိုင်းအတွင်း အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

မျှတရင်ရရမယ်ဆိုသည့် MICTDC
“လိုင်စင်ရကိုရမယ်။ မရရင် ဘာလို့တင်မှာလဲ။ အစိုးရနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကို မျှမျှတတ ရွေးချယ်ဖို့တစ်ခုပဲ ကျွန်တော်တို့ တောင်းဆို ထားတယ်။ မမျှမတလုပ်ရင်လည်း ပြန်တုန့်ပြန် သွားမှာပါ” ဟု ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်က MICTDC ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဦး ဖြစ်သည်။

ပြည်တွင်း အိုင်တီကုမ္ပဏီအများစု ပေါင်းစည်းထားသည့် အများပိုင်ကုမ္ပဏီ MICTDC (Myanmar ICT Development Company) နှင့် ဂျပန် ကုမ္ပဏီကြီးနှစ်ခု ဖြစ်သည့် KDDI၊ Sumitomo၊ မြန်မာနိုင်ငံ၏ ဆောက် လုပ်ရေးနှင့် အိုင်တီကုမ္ပဏီ A1 Construction တို့ ပူးပေါင်းထားသည့် အဖွဲ့မှာ လှုပ်ရှားမှု နည်းသည့်အတွက် လူသိနည်းနေသေးသည့် အဖွဲ့တစ်ခုဖြစ်သော်လည်း ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် နှစ်နေရာ အတွက် ကုမ္ပဏီများစာရင်း တင်သွင်းမှု ပိတ်လိုက်ပြီး နာရီပိုင်းအကြာ ထုတ်ပြန် ပြောကြားလိုက်သည့် ဦးသိန်းဦး၏စကားကြောင့် အိုင်တီသမားများ၊ မီဒီယာများကို သတိထားမိ စေခဲ့သည်။

A1 Construction ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် အိုင်တီလုပ်ငန်းများ ဆောက်ရွက် လျက်ရှိကာ ရတနာပုံ Fiber Optic Cable စက်ရုံကို တည်ထောင်ထားသည့်အပြင် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကွန်ရက်တွင် လက်ရှိ အသုံးပြုနေသည့် မြေအောက်ဖိုက်ဘာ ကေဘယ်လ် များ ချထား ခြင်းကို အဓိက ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။
ထို့ပြင် Sumitomo Corporation သည် မြန်မာနိုင်ငံ၏မြို့ ကြီးသုံးမြို့တွင် 4G ကွန်ရက်တည်ဆောက် ရန် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လတ်တစ်လောစာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး အခြေခံအဆောက်အဦ များကို တာဝန်ယူ တည်ဆောက် လျက် ရှိသည်။

“ကျွန်တော်တို့ကလုပ်မယ်ဆို ဖြစ်အောင်လုပ်ပါမယ်။ဒီက MICTDC နဲ့ A1 တို့ကလည်း အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ အပြည့်ရှိပြီးသားဆိုတော့ လိုင်စင်ရဖို့ပဲ တွေးထားပါတယ်။ လက်ရှိမှာလည်း Sumitomo က မြန်မာ့ ဆက်သွယ်ရေးကဏ္ဍအတွက် အရေးပါတဲ့ စီမံကိန်းတွေကို စတင် တည်ဆောက်နေပါပြီ” ဟု KDDI အမှုဆောင်အရာရှိချုပ် Mr. Hidehiko Tajima က ပြောကြားသည်။

ယင်းအပြင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ထောက်ပံ့မှုများနှင့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တို့မှာ မြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင်လိုသည့် ဂျပန်ကုမ္ပဏီများ အတွက် အထောက်အပံ့ ကောင်း များဖြစ်ရာ ကမ္ဘာကျော် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းထားသည့် MICTDC မှာ ယင်းကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းဦး ပြောသကဲ့သို့ပင် စိတ်ချရသည့် အနေအထား ဖြစ်နေသည်။သို့သော်ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ
ရရှိရေးမှာ ထင်သလောက်မလွယ်။

အင်အားကြီး Telenor
မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ထောက်ပံ့နေသည့်
နော်ဝေနိုင်ငံမှ Telenor Group သည်လည်း လိုင်စင်ရရေးအတွက်
လျော့တွက်မရသည့်ကုမ္ပဏီ တစ်ခုဖြစ်နေသည်။

Telenor Group မှာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရာခိုင်နှုန်း အထိ ရရှိစေမည်။ တယ်လီဖုန်း SIM ကတ် များကို အခမဲ့ပေးမည်။ ဖုန်းခေါ်ဆိုခများကိုလည်း အသက်သာဆုံးဖြစ်စေရန် ဖန်တီးပေးမည် ဆိုသည့် ကတိစကားများဖြင့် လိုင်စင်လုပွဲသို့ ဝင်လာခြင်းဖြစ်ပြီး ပြည်တွင်း မီဒီယာများ တွင် အင်တိုက်အားတိုက် ကြော်ငြာနိုင်ခြင်းကြောင့် မြန်မာလူထုအကြား
ရေပန်းစားနေသည့်ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။

တစ်မိနစ်လျှင် ကျပ် ၃၀ ဝန်းကျင်ခန့်ဖြင့် ဖုန်းပြောဆိုနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကာ ဒေသခံမြန်မာ လူမျိုး ဝန်ထမ်းဦးရေကို ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဖြစ်ကြောင်း Telenor Group ၏ အာရှ ဒေသ လုပ်ငန်းများ ဆိုင်ရာ အကြီးအကဲ Mr. Sigve Brekke က ကတိပြု ပြောကြားထားသည်။

အခြားယှဉ်ပြိုင်ဘက်များ
အာဖရိကတိုက်၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော MTN (Dubai) ဦးဆောင်သည့် M1 Telecom၊ Amara Communications တို့ ပါဝင်သည့် အဖွဲ့မှာလည်း အင်အားကောင်းကောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်တစ်နေရာ ရရှိရေးအတွက် ယှဉ်ပြိုင်နေသည့်အဖွဲ့ ဖြစ်ပြီး ပြည်တွင်း မီဒီယာများတွင် ကြော်ငြာများ ထည့်သွင်းမှုကြောင့် လတ်တစ်လော လူသိများလာခဲ့သည်။
“MNT အနေနဲ့ ဘာတွေလုပ်ခဲ့တယ် ဘာတွေလုပ်နိုင်တယ်ဆိုတာ ပြောပြီး ပါပြီ။ အဲ့ဒီအတွက် လိုင်စင် တစ်နေရာက ကျွန်တော်တို့အတွက်ပဲ ဖြစ်ပါ လိမ့်မယ်။ စကားပုံတစ်ခုထဲက လိုပဲ လက်တွေ့လုပ်ထားတာ ဘာမှမရှိဘဲ အိပ်မက်တွေအများကြီး ပေးနေကြတာတွေ ကိုတော့ တင်ဒါကော်မတီ အနေနဲ့ သေချာ သုံးသပ်နိုင်ဖို့ လိုပါတယ်” ဟု MTN Group ၏ အထွေထွေမန်နေဂျာ Simphiwe Cele က ပြောကြားသည်။

ယင်းသို့ပင် အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်နေသည့် Bharti Airtel သည်လည်း နောက်ဆုံးအဆင့် ယှဉ်ပြိုင်သည့်အဖွဲ့များအတွင်း ပါဝင်ခဲ့ပြီး အခြားအဖွဲ့ပေါင်း ၁၁ ဖွဲ့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
Bharti Airtel သည် လက်ရှိအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သိရီလင်္ကာနှင့် အာဖရိကတိုက် နေရာအချို့တွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အင်အားကောင်းသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
သို့သော်၎င်းတို့မှာ မြန်မာနိုင်ငံ ဈေးကွက်အတွင်း လှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေ၍ ဦးစားပေး စာရင်းမှ ဖယ်ထားခံရနိုင်သည်ဟုလည်း ခန့်မှန်း ပြောဆိုနေကြသည်။

ကျန်ရှိနေသည့် SingTel၊ Royal Myanmar Transport Co. (KBZ) နှင့် M-Tel တို့ပေါင်းထားသည့် အဖွဲ့တွင်လည်း စင်ကာပူအခြေစိုက် အားကောင်းသည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော SingTel ပါဝင်နေသည်ဖြစ်ရာ အလားအလား ရှိသည်ဟု ဆိုနိုင်သည်။

ရွေးချယ်ပုံနှင့် လတ်တလော အခြေအနေ
ဆက်သွယ်ရေး တင်ဒါကော်မတီက ယှဉ်ပြိုင်သည့် အဖွဲ့ဆယ့်တစ်ခုမှ တင်ဒါပေးအပ်မည့် အဖွဲ့နှစ်ခု ကိုရွေးချယ်ရာတွင် နည်းပညာ ကျွမ်းကျင် နိုင်နင်းမှုအတွက် ၆၇ မှတ် နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှု အထူးသဖြင့် တစ်ဆယ့်ငါးနှစ်စာ လိုင်စင်ကြေးအတွက် အများဆုံး ၃၃ မှတ်အထိ ပေးထားကာ ယင်း နှစ်ချက်ပေါ်တွင် အခြေခံ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အဆိုပါ ၁၁ ဖွဲ့တွင် အင်အားကြီးအဖွဲ့များသာ ရရှိမည့် အနေအထားဖြစ်သည်။

“တင်ဒါကော်မတီအနေနဲ့ကတော့ တစ်ရာ ရာခိုင်နှုန်းမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ မြန်မာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းပညာနဲ့ ငွေကြေးမှာလည်း အင်အား အကြီးဆုံးသူကိုပဲ ရွေးချယ်သွားမှာပါ။ ဒီတင်ဒါဟာ နိုင်ငံ့ဂုဏ်သိက္ခာနဲ့လည်း သက် ဆိုင်နေပါတယ်” ဟု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် တင်ဒါရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။

သို့သော်အများစုမှာ အင်အားကြီး ကုမ္ပဏီများဖြစ်နေသဖြင့် မည်သည့်အဖွဲ့ လိုင်စင်ရမည်ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲသည့်အနေအထားဖြစ်ပြီး ကုမ္ပဏီကြီးများအနေနှင့်လည်း လိုင်စင်နှစ်နေရာတွင် တစ် နေရာရရှိရေး အားကုန်ထုတ် ယှဉ်ပြိုင်ရမည့် အနေအထား ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်မှု အနေအထားသည် လွန်စွာ နိမ့်ကျလျက်ရှိပြီး လူဦးရေသန်း ၆၀ ခန့်တွင် ၁၀ ရာခိုင်နှုန်းနီးပါးသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်သေးသည်။
သို့ဖြစ်ရာ ပြည်ပမှ လာရောက်ပြီး ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်း ကောင်းများ ရရှိနိုင်သည့်နေရာ တစ်နေရာဟုလည်း ဆိုနိုင်သည်။

ကမ္ဘာ့ဆက်သွယ်ရေး ဈေးကွက်တွင် နောက်ဆုံးလက်ကျန် ဈေးကွက်ကြီးအဖြစ် သတ်မှတ်ရသည် အထိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး
ဈေးကွက်ကြီးကြီးမားမား ကျန်ရှိနေသေးခြင်း ကပင် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး အပြိုင်ကြဲနေကြခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာလှသည်။ အစိုးရက တန်ဖိုးနည်း
SIM ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလကတည်းက မဲဖောက်ပြီး ရောင်းချ ပေးနေသော်လည်း ဖုန်းကတ်ရပြီး ဖုန်းဝယ်သုံးနိုင်မည့် အရေးအတွက် အခက်တွေ့နေသူတွေများ လှသည်။
ဖုန်းကတ် မဲပေါက်ပြီးမှ ဖုန်းမဝယ်နိုင်သည့် သူများအတွက် ထီပေါက်ပြီး ထီလက် မှတ်ပျောက်သလို ဖြစ်နေသည်ဟု ဆိုသူများပင်ရှိနေသည်။

ယင်းအခြေအနေကို ဆဝါးမိသည့် ပုဂ္ဂလိကကုမ္ပဏီများ လုပ်ပိုင်ခွင့်ရသွားလျှင် မြန်မာ့ဆက်သွယ်ရေး အနေအထားကို သုံးသပ်ကာ ပြုပြင် ပြောင်းလဲလိုက်ပါက မြန်မာနိုင်ငံသည် ဆက်သွယ်မှုအဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံဘဝ ရောက်သွားနိုင်သည်ဟု စီးပွားရေးပညာရှင်များက လေ့လာသုံးသပ် ကြ သည်။

အနိမ့်ဆုံးဝန်ဆောင်မှုနှင့် မြင့်မားသော ဝန်ဆောင်စရိတ်
ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး MPT အတွက်လည်း နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် အပြိုင် ယှဉ်ပြိုင်ရမည့် အနေအထားမှာ အခြေအနေ ကောင်းလှသည်တော့ မဟုတ်။သို့သော်ဈေးကွက်တွင်
ဆက်လက် အသက်ဆက်ရေး MPT ၏ မူဟောင်းများကို စွန့်လွှတ် ရမည်မှာ သေချာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ အတွက် အပြိုင် လုနေသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခုအနက် တင်ဒါအောင်မြင်သူ နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာပြီး သည့်နောက် စက်တင်ဘာလမတိုင်မီ လိုင်စင်ချထားပေးရန် အပြီးသတ်စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းမှာ အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်နေ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် နှစ်နေရာ မည်သူတို့ ရရှိသွားမည်ဆိုသည်မှာ ကမ္ဘာကရော မြန်မာနိုင်ငံသားများကပါစိတ်ဝင်တစား စောင့်ကြည့်နေကြ သည်။

“ဥရောပကတစ်ခု အာရှကတစ်ခု ရစေချင်တယ်။ အနောက်ဘက်ကဆို Telenor နဲ့ Digicel ရှိတယ်။ အာရှမှာဆို ကာလကြာရှည် မိတ်ဖက်တွေဖြစ်ခဲ့တဲ့ ဂျပန်ကို ရစေချင်တယ်။ အဲ့ဒီ နှစ်ခုရမယ်ဆို အရည်အသွေးနဲ့ CSR ကိစ္စတွေမှာ တော်တော်စိတ်ချရနိုင်တယ်” ဟု စင်ကာပူနိုင်ငံ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ အိုင်တီဌာန တာဝန်ခံ ဒေါ်ပန်းမြတ်ဖြိုးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း အတွက် ရင်ခုန်စရာကောင်းသည့် အခြေအနေတစ်ခုသို့ မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ လူတိုင်းနှင့် သက်ဆိုင်နေသည့် အတွက်လည်း စိတ်ဝင်စားစွာ စောင့်ကြည့် နေခဲ့ကြသည်။

ဆုံးဖြတ်ချက်ချရန် ရက်သတ္တပတ် အနည်းသာလိုတော့ချိန် ကုမ္ပဏီများမှာ ကမ္ဘာ့နောက်ဆုံး ဆက်သွယ်ရေး ဈေးကွက် ဝေစုရရေး အပြိုင် မဲဆွယ်နေကြပြီဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ပိတ်လိုက်ပြီးနောက် မဲဆွယ်ပွဲများ အပြိုင်လာတော့မည်။
ပန်းပန်မည့်သူကား မကြာမီ အဖြေထွက်တော့မည်။
“ကျွန်တော်တို့ MPT နဲ့ပြိုင်မယ်။ သာသူစားစတမ်းပေါ့” ဟု KDDI အကြီးတန်း မန်နေဂျာက ဆိုလေ သည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် ကုမ္ပဏီ၁၁ခု
(1) KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction
(2) Digicel Group + Quantum Strategic Partners + YSH Finance
(3) Telenor Mobile Communications
(4) SingTel + Royal Myanmar Transport Co. (KBZ) + M-Tel
(5) MTN (Dubai) + M1 Telecom + Amara Communications
(6) Bharti Airtel
(7) Axiata Group
(8) France Telecom Orange + Marubeni Corporation
(9) Millicom International Cellular
(10) Qtel (“Ooredoo”)
(11) Viettel Group

The Voice Weekly
(ကျော်ဆန်းမင်း၊ နော်ကိုကို)
နောက်ဆုံးအဆင့်သို့ ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက် သွားပြီဖြစ်ရာ မြန်မာ့ဆက်သွယ်ရေး လိုင်စင် နှစ်နေရာလုပွဲ တွင် နိုင်ငံ တကာ နာမည်ကျော် ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

တရုတ်အမေရိကန် ထိပ်သီးဆွေးနွေးပွဲစ

Photo: တရုတ်အမေရိကန် ထိပ်သီးဆွေးနွေးပွဲစ
Saturday, June 8, 2013

ကမ္ဘာ့သြဇာအကြီးမားဆုံး ခေါင်းဆောင် နှစ်ယောက်တို့ဟာ ညစာစားသောက်
ကြရင်း အလွတ်သဘော ကမ္ဘာ့အရေးကြီး ပြဿနာတွေ ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင် နှစ်ယောက်ကြား အလုပ် သဘောရော ပုဂ္ဂိုလ်ရေးပါ ဆက်ဆံရေး တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

ဒီဆက်ဆံရေးကတဆင့်ကမ္ဘာ့အင်အားကြီး၂နိုင်ငံကြား အင်တာနက် လုံခြုံရေးပြဿနာ ကုန်သွယ်ရေးကိစ္စ မြောက်ကိုရီးယားအရေး ဆီရီးယား
စစ်နဲ့ တောင်တရုတ်ပင်လယ်လို အရေးအခင်းတွေကို ဖြေရှင်ဖို့ ကြိုးပမ်း အဖြေရှာနိုင်မှာဖြစ်ပါတယ်။ ရှေ့ရှောက် ပြဿနာကြီးထွားလာနိုင်မယ့်ကိစ္စတွေ ကာကွယ်ဖို့ လည်းလမ်းစတွေ ရကြမှာဖြစ်ပါတယ်။

မကြာမီကဘဲ တရုတ်သမ္မတရှီကျင်းပင်က အင်အားကြီး ဆက်ဆံရေး ပုံစံသစ်လိုနေပြီလို့ အမေရိကန် ထိပ်တန်းအရာရှိ တယောက်ကိုပြောခဲ့
ပါတယ်။ ဘယ်လို ပုံစံဆက်ဆံရေးမျိုး ထွက်မယ်ဆိုတာ ပုံဖေါ်ဖို့ အခုအခါ အခွင့်အရေး ရလာနိုင်ပါတယ်။ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေမပါဘဲ ပွင့်လင်းတဲ့ ထိပ်သီး ဆွေးနွေးပွဲမျိုးဟာ ရှားပါးပြီးတရုတ် အမေရိကန် နှစ်နိုင်ငံသာမက ကမ္ဘာ့စီးပွားရေး အနာဂတ်အတွက်ပါ အရေးကြီး တဲ့အကြောင်း လော့အင်ဂျလိစ်ရှိ ဘီဘီစီ သတင်းထောက်က ပြော
သွားပါတယ်။

BBC
ကမ္ဘာ့သြဇာအကြီးမားဆုံး ခေါင်းဆောင် နှစ်ယောက်တို့ဟာ ညစာစားသောက်ကြရင်း အလွတ်သဘော ကမ္ဘာ့အရေးကြီး ပြဿနာတွေ ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင်နှစ်ယောက်ကြား အလုပ် သဘောရော ပုဂ္ဂိုလ်ရေးပါ ဆက်ဆံရေး တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေလဲကောင်တာများ ဆီးဂိမ်းပြုလုပ်ကျင်းပမည့် အားကစားကွင်းများ အတွင်း ထားရှိမည်

နိုင်ငံခြားဧည့်သည်များ ငွေကြေးလဲလှယ်မှု အဆင်ပြေစေရန် ဆီးဂိမ်းပြုလုပ်ကျင်းပမည့် အားကစားကွင်း များအတွင်း ငွေလဲကောင်တာများကို ထားရှိသွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

စစ်မှုထမ်းရတော့မယ့် ဆောင်းဂျွန်ကီ

Photo: စစ်မှုထမ်းရတော့မယ့် ဆောင်းဂျွန်ကီ
Saturday, June 8, 2013

ပရိသတ် အကြိုက် ကိုရီးယားသရုပ် ဆောင်များ တစ်ဦးပြီး တစ်ဦး စစ်မှုထမ်း အလှည့်ကျသည်မှာ နှစ်တိုင်းလိုပင် ဖြစ် သည်။ ၂ဝ၁၁ ခုနှစ်တွင် ဟွန်ဘင်း၊ ၂ဝ၁၂ ခုနှစ်တွင် လီဂျီဟွန်း၊ ယခုနှစ်တွင် ဆောင်းဂျွန်ကီ (ဆောင်ကျန်ကွမ် အရှုပ် တော်ပုံ) စသည့် နာမည်ကြီး မင်းသားများ အစဉ်လိုက် စစ်မှုထမ်း ရလျက်ရှိသည်။

ဟွန်ဘင်းသည် ‘SecretGarden’ ရုပ်ရှင်ဖြင့် ကျော်ကြားလာခဲ့ပြီး ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးရန် လက်မလည် အောင် ကမ်းလှမ်း ခံရချိန်တွင် စစ်မှုထမ်း ရခြင်းဖြစ်သည်။ ဆောင်းဂျွန်ကီသည် ၂ဝ၁၃ ခုနှစ် နှစ် ကုန်ပိုင်းတွင် စစ်မှုထမ်း ရမည်ဖြစ်ပြီး ‘A Werewolf Boy’ ရုပ်ရှင်နှင့် Nice Guy ရုပ်သံ ဇာတ်လမ်း ဖြင့် ပရိသတ်၏ မေတ္တာကို ရရှိခဲ့သူဖြစ်သည်။ ၄င်းသည် လတ်တလော၌ ဒါရိုက်တာ ဘွန်ဂျွန်းဟို ၏ ‘Haemu’ ရုပ်ရှင် ဇာတ်ကား၌ပါဝင် သရုပ်ဆောင်လျက် ရှိပြီး ရာဇဝင် ဇာတ်လမ်းတစ်ခုတွင်
လည်း သရုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Popular Myanmar
ပရိသတ် အကြိုက် ကိုရီးယားသရုပ် ဆောင်များ တစ်ဦးပြီး တစ်ဦး စစ်မှုထမ်း အလှည့်ကျသည် မှာ နှစ်တိုင်း လိုပင် ဖြစ် သည်။ ၂ဝ၁၁ ခုနှစ်တွင် ဟွန်ဘင်း၊ ၂ဝ၁၂ ခုနှစ်တွင် လီဂျီဟွန်း၊ ယခုနှစ်တွင် ဆောင်းဂျွန်ကီ (ဆောင်ကျန်ကွမ် အရှုပ် တော်ပုံ) စသည့် နာမည်ကြီး မင်းသားများ အစဉ်လိုက် စစ်မှုထမ်း ရလျက်ရှိသည်။

ရထားတွဲချော်၍ သံလမ်းစောင့် အိမ်ကို ရထားဝင်တိုက်

Photo: ရထားတွဲချော်၍ သံလမ်းစောင့် အိမ်ကို ရထားဝင်တိုက်
Saturday, June 8, 2013

မန္တလေးမြို့ ၃၆ လမ်းအနီး တွင် ဇွန်၇ရက်နံနက်က ရထားတွဲချော်၍
သံလမ်းစောင့် အိမ်ကိုရထားဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

ထိခိုက်ဒဏ်ရာရသူမရှိမရှိကြောင်းသိရသည်။
Myanma Light
မန္တလေးမြို့ ၃၆ လမ်းအနီးတွင် ဇွန်၇ရက်နံနက်က ရထားတွဲချော်၍ သံလမ်းစောင့် အိမ်ကို ရထားဝင် တိုက်မှု ဖြစ်ပွားခဲ့သည်။ ထိခိုက်ဒဏ်ရာရသူမရှိမရှိကြောင်းသိရသည်။
Myanma Light

ရန်ကုန်ဆေးရုံးကြီးပေါ်မှ လူနာတစ်ဦး ခုန်ချသေဆုံး

Photo: ရန်ကုန်ဆေးရုံးကြီးပေါ်မှ လူနာတစ်ဦး ခုန်ချသေဆုံး
Saturday, June 8, 2013

၎-၆-၂၀၁၃ရက်နေ့မှစ၍ လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီး၊ အဆောင် (၁၃/၁၄) တွင် အစာအိမ်အူလမ်းကြောင်းပိတ်ရောဂါဖြင့် တက်ရောက် ကုသနေသော တွံတေးမြို့နယ်နေ ဦးမိုးဇော် ၊ (ဘ)ဦးအုံးကြည်သည် ၈-၆-၂၀၁၃ရက်နေ့ ၁၅၃၀အချိန် ရောဂါဝေဒနာမခံစားနိုင်သဖြင့် တတိယထပ် အဆောင်(၁၃/၁၄)ရှိအိမ်သာ ပြူတင်းပေါက်မှခုန်ချခဲ့ရာ
ရေနုတ်မြောင်းဘောင်ပေါ်သို့ ပြုတ်ကျပြီး ယာဒူး/လက်ကောက်ဝတ်/ လက်သန်း စုတ်ပြဲ၊ နောက်ကျောဖူးရောင်ဒဏ်ရာများရရှိကာ
သေဆုံးသွားသဖြင့် လသာမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၃)ဖြင့်ရေးဖွင့်စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်
၎-၆-၂၀၁၃ရက်နေ့မှစ၍ လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီး၊ အဆောင် (၁၃/၁၄) တွင် အစာအိမ် အူလမ်းကြောင်းပိတ်ရောဂါဖြင့် တက်ရောက်ကုသနေသော တွံတေးမြို့နယ်နေ ဦးမိုးဇော် ၊ (ဘ)ဦးအုံးကြည် သည် ၈-၆-၂၀၁၃ရက်နေ့ ၁၅၃၀အချိန် ရောဂါဝေဒနာမခံစားနိုင်သဖြင့် တတိယထပ် အဆောင်(၁၃/၁၄)ရှိ

ရုရှား- ယူကရိန်း ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

 
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ ပူးပေါင်း၍ ပင်လယ်နက်အတွင်း ပင်လယ်ဓားပြ နှိမ်နင်းရေး ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းအား ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အဆို ပါစစ်ရေး လေ့ကျင့် ခန်း၌ စစ်သင်္ဘော ၁၅ စင်းနှင့် အရန် သင်္ဘောငယ်များစွာ ပါဝင်လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံမှ ပင်လယ်နက် ရေယာဉ်စု ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်လာမယ့် မစ်ပါဝါ

သမ္မတ အိုဘားမားဟာ နိုင်ငံခြားရေးပေါ်လစီ အကြံပေးပုဂ္ဂိုလ် ရာထူးတွေမှာ အဓိကအပြောင်းအလဲတွေကို ဒီသတင်းပတ်ထဲ ကြေညာခဲ့ရာမှာ အမျိုးသမီးနှစ်ဦး ပါဝင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဗုဒ္ဓစွယ်တော်ပွား ၃ ဆူ မြို့လေးမြို့၌ လှည့်လည်အပူဇော်ခံမည်

Photo: တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဗုဒ္ဓစွယ်တော်ပွား ၃ ဆူ မြို့လေးမြို့၌ လှည့်လည်အပူဇော်ခံမည်
Saturday, June 8 , 2013

တရုတ်-မြန်မာချစ်ကြည်ရေး အစီအစဉ်အရ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမှ ပေးပို့လှူဒါန်းသည့် ဗုဒ္ဓမြတ် စွယ်တော်ပွားသုံးဆူအား မူဆယ်၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်စသော မြို့ကြီးလေးမြို့၌ လှည့်လည် အပူဇော်ခံသွားမည်ဟု သာသနာရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ်ဗုဒ္ဓဘာသာအသင်းအနေဖြင့် အဆိုပါ ဗုဒ္ဓစွယ်တော်ပွားစေတီသုံးဆူအား တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့နှင့် အခြားမြို့များတွင် ပူဇော်နိုင်ရန်အတွက် သာသနာရေးဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်း ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁ဝ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ၄င်း စွယ်တော်ပွားစေတီတော်သုံးဆူအား မူဆယ်ရှိ ဂျယ်ဂေါမနောကွင်းအတွင်း တစ်ရက်တာ အပူဇော်ခံ ထားရှိမည်ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့မှစတင်၍ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ လှည့်လည် အပူ ဇော်ခံသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

ပုံစာ-တရုတ်နိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်
သူရထွန်း
Popular Myanmar News Journal
တရုတ်-မြန်မာချစ်ကြည်ရေး အစီအစဉ်အရ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမှ ပေးပို့လှူဒါန်းသည့် ဗုဒ္ဓမြတ် စွယ်တော်ပွားသုံးဆူအား မူဆယ်၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်စသော မြို့ကြီးလေးမြို့၌ လှည့်လည် အပူဇော်ခံသွားမည်ဟု သာသနာရေးဝန်ကြီးဌာနမှ သိရသည်။

ရတနာပုံတယ်လီပို့မှ တယ်လီဖုန်း အော်ပရေတာအဖြစ် စတင်ဆောင်ရွက် ပါက တယ်လီဖုန်းကတ်များ အခမဲ့ပေးမည်

Photo: ရတနာပုံတယ်လီပို့မှ တယ်လီဖုန်း အော်ပရေတာအဖြစ် စတင်ဆောင်ရွက် ပါက တယ်လီဖုန်းကတ်များ အခမဲ့ပေးမည်
Saturday, June 8 , 2013

ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ငန်းစတင်လုပ်ကိုင်ပါက တယ်လီဖုန်းလိုင်းကတ်များ အခမဲ့ပေးဝေသွားရန် အစီအစဉ်ရှိကြောင်း ရတနာပုံတယ်လီပို့ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“လုပ်ငန်းစပြီဆိုတာနဲ့ ဖုန်းကတ်တွေကို အလကားဝေပေးသွားဖို့ ရည်ရွယ်ထားတာရှိပါတယ်။ ဘယ်လောက်အတိုင်းအတာထိ ပေးမလဲဆိုတာ ကတော့ အန်ကယ်တို့လည်း အခု နိုင်ငံခြားက Consultant လုပ်မယ့်သူတွေကို ဖိတ်ခေါ်ထားတာ ရှိတယ်။ သူတို့ ထဲက ကုမ္ပဏီတစ်ခုကို ရွေး ပြီးတော့ နောက်ပိုင်းလုပ်ငန်းလုပ်မယ့် လုပ်ငန်းတွေအားလုံးကို သူတို့ Consultant အဖွဲ့နဲ့ အန်ကယ်တို့ဘက်က ပညာရှင်တွေ ပူးပေါင်းပြီး တော့ တိုင်ပင်ပြီးရင် လုပ်ဆောင်သွားမှာပါ” ဟု ဒုတိယဥက္ကဌ ဦးရန်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရမှ တယ်လီဖုန်းအော်ပရေတာ လုပ်ငန်းလုပ်ကိုင်ရန်အတွက် နိုင်ငံခြားမှ ကုမ္ပဏီ ၂ခု နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂ခုတို့ကို ရွေးချယ်မည်ဖြစ်ရာ တယ်လီဖုန်းအော်ပရေတာဖြစ်ရန် ချမှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များမှာလည်း အတူတူဖြစ်ကြောင်း သိရ သည်။

“နိုင်ငံခြားကုမ္ပဏီကြီး ၂ခုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အများကြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ တယ်လီဖုန်းအော်ပရေတာရ မယ့် ကုမ္ပဏီ ၄ခုကလည်း ကိုယ့်မိုဘိုင်းကွန်ယက်ကို ကိုယ်ကောင်းအောင်လုပ်ရမယ်။ ကျွန်တော်တို့ ရတနာပုံတယ်လီပို့ကလည်း မိုဘိုင်းကွန် ယက်တွေကို ဒီထက်ပိုကောင်းအောင်ကြိုးစားရမှာပါ။ ဒီလိုမှကောင်းအောင်မလုပ်နိုင်ရင် ကိုယ့် မိုဘိုင်းကွန်ယက်ကို သုံးစွဲသူမရှိဘူး ဖြစ်သွား မယ်။ နိုင်ငံခြားကုမ္ပဏီကြီး နှစ်ခုနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ တော်တော်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။” ဟုရတနာပုံတယ်လီပို့ ဒုဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။

မြန်မာ့ခေတ် 
 ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ငန်းစတင်လုပ်ကိုင်ပါက တယ်လီ ဖုန်းလိုင်းကတ်များ အခမဲ့ပေးဝေသွားရန် အစီအစဉ်ရှိကြောင်း ရတနာပုံတယ်လီပို့ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်း ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံထိုင်းကုမ္ပဏီ ထွက်ခွာသွားပါက မပြီးပြတ်သေးသည့် လျော်ကြေးငွေနှင့် အခြားကိစ္စရပ်များကြောင့် ဒေသခံများ အခက်တွေ့နိုင်

6.7.14
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် တည် ဆောက်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ အဓိက တည်ဆောက်သူဖြစ်သည့် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development Co;Ltd(ITD) အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏများပြားသည့်

အစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနေပြည်တော် နှင့်ရန်ကုန် တို့တွင် ဇူလိုင်လအတွင်းတွေ့ဆုံမည်

Photo: အစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနေပြည်တော် နှင့်ရန်ကုန် တို့တွင် ဇူလိုင်လအတွင်းတွေ့ဆုံမည်

8.6.2013

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ်အပစ်အခတ် ရပ်ဆဲရေးလက်မှတ်ထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက် ကိုင်အဖွဲ့များနေပြည်တော်နှင့် ရန်ကုန်မြို့၌ဇူလိုင်လအတွင်းတွေ့ ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် မေလအတွင်း တွေ့ဆုံရန်စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစုပေါင်း ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးရေးဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့နှင့်ပါ ယခုလအတွင်း၌ပင် တွေ့ဆုံရန်စီစဉ် နေကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် မေလ ကုန်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌သုံးရက်ကြာတွေ့ ဆုံခဲ့ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိုနှိုင်း ဆောင်ရွက်ရန် အလုပ်အဖွဲ့ များဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၁၄ဖွဲ့အပါအ၀င်လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်ဆဲရေး ကိုပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေဖြင့် ဇူလိုင်လလယ်ဝန်းကျင်တွင်ပြုလုပ် နိုင်ရန်စီစဉ် လျက်ရှိကြောင်းသိရ သည်။

မြန်မာနိုင်ငံသည်နှစ်ပေါင်း ၅၀ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ များကြောင့် နိုင်ငံရေး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင်အိမ်နီးချင်းများ ထက်များစွာနောက်ကျခဲ့ရပြီးယင်း ပဋိပက္ခများကြောင့်ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေရကြောင်း သိရသည်။

The Hot News
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ်အပစ်အခတ် ရပ်ဆဲရေးလက်မှတ်ထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက် ကိုင်အဖွဲ့များနေပြည်တော်နှင့် ရန်ကုန်မြို့၌ဇူလိုင်လအတွင်းတွေ့ ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

အရန်ဆန် အိတ် ၅၀,၀၀၀ ရခိုင်ကို ရောင်းပေးမည်

Photo: အရန်ဆန် အိတ် ၅၀,၀၀၀ ရခိုင်ကို ရောင်းပေးမည်
Saturday, June 08, 2013

ရောင်းလိုအားနှင့်ဝယ်လိုအား အချိုးမညီ၍ ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကို အတိုင်းအတာ တစ်ခုအထိ ပြေလည်စေရန် အရန်ဆန် အိတ် ၅၀,၀၀၀၊ တန် ၂၅၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်တွင် ဈေးကွက် အတွင်းသို့ ထုတ်ရောင်းပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

အစိုးရ၊ ပုဂ္ဂလိက၊ သမဝါယမတို့ ပါဝင်ဖွဲ့စည်းသည့် အရန်ဆန်ကြီးကြပ်ရေး
 ကော်မတီက ကျပ်ငွေတန်ဖိုး ၁၄ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ အရန်ဆန် ဝယ်ယူရေး စီမံချက်ကို ရေးဆွဲထားပြီး ယခုနှစ်အတွက် အရန်ဆန် တန်သုံးသောင်းကျော် ဝယ်ယူထားကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
"ရောင်းလိုအားနဲ့ ဝယ်လိုအား အနေအထားမှာ လက်ရှိက ရောင်းလိုအား နည်းတာ မို့လို့ အရန်ဆန်ကို ထုတ်ရောင်းပေးတာ" ဟု ၄င်းကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် နွေစပါးများ ထွက်ရှိနေပြီး ဆန်ဈေးမှာ ပုံမှန်ထက်အနည်းငယ် မြင့်တက်နေကာ အရန်ဆန်ထုတ် ရောင်းပေးလျှင် အတိုင်းအတာ တစ်ခုအထိ ဆန်စပါးဈေး ကျဆင်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ
 ဆန်စပါးအသင်းချုပ် (ရခိုင်) ၏ ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က ပြောကြားသည်။

လက်ရှိ ဧည့်မထ ၂၅ မှတ် ၁၁၀ ပေါင် တစ်အိတ်ကို ၁၅,၅၀၀ ကျပ်ခန့်ရှိပြီး
 ပေါ်ဆန်းတစ်အိတ် ၂၃,၀၀၀ ကျပ်ခန့်ရှိကာ စပါးအကြမ်း တင်း ၁၀၀ လျှင် နယ်ဈေး ၃၇၀,၀၀၀ ကျပ် ခန့်ရှိကြောင်း၊ ဧည့်မထ တစ်အိတ်ဈေးသည် ရန်ကုန်နှင့် ဈေးတူညီ နေကြောင်း ၄င်းကဆိုသည်။

The Voice Weekly
ရောင်းလိုအားနှင့်ဝယ်လိုအား အချိုးမညီ၍ ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကို အတိုင်းအတာ တစ်ခု အထိ ပြေလည်စေရန် အရန်ဆန် အိတ် ၅၀,၀၀၀၊ တန် ၂၅၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်တွင် ဈေးကွက်အတွင်းသို့ ထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားပေါ်မှ တရားမ၀င်ကုန်ပစ္စည်းများဖမ်းမိ

Photo: ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားပေါ်မှ တရားမ၀င်ကုန်ပစ္စည်းများဖမ်းမိ 

8.6.2013

ကလေးဝမြို့ ဆိပ်ကမ်း၊ ဇက်ပေါ်တွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး၏ကားနှင့် စူပါကာစတန်ကား ၈စ်/၂၀၃၆ေ ပၚမွ တရားမ၀င် ကုန်ပစ္စည်းများကို ဇွန်လ ငါးရက်နေ့ နံနက် ဆယ်နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က သတင်းရလို့ အဖွဲ့စုံ စောင့်ဖမ်းခဲ့တာပါ။ ကလေးဝမြို့က ရဲဌာနကိုတောင် သတင်း မပို့ခဲ့ပါဘူး။ ရဲကို သတင်းပေးလိုက်ရင် လမ်း ကြောင်း ပြောင်းသွားမှာစိုးလို့ပါ။

တမူးခရိုင်ရဲမှူးရဲ့ကားကို ရဲတပ်ကြပ်ကြီး တစ်ဦးက မောင်းလာတာပါ။ အခုတမူးခရိုင် ရဲမှူးရဲ့ ကားကိုမောင်းတဲ့ ယာဉ်မောင်း တပ်ကြပ်ကြီးနဲ့ စူပါကာစတန်ကား ယဉ်မောင်း နှစ်ယောက် ကိုသစ်တောဦးစီးဌာနနဲ့ အကောက်ခွန် ဦးစီးဌာနက တရားစွဲထားပါတယ်”ဟု ခရိုင်Mobile Team မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းပစ္စည်းများအား ကလေးဝမြို့မှ မြို့မိမြို့ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် ရဲသတင်းတပ်ဖွဲ့မှ တာဝန်ရှိ ၀န်ထမ်းများ စုပေါင်းပြီး ဇက်ပေါ်တွင်ပင် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပါဝင် ဖမ်းဆီးသူများထံမှ သိရသည်။

တမူးခရိုင်ရဲမှူး၏ ကားသည် အပြာရောင် ဟိုင်းလတ်ကား ၇ခ/၁၆၅၃ဖြစ်ပြီး ကားပေါ်တွင် ကာလတန်ဖိုး ကျပ် ၁၁ သိန်းခွဲဖိုးရှိ သင်းခွေချပ်အခွံ ၄၅ပိဿာကို လည်းကောင်း၊ ကာလတန်ဖိုး ကျပ် ၁၁သိန်း ၂သောင်း လေးထောာင့် ရှစ်ရာ့ငါးဆယ် တန်ဖိုးရှိ Eye drops , Ear Drops နှင့် ကာလတန်ဖိုး ကျပ်(၃၈၀၁၆၀၀ိ/-)တန်ဖိုးရှိ Oxyped ဆေးဝါးများ စုစုပေါင်း ကျပ်သိန်း၈၀နှင့် ခုနှစ်သောင်းခြောက်ထောင့် လေးရာ့ငါးဆယ်ကျပ် တန်ဖိုးရှိသည့် တရားမ၀င် ကန့်သတ် ထား သော ဆေးဝါးများနှင့် သစ်တောထွက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့ ပြန်/ဆက် ဦးစီးဌာနမှ ပြောကြား သည်။

မြန်မာ့ခေတ်
ကလေးဝမြို့ ဆိပ်ကမ်း၊ ဇက်ပေါ်တွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး၏ကားနှင့် စူပါကာစတန်ကား ၈စ်/၂၀၃၆ေ ပၚမွ တရားမ၀င် ကုန်ပစ္စည်းများကို ဇွန်လ ငါးရက်နေ့ နံနက် ဆယ်နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှုရပ်ဆိုင်းမည်ဟု အလုပ်သမား ဒုဝန်ကြီးပြော

 Photo: အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှုရပ်ဆိုင်းမည်ဟု အလုပ်သမားဒုဝန်ကြီးပြော
Saturday, June 08, 2013

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ် မှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန 
ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံရောက်
 မြန်မာနိုင်ငံသားများအကြမ်းဖက်မှုများနေရပြီး ဇွန် ၅ ရက်ထိ မြန်မာနိုင်ငံသား
 လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ 
ကြောင်း သတင်းရရှိသည်။

“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေထပ်ဖြစ်နေရင်တော့ အလုပ်သမားစေလွှတ်မှုတွေကို ရပ်ဆိုင်းထားမှာပါ”ဟု 
အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများကို မလေးရှားရှိ မြန်မာသံရုံးက စီစဉ်ဆောင် 
ရွက်နေကြောင်း ဒုဝန်ကြီးဦးမြင့်သိန်းက ဆက်လက်ပြောသည်။

မေ ၃၀ ရက်မှ ဇွန် ၄ ရက်အ ထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့တွင် မြန်မာ နိုင်ငံသားများနှင့် မလေးရှားဒေသခံ
 များသည် အနည်းဆုံးခုနစ်ကြိမ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ သားလေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ် ရာ ရရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ 
ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ခိုက်ရန်ဖြစ်ပွားသည့် ဆာလာရမ်းမြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့က တရားမ၀င် ၀င်ရောက်နေထိုင်သူများကို ရှာဖွေ စစ်ဆေးနေသော်လည်း တရားခံနှင့် သံသယဖြစ်ဖွယ်ရှိသူများထက် မြန်မာများကိုသာ သဲသဲမဲမဲ 
ဖမ်းဆီးနေသည်ဟု ယူဆရသောကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသား အများစုမှာ ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ အလုပ်ခွင်ဝင်ရန်ပင်
 ထိတ်လန့်နေ ပြီဖြစ်ကြောင်း ပိနန်နာရေးကူညီမှုအသင်းမှ 
ဦးခင်မောင်ဝင်းက ပြောသည်။

မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင်နေထိုင် သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င် နေထိုင်သူ ၂၀၀၀၀၀ 
ဝန်းကျင်နှင့် နိုင်ငံရေးခိုလှုံသူလူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။

ဇွန်လ ၅ ရက်ကလည်း မလေး ရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် 
မလေးရှားနိုင်ငံ ရဲချုပ်တို့ထံ သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုတွင် ပါဝင်ကူညီဖော်ထုတ်ပေးရန် ပြောကြားထားသည်။

အဆိုပါ မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများ ကြောင့် ဇွန် ၆ ရက်တွင် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများဖြစ်ကြသော
 ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia 
GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှု အသင်းတို့မှ ခေါင်းဆောင် ငါးဦးက လက်ရှိဖြစ်ပေါ်နေသော
 ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ဇွန် ၇ ရက်တွင်လည်း မလေးရှား နိုင်ငံရောက် မြန်မာများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ခပ်ပွန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။ 

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအနက် အထောက်အထားစာရွက်မရှိသည့်သူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း
 မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်ကပြောသည်။

“အထောက်အထားမရှိတဲ့ သူတွေကို ဖမ်းတယ်။ ပတ်စပို့မိတ္တူရှိ ရင်တောင် မြန်မာနိုင်ငံကို ပြန်ခွင့်ပေးမှာပါ။ အဲလို မြန်မာနိုင်ငံကို
 ပြန် ပို့ပေးတာ ၁၂၀၀၀ လောက်ရှိပါပြီ”ဟု ဦးတင်လတ်က ပြောသည်။

7Days News
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက မလေး ရှားနိုင်ငံ သို့ အလုပ်သမားစေလွှတ် မှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အလုပ်သမားရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

ကုမ္ပဏီကပြန်ပေးသော်လည်းပြန်မရတဲ့ ကျောင်းကုန်းလယ် သမားတွေ

Photo: ကုမ္ပဏီကပြန်ပေးသော်လည်းပြန်မရတဲ့ ကျောင်းကုန်းလယ် သမားတွေ
Saturday, June 08, 2013

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်သဲကုန်း ကျေးရွာရှိ ကွင်းအမှတ်၄၂၇ (အေ) ကုမ္ပဏီကပြန်ပေး သော လယ်ယာမြေများခွဲခြမ်း ရာမူလ လက်ငုတ်လက်ရင်း တောင်သူ များပြန်မရကြောင်း လယ် သိမ်းခံလယ်သမားများ၏ ပြော ကြားချက်အရသိရသည်။
အဆိုပါလယ်သမားများသည် ၁၉၈၄/၁၉၈၅ ခုနှစ်မှစတင်ကာ စပါးစိုက်ခြင်း၊နေကြာစိုက်ခြင်းတို့ ကို လုပ်ခဲ့ကြောင်းသိရသည်။ဂိုးဒင်းဂရင်းကုမ္ပဏီနှင့်ဧရာရွှေဝါ ကုမ္ပဏီတို့က ၁၉၉၇-၉၈ခုနှစ် တွင်သိမ်းယူခဲ့ခြင်းဖြစ်ပြီးယခုအခါ ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ သို့ပြန်လည်ပေးအပ်ပြီး ဖြစ် ကြောင်းသိရသည်။လယ်ယာမြေ များခွဲခြမ်းရာတွင် မြေစာရင်းဦးစီး  ဌာနကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ စုစည်းကာကော်မ တီတစ်ရပ် ဖွဲ့စည်းထားပြီး ထို ကော်မတီက သိမ်းဆည်းခံလယ် သမား(၁၄)ဦးအနက် (၁)ဦးတည်း ကိုသာ လယ်(၁၂)ဧက ပြန်ပေး ခဲ့ကြောင်းသိရသည်။
ကျန်လယ်ပိုင်ရှင်များကိုပြေ စာပြနိုင်လျှင်ပေးမည်ပြောသော ကြောင့် ကျန်လယ်ပိုင်ရှင်များက ပြေစာပြသော်လည်း ပြေလည်မှု့ မရဟုသိရသည်။လယ်မြေဝေခြမ်း ရေးကော်မတီက ကိုလှကြည် (၁၂)ဧက၊လှိုင်သာယာတွင်နေ ထိုင်သူ ဦးအောင်သိန်း(၈၀)ဧက နှင့်ကံကလေး အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၏သားနှင့်ညီအစ်ကိုများ က(၁၅၀)ဧကကို ခွဲဝေပေးလိုက် သည်ဟု ဆိုပါသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေးဒုတိယနေ့တွင် ကုမ္ပဏီကပြန်လည်ပေးအပ်ခဲ့သော လယ်မြေကိစ္စကိုထည့်သွင်းဆွေး နွေးခဲ့သည်ဟု သိရသည်။ထည့် သွင်းဆွေးနွေးချက်များထဲတွင် မူရင်းလက်ငုတ်တောင်သူများ ကို လယ်မြေမှတ်ပုံတင်ခွင့်ရရှိရန်၊ ၂၀၁၃-၁၄ ခုနှစ်မတိုင်မီမြေယာ ဥပဒေနှင့်အညီဆောင်ရွက်ရန်၊ အဓိက အနေဖြင့် မူလလက်ငုတ် တောင်သူများထံလွှဲပြောင်းပေး အပ်ရန်လိုအပ်ကြောင်း ထည့် သွင်း ဆွေးနွေးခဲ့သည်။
လက်ငုတ်တောင်သူတစ်ဦး ဖြစ်သူ ဦးအုန်းရှိမ်က ပြောကြား ရာတွင်““ကျွန်တော်တို့ဟာ ဒီလယ် မြေမှာ စိုက်ပျိုးခဲ့တာကြာပါပြီ။ဒီလို စိုက်ပျိုးနေရင်းကုမ္ပဏီက သိမ်းတော့လက်မဲ့ဖြစ်ရတယ်။ အခုကုမ္ပဏီက နိုင်ငံတော်ကိုပြန် ပေးတော့လည်း လယ်မြေကိုပြန် မရပါဘူး။လယ်မြေများပြန်ပေးတဲ့ အခါ တစ်ဦးကောင်းတစ်ယောက် ကောင်းကို ရှေ့ရှုပြီးအလုပ်ဘဲ  ပွင့်လင်းမြင်သာမှု့ရှိတဲ့ခွဲပေးမှုမျိုး ကိုလိုချင်ပါတယ်””ဟုပြောသည်။
လယ်ယာမြေရရှိရေးအတွက် ယခင်ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံတင်ပြခဲ့ ပြီး မိမိတို့လယ်ယာပြန်ရရှိရေး အတွက်အဆင့်ဆင့်ဆက် လက် ဆောင်ရွက်သွားမည်ဟုသိရ သည်။

မျိုးကျော်
Hot News
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်သဲကုန်း ကျေးရွာရှိ ကွင်းအမှတ်၄၂၇ (အေ) ကုမ္ပဏီ ကပြန်ပေး သော လယ်ယာမြေများခွဲခြမ်း ရာမူလ လက်ငုတ်လက်ရင်း တောင်သူ များပြန်မရကြောင်း လယ် သိမ်းခံလယ်သမားများ၏ ပြော ကြားချက်အရသိရသည်။

"အသက် ၆၆ နှစ်ရောက်မှ မိန်းမတစ်ဦး၏ လက္ခဏာများ ပြောင်းလဲနေသူ ဟောင်ကောင် အမျိုးသား " 66-Year-Old Hong Kong Man Shocked to Find He's Actually a Woman

Photo: "အသက် ၆၆ နှစ်ရောက်မှ မိန်းမတစ်ဦး၏ လက္ခဏာများ ပြောင်းလဲနေသူ ဟောင်ကောင် အမျိုးသား "
66-Year-Old Hong Kong Man Shocked to Find He's Actually a Woman
Saturday, June 08, 2013

အသက် ၆၆ နှစ် အရွယ်ရှိ ဟောင်ကောင် နိုင်ငံသား တစ်ဦးသည် ဝမ်းဗိုက် ရောင်ရမ်းသဖြင့် ဆရာဝန် သွားပြခဲ့ရာမှ ၄င်းသည် မိန်းမ တစ်ဦးကဲ့သို့ လက္ခဏာ များ တွေ့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရသည်။

ဆရာဝန်များသည် ၄င်းအား စစ်ဆေး ကြည့်ရှုခဲ့ရာ အဆိုပါ ရောင်ရမ်းနာမှာ သားအိမ်ပေါ်၌ ပြည်တည်အိတ် အကြီးစားတစ်ခု ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ဟောင်ကောင် ဆေးပညာ ဂျာနယ်၏ အဆိုအရ သိရသည်။
အဆိုပါ ရောဂါမှာ မျိုးဗီဇ မူမမှန်သည့် ရောဂါ တစ်မျိုးဖြစ်ပြီး ၄င်း၌ မိန်းမ တစ်ဦးတွင် တွေ့ရသည့် လက္ခဏာများ အပြင် ယောက်ျား တစ်ဦး၏ လက္ခဏာ ကို လည်း တွေ့နေရသေးကြောင်း သိရ သည်။

၎င်း၏ အရပ်မှာ ၄ ပေ ၅ လက်မ ဖြစ်ပြီး မိဘမဲ့ ဂေဟာ၌ ကြီးပြင်းလာသူ ဖြစ်ကာ ငယ်စဉ် ကတည်းက ဆီးမခိုင်သူ တစ်ဦး ဖြစ်ပြီး အသက် ဆယ်နှစ် အရွယ် တွင် ကြီးထွား မှု ရပ်တန့်ခဲ့ကြောင်း သိရ သည်။
၎င်းသည် ကျားဟော်မုန်း ဓာတ်များ ပုံမှန်ပြန်ဖြစ်စေရန် သတိပြုကုသသွား မည်ဟု ဆိုကြောင်း အဆိုပါ ဂျာနယ်၏ အဆိုအရ သိရသည်။
အမျိုးသားများ၌ X ခရိုမိုဆုမ်း နှင့် Y ခရိုမိုဆုမ်း ရှိပြီး အမျိုးသမီး အများစု၌ Y ခရိုမိုဆုမ်း တစ်စုံရှိကြောင်း၊ အဆိုပါ အမျိုးသား ကဲ့သို့ ရောဂါလက္ခဏာ ခံစား ရသူများ သည် Y ခရိုမိုဆုမ်း တစ်ခုသာရှိ ကြောင်း သိရသည်။

သိင်္ဂီဝင်း
Ref : AFP
အသက် ၆၆ နှစ် အရွယ်ရှိ ဟောင်ကောင် နိုင်ငံသား တစ်ဦးသည် ဝမ်းဗိုက် ရောင်ရမ်းသဖြင့် ဆရာဝန် သွားပြခဲ့ရာမှ ၄င်းသည် မိန်းမ တစ်ဦးကဲ့သို့ လက္ခဏာ များ တွေ့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရသည်။

သူရဦးရွှေမန်း ပထမဆုံး အမေရိက ခရီးစဉ် ယနေ့စတင်

Photo: သူရဦးရွှေမန်း ပထမဆုံးအမေရိကခရီးစဉ် ယနေ့စတင်
Saturday, June 08, 2013

ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် စတင်တာဝန်ယူတော့မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ပထမဆုံးအမေရိက ခရီးစဉ်သွားရောက်ရန် ယနေ့ (ဇွန်လ ၈ ရက်နေ့) မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးထံမှ သိရသည်။

သူရဦးရွှေမန်း၏ ခရီးစဉ်တွင် ဝါရှင်တန်မြို့တော်၊ နယူးယောက်၊ ဆန်ဖရန်စစ္စကိုနှင့် ကုလသမဂ္ဂရုံး တို့သို့ သွားရောက် မည်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သို့လည်း သွားရောက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားသည်။
"အမေရိကန်ကွန်ဂရက်ရဲ့ လုပ်ပုံကိုင်ပုံတွေ လေ့လာမယ်။ အဲဒီက လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အဓိက တွေ့မှာပါ" ဟု ဦးလှမြင့်က ဆိုသည်။

ယင်းခရီးစဉ်တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဆယ်ရက်ကြာ နေထိုင်သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခရီးစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးလှမြင့်ဦး၊ ဒေါက်တာဝင်းမြင့်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်တို့ လိုက်ပါသွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌရုံး ထံမှ သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အမေရိကခရီးစဉ် မတိုင်မီ နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုသို့ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ သမ္မတအိုဘားမားနှင့် အိမ်ဖြူတော်သို့ သွားရောက် တွေ့ဆုံခဲ့ပြီး ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် လက်ကျန်သက်တမ်း (သက်တမ်းတစ်ဝက် လပေါင်း ၃၀) တွင် လွှတ်တော်နာယကအဖြစ် တာဝန်ယူရမည်ဖြစ်ရာ ဇူလိုင်လ ၁ ရက် နေ့တွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ စတင်ကာ နာယကအဖြစ် တာဝန်ယူရမည် ဖြစ်သည်။

The Voice 
ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် စတင်တာဝန်ယူတော့မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ပထမဆုံးအမေရိက ခရီးစဉ်သွားရောက်ရန် ယနေ့ (ဇွန်လ ၈ ရက်နေ့) မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးထံမှ သိရသည်။

လားရှိုးတွင် ဓာတ်ဆီလောင်းမီးရှို့ခံရသူကို မန္တလေး ဆေးရုံသို့ ပြောင်းရွှေ့ကုသမည်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဓာတ်ဆီလောင်း မီးရှို့ခံရမှုကြောင့် မီးလောင်ဒဏ်ရာများ ခံစားနေ ရသော ဒေါ်အေးအေးဝင်းကို ဇွန်လ ၁၂ ရက်နေ့တွင် လားရှိုးဆေးရုံမှ မန္တလေး အထွေထွေရောဂါ ကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူစေမည်ဖြစ်ကြောင်း ၄င်း၏ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးသူ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (လားရှိုး)မှ ဦးမျိုးက The Voice သို့ ပြောကြားသည်။

F&N ကုမ္ပဏီမှ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များကို စရိတ်ငြိမ်း အခမဲ့ကုသပေးမည်

Photo: F&N ကုမ္ပဏီမှ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များကို စရိတ်ငြိမ်း အခမဲ့ကုသပေးမည်
Saturday, June 08, 2013

ရန်ကုန်တိုင်းဒေသကြီးရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင် (၁၆၀)ဦးကို စင်ကာပူနိုင်ငံ၏ ထောက်ပံ့ပေးမှုဖြင့် အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"အားလုံးအခမဲ့ပါ။ ဘာကြေးမှပေးစရာမလိုပါဘူး။ နယ်တွေကလာတဲ့ ဝေဒနာရှင်တွေအတွက်ကိုလည်း နေ စရိတ်စားစရိတ်အကုန်လုံး အခမဲ့ပါ။ လုပ်ဖြစ်ခဲ့တာကတော့ စင်ကာပူနိုင်ငံက ဒီလိုလေးလုပ်ချင်ပါတယ်ဆိုပြီး ကမ်းလှမ်းလို့ပါ "ဟု မြန်မာဘရူဝါကုမ္ပဏီမှ မန်နေဂျာ ဒေါ်ဝင်းဝင်းသန်းက ပြောသည်။ 

Shwe Myitmakha Media Group
ရန်ကုန်တိုင်းဒေသကြီးရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ဝေဒနာရှင် (၁၆၀)ဦးကို စင်ကာပူနိုင်ငံ၏ ထောက်ပံ့ပေးမှုဖြင့် အခမဲ့ခွဲစိတ်ကုသမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာငွေ ၁၀၀ ကျပ်ရှိရုံနဲ့ ကြော်ငြာလို့ရတဲ့ Website

မြန်မာငွေ ငွေတစ်ကျပ်လောက်ရှိရုံနဲ့ ကြော်ငြာလို့ရတယ်ဆိုတာ အခုခေတ်မှာ မရှိပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ငွေတစ်ရာကျပ်ရှိရုံနဲ့ ကြော်ငြာတွေ လက်ခံပေးနေတဲ့ Website လေးတစ်ခုကို ပြောပြပေး ချင် ပါတယ်။ 

မန္တလေး-နေပြည်တော် တစ်ကျော့ပြန်ငလျင် အန္တရာယ် သတိပြုသင့်

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့မှ နေပြည်တော်အထိ လမ်း အပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း ငလျင်များလှုပ်ခတ်ထားခြင်း မရှိသောကြောင့် တစ်ကျော့ပြန် လှုပ်ခတ်လာနိုင်မည့် ငလျင်အန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။ 

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြန်မာနိုင်ငံမှ ပြန်လည် ခေါ်ယူနိုင်ရန်ဆောင်ရွက်



မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI)၊ UNIAP တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြန်မာနိုင်ငံမှ ပြန်လည်လက်ခံ ခေါ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကဏ္ဍစုံဝန်ဆောင်မှုများနှင့် မြန်မာ့မြေပေါ်က ကမ္ဘာ့စီးပွားရေးဖိုရမ်

ဇွန် ၅ ရက်မှ ၇ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သော (၂၂)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တက်ရောက်လာကြသည့် ကမ္ဘာအရပ်ရပ်မှ ဧည့်သည်များအတွက် ဆက်သွယ်ရေးကဏ္ဍ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများနှင့် ငွေကြေးလဲလှယ်မှုဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရန် Money Exchange ဝန်ဆောင်မှုများကို ပုဂ္ဂလိကကုမ္ပဏီများက တာဝန်ယူ ကူညီပေးခဲ့သည်။ 

မြန်မာ အနောက်နယ်စပ် တိုင်းရင်းသား ကလေးများ ပရဟိတကျောင်း ထောက်ပံ့ငွေများ ပိုလိုအပ်နေ

to-narinjara
မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်တွင် တိုင်းရင်းသား ကျောင်းသားလူငယ်များအတွက် ဖွင့်လှစ် ထားသော ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ယခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းသား ဦးရေများ အထူးတိုးပွားနေသဖြင့်  ထောက်ပံ့ ကူညီမူများ လိုအပ်နေကြောင်း သတင်း ရရှိသည်။

ပထမဆုံး ချစ်ကြည်ရေး မြန်မာ့ရေတပ် သဘောင်္ စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ

Myanmar-ship-arrives-on-4-day-goodwill-visit-Bangladesh
စစ်တကောင်းဆိပ်ကမ်းသော ရောက်ရှိလာသော မဟာ သီဟသူရ စစ်သင်္ဘော ( ဓါတ်ပုံ- ISPR)
လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အနေဖြင့်  မြန်မာ့ စစ်သင်္ဘော UMS မဟာ သီဟသူရ စစ်သင်္ဘော သည် ယမန်နေ့က စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်ဟု ဘင်္ဂလာဒေခ်ျ့ အစိုးရက သတင်း ထုတ်ပြန်သည်။

တယ်လီဖုန်းလုပ်ငန်း လုပ်ကိုင်ခွင့် ယှဉ်ပြိုင်မှု မြန်မာနှင့် အိန္ဒိယ ဝန်ကြီးများ ဆွေးနွေး

မြန်မာနိုင်ငံတွင်း တယ်လီဖုန်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရေး ယှဉ်ပြိုင်လျှောက်ထားသည့် ကုမ္ပဏီများကို ရွေး ချယ်နေမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ရောက်ရှိနေသော အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး အာနန်းရှားမားက မြန်မာကြေးနန်းဆက်သွယ်ရေးဌာနဝန်ကြီး ဦးမြတ်ဟိန်းနှင့် သောကြာနေ့ က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ တရားဝင် စာရင်းများအရ တရုတ်နွယ်ဖွား ငါးသောင်းဝန်းကျင်၊ ဟိန္ဒူနှင့် မွတ်စလင် နှစ်သိန်းခန့်ရှိဟုဆို

မန္တလေးတိုင်းဒေသကြီး အတွင်း၌ အိမ်ထောင်စုဇယားရှိ တရုတ်နွယ်ဖွား ငါးသောင်း ၀န်းကျင်နှင့် ဟိန္ဒူနှင့်မွတ်စလင် နှစ်သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှားရောက် မြန်မာများ တောင်းဆို

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများအား တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေး ရှားရောက် မြန်မာများက ဇွန် ၆ ရက်က တောင်းဆိုခဲ့သည်။

ကညနမှ ဒေါ်လာအစား ကျပ်ငွေဖြင့် လက်ခံ၍ တစ်ရက်လျင် ကန်ဒေါ်လာ တစ်သန်းခွဲထိ ၀ယ်လိုအားကျပြီး ဒေါ်လာလဲနှုန်း ပြန်ကျမည်ဟုဆို

6.7.5
သိမ်ဖြူငွေလဲကောင်တာရှိ နိုင်ငံခြားငွေ လဲလှယ်နှုန်းအား ဇွန် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းကို အမေရိကန်ဒေါ်လာအစား ကျပ်ငွေဖြင့် ပေးသွင်းခွင့် ပြုလိုက်သည့် အတွက် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၀ယ်လိုအားမှာ တစ်ရက်လျှင် အနည်းဆုံး တစ်သန်းခွဲနီးပါးအထိ ၀ယ်လိုအား ကျဆင်းသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်ကို သိသိသာသာ လျော့ကျစေမည်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်ကို သိသိသာသာ လျော့ ကျစေ မည်ဖြစ်ကြောင်း တရုတ်ကျွမ်းကျင်သူများ၏ ပြောကြားချက် ကို ကိုးကားပြီး Press Trust of India က ဖော်ပြခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းပါက ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အဓိက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုဖြစ်လာနိုင်ဟု ခန့်မှန်း

6.7.8
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုသည် နှစ်အလိုက် မြင့်တက်လာနေပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းပါက လာမည့်နှစ်များအတွင်း ခရီးသွားလုပ်ငန်း သည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုပိုင်း၌ အဓိက အခန်းကဏ္ဍ ဖြစ်လာ မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ ခန့်မှန်းသုံးသပ်မှုများအရ သိရသည်။

Microsoft မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာ MIT ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည်

Photo: Microsoft မြန်မာဈေးကွက်သို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာ MIT ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည်
Saturday, June 8, 2013

ကမ္ဘာကျော် အိုင်တီကုမ္ပဏီဖြစ်သော Microsoft သည် မြန်မာနိုင်ငံသို့ တရားဝင် စတင်ဝင်ရောက်လာပြီး မြန်မာအိုင်တီ ကုမ္ပဏီတစ်ခုဖြစ်သော MIT(Myanmar Information Technology Pte Ltd) နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း Microsoft က ဇွန် ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

Microsoft က ဇွန် ၆ ရက်တွင် ကျင်းပပြုလုပ်သော World Economic Forum (အရှေ့အာရှ)ပွဲတွင် MIT ကုမ္ပဏီကို ၎င်း၏ ပထမဦးဆုံး Microsoft Deve-lopment Partner(MDP) အဖြစ် ခန့်အပ်ကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။ Microsoft ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ရန်အပြင် ဒေသခံလုပ်ငန်းများ၊ အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Microsoft အရှေ့တောင်အာရှ၏ General Manager Jamie Harper က ''Microsoft အနေနဲ့ အခုလိုမျိုး Partnership ကို မြန်မာနိုင်ငံလိုမျိုး အခွင့်အရေးနဲ့ ပင်ကိုစွမ်းရည်တွေ များစွာရှိနေတဲ့ နိုင်ငံမျိုးမှာ တည်ဆောက်ခွင့်ရတဲ့အတွက် အလွန်ပဲ ၀မ်းမြောက်မိပါတယ်။အောင်မြင်မှု ရရှိဖို့အတွက် ပုံသေကားကျ တွက်လို့ရတဲ့ ဖော်မြူလာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကတော့ မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည် သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

MIT ၏ CEO ဒေါက်တာထွန်းသူရသက်က ''ကျွန်တော်တို့အနေနဲ Microsoft က MIT ကို မြန်မာနိုင်ငံရဲ့ MDP အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အလွန်ပဲဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် ကြာရှည်ခံမယ့် လက်တွဲမှုမျိုးရရှိအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ကမ္ဘာတစ်ဝန်း အတွေ့အကြုံတွေနဲ့ ဖြေရှင်းချက်တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ICT လောက တည်ဆောက်ဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်'' ဟု ပြောကြားသည်။

Microsoft သည် အာရှ-ပစိဖိတ်ဒေသတွင် ပါတနာပေါင်း ၂၈၀၀၀ ကျော်ရှိသည်။ IDC လေ့လာချက်အရ ၎င်းကုမ္ပဏီများမှာ ၀င်ငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂၅ ဘီလျံနီးပါး ရှာဖွေပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ၎င်းလေ့လာချက်တွင် Microsoft အနေဖြင့် အာရှ-ပစိဖိတ်၌ အမေရိကန် တစ်ဒေါ်လာ ရှာနိုင်တိုင်း ၎င်းပါတနာများက အမေရိကန် ၁၀ ဒေါ်လာထက် ပိုရှာနိုင်သည်ဟု သုံးသပ်ခဲ့သည်။

Microsoft တရားဝင် ၀င်ရောက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)ကို တွေ့ရစဉ်

Eleven Media Group
Microsoft တရားဝင် ၀င်ရောက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့အာရှ)ကို တွေ့ရစဉ်
ကမ္ဘာကျော် အိုင်တီကုမ္ပဏီဖြစ်သော Microsoft သည် မြန်မာနိုင်ငံသို့တရားဝင်စတင်ဝင်ရောက်လာ ပြီး မြန်မာ အိုင်တီ ကုမ္ပဏီတစ်ခုဖြစ်သော MIT(Myanmar Information Technology Pte Ltd) နှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း Microsoft က ဇွန် ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်သူများ၏ ဆန္ဒကြောင့် ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

6.7.4
ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင်ဥက္ကဋ္ဌ၊ သမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင်သမ္မတ အကွီနိုတို့ကို ဇွန် ၇ ရက်က တွေ့ရစဉ် (Photo:AFP)
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှစ၍ ပြုပြင်ပြောင်းလဲရေး များ ဖော်ဆောင်ခဲ့ခြင်းမှာ ပြည်သူ များ၏ ဆန္ဒကြောင့် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ဇွန် ၇ ရက်က ပြောကြားသည်။
သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပလျက်ရှိသော အရှေ့အာရှ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ တွင် ပြုလုပ်သော A Special Conversation အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယမှ Johnson ပေါင်ဒါတွင် ကင်ဆာဖြစ်နိုင်သည့်ဓာတ် ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ Johnson သည် ထိုင်းပစ္စည်းဖြစ်ကြောင်း ရှင်းလင်း

6.7.9
မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော Johnson ပေါင်ဒါ အရောင်းကောင်တာ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ထွယ်ဆန်အောင်)
အိန္ဒိယအစိုးရမှ Johnson and Johnson ကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ သုံးစွဲရန် မသင့်ကြောင်း မတ်လနှောင်းပိုင်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ယနေ့ (ဇွန် ၈) ထုတ်ပြန် အွန်လိုင်းမှလည်း ကြည့်ရှုနိုင်

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ယနေ့ (ဇွန် ၈) ထုတ်ပြန် အွန်လိုင်းမှလည်း ကြည့်ရှုနိုင်
Saturday, June 8, 2013

၂၀၁၂-၁၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း များကို ယနေ့ (ဇွန်၈ရက်) တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင် ရာ စာစစ်ဌာန အသီးသီး၌ ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းတွင်လည်း ၀င်ရောက် ကြည့် ရှုနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို www.moemyanmar.net တွင် ဖြေဆိုသူ၏ စာစစ်ဌာန သင်္ကေတနှင့် ခုံအမှတ်ကို ရိုက်ထည့်၍ ကြည့်ရှုနိုင်ကြောင်း အဆိုပါဝက်ဆိုဘ် ၏ ဖော်ပြထားချက်အရ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသ ကြီး၊ ပြည်နယ်မြို့နယ် အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန် ကြေညာထားပြီး အထက(၁) အင်းစိန်၊ အထက(၁) ရန်ကင်း၊ အထက(၃)ကမာရွတ်၊ အထက(၁)လမ်းမတော်၊ အထက(၂)ဒဂုံနှင့် အထက(၁)သင်္ဃန်းကျွန်း စသည့် ကျောင်းများတွင် ရန်ကုန်တိုင်းဒေသ ကြီးမှအပ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ အောင် စာရင်းများကို ကြေညာထားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်ဒေသများရှိ စာစစ်ဌာန များမှ အောင်မြင်သူများ ၏ အောင်စာရင်းများအား ယနေ့ (ဇွန် ၈ ရက်) နံနက် ၈ နာရီမှ စတင်ကာ နေပြည်တော် မြန်မာ့အသံမှ ထုတ် လွှင့်ကြေညာပေး မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ် ၁၃ ရက်မှ စတင်ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန ၁၂၇၈ ခု၊ နိုင်ငံခြား စာစစ်ဌာန ၁၈ ခု၊ စုစုပေါင်း စာစစ်ဌာန ၁၂၉၆ ခုတို့၌ ဖြေဆိုသူ စုစုပေါင်း ၄၈၇၀၀၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို နှစ်စဉ်ဝင်ရောက် ဖြေဆိုသူ ကျား၊ မ ဦးရေ စုစုပေါင်း ခြောက်သိန်းကျော် ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် အထက(၁)တွင် အောင်စာရင်းကြည့်ရှုနေကြသူများ ကို ဇွန် ၈ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
ELEVEN
သင်္ဃန်းကျွန်းမြို့နယ် အထက(၁)တွင် အောင်စာရင်းကြည့်ရှုနေကြသူများကို ဇွန် ၈ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
၂၀၁၂-၁၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယနေ့ (ဇွန်၈ရက်) တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင်ရာ စာစစ်ဌာန အသီးသီး၌ ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။