Saturday, April 5, 2014

ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ

Photo: ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ
Saturday, April 5, 2014

ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦးကို လူမှောင်ခိုပွဲစား သုံးဦးနဲ့အတူ ဖမ်းမိတယ်လို့ ထိုင်းလ၀က ရဲအရာရှိတွေက ပြောပါတယ်။

တပ်(ခ်)ခရိုင်ထဲမှာ လူမှောင်ခိုဂိုဏ်းတစ်ခုက မြန်မာတွေကို ခိုးသွင်းဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက ကြာသပတေးနေ့ ည ၈ နာရီကနေ သောကြာနေ့ မနက်ပိုင်းအထိ စီမံချက်ချမှတ်ပြီး ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လူပွဲစားတွေက မြန်မာတွေကို ကားနှစ်စီးနဲ့ တပ်(ခ်)ခရိုင် တောလမ်းတွေကနေ ဘန်ကောက်မြို့ကို ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ပထမကားပေါ်မှာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း မြန်မာ ၃၈ ဦး လိုက်ပါလာပြီး၊ ဒုတိယကားပေါ်မှာတော့ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂၀ လိုက်ပါလာတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ဒါ့ပြင် တဲတစ်ခုအတွင်းမှာ ပုန်းအောင်းနေတဲ့ မြန်မာ ၂၈ ဦးကိုလည်း ဖော်ထုတ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အခုလို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာတွေဟာ အလုပ်ရှာပေးမယ့် လူပွဲစားတွေကို တစ်ဦးအတွက် ဘတ်ငွေ ၁၃၀၀၀ ကနေ ၁၅၀၀၀ အထိ ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

RFA Burmese
ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦးကို လူမှောင်ခိုပွဲစား သုံးဦးနဲ့အတူ ဖမ်းမိ တယ်လို့ ထိုင်းလ၀က ရဲအရာရှိတွေက ပြောပါတယ်။

KIAနယ်မြေမှာ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော

Photo: KIAနယ်မြေမှာ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော
Saturday, April 5, 2014

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြောပါတယ်။

ရန်ကုန်မြို့ MPC မြန်မာငြိမ်းချမ်းရေး စင်တာမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်စဉ် သတင်းထောက်တွေက သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က အခုလို ဖြေကြားခဲ့ပါတယ်။

"သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ဘာမှဆက် လုပ်စရာမရှိသေးဘူး၊ ဒါပေမဲ့ အခုလောလော ဆယ်မှာတော့ တိုက်ပွဲတွေ လည်းဖြစ်နေတဲ့ အခါမှာ ကျနော်တို့ KIO ထိန်းချုပ်တဲ့ ဒေသတွေမှာတော့ သန်းခေါင်းစာရင်း ကောက်ယူဖို့ကတော့ အဆင်အသင့်မဖြစ်သေးပါဘူး၊ KIO အနေနဲ့ကတော့ သန်းခေါင်စာရင်း ကောက်တဲ့ အစီအစဉ်ကို ဆန့်ကျင်တာ မဟုတ်ဘူး၊ကျနော်တို့ရဲ့ဒေသမှာ လောလောဆယ် အခြေ အနေအရ ကောက်ခံဖို့မဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ် လို့ ပြောချင်တယ် ၊အခုက သန်းခေါင်စာရင်းကောက်တဲ့ အစီအစဉ်ကို အစိုးရက ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ အပေါ်မှာအဓိကကျပါလိမ့်မယ်"

အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေ တပ်တွေ စစ်ရေးတင်းမာမှုတွေ ဖြစ်နေပြီး တိုက်ပွဲ ငယ်တွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ တားဆီးမှုကြောင့် လက်ရှိအချိန်အထိ ကချင်ပြည်နယ် ဒေသတချို့မှာ သန်းခေါင် စာရင်းကောက်ယူလို့ မရနိုင်သေးဘူးလို့ မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူနေတာဖြစ်ပါတယ်။

RFA Burmese
ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းမှာ သန်းခေါင် စာရင်း ကောက် ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြောပါတယ်။

သံလွင်အနောက်ကမ်းကူးသည့် ဝ တပ်ဖွဲ့ နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

Photo: သံလွင်အနောက်ကမ်းကူးသည့် ဝ တပ်ဖွဲ့ နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်
Saturday, April 5, 2014

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သံလွင်အရှေ့ခြမ်း မှ အနောက်ဘက်ခြမ်းသို့ ကူးကာ ရွှေတူးဖေါ်နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အရှေ့တောင်ဘက် သံလွင်မြစ်အနောက်ခြမ်း ကူးကာ ရွှေတူးဖေါ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် RCSS/ SSA ဘက်မှ လက်နက်ကြီးငယ် သုံးလက်ထက်မနည်း သိမ်း ဆည်းရရှိကြောင်း၊ လူသေလောင်းလဲ တွေ့ရှိကြောင်း မိုင်းပန်ဒေသခံပီစိုင်းကပြောသည်။

“တာချီလိတ်မြို့ရောက် RCSS/ SSA ကစဝ်စိုင်းလူး က ဝ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းကို အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး သတင်းပေးပို့အကြောင်းကြားလိုက်ပြီ။ ဝ တပ်ဖွဲ့မှန်း ကျနော်တို့မသိဘူး၊ ရွှေလာတူးနေတာဘယ်သူလဲပေါ့၊ စုံစမ်းဖို့အသွားလမ်းမှာထိပ်တိုက် တိုက်ပွဲ ဖြစ်တော့တာပဲ” - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ် အရာရှိ တဦးကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ မြန်မာအစိုးရတပ် နှင့် ၀ ပြည်သွေးစည်းတပ်မတော် တို့ ပူးပေါင်းကာ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား ဖေဖေါ်ဝါရီလ နှောင်းပိုင်းကလည်း တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

ယမန်နှစ်ကလည်း နယ်မြေကျူးကျော်မှုကြောင့်ဟုဆိုကာ RCSS/SSA ၏ လူ အင်အား ၃၀ ခန့်ကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဖမ်းဆီးကာ ပန်ဆန်း ဌာနချုပ်သို့ ပို့ဆောင်ခဲ့ဖူးသည် ဟု ဆိုသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သံလွင်အရှေ့ခြမ်းမှ အနောက်ဘက်ခြမ်းသို့ ကူးကာ ရွှေ တူးဖေါ်နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ခိုအောင်းနေသည့် ခိုး၊ ဆိုး၊ နှိုက်များကို တိုင်းဒေ သကြီးနှစ်ခုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးမည်


မန္တလေးမြို့တော် အနီးရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ဆိုက်ကပ်သော သင်္ဘောနှင့် စက်လှေ များပေါ်ရှိ ကုန်ပစ္စည်းများကို ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် ယူခြင်းများ ဖြစ်ပေါ်နေပြီး ယင်းကျူး လွန်သူ များသည် အဆိုပါ မြစ်ကြောင်း တစ်လျှောက်ရှိ သဲသောင်ပြင်များတွင် ခိုအောင်းနေသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဧပြီလ ၄ ရက်နေ့မှ စတင်ဖမ်းဆီး သွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြား သည်။

လှည်းကူးတွင် ဆူပူ အကြမ်းဖက်သူ ၆ ဦးကို ဖမ်းဆီးအရေးယူ

Photo: လှည်းကူးတွင် ဆူပူ အကြမ်းဖက်သူ ၆ ဦးကို ဖမ်းဆီးအရေးယူ
Saturday, April 5, 2014

လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် လူစုလူဝေးဖြင့် အကြမ်းဖက်သူ ၆ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဧပြီလ ၄ ရက်နေ့  မွန်းလွဲပိုင်း လှည်းကူးဈေးတွင်  မိုးကာရေဖျင်ဆိုင် ဖွင့်လှစ်ရောင်းချသူ ကိုသက်ပိုင်ဦးနှင့် ဦးကိုကိုလေး၏ သားနှင့် တူများ  လူငယ်ချင်း စကားများ ရန်ဖြစ်ကြရာမှ ကိုသက်ပိုင်ဦး၏ မျက်လုံးကို ဦးကိုကိုလေး၏ သားနှင့်တူများက ကတ်ကြေး ဖြင့်ထိုးခဲ့ပြီး ကိုသက်ပိုင်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါရန်ပွဲကို အကြောင်းပြု၍ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအသွင်ဖြစ်ပေါ်စေမည့် လူစုလူဝေးဖြင့် ဖျက်ဆီးမှု များ ရှိခဲ့ပြီး သက်ဆိုင်ရာ အချိန်မီ ထိန်းသိမ်းခဲ့ကြောင်း သိရှိရ သည်။

“ခံလိုက်ရတဲ့ ကိုသက်ပိုင်ဦးက ကျနော့် ကျောင်းနေဘက် သူငယ်ချင်းပါ။ နည်းပညာ တက္ကသိုလ်မှာ အတူတူ တက်ခဲ့ကြတဲ့သူပါ။ ဒီဖြစ်ပျက်ထဲမှာ ပါတဲ့ အစ္စလမ် ဘာသာဝင်တွေက တော်တော်ကို ရိုင်းကြလို့ ကျနော် မခံချင် ဖြစ်နေတာ” ဟု ဆူပူမှုတွင် ပါဝင်ခဲ့သည့် လှည်းကူးဒေသခံ လူငယ် တဦးက ဧရာဝတီကို ပြောသည်။

ပြစ်မှု ကျူးလွန်သူ တဦးကို လှည်းကူးဈေးဘေး ဗန်ဒါလမ်းရှိ  “ဟူစင်” အအေးနှင့်   ဆိုင်ထဲတွင် ၀ှက်ထားသဖြင့် လူစု လူဝေးက တရားခံများကို ထုတ်ပေးရန် လာရောက်တောင်းဆိုခဲ့ပြီး မထုတ်ပေးသည့် အတွက် “ဟူစင်”အအေးနှင့် မုန့်မျိုးစုံဆိုင်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

“စဖြစ်တဲ့ ဆိုင်တွေကို မဖျက်ဆီးပါဘူး။ “ဟူစင်” ဆိုင်ကလည်း ရန်ဖြစ်တဲ့ အထဲမှာပါတဲ့ ကောင်လေးနဲ့ ဆွေမျိုး မကင်းလို့ ၀ှက်ထားတော့ မကျေနပ်တဲ့ လူအုပ်ကြီးက အတင်း လုပ်တော့တာပဲ။ နောက်ဆုံး ရဲအင်အားများစွာ ခြံရံပြီး ဒီကောင်လေး ကို ခေါ်သွားတဲ့ အခါမှာတောင် ခဲတွေနဲ့ ၀ိုင်းပေါက်ကြတာ ရဲတွေလည်း ထိတာပဲ။ လူအုပ်ကြီးက ဆိုင်ထဲက ပစ္စည်းတွေကို အပြင်ထုတ်ပြီး ချိုးဖဲ့ ဖျက်ဆီးကြတယ်။ ဒါပေမယ့် ဘယ်ပစ္စည်းကိုမှ ယူသွားတာမျိုး မလုပ်ကြပါဘူး” ဟု လှည်းကူး ဒေသခံက ပြောသည်။

ယင်းနောက် လူအုပ်ကြီးက လှည်းကူးဈေး အနီးရှိ အစ္စလမ်ဘာသာရေးကျောင်းကို ဖျက်ဆီးရန် ကြိုးစားသည့် အတွက် ရဲအင်အားများစွာဖြင့် လုံခြုံရေး ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသည်ဟု သိရှိရသည်။

သက်ဆိုင်ရာက လူစုလူဝေးဖြင့် ဖျက်ဆီးရန် ကြိုးပမ်းမှုများကို အချိန်မီ တားဆီးထိန်းသိမ်းခဲ့ရာတွင်  ရဲတပ်ဖွဲ့နှင့် လူစုလူဝေး ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လူအုပ်ကို ဖြိုခွင်းရသဖြင့် ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“ကျနော်တို့ ရောက်တော့ လူအုပ်ကြီးက တရာကျော်လောက် ရှိမယ်။ ကျနော်တို့ တားတော့ သူတို့က ကျနော်တို့ကို ပြန်ချတယ်။ ကျနော်တို့က ဒိုင်းတွေနဲ့ကာ၊ အရှေ့ကို တိုးပြီး လူစုခွဲတော့ သူတို့က ခဲတွေ၊ လေးခွတွေနဲ့ ပြန်ပစ် ကြတယ်။ ကျနော်တို့ဘက်လည်း ထိ၊ သူတို့ဘက်လည်း ထိမှာပဲဗျ။ ဒီနားက သူတွေရဲ့ အပြောအရတော့ ဒီလာ ဖျက်ဆီးကြတဲ့ သူတွေထဲမှာ လှည်းကူးမြို့နယ်ထဲက ဆိုင်ကယ် ကယ်ရီသမားတို့၊ ဒီအနီးနားည ရပ်ကွက်တွေမှာ နေကြတဲ့ သူတို့လည်း ပါတယ်။ တခြား သူတို့မသိတဲ့ ရွာတွေဘက်လို့ ထင်ရတဲ့ လူတွေလည်း ပါတယ်လို့ ပြောတယ်” ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်း တဦးက ဧရာဝတီကို ပြောသည်။

လူအုပ်ကြီးသည် လှည်းကူးဈေးနှင့် မလှမ်းမကမ်းတွင် အုပ်စုဖွဲ့ နေသည့် အတွက် ရဲတပ်ဖွဲ့များမှာ အသင့် အနေအထားဖြင့် လုံခြုံရေး တာဝန်ယူခဲ့ရပြီး ည ၁၀ နာရီ ၀န်းကျင်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် ည ၆ နာရီမှ မနက် ၆ နာရီ အထိ ညမထွက်ရ ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့သည်။

လှည်းကူးမြို့နယ်ဒေသခံ ဦးမြင့်သိန်းက  “ဒီနေ့ (ဧပြီလ ၅ ရက်နေ့) မနက်ပိုင်းကတော့ နည်းနည်း ဆူချင်သလို ဖြစ်သေးတယ်။ ဒါပေမယ့် ရဲတွေက လှည်းကူးမြို့ရဲ့ အ၀င်အထွက်မှာ အင်အားနဲ့ ပိတ်ထားတယ်။ တခြားရွာတွေ ဘက်ကလည်း တက်လာ ကြတယ်ဗျ။ ရဲတွေက မြို့ထဲကို အ၀င် မခံတော့ဘူး။ နည်းနည်း အေးသလို ဖြစ်နေပေမယ့် ရန်စောင် နေကြတဲ့ ပုံစံတော့ ရှိသေးတယ်” ဟု ဧရာဝတီသို့ပြောသည်။

ဖမ်းဆီးထားသူ ၆ ဦးတွင် ဖျက်ဆီးမှု ပုဒ်မ ၄၄၀၊  ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ ကို ချိုးဖောက်မှုများဖြင့် သက်ဆိုင်ရာက အရေးယူထားကြောင်း သိရှိရသည်။

ဧရာဝတီ Blog

လှည်းကူးမြို့တွင်ခိုက်ရန်ဖြစ်ပွားမှုပြီး နောက်ဒေသခံလူငယ်တစ်ချို့နှင့် လုံထိန်း ရဲများ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံရသူတစ်ဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
လှည်းကူးမြို့တွင်ခိုက်ရန်ဖြစ်ပွားမှုပြီး နောက်ဒေသခံလူငယ်တစ်ချို့နှင့် လုံထိန်းရဲများ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်နေစဉ် ဖမ်းဆီး ထိန်း သိမ်း ခံရသူတစ်ဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် လူစုလူဝေးဖြင့် အကြမ်းဖက်သူ ၆ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ ထားကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ

Photo: လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ
Saturday, April 5, 2014

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တဆိုင်က မွတ်စလင်လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက်နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။

အဲဒီလိုဖြစ်ပြီးတဲ့နောက် လူတချို့က ပြစ်မှုကျူးလွန် သူလူငယ်သွားရောက် ပုန်းအောင်းခဲ့တဲ့ အိမ်ကို ဝိုင်းပြီး ဖျက်ဆီးကြသလို၊ မြို့ထဲကနေအိမ်တွေ နဲ့ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ရန်ကုန်မြို့ပေါ်ကိုဆေးကု ဖို့ ရောက်လာတဲ့အကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း ကိုထွန်းကြည် က RFA ကိုပြောပါတယ်။

"လှည်းကူးကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ၈ ယောက်သယ်လာ တယ်လေ၊ မ က ၆ ယောက်၊ကျား က ၂ ယောက် မင်္ဂလာတောင်ညွန့်မှာ ၉၂ လမ်းနဲ့ ဒေါ်သိန်းတင်လမ်းမှာ ၄ ယောက်၊၁၁၈ လမ်းမှာ ၄ ယောက် သူတို့ကဒဏ်ရာတွေနဲ့ဗျ၊ဒါပေမဲ့ စိတ်မကောင်းစရာက ဒဏ်ရာရနေတဲ့ လူနာတွေကို ရန်ကုန်တိုင်းရဲက အထကက် ပရက်ရှာ နဲ့ဆေးရုံ ကနေပြီးတော့ ဆေးလေးထည့်ပေးတယ်၊ပတ်တီးလေးစည်းပေးပြီး ချက်ချင်းဆင်းခိုင်းတယ် "

ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့လူငယ်ကို ရဲကအခုဖမ်းဆီးထိမ်းသိမ်း ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြေအနေတွေထိမ်းသိမ်းနိုင်ဖို့ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီချထားလိုက် သလို ပုဒ်မ ၁၈၈ ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့လည်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ကျအရာရှိရော၊ လှည်းကူးရဲစခန်းကပါ တာဝန်ကျဝန်ထမ်းတဦးကပါ အတည်ပြု ပြောဆို ပါတယ်။

RFA Burmese
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာကနေအစပြုပြီး၊ ဆူပူမှုတွေဖြစ်ပွါးခဲ့တဲ့ အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို

Photo: လွှတ်တော်ကိုယ်စားလှယ်၏ခြံဝင်းအတွင်း တရားမဝင်သစ်များဖမ်းမိဟုဆို
Saturday, April 5, 2014

သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင် တရားမဝင်သစ်များ ရှိသည်ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂ ရက်၌ တာဝန်ရှိသူများက အဆို ပါသစ်များကို သိမ်းဆည်းထားခဲ့ ကြောင်း ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။

အဆိုပါခြံဝင်းမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်လမ်း ကြားတွင်တည်ရှိပြီး ခြံဝင်းအတွင်း၌ ပရိဘောဂနှင့် သစ်ခွဲလုပ်ငန်း များကို လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်း၏ ဇနီးနှင့်သားတို့ က လုပ်ကိုင်ကြခြင်းဖြစ်သည်။

အဆိုပါသစ်များကို သစ် တောဦးစီးဌာနက လာရောက် သိမ်းဆည်းသွားခြင်းဖြစ်ပြီး မည် မျှပမာဏရှိသည်ဆိုသည်ကို စစ် ဆေးဆဲဖြစ်သည်။ သိမ်းဆည်း ထားသောသစ်များကို လာရောက်တိုင်းတာစစ်ဆေးနေသည့် ခရိုင် သစ်တောဦးစီးမှူးက လက်ရှိ အချိန်တွင် သစ်များကို တိုင်း တာနေဆဲဖြစ်ကြောင်း၊ သတင်း အတိအကျထုတ်ပြန်ပေးနိုင်ခြင်း မရှိကြောင်း ဦးမောင်မောင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ သီပေါမြို့ရဲစခန်းသို့ မေးမြန်း ရာ သစ်တောမှတိုက်ရိုက်ဝင် ရောက်စစ်ဆေးခြင်းဖြစ်သဖြင့် စ ခန်းနှင့်မသက်ဆိုင်ကြောင်း သီ ပေါမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သိမ်းဆည်းထားသည့်သစ် အရေအတွက်တန်ပမာဏမှာ ဒေသခံများ၏ခန့်မှန်းချက်အရ ၁၀ တန်ကျော်အထက်ရှိကြောင်း သိရသည်။

အဆိုပါတရားမဝင်ဟုဆို သောသစ်များကိစ္စနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးရဲထွန်းက ‘‘ကျွန်တော်တို့ မှာ စာရွက်စာတမ်းတွေရှိတယ်။ အခုဒါကို သစ်တောကစစ်နေ တုန်းပဲရှိသေးတယ်။ သစ်ပမာဏ က ဘယ်လောက်ရှိသလဲဆိုတာ လည်းမသိရသေးဘူး။ သစ်တော က ခုချိန်ထိတရားမဝင်သစ်လို့ လည်းမပြောရသေးဘူး။ စာရွက် တွေလည်းပေးထားပါတယ်’’ဟု ပြောကြားသည်။

ပရိဘောဂလုပ်ငန်းမှာ ၎င်း ၏ဇနီးနှင့်သားတို့လုပ်ကိုင်နေ ခြင်းဖြစ်ပြီး သူ့အနေနှင့်အရောင်း အဝယ်ကိစ္စများကို မမေးမြန်းမိ ကြောင်းဦးရဲထွန်းကပြောသည်။
‘‘ကျွန်တော်ကိုယ်တိုင် သစ် တောကိုသွားတိုင်ပြီးဖမ်းခိုင်းတာ ပါ။ တရားမဝင်သစ်တွေရှိနေ တယ်ဆိုတာ သတင်းရတာကြာ နေပါပြီ။ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ရဲ့အိမ်ဖြစ်တာ ကြောင့်မို့လို့ ဒီလိုမျိုးအများသိ အောင်တိုင်လိုက်တာပါ’’ဟု အဆိုပါသစ်များကို ဖမ်းဆီးရန် သတင်းပေးတိုင်ကြားသူ သီပေါ မြို့မှဦးဒေါ်လာက ပြောသည်။

Author: ကံသာ(လားရှိုး)
7Day Daily
သီပေါ− သီပေါမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၏ခြံ ဝင်း အတွင်းတွင် တရားမဝင်သစ်များ ရှိ သည် ဆိုသည့် ဒေသခံတစ်ဦး၏ တိုင်ကြားချက်ကြောင့် ဧပြီ ၂ ရက်၌ တာဝန်ရှိသူများက အဆိုပါ သစ် များ ကို သိမ်းဆည်းထားခဲ့ ကြောင်း ကျောက်မဲခရိုင်သစ် တောဦးစီးမှူး ဦးမောင်မောင်က ပြောသည်။

အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်

Photo: အကြမ်းဖက် သတင်းများကြောင့် စစ်တွေမြို့တွင် လုံခြုံရေးတိုးမြှင့်
Saturday, April 5, 2014

ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။

ဧပြီ ၄ ရက် ညတွင်  လက်နက်အပြည့်အစုံတပ်ဆင် ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များက လှည့်ကင်းအဖွဲ့များခွဲပြီး စစ်တွေမြို့ပေါ်တွင် လုံခြုံရေးတိုး မြှင့်ဆောင်ရွက်နေသည်ကို တွေ့ ရသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမှတ် (၄) ရဲတပ်ရင်းများ ကွပ် ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေး မှူး ရဲမှူးကြီး ထွန်းဦးကို ဆက် သွယ်မေးမြန်းရာ ‘‘လှည့်ကင်းတိုး မြှင့်ထားတာပါ။ နောက်ဒီထက် ပို တိုးမြှင့်ဖို့ရှိတယ်။ တခြားနေရာက အဖွဲ့တွေကိုလည်း အင်အားဖြည့် ထားတယ်။ ပြီးတော့ ဒီမှာက ည မထွက်ရ အမိန့်ထုတ်ထားတာ ဆိုတော့ စည်းကမ်းချိုးဖောက်တာ တွေ့ရင် အရေးယူဖို့ အင်အား ထပ်တိုးတာ’’ဟု ပြန်လည်ဖြေ ကြားသည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို ည ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားသော စစ်တွေမြို့ နယ်တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေးထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

‘‘ထွေအုပ်က တစ်ဆင့် ရပ် ကွက် အုပ်ချုပ်ရေးမှူးတွေကို RSO က အကြမ်းဖက်မှုတွေပြု လုပ်မယ်လို့ သတင်းရလို့ လုံခြုံ ရေးသတိထားဖို့ အကြောင်းကြား ထားတယ်လို့ သိရတယ်’’ဟု စစ် တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

ပြည်လုံးကျွတ်သန်းခေါင် စာရင်းကာလတွင် စစ်တွေမြို့ အတွင်း တပ်မတော်၊ ရဲတပ်ရင်း နှင့် နယ်မြေခံရဲတပ်ဖွဲ့များ ပူး ပေါင်း၍ လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေသည်ကို တွေ့ရ သည်။

‘‘လှည့်ကင်းအဖွဲ့တွေခွဲပြီး လုံခြုံရေး တပ်လှန့်တာပါ’’ ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ ကပြောသည်။

Author: အောင်ခိုင် / အောင်သစ်လွင်

7Day Daily
ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၀င် ရောက် အကြမ်းဖက်မည်ဟု သတင်းရရှိသောကြောင့် စစ်တွေ မြို့တွင် ဧပြီ ၄ ရက်မှစတင်၍ လုံခြုံရေး အထူးတင်းကျပ်ထား ကြောင်း သတင်းရရှိသည်။

လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့မှုအား အရေးယူ ထားရှိခြင်း

Photo: လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန် ဖြစ်ပွားခဲ့မှုအား အရေးယူ ထားရှိခြင်း

Saturday, April 5, 2014

၎.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေး  အရှေ့ဘက် အမိုးအကာ ကူရှင်ပြုလုပ်သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ ဦးကိုကိုနိုင်၏သားများ ဖြစ်သည့် ရန်နိုင်(ခ)ရန်အောင်ကိုကို (ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ်(၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ နာရီနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်နိုင်ပါ(၃)ဦးမှ တုတ်ဖြင့်ရိုက်ပြီး ချွန်ထက်သောအရာ ဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ ပါသည်။

ထိုသို့ ကျူးလွန်သူများကို အရေးယူပေးပါရန် သက်ပိုင်ဦး၏မိခင် ဒေါ်ခင်မာဝေမှ တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက် နေသူများဖြစ်သော ရန်နိုင်(ခ)ရန်အောင်ကိုကို (ခ)အွစ္စမန်၊ (၂၂)နှစ်၊ (ဘ)ဦးကိုကိုနိုင်၊ ချစ်မင်းကိုကို(ခ)အယ်ရပ်၊ (၁၇)နှစ်၊ (ဘ)ဦးကိုကိုနိုင်၊ ညီညီမောင်(ခ)ရဖစ်၊ (၂၇)နှစ်၊ (ဘ)ဦးလှရွှေတို့(၃)ဦးကို ၄.၄.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် အမှုဖြင့်ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့အပ်ချုပ်နှောင်ထားရှိပါသည်။

ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ် ဆေးရုံမှတစ်ဆင့် ရန်ကုန်၊ မျက်စိအထူးကု ဆေးရုံ(ကန်တော်ကြီး)သို့ လွှဲပြောင်းပို့အပ်ကုသခဲ့ရာ သက်ပိုင်ဦး၏ ယာဘက်မျက်လုံးဒဏ်ရာမှာ မျက်စိကိုထိခိုက်ခြင်းမရှိဘဲ မျက်လုံးအောက် မျက်ခမ်း၌ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သဖြင့် (၆)ချက်ချုပ်ကုသခဲ့ရပြီး ဒဏ်ရာမှာစိုးရိမ်ရသည့် အခြေအနေ မရှိသောကြောင့် ၅.၄.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန်တွင် ဆေးရုံ၏ ခွင့်ပြုချက်အရ ပြန်လည်ဆင်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။

လှည်းကူးမြို့နယ်၊ မြို့မဈေးအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ သက်ပိုင်ဦး၏ ဆေးကုသမှုမှတ်တမ်းများဖော်ပြခြင်း

ဖြစ်စဉ်မှဒဏ်ရာရရှိသူ သက်ပိုင်ဦးအား လှည်းကူးမြို့နယ်ဆေးရုံမှတစ်ဆင့် တာမွေမြို့နယ်ရှိ မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း ပို့အပ်ကုသခဲ့ရာ ၎င်း၏ ဒဏ်ရာအခြေအနေမှာ ဆေးမှတ်တမ်းများအရ“ယာဘက် မျက်လုံးအောက်မျက်ခမ်း 1.4 cm x 0.3 cm အဆီပြင်ထိနက် ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ပါးရိုး 2 x 1.5 cm ရှိ ဖူးရောင်ဒဏ်ရာ(၁)ချက်၊ မျက်စိအတွင်းမျက်ဖြူသားပွန်းပဲ့၊ မျက်ကြည်လွှာပွန်းဒဏ်ရာ၊အောက်မျက်ခမ်းရောင်၊ ယခုစစ်ဆေးချက်အရ မျက်စိအမြင်အားလုံး ကောင်းမွန်နေ၊ မျက်စိအမြင် ဆိုးဆိုးဝါးဝါးထိခိုက်မှုမရှိနိုင်ပါ၊ တစ်ခုခုဖြစ်ပါက မျက်စိဆေးရုံ အမှောင်ခန်းသို့ ပြန်ပြရန်နှင့် ချုပ်ရိုးဖြေရန်အတွက် ဗုဒ္ဓဟူး(သို့မဟုတ်) ကြာသပတေးနေ့တွင် မျက်စိဆေးရုံသို့ ပြသရန်” တို့ဖြစ်ကြောင်း သိရှိရပါသည်။

Yangon Police
၎.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေး အရှေ့ဘက် အမိုးအကာ ကူရှင်ပြု လုပ် သည့် ဆိုင်ခန်းအမှတ်(၂၇/၂၉/၅၉) ဆိုင်ခန်း(၃)ခုမှ ဦးကိုကိုနိုင်၏သားများ ဖြစ်သည့် ရန်နိုင်(ခ) ရန်အောင် ကိုကို (ခ)အွစ္စမန်ပါ(၃)ဦးတို့နှင့် ဆိုင်ခန်းအမှတ်(၁/၂၈)မှ “ချစ်မိတ်ဆွေ”အမည်ရှိ နာရီနှင့် အပို ပစ္စည်းရောင်း ၀ယ်ရေးဆိုင်မှ သက်ပိုင်ဦး၊ (ဘ)ဦးအောင်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်နိုင်ပါ(၃)ဦးမှ တုတ်ဖြင့် ရိုက်ပြီး ချွန်ထက်သောအရာ ဖြင့်ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာ ရရှိခဲ့ ပါသည်။

စက်မှုဇုန်မြေ ငှားရမ်းခနှုန်းထား ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက်

Photo: စက်မှုဇုန်မြေ ငှားရမ်းခနှုန်းထား ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမြင့်တက်

ရန်ကုန်၊ ဧပြီ ၎

တရိပ်ရိပ် မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်မြေ ငှားရမ်းခ နှုန်းထားများမှာလည်း ပြီးခဲ့သည့် နှစ်ကထက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

စက်မှုဇုန်မြေ ငှားရမ်းခ နှုန်းထားများသည် နှစ်စဉ် မြင့်တက်လာခြင်း ဖြစ်ပြီး တစ်နှစ်လျှင်ပျမ်းမျှ ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခြင်း ဖြစ်ပြီး လူကြိုက်များသည့် နေရာများတွင်မူ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ကြောင်း ယင်းဈေးကွက်များ အတွင်းမှ သိရသည်။
“တကယ်ငှားရမ်းဖြစ်တဲ့ ဈေးနှုန်းအရ ပြောမယ်ဆိုရင်တော့ အဲဒီလောက်ပေါ့။ ပေါက်ဈေး အရဆိုရင်တော့ အဲဒီထက် မြင့်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပေါက်ဈေးဆိုတာက ပါးစပ်ဈေးပါ” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနိုင်မျိုးဦးက ပြောကြားသည်။

စက်မှုဇုန် ဈေးကွက်အတွင်း အရောင်းအဝယ် ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်း လုပ်သူများသည် အဝယ်ထက် အငှားဘက်ကိုသာ အာရုံစိုက်လာသဖြင့် အငှားဈေးနှုန်း များမှာလည်း လိုက်ပါ မြင့်တက်ခြင်း ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့ထံမှ သိရသည်။

“အငှားက ထင်ထားတာထက် အလုပ်ဖြစ်ပါတယ်။ ဝယ်ဖို့ မတတ်နိုင်ကြတော့ အငှားဘက်ကို လှည့်လာကြတာပေါ့” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောဆိုသည်။ 

ပြီးခဲ့သည့်နှစ် အတွင်းက စက်မှုဇုန်မြေ အငှားဈေးနှုန်းများသည် တစ်ပေ ပတ်လည်လျှင် ကျပ် ၂၀၀ မှ ၂၅၀ ကြားအထိ ရှိခဲ့ပြီး ယခုနှစ်အတွင်း တစ်ပေပတ်လည်လျှင် ကျပ် ၂၅၀ မှ ၃၀၀ ကြားထိဈေး ရှိကြောင်း စက်မှုဇုန် မြေဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။ 
တရိပ်ရိပ် မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်မြေ ငှား ရမ်းခ နှုန်းထားများမှာလည်း ပြီးခဲ့သည့် နှစ်ကထက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက် လာကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

လေးပွင့်ဆိုင် တွေ့ဆုံရန်နှင့် ဖွဲ့စည်းပုံပြင်ရန် ရေနံချောင်းမြို့တွင် ဆန္ဒဖော်ထုတ်

Photo: လေးပွင့်ဆိုင် တွေ့ဆုံရန်နှင့် ဖွဲ့စည်းပုံပြင်ရန် ရေနံချောင်းမြို့တွင် ဆန္ဒဖော်ထုတ်
Saturday, April 5, 2014

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သော လေးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ လုပ်ဆောင်ရန် ရေနံချောင်း ဒေသခံ လေးရာကျော်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တိုင်းတွင် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်းကို ငြင်းပယ်ခဲ့သော်လည်း ရေနံချောင်းမြို့နယ်ရှိ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများကမူ ဆန္ဒ ဖော်ထုတ်ခွင့် ပြုခဲ့ကြောင်း၊ ယခု ဆန္ဒဖော်ထုတ်ဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ခြင်း ဖြစ်ပြီး အခြားသော အဖွဲ့အစည်းများနှင့် ပါတီဝင် မဟုတ်သည့် ပြည်သူများလည်း ပါဝင်ကြောင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသာချိုက ပြောဆိုသည်။

“ကျွန်တော်တို့က တင်ရုံတင် တင်လိုက်တာပဲ။ ကျွန်တော်တို့ ရေနံချောင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ကိုယ်တိုင်က ကျွန်တော်တို့ကို ယုံကြည် စိတ်ချစွာနဲ့ ခွင့်ပြုချက် ပေးလိုက်တာပါ” ဟု ဦးသာချိုက ရှင်းပြသည်။

ဆန္ဒဖော်ထုတ်ခွင့်တင်စဉ်က ရေနံချောင်း မြို့မဈေးလမ်း၊ ဈေးတွင်းလမ်း၊ ချောင်းနိမ့်လမ်း တို့မှတစ်ဆင့် သခင်ဖိုးလှကြီး လမ်းခွဲအထိ ချီတက်ကာ ယင်းလမ်းခွဲမှ ပြန်ကွေ့ပြီး စုရပ်တွင် ဆန္ဒဖော်ထုတ်ခြင်းကို အဆုံးသတ်မည်ဟု တင်ပြခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတို့က ရပ်ကွက်တွင်း လမ်းကြောင်းများတွင်သာ ချီတက် ဆန္ဒဖော်ထုတ်ရန် လမ်းကြောင်း ပြောင်းလဲ သတ်မှတ်ပေးခဲ့ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးဇော်က ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများကမူ ခွင့်ပြုချက် တင်စဉ်က ပါရှိသည့် နဂိုမူရင်း လမ်းကြောင်းအတိုင်း ချီတက် ဆန္ဒဖော်ထုတ်ခဲ့ရာ ဆန္ဒဖော်ထုတ်သူများ အနေနှင့် သတ်မှတ် လမ်းကြောင်းမှ သွေဖည်နေကြောင်း ရဲအရာရှိတစ်ဦးက ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူများကို နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့သည်။
“သူတို့ပေးတဲ့ လမ်းကြောင်းအတိုင်း လျှောက်ပါတဲ့။ ကျွန်တော်တို့က မလျှောက်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒီကိစ္စက ရှင်းရှင်းပြောရရင် တပ်လှန့်တာပဲလေ။ တပ်လှန့်တာ ဖြစ်တဲ့အတွက် ဖြည်းဖြည်းဆေးဆေးလေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သို့သော် ဆူပူမှုကတော့ မဖြစ်စေရဘူးလို့ အာမခံခဲ့တယ်” ဟု ဦးဇော်က ဆိုသည်။

ဆန္ဒဖော်ထုတ်သူ လူအုပ်ကြောင့် အများပြည်သူသွား လမ်းကြောင်းများ ပိတ်ဆို့ခြင်းနှင့် ဈေးအတွင်းတွင် အများပြည်သူ အသွားအလာပြုသည့် လမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ မဖြစ်စေရန် လမ်းကြောင်း ပြောင်းလဲ သတ်မှတ်ကာ ချထားပေးခြင်း ဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ပုဒ်မ ၅၉ (ဃ) နှင့် (စ) တို့ကို ဖျက်သိမ်းရန်နှင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန်ဆိုသော စာသားများပါသည့် ဗီနိုင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် ဆန္ဒဖော်ထုတ်သူများသည် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန်နှင့် တရားဥပဒေ စိုးမိုးရန်ဆိုသော တောင်းဆိုချက်များကို ကြွေးကြော်ခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်မှုမှာ ရေနံချောင်းမြို့တွင် ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်မှု ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ခွင့်ပြုချက် ချထားပေးခံရသော ဆန္ဒဖော်ထုတ်မှုလည်း ဖြစ်သည်။

The Voice Weekly
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှ င့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သော လေး ပွင့် ဆိုင် တွေ့ ဆုံဆွေး နွေးရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ လုပ်ဆောင်ရန် ရေနံချောင်း ဒေသခံ လေးရာကျော် ခန့် ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများက ပြောကြားသည်။

ယူကရိန်း ထောက်ပံ့ပေးရေး အစီအစဉ်အား အမေရိကန် အတည်ပြု

Photo: ယူကရိန်း ထောက်ပံ့ပေးရေး အစီအစဉ်အား အမေရိကန် အတည်ပြု
Saturday, April 5, 2014

အမေရိကန် ဥပဒေပြု အောက်လွှတ်တော်မှ ယူကရိန်းနိုင်ငံအား စီးပွားရေးဆိုင်ရာ ထောက်ပံ့ပေးမှုများ ပေးအပ်မည့်အစီအစဉ်အား ခွင့်ပြုလိုက်သဖြင့် ခွင့်ပြုမိန့်အား လက်မှတ်ရေးထိုး ပေးနိုင်ရန် အမေရိကန် သမ္မတ အိုဘားမားထံသို့ ပေးပို့တင်ပြထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။

မဲခွဲဆုံးဖြတ်ချက်ဖြင့် အတည်ပြု ပေးခဲ့သော အဆိုပါ အစီအစဉ်တွင် ယူကရိန်းအား ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ယူကရိန်း အပါအဝင် ပတ်ဝန်းကျင် နိုင်ငံများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅ဝ တန်ဖိုးရှိ အထောက်အပံ့များ ပါဝင်ပြီး ၎င်းအစီအစဉ်အား ပြီးခဲ့သော သီတင်းပတ်အတွင်း အထက်လွှတ်တော် မှ အတည်ပြုပေးခဲ့သည်။ အိုဘားမားက လွှတ်တော်၏ အတည်ပြုမှုအား ကြိုဆိုခဲ့ပြီး အဆိုပါ ဆောင်ရွက်မှုသည် ယူကရိန်းနိုင်ငံ၏ စီးပွားရေးနှင့် ဓနအင်အား ပြန်လည် ဦးမော့လာနိုင်စေရန် ငွေကြေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ယူကရိန်း ပြည်သူများအား အကျပ်အတည်း ကာလတွင် ထောက်ပံ့မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ယူကရိန်း အပါအဝင် အခြားနိုင်ငံများအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ထံမှရရှိနိုင်သော အထောက်အပံ့များ ပိတ်ပင်တားဆီးမှုကို ရပ်တန့်ပေးရန် ရီပတ်ဘလီကန် ပါတီဝင်များအား တိုက်တွန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အမေရိကန် ဥပဒေပြု အောက်လွှတ်တော်မှ ယူကရိန်းနိုင်ငံအား စီးပွားရေးဆိုင်ရာ ထောက်ပံ့ပေးမှု များ ပေး အပ်မည့် အစီအစဉ်အား ခွင့်ပြုလိုက်သဖြင့် ခွင့်ပြုမိန့်အား လက်မှတ်ရေးထိုး ပေးနိုင်ရန် အမေရိကန် သမ္မတ အိုဘားမားထံသို့ ပေးပို့တင်ပြထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကေအိုင်အို၏ သဘောထား ကုလ ကိုယ်စားလှယ် မေးမြန်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားသည် ကေအိုင်အို ဗဟိုကော် မတီ ဝင်များနှင့် လိုင်ဇာမြို့၌ တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် ကေအိုင် အို အဖွဲ့အစည်း၏ သဘောထားကို မေးမြန်းခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန်းဆန်အောင်က ပြောကြားသည်။

အကြမ်းဖက် သံသယရှိသူများကို ရက်စက်စွာ စစ်မေးသည့် စီအိုင်အေမှတ်တမ်း အများပြည်သူသို့ ချပြရန် ဆီးနိတ်လွှတ်တော် ဆုံးဖြတ်

Photo: အကြမ်းဖက် သံသယရှိသူများကို ရက်စက်စွာ စစ်မေးသည့် စီအိုင်အေမှတ်တမ်း အများပြည်သူသို့ ချပြရန် ဆီးနိတ်လွှတ်တော် ဆုံးဖြတ်
Saturday, April 5, 2014

အမေရိကန် စီအိုင်အေက အကြမ်းဖက်သမားဟု သံသယ ရှိသူများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သည့် နည်းလမ်းများ အသုံးပြုခဲ့သည့် မှတ်တမ်းများကို အများပြည်သူသို့ ချပြရန် အမေရိကန် ဆီးနိတ်လွှတ်တော်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျော့ဘွတ်ရှ် လက်ထက်တွင် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အကြမ်းဖက်သမားဟု သံသယ ရှိသူများကို နှိပ်စက်ညှဉ်းပန်းသည့် နည်းလမ်းများကို သုံး၍ စစ်ဆေးခဲ့ခြင်းသည် အမေရိကန် အစိုးရကို လမ်းလွဲသို့ ရောက်သွားစေကြောင်း အဆိုပါ မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမေရိကန် စီအိုင်အေက ပြန်လည် ငြင်းချက် ထုတ်ထားပြီး မှတ်တမ်းတွင် အမှားအယွင်းများ ရှိကြောင်း စီအိုင်အေက ပြောကြားသည်။

အမေရိကန် စီအိုင်အေ၏ အဆိုပါ မှတ်တမ်းကို လျှို့ဝှက်အဆင့်မှ အများပြည်သူသို့ ချပြရန် ဆီးနိတ်လွှတ်တော်၏ ထောက်လှမ်းရေး ကော်မတီတွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲ သုံးမဲဖြင့် အများပြည်သူသို့ ချပြန်ရန် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဒိုင်နီဖိန်းစတိန်းက ပြောကြားသည်။

“ဒီမှတ်တမ်းမှပါတဲ့ ရက်စက်မှုတွေဟာ အမေရိကန် စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဒီကိစ္စဟာ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အစွန်းအထင်းတစ်ခု ဖြစ်သွားခဲ့ပြီး နောက်တစ်ကြိမ် ဒီလိုကိစ္စမျိုး ဖြစ်ခွင့်မပေးသင့်တဲ့ ကိစ္စပါ” ဟု ကယ်လီဖိုးနီးယား ပြည်နယ်မှ ရွေးကောက် တင်မြှောက်ခံရသည့် ဒီမိုကရက်တစ် ဆီးနိတ် လွှတ်တော်အမတ်က ပြောကြားသည်။

အဆိုပါ မှတ်တမ်းကို အများပြည်သူသို့ ချပြရာတွင် အချိန်ယူရမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

အကြမ်းဖက်သမားဟု သံသယ ရှိသူများကို စီအိုင်အေက စစ်ဆေးသည့် မှတ်တမ်းများ ပေါက်ကြားခဲ့ရာ ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ စီအိုင်အေက အကြမ်းဖက် သံသယရှိသူများကို စစ်မေးရာတွင် လူကိုရေခဲရေထဲ စိမ်ထားခြင်း၊ ခေါင်းကို နံရံဖြင့်ဆောင့်ခြင်း စသော ရက်စက်သည့်နည်းများ အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

သို့သော် စီအိုင်အေက ယင်းကဲ့သို့ ရက်စက်သည့် နည်းလမ်းများဖြင့် စစ်မေးသော်လည်း ထောက်လှမ်းရေး သတင်းအချက်အလက် အနည်းငယ်သာ ရရှိခဲ့ပြီး၊ အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်စသည့် အရေးပါသော အကြမ်းဖက်သမားများကို ရှာဖွေ ဖမ်းဆီးရာတွင် အထောက်အကူ မပြုခဲ့ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

The Voice Weekly
အမေရိကန် စီအိုင်အေက အကြမ်းဖက်သမားဟု သံသယ ရှိသူများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သည့် နည်းလမ်းများ အသုံးပြုခဲ့သည့် မှတ်တမ်းများကို အများပြည်သူသို့ ချပြရန် အမေရိကန် ဆီးနိတ် လွှတ်တော်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာဖဂန် သမ္မတရွေးကောက်ပွဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ အသုံးပြု

Photo: အာဖဂန် သမ္မတရွေးကောက်ပွဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ အသုံးပြု
Saturday, April 5, 2014

အာဖဂန်သမ္မတ ရွေးကောက်ပွဲကို လာမည့် စနေနေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ အသုံးပြု ကာကွယ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကို ဖျက်ဆီးသွားမည်ဟု တာလီဘန်များက ခြိမ်းခြောက် ထားသဖြင့် အာဖဂန်နိုင်ငံတစ်ဝန်း လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ ခန့်အသုံးပြု လုံခြုံရေး ဆောင်ရွက်လျက် ရှိသည်။

မဲဆန္ဒရုံများ အနီးတွင် လုံခြုံရေး စည်းဝိုင်းများ တည်ဆောက်ထားပြီး ရဲတပ်ဖွဲ့ဝင်များမှာ အလယ်ဗဟိုတွင် နေရာယူထားကာ စစ်သား ရာပေါင်းများစွာက အပြင်မှ ဝန်းရံထားသည်။
ထို့အပြင် သတင်းအချက်အလက်များ ပေးပို့ပိုင်ခွင့်ကိုလည်း ကန့်သတ်ထားပြီး ကိုယ်စားလှယ်များအကြောင်း ထုတ်လွှင့် ရေးသားခွင့်ကိုလည်း အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မည်သည့် ကိုယ်စားလှယ်လောင်းမှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် မရရှိပါက ဒုတိယအကျော့ ရွေးကောက်ပွဲများ ဆက်လက် ကျင်းပရမည် ဖြစ်သည်။

လက်ရှိ ကျင်းပနေသော သမ္မတ ရွေးကောက်ပွဲသည် တာလီဘန်များ ထွတ်ပြေးသွားပြီးနောက် တတိယအကြိမ်မြောက် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်ပြီး အကြမ်းဖက်မှုများ၊ မသမာမှုများ၊ အပြန်အလှန် စွပ်စွဲမှုများ ပေါ်ပေါက်လာမည်မှာ သေချာကြောင်း ကဘူးမြို့တော်ရှိ BBC သတင်းထောက်က သုံးသပ်သည်။

ရွေးကောက်ပွဲ မတိုင်ခင် ကာလတွင်ပင် သွေးထွက်သံယိုမှုများ အများအပြား ဖြစ်ပွားနေပြီး ရွေးကောက်ပွဲ မသမာမှုများ ဖြစ်ပေါ်မည်ဟုလည်း အများက စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း နိုင်ငံရေး ယဉ်ကျေးမှုမှာ တဖြည်းဖြည်း စတင်ပုံပေါ်လာပြီ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်လောင်း ရှစ်ဦးထိ ပါဝင်ယှဉ်ပြိုင်နေပြီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဒူလာအဒူလာ၊ ဇယ်မိုင်ရောဆို၊ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဂါဇီအာမတ်ဇိုင်းတို့ ပါဝင်ကြသည်။

ဆက်ဆံရေး တင်းမာနေသော အမေရိကန်-အာဖဂန် စစ်ဆင်ရေးကို ပြန် လည် ပြင်ဆင်နိုင်ရန် ရွေးကောက်ပွဲက အခွင့်အရေး ပေးနိုင်မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဆက်လက် ထောက်ပံ့ရေးအတွက် တည်ငြိမ်မှုရှိပြီး လက်ခံနိုင်ဖွယ်ရှိသည့် နိုင်ငံရေး ကူးပြောင်းမှုမှာ အရေးပါကြောင်း အိမ်ဖြူတော် သတင်းစာ မီဒီယာဆိုင်ရာ အတွင်းဝန် ဂျေးကယ်ရီက ပြောကြားသည်။

အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို အာဖဂန်၌ ဆက်လက်တပ်စွဲရေး ခွင့်ပြုပေးမည့် နှစ်နိုင်ငံလုံခြုံရေး စာချုပ် ချုပ်ဆိုရေးကို အာဖဂန်သမ္မတ ကာဇိုင်းက ပြီးခဲ့သည့် နှစ်အတွင်း ငြင်းဆိုပြီးသည့် နောက်တွင် အမေရိကန်-အာဖဂန် ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

The Voice Weekly
အာဖဂန်သမ္မတ ရွေးကောက်ပွဲကို လာမည့် စနေနေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ အသုံးပြု ကာကွယ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံသောရှပ်နီများ ဘန်ကောက်တွင် ဆန္ဒပြမည်

Photo: ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံသောရှပ်နီများ ဘန်ကောက်တွင် ဆန္ဒပြမည်
Saturday, April 5, 2014

အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော် ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယမန်နှစ် နိုဝင်ဘာလမှ စတင်၍ ဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသူ ရှပ်နီဝတ် ဆန္ဒပြသူများက ယင်းလပ် ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သူများက တရားစွဲဆိုမှုများ ပြုလုပ်နေစဉ်တွင် ယင်းလပ် ထောက်ခံသူများက ယခုကဲ့သို့ ဘန်ကောက်တွင် ဆန္ဒပြရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဘန်ကောက်မြိ့တော်တွင် ယင်းလပ်ကို ဆန့်ကျင်သူများကလည်း ဆန္ဒပြနေကြဆဲ ဖြစ်ရာ၊ ယခု ယင်းလပ် ထောက်ခံသော ရှပ်နီဝတ် ဆန္ဒပြသူများကလည်း ဘန်ကောက်တွင် ဆန္ဒပြမည့် အစီအစဉ်ကြောင့် နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်သည်။

“ယင်းလပ် ဆန့်ကျင်သူတွေက ဘန်ကောက်မြို့ထဲမှာ ဆန္ဒပြမယ်။ ယင်းလပ် ထောက်ခံသူတွေက ဘန်ကောက် မြို့ပြင်မှာ ဆန္ဒပြကြမှာပါ” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ လုံခြုံရေးအကြံပေး Paradorn Pattanathabutr က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာလက ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြမှုများကို ယင်းလပ် ထောက်ခံသူ ရှပ်နီ ဆန္ဒပြသူများက ပြန်လည် တန်ပြန်ဆန္ဒပြရန် ကြိုးပမ်းခဲ့သော်လည်း ဗုံးခွဲတိုက် ခိုက်ခြင်း စသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူ ငါးဦးသေဆုံးခဲ့ကာ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ဘန်ကောက်မြို့တွင် စနေ၊ တနင်္ဂနွေနေ့တို့တွင် ပြုလုပ်မည့် ယင်းလပ် ထောက်ခံသူ ရှပ်နီဝတ်များ၏ ဆန္ဒပြပွဲသို့ လူ ၅၀၀,၀၀၀ ခန့် ပါဝင်မည်ဟု မျှော်လင့်ထားကြောင်း ရှပ်နီ ဆန္ဒပြခေါင်းဆောင်က ပြောကြားသည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့ဝင်များကမူ ယခုလုပ်မည့် ရှပ်နီဆန္ဒပြပွဲသို့ လူ ၃၅၀,၀၀၀ ပါဝင်မည်ဟု ပြောကြားထားပြီး ထိုင်းနိုင်ငံတစ်ဝန်း အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ယင်းလပ် ထောက်ခံသူများက ကား၊ ရထားများဖြင့် ဘန်ကောက်သို့ ညတွင်းချင်း လာရောက်ကြမည်ဟု မျှော်လင့်ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှပ်နီ ဆန္ဒပြသူများအနေနှင့် အင်အားသုံးခြင်းမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ရှပ်နီ ခေါင်းဆောင်များက ပြောကြားသည်။
“ကျွန်တော်တို့ ဆန္ဒပြခြင်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ကိုပဲ လက်ခံတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသတာ ဖြစ်ပါတယ်။ တခြားဘာကိုမှ မရည်ရွယ်ပါဘူး” ဟု ရှပ်နီ ခေါင်းဆောင် တစ်ဦးဖြစ်သူ Nattawut Saikua က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယင်းလပ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ်မှ ဘဏ္ဍာရေး လုပ်ငန်းများ တည်ရှိရာ ရပ်ကွက်အစွန်ရှိ လန်ပီနီပန်းခြံတွင် အခြေစိုက် ဆန္ဒပြနေကြသည်။

ဘန်ကောက်မြို့တွင် ယင်းလပ် ဆန့်ကျင်သူများ၏ ငါးလကြာမျှ ဆန္ဒပြမှုများကြောင့် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

The Voice Weekly
အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ် ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော်ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

မြန်မာ-အိန္ဒိယ နယ်စပ်တွင် ရူပီးဈေးမြင့်

ကသည်းလူမျိုးတို့၏ သင်္ကြန်ပွဲတော်အပြီး မြန်မာ-အိန္ဒိယ နယ်စပ်တွင် ဈေးအရောင်းအဝယ် အေးလာကာ အိန္ဒိယရူပီးဈေး မြင့်တက်လာကြောင်း အဆိုပါဒေသရှိ ဈေးသည်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီ၊ ပြင်သစ် သမ္မတများနှင့် တွေ့ရန် ဥရောပသို့ ၉ ရက်နေ့ သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ ဂျာမနီနှင့် ပြင်သစ်နိုင်ငံ သမ္မတတို့နှင့် တွေ့ဆုံရန် ဧပြီလ ၉ ရက်နေ့တွင် ဥရောပသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီက သတင်းထုတ်ပြန်သည်။

ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၁၀၀၀ ခန့် ပေးအပ်မည့် IELTS ပညာသင်ဆု ဗြိတိသျှကောင်စီမှ ပေးအပ်သွားမည်

ကျောင်းသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၁၀၀၀ ခန့် ပေးအပ်မည့် IELTS ပညာသင်ဆုများကို ယခုနှစ်မစတင်၌ ဗြိတိသျှကောင် စီမှ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ပညာသင်ဆုပေးအပ်ရာတွင် အမျိုးအစားပုံစံနှစ်မျိုးဖြင့် ပေးအပ်သွားမည်ဟုသိရသည်။

မူးယစ်တိုက်ဖျက်ရေး ဥပဒေ ပြင်ဆင်ရေးဆွဲမည်

လက်ရှိ ကျင့်သုံးနေသော မူးယစ်တိုက်ဖျက်ရေး ဥပဒေကို နိုင်ငံတကာ စံနှုန်းနှင့် အညီ ပြင်ဆင်ရေးဆွဲ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများ အန္တရာယ် ကာကွယ်ရေးအဖွဲ့ (ဗဟို) အတွင်းရေးမှူး ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်

Photo: ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်
Saturday, April 5, 2014

ငြိမ်းချမ်းရေးဗိသုကာ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။

အမြင့် ၁၀ ပေခွဲရှိပြီး “ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်းတရား လွှမ်းမိုးပါစေ” ဟု မြန်မာဘာသာနှင့် ဥရောပရုံးသုံး ဘာသာ ခြောက်မျိုး အပါအဝင် ဘာသာစကား ရှစ်မျိုး ရေးထိုးထားသည့် အဆိုပါ ကျောက်တိုင်ကို ဦးသန့်ပြတိုက်ရှိ မြေကွက်လပ်တွင် စိုက်ထူထားခြင်း ဖြစ်ပြီး တက်ရောက်လာသူများကို ပြီးခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Theme Song ရွှေတံဆိပ်ဆုရင် တေးသံရှင် လင်းထက်၏ ဂီတအဖွဲ့က ဖျော်ဖြေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီကျောက်တိုင်ကို ကြည့်တဲ့ တဒင်္ဂလေးမှာ ငြိမ်းချမ်းရေးအတွက် ငါ့အနေနဲ့ ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ အသိတစ်ခုပေါ့။ ဘာသာစကား ရှစ်ခုဆိုတော့ ဒီဘာသာတွေက လူဘယ်လောက် ဒါကိုဖတ်ပြီး ငြိမ်းချမ်းရေး အကြောင်းကို ပြောဖြစ်ကြတယ် ဆိုရင်ပဲ တော်တော်လေး ပညာပေးနိုင်သွားပြီလို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ရရှိရန် ဆိုသည်မှာ ကမ္ဘာကြီးတစ်ခုလုံး သူ၊ ငါ မကွဲပြားဘဲ ငါတို့ဟူသော ညီအစ်ကို သဘောထားမျိုး ထားရှိနိုင်ရန် လိုအပ်မည် ဖြစ်ပြီး ယင်းကဲ့သို့ အသိကို ရရှိရန်မှာ ပညာရေးကဏ္ဍသည် အရေးကြီးသည်ဟု ဖခင်က မကြာခဏ ပြောဆိုခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောဆိုသည်။

ယင်းအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား သို့မဟုတ် နိုင်ငံအတွင်းရှိ ပြည်သူလူထုအကြား ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားခြင်းက ငြိမ်းချမ်းရေးကို ပျက်စီးစေနိုင်သည်ဟု ဖခင်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင် ဖွင့်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၊ ဂျပန်သံအမတ်၊ ပြည်တွင်းနိုင်ငံရေးသမားများနှင့် အခြား နိုင်ငံတကာမှ စိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ကျူးဘားဒုံပျံ အရေးအခင်း အပါအဝင် ပြဿနာများကို ငြိမ်းချမ်းရေး ရရှိအောင် ဖြေရှင်းဆောင်ရွက်မှုများကြောင့် ကျော်ကြားခဲ့သည်။

The Voice Weekly
ငြိမ်းချမ်းရေးဗိသုကာ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။

SME ချေးငွေများ ချပေးတော့မည်

Photo: SME ချေးငွေများ ချပေးတော့မည်
Saturday, April 5, 2014

အစိုးရ ချေးငွေ, အသေးစား အလတ်စားလုပ်ငန်း, အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း, SME, UMFCCI

ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ် (SMID ဘဏ်) (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) အတွက် အစိုးရက ထုတ်ပေးမယ့် ချေးငွေကို ယခုလအတွင်း ချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

“ချေးငွေ ထပ်ချပေးဖို့က သူတို့ ညှိနေပါတယ်၊ တရားဝင်စာတော့ မထွက်သေးဘူး၊ အပေါ်မှာတော့ လုပ်နေပြီလို့တော့ ကြားပါတယ်၊ ချပေးဖို့ အစီအစဉ် ရှိပါတယ်၊ ဒီဧပြီထဲပဲ ချမှာပါ”ဟု SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒု ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

အစိုးရက အသေးစားနှင့် အလတ်စား လုပ်ငန်းများ အတွက် ချေးငွေကို ယခင်က အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနှင့် တကြိမ်လျှင် ကျပ် ၅ ဘီလီယံဖြင့် နှစ်ကြိမ် ချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အစိုးရက SME အတွက် ချေးငွေများ ထုတ်ချေး ပေးနေသော်လည်း နိုင်ငံတွင်း လုပ်ငန်းများအတွက် ချေးငွေ ပံ့ပိုးပေးမှုသည် လုံလောက်ခြင်း မရှိသေးဘဲ များစွာ လိုအပ်နေသေးကြောင်း၊ ချေးငွေ ထုတ်ချေးရာတွင် ပွင့်လင်း မြင်သာမှု ရှိရန် အားနည်းနေဆဲ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

“ချေးတဲ့ ငွေတွေကို ဘယ်လို အခက်အခဲ ဖြစ်ရင် ၊ဘယ်လို အနေအထားရှိရင် ချေးမလဲ ဆိုတဲ့ ပြတ်ပြတ်သားသား ရှင်းလင်းချက်မျိုးတွေ လုပ်ပါ၊ ပြတ်ပြတ်သားသား ရှင်းလင်းချက် မဟုတ်တော့ ဥပမာ အိတ်ချုပ်လုပ်ငန်း တခု အရမ်း အောင်မြင်တယ်၊ သူ့မှာ ငွေရေးကြေးရေး အခက်အခဲ ရှိတယ် ဆိုပါတော့၊ သွားကြည့်ရင် မော်တာ ဘယ်နှကောင် ရှိသလဲ၊ ဒီမော်တာတွေက သေးနေတယ်၊ ဒီမော်တာက ကြီးနေတယ်၊ မော်တာနဲ့ပဲ ကြည့်ပြီးတော့ SME ချေးဖို့ ဆုံးဖြတ်တာလား၊ အလုပ်သမား ဘယ်နှယောက် ရှိသလဲ၊ နည်းတယ်၊ များတယ်၊ဘာကို ကြည့်ပြီး ချေးမလဲ ဆိုတဲ့ အခြေခံ စည်းမျဉ်းမှာ လူကိုကြည့်ပြီး ချေးတာ မဟုတ်ဘဲနဲ့ မူနဲ့ စနစ်တကျ ချေးတဲ့ဟာမျိုး လုပ်ဖို့လိုပါတယ်”ဟု ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) အတွင်းရေးမှူး ဦးအေးလွင်က ဆိုသည်။

ယခု ချပေးမည့် အစီအစဉ်တွင် အတိုးနှုန်းမှာ ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးရန် ရှိသော်လည်း ငွေပမာဏ မည်မျှ ချပေးသွားမည်ကို မသိရှိရသေးကြောင်း ဒေါ်အေးအေးဝင်းက ပြောသည်။

အစိုးရက ယင်းသို့ ချေးငွေများ ထုတ်ချေးရာတွင် SME ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာမှ ထောက်ခံချက်ဖြင့် SMID ဘဏ် (အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ်) တခုတည်းမှ ထုတ်ချေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်များက အစိုးရ ချပေးသည့် ချေးငွေများ၌ ငွေကြေးပမာဏ အများဆုံး ထုတ်ချေးပေးခဲ့သည့် လုပ်ငန်းများမှာ စားသောက်ကုန် လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

“ချေးငွေထုတ်ပေးတဲ့ လုပ်ငန်းတွေထဲမှာ စားသောက်ကုန်က အများဆုံးပဲ၊ ပမာဏ အများဆုံးဆို ကျပ်သိန်း ၅ ထောင်ထိ ထုတ်ချေး ပေးတယ်”ဟု ဒေါ်အေးအေးဝင်းက ပြောသည်။

ချေးငွေ ရရှိသည့် လုပ်ငန်းများတွင် တိုင်းဒေသကြီး ပြည်နယ် ၉ ခုတို့မှ လုပ်ငန်းပေါင်း ၆၂ ခု ပါဝင်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးမှ လုပ်ငန်း ၂၇ ခု ဖြင့် အများဆုံး ရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ထုတ်ပေးသည့် အနေအထားတွင် ချေးငွေ လိုအပ်သူ များစွာ ရှိနေပြီး အစိုးရ အနေဖြင့် ချေးငွေ လုံလောက်စွာ ချပေးစရာ မရှိသည့် ကဏ္ဍနှင့် ပတ်သက်၍ ဦးအေးလွင်က “SME ချေးတဲ့ အပိုင်းတွေက ကမ္ဘာ့ဘဏ်က ရတဲ့ အကူအညီတို့ အခြား နိုင်ငံတွေက ရတဲ့ အကူညီတွေထဲကနေ ထုတ်ချေးပေးတဲ့ အနေအထားမှာ သူတို့အနေနဲ့ ချေးချင်သော် လည်း ပိုက်ဆံ နည်းနည်းပဲ ရတဲ့အတွက် ချေးလို့ အဆင်မပြေကြောင်း SME လုပ်ငန်း ကော်မတီ ဥက္ကဌ ဒုဝန်ကြီး ကိုယ်တိုင် ပြော သွားတာ ရှိပါတယ်၊ ရတဲ့ ပိုက်ဆံနည်းနည်းနဲ့ သူတို့ အတတ်နိုင်ဆုံး မျှတ ပေးရတယ် ဆိုတာမျိုး ပြောသွားတာပါ”ဟု ဆက်ပြော သည်။

ယင်းသို့သော အခြေအနေတွင် နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကျော် ရှိသော SME ဖွံ့ဖြိုး တိုးတက်ရေး အတွက် ချေးငွေ လိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ရန် လက်ရှိတွင် ကိုရီးယား၊ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့မှ အကူအညီများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနိုင်ငံတွေက လက်ရှိမှာ ဆာဗေး လုပ်နေတယ်၊ ပြီးတော့ ကျမတို့ဆီက ဘဏ်တွေရဲ့ Capacity ကို Supporting လုပ်နေတယ်ပေါ့၊ အဲဒီလို လုပ်တာတွေ ပြီးသွားပြီ၊ ဒီဘက်ကလည်း ဘဏ်တွေက ပြင်ဆင်စရာတွေ ပြင်ဆင် ပြီးသွားပြီ ဆိုရင်ပေါ့၊ သူတို့ အစိုးရကလည်း ဒီတိုင်းကြီး ချေးမှာ မဟုတ်ဘူး၊ သူတို့လည်း သူတို့ အစိုးရကို ပြန်တင်ပြီး G to G ချေးမှာ ဖြစ်တယ်”ဟု ဒေါ်အေးအေးဝင်းက ပြောသည်။

SME များ ချေးငွေ အပေါ် နိုင်ငံတော်က တာဝန်ယူ အာမခံပေးမှု အခြေအနေနှင့် ပတ်သက်ပြီး UMFCCI ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက “နိုင်ငံခြားဘဏ်တွေ လာတယ်၊ သူတို့ကလည်း ငွေချေးဖို့မှာ နိုင်ငံတော်က အာမခံပေးတာမျိုး လိုတယ်၊ ဒါမှပဲ ချေးနိုင်မယ်ပေါ့၊ SME အများစုကလည်း ငွေဝင်လာရင် နည်းပညာက အလိုလို လိုက်လာလိမ့်မယ်၊ ဒါပေမယ့် ငွေအတွက်ကို နိုင်ငံတော်က သိပ် မပံ့ပိုးနိုင်တာရယ်၊ အခုထက်ထိ အဆင်မပြေသေးပါဘူး၊ နိုင်ငံခြားကလည်း ချေးချင်တယ်ဆိုတဲ့ အပိုင်းကလည်း နိုင်ငံတော်က အာမခံပေးဖို့ လိုပါတယ်၊ နိုင်ငံတော်ဘက်က ကြည့်မယ်ဆိုလည်း ဒါတွေကို သူက ဘယ်လို အာမခံမလဲပေါ့၊ ဒီ Risk (စွန့်စားမှု) ကို ဘယ်ယူချင်ပါ့မလဲ၊ ဒီလိုနဲ့ ဂျာအေးသူ့ အမေရိုက်နေတယ်” ဟု ပြောသည်။

ငွေကြေးနှင့် နည်းပညာ လိုအပ်ချက် များစွာဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ SMEသည် အာဆီယံ နိုင်ငံများ အတွင်း ကုန်စည်၊ ၀န်ဆောင်မှု၊ လုပ်သားဈေးကွက်နှင့် အရင်းအနှီးတို့ လွယ်ကူ လွတ်လပ်စွာ စီးဝင်ကြရတော့မည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း AEC တွင် ဈေးကွက် ယှဉ်ပြိုင်နိုင်ခြင်း ရှိမည် မဟုတ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

ဧရာဝတီ
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံဖြိုးရေးဘဏ် (SMID ဘဏ်) (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
အစိုးရ ချေးငွေ, အသေးစား အလတ်စားလုပ်ငန်း, အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုဌာနဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း, SME, UMFCCI အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME)အတွက် အစိုးရကထုတ်ပေးမယ့် ချေးငွေကို ယခုလအတွင်းချပေးသွား မည် ဖြစ် ကြောင်း သိရသည်။

တစည ပါတီ ဥက္ကဋ္ဌ ၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဦးထွန်းရီ ကွယ်လွန် ရန်ပိုင်

Photo: တစည ပါတီ ဥက္ကဋ္ဌ ၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဦးထွန်းရီ ကွယ်လွန်
ရန်ပိုင်

Saturday, April 5, 2014
 
ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ အသက် (၈၈) နှစ်သည် ယမန်နေ့ည ၂နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်မြို့  ရွှေဂုံတိုင် SSC ဆေးရုံကြီးတွင် ကွယ်လွန် သွားကြောင်း သတင်းရသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည) ဥက္ကဋ္ဌ လည်း ဖြစ်သည့် ဦးထွန်းရီ၏  ရုပ်ကလာပ်ကို လာမည့် တနင်္ဂနွေနေ့တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဟု သမီးဖြစ်သူ မဥမ္မာထွန်းက ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့ဇာတိ ဦးထွန်းရီသည် ဂျပန်ခေတ် ဗမာ့ ကာကွယ်ရေး တပ်မတော်(BDA) တပ်သားအဖြစ်မှ မြန်မာ့ တပ်မတော် ၌ ဒု ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

၁၉၇၁ ခုနှစ် တ၀ိုက် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ)၏ ကြီးမားသော ထိုးစစ်ကြီးများဖြစ် သော လားရှိုး-မိုင်းရယ်- တန့်ယန်း၊ ကွမ်းလုံ စသည့် တိုက်ပွဲကြီးများကို ဦးစီးကာ ကြံ့ကံ့ခံ တိုက်ခိုက်ခဲ့သည့်အတွက် မြန်မာ့ တပ် မတော်တွင် နပိုလီယံဟု လူသိများခဲ့သူဖြစ်သည်။

ထိုအချိန်မှစတင်၍ တပ်မ ၇၇ တပ်မမှူး၊ အရှေ့ပိုင်းတိုင်းမှူး၊ ကာကွယ်ရေး ၀န်ကြီးဌာန၏ စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့်တာဝန် များကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၁၉၈၅ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး သေဆုံးချိန် အထိ တစည ပါတီ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်သည်။

ဧရာဝတီ

ဦးထွန်းရီ (ဓာတ်ပုံ – nationalunityparty.org)
ဦးထွန်းရီ (ဓာတ်ပုံ – nationalunityparty.org)
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းရီ အသက် (၈၈) နှစ်သည် ယမန်နေ့ည ၂နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်မြို့  ရွှေဂုံတိုင် SSC ဆေးရုံကြီးတွင် ကွယ်လွန် သွားကြောင်း သတင်းရသည်။

လှည်းကူး မြို့မဈေးတွင် ဈေးရောင်းသူနှစ်ဦး ရန်ဖြစ်ရာမှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခဖြစ်

လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် မြို့မဈေး အောက်ထပ်ရှိ ကုန်မာဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဆိုင်ချင်းကပ် ကုန်ပစ္စည်းတူ ဈေးရောင်းချသူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဈေးရှေ့တွင် လူ ၁၅၀၀ ခန့် စုဝေးလာပြီး ဘာသာရေး အသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လှည်းကူး မြို့မရဲစခန်းတို့ထံမှ သိရသည်။

သားဖြစ်သူကို သံကြိုးခတ်ပြီး ဆုံးမတဲ့ အဖေ


တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Xibianbanရွာမှာ အဆက်မပြတ် ခိုးနေတဲ့ သားတစ်ယောက်ကို သံကြိုးခတ်ထားပြီး အပြင်ထွက်ခွင့် မပေးခဲ့ကြောင်း မိဘတွေက ဝန်ခံခဲ့ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆုံးဖြတ်နိုင်ဖွယ်ရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယနေ့စမည်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ် ရန်အတွက် ဆုံးဖြတ်ချက် ချနိုင်ဖွယ်ရှိသော အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို ယနေ့ (ဧပြီလ ၅ ရက်) စတင်မည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီး တန်း အကြံပေးတစ်ဦးက ပြောကြားသည်။

ရွှေ့ပြောင်း ခေါ် ဆောင် လာ သော သမီး ကလေး ကျေးရွာမှ မိသားစု များအား ကရင်ပြည်နယ် အစိုးရ အဖွဲ့က နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် ညှိနှိုင်းခဲ့

Photo: ရွှေ့ပြောင်း ခေါ် ဆောင် လာ သော သမီး ကလေး ကျေးရွာမှ မိသားစု များ အား ကရင်ပြည်နယ် အစိုးရ အဖွဲ့က နေရပ်သို့ ပြန်လည် ပို့ဆောင်ရန် ညှိနှိုင်းခဲ့
Saturday, April 5, 2014

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) ကလိုထူးဘော တပ်ဖွဲ့က ရန်ကုန်တိုင်းဒေသကြီး သမီးကလေး ကျေးရွာမှ မိသားစုများအား ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် နေရာချထားပေး ရန် ခေါ်ဆောင်လာခဲ့ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပါ ရွှေ့ပြောင်း နေရာချထားမည့် နေရာမှာ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများ ရှိနိုင်သည့်အတွက် ခေါ်ဆောင်လာ သည့် နေရပ်သို့သာ ပြန်လည် ပို့ဆောင်ရန် ဧပြီ ၂ ရက်က သွားရောက် ညှိနှိုင်းခဲ့ကြောင်း၊ ခေါ်ဆောင်လာသော အဖွဲ့များက ၎င်းတို့အား ဘုရားဖူး ပို့ဆောင်ပြီးပါက နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ပြန်လည် ညှိနှိုင်းခဲ့သဖြင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ဘုရားဖူး ခရီးစဉ်အတွက် အလှူငွေများနှင့် အအေးဘူးများ၊ စားစရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။ 

ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံလျက် ရှိသော သမီးကလေး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသား ၂၈ဝ ခန့်အား DKBA ကလိုထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဦးစောဆန်းအောင် ဦးစီးအဖွဲ့က မြဝတီမြို့နယ် ကျောက်ခေတ်ကျေးရွာ တွင် နေရာ ချထားပေးရန် (၁ဝ)ဘီးယာဉ် (၄)စီး၊ ယာဉ်ငယ်(၄)စီး တို့ဖြင့် ခေါ်ဆောင်လာရာ ဧပြီ(၂)ရက် နံနက်(၁၁)နာရီခန့်တွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ် နယ်စပ်ရှိ ဒုံသမိတံတားသို့ ရောက်ရှိ လာခဲ့ကြောင်း။

ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများက ဦးစောဆန်းအောင်နှင့် ရွာသူရွာသားများအား တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း ယခုအချိန်သည် ငြိမ်းချမ်းရေး တည်ဆောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလဖြစ်သည့် အလျောက် တစ်ချိန်က ပြည်တွင်း ပဋိပက္ခကြောင့် ရွှေ့ပြောင်း နေ ထိုင်နေကြရသူ များအား ပြန် လည် နေရာ ချထားရေး၊ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ရောက် ရှိနေသော မြန်မာနိုင်ငံ သားများအား ပြန်လည် လက်ခံပြီး နေရာချထားပေးရေး၊ ထိုသို့ နေရာချထားရေး ကိစ္စရပ်များအား ငြိမ်းချမ်းရေး အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆွေးနွေးခြင်း၊နေရာများ လျာထား သတ်မှတ်ခြင်း တို့ကို ဆောင်ရွက်နေဆဲ ကာလတွင် ယခုကဲ့သို့ ပြည်တွင်းမှ လူအုပ်စုအလိုက် ရွှေ့ပြောင်း နေရာချထားရေး အစီအစဉ်မှာ အခက်အခဲများ ရှိကြောင်း၊ ယခုကာလမှာ ရာသီဥတု ပူပြင်းသည့် အချိန်ဖြစ်သည့် အလျောက် နေရာသစ်တွင် နေရေး၊ စားရေးမှအစ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အခက်အခဲများ ရှိနိုင်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ခေါ်ဆောင်လာသည့် နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးသင့်သည်ဟု ညှိနှိုင်းခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းချက်အား ဦးစောဆန်းအောင်က လက်ခံခဲ့ပြီး ၎င်းခေါ်ဆောင်လာသည့် မိသားစုများအား ကျိုက္ခမီ၊ စက်စဲတို့သို့ ပို့ဆောင်ပေးပြီးပါက နေရပ်ပြန်ပို့ရန် စီစဉ်မည်ဟု ပြောကြားခဲ့ ကြောင်း၊ ထို့နောက် အဆိုပါ အဖွဲ့သည် ဧပြီ(၂)ရက် ည(၇)နာရီခန့်တွင် မွန်ပြည်နယ်ဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထိုအဖွဲ့အား လူအင်အား(၃ဝဝ)စာ အအေး၊ စားစရာ များနှင့် ဘုရားဖူး ခရီးစဉ်အတွက် လှူဒါန်းနိုင်ရန် ငွေကျပ်(၅)သိန်း တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်း ရရှိသည်။

မြ၀တီ
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) ကလိုထူးဘော တပ်ဖွဲ့က ရန်ကုန် တိုင်းဒေသကြီး သမီးကလေး ကျေးရွာမှ မိသားစုများအား ကရင်ပြည်နယ် မြဝတီမြို့နယ် တွင် နေရာ ချ ထားပေး ရန် ခေါ်ဆောင်လာခဲ့ကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပါ ရွှေ့ပြောင်း နေရာချထား မည့် နေရာမှာ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများ ရှိနိုင်သည့် အတွက် ခေါ်ဆောင်လာ သည့် နေရပ်သို့သာ ပြန်လည် ပို့ဆောင်ရန် ဧပြီ ၂ ရက်က သွားရောက် ညှိနှိုင်း ခဲ့ကြောင်း၊ ခေါ်ဆောင်လာသော အဖွဲ့များက ၎င်းတို့အား ဘုရားဖူး ပို့ဆောင်ပြီးပါက နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ပြန်လည် ညှိနှိုင်းခဲ့သဖြင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ဘုရားဖူး ခရီးစဉ်အတွက် အလှူငွေများနှင့် အအေးဘူးများ၊ စားစရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

နေကြာဆီ စစ်စစ်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ

Photo: နေကြာဆီ စစ်စစ်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ
Saturday, April 5, 2014

နေကြာဆီ စစ်စစ်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ နေကြာဆီ စစ်စစ်ကို စားသုံးမယ် ဆိုရင်တော့ လူတွေ၏ ကျန်းမာရေးကို များစွာ အထောက် အကူပြုစေမှာ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့ -------

(၁) အဆစ်ရောင်ရမ်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) ပန်းနာရင်ကျက် ရောဂါအတွက် ကောင်းမွန်စေပါတယ်။

(၃) အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) အာရုံကြော ရောဂါများအတွက် အထူးပင် ကောင်းမွန်ပါတယ်။

(၅) နှလုံးနှင့် ပက်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) ကိုလက်စရောဓာတ်တွေကို လျော့ချပေးနိုင်ပါတယ်။

(၇) အသားအရေ အတွက်လည်း ကောင်းမွန်စေပါတယ်။ 

ကျော်လင်းနိုင် (ရိုးရာလေး)
နေကြာဆီ စစ်စစ်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ နေကြာဆီ စစ်စစ်ကို စားသုံးမယ် ဆိုရင်တော့ လူတွေ၏ ကျန်းမာရေးကို များစွာ အထောက် အကူပြုစေမှာ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေး ဇူးတွေ ကတော့ -------

ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ်မျိုးနွယ်

Photo: ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ်မျိုးနွယ်
Saturday, April 5, 2014

pagolinပုံမှာ မြင်တွေ့နေရတဲ့ အကောင်က အရုပ် မဟုတ် ပါဘူး။ ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ် မျိုးနွယ်လို့ သတ်မှတ် ထားတဲ့ Giant pangolin မှ တစ်ကောင် ဖြစ်ပါတယ်။ ၄ ပေ ၆ လက်မ အရှည် ရှိပြီး ပေါင်ချိန် ၇၂ ပေါင် ရှိတာကြောင့် ကမ္ဘာ့အရွယ်အကြီးဆုံး သင်းခွေချပ် အဖြစ် စံချိန် တင်ထားခြင်း ဖြစ်ပါတယ်။

နေထိုင် ကျက်စားတဲ့ နိုင်ငံ ကတော့ အာဖရိက အနောက်ပိုင်း ဒေသ တစ်လျှောက် ကနေ ယူဂန်ဒါ နိုင်ငံ အထိ ဖြစ်ပါတယ်။ အင်းစက်၊ အကောင် သေး များကို စားသုံး နေထိုင်ပြီး သားကောင်ကြီးတို့ အမဲလိုက်မှု ကိုလည်း ပြန်လည် ခုခံ နိုင်ပါတယ်။ အကြောင်း ကတော့ သူ့ရဲ့ ကြီးမားတဲ့ ထူတဲ့ အခွံကြောင့် ဖြစ်ပါတယ်။ ဘယ် သားကောင်ကောင် လာဖမ်းဖမ်း ပြန် တိုက်ခိုက် နိုင်သလို၊ အခွံမာထဲ ဝင်လုံးလို့ ပြန်ခုခံ နိုင်စွမ်းလည်း ရှိပါတယ်။

အရေအတွက် ကတော့ နည်းနေ ပါပြီ။ ဒါကြောင့်မို့ Giant pangolin ကို ကမ္ဘာ့ ရှားပါး သင်းခွေချပ် မျိုးနွယ်ထဲမှာ ထည့်သွင်း ထားကြောင်း သိရ ပါတယ်။

Ref : wiki
အောင်ခမ်း (ရိုးရာလေး)
pagolinပုံမှာ မြင်တွေ့နေရတဲ့ အကောင်က အရုပ် မဟုတ် ပါဘူး။ ကမ္ဘာ့ အကြီးဆုံး သင်းခွေချပ် မျိုးနွယ်လို့ သတ်မှတ် ထားတဲ့ Giant pangolin မှ တစ်ကောင် ဖြစ်ပါတယ်။ ၄ ပေ ၆ လက်မ အရှည် ရှိပြီး ပေါင်ချိန် ၇၂ ပေါင် ရှိတာကြောင့် ကမ္ဘာ့အရွယ်အကြီးဆုံး သင်းခွေချပ် အဖြစ် စံချိန် တင်ထားခြင်း ဖြစ်ပါတယ်။

အူမကြီး ကင်ဆာနှင့် အခြားသော ရောဂါအတွက် ကောင်းမွန်တဲ့ မဲဇလီဖူး

Photo: အူမကြီး ကင်ဆာနှင့် အခြားသော ရောဂါအတွက် ကောင်းမွန်တဲ့ မဲဇလီဖူး
Saturday, April 5, 2014

အူမကြီး ကင်ဆာနှင့် အခြားသော ရောဂါအတွက် ကောင်းမွန်တဲ့ မဲဇလီဖူးတန်ဆောင် မုန်းလပြည့်နေ့ ဆေးပေါင်းခတဲ့ အခါမှာ စားတဲ့ မဲဇလီဖူးကိုတော့ လူတိုင်းနီးပါး သိကြမယ် ထင်ပါတယ်။

ထိုမဲဇလီဖူး၏ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့ အဓိက အားဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ ဒါ့အပြင် အစာအိမ် အူလမ်းကြောင်း အတွက် အထူးပင် ကောင်းမွန်ပြီး ဝမ်းမှန်မှန်သွားစေ ပါတယ်။ ပျို့ချင် အန်ချင်တာများကို သက်သာစေနိုင်တဲ့ အပြင် ကိုယ်ခံစွမ်းအားကိုပါ ကောင်းမွန် စေပါတယ်။

ဒါကြောင့် မဲဇလီဖူးဟာ မှီဝဲသင့်တဲ့ ဆေးဘက်ဝင် အစားအစာ တစ်ခုဖြစ်ပါတယ်။ ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။ 

ရိုးရာလေး
အူမကြီး ကင်ဆာနှင့် အခြားသော ရောဂါအတွက် ကောင်းမွန်တဲ့ မဲဇလီဖူးတန်ဆောင်မုန်း လပြည့်နေ့ ဆေးပေါင်းခတဲ့ အခါမှာ စားတဲ့ မဲဇလီဖူးကိုတော့ လူတိုင်းနီးပါး သိကြမယ် ထင်ပါတယ်။

အိုင်ဖုန်းဆယ်ရင်း ကိုယ်တစ်ပိုင်း ခံသွားသော ဆယ်ကျော်သက် မလေး

Photo: အိုင်ဖုန်းဆယ်ရင်း ကိုယ်တစ်ပိုင်း ခံသွားသော ဆယ်ကျော်သက် မလေး
Saturday, April 5, 2014

stuckဗြိတိန်နိုင်ငံ၊ လန်ဒန်က အသက် ၁၆ နှစ် အရွယ် အမျိုးသမီး ငယ် တစ်ဦး ဖြစ်ပါတယ်။ ခွေးတစ်ကောင်နဲ့ အတူ လမ်းလျှောက်နေပြီး ဖုန်းပြော ပါတယ်။ ပြောပြီးတော့ ဖုန်းကို အိပ်ကပ်ထဲ ထည့်လိုက်ချိန် လွဲပြီးတော့ မြောင်းပေါက်ထဲကို ကျသွား ပါတယ်။ ဒါနဲ့ မြောင်းပေါက် ကို ဖွင့်ပြီး သူ့ခြေထောက်နဲ့ ဆည်ပါတော့တယ်။

ရက်ပိုင်း လေးတင် အသစ်ဆက်ဆက် ဝယ်ထားတဲ့ အိုင်ဖုန်း ဖြစ် တာကြောင့် နှမြောတဲ့ စိတ်နဲ့ ချက်ချင်း လုပ်လိုက်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစွာပဲ ကိုယ်တစ်ပိုင်းကျော်လို့ ရင်အုံစပ် အထိ ခံသွား ပါတော့တယ်။ ဒါနဲ့ မောင်းလာတဲ့ တက္ကဆီ သမားက တွေ့တော့ ချက်ချင်းပဲ ကယ်ဆယ်ရေး ရဲတပ်ဖွဲ့ကို ခေါ်လို့ ကယ်ဆယ် စေပါတော့တယ်။ ဒီအတွက် နာရီပိုင်းတော့ ကြာသွား ပါတယ်။

ယခု ရက်ပိုင်းလေးတင် ဖြစ်သွားပြီး သူမရဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ ရယ်စရာ တစ်ခု အဖြစ် ကျန်ရှိ စေခဲ့ ပါတယ်။

Ref :  dailymail
အောင်ခမ်း (ရိုးရာလေး)
stuckဗြိတိန်နိုင်ငံ၊ လန်ဒန်က အသက် ၁၆ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦး ဖြစ်ပါတယ်။ ခွေး တစ်ကောင်နဲ့အတူ လမ်းလျှောက်နေပြီး ဖုန်းပြောပါတယ်။ ပြောပြီးတော့ ဖုန်းကို အိပ်ကပ်ထဲ ထည့်လိုက်ချိန် လွဲပြီးတော့ မြောင်းပေါက်ထဲကို ကျသွား ပါတယ်။ ဒါနဲ့ မြောင်းပေါက် ကို ဖွင့်ပြီး သူ့ခြေထောက်နဲ့ ဆည် ပါတော့တယ်။

ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ ပြန်လည်တိုးတက်လာ

NLD ပါတီ၏ နာယကဖြစ်သူ ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေး အခြေအနေသည် ဧပြီ ၄ ရက် တွင်  ပြန်လည်တိုးတက် လာပြီဖြစ်သဖြင့် အထူးကု ဆရာဝန်များ၏ ဆုံးဖြတ်ချက်အရ အောက်ဆီဂျင်ပိုက် ၏ အကူအညီ မလိုအပ်တော့ကြောင်း သတင်းရရှိသည်။

အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘာလဲ၊ နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော် ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရား ခံပြေးအဖြစ် သတ်မှတ်

Photo: အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘာလဲ၊ နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော် ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုလာရောက် ရင်မဆိုင်သဖြင့် တရား ခံပြေးအဖြစ် သတ်မှတ်
Saturday, April 5, 2014

နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံးရုံးချိန်းအဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကျူးကျော်ကျောင်းဟု သတ်မှတ်ခံထားရသည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးက "ဦးဇင်း ဒီကျောင်းမှာ သီတင်းသုံးလာတာ ခြောက်နှစ်ရှိသွားပါပြီ။ သက်တော် ၄၀၊ ၀ါတော် ၂၀ ရှိပါပြီ။ ဦးဇင်းအနေနဲ့က အစိုးရ သတင်းစာမှာ ဖော်ပြသလို ဘုန်းကြီးတု၊ ဘုန်းကြီးယောင် မဟုတ်ပါဘူး။ သံဃနာယက အဖွဲ့က အသိအမှတ်ပြုထားတဲ့ သံဃာမှတ်ပုံတင်ကတ်လည်း ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာကို ပြထားပါတယ်။ ဦးဇင်းတွေအနေနဲ့ တရားရင်ဆိုင်ရင် ထောင်ခြောက်လ ကျမယ်ဆိုတာ သိနေကြတယ်။ အခုဟာက တရားရင်ဆိုင်ရင် ထောင်ကျမယ်။ မရင်ဆိုင်ရင် တရားခံပြေး သတ်မှတ်ခံရမယ်။ ဘယ်လိုဖြစ်ဖြစ် အနာဘက်ကချည်းပဲ။ သွားရောက် ရင်ဆိုင်တဲ့ ဘုန်းကြီးသုံးပါးက ထောင်ကျသွားပြီ။ ကျန်တဲ့ကိုယ်တော်တွေလည်း ရှောင်သွားကြပြီ" ဟု မိန့်ကြားသည်။

ဆက်လက်ပြီး "ဦးဇင်းတို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ ဘယ်ခေတ်မှာမှ ဒီလိုမလုပ်ခဲ့ပါဘူး။ စစ်အစိုးရခေတ်တောင် ဒီလိုမလုပ်ခဲ့ဘူး။ ဘုန်းကြီးကျောင်းတွေကို အခြားနေရာမှာ အစားပေးရင်တောင် တော်သေးတယ်။ အခုတော့ အတင်းဖယ်ခိုင်းတယ်။ မဖယ်ရင် ၀ရမ်းကပ်တယ်။ ဦးဇင်းကျောင်းမှာဆိုရင် စာသင်နေတဲ့ကိုယ်တော် ၂၈ ပါးရှိတယ်။ ပြန်ဖို့စရိတ်မရှိလို့ မီးစက်ရောင်းပြီး ပြန်ခိုင်းလိုက်ရတယ်။ ဦးဇင်းရဲ့ ကျောင်းနေရာကို ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရွာက ဒကာတစ်ဦးက လှူခဲ့တာပါ" ဟု မိန့်ကြားသည်။

ဘုန်းကြီးကျောင်းများအား ကျူးကျော်ဆိုပါက စတင်ဆောက်လုပ် ကတည်းက တားသင့်ကြောင်း၊ ဘုန်းကြီးကျောင်းများ အခိုင်အမာ တည်ဆောက်ပြီးမှ လာရောက် တားမြစ်နေခြင်းဖြစ်ကြောင်း၊ ဒကာ၊ ဒကာမ များကလည်း နိုင်ငံတော်ကို ပုန်ကန်နေခြင်း မဟုတ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် မဖြစ်သင့်ကြောင်း၊ ကိုယ့်ရပ်ရွာသို့ပြန်ကြွရန် ဒကာ၊ ဒကာမများက တိုက်တွန်းကြောင်း အဆိုပါဦးဇင်းက မိန့်ကြားသည်။

ဧပြီ ၁ ရက်ထုတ် နိုင်ငံတော်ပိုင် သတင်းစာများတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်း ၂၄ ကျောင်းရှိကြောင်း၊ တရားရင်ဆိုင်သည့် ကျောင်းထိုင်ဘုန်းကြီး သုံးပါးအား လူဝတ်လဲစေပြီး ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေသည့် ဘုန်းကြီးကျောင်း ရှစ်ကျောင်းအား စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျူးကျော်ကျောင်း ၂၄ ကျောင်းအား သံဃနာယက အဖွဲ့အစည်း အဆင့်ဆင့်နှင့် တာဝန်ရှိသူများ ညှိနှိုင်းခဲ့ကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား ဘုန်းကြီးကျောင်းများအဖြစ် အသိအမှတ်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျူးကျော်ကျောင်း ၂၄ ကျောင်းအား တရားစွဲဆိုနိုင်ရန် ၂၀၁၄ ခုနှစ် မတ် ၁၅ ရက်တွင်စစ်ဆေးရာ ဥတ္တရသီရိမြို့နယ်မှ ၀ိဇ္ဇာသိဒ္ဓိကျောင်း၊ လှေဆွဲမြောင်ကျောင်း၊ ရွှေညောင်ပင်ကျောင်းများမှ သံဃာတော်များသည် ထွက်ခွာသွားကြောင်း သိရသည်။

ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ သပြေညိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ နန္ဒာရာမကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊ လှမေတ္တာ ကမ္မဋ္ဌာန်းကျောင်း၊ မဟာမြိုင်ကျောင်း၊ မိတ္တီလာကျောင်းများသည် တရားရုံးတွင် ရင်ဆိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရာမညကျောင်း၊ အဓိဋ္ဌာန်တောရကျောင်း၊ ဇေယျာမြိုင်ကျောင်း၊ ငှက်ပျောတောလျှိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ ရတနာသိဒ္ဓိကျောင်း၊ ပဏ္ဍိတရာမကျောင်း၊ နန္ဒာရာမကျောင်းများ တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်မှုဆိုင်ရာ ဥပဒေ ၅၁၂ အရ တရားခံပြေးအဖြစ် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျူးကျော်ကျောင်းဟု သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းများသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်း များအတွင်း ရှိနေကြောင်း၊ ယင်းဘုန်းကြီး ကျောင်းများအား နိုင်ငံတော် သံဃနာယက အဖွဲ့ထံမှလည်း ကျူးကျော်ဘုန်းကြီးကျောင်းများ ဖြစ်သည့်အတွက် အသိအမှတ်မပြုရန် ဆုံးဖြတ်ထားသည့်အတွက် နေပြည်တော်ကောင်စီ အနေဖြင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းများ၌ ဖမ်းဆီးမိန့်ကပ်ထားသည့် အမိန့်စာတွင် ချိန်းဆိုထားသည့်ရက်တွင် လာရောက်ရန်နှင့် ဤရုံးက အခြားနည်း အမိန့်ချမှတ်ခြင်း မရှိမီအတွင်း လာရောက်မည်ဟု ကိုယ်တိုင်ငွေကျပ်ငါးသိန်း ခံဝန်ပြုလျှင်ဖြစ်စေ၊ ငွေငါးသိန်းတန် ခံဝန်နှစ်ယောက်ကို အာမခံပေးလျှင်ဖြစ်စေ၊ ၎င်းအား လွှတ်ထားခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသည့် ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်များ အမှုရင်မဆိုင်သဖြင့် တရားခံပြေးအဖြစ် သတ်မှတ်မှုအပေါ် အမြင်အချို့

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယ)

အခုလို လုပ်တာမျိုးကတော့ မသင့်လျော်ဘူးလို့ မြင်ပါတယ်။ တစ်ဖက်သတ် ပြင်းပြင်းထန်ထန် အရေးယူတာမျိုးထက် နှစ်ဖက်မျှမျှတတ လုပ်ဆောင်တာ ပိုသင့်လျော်ပါတယ်။ အရင်အာဏာရှင်စနစ် ပုံစံမျိုးတွေ မဖြစ်စေချင်ပါဘူး။ သံဃာတော်တွေကို တရားခံပြေးအဖြစ် သတ်မှတ်တာမျိုးတွေက ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာ ဘာကြောင့် အခုလောက်အထိ လုပ်နေရသလဲ၊ နောက်ကွယ်မှာ ဘာတွေရှိနေလို့လဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။

ဆရာတော် ဦးပါမောက္ခ (မကွေးကျောင်းတိုက်ဆရာတော်)

သံဃနာယက,က စာနဲ့ပေနဲ့ခေါ်ရင် သွားရမယ်။ အဲဒီလိုခေါ်လို့ မလာဘူးဆိုရင် တိုင်းသာသနာရေးမှူးကနေပြီး တရားလိုပြုပြီး တရားစွဲလို့ရပါတယ်။ တရားစွဲလို့ရတယ် ဆိုတာကတော့ နိုင်ငံတော် သံဃနာယက,က တစ်ချိန်တုန်းက ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာတို့ သံဃာဝိနိစ္ဆရလက်စွဲတို့ အဲဒီလိုစာအုပ်တွေကြည့်ပြီးတော့ တရားစွဲလို့ရတယ်။ ဒီအမှုကတော့ တရားစွဲလို့ ရလောက်အောင် မဖြစ်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် မိမိတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဒီကျောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာ မဖြစ်သင့်ပါဘူး။

သာသနာ့မြေ ကျပြီးသား ကျောင်းတွေကို ဖျက်တယ်ဆိုရင်တော့ ဓမ္မ၀ိနိယနဲ့ မညီညွတ်ဘူးပေါ့။ သူတို့က တစ်ချိန်တုန်းက န၀တ၊ နအဖ လက်ထက်တုန်းကလိုပဲ လက်နက်ရှိတော့ အာဏာရှိတယ်။ အာဏာရှိတော့ လုပ်ချင်ရာလုပ်တဲ့ သဘောမျိုးပေါ့။ ယခုအချိန်မှာတော့ သံဃမဟာနာယက ကလည်း လက်နက်မဲ့ အာဏာရှင်တွေပဲ ဖြစ်နေခြင်းကြောင့် သူတို့လုပ်ချင်သလိုလုပ်တဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။

Eleven Media Group 

အခိုင်အမာ တည်ဆောက်ထားပြီး ဖျက်သိမ်းခံရသော ဥတ္တရသီရိမြို့နယ် ရှိ ဝေဠုဝန်ကျောင်းကို ဧပြီ ၄ ရက်က တွေ့ရစဉ် 
အခိုင်အမာ တည်ဆောက်ထားပြီး ဖျက်သိမ်းခံရသော ဥတ္တရသီရိမြို့နယ် ရှိ ဝေဠုဝန်ကျောင်းကို ဧပြီ ၄ ရက်က တွေ့ရစဉ်
နေပြည်တော်ကောင်စီက ကျူးကျော် ဘုန်းကြီးကျောင်းများအဖြစ် သတ်မှတ်ထားသည့် ဘုန်းတော် ကြီးကျောင်း ၂၄ ကျောင်းအနက် ရှစ်ကျောင်းမှ သံဃာတော်များသည် ဧပြီ ၄ ရက်တွင် နောက်ဆုံး ရုံးချိန်း အဖြစ် ချိန်းဆိုခဲ့သော်လည်း လာရောက်ရင်ဆိုင်ခြင်း မရှိသောကြောင့် တရားခံပြေးအဖြစ် သတ်မှတ် ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုမှတစ်ဆင့် လူစုလူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ်လာသောကြောင့် ပုဒ်မ ၁၈၈ ထုတ်ပြန်

Photo: လှည်းကူးမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုမှတစ်ဆင့် လူစုလူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ်လာသောကြောင့် ပုဒ်မ ၁၈၈ ထုတ်ပြန်
Saturday, April 5, 2014

ဧပြီ ၄ ရက်က လှည်းကူးမြို့နယ် မြို့မစည်ပင်ဈေးရှိ ဈေးဆိုင်နှစ်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ လူစုလူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ် လာသောကြောင့် သက်ဆိုင်ရာက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ကို (တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး လူစုလူဝေးဖြင့် သွားလာခွင့်မပြု) ဧပြီ ၄ ရက် ည ၆ နာရီမှစ၍ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 ဧပြီ ၄ ရက် ညနေ ၄ နာရီခန့်တွင် လှည်းကူးမြို့မဈေး၊ ဗန္ဓာလမ်းရှိ မိုးကာဖျင်များ ချုပ်လုပ်သည့် ဘေးချင်းကပ်ဆိုင် နှစ်ဆိုင်မှ အစ္စလာမ် ဘာသာဝင် အမျိုးသားနှစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ကိုသက်ပိုင်ဦး အသက် (၂၀) နှစ်ကို တစ်ဖက်ဆိုင်မှ အသက် ၁၈ နှစ် အရွယ်ခန့်ရှိ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့် ထိုးမှုကြောင့် မျက်လုံးပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့ပြီး ကတ်ကြေးဖြင့် ထိုးကြိတ်သူမှာလည်း ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဖြစ်စဉ်ဖြစ်ပွားရာ အနီးဝန်းကျင်နှင့် ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းမေးမြန်းမှုများအရ သိရသည်။

ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် အစ္စလာမ်ဘာသာဝင် အမျိုးသားသုံးဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

"သူတို့ဆိုင်နှစ်ဆိုင်က နဂိုကတည်းက စီးပွားတူတွေဆိုတော့ မတည့်ကြဘူး။ နဂိုကလည်း ဆိုင်တွေရန်ဖြစ်လို့ တစ်လပိတ်ဖို့ သက်ဆိုင်ရာက ညွှန်ကြား ထားရတယ်။ ရန်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ လူစုလူဝေးတွေ ဖြစ် လာတယ်။ နောက်ပြီး အစ္စလာမ်ဘာသာဝင် ညီအစ်ကိုနှစ်ယောက်လုံးကို ထုတ်ပေး ဖို့ ပြော ကြတယ်။ ဈေးနားမှာရှိတဲ့ သူတို့နှစ်ဦးရဲ့ အမျိုးအိမ်ကို လည်း လူအုပ်က ခဲနဲ့ပေါက်တာတွေလုပ်တယ်" ဟု ဖြစ်စဉ်အနီးဝန်းကျင် တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဧပြီ ၄ ရက် ည ၉ နာရီ ခွဲခန့်တွင် တုတ်၊ ခဲ၊ လေးခွများ ကိုင်ဆောင် ထားသော လူဦးရေ ၁၀၀ ၀န်းကျင်ခန့်သည် လူစုလူဝေးဖြင့် နေအိမ်များ၊ ဆိုင်များနှင့် ဗလီကို ခဲများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ လူစုခွဲဖြေရှင်းခဲ့သည်။ ယင်းကဲ့သို့ လူစုလူဝေးများဖြင့် ဆူပူနေသူများမှာ လှည်းကူးဒေသခံများ ဟုတ်မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရဲတပ်ဖွဲ့ဝင်များ၏ လူစုခွဲ ဖြေရှင်းမှုကြောင့် ဧပြီ ၄ ရက်နေ့ ည ၁၀ နာရီခန့်အထိ ဒဏ်ရာရရှိသူ ငါးဦး၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ငါးဦးခန့်ရှိခဲ့ပြီး လူအုပ်မှ ခဲများဖြင့် ပြန်လည်ပစ်ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အချို့မှာလည်း ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။

 ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီ ၅ ရက် နံနက် ၁ နာရီဝန်းကျင် အချိန်အထိ သိရှိရသော သတင်းများအရ ဆူပူမှုများ မဖြစ်ပေါ်စေရန် လမ်းမပေါ်၌ လက်နက်ကိုင်ဆောင်၍ စုဝေးနေသည့် လူများကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ ဧပြီ ၄ ရက် ည ၈ နာရီခန့်က ခေတ္တ လာရောက် ခဲ့သည်ကို တွေ့ရသည်။

Eleven Media Group 

ဧပြီ ၄ ရက် ည ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ စည်ပင်ဈေးအနီး လမ်းမပေါ်တွင် လူစုလူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ်နေ သည်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ဧပြီ ၄ ရက် ည ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ စည်ပင်ဈေးအနီး လမ်းမပေါ်တွင် လူစုလူဝေးဖြင့် ဆူပူမှု များ ဖြစ်ပေါ်နေ သည်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ဧပြီ ၄ ရက်က လှည်းကူးမြို့နယ် မြို့မစည်ပင်ဈေးရှိ ဈေးဆိုင်နှစ်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ လူစု လူဝေးဖြင့် ဆူပူမှုများ ဖြစ်ပေါ် လာသောကြောင့် သက်ဆိုင်ရာက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ကို (တုတ်၊ ဓား လက်နက်ကိုင်ဆောင်ပြီး လူစုလူဝေးဖြင့် သွားလာခွင့်မပြု) ဧပြီ ၄ ရက် ည ၆ နာရီမှစ၍ ထုတ်ပြန် လိုက်ကြောင်း သိရသည်။

အစိုးရက မီတာခ တိုးမြှင့်ပြီးနောက် အခြေခံစားသောက် ကုန် ဈေးနှုန်း များ မြင့်တက်

Photo: အစိုးရက မီတာခ တိုးမြှင့်ပြီးနောက် အခြေခံစားသောက် ကုန် ဈေးနှုန်း များ မြင့်တက်
Saturday, April 5, 2014

အစိုးရ မီတာခများ တိုးမြှင့်ကောက်ခံမည့်နည်းတူ ၀န်ထမ်းများ၏ အခြေခံလစာအပေါ် ကျပ် ၂၀၀၀၀ တိုးမြှင့်လိုက်သည့် အခြေအနေများကြောင့် ဧပြီလပထမပတ်မှ စတင်ပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် သားငါးဈေးနှုန်းများမှာလည်း ယခင်ကထက် ရာခိုင်နှုန်း ၆၀ ခန့် မြင့်တက်လာကြောင်း သိရှိရသည်။

ဈေးကွက်အတွင်းရှိ သား၊ ငါးဈေးနှုန်းများနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာလည်း ဧပြီလပထမအတွင်း     မြင့်တက်လာခဲ့ကြောင်း၊ ယခင်က ၁၀၀၊ ၁၅၀ ကျပ်တန်ဈေးရှိသည့် ကန်စွန်းရွက်တစ်စည်းလျှင် လက်ရှိတွင် ၂၀၀၊ ၂၅၀ ကျပ် အထိ ဈေးရှိလာကြောင်း၊ အလားတူ စားသုံးဆီ ဈေးနှုန်းများမှာလည်း တစ်ပိဿာလျှင် ကျပ် ၁၀၀ ကျော် ဈေးတက်လာကြောင်း သိရသည်။

အလားတူ ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားသုံးစွဲခ နှုန်းထားများအား လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ် ၁၇ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာတွင် နိုင်ငံပိုင် ဓာတ်အားလိုင်းများမှ ရောင်းချနေသည့် နှုန်းထားများမှာ အစိုးရဌာနများနှင့် အိမ်သုံးအတွက် တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ် ၇၅ ကျပ် နှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လက်ရှိ ကောက်ခံနေသည့် နှုန်းထားများအရ နိုင်ငံတော်အနေဖြင့်  ကျပ် ၂၈၄ ဘီလျံခန့် စိုက်ထုတ်သုံးစွဲ နေရကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည့် နှုန်းထားများအရ အိမ်သုံး ၁ ယူနစ်မှ ၁၀၀ ထိ ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ ထိ ကျပ် ၄၀၊ ယူနစ် ၂၀၁ နှင့် အထက်လျှင် ကျပ် ၅၀၊ စက်မှုသုံးများအတွက် ၁ ယူနစ်မှ ၅၀၀ ထိ ကျပ် ၇၅ ၊ ယူနစ် ၅၀၁ မှ ၁၀၀၀၀ ထိ ကျပ် ၁၀၀၊ ယူနစ် ၁၀၀၀၁မှ ၅၀၀၀၀ ထိ ကျပ် ၁၂၅၊ ယူနစ် ၅၀၀၀၁ မှ ၂၀၀၀၀၀ ထိ ကျပ် ၁၅၀ ၊ ယူနစ်၂၀၀၀၀၁မှ ၃၀၀၀၀၀ ထိ ကျပ် ၁၂၅ နှင့် ယူနစ် ၃၀၀၀၀၁ နှင့်အထက် ကိုမူ ကျပ် ၁၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

"မီတာခတွေ တိုးလိုက်တယ် ဆိုပေမယ့် ဈေးနှုန်းက မီးမှန်မယ်ဆိုရင် ပေးရတာ အဆင်ပြေပါတယ်။ မီတာခလည်း တိုးကောက်မယ်၊ မီးလည်းမလာဘူး ဆိုရင်တော့ ကျွန်တော်တို့အတွက်က အဆင်မပြေဘူး။ ကျွန်တော်တို့က မီးမှန်မှန်ပေးဖို့ဘဲ တောင်းဆိုပါတယ်" လှိုင်သာယာစက်မှုဇုန်ရှိ လက်ဝါးအထည်ချုပ်စက်ရုံမှ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်အေးက ပြောကြားသည်။

"မီတာခက သုံးဆတက်တယ်ဆိုတော့ ထုတ်လုပ်မှု စရိတ်ကတော့ ပိုတက်သွားမယ်။ မီတာခတက်တာထက် မီးမှန်ဖို့နဲ့  service ကောင်းဖို့ကို မျှော်လင့်တယ်။ မီးကိုအချိန် မှန်ပေးဖို့ရယ်။ မီးပျက်မယ်ဆိုရင် ကြိုပြီး အသိပေးဖို့ လိုတယ်။ နိုင်ငံခြားမှာလိုပဲ ဈေးတိုးပြီးယူတယ်ဆိုရင် နိုင်ငံခြားမှာလိုပဲ service ပေးနိုင်ရင် ပိုကောင်းမယ်။ ကျွန်တော်တို့ကတော့ ၂၄ နာရီ လည်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် မီးရဖို့က အရေးကြီးတယ်။ မီတာခ တိုးပြီးကောက်ခံတဲ့အတွက် ထုတ်ကုန် product က ကုန်ကျစရိတ်များလာမယ်။ နိုင်ငံခြားဈေးကွက်မှာ ဈေးယှဉ်ပြိုင်မှု အပိုင်းက ခက်ခဲသွားမယ်။ ဘာပဲဖြစ်ဖြစ် အဓိကကတော့ မီးမှန်ဖို့ပဲ အရေကြီးတယ်" ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်ပို့ ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။

ထို့ပြင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကာ ယခင် ၉၇၂ ကျပ်တန်သည့် ပစ္စည်းတစ်ခုဆိုပါက လက်ရှိကာလတွင် ကျပ် ၁၀၀၀ အထိ ဈေးတင်ထားသော်လည်း အဆိုပါ ကျပ် ၁၀၀၀ ဆိုသည့်ဈေးနှုန်းမှာ မီတာခမြင့်တက် လိုက်သည့်အတွက် လုပ်ငန်းအပေါ် သက်ရောက်နိုင်မှုအပေါ် မကာမိပါက ဈေးနှုန်းထပ်မံ မြင့်တက်လာဦးမည် ဖြစ်ကြောင်းလည်း စက်မှုလုပ်ငန်းရှင်များထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက "မီတာခ တက်လာတာနဲ့ ကုန်ဈေးနှုန်းက တက်လာတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ များလာမယ်။ များလာရင် ဈေးတွေတက်လာမယ်။ သုံးစွဲမယ့် ပြည်သူလူထုကိုသွားပြီး ထိခိုက်တယ်။ အရင်က ငါးကို သုံးဆယ်သား ၀ယ်စားနိုင်တဲ့သူက ၂၀ သားလောက်ပဲ ၀ယ်စားနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ ၀င်ငွေရရှိမှုက နည်းတယ် ကုန်ဈေးနှုန်းကလည်း တက်မယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး" ဟု ပြောကြားသည်။

"ကျွန်တော်တို့လုပ်ငန်းက မုန့်အိတ်ခွံထုတ်တဲ့ ပလတ်စတစ် လုပ်ငန်းဆိုတော့ ပလတ်စတစ်တွေတော့ ဈေးတက်ထားရပြီ။ အရင်က ပလတ်စတစ်အိတ် တစ်ပေါင်ကို ၉၇၅ ကျပ်ဆိုပါတော့။ အခု ကျပ် ၁၀၀၀ ဖြစ်သွားတယ်။ ၂၅ ကျပ်ဈေးတက်သွားတယ်ပေါ့။ လက်ရှိ ၂၅ ကျပ်တင်လိုက်တဲ့ဈေးဟာ လကုန်ရင် ဆောင်ရမယ့် မီတာခနဲ့ ပြန်တွက်လို့ တွက်ခြေမကိုက်သေးရင် ဒီထက်ဈေးတင် ရောင်းရဦးမှာပါ။ မီတာခတွေ တက်တဲ့အတွက် ကျွန်တော်တို့ လုပ်ငန်းတွေကတော့ ဈေးတက်ရမှာပါပဲ" ဟု လှိုင်သာယာ စက်မှုဇုန်ရှိ မုန့်အိတ်ခွံ ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရ၀န်ထမ်းများ၏ လစာအား ဧပြီ ၁ ရက်မှစ၍ ကျပ်နှစ်သောင်းစီ တိုးမြှင့်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အရအသုံးမှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ် ၂၁ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အလားတူ ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၁၄ ခုနှစ် ဧပြီမှစ၍ လစာတိုးမြှင့်ပေးမှု၊ ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများ တိုးမြှင့်ကောက်ခံမှုတို့ကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှု မရှိစေရန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။            

"စီးပွားရေးပညာရှင်တွေရဲ့ အမြင်ကတော့ လစာတိုးမယ်ဆိုရင် Demand တက်လာမယ်။ Demand တက်လာမယ်ဆိုတော့ ၀ယ်လိုအား များလာမှာပေါ့။ ဒါဆိုရင်တော့ ကုန်ဈေးနှုန်းတက်လာမယ်။ ဒါသဘာဝပဲ။ အခုဖြစ်နေတာက ၀န်ထမ်းလက်ထဲကို အဲဒီငွေက မရောက်သေးဘူး။ ကြေညာလိုက်တဲ့အခါ ရမယ့်ငွေက လကုန်မှရမယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းကတော့ လမကုန်ခင်တက်မှာ။ သင်္ကြန်နားနီးတာနဲ့ ထိုးတက်မှာ။ သင်္ကြန်နားနီးလာတော့ ကားခတွေလည်း တက်လာမယ်။ လျှပ်စစ်မီတာခကလည်း တက်ဦးမယ်ဆိုတော့ ထုတ်လုပ်မှုအပိုင်းကို သွားပြီးတော့ ထိခိုက်မယ်။ ထုတ်လုပ်တဲ့ သူကလည်း သူထုတ်လုပ်တဲ့ ပစ္စည်းကို ဈေးတင်ရောင်းလို့ရရင် ပြဿနာမရှိဘူး။ ဒါပေမယ့် ရောင်းလို့မရရင် လုပ်ငန်းတွေ ထိခိုက်မယ်။ စားသုံးသူဘက်က ကျပြန်တော့လည်း ကုန်ပစ္စည်းကို ဈေးကြီးပေးဝယ် ရမယ်ဆိုရင် ထိခိုက်မယ်။ ကုန်ကျစရိတ်က သေချာပေါက်တက်လာမယ်။ မီတာခကတက်ရင် ထုတ်လုပ်မှု ကုန်ကျစရိတ် (Cost of Production) တက်လာမယ်။ ဒါဆိုရင်ကို သေချာပေါက်ထိလာမယ်" ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ဆိုသည်။

"သင်္ကြန်နားနီးတော့ ကုန်စည်တွေ တက်ရိပ်ရှိနေပါတယ်။ အရောင်းအ၀ယ်လည်း မြင့်တက်နေပါတယ်" ဟု ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဒေါက်တာမြင့်ဦးက ပြောခဲ့သည်။     

Eleven Media Group
အစိုးရ မီတာခများ တိုးမြှင့်ကောက်ခံမည့်နည်းတူ ၀န်ထမ်းများ၏ အခြေခံလစာအပေါ် ကျပ် ၂၀၀၀၀ တိုးမြှင့်လိုက်သည့် အခြေအနေများကြောင့် ဧပြီလပထမပတ်မှ စတင်ပြီး အခြေခံ စားသောက်ကုန်ဈေးနှုန်း များ မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် သားငါးဈေးနှုန်းများမှာလည်း ယခင်ကထက် ရာခိုင်နှုန်း ၆၀ ခန့် မြင့် တက်လာကြောင်း သိရှိရသည်။

ဘင်္ဂါလီကျေးရွာနှင့် ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းမဖြေရန် အကျပ်ကိုင်မှုများ ရှိနေဟုဆို

Photo: ဘင်္ဂါလီကျေးရွာနှင့် ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းမဖြေရန် အကျပ်ကိုင်မှုများ ရှိနေဟုဆို
Saturday, April 5, 2014

စစ်တွေမြို့၊ ဘင်္ဂါလီ ကျေးရွာများနှင့် ဒုက္ခသည် စခန်းများတွင် သန်းခေါင်စာရင်းကို မဖြေဆိုရန် ခြိမ်းခြောက် အကျပ် ကိုင်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ကမန်တိုင်းရင်းသား များနှင့် ဘင်္ဂါလီလူမျိုး အချို့ကဖြေဆို လိုက်သော် လည်း ၎င်းတို့ကို အကျပ်ကိုင်ပြီး မဖြေခိုင်းသည့်အဖွဲ့ များရှိနေ၍ မဖြေဆိုရဲကြကြောင်း၊ အမှတ်(၄)ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေးမှူးရဲမှူးကြီး ထွန်းဦးကပြောသည်။

‘‘သူတို့အချင်းချင်းမှာလည်း ကွဲပြားနေတယ်။ ဖြေချင်တဲ့သူတွေရှိတယ်။ မဖြေရဲအောင် သိုသိုသိပ်သိပ်နဲ့ လုပ်နေတဲ့အဖွဲ့တွေရှိပါတယ်။ အခုပြောသွားတဲ့ ကမန်တွေဆို ဗမာ၊ ရခိုင်စကားလည်း ပီပီသသပြော တတ်တယ်။ မျက်နှာသွင်ပြင်တွေကိုပဲကြည့် ကွဲပြားပါတယ်’’ဟု ရဲမှူးကြီးထွန်းဦးက ဆိုသည်။

စစ်တွေမြို့အနောက်ဘက် ဘင်္ဂါလီကျေးရွာများ၊ ဒုက္ခသည်စခန်းများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ၉၀ ရာခိုင်နှုန်းခန့် ဖြေဆို၍ ကောက်ယူခြင်းမရှိခဲ့ဘဲ ကမန်တိုင်းရင်းသားများနှင့် လူမျိုးအမည်တွင် မည်သည့်နာမည်မှ မဖြေဆိုခဲ့သူအချို့ကိုသာ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။

သန်းခေါင်စာရင်းမဖြေဆို ရန် အကျပ်ကိုင်မှုများနှင့်ပတ် သက်၍လည်း ရဲမှူးကြီးထွန်းဦးက သဲချောင်းအရှေ့ဘက်ဒုက္ခသည် စခန်းနှင့် ဒါးပိုင်ကျေရွာတွင် တ ရားဝင်စာရင်းများအရ ကမန် တိုင်းရင်းသားမိသားစုမှာ သုံးရာ ကျော်ရှိရမည်ဖြစ်သော်လည်း လက်ရှိသန်းခေါင်စာရင်းဖြေဆို သူ အိမ်ထောင်စု ၆၀ကျော်သာရှိ မည်ဟုပြောသည်။

သက္ကယ်ပြင်ကျေးရွာတွင် နေထိုင်သူတစ်ဦးကမူ ၎င်းတို့သည် ရိုဟင်ဂျာလူမျိုးသာဖြစ်သည့်အတွက် သန်းခေါင်စာရင်းတွင် ယင်းအတိုင်းသာ ဖြေဆိုမည်ဖြစ်ပြီး ရသင့်သောအခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ပြောသည်။

‘‘တချို့အိမ်တွေဆိုရင် သူတို့တိုင်းရင်းသားအမည်မှန်ကို ပြောချင်ပေမယ့် တစ်ခုခုကိုကြောက်ပြီး မဖြေရဲတဲ့ပုံစံနဲ့ အဲဒီ အချိန်မှာ ဘေးက စကားပြန်က ရိုဟင်ဂျာလို့ ၀င်ဖြေလိုက်တာနဲ့ ရိုဟင်ဂျာပါလို့ ဖြေလိုက်တဲ့အိမ်တွေ အများကြီး’’ဟု စာရင်းကောက်ဆရာမတစ်ဦးကဆိုသည်။

ယင်းသို့ သန်းခေါင်စာရင်းတွင် မဖြေဆိုရန် အကျပ်ကိုင်မှုများမှာ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များတွင်ပါ ဖြစ်ပွားနေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။

‘‘အခြေအနေအရ ဒီကိုရောက်နေပေမယ့် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာပါလို့ ပြောတဲ့သူတချို့နဲ့ နေရတာလည်း အဆင်မပြေပါဘူး’’ဟု ကျောက်ဖြူမြို့နယ်မှ သဲချောင်းဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေသူ ဦးဝင်းမောင်ကဆိုသည်။

Author: အောင်ခိုင်
7DAY DAILY

ရိုဟင်ဂျာဟု လက်ခံမှ သန်းခေါင်စာရင်း ဖြေဆိုမည်ဟု စာကပ်ထားသော ဘင်္ဂါလီ နေအိမ်အ၀င်အ၀ရှိ သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
ရိုဟင်ဂျာဟု လက်ခံမှ သန်းခေါင်စာရင်း ဖြေဆိုမည်ဟု စာကပ်ထားသော ဘင်္ဂါလီ နေအိမ်အ၀င်အ၀ရှိ သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
စစ်တွေမြို့၊ ဘင်္ဂါလီ ကျေးရွာများနှင့် ဒုက္ခသည် စခန်းများတွင် သန်းခေါင်စာရင်းကို မဖြေဆိုရန် ခြိမ်းခြောက် အကျပ် ကိုင်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

အလွတ်ကျက်ပညာရေးကို ဦးစားမပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: အလွတ်ကျက်ပညာရေးကို ဦးစားမပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Saturday, April 5, 2014

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး နိမ့်ကျခဲ့တာကြောင့် ပညာရဲ့တန်ဖိုးကို သိရှိမှု နည်းပါး နေကြောင်းနဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ ပညာသင်ပေးရာမှာ ကျောင်းစာကို အလွတ်ကျက်ဖို့ သင်ကြား ပေးတာထက် နားလည် အောင်သင်ကြား ပေးဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၃ နှစ်ပြည့် ရံပုံငွေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာ MCC မှာ ဒီနေ့ ညနေပိုင်းကကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာပါ။

"ကမ္ဘာကြီးကိုကြည့်ပြီးတော့ ဒီကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်မှ ကျမတို့နိုင်ငံဟာ ချမ်းသာမယ်၊ တည်ငြိမ်မယ်၊ ကျမတို့နိုင်ငံ တည်ငြိမ်၊ ချမ်းသာ၊ အေးချမ်းမှ ကျမတို့ပြည်သူလူထုကလည်း ချမ်းသာ၊ အေးချမ်း၊ ပြေလည်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ကျမတို့ရဲ့ဆရာ၊ ဆရာမများဟာ ကျောင်းသူကျောင်းသားတွေကို သင်ပေးတဲ့အခါမှာ ကျောင်းစာအုပ်တွေထဲမှာရှိတဲ့ အချက်အလက်တွေကို အလွတ်ကျက်ဖို့သာမဟုတ်ဘဲနဲ့ ဒီအချက်အလက်တွေဟာ ဘယ်လိုကျမတို့ဘဝကို ရင်ဆိုင်တဲ့အခါ အသုံးဝင်သလဲဆိုတာကို နားလည်အောင်သင်ပေးဖို့ အများကြီးလိုပါတယ်"

ပညာရေးကွန်ရက် ၃ နှစ်ပြည့် ဂီတပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပညာရေးဟာ နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားမှာ ပညာရေးကွန်ရက်မှာ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေ၊ ပညာရေးရန်ပုံငွေအတွက် အလှူရှင်တွေနဲ့ ပညာရေးရန်ပုံငွေပွဲအတွက် ဖျော်ဖြေပေးကြတဲ့ အနုပညာရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့ပါတယ်။

RFA Burmese
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး နိမ့်ကျခဲ့တာကြောင့် ပညာရဲ့တန်ဖိုးကို သိရှိမှု နည်းပါး နေကြောင်းနဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ ပညာသင်ပေးရာမှာ ကျောင်းစာကို အလွတ်ကျက်ဖို့ သင်ကြား ပေးတာထက် နားလည် အောင်သင်ကြား ပေးဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

ပျောက်ဆုံးလေယာဉ် Black Box ရေအောက်မှာ စတင်ရှာဖွေ

Photo: ပျောက်ဆုံးလေယာဉ် Black Box ရေအောက်မှာ စတင်ရှာဖွေ
Saturday, April 5, 2014

မတ်လ(၈)ရက်နေ့ကတည်း က ပျောက်ဆုံးနေတဲ့ မလေးရှား ဂျက်လေယာဉ်မှာ ပါသွားတဲ့ ပျံသန်းမှု အချက်အလက်မှတ်သားတဲ့ စက် Black Box ကို အိန္ဒိယ သမုဒ္ဒရာထဲ ရောက်နေတဲ့ ရှာဖွေရေး အဖွဲ့တွေက ရေအောက်မှာ စတင် ရှာဖွေနေပြီ ဖြစ်ပါတယ်။ Black Box ကနေ အချက်ပေးစနစ် ထုတ်ပေးဖို့အတွက် သုံးတဲ့ ဘက်ထရီအားက တစ်လလောက် ခံတာမို့ ဒီဘက်ထရီ အားမကုန်ခင် ပြန်ပြီး တွေ့အောင် ကြိုးစားနေကြတာပါ။

Black Box က အချက်ပေးတဲ့နေရာကို လိုက်လံပြီး ထောက်လှမ်းတဲ့ အမေရိကန်ရေတပ်က မိုင်တစ်ရာ့ငါးဆယ် အတွင်း ရှာဖွေနိုင်တဲ့ Pinger Locatorနဲ့ ရှာဖွေပေးနေတယ်လို့ Australia လေတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး  Angus Huston က သောကြာနေ့မှာ ပြောပါတယ်။

Black Box ရဲ့ ဘက်ထရီဟာ တနင်္လာနေ့မှာ အားကုန်သွားနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းနေကြတာပါ။ Boeing 777 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းစဉ် လမ်းမှာ ပျောက်ဆုံး သွားတာမို့ နိုင်ငံတကာက ဝိုင်းဝန်းရှာဖွေနေကြတာဖြစ်ပါတယ်။

သောကြာနေ့မှာလည်း လေယာဉ် ၁၄စင်းနဲ့ သင်္ဘောကိုးစီး က ကောင်းကင်ဂြိုလ်တု မှာ အပျက်အစီး အပိုင်းအစတွေ တွေ့နေရတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ ဆက်လက်ရှာဖွေနေတာပါ။ ရှာဖွေရေးကို ဦးဆောင်နေတဲ့ Australia အဖွဲ့က Huston ကတော့ ဒီရှာဖွေရေးအဖွဲ့တွေဟာ ရှာဖွေဖို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Australia က မလေးရှား လေယာဉ် ပျောက်ရှာဖွေနေစဉ်
Australia က မလေးရှား လေယာဉ် ပျောက်ရှာဖွေနေစဉ်
မတ်လ(၈)ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား ဂျက်လေယာဉ်မှာ ပါသွားတဲ့ ပျံသန်းမှု အချက် အလက်မှတ်သားတဲ့စက် Black Box ကို အိန္ဒိယသမုဒ္ဒရာထဲ ရောက်နေတဲ့ ရှာဖွေရေးအဖွဲ့တွေ က ရေအောက်မှာ စတင်ရှာဖွေနေပြီ ဖြစ်ပါတယ်။ Black Box ကနေ အချက်ပေးစနစ် ထုတ်ပေးဖို့ အတွက် သုံးတဲ့ ဘက်ထရီအားက တစ်လလောက် ခံတာမို့ ဒီဘက်ထရီ အားမကုန်ခင် ပြန်ပြီး တွေ့အောင် ကြိုး စားနေကြတာပါ။

လှည်းကူးမြို့မှာ ညမထွက်ရ အမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန်

လှည်းကူး အဓိကရုဏ်း မြင်ကွင်း (ဓါတ်ပုံ- Hlegu Tsp)
မနေ့က၊ သောကြာနေ့ ညနေပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့မှာ မူဆလင်နဲ့ဗုဒ္ဓဘာသာဆိုင်အချင်းချင်း ရန်ဖြစ်ရာကနေ လူစုလူဝေးနဲ့ ဆူပူတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် ညမထွက်ရအမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန် ထားပါတယ်။