Saturday, March 23, 2013

ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည် စခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၄၂ ဦး သေဆုံး


ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာ စခန်းတစ်ခုတွင် မတ် ၂၂ ရက်နေ့က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာလူ ၄၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီး ဌာနမှ အရာရှိများက ပြောကြားခဲ့သည်။

ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် မိတ္ထီလာမြို့မြင်ကွင်း

ယနေ့ မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့၏ လက်ရှိအခြေ အနေမှာ ပြန်လည် တည်ငြိမ်နေ ပြီဖြစ်ပြီး ဒေသ ဆိုင်ရာအာဏာပိုင်များနှင့် တပ်မတော်သားများ အနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
From......Eleven 

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ် ဆယ်ထောက်ပံ ရေးလုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ ၊ဒေသအာဏာ ပိုင်များနင့် မြိုခံလူမှုရေး အဖွဲအစည်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပိုသည်။

မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်မည်

မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်မည်
Saturday,, March 23, 2013

သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးပြန်စလျှင် မီဒီယာ ဥပဒေကြမ်း
အပြီးသတ်ကို ပြည် သူ့လွှတ်တော်သို့ တင်ပြသွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။

မီဒီယာဥပဒေကြမ်းကို သင်္ကြန်မရောက်မီကာလ မတ်လ ၂၄ ရက်နေ့
တွင် အချောသတ် ရေးဆွဲမည်ဖြစ်ကြောင်း၊ အချော သတ်ထွက်ရှိလာ
မည့် ဥပဒေကြမ်း သည် မီဒီယာသမားများ၏ အခွင့် အရေးနှင့် တာဝန်
သိမှုများပါဝင် ရန် ထည့်သွင်းဖော်ပြထားကြောင်း၊ ဥပဒေဆိုသည်မှာ ကာကွယ်ပေး ရန် တစ်ခုတည်းမဟုတ်ဘဲ၊ တာဝန်နှင့် အခွင့်အရေးနှစ်ခုတွဲ ပါကြောင်း၊ ထိုသဘောကို နား လည်ရန်လိုကြောင်း၊ သတင်း သမားများအား တာဝန်ပေးရန် နှင့် တာဝန်ထမ်းရန်လည်းပါ ကြောင်း၊ ဥပဒေကို ချိုးဖောက် လျှင် ပေးမည့်ပြစ်ဒဏ်လည်း ပါကောင်းပါနိုင်မည်ဖြစ်ကြောင်း၊ဥပဒေမူကြမ်း
ကို လွှတ်တော်ရေး ရာတာဝန်ရှိသူများ၊ ဥပဒေအရာ ရှိများနှင့် တိုင်ပင်ပြီးမှ အချော သတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်း၏ အခန်းတိုင်း
တွင် ဝေါဟာရများ စကားလုံးများအား ပြင်ဆင်မှုပြုလုပ်ထားကြောင်း သိရသည်။

မီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့တင်မည့်အချိန်နှင့် ပုဂ္ဂလိက သတင်းစာများ ထုတ် ဝေမည့်အချိန်သည် နီးကပ်နေရာ မီဒီယာ
ဥပဒေထွက်ပြီးမှ သတင်း စာထုတ်ဝေခြင်းက ပိုမိုကောင်း မွန်မည်
ထင်ကြောင်း မီဒီယာ သမားများက ပြောဆိုနေကြ ကြောင်း သိရ
သည်။

အောင်ကောင်းစည်
Myanmar News Update သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးပြန်စလျှင် မီဒီယာ ဥပဒေကြမ်း အပြီးသတ်ကို ပြည် သူ့လွှတ်တော်သို့ တင်ပြသွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
မီဒီယာဥပဒေကြမ်းကို သင်္ကြန်မရောက်မီကာလ မတ်လ ၂၄ ရက်နေ့တွင်

မိတ္ထီလာ ၂၃.၃.၂၀၁၃ နံနက် ၁၀နာရီ ၁၅မိနစ်


မိတ္ထီလာမြို့တွင် အမှတ် (၁)ရဲစခန်းဝင်းနှင့် ခရိုင် ဘောလုံးကွင်းအတွင်းတွင် ကယ်ဆယ်ရေးစခန်း (၂) ခုသို့ နေပြည်တော်၊မန္တလေး၊မိတ္ထီလာတို့မှ အထူးကုဆရာဝန်ကြီးများ လက်ထောက်ဆရာဝန်များ ဦးဆောင်သော ဝန်ထမ်းဆရာဝန်အဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ယနေ့နံနက် ၁၀နာရီမှ စတင်ပြုလုပ်ပေးနေပြီး။

နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ

Photo: နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ 

မတ်လ ၂၃ ရက်၊ ၂၀၁၃ 

နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင် ၂ ဒါဇင်ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ သြစတေးလျ ရဲတပ်ဖွဲ့က သောကြာ နေ့မှာ ပြောပါတယ်။ 

Melbourne မြို့ဝန်းကျင်မှာ မသင်္ကာသူ ၂၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။ ဒီမူးယစ်ဂိုဏ်းရဲ့ လုပ်ငန်းတွေဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအထိ ရောက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေထံက မူးယစ်ဆေးဝါးတွေ၊ Lamborghini ပြိုင်ကား၊ လက်ကိုင်အိတ်တွေနဲ့ အိမ်ယာမြေတွေ အပါ အ၀င် အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ညီမျှတဲ့ ပိုင်ဆိုင်မှုတွေကို မနှစ်က ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အခု ဖမ်းခံထားရတဲ့ မသင်္ကာသူတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ချိ ရောင်းချမှုတွေနဲ့ အဲဒီ မူးယစ်ဆေးရောင်းပြီးရတဲ့ အမြတ်အစွန်းတွေကို ငွေဖြူပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံ ထားရတာ ဖြစ်ပါတယ်။ 

ဒီဖမ်းဆီးမှုဟာ ရာဇ၀တ်လုပ်ငန်းက ရရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေကို အာဏာပိုင်တွေအနေနဲ့ ပြန်လည် သိမ်းပိုက်လိုက် နိုင်တယ်ဆိုတာ ပြသလိုက်တာပဲလို့ သြစတေးလျ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

VOA 

မူးယစ်ဂိုက်းအားဖမ်းဆီးစဉ် သိမ်းဆည်းရခဲ့သော အမျိုးအစား Lamborghini ကား။ (ဓါတ်ပုံ) နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင် ၂ ဒါဇင်ကျော်ကို ဖမ်းဆီး လိုက် တယ်လို့ သြစတေးလျ ရဲတပ်ဖွဲ့က သောကြာ နေ့ မှာ ပြော ပါတယ်။
Melbourne မြို့ဝန်းကျင်မှာ မသင်္ကာသူ ၂၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်တာပါ။ ဒီမူးယစ်ဂိုဏ်းရဲ့လုပ်ငန်းတွေဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအထိ ရောက်တယ်လို့တာဝန်ရှိ သူတွေက ပြောပါတယ်။

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

Photo: မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း 

"အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်"

မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြောကြားပါတယ်။

ရဲစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၅၃ ဦးအထဲမှာ မိတ္ထီလာမြို့ကမဟုတ်ဘဲ အနီးအနားမြို့တွေက ဒေသခံ တွေပါဝင်တယ်လို့လဲ အဲဒီအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့တွင်းမှာ ပစ္စည်းများကိုင်ဆောင် သွားလာနေတဲ့ မင်္သကာဖွယ်သူအချို့ကို အဓိကရုဏ်းစတင်ဖြစ်ပွားရာ မတ်လ ၂၀ ရက်နေ့ကတည်းက စတင် 
ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မနေ့က မတ်လ ၂၂ ရက်နေ့နေ့လယ်က စပြီး အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် အမှတ်(၂)ရဲစခန်းနယ်မြေအတွင်းမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး တုတ်၊ဓားကိုင်ဆောင်ပြီး မိတ္ထီလာမြို့တွင်း သွားလာနေသူအချို့မှာပါရှိတဲ့ တုတ်တွေ၊ဓားတွေကို သိမ်းဆည်းခဲ့တယ်လို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက တာဝန်ရှိသူက RFA ကို မတ်လ ၂၂ ရက်နေ့ညနေက ပြောပါတယ်။ "အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်"
မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲ တပ်ဖွဲ့မှုးရုံးကရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြော ကြားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား


မိတ္ထီလာခရိုင်အတွင်းလက်ရှိ ဖြစ်ပွားနေသောဘာသာရေးအဓိကရုဏ်း ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်း လတ်တလောထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများ သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှအဓိကရုဏ်းအသွင်များကူးစက်မှု မရှိစေရန် ကြိုတင်စီမံ ထားကာ လုံခြုံရေးအင်အားကိုတိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောသည်။

မိတ္ထီလာ ၂၃.၃.၂၀၁၃ နံနက် ၈နာရီ အခြေအနေ



ယခင်ရက်များက ပိတ်ထားသော ဈေးဆိုင်ခန်းအချို့ ယနေ့ပြန်လည်ဖွင့်လှစ်ရောင်းချလျှက်ရှိပါသည်။ ဒုတ် ဓါး လက်နက်များ ကိုင်ဆောင်၍သွားလာနေသူများ မတွေ့ရှိရတော့ပါ။ ပုဒ်မ၁၄၄ ထုတ်ပြန်ထားကြောင်း မြို့တွင်းတွင် ကြေငြာနေလျှက်ရှိပါသည်။

ကရင်နီဒုက္ခသည် စခန်း မီးလောင်မှုကြောင့် လူ၃၀ကျော်သေဆုံး

မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည်စခန်း ၂ မှာ အိမ်ခြေ ၆၀၀ ကျော်လောက်ရှိ။
ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ်က ကရင်နီ ဒုက္ခသည်စ ခန်း အမှတ်၂ရဲ့ ရပ်ကွက် ၁နဲ့ ၄မှာ မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ခဲ့ရာ မှာ လူ၃၀ ကျော် သေဆုံးပြီး အိမ်ခြေ၄၀၀ကျော် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။

ဘာလင် အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား

Photo: ဘာလင် အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား
Saturday,, March 23, 2013

ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်းသည်
လေထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။ ဖြစ်စဉ်အတွင်း ရဟတ်ယာဉ် တစ်စင်း၏ ပိုင်းလော့မှ သေဆုံး
သွားခဲ့ကြောင်းလည်း သိရသည်။ 

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အိုလံပစ် အားကစားရုံတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၍ ပျက်ကျရာ လေယာဉ်မှူး တစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။
ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်းသည် လေ
ထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။

ဖြစ်စဉ်အတွင်း ရဟတ်ယာဉ် တစ်စင်း၏ ပိုင်းလော့မှ သေဆုံးသွားခဲ့ကြောင်း
လည်း သိရသည်။ နောက်ထပ် ဆိုးရွားစွာ ဒဏ်ရာရသူ (၂)ယောက်ရှိပြီး အခြားသူများမှာမူ အတန်ငယ် ထိခိုက်မှုများ ရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က
ပြောကြားခဲ့သည်။ ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် ရှိနေစဉ် ဒလက်များ အပြန်အလှန် ထိခိုက် ငြိမိခဲ့ရာမှ ပျက်ကျခြင်းဟု ဆိုသည်။

ထိုနှစ်စင်းစလုံး ထိုအချိန်တွင် မြေပေါ် ဆင်းသက်နေဆဲဖြစ်ပြီး ယင်းအနေအထား၌ ချိတ်မိသွားခြင်းဟု ဂျာမန်ရဲတပ်ဖွဲ့ ပြောရေး
ဆိုခွင့်ရ အရာရှိ မိုက်ခ်ဂွာရာက ပြောကြားခဲ့သည်။ ထိုဖြစ်စဉ် အပြီး
တွင် ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့ အလျင်အမြန် တင်ပို့ခဲ့ကြောင်းလည်း သိရသည်။ 

ရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်နှစ်စင်း အဘယ်ကြောင့် နီးကပ်စွာ ဆင်းသက်ဖြစ်ခဲ့ကြောင်းကို ဖော်ထုတ်ရန် ကြိုးစားနေသလို လက်ရှိ အနေအထားတွင် ရဟတ်ယာဉ် ပျက်ကျသည့် အခြေအနေ အသေး
စိတ်ကို စုံစမ်းနေဆဲဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်း သည်  လေထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများ က ဆိုသည်။ ဖြစ်စဉ်အတွင်း ရဟတ်ယာဉ်တစ်စင်း၏ ပိုင်းလော့မှ သေ ဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
ဂျာမနီနိုင်ငံ၊ဘာလင်မြို့ရှိ အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၍ပျက်ကျရာ လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရှိ ရသည်။

မိတ္ထီလာ နံနက် ၆း၀၀နာရီ am အချိန်နှင့်နောက်ဆုံးအခြေအနေများ


ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။