Thursday, May 22, 2014

မင်းကွန်းပုထိုးတော်ကြီးပေါ်တက်ရောက်ပြီး အန္တရာယ်ဖြစ်ပါက မိမိတို့နှင့်မသက် ဆိုင်ဟု ရှေးဟောင်း သုတေသနဆို

အန္တရာယ်ရှိနယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသည့် မင်းကွန်း ယဉ်ကျေးမှုနယ်မြေရှိ ပုထိုး တော်ကြီးပေါ် တက်ရောက်ခြင်းမပြု ရန် တားမြစ်ထားခြင်း အား ဖောက်ဖျက် တက်ရောက်ပြီး အန္တရာယ် တစ်စုံ တစ်ရာဖြစ်လျှင် တာဝန်ယူမည် မဟုတ် ဟု စစ်ကိုင်းတိုင်း ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ပြီးခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာ တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ် ကြောင့် ယင်းနယ်မြေရှိ မင်းကွန်းပုထိုး တော်ကြီး၏ အရှေ့မြောက်ဘက်ထောင့် တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာပြီး အုတ်သားများပဲ့ကြွေလာသ ဖြင့် အန္တရာယ်ရှိသော နယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကာ ပုထိုး တော်ကြီးပေါ်သို့ တက်ရောက်ခြင်း မပြုရန် တားမြစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ငွေ ၂၀၀၀ ကျပ် ဒုသမ္မတ ပြောဆိုချက် တလွဲအဓိပ္ပာယ်ကောက်ဟုဆို

တရက်ကို ၀င်ငွေ ကျပ် ၂၀၀၀ ရှိရင် လုံလောက်ဟု မြန်မာ့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောဆိုချက်ဟာ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူတာဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရက ပြောပါတယ်။မေ ၁၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွား ဘ၀မြင့်တင်ရေး အခမ်းအနား အပြီး အရစ်ကျ အနှေးယာဉ် ၀ယ်ယူသူများနဲ့ တွေ့ဆုံရာမှာ “တရက်ကို ၂ ထောင်ကျော်ဆိုရင် ရပ်တည်ဖို့ လောက်ပြီပေါ့ ဒီထက်နည်းနည်း ပိုရရင် အဆင်ပြေပြီ” လို့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြော ကြားခဲ့တာကို ကိုးကားပြီး ရန်ကုန်အခြေစိုက်လူထုပုံရိပ်ဂျာနယ်မှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ တကယ် သိမ်းလိုက်ပြီ

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ မေလ ၂၀ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမယ့် အာဏာသိမ်းတာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး အခုနောက်ဆုံး ဒီကနေ့မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်တယ်လို့ ထိုင်း ပီဘီအက်စ် သတင်း ဋ္ဌာနက ကြေညာလိုက်ပါပြီ။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာ့တပ်မတော်နှင့် RSO အဖွဲ့တိုက်ပွဲဖြစ်ပွားမှုများတွင် RSO အဖွဲ့မှ ၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ

မကြာသေးမီ ရက်ပိုင်းအတွင်း မောင်တောပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် RSO ကုလားဆိုးသောင်းကျမ်းသူအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO အဖွဲ့မှ ၆ ဦးကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း  ဒဏ်ရာရရှိသူ ၇ ဦးမှ ၄ ဦးမှာ အဆိုပါဒဏ်ရာဖြင့်ပင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း သေဆုံးသွားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ ပထမ တိုက်ပွဲဖြစ်တာက မေလ ၁၃ ရက်နေ့ကပါ။ မြန်မာ့တပ်မတော်က တပ်ခွဲတစ်ခွဲနဲ့  မြန်မာနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားနေတာ RSO ၅၀ လောက်နဲ့ တိုက်ပွဲဖြစ်တယ်။   RSO က ၆ ယောက်သေတယ်။ ၇ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်အစွန်းရောက်အဖွဲ့တွေ က ထောက်ပံ့ထားတဲ့ ဆေးရုံမှာ ကုသတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်ဟု ပြောဆိုခဲ့သည်။