Friday, October 10, 2014

မင်းသမီးများနဲ့ တူအောင် မိတ်ကပ်ပြင်နိုင်တဲ့ အမျိုးသား

Filipino Paolo Ballesteros လို့အမည်ရတဲ့ အမျိုးသားဟာ Eat Bulaga အမည်ရ ရုပ်သံတီဗီ အစီအစဉ်မှ သရုပ်ဆောင်မော်ဒယ်တစ်ဦး ဖြစ်ပြီး မိတ်ကပ် ဖန်တီးရှင် ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖန်တ်ီးနိုင်တဲ့ အရည်အချင်း ကတော့ ပုံမှ မြင်တွေ့ရသလိုပါပဲ။
ကေတီပယ်ရီ၊ ဂျနီဖာလော့ရန့်စ်၊ မယ်လီဆိုင်းရက်စ်၊ မယ်ဂန်ဖော့ အစရှိသဖြင့် နာမည်ကြီး မင်းသမီးနဲ့ Celebrity ပေါင်း မြောက်များစွာနဲ့ကို တူအောင် ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူဖန်တီးတဲ့ မိတ်ကပ် အလှအပ များကို သူ့ရဲ့ Instagram ပေါ်မှာ တင်ပြီး ဝင်ရောက် ကြည့်ရှုသူ များပြား ပါတယ်။ Link ကတော့http://instagram.com/pochoy_29 ဖြစ်ပါတယ်။

အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်

Photo: အိုင်အက်စ်အဖွဲ့က ကိုဘာနီမြို့ အရှေ့ပိုင်းဒေသကို သိမ်းပိုက်
Friday,October 10, 2014
 
ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ်  အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး  မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထားလိုက်ပြီလို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။

ဒါတင်မက အရှေ့မြောက်ဒေသနဲ့ အရှေ့တောင်ဒေသတွေက တချို့ အစိတ် အပိုင်းတွေကို သိမ်းထားတယ်လို့ ပြောပါတယ်။

ကိုဘာနီမြို့ကို ခုခံနေတဲ့ ကာ့ဒ်တပ်ဖွဲ့အကြီးအကဲကလည်း အိုက်အက်စ် တပ်ဖွဲ့ဟာ မြို့အရှေ့ပိုင်းက ၄ ပုံ ၁ ပုံကို သိမ်းထားလိုက်ပြီလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ပြောပါတယ်။

ကုလသမဂ္ဂကတော့ ကိုဘာနီမြို့မှာ မြို့ခံအနည်းအကျဉ်းလောက်ပဲ ကျန်တော့ တယ်လို့ ပြောပေမယ့် မြို့ကို ခုခံကာကွယ်နေတဲ့အဖွဲ့တွေကတော့ အိုက်အက်စ်တပ် တွေက မြို့ကို သိမ်းနိုင်ရင် လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှာ သေချာတယ် လို့ ပြောပါတယ်။

အမေရိကန်ရဲ့ လေကြောင်းစစ်ကူဟာ အကန့်အသတ်နဲ့ ဖြစ်နေတာကိုလည်း သူတို့က အပြစ်တင်ကြပါတယ်။

တူရကီဘက် နယ်စပ်မှာလည်း တင့်ကားတွေ ရှိနေပေမယ့် မြို့ကို ကာကွယ်ဖို့ ခုခံစစ်ကို အကူအညီမပေးပါဘူး။

DVB
ဆီးရီးယားနယ်စပ် ကိုဘာနီမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်နေပေမ့ယ် အိုက်အက်စ်တပ်ဖွဲ့တွေ ဟာ ရှေ့ကို ချီတက်နေပြီး မြို့အရှေ့ပိုင်းဒေသအားလုံးကို သိမ်းထားလိုက်ပြီလို့ ဆီရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးးအဖွဲ့က ပြောပါတယ်။

ရွှေ့တောင် ခလရ ၁၄ မှ မိသားစုဝင် ဘုရားဖူးကား တိမ်းမှောက်


သီတင်းကျွတ်လပြည့်နေမနက်ပိုင်းကပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရားအသွားလမ်း န၀ဒေး တံတား အနီး ဘုရားဖူးဒိုင်နာ ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ယာဉ်မောင်း အပါ အ၀င် လူ(၂၀)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ 

ထိုင်းဝန်ကြီးချုပ်အား ရန်ကုန်မှာ ဆန္ဒပြ

ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလပန်းခြံအနီး တွင်ဖြစ် ပွားခဲ့သည်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက လူသတ်မှုရဲ့ အဂတိတရားကို ဖေါ်လိုက်ပြီ

အခု တလော ထိုင်းနိုင်ငံ ကော့တောင်လို့ခေါ်တဲ့ လိပ်ကျွန်းပေါ်က ဗြိတိသျှလူမျိုးနှစ်ဦးအဓမ္မ အကြမ်းဖက် သတ်ဖြတ်ခံရမှုကကမ္ဘာကျော် သတင်းကြီးဖြစ်နေခဲ့ပြီးလူသန်းပေါင်းများစွိာတ်ဝင်စားနေခဲ့ကြပါတယ်။
သတ်ခံခဲ့ရသူတွေကို မြန်မာပြည်သားနှစ်ဦးက စနစ်တကျ စီမံသတ်ဖြတ်ခဲ့တယ်လို့ အချို့သော ထိုင်းသတင်း မီဒီယာတွေမှာ

မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်


Photo: မြို့ ၄၉ မြို့မှာ အူရီဒူးဆင်းမ်ကတ်တွေ ရောင်းအုံးမယ်

ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။

ထပ်ပြီးရောင်းမယ့် မြို့တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက မြို့တွေ ဖြစ်တယ်လို့ အူရီဒူးမြန်မာ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ဆိုပါတယ်။

လတ်တလောမှာ အူရီဒူး မြန်မာက တာဝါတိုင် ငါးရာ ပြီးစီးနေပြီး နှစ်ကုန်ပိုင်းမှာ တာဝါတိုင် ရှစ်ရာကနေ တစ်ထောင်ကျော်အထိ ပြီးစီးအောင် စိုက်ထူမှာဖြစ်တယ်လို့လည်း အူရီဒူးမြန်မာရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

အူရီဒူး ဆင်းမ်ကတ်တွေကို သြဂုတ်လတွင်းက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ စရောင်းခဲ့ပြီး ဖုန်းပြောဆို တဲ့အခါမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြည်တွင်းဆက်သွယ်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရထားတဲ့ အူရီဒူးက ခုနှစ်အကုန် မြို့ပေါင်း ၄၉ မြို့မှာ ဆင်းမ်ကတ်တွေ ထပ်ပြီးရောင်းအုံးမယ်လို့ သိရပါတယ်။

ထပ်ပြီးရောင်းမယ့် မြို့တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက မြို့တွေ ဖြစ်တယ်လို့ အူရီဒူးမြန်မာ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ဆိုပါတယ်။

ယီမင်ကို မနိုင်သော်လည်း ထိုင်းနှင့်ပွဲအတွက် ယုံကြည်မှု အပြည့်ရှိဟုဆို

၂၀၁၄ အာရှယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ယီမင်အသင်းကို သရေကျခဲ့ပြီး ရမှတ် ဆုံးရှုံးခဲ့သော်လည်း ထိုင်းအသင်းနှင့် ဒုတိယပွဲစဉ်အတွက် ယုံကြည် မှုအပြည့်ရှိကြောင်း မြန်မာယူ- ၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်ကပြောသည်။

‘‘မြန်မာအသင်းအနေနဲ့ ယီမင်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အတွက်

မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ

Photo: မြန်မာလုပ်သား နှစ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင်ရန် ကြိုးစားနေ
Friday, Ocotber 10, 2014

 ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို  လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

စူရတ်ဌာနီခရိုင်၊  ခိုတောင်ကျွန်းတွင် ဖြစ်ပွားခဲ့သော ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် ကော့စမွီထောင်တွင် ထိန်းသိမ်းခံထား ရသည့် သံသယတရားခံ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ပထမရမန်ချုပ်ရက်မှာ အောက်တိုဘာ ၁၅ ရက်တွင် ရက်စေ့မည် ဖြစ် သည်။ တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေဌာနမှာ ခရိုင်ရုံးထက်အဆင့်မြင့်ကြောင်း သတင်းရရှိ သည်။ ထိုင်းအခြေစိုက် သတင်း အရ ၎င်းတို့၏ တရားစွဲဆိုရေးအ ဖွဲ့ကို ကျွမ်းကျင်သူ ငါးဦးဖြင့် ဖွဲ့ စည်းထားကြောင်း တိုင်းဒေသ အမှတ် (၈) အစိုးရဥပဒေရုံး ညွှန် ကြားရေးမှူးချုပ်နှင့် ယခုအမှု၏ တရားစွဲဆိုစွဲချက်တင်ရေးအဖွဲ့ ခေါင်းဆောင်တို့က ဆိုသည်။ ၎င်း တို့နှစ်ဦးနှင့်အတူ တိုင်းဒေသ (၈) ဥပဒေရုံး ဒုတိယညွှန်ကြားရေးမှူး ချုပ် ရာဇ၀တ်မှုရေးရာ အထူး ဥပဒေအရာရှိ ကော့စမွီ ဥပဒေ ရုံး ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့လည်း ပါဝင်နေသည်။

‘‘လောလောဆယ် ကျွန် တော်တို့ နိုင်ငံတော်အဆင့်ကို တင်ပို့ထားပါတယ်။ ခိုင်မာတဲ့၊ ထိ ရောက်တဲ့ အဖွဲ့နဲ့ လာရောက်ပူး ပေါင်းဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုထားပါတယ်။ ပူးပေါင်းဆောင်ရွက်တယ်ဆိုရာမှာ တရား ရင်ဆိုင်ဖို့လည်း အပါအ၀င်ပါ’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အရေးသွားရောက်မေးမြန်းစုံစမ်း နေသည့် မြန်မာသံရုံးအထူးအဖွဲ့ မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သံသယတရားခံ မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦးတွင် စာရွက်စာတမ်း၊ အထောက်အ ထားမရှိ၍ ၎င်းတို့၏ အလုပ်ရှင် များကိုလည်း တရားမ၀င်အလုပ် သမားများ ငှားရမ်းမှုဖြင့် ဖမ်းဆီး မည်ဖြစ်ကြောင်း တိုင်းဒေသအမှတ် (၈) အစိုးရဥပဒေဌာနက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၏ တရားရုံးစနစ် အရ ရဲက တိုက်ရိုက်စွဲချက်တင်၍ မရပေ။ အစိုးရဥပဒေအရာရှိကို အမှုမှတ်တမ်း ပေးပို့ရပြီး ယင်းအရာရှိက တရားစွဲမည့် ပုဒ်မနှင့် တရားစွဲမည့်အချက် စသည်တို့ကို လုပ်ဆောင်ရသည်။ ထိုင်းရဲတပ် ဖွဲ့သည် ဗြိတိန်စုံတွဲအသတ်ခံရ မှုအတွက် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု မှတ်တမ်းကို အောက်တိုဘာ ၇ ရက်က စမွီခရိုင် တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာရုံးသို့ တင်သွင်းခဲ့ သည်။ စာမျက်နှာ ၈၅၀ ပါဝင် သည့် စုံစမ်းစစ်ဆေးမှုမှတ်တမ်း ၌ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် စောနှင့် ၀င်းတို့နှစ်ဦးကို လူသတ် မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င် ရောက်မှုတို့ဖြင့် တရားစွဲဆိုရေးကို ထောက်ခံမှတ်တမ်းတင်ထား သည်။ ယင်းအမှု၏ စုံစမ်းစစ်ဆေး ရေးမှူးချုပ်လည်း ဖြစ်၊ ဒေသ (၈) ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့၏ လက်ထောက်ကော်မရှင်နာမင်းကြီး လည်း ဖြစ်သည့် Pol Maj Gen Paween Pongsirin နှင့် စူရတ် ဌာနီရဲတပ်ဖွဲ့၏ လက်ထောက် Commander ဖြစ်သူ Pol Col Pornsak Nuannu တို့က ယင်း မှတ်တမ်းနှင့် ပတ်သက်ဆက်စပ် ရာ သက်သေတို့ကို တရားစွဲဆိုစွဲချက်တင်ခြင်းဆိုင်ရာ ရုံးသို့ တင် သွင်းခဲ့ကြခြင်း ဖြစ်သည်။ ကနဦး ရဲက တင်လာသည့် အမှုတွဲမှတ်တမ်းတွင် အချက်အလက်များ ပြည့်စုံလုံလောက်မှုမရှိ၍ ပြန်လည်ဖြည့်စွက်ရန် ဥပဒေအရာရှိက  ရဲများကို ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အောက်တိုဘာ ၉ ရက်တွင် မူ တိုင်းဒေသအမှတ် (၈) အစိုးရ ဥပဒေဌာနက ရဲတပ်ဖွဲ့ပေးပို့လာ သည့် စစ်ဆေးချက်များသည် ကျေနပ်စရာကောင်းကြောင်း၊ သို့ သော် အသေးစိတ်ထောင့်စေ့ အောင် ဆက်လက်ပြုလုပ်နေ ကြောင်း၊ ပထမရမန်ချုပ်ရက်စေ့ မည့် အောက်တိုဘာ ၁၅ ရက်အမီ ရုံးတင်နိုင်ရန် ကြိုးစားနေကြောင်း ပြောကြားလာသည်ဟု ထိုင်းအခြေစိုက် သတင်းများက ဖော်ပြ လာသည်။

‘‘သူတို့ဘက်က အခုစွဲချက် ကို ပြင်ဆင်ရေးသားပြီး ၁၅ ရက် နေ့အမီ တင်မယ်။ သူ့ဘက်က အားနည်းချက်တွေကို သူတို့ဘယ် လိုပြင်မလဲ မသိနိုင်ဘူး။ ကိုယ့် ဘက်က အမှုရင်ဆိုင်တဲ့အချိန်မှာ၊ လျှောက်လဲတဲ့အချိန်မှာ ပိုပြီး အားစိုက်ရတော့မယ်’’ဟု ထိုင်းနိုင်ငံ၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန် ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြော သည်။

သက်သေခံများအားလုံးကို စုဆောင်းမှုမတိုင်မီမှာပင် မှုခင်းဖြစ်ပွားရာနေရာသို့ ကမ္ဘာလှည့် ခရီးသွားများ ပြန်လည်ဝင်ရောက် ခွင့်ပေးခဲ့ခြင်းအပါအ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အပတ်က ဖမ်းဆီးခဲ့ သည်အထိ ကပြက်ကချော်ဖြစ်စဉ် တသီတတန်းက အသက်(၂၁) နှစ်အရွယ် ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ပြစ်မှုအတွက် မဆီ မဆိုင် အချောင်ကြားဝင်ခံရသူ များအဖြစ် ဖန်တီးခဲ့သည်ဆိုသည့် ဝေဖန်မှုများ၊ စွပ်စွဲမှုများဆီ ဦး တည်သွားစေခဲ့သည်ဟု ထိုင်းသ တင်းစာကြီး တစ်စောင်ဖြစ်သည့် ဘန်ကောက်ပို့စ်က ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုကျူးလွန်ပုံအား ပြန်လည်သရုပ်ပြခိုင်းနေစဉ် (Reuters)
7Day Daily
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် သံသယ တရားခံ မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးအမှုကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် တရားရုံးတင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ တိုင်း ဒေသအမှတ် (၈) အစိုးရဥပဒေ ဌာနက ကြိုးစားနေကြောင်း သ တင်းရရှိသည်။

လိပ်ကျွန်းကိစ္စ မှန်ကန်စွာ ဖြေရှင်းပေးရန် ကာချုပ်တောင်းဆို


Photo: လိပ်ကျွန်းကိစ္စ မှန်ကန်စွာ ဖြေရှင်းပေးရန် ကာချုပ်တောင်းဆို
Friday, Ocotber 10, 2014

ဗြိတိန်စုံတွဲကို သတ်သည်ဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာနိုင်ငံသားနှစ်ဦးအရေး မှန်ကန်စွာ ဖြေရှင်းပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တန်နာဆက်ခ် ပတိမပရာဂွန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောခြင်း ဖြစ်သည်။

“အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန်လိုတယ်ဆိုတဲ့ ဥပဒေစကားအတိုင်း စိစစ်လုပ်ဆောင်ပေးစေလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ပြင် မြန်မာသံရုံးမှ အထူးအဖွဲ့ကို မှန်ကန်စွာလေ့လာခွင့်ပေးရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က တိကျမှန်ကန်တဲ့အချက်အလက်များရရှိရေး၊ အမှန်တရားအတိုင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်ရေး မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ပြန်လည်ပြောဆိုကြောင်း တပ်မတော်ပိုင် မြ၀တီရုပ်မြင်သံကြားက ထုတ်လွှင့်သည်။

မဇ္ဈိမ

ဗြိတိန်စုံတွဲကို သတ်သည်ဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာနိုင်ငံသား နှစ်ဦးအရေး မှန်ကန်စွာ ဖြေရှင်းပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တန်နာဆက်ခ် ပတိမပရာဂွန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောခြင်း ဖြစ်သည်။

တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်

Photo: တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်
Friday, Ocotber 10, 2014

ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။
 
ယင်းကဲ့သို့ တောင်ကြီး၌ ဗုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် လာရောက်မည့် ခရီးသွား ဧည့်သည်များနှင့် ဒေသခံများအနေဖြင့် ပွဲတော်ကာလတွင် လုံခြုံရေးအား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
 
ထို့ကြောင့် ပွဲတော်ကာလအတွင်း လုံခြုံမှုရှိစေရန် လုံခြုံရေးဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်မည့်အပြင် ရဲလုပ်ငန်းများကိုလည်း ယခုရက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
 
“ဒီတန်ဆောင်တိုင်ပွဲတော်မှာ လုံခြုံရေးအနေနဲ့ပတ်သက်ပြီးတော့ ဘာမှမဖြစ်အောင် အခုကတည်းက အစီအမံတွေ ဆောင်ရွက်နေပါပြီ။ ဒီပွဲတော်က ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ တက်ရောက်တဲ့ပွဲလည်းဖြစ်တယ်။ နိုင်ငံတစ်ခုလုံးအနေနဲ့လည်း အထင်ကရပွဲတော် ဖြစ်တယ်။ ဒါကြောင့် ဒီပွဲတော်ကာလမှာ ဘာမှဖြစ်စရာအကြောင်းမရှိဘူးလို့ ယူဆထားတယ်။  ပွဲတော်ကျင်းပရက်က လိုနေသေးပေမယ့် အခုကတည်းက ရဲလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဝင်းထွန်းက ပြောကြားသည်။
 
၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပြိုင်ပွဲဝင် မီးပုံးပျံ ၁၄၇ လုံး မီးလောင်ပျက်စီးကာ ပြုတ်ကျခဲ့ပြီး ပွဲကြည့်ပရိသတ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
 
အဆိုပါပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ၂၄၃ ရုပ် လွှတ်တင်ခဲ့ပြီး ၁၁ဝ လုံး တက်ခဲ့ကာ ၁၃၃ လုံး ပျက်ကျခဲ့ကြောင်း၊ ညလွှတ်မီးပုံးပျံ ၁ဝ၁ လုံးလွှတ်တင်ခဲ့ကာ ၁၄ လုံး ပျက်ကျခဲ့ကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုံခြုံရေးကော်မတီမှ သိရသည်။
 
ထို့အပြင် ၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် နိုဝင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ အမေရိကန်၊ နယ်သာလန်၊ ရုရှားနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံ မှ နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၈ဝဝ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်နိုင်ငံသူတစ်ဦး အတက်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှ သိရသည်။  

တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်အတွက် လုံခြုံရေးကြိုတင်လေ့ကျင့်ခဲ့မှုအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ်
Eleven Media Group
ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့် မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။