Sunday, February 17, 2013

ဟားခါးဒေသ ဖွံ့ဖြိုးတိုးတက်ရေး သမ္မတ ကတိပေး

Photo:President office website
ချင်းပြည်နယ်ကို ရောက်ရှိ စစ်ဆေးနေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် မီးပှံမှန်ရရှိရေး နဲ့ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် နိုင်ငံတော်အစိုးရက

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်


ရန်ကုန်မြို့တော်အတွက် ဖွံဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ကမာရွတ်မြို့နယ်၊ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို လာမယ့် ဖေဖော်ရီလ(၂၀)ရက်နေ့မှာ အပြီးပြောင်းရွှေ့ဖို့အတွက် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားလိုက်ပါတယ်။

မြန်မာများ၊ ခွေးများ မ၀င်ရ

"အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက်စောစောကြီး ရောက်လာသူ
ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ခင်ဗျာ။
"မင်းကလည်းကွာ၊ အခုမှ အိပ်ရာထစ ရှိသေးတယ်။ ငါက ကျန်းမာရေး ဂျာနယ်ထုတ်တာ။ ဘာ
သတင်းထူးမှ မလိုဘူး။ သတင်းဂျာနယ်တွေသာ အဲဒီ မင်းသတင်းထူးသွားပေးလိုက်"ဆိုပြီး ပြော
လိုက်တော့ မောင်ဆိတ်သိုးက မျက်နှာငယ်လေးနဲ့

ပင်တဂွန်က ဆိုက်ဘာနှင့် မောင်းသူမဲ့လေယာဉ်တို့နှင့် ပတ်သက်သော သူရဲကောင်းများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ်များ ဖန်တီး

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်သည် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သူများနှင့် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဆောင်ရွက်သူများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ် တစ်မျိုးကို ဖန်တီးခဲ့သည်။ ၎င်းတို့သည် အသက်စွန့် ဆောင်ရွက်ရခြင်းမျိုး မရှိသော်လည်း ယင်းကဲ့သို့ သူရဲကောင်းတံဆိပ် ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

Spitfires စစ်လေယာဉ်တွေ မြန်မာပြည်မှာ မြှုပ်မထားဘူး တဲ့

 
 
ဒုတိကမ္ဘာစစ်အတွင်း မြန်မာပြည်တွင် မြှုပ်နှံထားသည်ဟု ဆိုသော Spitfires စစ် လေယာဉ်များ တူးဖော်ရေးအစီအစဉ်ကို ရပ်နားလိုက်ပြီဟုလေယာဉ်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့ကို ကမကထပြုသူက ပြောဆိုကြောင်း AFP သတင်းတွင် ရေးသား ဖော်ပြထားသည်။

အရေးပေါ်ကိစ္စများကြောင့် ဖွဲ့စည်းခဲ့သော ကော်မရှင်များ၏ လုပ်ဆောင်ချက်များသည် ထိရောက်မှု အားနည်းနေသေးကြောင်း ဝေဖန်မှုများရှိနေ

weekly-17-2-2၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များကို တွေ့ရစဉ်
အရေးပေါ် ကိစ္စများကြောင့် စုံစမ်းစစ်ဆေးရန်အတွက် ဖွဲ့စည်းခဲ့သော ကော်မရှင်များ၏ လုပ်ဆောင်ချက်များမှာ ထိရောက်မှု အားနည်းနေကြောင်း ပြည်သူများအကြား ဝေဖန်မှုများ ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် အရေးအခင်း စသည့်ဖြစ်ရပ်များ ဖြစ်ပေါ်အပြီးတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်များကို ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုအချိန်ထိ ပြည်သူများ လက်ခံနိုင်လောက်သည့် ရလဒ်များ ထုတ်ပြန်မှု မရှိသေးခြင်းအပေါ်တွင် ဝေဖန်နေကြခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ကို ဟားခါးလူထု ဝမ်းပန်းတသာ ကြိုဆို


Photo: RFA
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ဟားခါးခရီးစဉ်ကို ဒေသခံများ ကြိုဆိုခဲ့ကြပုံ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ရဟတ်ယဉ်သုံးစီးနဲ့ ဒီနေ့ ညနေ ၃ နာရီမှာ ချင်းပြည်နယ်ရဲ့ မြို့တော်၊ ဟားခါး ကို ရောက်ရှိသွားကြပါတယ်။

စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်၊ အောက်ရေဖြူကျေးရွာက ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့ က တွေဆုံပြီး ဖွဲလောင်စာသုံး ရေခဲစက်က စွန့်ပစ်ပစ္စည်းတွေကြောင့် လူထုသောက်သုံး တဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ခံစားနေရတာတွေကို တင်ပြခဲ့ ပါတယ်။

စစ်တပ် အဓမ္မသိမ်းယူထားတဲ့ မြောက်ဦးက လယ်မြေတွေအတွက် သီးစားခတောင်းခံ


ရခိုင်ပြည်နယ်၊ ကျောက်တော် အခြေစိုက် စစ်ဒေသကွပ်ကဲရေး ဌာနချုပ် စကခ(၉) က မြောက်ဦး မြို့နယ် နတ်ချောင်းကျေးရွာအုပ်စုရှိ လယ်သမားတွေထံက သူတို့အဓမ္မသိမ်းယူပြီး သီးစားပြန်ချထားတဲ့ လယ်မြေတွေအတွက် သီးစားခစပါးတွေ ပေးဆောင်ဖို့ မနေ့ မနက်ပိုင်းက ညွှန်ကြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။