Friday, February 22, 2013

ကျော်ကိုကို မြန်မာဘောလုံး ပရိသတ်ကြီးကို တောင်းပန်ပြီ

ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံး ပရိသတ်ကြီးကို အနူးအညွတ် တောင်းပန်လိုကြောင်း မီဒီယာများ နှင့် တွေ့ဆုံသည့် အချိန် တွင် ပြောကြားသည်။

မြို့ကြီးမှာနေမှ ပြည်သူမဟုတ်

       ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ နေထိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ မိုးညှင်းမြို့ အစိုးရနည်းပညာကောလိပ်မှ BE (Electronic)နဲ့ ကျောင်းပြီးထားပါတယ်။ ကျွန်တော်က အခုမှ ပူပူနွေးနွေး ကျောင်းပြီးထားတာဆိုတော့ ကျောင်းနှင့်ပတ်သက်တဲ့ အကြောင်းပဲ ပြောချင်ပါတယ်ခင်ဗျာ။ မြို့ကြီးကျောင်းနဲ့ နယ်ကျောင်း ခွဲခြားနေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပညာကျောင်းများဟာ နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျောင်းများဖြစ်ပါတယ်။

နျူစွမ်းအင် ထုတ်လုပ်ရန် အဆို လွှတ်တော်တွင် ရှုံးနိမ့်

အနာဂတ် စွမ်းအင်လိုအပ်ချက်ကို နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထုတ်ယူ ဖြည့်ဆည်းသင့်ကြောင်း အဆိုကို အမျိုးသား လွှတ်တော်တွင် ယမန်နေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၉မဲ၊ ကန့်ကွက်မဲ ၁၁၀ မဲဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။

ကျော်ကိုကိုနှင့် မီဒီယာများ တွေ့ဆုံနိုင်ရန် စီစဉ်နေ



ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂

ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ထုတ်ပယ်ခြင်းခံရသော တိုက်စစ်မှူးကျော်ကိုကိုအား မီဒီယာများနှင့် တွေ့ဆုံပေးရန်အတွက် စီစဉ်နေကြောင်း ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း အမှုဆောင်အရာရှိချုပ်က ပြောသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏ သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အသင်း၏ အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပျသည့် အပြုအမှုများ လုပ်ဆောင်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမလက်ရွေးစင် အသင်းမှ ထုတ်ပယ်ခြင်း ခံရသည်။

ရွှေတိဂုံသို့ ထိုင်းလူမျိုးများ လာရောက်မှု အများဆုံးဖြစ်ပြီး၊ ပါကစ္စတန်မှ အနည်းဆုံးဖြစ်




ယခုနှစ်အတွင်း ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုတွင်ထိုင်းနိုင်ငံသား  အများဆုံး ၀င်ရောက်လျက်ရှိပြီး ပါကစ္စတန်နိုင်ငံမှအနည်းဆုံးဝင်ရောက်ခြင်း ဖြစ်သည်ဟု ဘုရားဂေါပကအဖွဲ့မှ သိရသည်။

SSA မြောက်ပိုင်းအဖွဲ့ အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များကို မလိုက်နာသဖြင့် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးပြောကြား


ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်
အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်းများအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

အလုပ်သမားရုံးခွဲ တာဝန်ခံများ ကွန်ပြူတာဖြင့် ငွေစာရင်းမပို့တတ်လျှင် အရေးယူမည်ဟုဆို


ရုံး(၇၇)ရုံးရှိ လစဉ်အလုပ်သ မား စာရင်းထည့်ဝင်ကြေး ငွေစာ ရင်းများအားOn LIne (သို့) Off Line  ဖြင့် အချက်အလက်များအား ကွန်ပြူတာ အသုံးပြုကာမပို့ တတ်သည့် ရုံးတာဝန်ခံ များအား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းမှ ဆိုသည်။

Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်


ထိတွေ့မျက်နှာပြင်စွမ်းရည်၊ အဆင့်မြင့် ချစ်ဆက်၊ အလွန်အမင်း တောက်ပသော မျက်နှာပြင်တို့ ပါဝင်သည့် Chromebook လက်တော့သစ် ကို Google က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ဖော် ပြသခဲ့သည်။
သင်ပုန်းကွန်ပျူတာနှင့် လက်တော့ ကွန်ပျူတာ နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့် လက်တော့သစ်ကို ဗြိတိန်နှင့်

ပုဂ္ဂလိက သတင်းစာ ထုတ်လုပ်ခွင့်ပြုရန် စီစဉ်ခြင်းသည် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ဟု Toby Mendel ပြောကြား


general7-feb21မဇ္ဈိမ သတင်းမီဒီယာမှ ဦးဆောင်ကျင်းပသော မီဒီယာဥပဒေနှင့် သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက Micasa ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေနှင့် ဒီမိုကရေစီရေးရာဌာန အမှုဆောင်ဒါရိုက်တာ ကနေဒါနိုင်ငံသား Toby Mendel မှ 'လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အခြေခံမူများ'၊ 'ပုံနှိပ်မီဒီယာ ဥပဒေအတွက် အဓိကကျသော ကိစ္စရပ်များ'၊ 'ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ ဥပဒေများအကြား ခြားနားချက်များ' နှင့် 'သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး' ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးသွားသည်။

"ရေအောက်မြင် အချက်ပြ လေယာဉ်သုံး၍ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေခြင်း မိုးမကျမီ စမည်"

ဓမ္မစေတီ ခေါင်းလောင်း ရှိနိုင်မည့် နေရာများ၌ ခန့်မှန်း ဆယ်ယူခြင်းကို ယခုနှစ် မိုးမကျမီ အကောင်အထည် ဖော်သွားမည်ဟု ယင်းလုပ်ငန်း၌ ပါဝင် ဆောင်ရွက်နေသူ စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

Hottest Fashion Show in Myanmar


Cobra Gold လေ့ကျင့်ခန်းမှ တောတွင်းနေထိုင် စားသောက်ခြင်း သင်ခန်းစာ ဗီဒီယိုဖိုင်

BBC

စံ-ဇာဏီဘို ဟောစာတမ်း မိုဘိုင်းဖုန်းများတွင် ဖတ်နိုင်ပြီ


စံ-ဇာဏီဘို၏ ယခုနှစ် ဗေဒင်ဟောစာတမ်း Application ကို မိုဘိုင်းဖုန်း များတွင် ထည့်သွင်းဖတ်ရှုနိုင်ပြီဖြစ်သည်။
အဆိုပါဗေဒင် Application များကို Android ဖုန်းများတွင် သုံးစွဲနိုင် ရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား

ထိုင်းနိုင်ငံ တွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး ဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာ ဘက်က  ကော်မတီ ဖွဲ့ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ  နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့

အိန္ဒိယဗုံးကွဲမှု အမေရိကန် ပြစ်တင်ဝေဖန်

 အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးပါက်ကွဲမှုဖြစ်ပွါးစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃။)
India နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၁၂ ယောက်ထက် မနည်းသေဆုံးပြီး ၇၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ မြို့ထဲက လူစည်ကားတဲ့ Dil Sukh ရပ်ကွက်က ရုပ်ရှင်ရုံတခု အပြင်ဖက်နဲ့ အနားက ကားမှတ်တိုင် တခုမှာ ကြာသပတေးနေ့ညပိုင်းက မိနစ်ပိုင်းပဲခြားပြီး ဗုံး ၂ လုံးထက် မနည်းပေါက်ကွဲခဲ့တယ်လို့ ရဲကပြောပါတယ်။ စက်ဘီးတွေမှာ ဗုံးတွေ ထောင်ထားတာဖြစ်တယ်လို့ ရဲကဆိုပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

Photo: NLD facebook
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အအုံဝင်းအတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ဥပဒေခုံရုံး ဥက္ကဌ နေရာ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ အကြံပြု

2013-02-21
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း က ယခုလိုပြောကြားခဲ့ပါတယ်။
"နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်တာကြောင့် ဥက္ကဌ ရာထူးရွေးချယ်မှုတွင် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရှိသော

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနဲ့ အမေရိကန်ဆွေးနွေး


မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ ပြန်လည်ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ အမေရိကန် အစိုးရတို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြပါတယ်။
(၉) နှစ်ကြာ လုပ်ငန်းတွေရပ်ဆိုင်းခဲ့အပြီး၊ ဒီနှစ်အစောပိုင်းမှာ ပြန်လည်စတင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ မြန်မာအရာရှိတွေ သဘောတူညီခဲ့ကြတာပါ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/22/id-2711