Saturday, August 10, 2013
၈၈ နှိမ်နင်းမှုများ အရေးယူပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး ထိခိုက်မည်ဟု ဦးရဲထွဋ်ဆို
၈ လေးလုံး ဒီမိုကရေစီ တောင်းဆိုမှုကို အကြမ်းဖက် နှိမ်နင်းခဲ့သည့် တပ်မတော်
အရာရှိများကို စစ်ဆေးဖော်ထုတ် အရေးယူပါက အမျိုးသား ပြန်လည်သင့်မြတ်ရေး
ထိခိုက်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
The Voice သို့ ပြောကြားသည်။
အစိုးရ လက်ကျန်သက်တမ်းအတွင်း လူထုတိုက်ရိုက် အကျိုးရှိမည့် စီမံကိန်းများသာ လုပ်မည်ဟုဆို
စိုးရသစ်၏
လက်ကျန်သက်တမ်း လပေါင်းသုံးဆယ်အတွင်း ပြည်သူလူထုထံ တိုက်ရိုက်ရောက်ရှိကာ
အများပြည်သူ အကျိုးခံစားနိုင်မည့် စီမံကိန်းများကိုသာ ဆက်လက်လုပ်ဆောင်မည်
ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ကျင်းပသည့် အစိုးရယန္တရား
တာဝန်ရှိသူအားလုံးနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
အုန်းတောကြီးသတင်း အပြည့်အစုံအားတင်ပြခြင်း
အုန်းတောကြီးနယ်မြေရဲကင်း စခန်းအား
ဘင်္ဂလီလူမျိုးများ မီးရှို့ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ သေနတ် ပစ်ဖောက်
လူစုဖြို့ခွင်းရာတွင် ဒဏ်ရာရရှိသူများရှိ၊သေဆုံးသူ မရှိ
--------------------------------RSV
--------------------------------RSV
လယ်သမားများအား ကာလရှည်ချေးငွေ ထုတ်ပေးပါက ငွေကိုအလွယ်တကူ သုံးစွဲတတ်သည့် အလေ့အထကြောင့် နိုင်ငံတော်ငွေကြေး ဆုံးရှုံးနိုင်သည်ဟု လယ်/ဆည် ဒုတိယ၀န်ကြီး ပြောကြား
လပွတ္တာ-မြောင်းမြကားလမ်း နံဘေးရှိ လယ်ကွက်တွင် တောင်သူတစ်ဦးအား လုပ်ငန်းခွင် ၀င်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းသူဝင်းထွဋ်)
လယ်သမားများအား ကာလရှည် ငွေထုတ်ချေးပါက ငွေကို အလွယ်တကူ သုံးစွဲတတ်သည့်
အလေ့အထကြောင့် နိုင်ငံတော်ငွေကြေး ဆုံးရှုံးနိုင်ခြင်းမျိုး
ဖြစ်ပေါ်လာနိုင်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးခင်ဇော်က ပြောကြားသည်။
ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီနိုင်ငံရေး၊ ချမ်းသာသူများနှင့် အာဏာရှိသူများ အတွက် မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ပြောကြား
သမ္မတဦးသိန်းစိန်၊
ဒုတိယသမ္မတ များနှင့်အတူ တွေ့ရသော ပြည်ထောင်စု တရားသူကြီးချုပ်
ဦးထွန်းထွန်းဦး (၀ဲအစွန်)ကို ပြည်ထောင်စု လွှတ်တော်၌ ဇူလိုင် ၃၁ ရက်က
တွေ့ရစဉ်
ဥပဒေနှင့် တရားရုံးများသည် လူတစ်စု၊ ပါတီနိုင်ငံရေး၊ ချမ်းသာသူများနှင့်
အာဏာရှိသူများ အတွက် မဟုတ်ဟု ပြည်ထောင်စု တရားသူကြီးချုပ်
ဦးထွန်းထွန်းဦးက သြဂုတ် ၈ ရက်က နေပြည်တော်၌ ကျင်းပ ခဲ့သည့် ပြည်ထောင်စု
တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်များ၏
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သြဂုတ် ၉ ရက်က
အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း ဆောင်ရွက်မှုအပေါ် တိုင်ကြားမှု ၆၅ မှုရှိရာ ၄၈ မှုကို ဖြေရှင်းပြီးကြောင်း လ၀က သတင်းထုတ်ပြန်
နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးရာတွင် ၀န်ကြီးဌာန၏ ကွင်းဆင်း
ဆောင်ရွက်မှုအပေါ် လိုအပ်ချက်များ ရှိနေခြင်း၊ မပြည့်စုံခြင်းတို့ကြောင့်
တိုင်ကြားမှု ၆၅ မှုအနက် ၄၈ မှုကို ဖြေရှင်း ဆောင်ရွက်ပေး၍ သက်ဆိုင်ရာ
ကာယကံရှင်များထံသို့ ပြန်လည်ရှင်းလင်း အကြောင်းကြားပေးပြီး ဖြစ်ကြောင်း
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက သြဂုတ် ၉ ရက်တွင်
အစိုးရပိုင် သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ပြုလုပ်ခြင်းကို အစိုးရ သတင်းစာများ၌ ဖော်ပြ
သြဂုတ် ၉ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သော
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၉ ရက်ထုတ်
အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
ထိုသို့ ဖော်ပြရာတွင် ''ရှစ်လေးလုံး(၂၅) နှစ်မြောက် အခမ်းအနားကျင်းပ''
ဟု ဖော် ပြခဲ့ပြီး အခမ်းအနား၏ နာမည်အပြည့်အစုံ ဖြစ်သော ''ရှစ်လေးလုံး
ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား'' မှ ''ဒီမိုကရေ စီအရေးတော်ပုံ''
ဟူသော စာသားကို ဖြုတ်ပယ်ပြီး ဖော်ပြခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ ၀င်ရောက်ဗုံးဖောက်မည် ဟူသောသတင်းများ ထွက်ပေါ်နေသဖြင့် မောင်တော ခရိုင်အတွင်း အရေးပေါ်ကာလ သတ်မှတ်ကာ လုံခြုံရေး အထူးဂရုပြုကြရန် ညွှန်ကြား
အကြမ်းဖက်သမားများ ၀င်ရောက် ဗုံးဖောက်ကွဲရန် ရှိကြောင်း သတင်းများ
ထွက်ပေါ်နေသဖြင့် မောင်တော ခရိုင်အတွင်း အရေးပေါ်ကာလ သတ်မှတ်ကာ လုံခြုံရေး
အထူးဂရုပြုကြရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
ချောင်းအတွင်း တွေ့ရသည့် ဘင်္ဂါလီအမျိုးသား အလောင်းကိစ္စနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်ပွားရာမှ ဘင်္ဂါလီများက လုံခြုံရေးရဲကင်း စခန်းတစ်ခုအား မီးရှို့မှု စစ်တွေတွင် ဖြစ်ပွား
စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေး စခန်းအနီးရှိ ဒုက္ခသည်
စခန်းတွင် တည်ဆောက် ထားသော လုံခြုံရေးရဲကင်း စခန်းတစ်ခုအား ဘင်္ဂါလီများက
မီးရှို့ဖျက်ဆီးမှု သြဂုတ် ၉ ရက်က ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်းများအား အရေးယူရန် တိုင်ကြားစာ ၁၁၉ စောင်အား စစ်ဆေးမှုအရ တစ်ဦးအား ထောင်ဒဏ်နှင့် ၁၈ ဦးအား အငြိမ်းစားပေး
အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်း များအား အရေးယူရန် တိုင်ကြားစာ ၁၁၉
စောင်အား စစ်ဆေးမှုအရ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ထောင်ဒဏ်အပြစ် ပေးခဲ့ပြီး
နိုင်ငံ့ဝန်ထမ်း ၁၈ ဦးအား အငြိမ်းစား ပေးခဲ့ကြောင်း သြဂုတ် ၉ ရက်ထုတ်
အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းရေး ကိစ္စနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိရန်
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ
၅၃ ပါ ပြဋ္ဌာန်းချက်အရ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၃၆၂ ဦး ရှိပြီး
ဌာနပြောင်းရွှေ့ အရေးယူသည့် နိုင်ငံ့ဝန်ထမ်း ၆၉ ဦး ရှိကြောင်း
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Subscribe to:
Posts (Atom)