ရန်ကုန်၊ ဇူလိုင် ၁၃- နိုင်ငံတော် သမ္မတကို အသံတိတ်ဆန္ဒထုတ်ဖော် ခဲ့သည့် သတင်းထောက် ၅ဝခန့်ကို ပုဒ်မ-၁၈ဖြင့် အမှုဖွင့်စွဲဆို ထားကြောင်း ကမာရွတ်ရဲ စခန်းမှ ဒုရဲအုပ်ဟန်ထွန်း အောင်က ဒီမိုကရေစီတူဒေးသို့ အ တည်ပြုပြောကြား လိုက်သည်။
''အမှုဖွင့်ထားပါတယ်။ မရွှေမှုံ ပါ ၅ဝကို အမှုဖွင့်ထားပါတယ်''ဟု ဒုရဲအုပ် ဟန်ထွန်းအောင်က ပြော သည်။
''အမှုဖွင့်ထားပါတယ်။ မရွှေမှုံ ပါ ၅ဝကို အမှုဖွင့်ထားပါတယ်''ဟု ဒုရဲအုပ် ဟန်ထွန်းအောင်က ပြော သည်။
သတင်း မီဒီယာများနှင့် ဆက်ဆံရေးအဆင်ပြေစွာ ဆက်ဆံနိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေး သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် သူရဦးဘိုနီက ဇူလိုင် ၁၃ ရက် တွင် မဇ္ဈိမကို ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရှိသည့် မြန်မာပိုင် နယ်နိမိတ်ကို အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အဖြစ် အိန္ဒိယဘက်က သတ်မှတ်မည် ဆိုသည့် သတင်းအပေါ် ကဘော်ချိုင့်ဝှမ်းဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ယင်းဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။


ယခုပြုလုပ်နေသည့် ပထမအကြိမ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် PR စနစ်နှင့် ပတ်သက်၍ တိုင်းရင်းသားပါတီများ၏ သဘောထားတင်ပြထားမှုများနှင့် ပတ်သက်၍ ထူးခြားမှုမရှိပါက PR စနစ် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီများမှ သိရသည်။
ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခွင့်ပြုတဲ့အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းအုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြ သွားမယ်လို့ သိရပါတယ်။
