Wednesday, August 13, 2014
ရှိန်းလောင်းအတွက် ဆောက်သမ်တန်၏ ပေါင် ၁၂ သန်းဖြင့် ကမ်းလှမ်းမှုကို ဟားလ်စီးတီးလက်ခံ
တိုက်စစ်မှူးရှိန်းလောင်းကိုခေါ်ယူရန်အတွက် ဆောက်သမ်တန်က ပေါင်၁၂ သန်းဖြင့် ကမ်းလှမ်းလာမှုအား ဟားလ်စီးတီးအသင်းက လက်ခံလိုက်ပြီဖြစ်သည်။တိုက်စစ်မှူးသစ်ပယ်လီနှင့်တွဲဖက်ကစားစေရန်ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးလိုချင်နေသည့်နည်းပြကိုးမန်း အတွက် ရှိန်းလောင်းက သင့်တော်ကြောင်းဆောက်သမ်တန်ကင်းထောက်အဖွဲ့မှ အကြံပြုခဲ့ခြင်းဖြစ်သည်။ ရှိန်းလောင်းသည်ပြီးခဲ့သည့် ဇန်န၀ါရီတွင် ၀က်စ်ဘရွန်းမှ ဟားလ်စီးတီးသို့ ပေါင်ခုနစ်သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗား ရက်သတ္တပတ် ပေါင်းများစွာ အနားယူရမည်
နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ချစ်ကြည်ရေးခြေစမ်းပွဲတွင် ရရှိခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်း၏ အဓိကနောက်ခံက စားသမားသီယာဂိုဆေးဗားမှာ ရက်သတ္တပတ်ပေါင်းများစွာအနားယူရတော့မည် ဖြစ်သည်။ထိုပွဲစဉ်တွင် ဆေးဗားသည် ပွဲချိန် ၁၄ မိနစ်မှာပင်ဒဏ်ရာရရှိခဲ့ပြီးထော့နင်းထော့နင်းဖြင့် ကွင်းပြင်ပသို့ ထွက်ခွာသွားခဲ့သည်။ ၎င်း၏ဒဏ်ရာ ကိုဆေးကုသမြှု ပုလုပ်ခဲ့ရာတွင် ရက်သတ္တပတ်ပေါင်းများစွာ အနားယူရတော့မည်ဟုပီအက်စ်ဂျီအသင်းနည်းပြ လောရင့်ဘလန့်ကအတည်ပြု သည်။
၂ဝ၅ဝ တွင် ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်
အာဖရိက တိုက်၌ မွေးဖွားမှု နှုန်းများ မြင့်တက်လာ သောကြောင့် လာမည့် ၃၅ နှစ် အတွင်း ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြား ခဲ့သည်ဟု သြဂုတ်လ ၁၃ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ကိုယ်ဝန်ဆောင် မိခင်များ၏ မွေးဖွားမှုနှုန်း နှစ်ဆ မြင့်တက်လာ ခြင်းကြောင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ကလေးငယ်ပေါင်း နှစ်ဘီလီယံခန့် တိုးပွား လာလိမ့်မည်ဟု ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြားသည်။
ပန်းချီ ရတနာဝင်း၏ အနုပညာများကို တောင်ကိုရီးယားနိုင်ငံ၌ ပြသရန် ဖိတ်ခေါ်
ပန်းချီ ရတနာဝင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Loop အဖွဲ့အစည်းက ဂွမ်ဂျူး ပြတိုက်တွင် Mirror And Monitor of Asia အမည်ဖြင့် ကျင်းပမည် ဖြစ်ခြင်းကြောင့် ၎င်း ဖန်တီးထားသည့် အနုပညာကို လာရောက် ပြသရန် ဖိတ်ကြားခြင်း ခံရသည်ဟု New Zero Art Space ပန်းချီပြခန်းက ပန်းချီ ရတနာဝင်းက ပြောသည်။ယင်းပြပွဲကို သြဂုတ်၂ဝရက်မှ ၂၃ရက် အထိ ကျင်းပမည် ဖြစ်ပြီး တောင်ကိုရီးယား ယဉ်ကျေးမှု ဝန်ကြီး ဌာန က ထောက်ပံ့ ပေးခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်း မှထုတ်ပယ်ခံ ခဲ့ရသည့် နည်းပြမာတီနို အာဂျင်တီးနား လက်ရွေးစင်နည်း ပြဖြစ်လာ
ဘာစီလိုနာအသင်းမှ ထုတ်ပယ်ခံခဲ့ရသော နည်းပြမာတီနိုသည်အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ ဖြစ်လာခဲ့သည်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ဒုတိယရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဆာဘယ်လာသည် ဗိုလ်လုပွဲစဉ်တွင်ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။စာချုပ်သက်တမ်းကုန်ုဆုံးခဲ့ခြင်း ဖြစ်ပြီး ထပ်မံသက်တမ်းတိုးရန် ငြင်းဆန်ကာနုတ်ထွက်သွားခြင်းဖြစ်သည်။မာတီနိုသည် ယခုအပတ်အတွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီးအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်းအာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြသစ်နာမည်ကို မကြာမီ ကြေညာမည် ဖြစ်သည်။မာတီနိုသည် ၂၀၁၈ ကမ္ဘာ့ဖလားအထိ အာဂျင်တီးနားအသင်းကို တာဝန်ယူမည်ဟု Fox sports၀က်ဘ်ဆိုက်က ဖော်ပြသည်။အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မာတီနိုသည် ပြီးခဲ့သည့်ရာသီကဘာစီလိုနာအသင်းကို နည်းပြခဲ့ရာတွင် အောင်မြင်မူ မရှိရှိခဲ့သူဖြစ်သည်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက်ကူးမည်ဆိုသည့်သတင်း မဟုတ်ကြောင်း ဇာဂနာ ငြင်းဆို
မြန်မာနိုင်ငံ၏ ယခင် အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဇာတ်ကား ရိုက်ကူးမည် ဆိုသည့် သတင်းသည် အမှန်မဟုတ်ကြောင်း ဇာကနာ က မဇ္ဈိမကို ပြောသည်။
" ဦးသန်းရွှေ ဇာတ်ကားကို ရိုက်မယ့်သူတွေ ရှိတယ်။ သူတို့က ကျွန်တော့ကို အီးမေးလ်ကနေ တစ်ဆင့် အကူအညီတောင်းတယ်။ ကျွန်တော့်ကို လာဆက်သွယ်တော့ ဝိုင်းကူညီပေးပါမယ်။ လိုအပ်တာရှိရင်ကိုပေါ့ ။ ဦးသန်းရွှေနဲ့ ကျွန်တော်က ဘာအဆက်အသွယ်မှလည်း မရှိဘူး။ ဦးအောင်ကြည်ကနေ တစ်ဆင့် ဦးသန်းရွှေကို အကူအညီ တောင်းပေးလိုက်တယ်" ဟု၎င်းက ပြောသည်။
ဇာဂနာကို အမေရိကန်နိုင်ငံမှ Production Designer ဖြစ်သူMs. Straus Berg ဆိုသည့် အမျိုးသမီးမှ ဦးသန်းရွှေ အကြောင်း ရိုက်ကူးရန် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလပိုင်းက လာရောက် တွေ့ဆုံခဲ့ပြီး အီးမေလ်းမှ တဆင့် ပြောခဲ့ပြီးဖုန်းဖြင့်လည်းတစ်ဆင့် ယင်းဇာတ်ကား အကြောင်း ပြောဆိုခဲ့သည်။

မန္တလေးနှင့် ရန်ကုန်တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ကြိမ်စီပြုလုပ်မည့် လင်းလင်း
တေးရေးတေးဆို လင်းလင်းက ရန်ကုန်နှင့် မန္တလေးမြို့များတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ကြိမ်စီ ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု မဇ္ဈိမကို ပြောသည်။ရန်ကုန်မြို့တွင် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာ (သို့) ဒီဇင်ဘာလတွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး မန္တလေးမြို့တွင်မူ ပါမစ်ရရှိမှု အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပသွားမည်ဟု လင်းလင်းကဆိုသည်။
အဆိုတော်များစုပေါင်းပြီး ဖျော်ဖြေပွဲများပြုလုပ်ရခြင်းကို မနှစ်သက်ပဲ တစ်ကိုယ်တော်သီးသန့်ဖျော်ဖြေမှုမျိုးကို ပိုမိုစိတ်ဝင်စားကာ ဖျော်ဖြေချင် သည်ဟု လင်းလင်းကဆိုသည်။ "တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စုပေါင်းပြီး ဖျော်ဖြေရထက် ဖျော်ဖြေပွဲထက်ပိုကြိုက်တယ်။ အဲဒီလိုဖျော်ဖြေပွဲတွေ မှာ သီချင်းဆိုရတာ သီချင်းဆိုရတယ်လို့ ကိုမထင်တာ၊ ကိုယ်သီချင်းတွေကို ဆက်တိုက် အပုဒ်ရေ ၃ဝ၊ ၄ဝ လောက်ဆက်တိုက်ဆိုပြီး ပရိသတ် ကိုဖျော် ဖြေချင်တာ။" ဟု ၎င်းကပြောသည်။

အင်္ဂလိပ် သီချင်းများ ပြန်လည် ကူးယူ သီဆိုခဲ့သော်လည်း ထိုက်သင့်သည့် ပေးဆပ်မှုများ ရှိခဲ့သည်ဟု ဖြူဖြူကျော်သိန်း
မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေ သည့်အပြင် ခိုးကူးခွေ နှိမ်နှင်းရေး အဖွဲ့တွင် လည်း ပါဝင်ဆောင်ရွက် လျက်ရှိသည့် အဆိုတော် ဖြူဖြူကျော်သိန်းက ၎င်းသီဆိုသည့် အင်္ဂလိပ် သီချင်းများ ပြန်လည် ကူးယူသီဆို ခဲ့သော်လည်း အဆိုရှင်သည် ပေးဆပ်ခဲ့သည့် အချိန်များ၊ ကြိုးစားအားထုတ်မှုများနှင့် ထိုက်သင့်သည့် ငွေကြေး ကုန်ကျမှုများလည်း ရှိခဲ့သည်ဟုမဇ္စျိမကိုပြောသည်။"အစ်မ အနေနဲ့က အခုလို ခိုးကူးတွေကို နှိမ်နှင်းခြင်း လိုက်လုပ်နေတာ ကိုယ့်အတွက်ထက် ဂီတလောကသား အားလုံး အတွက် လုပ်တာပါ။ အဲ့ဒီလို ခြိမ်းခြောက်မှုတွေ၊ ဝေဖန်မှုတွေ အများကြီး ခံစားရပါတယ်။ "ဟု၎င်းကပြောသည်။
မီးဖွားဖို့ ဆေးရုံတင်ထားခဲ့ရာမှ ခွဲခန်းထဲမှာ ရင်ဘတ်ဖွင့်ရက်သား မိခင်အလောင်းနဲ့ အသက်ရှင်နေတဲ့ ကလေးငယ်တို့ကိုသာတွေ့ရ
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က ဆီဇာတန်မီးယပ်နဲ့သွားဖွားဆေးရုံတစ်ရုံရဲ့ ခွဲစိပ်ခန်း ကုတင်တစ်လုံးပေါ်မှာ အသက်မဲ့နေတဲ့ မိခင်အလောင်းတစ်လောင်းရဲ့ ဘေးမှာ ခပ်တိုး တိုးညှင်းညှင်းအသက်ရှုနေတဲ့ ကလေးငယ်တို့ရဲ့မြင်ကွင်းကို လူနာရှင်မြင်တွေ အတော် လေး စိတ်သောကရောက်ကာ ဒေါသအိုးပေါက်ကွဲသွားခဲ့ရပါပြီ။
အလောင်းရဲ့ဘေးပတ်လည်မှာလည်း ဘယ်လိုဆေးဝါအကူအညီတွေမရှိ၊ စောင့်ကြည့် ကုသပေးမယ့် ဆေးဝါးအကူတစ်ယောက် မှ မရှိတာကြောင့် ဆေးရုံရဲ့တာဝန်ယူမှုမရှိတဲ့ ဒီကိစ္စ အဖြစ်အပျက်က အများအမြင်မှာ မှင်သက်သွားစေလောက်အောင်သိစေခဲ့တာ ပဲဖြစ်ပါတယ်။
ဒေါ်လာ လေးသန်းတန် အအေးခန်းစက်ရုံ ဆောက်ရန် ဂျပန်က စီစဉ်နေ
ဂျပန်နိုင်ငံရှိ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခုက နေပြည်တော်ကောင်စီနယ်မြေ၌ အမေရိကန်ဒေါ်လာ လေးသန်းတန် အအေးခန်းစက်ရုံ တစ်ရုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ပြီး ဒေသခံတောင်သူများနှင့် အကျိုးတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သွားမည်
ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကပြောသည်။အဆိုပါကုမ္ပဏီသည် ပိန်းဥစိုက်ပျိုး ထုတ်လုပ်ရေးတွင် တောင်သူများနှင့် အဓိကပူးပေါင်း လုပ်ကိုင်သွားဖွယ်ရှိကြောင်း ၎င်းက ပြောသည်။"ကျွန်တော်တို့ နေပြည်တော်မှာ အရင်ဆုံး ပိန်းဥ၊ ကန်စွန်းဥကို စားသောက်ကုန် ထုတ်လုပ်တဲ့အထိ အေးခဲစက်ရုံဆောက်ပါမယ်၊ အေးခဲပြီးတော့ အဆင်သင့် စားသောက်ကုန်အနေနဲ့
နိုင်ငံခြားကို တင်ပို့ပါမယ်"ဟု ရင်းနှီးမြှုပ်နှံမည့် ဂျပန်နိုင်ငံ 'ကျောကာဖု' ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မစ်တာယာမအိရှိက ပြောသည်။

အီရတ်နိုင်ငံကို အမေရိကန်စစ်သား ၁၃၀ ဦး ထပ်မံ စေလွှတ်
အမေရိကန်အစိုးရက အီရတ်နိုင်ငံကို နောက်ထပ် စစ်သည် အယောက် ၁၃၀ စေလွှတ်ပြီးပြီလို့ ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ အမာခံစစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ အီရတ်နိုင်ငံကို ကူညီဖို့ပါလို့ ဆိုပါတယ်။ကာလီဖိုးနီးယားပြည်နယ် ပဲန်ဒယ်လ်တန်စခန်းက တပ်သားတွေကို မိန့်ခွန်းပြောရာမှာ ကာကွယ်ရေးဝန်ကြီးက အီရတ်ရဲ့ ကာဒစ်စတန်ပြည်နယ်မြို့တော် အာရ်ဘီလ်ကို စစ်သည်တွေ ရောက်သွားပြီး အီရတ်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို နက်နက်ရှိုင်းရှိုင်း ကူညီသွားမယ်လို့ ဆိုပါတယ်။အရင်က အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေ ထိန်းချုပ်ထားတဲ့ စင်ဂျာတောင်မှာ ပိတ်မိနေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အရပ်သားတွေကို အမေရိကန်က လေကြောင်းကနေ စားနပ်ရိက္ခာတွေ ချပေး ကူညီခဲ့တာပါ။ခုတော့ အဲဒီထက်ပိုပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ အီရတ်မြောက်ပိုင်းကို လွှတ်လိုက်တဲ့ အမေရိကန်စစ်သည်တွေက လုပ်ဆောင်မယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတယောက်က ပြောပါတယ်။
ဂျပန် ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးသူ တိုးလာ
ရခိုင်ပြည်နယ်တွင် ခြင်ကိုက်ခံရခြင်းမှ ဖြစ်ပွားသော ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ဖြစ်ပွားသူဦးရေမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ၂၆ ယောက်ရှိခဲ့ရာမှ ယခုအခါ ၄၁ ဦးအထိ တိုးတက်လာခဲ့ပြီး သေဆုံးသူ အရေအတွက်မှာလည်း ၈ ဦးမှ ၁ဝ ဦးအထိ ရှိခဲ့ကြောင်း စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီးက ပြောသည်။
“ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်တာကတော့ ခုဆို ၄၁ ယောက်ထိရှိပြီ။ ဒါပေမဲ့ ဆေးရုံမှာက ၇ ယောက်ပဲ ကျန်တော့တယ်။ ကျန်တာတွေက ဆင်းသွားကြပြီ။ ရောဂါ ကာကွယ်ဖို့ အဓိကကတော့ ခြင်မပေါက်ဖွားအောင်လုပ်ဖို့နဲ့ ခြင်ကိုက်မခံရဖို့ က အရေးကြီးတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးထွန်းအောင်ကပြောသည်။ ဒေသခံပြည်သူများအနေဖြင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရန် အားနည်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရန် အားနည်းခြင်း စသည့်တို့ကြောင့် ရောဂါဖြစ်ပွားသူများ တိုးတက်လာခြင်းဖြစ်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး သမိုင်း
ဓမ္မစေတီ ခေါင်းလောင်းကြီး
>ခေါင်လာင်းတော်ဘွဲ့ - အဝိန္ဒဆောက် ခေါင်းလောင်းတော်
အလေးချိန်- ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀)
အတိုင်းအတာ - အဝ(၈)တောင်၊ xxx (၁၂) တောင်
သွန်းလုပ်သည့်နေ့ - သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့
ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ - သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် - သက္ကရာဇ် (၉၇၄)ခုနှစ်
ကျော်ကြားမှု - ပျောက်ဆုံးနစ်မြှုပ်နေမှု
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး
ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲအတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့ အင်န်စီစီတီမှ နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်မည်
မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ဩဂုတ်လ ၁၅နှင့် ၁၆ရက်တို့တွင်ပြုလုပ်မည့်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေးစာချုပ်ရေးဆွဲ အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ် မော်စသည့် အင်န်စီစီတီထိပ်သီး ခေါင်း ဆောင် များတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။အဆိုပါနိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲအ တည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို တက်ရောက်မည့် NCCT အဖွဲ့ ကိုနိုင်ဟံသာမှ အဖွဲ့ခေါင်းဆောင် အဖြစ်ဦးဆောင်ပြီး ပဒိုစောကွယ်ထူး ဝင်းနှင့် ဗိုလ်ချုပ်ဂွန်မော်တို့မှာဒုတိယ အဖွဲ့ခေါင်းဆောင်များအဖြစ် တက် ရောက်ကာညှိနှိုင်းဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။ယခုတက်ရောက်လာမည့်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိ နှိုင်းရေး အဖွဲ့ NCCT နှင့်ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော် မတီ UPWC မှတာဝန်ရှိ သူများသည် နှစ်ဖက်ပူးတွဲရေးဆွဲ နေသည့် အပစ် အခတ်ရပ်စဲရေးစာ ချုပ်မူကြမ်းအား အတည်ပြုနိုင်ရေး အတွက် ဆွေးနွေး ရန်ကျန်ရှိနေသည့် အချက် ၃၁ချက်အား ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရ သည်။
မန္တလေးမြို့စည်ပင် နယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရပ်ပါက လုပ်ငန်း လိုင်စင်ပိတ်သိမ်းမည်
မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ၏ နယ်နိမိတ် အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်နှင့် စီးပွားရေး လုပ်ငန်း အချို့ ဖွင့်လှစ်ထားသည့် လမ်းမနေရာများတွင် ယာဉ်နှစ်ထပ် ရပ်နားပါက ဆိုင်ဖွင့်လှစ်ခွင့်ကို ပိတ်သိမ်းသည် အထိ အရေးယူမည် ဖြစ်ကြောင်း သြဂုတ်လ (၁၂)ရက်နေ့ မန္တလေးမြို့တော်ခန်းမတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစန်းမောင်က ပြောသည်။လူဦးရေတိုးတက်မှု၊ ယာဉ်များများ ပြားလာမှု၊ ဆိုင် အရေအတွက် များပြားလာမှုကြောင့် ယာဉ်အန္တရာယ်တွေ၊ လမ်းပိတ်ဆို့မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပါတယ်။ လမ်းပိတ်ဆို့မှုတွေဖြစ် ပေါ်ရတဲ့ အကြောင်းအရင်း တစ်ရပ်ကတော့ နံနက်ပိုင်း၊ ညနေပိုင်း လူစည်ကားချိန် တွေမှာ စားသောက်ဆိုင်နဲ့ အခြားသော လုပ်ငန်းတွေ၊ ဆိုင်တွေ ဖွင့်လှစ်ထားတဲ့ရှေ့မှာ ဆိုင်ကယ်တွေ မော်တော်ယာဉ်တွေ စနစ်တကျ ရပ်နားထားတာမျိုး မရှိတဲ့အပြင် ယာဉ်နှစ် ထပ်ရပ်နားထားတာတွေပါ တွေ့နေကြရတယ်။ ကျွန်တော်တို့ ပညာပေး ကာလကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။
စတော့အိတ်ချိန်းဈေးကွက်တည်ထောင်ရန် Securities Exchange Committee ကော်မရှင်ကို ယခုလအတွင်း ဖွဲ့စည်းမည်ဟုဆို
စတော့အိတ် ချိန်းဈေးကွက်တည်ထောင်နိုင်ရန် အတွက် Securities Exchange Committee ကော်မရှင်ကိုယခုလ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန် ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
အဆိုပါ Securities Exchange Committee ကော်မရှင်ကို ပြည်တွင်း မှ ပညာရှင်ခုနစ်ဦးဖြင့်ဖွဲ့စည်းသွား မည်ဖြစ်ကြောင်းသိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးဒေါက်တာမောင်မောင်သိမ်းး က'' Securities Exchange Committee ရုံးအဖွဲ့တွေကိုလဲ တစ်ပြိုင်တည်းဖွဲ့ဖို့ လုပ်ထားပြီးပါပြီ၊ ကျန်တဲ့လုပ်ငန်းတွေ ကိုလဲဆက်ပြီး လုပ်ဆောင်နေပါတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံတွင်တည်ထောင် မည့် စတော့အိတ်ချိန်း အတွက် ၂ဝ၁၂ခုနှစ်ကမြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဂျပန်နိုင်ငံအကြား MoU ရေးထိုးထားပြီး ဂျပန်နိုင်ငံ ဒိုင်ဟွာကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်ရန်စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဒေါက်တာမောင်မောင်သိမ်း က'' SEC ကတော့အုပ်ချုပ်တဲ့ အပိုင်း ပေါ့၊ စတော့ဈေးကွက်ကြီးတည်ထောင် ဖို့အတွက် နိုင်ငံခြားနဲ့ စာချုပ်ချုပ်ဖို့က မူကြမ်းတွေရပြီ၊ ဆက်ပြီး အတည်ပြု ချက်တွေရသွားပြီဆိုရင်ဒီလထဲမှာ ပဲလက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ထား တယ်၊ စာချုပ်စာတမ်းပိုင်းပြီးရင် လက် တွေ့ပိုင်း ဆက်လုပ်လို့ရတယ်၊ စာ ချုပ် စာတမ်းပိုင်းလုပ်နေရင်းနဲ့ လက် တွေ့ပိုင်းတွေကို လုပ်ထားတော့လုပ် ငန်းလုပ်ဖို့ အချိန်အကြာကြီးယူရမယ့် သဘောမရှိပါဘူး'' ဟုပြောသည်။

ကမ္ဘာ့လူငယ် ရာခိုင်နှုန်း ၂၀ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရဟု လူငယ်များနေ့တွင် UNFPA ထုတ်ပြန်
ကမ္ဘာ့လူငယ်များ၏ ရာခိုင်နှုန်း ၂၀ သည် စိတ်ပိုင်းဆိုင်ရာရောဂါများ ခံစားနေရသည်ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ Dolphin စားသောက်ဆိုင်တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ထိုသို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံက လူငယ်တွေကြားမှာလည်း ဒီထက်မနည်းတဲ့ အရေအတွက်နဲ့ စိတ်ကျရောဂါခံစားနေရမှာပဲဆိုတာ ကျွန်တော်တို့ လေ့လာချက်အရ တွေ့ရပါတယ်” ဟု UNFPA လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာ နေ၀င်းက ပြောသည်။
ထိုသို့ စိတ်ရောဂါခံစားနေရသူများတွင် သိသာသော စိတ်ရောဂါဝေဒနာရှင်များနှင့် မသိသာသော စိတ်ဝေဒနာရှင်အားလုံး ပါဝင်ပြီး အသက် ၁၄ နှစ် နှင့် ၂၅ နှစ်ကြား လူငယ်များကို စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

မြေပဲဆန်ဈေးမြင့်၍ တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းများ တွက်ခြေမကိုက်
မြေပဲအသစ်မပေါ်မီ ကာလအတွင်း မြေပဲဆန်ဈေးမြင့် တက်လာနေ သောကြောင့် ကုန် ကြမ်းအဖြစ် အသုံးပြုသောတစ်နိုင်တစ်ပိုင်စားသောက်ကုန် လုပ်ငန်းလုပ်ကိုင်သူများတွက်ခြေ မကိုက်ဖြစ်နေကြောင်း သတင်းရ ရှိသည်။
‘‘မြေပဲဆန်ဈေးက တက်သွား တော့ အမြတ်လျော့သလိုတော့ ဖြစ်တာပေါ့။ ပစ္စည်းက လျှော့ လိုက်လို့လည်း မရဘူး။ အပြိုင် အဆိုင်ဖြစ်နေတော့ သိပ်တော့ တွက်ခြေမကိုက်တော့ဘူးပေါ့။ ဒါပေမဲ့ ရပ်လိုက်လည်း ဖောက် သည်ပျက်သွားမှာ။ မြေပဲပေါ်ချိန် ရောက်ရင်တော့ ပြန်အဆင်ပြေ မှာပါ။ နှစ်တိုင်းနီးပါးတော့ ဒီအ ချိန်တက်တတ်တယ်။ ဒါပေမဲ့ ဒီ နှစ်က ပိုတက်တယ်ထင်တယ်’’ ဟု အောင်လံမြို့မှ တစ်နိုင်တစ်ပိုင်မြေပဲဆားလှော်လုပ်ငန်းလုပ် ကိုင်သူ ဒေါ်လဲ့ကပြောသည်။ယခင်က မြေပဲတစ်ပိဿာ လျှင်(တစ်ပြည်) ကျပ် ၁၅၀၀ ခန့်ဝယ်ခဲ့ရာမှာ ယခုအချိန်တွင် ကျပ် ၁၉၀၀ နှုန်းဝယ်ယူနေရခြင်းဖြစ် သည်။
Subscribe to:
Posts (Atom)