Thursday, April 18, 2013

ဆိုက်ပရပ်စ် ရွှေထုတ်ရောင်းတဲ့ ဂယက် မြန်မာဈေးကွက် လာရိုက်


ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရောင်းချရန် ပြသထားသည့်ရွှေများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည် ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ၀ယ်သူ ရောင်းသူ များဖြင့် ဈေးကွက်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အများပိုင်တော ရောင်းချနေ


Photo: DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အများပိုင်တော ရောင်းချနေ

Thursday, April 18,2013

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကွင်းကလေး၊ သယ်ဖာထော၊ မောင်းကဲခီးနှင့် ကော့တနော် စသည့်ကျေးရွာတို့မှ အများပိုင်တောများကို ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်-DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့၏ လက် အောက်ခံတပ်ဖွဲ့များက ခုတ်ထွင်ရှင်းလင်းပြီး ရောင်းချလျှက် ရှိကြောင်း သိရသည်။

၂၀၁၃ခု နှစ်ဆန်းပိုင်းမှစ၍ DKBA ကလို့ထူးဝါးဗျူဟာမှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီးဘငြိမ်း၏ လက်အောက်ခံ တပ်ဖွဲ့ ၀င်များနှင့် KNU/KNLA တပ်ဖွဲ့ဝင်လက်အောက်ခံ သာအေး (ခေါ်) ဗိုက်ပူကြီးဆိုသူတို့က ထိုဒေသရှိတောများကို တောင်ယာကဲ့ သို့ သစ်၊ ၀ါးများ ခုတ်ထွင်ရှင်းလင်း မီးရှို့ပြီးနောက် ကျိုက်ဒုံမြို့ရှိ သူဌေးများအား ရာဘာပင်စိုက်ရန် ရောင်းချပေးခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခု သစ်တောလာခုတ်တဲ့ DKBA နဲ့ KNU/KNLA တပ်ဖွဲ့ဝင်တွေဟာ ပူးပေါင်းလုပ်တာတော့ မဟုတ်ဘူး။ သူတို့က မြေ ကွက်တွေချပြီး သူ့နေရာနဲ့သူ လုပ်နေကြတာဖြစ်တယ်။ ကျနော်တို့ကတော့ ကြောက်လို့ ဘာမှ မပြောရဲကြဘူး။ အခု ခုတ်ထား တဲ့နေရာအပြင် ထပ်မံ ချဲ့ထွင်မှာကို စိုးရိမ်တယ်”ဟု ပြောဆိုသည်။

အဆိုပါဒေသရှိ အများပိုင်တောတွင် ပေါက်ရောက်နေသော သစ်၊ ၀ါးနှင့် အင်ဖက်များကို ဒေသခံများက နေအိမ်ဆောက် လုပ်ရာ၌ အသုံးပြုလျှက်ရှိရာ ယခုလို ခုတ်ထွင်ရှင်းလင်း ရောင်းချမှု များပြားလာပါက နေထိုင်ရေး ခက်ခဲလာနိုင်သလို သဘာဝပတ်ဝန်း ကျင်ကိုပါ ထိခိုက်လာနိုင်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိအချိန်တွင် ခုတ်ထွင်ရှင်းလင်း၍ မီးရှို့ခံရသည့် တောမြေကွက်နှစ်ခုရှိပြီး တစ်ကွက်လျှင် ၃ဧကခန့်ရှိကြောင်း ထိုနေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ကရင်လူငယ်အစည်းအရုံး-KYO ၏ ဒူးပလာယာခရိုင် စည်းရုံးရေး တာဝန်ခံ စောယိုရှီးက ကေအိုင် စီသို့ ပြောသည်။

စောယိုရှီးက “အဲဒီဒေသက ခုတ်ထားပြီး မီးရှို့ထားတဲ့ နေရာတစ်ခုကို အခုရက်ပိုင်းက ကျနော် သွားရောက်ခဲ့တယ်။ ခုတ်ထွင် ရှင်းလင်းထားတဲ့နေရာမှာ လွှနဲ့ ဖြတ်ထားတဲ့ သစ်လုံးတွေ အပုံလိုက် ထားတာတွေ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်တဲ့သူ တွေကို ဒေသခံတွေက မပြောရဲကြဘူး။ ကျနော်တို့က ပြည်သူဘက်က ရပ်တည်ပြီး တတ်နိုင် သလောက် ကူညီသွားဖို့ ရှိတယ်” ဟု ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒီကေဘီအေ ဆက်ဆံရေးရုံး တာဝန်ခံတစ်ဦးထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းသော်လည်း ဆက် သွယ်၍ မရရှိခဲ့ပေ။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွင်းကလေး၊ သယ်ဖာထော၊ မောကဲခီးနှင့် ကော့တနော် စသည့်ကျေးရွာတို့မှ အများပိုင်တော သည် ဒေသခံများ နှစ်ပေါင်းများစွာ အမှီသဟဲပြုနေရသည့် တောများဖြစ်သည်။

KIC

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကွင်းကလေး၊ သယ်ဖာထော၊ မောင်းကဲခီးနှင့် ကော့တနော် စသည့်ကျေးရွာတို့မှ အများပိုင်တောများကို ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်-DKBA နှင့် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီတို့၏ လက် အောက်ခံတပ်ဖွဲ့များက ခုတ်ထွင်ရှင်းလင်းပြီး ရောင်းချလျှက် ရှိကြောင်း သိရသည်။

နိုင်ငံဝန်ထမ်းများကို ဖုန်းဆင်းကတ် အချိုးကျ ရောင်းချပေးမည်

ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ်တွေ ရောင်းချပေးတဲ့အခါ နိုင်ငံဝန်ထမ်းတွေကို အချိုးချပြီး ခွဲဝေရောင်းချဖို့ စီစဉ်ထား တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

သမ္မတလမ်းကြောင်းမှ အတားအဆီးများကို ကျော်လွှား ရန်ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်




မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေ သည့်တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ပါသည်။

ပြုပြင်ပြောင်းလဲရေးများမှာ စစ်တပ်အပေါ် မူတည်ဟု မြန်မာအတိုက်အခံ ခေါင်းဆောင်ပြော

Photo: ပြုပြင်ပြောင်းလဲရေးများမှာ စစ်တပ်အပေါ် မူတည်ဟု မြန်မာအတိုက်အခံ ခေါင်းဆောင်ပြော

Thursday, April 18,2013


မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ ပရိသတ်များကို ပြောကြားရာတွင် မြန်မာနိုင်ငံမှဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်ရန် မရှိသေးကြောင်း၊ အားကောင်းသောစစ်တပ် အပေါ်တွင်သာ မူတည် လျှက်ရှိသေးကြောင်း ပြောခဲ့ပါသည်။

နိုင်ငံရေးသုံးသပ်သူများကပြောကြားရာတွင် အဆိုပါမိန့်ခွန်းသည် နိုဘယ်ဆု ရှင် အနေဖြင့် စစ်တပ်နှင့် သူ့ပါတီ၏ နိုင်ငံရေးရည်မှန်းချက်များကြားတွင် ဆက်ဆံရေးကို ချိန်ခွင်လျှာညီအောင် လုပ်ဆောင်နေကြောင်း ပြသသည့်
လက္ခဏာတရပ်ဖြစ်ကြောင်းဆိုကြပါသည်။

ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်တွင်မိန့်ခွန်းပြောကြားရာ တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ဒီမိုကရေစီ
လမ်းကြောင်းပေါ်တွင်စတင်လျှောက်လှမ်းနေပြီဖြစ်သော်လည်း ယခုအထိ ရလဒ်များသည် ခိုင်မာသည့်အဆင့်တွင် မရှိသေးကြောင်း
ဆိုခဲ့ပါသည်။

“လူတိုင်းကကျွန်မကို မေးတဲ့ မေးခွန်းရှိတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီလုပ်ငန်းစဉ် နောက်ပြန်လှည့်နိုင်သလားဆိုတာပေါ့။ ကျွန်မ
ရိုးရိုးလေးပဲ ပြောပါမယ်။ စစ်တပ်က နောက်ပြန်လှည့်ဖို့ လက်ခံရင် ပြန်လှည့်သွားနိုင်တယ်”ဟုဆိုပါသည်။

မြန်မာနိုင်ငံမှခေါင်းဆောင်များသည် နိုင်ငံခြားမှ နိုင်ငံရေးသတင်းသမားများနှင့် နိုင်ငံခေါင်းဆောင်များ၏ချီးကျူးမှုကို ခံရပါသည်။

နိုင်ငံတကာက မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုဒီမိုကရေစီ တံခါးဖွင့်မှု၏ လက္ခဏာအဖြစ် လက်ကမ်းကြိုဆိုခဲ့ကြပါသည်။


သို့သော်ဒေါ်အောင်ဆန်းစုကြည်၏ ယခုအပတ်မိန့်ခွန်းသည် သူနှင့်လည်းကောင်း၊ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် လည်းကောင်း၊ တိုင်းပြည်တွင် အာဏာအရှိဆုံးစစ်တပ်ကြား ရှုပ်ထွေးသော ဆက်ဆံရေးကို အလေးပေးဖော်ပြသကဲ့သို့ရှိပါသည်။

နိုင်ငံရေးသုံးသပ်သူများကပြောကြားရာတွင် စစ်တပ်ကရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေကို ပြောင်းလဲလိုသော NLD ၏ ဆန္ဒသည်အတော် ညှိယူရမည့်ကိစ္စဖြစ်သည်ဟု ဆိုပါသည်။

အခြေခံဥပဒေတွင် လွှတ်တော်၌ စစ်တပ်က ၂၅ % နေရာယူထားပြီး
ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် ခွင့်မပြုထားပေ။

ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှဦးအောင်သူငြိမ်းက ပြောကြားရာတွင် အတိုက်အခံသည် အလွန်ခက်ခဲသောနေရာတွင် ရှိကြောင်း၊ အဘယ်
ကြောင့်ဆိုသော် ၎င်းအပေါ် စစ်တပ်၏ ထောက်ခံမှုလိုအပ်နေသောကြောင့်ဟု ဆိုပါသည်။ “ဒေါ်အောင်ဆန်းစုကြည်အတွက်စစ်တပ်နဲ့ ဆက်ဆံရေးဟာ သိမ်မွေ့တဲ့အခြေအနေပါ။

စစ်တပ်ဟာ လွှတ်တော်မှာ ၂၅ % နေရာယူထားပြီးအခြေခံဥပဒေ
ပြုပြင်ပြောင်းလဲရေးအပေါ် သူတို့သြဇာကြီးပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြည်ထဲရေးလိုနယ်စပ်စည်ပင်လို ဝန်ကြီးဌာနတွေကို စစ်တပ်ကပဲ ထိန်းချုပ်ထားပါတယ်”ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD သည် လွှတ်တော်တွင်းသို့ ရောက် လာပြီးကတည်းက သမ္မတဦးသိန်းစိန်၏ အာဏာရပါတီအပေါ် လုံလောက်သောစိန်ခေါ်မှု မလုပ်နိုင်ခဲ့ကြောင်း နိုင်ငံရေးနှင့် လူ့အခွင့်အရးလှုပ်ရှားသူများက ဝေဖန်ကြပါသည်။

“ပြောင်းပြန်ဖြစ်သွားတယ်။သူနေအိမ်အကျယ်ချုပ်ကျတုန်းက အသံပိုကျယ်တယ်။ လွတ်လာပြီးတဲ့နောက် ငြိမ်သွားတယ်။ကျွန်တော်
တို့ကကိစ္စရပ်တွေ ဖော်ထုတ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ကိစ္စရပ်တွေ ဖော်ထုတ်လာရင် စစ်တပ်နဲ့ပဋိပက္ခရှိနိုင်ပေမယ့်
ပြောလာလိမ့်မယ် ထင်ထားတာ”ဟု ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဗဟိုမှတွဲဖက်ပါမောက္ခ Pavin Chachavalpongpun က ပြောပါသည်။

တိုင်းရင်းသားကိစ္စနှင့်ဘာသာရေးအရ ပြင်းထန်သော ဖြစ်ရပ်များကိစ္စတွင် ထုတ်ဖော်ပြောကြားခြင်းမရှိမှုအတွက် ဒေါ်အောင်ဆန်းစုကြည် မှာဝေဖန်ခံခဲ့ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အသိုင်းအဝိုင်းများကို ကာကွယ်ပြောကြား ရန်နှင့်ဗုဒ္ဓ္ဓဘာသာဘုန်းကြီးများတိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုနေခြင်းများအတွက် ပြောကြားရန် ငြင်းဆန်ခဲ့ပါသည်။

ဂျပန်နိုင်ငံသို့တစ်ပတ်ကြာခရီးစဉ်အပြီး တိုကျိုတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်ကတရားဥပဒေ
စိုးမိုးရေးကို ထူထောင်ခြင်းမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်ကြောင်းဆိုပါသည်။

“မြန်မာနိုင်ငံမှာနှစ်ပေါင်းငါးဆယ်လောက် တရားဥပဒေစိုးမိုးမှုမရှိခဲ့ပါဘူး။ အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်လာ ပါတယ်။ အခုမှ ပြန်ထူထောင်ဖို့ ကြိုးစားနေရပါတယ်”ဟု၎င်း က ပြောကြားသည်။

နိုင်ငံရေးသုံးသပ်သူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မူဆလင်ကိစ္စပြောကြားပါက ၎င်းအားထောက်ခံ
သည့်မြန်မာအများစု ၏ တစိမ်းတရံစာအဖြစ် သတ်မှတ်ခြင်းကို ခံရနိုင်သည်ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုအများက ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု မျှော်လင့်နေပါသည်။

(17April 2013 ရက်စွဲပါ VOA News မှ Daniel Schearf ရေးသားသော Burma oppositionleader says Reforms depend on Military ကို ဘာသာပြန်ပါသည်)

Posted From Yangon Chronicle
 
Thit Htoo Lwin blog မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ ပရိသတ်များကို ပြောကြားရာတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်ရန် မရှိသေးကြောင်း ၊ အားကောင်းသောစစ်တပ် အပေါ်တွင်သာ မူတည် လျှက်ရှိသေးကြောင်း ပြောခဲ့ပါသည်။

စွမ်းအားမြင့် ဘက်ထရီ ထုတ်လုပ်နိုင်ပြီ

သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်လာပြီး ဧပြီလ ၁၈ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၈၉၇ကျပ်အထိ ဖြစ်နေ

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်ကာလ အတွင်း ပြင်ပဈေးကွက် ၌ နိုင်ငံခြားငွေ လဲနှုန်း မြင့် တက်လျက်ရှိပြီး ဧပြီလ ၁၈ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျင် ၀ယ်ဈေး ၈၉၀ကျပ် ၊ ရောင်းဈေး ၈၉၇ ကျပ်အထိ ဖြစ်နေကြောင်း ပြင်ပ ငွေကြေးဈေးကွက်ထံမှ သတင်းရရှိသည်။

အမေရိကန်သမ္မတထံ အဆိပ်ပါသည့်စာ ပေးပို့သူကို ဖမ်းဆီး

အမေရိကန်သမ္မတထံ အဆိပ်ပါသည့်စာ ပေးပို့သူကို ဖမ်းဆီး

Thursday, April 18,2013

အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပါအ၀င် အစိုးရ အရာရှိတွေဆီကို သေစေနိုင်တဲ့ အဆိပ်ဓာတ်ပါတဲ့စာတွေ ပို့တယ်လို့ ယူဆရသူ မစ္စစ္စပီပြည်နယ်က ပေါလ် ကယ်ဗင်ကတ်တစ်ကို မသင်္ကာမှုနဲ့ မနေ့က ဖမ်းလိုက်ပြီလို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) က ပြောပါတယ်။ 

အမေရိကန် စာတိုက်ဝန်ဆောင်မှု စစ်ဆေးရေးဌာနကတဆင့် သမ္မတအိမ်ဖြူတော်၊ ရီပက်ပလီကန်အမတ် ရော်ဂျာဝစ်ခါနဲ့ မစ္စစ္စပီ ပြည်နယ် တရားသူကြီး တယောက်ထံကို လိပ်မူပြီး ရစ်စင် အဆိပ်တမျိုးပါတဲ့ စာ ၃ စောင်ကို ပေးပို့ခဲ့သူဟာ ကက်တစ်ဖြစ်နိုင်တယ်လို့ အက်ဖ်ဘီအိုင်က သံသယရှိပြီး ဖမ်းဆီးလိုက်တာပါ။ 

ရစ်စင်အဆိပ်ဟာ ဖြေဆေးမရှိတဲ့ အဆိပ်တမျိုးဖြစ်ပြီး ရှုရှိုက်မိတဲ့အခါ၊ ကိုယ်ထဲကို ထိုးသွင်းခံရတဲ့အခါမှာ သေစေနိုင်တဲ့ အဆိပ်တမျိုးဖြစ်လို့ သိရပါတယ်။ 

အိမ်ဖြူတော်ပို့လိုက်တဲ့စာကို စာအိတ်စစ်ဆေးရေးဌာနက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ဆိုပါတယ်။ စာထဲမှာ ‘အမှားကို သိလျက်နဲ့ မဖော်ထုတ်တာဟာ မကောင်းမှုကို တိတ်တဆိတ် အားပေးတာနဲ့ အတူတူပဲ’ ဆိုတဲ့ သဘောပါတဲ့ စာသားကို ရေးထားပြီး ကေစီဆိုသူက လက်မှတ်ထိုးထားတယ်လို့ ဆိုပါတယ်။ 

မသင်္ကာမှုနဲ့ ဖမ်းဆီးထားတဲ့ မစ္စတာ ကတ်တစ်ဟာ  အစိုးရအရာရှိတွေကို အန္တရာယ်ပြုမှု၊ အစုလိုက်အပြုံလိုက် သေစေလောက်တဲ့ လက်နက်ပိုင်ဆိုင်မှုစတဲ့ စွဲချက်တွေနဲ့ ပြည်နယ်တရားရုံးမှာ တရားစွဲခံရဖွယ် ရှိပါတယ်။ 

DVB

အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပါအ၀င် အစိုးရ အရာရှိတွေဆီကို သေစေနိုင်တဲ့ အဆိပ်ဓာတ်ပါ တဲ့စာတွေ ပို့တယ်လို့ ယူဆရသူ မစ္စစ္စပီပြည်နယ်က ပေါလ်ကယ်ဗင်ကတ်တစ်ကို မသင်္ကာမှုနဲ့ မနေ့က ဖမ်းလိုက်ပြီလို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) က ပြောပါတယ်။

အမေရိကန်ပြည်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ ဧပြီလ အဖြစ်အပျက်များ

ဧပြီလ ၁၅ ရက်နေ့ ဘော်စတွန်မြို့၊ Patriot နေ့အထိမ်းအမှတ် မာရသွန်ပြေးပွဲမှာ အကြမ်းဖက်သူတွေက ဗုံးထောင်လို့ လူ ၃ ဦး သေပြီး လူ ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လူ ၁၂ ဦး ခန့်ဟာ ဒဏ်ရာပြင်းထန်ပါတယ်။ လူအချို့ဟာ သူတို့ ခြေတွေ လက်တွေ ဖြတ်ပစ်ရတဲ့အထိ ထိခိုက်ခဲ့ကြပါတယ်။ အကြမ်းဖက်သမားက ဟင်းချက်တဲ့ ပေါင်းအိုးထဲမှာ သံတွေ၊ ဘောစိတွေ၊ ယမ်းတွေထည့်ပြီး လက်လုပ်ဗုံးနဲ့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အမှု ကို ပြည်နယ် နဲ့ ပြည်ထောင်စုအဆင့်အထိ အင်အားကုန်၊ အာဏာကုန်သုံးပြီး ဖော်ထုတ် စုံစမ်းလျက်ရှိပါတယ်။

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၌ အောင်စာရင်းများ ထုတ်ပြန်ကြေညာ



၂၀၁၂-၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၌ အခြေခံ ပညာစာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဧပြီလ (၁၈) ရက်နေ့တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် အသီးသီး ထုတ်ပြန်ကြေညာခဲ့ပြီး သူငယ်တန်းမှ န၀မတန်းအထိ အတန်းစဉ်အလိုက် အောင်ချက်ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း သိရှိရပါသည်။

မကြာမီရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်

AddThis Social Bookmark Button
1500cdmamobilephone-april17
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ရောင်းချမည့် အစီအစဉ် ကြေညာ ထားသည်ကို တွေ့ရစဉ်

မကြာမီ ရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ရပ်ကွက်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် တန်ဖိုးနည်းဖုန်းများကို မဲနှိုက်ရောင်းချပေးနိုင် ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားထားကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် လစဉ် ခွဲတမ်းအလိုက် တစ်လတစ်ကြိမ် မဲနှိုက်ရောင်းချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်နက်ရောင်းဝယ်မှုများမှ လွဲ၍ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ အားလုံးကို EU က ရုတ်သိမ်းပေးမည်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသော အားဖြင့် ဥရောပသမဂ္ဂ (EU) က လက်နက်ရောင်းဝယ်မှုများမှလွဲ၍ မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ အားလုံး ကို လာမည့်အပတ်အတွင်း ဖယ်ရှားပေးလိမ့်မည်ဟု ဧပြီ ၁၇ ရက်နေ့က EU မှထွက်ရှိလာသော အထောက်အထား တစ်ရပ်အပေါ် ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။

အလွယ်ကူဆုံး အိမ်သုံး ခြင်ဖမ်းကိရိယာ

အလွယ်ကူဆုံး အိမ်သုံး ခြင်ဖမ်းကိရိယာ

Thursday, April 18,2013

မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့စိတ်ညစ်နေပါသလား ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေပါသလား... ခြင်အန္တရာယ်
ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နေပါသလား
. လျှပ်စစ်ခြင်ဖမ်းစက်တွေအလွယ်တကူမဝယ်ယူနိုင်တဲ့နေရာမျိုးရောက်နေ
ပါသလား... ဒီပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနိုင်ဖို့ တရုတ်တိုင်ပေ (ထိုင်ဝမ်) က ကျောင်းသားလေးတွေ တီထွင်ခဲ့တဲ့ အိမ်သုံးခြင်ဖမ်းကိရိယာ
လေးကို ကိုယ်တိုင်လုပ်ကြည့်လိုက်ကြရအောင်...

လိုအပ်မယ့်ပစ္စည်းတွေကတော့
ရေ
သကြားအညို >>> ၅၀ ဂရမ်
တဆေး (yeast) >>> ၁ ဂရမ် နဲ့
၂ လီတာဆံ့ ရေသန့်ဘူးခွံ့တစ်ဘူးတို့ဖြစ်ပါတယ်...

တခြားဟာတွေက ပြဿနာမရှိပေမဲ့ တဆေးကိုတော့ ရှင်းဖို့လိုမယ်ထင်
ပါတယ်... တဆေးအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးမှာသုံးကြပါတယ်... ဒီနေရာမှတော့ ပေါင်မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ တဆေးရှိရင်ရပါပြီ... အလွယ်တကူဝယ်လို့မရဘူးဆိုရင်တော့ ကိုယ့်ဘာသာလုပ်နိုင်ပါတယ်... သစ်သီးအစိတ်တွေ.. ဒါမှမဟုတ်သစ်သီးခြောက်တွေကို ပုလင်းအလွတ်ထဲ
ရေမပြည့်တပြည့်ထည့်ပြီးစိမ်ထားပါ... အဖုံးကိုတော့ ခပ်ချောင်ချောင်လေးဖုံး
ထားရင်ရပါပြီ... ပိုမြန်ချင်ရင်တော့ ပုလင်းထဲ သကြားနည်းနည်းထည့်ထားပါ
... ရက်နည်းနည်းကြာလာရင် အမြှုပ်ကလေးတွေထလာပြီး အနံ့ကလည်း
ဝိုင်နံ့လိုထွက်လာပါလိမ့်မယ်.. ဒါဆိုရင် သုံးလို့ရပါပြီ... အချဉ်ဖောက်လိုက်တဲ့
သဘောပါပဲ...

ကဲ ခြင်ဖမ်းတဲ့ဖက်ကို ပြန်သွားလိုက်ကြရအောင်..ပထမဆုံး ရေသန့်ဘူးခွံ
ကို အလယ်ကနေဖြတ်လိုက်ပါ... သကြားညိုနဲ့ ရေနွေး ၂၀၀ မီလီမီတာ
လောက်ကိုအရင်ဖျော်ပါ... အအေးခံပါ... ၄၀ံ C လောက် အေးသွားပြီဆိုရင်
ဖြတ်ထားတဲ့ ရေသန့်ဘူးရဲ့ အောက်ပိုင်းထဲကိုလောင်းထည့်ပါ... ပြီးရင် တဆေး (yeast) ကိုထပ်ထည့်ပါ... မွှေစရာမလိုပါဘူး... အဲ့ဒီကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေပါလိမ့်မယ်... ပြီးရင် ရေသန့်ဘူး
အပေါ်ပိုင်းကို ဘူးအခြေပိုင်းမှာ ပြောင်းပြန်ပြန်စွပ်လိုက်ပါ... ပုံမှာပြထား
သလိုပါပဲ... သေချာအောင်တိပ်နဲ့ကပ်ထားရင်ပိုကောင်းပါတယ် ရေသန့်ဘူး
ကို အနက်ရောင်တစ်ခုခုနဲ့ပတ်ထားလိုက်ပါ... အပေါ်ပိုင်းကိုတော့ အလွတ်
ထားပါ... ပြီးပြီဆိုရင် သင့်အိမ်ရဲ့ ထောင့်တစ်နေရာရာမှာချထားလိုက်ပါ...

နှစ်ပတ်လောက်ကြာတဲ့အခါ ရေသန့်ဘူးထဲမှာ ခြင်တွေအများကြီးရောက်နေ
ပြီး သေနေတာကိုတွေ့ရပါလိမ့်မယ်... အထဲမှာရောစပ်ထားတာတွေကိုတော့
နှစ်ပတ်တစ်ကြိမ်လဲပေးဖို့လိုပါမယ်.... ခြင်များတဲ့ဒေသမှာရောက်နေလို့ပဲ
ဖြစ်ဖြစ် သင့်အိမ်ထဲမှာခြင်တွေရှင်းအောင်လုပ်ချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်း
လေးကိုစမ်းပြီး အသုံးပြုကြည့်လိုက်ပါ... တကယ်အသုံးဝင်ပါလိမ့်မယ်...

တဆေး (yeast) လုပ်နည်းလေးတွေကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ်...
http://readynutrition.com/resources/survival-food-series-3-ways-to-naturally-make-yeast_02032011/

Ref: shambala.it
နှိုင်းရင့်နွေ

မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့ စိတ်ညစ်နေပါသလား ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေး ထိခိုက်မှာစိုးရိမ်နေပါသ လား... ခြင်အန္တရာယ် ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ် မတည့်တာ မျိုးဖြစ်နေပါသလား

ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5

ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5

ပုံမှာ ပြထားတဲ့ iPhone 5 ရဲ့  ကာလတန်ဖိုးက ဗြိတိန်ပေါင် ၁၀ သန်း အထက်မှာ ရှိပါတယ်။

ဗြိတိန်အခြေဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့် အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။

အခြား ကိုယ်အစိတ်အပိုင်းတွေကိုတော့ စိန်၊ရွှေ အစေ့ပေါင်း ၈၀၀ ကျော်နဲ့ အလှဆင်ပါတယ်။ အလေးချိန်အားဖြင့် ၁၃၅ ဂရမ် မက လေးစေပါတယ်။ ကာဗာအနေနဲ့ မဟုတ်ပဲ၊ iPhone 5 အသားပေါ် အသေ အလှဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကြွေကျ ပျက်ဆီးမှာကိုလည်း မစိုးရိမ် ရပါဘူး။

ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၁၀ သန်း အထက် တန်ဖိုးရှိတဲ့ ယင်း ဇိမ်ခံ iPhone 5 ကို အမည်မဖော်လိုသူ တရုတ် စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးက အော်ဒါမှာ ပြုလုပ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
--
techblog

Aung Kham (Stuff Myanmar) ပုံမှာ ပြထားတဲ့ iPhone 5 ရဲ့  ကာလတန်ဖိုးက ဗြိတိန်ပေါင် ၁၀ သန်း အထက်မှာ ရှိပါတယ်။
ဗြိတိန်အခြေဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့် အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။

အမေရိကန် Boston ဗုံးပေါက်ကွဲမှု့မှာ သံယဖြစ်ဖွယ် လူများကို CCTV ကင်မရာများနှင့် Media များ ရိုက်ကူးထားသော ဗီဒီယိုဖိုင် မှတ်တမ်းများမှ တဆင့် ခြေရာခံလိုက်နေ


ဝန်ကြီးဦးအောင်မင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ


ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ် (William Hague) က တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာကို ဒဏ်ခတ်ထားမှု ဥရောပသမဂ္ဂ ရုပ်သိမ်းတော့မယ်


ဥရောပသမဂ္ဂက မြန်မာပြည်အပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာ အားလုံးကို နောက်တပတ်က စတင်ပြီး ရုပ်သိမ်းတော့မယ်လို့သိရကြောင်း ဗုဒ္ဓဟူးနေ့ရက်စွဲတပ် Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။

မြန်မာပြည်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ "ချီးကျူးဖွယ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်"ကို အသိအမှတ်ပြုတဲ့အနေနဲ့ အဲဒီလို ရုပ်သိမ်းမှာဖြစ်တယ်၊ လက်နက်ရောင်းဝယ်မှုကိုတော့ ဆက်ပြီး ပိတ်ဆို့ထားမယ်လို့ သိရကြောင်း အဲဒီသတင်းက ဆိုပါတယ်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းထွက်ရှိ

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာမေးပွဲအောင်စာရင်းထွက်ရှိမှုအား ကြည့်ရှုနေသူများအား တွေ့ရစဉ်
From...Eleven 

Boston ဗုံးခွဲမှု အဖမ်းအဆီးသတင်း မဟုတ်မှန်ကြောင်း အာဏာပိုင်တွေ ငြင်းဆို


Boston ဗုံးခွဲမှု အဖမ်းအဆီးသတင်း မဟုတ်မှန်ကြောင်း အာဏာပိုင်တွေ ငြင်းဆို 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တနင်္လာနေ့က Boston မာရသွန်ပြိုင်ပွဲ ဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မှာ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိလာပြီလို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေး ဗျူရို က ပြောပါတယ်။
 
ဗုံးကွဲမှုနဲ့ ဆက်နွယ်ပြီးတော့ သင်္ကာမကင်းဖြစ်သူ တဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းက မဟုတ်ဘူးလို့တော့ အမေရိကန် လုံခြုံရေး အာဏာပိုင်တွေက ငြင်းဆို ပါတယ်။
 
လုံခြုံရေးကင်မရာမှာတော့ လူတဦးဟာ အမဲရောင် အိတ်တစ်အိတ် သယ်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့ နေရာတခုမှာ ချထားခဲ့ပုံရတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက သတင်းဌာနတွေကို ပြောပါတယ်။
 
အနီးအနား ကုန်တိုက်တခုက ရတဲ့ ဗွီဒီယိုကင်မရာ မှတ်တမ်းနဲ့ Boston ရုပ်သံဌာနက ရတဲ့ ဗွီဒီယိုတွေမှာ ဗုံးကွဲမှုကြောင့် သင်္ကာမကင်း ဖြစ်ရသူ ကို ခြေရာခံနိုင်လောက်တဲ့ အရေးကြီးတဲ့ အထောက်အထားတွေ ရခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။
 
ဗုံးခွဲမှုနဲ့ သင်္ကာမကင်း ဖြစ်သူတဦးကို ဖမ်းထားပြီဆိုတဲ့ သတင်းကြောင့် Boston က ပြည်ထောင်စု တရားရုံးကို သတင်းထောက်တွေ၊ စိတ်ဝင်စားသူတွေ ကြည့်ရှုဖို့ ဗုဒ္ဓဟူးနေ့မှာ စုပြုံလာခဲ့ပါတယ်။
 
ဒီနောက် ပြည်ထောင်စု လုံခြုံရေး အရာရှိတွေက တရားရုံးကနေ လူတွေ ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတာ လုံခြုံရေး အာဏာပိုင်တွေက မပြောပေမဲ့၊ New York Times Online သတင်းမှာတော့ ဗုံးကွဲနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် Boston ပြည်ထောင်စု တရားရုံးကနေ လူတွေကို ထွက်ခွာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
 
Boston မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနဲ့ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးသူတွေဟာ ဗုံးကွဲတဲ့နေရာမှာရှိတဲ့ အပိုင်းအစတွေ အတော်များများကိုတော့ စုဆောင်းပြီး သုံးသပ်နေပါတယ်။ အနီးအနား အဆောက်အဦးတခု အမိုးပေါ်မှာတော့ ဗုံးထောင်ရာမှာ သုံးတယ်လို့ ယူဆရတဲ့ ပေါင်းအိုးရဲ့ အဖုံးတခုကို တွေ့ခဲ့ရပါတယ်။ အခြား ပေါင်းအိုးက သတ္ထုအပိုင်းအစတွေ ၀ါယာကြိုးတွေ ဘတ်ထရီနဲ့ အခြား သံတိုသံစ ပစ္စည်းတွေကိုလည်း ဗုံးကွဲတဲ့နေရာမှာ တွေ့ကြရပါတယ်။ 

http://burmese.voanews.com/content/fbi-still-hunting-for-bomber/1643791.html

တနင်္လာနေ့က Boston မာရသွန်ပြိုင်ပွဲ ဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မှာ ဖြစ်ထွန်းတိုးတက် မှုတွေ ရှိလာပြီလို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေး ဗျူရို က ပြောပါတယ်။

Facebook နှင့် SMS အလွန်အကျွံ အသုံးပြုသူများ ပညာရေးတွင် အားနည်းနိုင်

Facebook နှင့် SMS အလွန်အကျွံ အသုံးပြုသူများ ပညာရေးတွင် အားနည်းနိုင်

    Category: မောက္ခနိုင်ငံတကာသတင်း 

    Written by မြတ်ပန်းရှင် 

ဒါကတော့ သိပ်ကို အံအားသင့်စရာတော့ မဟုတ်ပါဘူး။ သိပ္ပံပညာရှင် သုတေသီတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပါပြီ။ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုတာ၊ ချက်တင်းထိုင်တာနဲ့ ဖုန်းနဲ့ မတ်ဆေ့ခ်ျတွေ အလွန်အမင်းပို့တာတွေဟာ ပညာရေးမှာ အားနည်းစေနိုင်တယ် ဆိုတာပါ။

အခြေခံပညာ ကျောင်းသားများနဲ့ ကောလိပ်ကျောင်းသားတွေဟာ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုလာကြတယ်။ မတ်ဆေ့ခ်ျတွေ တရစပ်ပို့နေကြတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တချိန်လုံး တင်နေကြတယ်။ ဒါတွေဟာ သူတို့ရဲ့ ပညာရေးကို ထိခိုက်နိုင်ပါတယ်လို့ Mirian Hospital’s Centre of Behavioral and Preventive Medicine ဌာနက ပြောလိုက်ပါတယ်။ ရမှတ်တွေ အလွန်နည်းနေတာကို တွေ့နေရပြီလို့ ဆိုတယ်။

ဒါပေမယ့် ခြွင်းချက် ၂ ခုတော့ ရှိနေပါသတဲ့။ သတင်းစာဖတ်ခြင်းနဲ့ ဂီတတေးသွားတွေကို နားဆင်ခြင်းတွေဟာ ပညာရည် တိုးတက်မှုကို အထောက်အကူ ဖြစ်စေတာပါ။

ဆိုရှယ်မီဒီယာတွေ တချိန်လုံးသုံးနေတဲ့အတွက် အိမ်စာတွေ မလုပ်နိုင်၊ အတန်း ပုံမှန် ပျက်၊ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာတယ်။ အိပ်ချိန်နည်းလာတယ်။ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေလည်း သုံးစွဲလာနိုင်တယ်။ Mirian ဆေးရုံကြီး ပညာရှင်တစ်ဦးဖြစ်တဲ့ သုတေသီ Jennifer L. Walsh က ရှင်းပြခဲ့ပါတယ်။

ကလေးငယ်တွေ၊ ကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လူကြီးများနဲ့ ဆရာဆရာမများက လမ်းညွှန်ကူညီပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

မောက္ခပညာရေးမဂ္ဂဇင်း

Source: IANS

ဒါကတော့ သိပ်ကို အံအားသင့်စရာတော့ မဟုတ်ပါဘူး။ သိပ္ပံပညာရှင် သုတေသီတွေက ထုတ်ဖေါ်ပြော ဆိုလိုက်ပါပြီ။ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုတာ၊ ချက်တင်းထိုင်တာနဲ့ ဖုန်းနဲ့ မတ်ဆေ့ခ်ျတွေ အလွန်အမင်းပို့တာတွေဟာ ပညာရေးမှာ အားနည်းစေနိုင်တယ် ဆိုတာပါ။

နယူးဇီလန်တွင် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင်ခွင့်ပြု

နယူးဇီလန်နိုင်ငံ လွှတ်တော်က လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင်ခွင့်ပြုသည့် ဥပဒေပြင် ဆင်ချက်အား ယနေ့ (ဧပြီ ၁၇၊ ဗုဒ္ဓဟူးနေ့) မဲခွဲဆုံးဖြတ် အတည်ပြုလိုက်သည်။ နယူးဇီလန်၏ ၁၉၅၅ ခုနှစ်က သတ်မှတ်ပြဌာန်းခဲ့သော လက်ထိပ်ထိမ်းမြားမှုဆိုင်ရာ ဥပေဒတွင် အဆိုပါပြင်ဆင်ချက်ကို ထည့်သွင်းမည်ဖြစ်သည်။

“ဘော်စတွန်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် သံသယရှိသူတစ်ဦး ဖမ်းဆီးရမိ”

   
boston bombing
ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ သံသယရှိသူအား ဗုံးပေါက်ကွဲရာ အနီးပတ်ဝန်းကျင်ရှိ စတိုင်းဆိုင်တစ်ခု၏ CCTV

"အဆိပ်ပါသည့်စာများ စာတိုက်မှပို့သူကို FBI ဖမ်းပြီ"

အမေရိကန်ပြည်ထောင်စု မစ္စစပီပြည်နယ်မှ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် ရော်ဂျာဝစ်ကာထံသို့ အဆိပ်ပါသည့်စာများပေးပို့သည်ဟု ယူဆရသူအား FBI မှာဖမ်းဆီး လိုက်ပြီဖြစ်ကြောင်းသိရသည်။

အိမ်ထောင်စု ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀ နီးပါး နေထိုင်သည့် ဒလမြို့နယ် ကျောင်းစုရပ်ကွက်၌ ကမ်းပါးပြိုကျမှုများ ဧပြီလ ၁၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်ရှိ သမ္ဗန်ဆိပ်နေရာ၌ ဧပြီလ ၁၆ ရက်နေ့မှ စ၍ ၁၇ ရက်နေ့အထိ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေကာ တည်ဆောက်ဆဲ ရေထိန်းနံရံမှာ ဧပြီလ ၁၇ ရက်နေ့၌ ပြိုကျမှု ဖြစ်ပွားခဲ့သည်။

အီရတ်တွင် အကြမ်းဖက်မှုများကြောင့် တစ်ရက်အတွင်း လူ ၂၁ ဦးကို သေဒဏ်စီရင်

အီရတ်နိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ဧပြီလ ၁၆ ရက်တွင် အမျိုးသား ၂၁ ဦးကို ကြိုးပေးကွပ်မျက်လိုက်ကြောင်း သိရသည်။

Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ

Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ

ဧပြီလ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် ဆေးဝန်ထမ်းတွေ ကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေစဉ်

    Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ (မဆုမွန်)   16.04.2013

အမေရိကန် ပြည်ထောင်စုမှာ လူအများအပြား ထိခိုက်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စတင် စုံစမ်းစစ်ဆေး နေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချသံတွေလည်း ထွက်ပေါ်လာ ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လူမဆန်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင်လိုက်သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း စက်ဆုပ်စရာ တိုက်ခိုက်မှုအဖြစ် ပြောဆိုခဲ့တာပါ။ အလားတူ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကအစ အာဖဂန်၊ ပါကစ္စတန်နိုင်ငံတွေအဆုံး အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချခဲ့ကြပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တုံ့ပြန်မှုတွေနဲ့ တချိန်တည်းမှာပဲ အမေရိကန် အစိုးရ အာဏာပိုင်တွေကတော့ တိုက်ခိုက်မှုရဲ့ လက်သည်တွေ ပေါ်ပေါက်အောင် စတင်ကြိုးပမ်းနေတဲ့အကြောင်းကို မဆုမွန်က တင်ပြထားပါတယ်။
 
အမေရိကန် ပြည်ထောင်စု Massachusetts ပြည်နယ် Boston မြို့မှာ အနည်းဆုံး လူ သုံးဦး သေဆုံးပြီး၊ နောက်ထပ် လူပေါင်း ၁၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဗုံးနှစ်လုံးပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေသလဲ ဆိုတာကို အာဏာပိုင်တွေ အပူတပြင်း စုံစမ်းနေကြပါတယ်။ တနင်္လာနေ့က နာမည်ကျော် Boston မာရသွန်တာဝေး အပြေးပြိုင်ပွဲ ပန်းဝင်မယ့် နေရာအနီးတ၀ိုက်က  ပေါက်ကွဲမှုကို ဖော်ထုတ်နိုင်ဖို့ အခုအခါ အမေရိကန် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) က ဦးဆောင်ပြီး၊ တခြား အစိုးရအေဂျင်စီတွေ ကြိုးပမ်းနေကြတာပါ။
 
တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တရက်မှာပဲ ဘော်စတွန်မြို့ ဆင်ခြေဖုံးက Revere အရပ်မှာရှိတဲ့ အိမ်ခန်းတွဲတခုကို FBI တာဝန်ရှိသူတွေ ၀င်ရောက် ရှာဖွေခဲ့ကြပါတယ်။ မီတာ ၁၀၀ အကွာအတွင်း ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ အခုအထိတော့ တိတိကျကျ မသိရသေးပေမဲ့ မပေါ်ပေါ်အောင် စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်တဲ့အကြောင်း ပေါက် ကွဲမှုတွေ ဖြစ်ပွားအပြီး နာရီပိုင်းအကြာမှာပဲ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုထားတာ ဖြစ်ပါတယ်။
Boston ဗုံးကွဲပြီးနောက် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားBoston ဗုံးကွဲပြီးနောက် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြား

“ဒါဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်၊ ဘာ့ကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့ မသိသေးပါဘူး။ ကျနော်တို့ သတင်းအချက်အလက်တွေ အားလုံး ပြည့်ပြည့်စုံစုံ မရသေးခင်မှာ လူတွေအနေနဲ့လည်း အစောတလျင် ကောက်ချက်ချတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ကျနော်တို့ ဒီကိစ္စကို ခြေခြေမြစ်မြစ် စုံစမ်းမယ်၊ ဘယ်သူလုပ်တယ် ဆိုတာကို ကျနော်တို့ ဖော်ထုတ်မယ်။ ဘာ့ကြောင့် လုပ်တယ်ဆိုတာကို ကျနော်တို့ ဖော်ထုတ်မယ်။”
 
ပေါက်ကွဲမှုဖြစ်ချိန် မာရသွန်ပြိုင်ပွဲဝင်သူပေါင်း ၂ သောင်း ၃ ထောင်ကျော်ရှိပြီး၊ ပထမဆုံး မာရသွန် အပြေးသမားက ပန်းဝင်လိုင်းကို ဖြတ်ကျော်ပြီး သိပ်မကြာခင်မှာပဲ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့နောက် ပြိုင်ပွဲကိုလည်း ရပ်ခဲ့ရတာပါ။ ဒေသခံ Boston Globe သတင်းစာကတော့ ဒဏ်ရာရသူတွေထဲမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း ပြတ်တောက်ကုန်သူတွေ ပါတယ်လို့လည်း လုံခြုံရေးအာဏာပိုင်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဘော်စတွန်မြို့မှာ ၇ နှစ်ကျော်ကြာ ရိုးမအမည်ရတဲ့ စားသောက်ဆိုင်တဆိုင် ဖွင့်လှစ်ထားတဲ့ မြန်မာမြို့ခံတဦးဖြစ်တဲ့ ဦးစိုင်းလုကျော် ကတော့ ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
 
“၂ နေရာ ၃ နေရာပဲပေါက်တာ ပထမ သူတို့ Finish Line မှာ မာရသွန်ပြေးလာပြီးတော့ မောတဲ့လူတွေ ထားတဲ့နေရာပေါ့နော်၊ အဲ့ဒီမှာတဲတွေလိုမျိုးရှိတယ်။ အဲ့ဒီနေရာမှာပေါက်တာ။ ပေါက်တာ သူတို့ပြောတာကတော့ အမှိုက်ပုံကစပြီးတော့မှ ဗုံးတွေကို အဝေးကနေ Remote နဲ့ နှိပ်ပြီး ဖောက်တဲ့ဗုံးပေါ့။ လူကတော့ ၂ ယောက် ၃ ယောက်လောက် သေတယ်။ ဒဏ်ရာရတဲ့လူက အများကြီးပဲ။ သူတို့ အဲ့ဒီအနားမှာ ဆေးရုံရှိတယ်လေ။ အရေးပေါ်ကားတွေလည်း ၀င်ထွက်နေကြတာပဲ။ အခု ဒီမှာ လေဆိပ်တွေ ဘာညာ အားလုံးပိတ်လိုက်ပြီလေ။ အခု လေယာဉ်အ၀င်အထွက် မပေးတော့ဘူး။ လမ်းတွေ၊ မြေအောက်ရထား Subway တွေပါ ပိတ်ပြီလေ။ လူတွေက သွားလာဖို့ အခက်အခဲ ရှိပြီလေ။ သူက နိုင်ငံတကာက လာပြိုင်ကြတာကိုး။ နိုင်ငံ တော်တော် များများက တော်တဲ့လူတွေ လာပြိုင်ကြတဲ့ အခါကြတော့ တော်တော်စည်တဲ့ပွဲပါ။ ကျနော်တို့ ဒီမှာက ဒီနေ့က ရုံးပိတ်ရက် အားလပ်ရက်ဆိုတော့ ဘော်စတွန် မာရသွန်မှာ လူတွေက အာရုံစိုက်ကြတယ်လေ။”
 
ပေါက်ကွဲမှုတွေ ဖြစ်ပြီးပြီးချင်းဆိုသလို သမ္မတရဲ့ လုံခြုံရေး အထူးတပ်ဖွဲ့ဖြစ်တဲ့ Secret Service ကတော့ အိမ်ဖြူတော်ပြင်ပက Pennsylvania Avenue လမ်းမကြီးကို ပိတ်ထားလိုက်ပေမဲ့ သမ္မတအိမ်တော်ကတော့ ပုံမှန် အစီအစဉ်တွေအတိုင်း ဆောင်ရွက်ခဲ့ကြပါတယ်။

ဘော်စတွန်မြို့မှာတော့ ပေါက်ကွဲမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးတွေကို တင်းကျပ်ထားတဲ့အကြောင်း မြို့ခံ ဦးစိုင်းလုကျော် ကပြောပါတယ်။
 
“နောက်ပြီးတော့ ကိုယ့်မှာ information တခုရှိတယ်၊ ခုနဗုံးပေါက်ကွဲတဲ့ နေရာမှာ တခုခုမြင်တယ်၊ သူတို့လိုချင်တဲ့ information အတွက် သူတို့ရဲ့ Hotline ကို ဖုံးခေါ်ဖို့။ အခု မြို့လယ်ခေါင်မှာဆိုရင်လည်း ဘယ်သူမှ မလာကြဖို့ အစိုးရ တာဝန်ရှိတဲ့လူတွေ၊ Homeland Security က လူတွေက သူတို့လိုချင်တဲ့ information တွေကို အဲ့ဒီမှာ စုံစမ်းစစ်ဆေးတဲ့နေရာ Crime Scene (မှုခင်းဖြစ်ပွားရာ) နေရာလိုမျိုး ဖြစ်ထားတော့ ဘယ်သူမှ သွားလို့လည်း မရဘူး။ ကျနော်နဲ့ အဲ့ဒီနေရာနဲ့က ၅ မိနစ် ၆ မိနစ်လောက် ကားမောင်းရတယ်။ ကျနော်တို့ဆိုင်နဲ့ အဲ့ဒီမြို့လယ်နေရာနဲ့က။”
 
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် မြို့ကြီးတွေ ဖြစ်ကြတဲ့ မြို့တော် Washington D.C.၊ New York၊ Los Angeles နဲ့ San Francisco မြို့တွေမှာလည်း လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်ကြပါတယ်။

အမေရိကန် ပြည်ထောင်စုက သွေးထွက်သံယို ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး ဗြိတိန်နိုင်ငံမှာလည်း လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် နိုင်ငံတကာ အားကစားပွဲတခုဖြစ်တဲ့ လန်ဒန်မာရသွန်ပြေးပွဲအတွက် လုံခြုံရေးအစီအစဉ်တွေကို ပြန်လည် စိစစ်သွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ဧပြီလ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် ဆေးဝန်ထမ်းတွေ ကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေစဉ်

အမေရိကန် ပြည်ထောင်စုမှာ လူအများအပြား ထိခိုက်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အာဏာ ပိုင်တွေ စတင် စုံစမ်းစစ်ဆေး နေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်ခိုက်မှု အပေါ် ပြစ်တင် ရှုတ်ချသံတွေလည်း ထွက်ပေါ်လာကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လူမဆန်တဲ့လုပ်ရပ်အဖြစ် ပြစ်တင်လိုက်သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း စက်ဆုပ်စရာ တိုက်ခိုက်မှု အဖြစ် ပြောဆိုခဲ့တာပါ။ အလားတူ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကအစ အာဖဂန်၊

ရွှေမြန်မာ လေကြောင်းလိုင်းမှ စင်ကာပူ-ရန်ကုန် ခရီးစဉ် ပျံသန်းလာသော လေယာဉ်တစ်စီး စက်ချွတ်ယွင်းမှုကြောင့် ချန်ဂီလေဆိပ်တွင် ပြင်ဆင်ပြီးမှသာ ရန်ကုန်သို့ ထွက်ခွာနိုင်ခဲ့

ဧပြီလ ၁၇ ရက်နေ့က စင်ကာပူ-ရန်ကုန် ခရီးစဉ် ပျံသန်း လာသော ရွှေမြန်မာလေကြောင်း လိုင်း မှ လေယာဉ် Y5 234 - GMA သည် စက်ချွတ်ယွင်းမှုကြောင့် စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ် သို့ ပြန် လည်ဆင်းသက်ခဲ့ရကာ ယင်းလေဆိပ်တွင် ပြင်ဆင်ပြီးမှသာ ရန်ကုန်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော် တစ်ဆူ၏ အရွယ်အစားသည် ဆက်လက်ကြီးထွားလျက်ရှိကြောင်း အဆိုပါဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူများက ပြောကြားထားသည်။