Sunday, July 13, 2014

ကမ္ဘာ့အချမ်းသာဆုံး စူပါမော်ဒယ်များ


မော်ဒယ်တစ်ဦး၏ ပရော်ဖက်ရှင်နယ် ဘဝတွင် အမြင့်ဆုံး မျှော်လင့်ချက်မှာ ကမ္ဘာ့အကျော်ကြားဆုံး စူပါမော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ရေး သာ ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်ထင်ရှားလာသည့် စူပါမော်ဒယ်တစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသော အခြေအနေ တစ် ရပ် မဟုတ်ချေ။

လန်ဒန်ရှိုးပွဲမှန်သမျှ မလွတ်တမ်း တက်ရောက်မည့် လင်ဆေးလိုဟန်

Photo: လန်ဒန်ရှိုးပွဲမှန်သမျှ မလွတ်တမ်း တက်ရောက်မည့် လင်ဆေးလိုဟန်
Sunday, July 13, 2014 

လင်ဆေးလိုဟန်သည် ယခုနှစ်ကုန်ပိုင်းတွင် “SpeedThePlow” ပြဇာတ်တွင် သရုပ်ဆောင်ရန် ရှိသော်လည်း လန်ဒန်၌ ကျင်းပမည့်ရှိုးပွဲ မှန်သမျှကို မလွတ်တမ်း တက်ရောက်မည်ဟု ဇူလိုင် (၁၁) ရက်တွင် ဘီဘီစီမှ အနုပညာ အယ်ဒီတာ ဝီလ်ဂွမ်းပတ်ဇ်သို့ ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။

“SpeedThePlow” ပြဇာတ်ကို ဒါရိုက်တာ ဒေးဗစ်မမ်မတ်က စီစဉ်ခြင်းဖြစ်ပြီး၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ အရက်စွဲနေသူ ပါတီညလုံးပေါက် တက်သူအဖြစ် ဝေဖန်ခံနေရသော လင်းဆေးကို ၎င်း၏ ပင်ကိုယ်စွမ်းရည်ကြောင့် ယင်းပြဇာတ်တွင် ပါဝင်ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။ အဆိုပါပြဇာတ်ကို လန်ဒန်မြို့တွင် စက်တင်ဘာလမှ နိုဝင်ဘာလအထိ သီတင်းပတ်(၁ဝ) ပတ်ကြာကပြမည်ဖြစ်ရာ လင်ဆေးအဖို့ ယင်းကာလအတွင်း နာမည်နှင့် ဂုဏ်သိက္ခာပြန်ဆယ်ရန် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း လင်ဆေးကအယ်ဒီတာ ဝီလ်ကိုပြောကြားခဲ့သည်။

လန်ဒန်တွင် ဖျော်ဖြေရမည့် အတွက် စိတ်လှုပ်ရှားသလို၊ အဆင့်တစ်ခုချင်း မတူညီမှုကို ခံစားရကြောင်း၊ အဆိုပါ အတွေ့အကြုံသစ်ကိုလည်း လိုချင်ကြောင်း၊ လန်ဒန်မြို့သို့ အပြီးရွှေ့ပြောင်းနေထိုင်ရန်လည်း စဉ်းစားနေသည်ဟု လင်ဆေးက ဆက်လက်ပြောကြားသည်။

Mizzima - News in Burmese
လင်ဆေးလိုဟန်သည် ယခုနှစ်ကုန်ပိုင်းတွင် “SpeedThePlow” ပြဇာတ်တွင် သရုပ်ဆောင်ရန် ရှိသော်လည်း လန်ဒန်၌ ကျင်းပမည့်ရှိုးပွဲ မှန်သမျှကို မလွတ်တမ်း တက်ရောက်မည်ဟု ဇူလိုင် (၁၁) ရက်တွင် ဘီဘီစီမှ အနုပညာ အယ်ဒီတာ ဝီလ်ဂွမ်းပတ်ဇ်သို့ ပြောကြားခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ကြေညာထားသည်။

ညစ်ညမ်းပုံများ ပြသ၍ ကျောင်းသူနှစ်ဦးအား မဖွယ်မရာပြုသည့် ဆရာကို အမှုဖွင့်

အသက် (၉) နှစ်အရွယ် စတုတ္တတန်းကျောင်းသူနှစ်ဦးကို အတန်းပိုင်ကျောင်း ဆရာက နှိပ်ခိုင်းကာ လက်ကိုင်ဖုန်းအတွင်းမှ ညစ်ညမ်းဓါတ်ပုံ များပြသ၍ မဖွယ်မရာပြုမှုတစ်ခုအား စစ်ကိုင်းမြို့မရဲစခန်းမှ ဇူလိုင် ၁ဝ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့သည်။