Saturday, October 12, 2013

အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံတွင် မြှုပ်နှံရန် စီစဉ်

Photo: အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံတွင် မြှုပ်နှံရန် စီစဉ်
Saturday, October 12, 2013

အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ် ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံ တွင် လာရောက် မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ကိုင်ရန်အတွက် စင်ကာပူရုံး (Deloitte Consulting/ICS Pte Ltd) မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဥပဒေနှင့် အခွင့်အလမ်းများ အကြောင်းကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

Deloitte Consulting အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၁၄၀ ကျော် တွင် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ရေအရင်းအမြစ်၊ ဘဏ်လုပ်ငန်း၊ အာမခံ၊ အိမ်ခြံမြေ၊ ပညာရေး၊ နည်းပညာနှင့် ခရီးသွားစသည့် လုပ်ငန်းကများတွင် အကြံပေးဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ပြ ဋ္ဌာန်း ခဲ့ပြီးနောက် နိုင်ငံတကာမှ လုပ်ငန်းရှင်များမှ လုပ်ငန်းကဏ္ဍစုံတွင် မြှုပ်နှံ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ နေ့စဉ်လာရောက် ဆွေးနွေးမေးမြန်းမှုများ ရှိကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်တွင် နိုင်ငံပေါင်း ၆၀ ကျော်တွင် အာမခံ လုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန် အခြေစိုက် Metlife အာမခံ လုပ်ငန်းအား မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ ယင်းအပြင် အောက်တိုဘာ ၉ ရက်တွင် နိုင်ငံပေါင်း ၂၀၀ ကျော်၌ လူသုံးကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္စည်းများကို အဓိက ထုတ် လုပ်နေ ဖြန့်ဖြူးရောင်းချနေသည့် အမေရိကန် အခြေစိုက် Colgate-Palmolive ကုမ္ပဏီမှ တာဝန်ရှိသူ များက မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ရန် ဆွေးနွေးမှုများ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ သြဂုတ် လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော် ရှိပြီး ယခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ သြဂုတ်လကုန်အထိ ရှစ်လအတွင်း ဗြိတိန်၊ ဗီ ယက်နမ်၊ ဟောင်ကောင်၊ ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ကနေဒါ နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

Eleven Media Group

နယူးဇီလန်နိုင်ငံရှိ Deloitte Center အား တွေ့ရစဉ် (ဓာတ်ပုံ - en.wikipedia.org)
နယူးဇီလန်နိုင်ငံရှိ Deloitte Center အား တွေ့ရစဉ် (ဓာတ်ပုံ - en.wikipedia.org)
အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံ တွင် လာရောက် မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆု ဓာတုလက်နက် တားဆီးရေး အဖွဲ့ (OPCW) ရရှိ

Photo: ၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆု ဓာတုလက်နက် တားဆီးရေး အဖွဲ့ (OPCW) ရရှိ
Saturday, October 12, 2013

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ကမ္ဘာတွင် ဓာတုလက်နက် များ ဖယ်ရှားရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့သော ဓာတုလက်နက်များ တားဆီးရေးအဖွဲ့ (Organisation for the Prohibition of Chemical Weapons (OPCW)) ချီးမြှင့်ခံရကြောင်း ဆုရွေးချယ်ရေး ကော်မတီ က အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ဆီးရီးယား အကျပ်အတည်းကြောင့် မကြာသေးမီက ထင်ရှားလာခဲ့သော သည်ဟိဂ် အခြေစိုက် OPCW အဖွဲ့မှ လက်နက် စစ်ဆေးရေးမှူးများသည် ရုရှား၊ အမေရိကန်မှသည် အီရတ်၊ လစ်ဗျားထိ သွားရောက်၍ အန္တရာယ်ကြီးသော ဓာတုလက်နက်များ ဖျက်သိမ်းရေးကို ဆောင်ရွက်နေ သည်။ 'ဓာတုလက်နက်များ ပပျောက်ရေး စွမ်းစွမ်းတမံ ကြိုးပမ်းမှုများ အတွက်' ကုလကျောထောက် နောက်ခံပြု OPCW ကို ဂုဏ်ပြု ခဲ့ခြင်း ဖြစ်ကြောင်း နိုဗယ်ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ သော်ယွန်းယာ ဂလန်က အံ့အားသင့်ဖွယ် ရွေးချယ်မှုကို ကြေညာရာတွင် ပြောကြားခဲ့သည်။

''ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ OPCW ဟာ လုပ်ငန်းတွေ အများကြီး ဆောင် ရွက် ခဲ့ပါတယ်။ ဒါပေမဲ့ ဆီးရီးယားမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း အဖြစ် အပျက် တွေကြောင့် အဖွဲ့ကို လူတွေသိလာ ကြပါတယ်'' ဟု ဓာတုလက်နက် များ ကာကွယ်ရေး လန်ဒန်အခြေစိုက် အတိုင်ပင်ခံ အဖွဲ့တစ်ခုကို ဦးစီးနေသော အမေရိကန် ကြည်းတပ်ဓာတု လက်နက် တပ်ရင်းမှ အရာရှိဟောင်း တစ်ဦးဖြစ်သည့် ဒန်ကက်ဇီတာက ပြောကြား ခဲ့သည်။

နိုဗယ်ငြိမ်းချမ်းရေးဆုကို မကြေညာမီ OPCW က ဆုရရှိရေးထက် ဆီး ရီးယားရှိ လုပ်ငန်းများကိုသာ ပိုမိုအာရုံစိုက်လိုကြောင်း ပြောကြားခဲ့သည်။ OPCW အကြောင်း နယ်သာလန်နိုင်ငံ သည်ဟိဂ်တွင် အခြေစိုက်သော OPCW သည် ဓာတုလက်နက် ထိန်းချုပ်ရေး သဘောတူညီချက် (Chemical Weapons Convention) ကို အကောင်အထည်ဖော်သည့် အဖွဲ့ဖြစ်သည်။ ပထမကမ္ဘာစစ်တွင် ဓာတုလက်နက်များကို ပထမဆုံး စတင်အသုံးပြုခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် အီရတ်နိုင်ငံ ဟာလာဂျာ၌ အရပ်သား များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ပါရီ၌ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် CWC ကို ရေးဆွဲခဲ့ကြပြီး ၁၉၉၇ ခုနှစ် ဧပြီ ၂၉ တွင် CWC စတင် အာဏာသက်ဝင်ခဲ့ သည်။ လောလော ဆယ် တွင် OPCW ၌ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ အားလုံးနီးပါး ပါဝင်သော အဖွဲ့ဝင် ၁၈၉ နိုင်ငံရှိ သည်။ ကမ္ဘာတွင် ကြေညာထားသော ဓာတုလက်နက်များ၏ ၈၁ ရာခိုင်နှုန်းခန့်ကို ကြီးကြပ်မှုဖြင့် ဖျက်ဆီးနေကြောင်း OPCW ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်း ခံထားရပြီး ဆုရရှိရန် ရေပန်းစားနေခဲ့သည့် မာလာလာနှင့် ဆုရရှိရန် မြန် မာပြည် သူတို့ ခန့်မှန်းပြောဆို နေခဲ့ကြသည့် သမ္မတဦးသိန်းစိန်တို့မှာ ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုနှင့် လွဲချော်ခဲ့ကြရသည်။

Ref:AFP
၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ကမ္ဘာတွင် ဓာတုလက်နက်များဖယ်ရှားရန် နှစ်ပေါင်း များစွာ ကြိုးပမ်းနေခဲ့သော ဓာတုလက်နက်များတားဆီးရေးအဖွဲ့ (Organisation for the Prohibition of Chemical Weapons (OPCW)) ချီးမြှင့်ခံရကြောင်း ဆုရွေးချယ်ရေး ကော်မတီ က အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ဖမ်းသွားတဲ့သူတွေက အာဏာသိမ်းဖို့ကြံဟု လစ်ဗျားဝန်ကြီးချုပ်ပြော

Photo: ဖမ်းသွားတဲ့သူတွေက အာဏာသိမ်းဖို့ကြံဟု လစ်ဗျားဝန်ကြီးချုပ်ပြော 
Saturday, October 12, 2013

 ပြန်လွတ်လာတဲ့ လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan က သူ့ကို ဖမ်းသွားတဲ့သူတွေဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းမလို့ကြံတာဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ရက်နေ့ သောကြာ နေ့က မြို့တော် Tripoli မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ကျနော်မယုံနိုင်ဘူး ညသန်းခေါင်လောက်မှာ ကားအစီး ၁၀၀ လောက်နဲ့ လက်နက်ကိုင်တွေက Corinthia Hotel ပတ်ဝန်းကျင်ကို ၀ိုင်းလိုက်ကြတယ်။ ပြီးတော့ဘယ်သူ့ကိုမှ ၀င်ခွင့် မပေးတော့ဘူး။ ဒီကိစ္စတွေအားလုံးကို ကျနော်တို့ အစိုးရထဲက ခေါင်းဆောင်တချို့က အမိန့်ပေးနေတာ။ ဒါဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းဖို့ ကြံတာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဲ့ ဆက်နွယ်နေပြီးတော့ လစ်ဗျားသူပုန် တပ်ဖွဲ့ ကျောထောက်နောက် ခံရှိတဲ့ စစ်သွေးကြွတွေက သူ့ကို ဖမ်းသွားခဲ့တာလို့ ၀န်ကြီးချုပ် ဇိုင်ဒန် ကပြောပါတယ်။

အမျိုးသားလွှတ်တော်ထဲက နိုင်ငံရေးခွဲထွက်အုပ်စုတွေ ဒီဖြစ်ရပ်နောက်မှာရှိနေတယ်။ လက်ရှိအစိုးရတက်လာကတည်းက သူတို့က အစိုးရကိုဖြုတ်ချဖို့ကြံနေခဲ့တာ။ သူတို့ မဲရ အောင်မဆွယ်နိုင်ခဲ့ဘူး။ ဒါကြောင့် နောက်နည်းလမ်းတခုအနေနဲ့ အခုလို လုပ်တာလို့ ပြောသွားတာပါ။

အောက်တိုဘာလ ၅ရက်နေ့က Tripoli မြို့မှာ Al Qaeda လို့သံသရရှိတဲ့ Abu Anas Al Libi အဘူအွန်စ် အယ်လီးဘီကို အမေရိကန်က ဖမ်းလိုက်တဲ့ကိစ္စကို Zeidan ကြိုသိခဲ့ တယ်လို့ သူ့ကိုဖမ်းတဲ့သူတွေက စွပ်စွဲပါတယ်။ Zeidan ကတော့ ဒီကိစ္စ သူနဲ့ မဆိုင်ဘူးလို့ ငြင်းပါတယ်။

ကျနော့်ကို ဖမ်းသွားတဲ့ စစ်သွေးကြွတွေက လစ်ဗျားလူမျိုးတွေကို အမေရိ ကန်က ဖမ်းတာကို ကျနော်တို့ကူညီတယ်လို့ သံသရရှိတယ်။ အမေရိကန်ရဲ့ အင်အားနဲ့ လစ်ဗျားရဲ့ အခြေအနေကို တကမ္ဘာလုံးသိပါတယ်။ ကျနော်တို့ အမေရိ ကန်ကို မဆန့်ကျင်နိုင်ပါဘူး။ အဲ့ဒီဖမ်းတဲ့ကိစ္စကို ကျနော်တို့ ဘာမှ မသိ ပါဘူး။ ပြီးတော့ လစ်ဗျားလူမျိုးတွေကို ပြန်ပေးဆွဲတာနဲ့ အန္တရာယ်ပေး တာကို ကျနော်တို့ လက်ခံလို့ မရပါဘူး။ သံသယရှိတဲ့ Lybyan လူမျိုးတိုင်း တိုင်းပြည်ပြင်ပမှာအစား နိုင်ငံအတွင်းက တရားရုံးမှာ တရားရင်ဆိုင် ရမှာပါလို့ သူပြော သွားပါတယ်။

ဒီဗွီဘီ
 ပြန်လွတ်လာတဲ့ လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan က သူ့ကို ဖမ်းသွားတဲ့သူတွေဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းမလို့ကြံတာဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ရက်နေ့ သောကြာ နေ့က မြို့တော် Tripoli မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အလုပ်သမားများ သဘောထား စတင်ကောက်ခံ

အနည်းဆုံးအခကြေးငွေ သတ်မှတ် နိုင်ရန် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်သမားများ ၏ ဆန္ဒ သဘောထားများဆွေးနွေးခြင်းနှင့် သဘောထားကောက်ခံ ခြင်းများကို ရန်ကုန်တိုင်းဒေသ ကြီးအဆင့် အမျိုး သားကော်မတီ စတင်ဆောင်ရွက် ပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုး အောင်ထံမှ သိရသည်။

အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်

Photo: အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ် 
Saturday, October 12, 2013

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ် လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။

ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက်က ပေါက်ဖွားလာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။

အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူးတယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက်သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။ ရန်လိုတဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။

အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။

အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။

အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။

အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေးပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။

နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတိုလိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆိုတာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထားနဲ့ နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇောသန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။

အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေးလက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော်အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြတယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။
(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင်အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။

The Voice Weekly
အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။

မိုးညှင်းတွင် ဈေးရောင်းသူများ လုယက်ခံရ

မိုးညှင်းမြို့နယ်၊ အောင်သပြေ အမှတ် ၂ ဈေးသို့ ဈေးရောင်းရန် လက်တွန်းလှည်းဖြင့် လာရောက်သော အမျိုးသမီး နှစ်ဦးအား လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

တင်မိုးလွင်၏ ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသူဘဝ

တက္ကသိုလ် တက်စဉ်က ကြုံခဲ့ရတဲ့ အမှတ်ရဖွယ်











“တက္ကသိုလ်ကို ၁၉၈၈ ခုနှစ်မှာ စတက်ပါတယ်။ ၁၉၈၈ ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှတ်မိနေတဲ့ ကိန်းဂဏန်းတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကို အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ

မိုးစက်ဝိုင် ကိစ္စ အာဆီယံ မယ် အိရူပါဝင်း စာထုတ်

Photo: မိုးစက်ဝိုင် ကိစ္စ အာဆီယံ မယ် အိရူပါဝင်း စာထုတ်
 Saturday, October 12, 2013

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံ မော်စကို မြို့မှာ လာမယ့် နိုဝင် ဘာ လ ၉ ရက်နေ့ ကျင်းပမယ့် မယ်စင်္ကြာဝဠာပြိုင်ပွဲကို တရားဝင် သွားရောက်ယှဉ်ပြိုင် ရပါတော့မယ်။  

မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး တချိန်က အာဆီယံ မယ် ဆုရှင် အိရူပါဝင်းက စာထုတ်ပြန်လိုက်တာကို Miss Universe Myanmar ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော် ပြ ထားပါ တယ်။ 

အပြည့်အစုံကတော့ ... 

ကျွန်မ မြန်မာပြည်မှမွေးပြီး မြန်မာပြည်မှ ကြီးပါတယ်။ အဖေဘက်က အဘိုးနဲ့ အဘွားက တရုတ်စစ်စစ်ပါ။ အမေဘက်က အဘိုးက တရုတ်သွေးများပြီး ပြင်သစ်တစ်မတ်ဖိုးလောက်စပ်ပါတယ်။ 


အဘွားကတော့ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူစစ်စစ်ပါ။ အဲဒီဘိုးဘွားလက်ထက်ကစလို့ မြန်မာပြည်မှာ အခြေချခဲ့တာပါ။ 
 
ဥပဒေတွေကြောင့် မြန်မာပြည်ရောက် တတိယမျိုးဆက်ဖြစ်လင့်ကစား ဧည့်နိုင်ငံသား ကဒ်ကိုပဲ ကိုင်
ဆောင် ခွင့်ရခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ လူမျိုးကိုမေးလာရင်တော့ တရုတ်-ကရင်လို့ ကိုယ့်ကိုယ်ကို ခံယူပါတယ်။
   
မြန်မာပြည်ပမှာတော့ ဘယ်သူလာမေးမေး မြန်မာနိုင်ငံက မြန်မာနိုင်ငံသားပါလို့ ဝင့်ကြွားဂုဏ်ယူ စွာ မိတ် ဆက်ပါတယ်။ 

 မျိုးရိုးဇာတိအရ ကျွန်မရဲ့ အဘိုးက တယုတယနဲ့ မှည့်ပေးခဲ့တဲ့ Yang Bao Ling (楊寶玲) ဆိုတဲ့ တရုတ်နာမည်လည်းရှိပါတယ်။ 

ဒါပေမယ့် အမေရိကန်မှာ ပညာသင်နေတဲ့ကာလတလျှောက်လုံး မြန်မာနာမည်ကိုပဲ စွဲစွဲမြဲမြဲသုံးပါတယ်။ ကျွန်မ အာဆီယံမှာ နိုင်ငံကို ကိုယ်စားပြုခဲ့တုန်းကလည်း ကိုယ့်ကိုယ်ကို တရုတ်လို့ မခံယူပဲ မြန်မာ စိတ်ဓာတ်နဲ့ ကိုယ်စားပြုခဲ့တာပါ။ 

အခု မြန်မာပြည်က ကမ္ဘာ့အလယ်မှာ မြန်မာကို ကိုယ်စားပြုဦးမယ့် မယ်တစ်ယောက် ရွေးချယ်ထားပြီးပါပြီ။ သူ တရုတ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် ၊ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာပါ။ 

သူ့ရဲ့ရင်ထဲမှာ မြန်မာပြည်အတွက်ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ထည့်ထားပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင် ဖို့ပဲ လိုပါတယ်။ ကျွန်မတို့တတွေ သူ့ကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ့အပေါ်မှာ ယုံကြည်ချက်လေး ထားပြီး လိုအပ်ချက်တွေကို အပြုသဘော ဝိုင်းဝန်းထောက်ပြပေးရင်း တိုင်းပြည်တာဝန်ကို တက်ကြွ ရွှင်လန်း ဂုဏ်ယူစွာ ထမ်းဆောင်ခွင့် ပေးစေချင်ပါတယ်။

 ပြိုင်ပွဲဝင်တိုင်းအတွက် စိတ်ဓာတ်ရေးရာ ခိုင်မာဖို့ အများကြီးအရေးကြီးပါတယ်။ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ကို တရားဝင် လက်ဝယ်ရထားပြီးဖြစ်တဲ့ မိုးစက်ဝိုင်အပေါ်မှာ မေတ္တာထားပြီး တတ်နိုင်သလောက် အားပေး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်ရှင်။

အာဆီယံမယ် အိရူပါဝင်းတို့ ဇနီးမောင်နှံ- ဓာတ်ပုံ- Ei Yupar Win
အိရုပါဝင်း 

ဧရာဝတီ
Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံ မော်စကို မြို့မှာ လာမယ့် နိုဝင် ဘာ လ ၉ ရက်နေ့ ကျင်းပမယ့် မယ်စင်္ကြာဝဠာပြိုင်ပွဲကို တရားဝင် သွားရောက်ယှဉ်ပြိုင် ရပါတော့မယ်။ 
မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး တချိန်က အာဆီယံ မယ် ဆုရှင် အိရူပါဝင်းက စာထုတ်ပြန်လိုက်တာကို Miss Universe Myanmar ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော် ပြ ထားပါ တယ်။ 
အပြည့်အစုံကတော့ ... 

ဟေတီနိုင်ငံမှ ဝမ်းပျက်ဝမ်းလျှော ဝေဒနာရှင်များ၏ လျော်ကြေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ တရားစွဲခံရ

Photo: ဟေတီနိုင်ငံမှ ဝမ်းပျက်ဝမ်းလျှော ဝေဒနာရှင်များ၏ လျော်ကြေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ တရားစွဲခံရ

Saturday, 12 October 2013 

ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါခံစား နေရသော ဝေဒနာ ရှင်များကို ကိုယ်စား ပြုသည့် ရှေ့နေများသည် ကုလသမဂ္ဂ အဖွဲ့အား နယူးယောက်မြို့ရှိ တရားရုံးတွင် တရားစွဲ ဆိုခဲ့ပြီး  လျော်ကြေး တောင်းခံခဲ့သည်ဟု သိရသည်။
ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ပြည်သူ ၈ဝဝဝ ကျော် အသက် ဆုံးရှုံးရပြီး ထောင်ပေါင်းများစွာသော ပြည်သူများမှာ နာမကျန်း ဖြစ်လျက်ရှိသည်။ ပြည်သူများ သေဆုံး ရခြင်းသည် ကုလသမဂ္ဂတွင် တာဝန်ရှိကြောင်း ရှေ့နေများက စွပ်စွဲထားပြီး ၄င်းရောဂါဖြင့် သေဆုံးသူ တစ်ဦးအတွက် လျော်ကြေးအနေဖြင့် စတာလင်ပေါင် ၆၂ဝဝဝ နှင့် ဖျားနာသူ တစ်ဦး အတွက် အမေရိကန် ဒေါ်လာ ၅ဝဝဝဝ  ကုလသမဂ္ဂ အဖွဲ့အစည်းအား ယခု သီတင်းပတ် အတွင်းက တောင်းခဲ့သည်။ သို့သော် ကုလသမဂ္ဂ အဖွဲ့အစည်းက ယင်းတောင်း ဆိုမှုကို မလိုက်လျော ခဲ့သဖြင့် နယူးယောက်မြို့ရှိ အမေရိကန်ခရိုင် တရားရုံးတွင် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း ဟေတီနိုင်ငံမှ ရှေ့နေများက ဆိုသည်။

ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါသည် ၂ဝ၁ဝ ပြည့်နှစ် ကတည်းက စတင်ကူးစက် ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂ၏ ယာယီစခန်းများတွင် အဓိက ပြန့်ပွားလျက် ရှိကြောင်း  ဆရာဝန် တစ်ဦး ဖြစ်သူ ဒန်းနရယ် လန်တန်က ဆိုသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါ ဝေဒနာ ရှင်များ၏ လျော်ကြေးနှင့် ပတ်သက်၍ အသနား ခံစာကို လက်ခံရရှိ ထားခြင်းမရှိဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက  ထုတ်ဖော် ပြောကြား ထားခဲ့သည်။

http://myawady.net.mm/allnews/global/item/27777-2013-10-12-11-15-03
ဟေတီနိုင်ငံတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါခံစား နေရသော ဝေဒနာရှင်များကို ကိုယ်စား ပြု သည့် ရှေ့နေ များသည် ကုလသမဂ္ဂ အဖွဲ့အား နယူးယောက်မြို့ရှိ တရားရုံးတွင် တရားစွဲ ဆိုခဲ့ပြီး လျော်ကြေး တောင်းခံခဲ့ သည် ဟု သိရသည်။

မြို့နယ် ၁၃ မြို့နယ်တွင် ခွင့်ပြုခဲ့သော အထပ်မြင့် အဆောက်အအုံ များတွင် အထပ် သုံးဆယ်ကျော် တိုက်များပါဝင်

Photo: မြို့နယ် ၁၃ မြို့နယ်တွင် ခွင့်ပြုခဲ့သော အထပ်မြင့် အဆောက်အအုံ များတွင် အထပ် သုံးဆယ်ကျော် တိုက်များပါဝင် 
Saturday, 12 October 2013

အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း အဆောက်အအုံများ တည်ဆောက် ခွင့်ပြုလျက်ရှိရာ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး အဖွဲ့မှ ထုတ်ပြန်ရာ၌ မရမ်းကုန်း မြို့နယ်တွင် လေးလုံး၊ တာမွေမြို့နယ်တွင် သုံးလုံး၊ ကမာရွတ်မြို့နယ်တွင်

သုံးလုံး၊ လမ်းမတော်မြို့နယ်တွင် သုံးလုံး၊ စမ်းချောင်းမြို့နယ်တွင် တစ်လုံး၊ လှိုင်မြို့နယ်တွင် နှစ်လုံး၊ ရန်ကင်းမြို့နယ်တွင် နှစ်လုံး၊ ကျောက်တံတား မြို့နယ်တွင် တစ်လုံး၊ အလုံမြို့နယ်တွင် လေး လုံး၊ ကြည့်မြင်တိုင် မြို့နယ်တွင် တစ်လုံး၊ ဗဟန်းမြို့နယ်တွင်နှစ် လုံး၊ တောင်ဥက္ကလာပ မြို့နယ်တွင် တစ်လုံးနှင့် ဗိုလ်တထောင် မြို့နယ်တွင် တစ်လုံး စုစုပေါင်း ၂၈ လုံးဖြစ်ပြီး ယင်းတို့အနက် အထပ်သုံးဆယ် ကျော်အထပ်မြင့် အဆောက်အအုံများ အပါအဝင် ဆောက်လုပ်ရန် ခွင့်ပြုချက် ရရှိပြီး ဖြစ်ကြောင်း သိရသည်။

မရမ်းကုန်း မြို့နယ်အတွင်း တည်ဆောက်မည့် အထပ်မြင့် လေးလုံးမှာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် Kabaraye Executive Residence Basement သုံးထပ် + တစ်ထပ်တိုက် တစ်လုံး၊ Basement ၁၂ ထပ်တစ်လုံး (ဟိုတယ် အဆောက်အအုံ)၊ Basement + (၁၂ ပိုင်း တစ်ပိုင်း) တစ်လုံးနှင့် အောင်သိဒ္ဓိလမ်းတွင် Basement နှစ်ထပ် + ၁၇ ထပ် တိုက်တစ်လုံးတို့ ဖြစ်သည်။ တာမွေမြို့နယ် အတွင်း တည်ဆောက်မည့် သုံးလုံးမှာ ဆရာစံ လမ်းတွင် Yankin Resident Condo ၂၂ ထပ် Condominium RC အဆောက်အအုံ တစ်လုံး၊ ကျိုက္ကဆံ လမ်းတွင် Hotel Myanmar Project ၂၄ထပ် (Hotel) RC အဆောက်အအုံ တစ်လုံးနှင့် အရှေ့မျဉ်းပြိုင် ကွင်းလမ်းတွင် Basement သုံးထပ် + ၂ဝ ထပ်တိုက် တစ်လုံးတို့ ဖြစ်သည်။ ကမာရွတ်မြို့နယ် အတွင်း မြေတိုင်းရပ်ကွက် အမှတ် (1F/က1+1G /ခ+ 1D/3 ) တွင် Basement တစ်ထပ် + ၁၅ ထပ် + (Offi ce Tower) တစ်လုံး၊ Basement တစ်ထပ် + ၁၉ ထပ်၊ (Office +Commercial) တစ်လုံး + ၂၂ ထပ် (Apartment)) တစ်လုံး ခုနစ်ထပ် (Carparking)) တစ်လုံး RC အဆောက်အအုံ၊ ပြည်လမ်းတွင် (AMC-Tower) Basement သုံးထပ် + ၂၇ ထပ် Steel Structure အဆောက်အအုံ တစ်လုံးနှင့် Basement + ၃၂ ထပ်တိုက် တစ်လုံးတို့ ဖြစ်သည်။

လမ်းမတော်မြို့နယ်၌ အနော်ရထာ လမ်းနှင့် (၁)လမ်းထောင့်တွင် ၁၄ ထပ် + Hotel တစ်လုံး RC အဆောက်အအုံ၊ ဗဟိုလမ်းတွင် Basement တစ်ထပ် +၁၄ ထပ်တိုက်၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းတွင် Asia World Tower Basement နှစ်ထပ် + ၃၂ ထပ် RC အဆောက်အအုံ တစ်လုံးဖြစ်သည်။ စမ်းချောင်းမြို့နယ် ပြည်လမ်းသွယ်တွင် ၁၆ ထပ်တိုက် တစ်လုံး၊ လှိုင်မြို့နယ် ရန်ကုန် -အင်းစိန်လမ်း၌ ၂၁ ထပ်တိုက် သုံးလုံး + လေးထပ် (Carparking)၊ မြကန်သာ လမ်းတွင် ၁၈ ထပ်တိုက် တစ်လုံး၊ ရန်ကင်းမြို့နယ် ကံဘဲ့ဘူတာရုံ လမ်းတွင် Basement တစ်ထပ် + ၂၂ ထပ်တိုက် နှစ်လုံး၊ သစ္စာလမ်းတွင် Basement + ၁၂ ထပ်တိုက် (Hotel) ၊ ကျောက်တံတား မြို့နယ် ပန်းဆိုးတန်း လမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်း လမ်းထောင့်တွင် Gone Tower Basement လေးထပ် + ၃၂ ထပ် RC အဆောက်အအုံ တစ်လုံး၊ အလုံမြို့နယ် ကမ်းနားလမ်းတွင် Basement နှစ်ထပ် + ၂၂ ထပ်တိုက်၊ ၂၇ ထပ်တိုက် Paragon Residence မင်းရဲကျော်စွာ လမ်းတွင် Basement ၁၄ ထပ်တိုက် + Penthouse နှစ်ထပ်၊ Basement နှစ်ထပ် + ၁၇ ထပ်တိုက်၊ ကြည့်မြင်တိုင် မြို့နယ် ပန်းလှိုင် လမ်းတွင် Basement နှစ်ထပ် + ၁၅ ထပ် RC အဆောက်အအုံ တစ်လုံး၊ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့်တွင် Basement နှစ်ထပ် + ၂၈ ထပ်တိုက်၊ ကမ္ဘာအေး ဘုရားလမ်းတွင် Basement နှစ်ထပ် + ၂၄ ထပ်တိုက် (Five Star Hotel)၊ တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာ လမ်းတွင် Basement (12 နှစ်ပိုင်းတစ်ပိုင်း) ထပ်တိုက် (Hotel)၊ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် (၄၉) လမ်းထောင့်တွင် Basement + ၁၈ ထပ်တိုက်တို့ ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ
မြ၀တီ
အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်

သြစတြေးလျ နိုင်ငံက Cape အတန်းအစား ကင်းလှည့် ရေယာဉ်သစ် တစ်စင်းရေချ

Photo: သြစတြေးလျ နိုင်ငံက Cape အတန်းအစား ကင်းလှည့် ရေယာဉ်သစ် တစ်စင်းရေချ
Saturday, 12 October 2013

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့သည် အောက်တိုဘာ ၁၁ ရက်၌ ခေတ်မီ နည်းပညာများ တပ်ဆင်ထားသော Cape အတန်းအစား ပထမဆုံး ကင်းလှည့် ရေယာဉ် ရေချခြင်း အခမ်းအနား အား ဒါဝင်မြို့တွင် ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ Cape St George ကင်းလှည့် ရေယာဉ်သည် Cape ကင်းလှည့်ရေယာဉ် ရှစ်စင်းအနက် ပထမဆုံး တစ်စင်းဖြစ်ပြီး လူမှောင်ခို ကူးမှုနှင့် ပင်လယ်ပြင်မှ တရားမဝင် ဝင်ရောက်မှု တားဆီး တိုက်ဖျက်ရေး စသည့် ပင်လယ်ပြင် စစ်ဆင်ရေးများတွင် အဓိက အသုံးပြု သွားမည်ဟု သိရသည်။

၎င်း Cape အတန်းအစား ကင်းလှည့် ရေယာဉ်သည် လက်ရှိ အသုံးပြုနေသော Bay အတန်းအစား ရေယာဉ်များထက် အရွယ်အစား ပိုမိုကြီးမားပြီး ပိုမိုလျင်မြန်ကြောင်း၊ ရေမိုင် ၄ဝဝဝ အထိ ဆီပြန် မဖြည့်ဘဲ မောင်းနှင်နိုင်ကြောင်းနှင့် တရားမဝင် စက်လှေများအား အလျင်အမြန် စုံစမ်း ထောက်လှမ်းနိုင်သည့် ခေတ်မီနည်းပညာများ တပ်ဆင်ထားပြီး ခရီးသည် ၅ဝ ကျော် သယ်ဆောင်နိုင်ကြောင်း သိရသည်။

Cape အတန်းအစား ကင်းလှည့် ရေယာဉ်ရှစ်စင်း တည်ဆောက်မှုမှာ ၂ဝ၁၅ ခုနှစ်တွင် ပြီးဆုံးမည် ဖြစ်ပြီး ယင်းသင်္ဘောများ တည်ဆောက်မှု ပြီးစီးပါက အဆိုပါ သင်္ဘောများအား သြစတြေး လျ ရေတပ်၏ Armidale အတန်းအစား ရေယာဉ်များ၊ အခြား ရေယာဉ်များနှင့် ပူးတွဲတာဝန် ထမ်းဆောင်စေမည် ဖြစ်ကြောင်း သိရသည်။ Bay အတန်းအစား ရေယာဉ်များကို မူနောက်ထပ် နှစ်နှစ် ထပ်မံ အသုံးပြုမည် ဖြစ်သော်လည်း Cape အတန်းအစား ကင်းလှည့် ရေယာဉ်များ တည်ဆောက်မှု ပြီးစီးပါက ၄င်းရေယာဉ် သစ်များကိုသာ အစားထိုး တာဝန် ထမ်းဆောင် စေမည်ဟု သိရသည်။

myawady
သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့သည် အောက်တိုဘာ ၁၁ ရက်၌ ခေတ်မီ နည်းပညာများ တပ်ဆင်ထားသော Cape အတန်းအစား ပထမဆုံး ကင်းလှည့် ရေယာဉ် ရေချခြင်း အခမ်းအနားအား ဒါဝင်မြို့တွင် ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ရန်ကုန်မြို့လယ်ရှိ ရဲစခန်းများ ရှစ်ထပ် သံကူကွန်ကရစ် အဆောက်အအုံ ဆောက်လုပ်မည်

ရန်ကုန်မြို့လယ်ရှိ ရဲတပ်ဖွဲ့စခန်း လေးခုကို ရှစ်ထပ်သံကူ ကွန်ကရစ်အဆောက်အအုံအဖြစ် ပြန် လည် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော် ထွန်း က ပြောကြားသည်။

အားပြင်းတဲ့ "ဖိုင်လင်း" မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျနိုင်

Photo: အားပြင်းတဲ့ "ဖိုင်လင်း" မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျနိုင် 
Saturday, October 12, 2013

 ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ဒီကနေ့ည သန်းခေါင်အချိန်လောက်မှာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် အတွင်းကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နေ့ခင်းပိုင်းတိုင်းထွာ ချက်အရ မြန်မာပြည်ကို ဦးတည်မနေပေမဲ့ အင်အားပြင်းထန်တာကြောင့် ကမ်းရိုးတန်း ဒေသတွေအနေနဲ့ သတိထားဖို့လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ရက်တွေကဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အခုအခါ ဖိုင်လင်းအမည်ရှိ အားကောင်းတဲ့ မုန်တိုင်းအဖြစ်ကို ပြောင်းလဲလာပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းဒေသဖက်ကို ရွေ့လျားနေပါတယ်။ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဖက်ကိုဦးတည်နေပြီး အိန္ဒိယနိုင်ငံဘက်ကကို ၀င်ရောက်နိုင်တယ်လို့ ပြီး မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ဖိုင်လင်းမုန်တိုင်း။ဖိုင်လင်းမုန်တိုင်း။

“၁၁ နာရီခွဲ တိုင်းတာချက်အရဆိုရင်တော့ မုန်တိုင်း ဖိုင်လင်းဟာဆိုလို့ရှိရင် ပုသိမ်မြို့ရဲ့အနောက်တောင်ဘက် မိုင် ၃၆၀ ခန့်အကွာ၊ ဘီလူးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀၀ ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်ပေါ့လေ။ အဲဒီ အားအလွန်ကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာ မိုးလေဝသခန့်မှန်းချက်တွေအရ ဒီမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေကို ၁၂ ရက်နေ့ ညသန်းခေါင်နဲ့ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဖြတ်မယ်ဆိုပြီးတော့ ခန့်မှန်းထားပါတယ်။”

မုန်တိုင်းဟာမြန်မာပြည်ကို ဦးမတည်ပေမဲ့ ပြင်းထန်တာကြောင့် ကမ်းရိုးတန်းဒေသတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့လည်း ဦးကျော်မိုးဦးက သတိပေးပါတယ်။

“မုန်တိုင်းရဲ့ဗဟိုချက်မှာလည်း အမြင့်ဆုံးလေတိုက်နှုန်းက တနာရီကိုမိုင် ၁၀၀ ကနေ ၁၂၀ အထိ ရှိပါတယ်။ မြန်မာနိုင်ငံဘက်ကို မဖြတ်ပေမဲ့ ဒီမုန်တိုင်းဟာ အတော်လေး အားကောင်းတဲ့အတွက်ကြောင့်မို့လို့ အဲဒီမုန်တိုင်းရဲ့အရှိန်ကြောင့် ကျနော်တို့ကမ်းရိုးတန်းမှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီးတော့ လှိုင်းကြီးနိုင်တာပေါ့လေ။ မိုးသက်လေပြင်းကလည်း တစ်နာရီကိုမိုင် ၅၀ လောက်အထိ တိုက်နိုင်ပါတယ်။ အဓိက ကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ပေါ့လေ။ အဲဒီဘက်မှာ မုန်တိုင်းကနေ ရိုက်ခတ်လာတဲ့လေပြင်းတွေ တိုက်ခတ်လာနိုင်တာပေါ့လေ။”

မုန်တိုင်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတော့ နိုင်ငံတော်သမ္မတရုံး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့တွေ၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့တွေ၊ မြန်မာ့အသံ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက FM ရေဒီယိုဌာနတွေကိုလည်း ပေးပို့ထားတယ်လို့ ပြောပါတယ်။ မုန်တိုင်း အဖျားခတ်နိုင်တဲ့ ရခိုင်ပြည်နယ် မောင်းတောမြို့ဖက်အခြေအနေကို ဒီနေ့မွန်းလွဲပိုင်းက မေးမြန်းကြည့်ရာမှာတော့ -

“ဒီမှာကတော့ ရာသီဥတုအခြေအနေ ကောင်းပါတယ်။ အခုအခြေအနေမှာတော့ သာယာပါတယ်။ မုန်တိုင်းသတိပေးထားတာ ဘာမှ မရှိသေးပါဘူး။”

မောင်းတောဒေသခံတစ်ယောက်ပြောသွားတာပါ။ စစ်တွေဘက်ကို မေးမြန်းရာမှာလည်း စစ်တွေမြို့ဘက်မှာ ရာသီဥတုသာယာနေတယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာဘက်ကအခြေအနေကိုလည်း ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မနက်ပိုင်းက နည်းနည်းနေသာတယ်။ နေ့ခင်းကျောလေးက အုံ့တယ်။ အခု နေပြန်သာနေတယ်။ လေလေးတော့ ခါတိုင်းထက်စာရင် ပိုတိုက်တာပေါ့။”

မိုးကြိုကာလဖြစ်တဲ့ မေနဲ့ဧပြီလတွေနဲ့ မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေဟာ အများအားဖြင့် မြန်မာနိုင်ငံအတွင်းကို မုန်တိုင်းဝင်ရောက်တတ်တဲ့ရာသီတွေဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မေလ ၂ရက်နေ့က ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ကို ၀င်ရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁ သိန်းခွဲလောက် သေဆုံးခဲ့ရသလို  ၂၀၁၀ ခု အောက်တိုဘာလ၂၂ ရက်က ရခိုင်ပြည်နယ်ကို ၀င်ရောက်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် လူ ၁၅၀ လောက်သေဆုံးခဲ့ရပါတယ်။

ကိုမိုးဇော် (ဗွီအိုအေ)
 ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဖိုင်လင်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ဒီကနေ့ည သန်းခေါင်အချိန်လောက်မှာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ်အတွင်းကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေး ဆိုတာ...

Photo: ကျန်းမာရေး ဆိုတာ... 
Saturday, October 12, 2013

ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။

Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။

ငါ ကင်ဆာဖြစ်နေပြီလားဆိုတဲ့အတွေး ကလည်း လူကို တော်တော် နှိပ်စက်တာ ပါ။ ဇူလိုင်လ ကုန်ခါနီးအပတ်နဲ့ သြဂုတ် တစ်လလုံးဟာ ကျွန်မအတွက်တော့ မချိမဆန့်ခံစားနေရတဲ့ ရက်တွေပေါ့။ ခွဲစိတ်ပြီး Biopsy လုပ်တယ်။ အဲဒီအဖြေ မရမချင်း ကမ္ဘာပျက်နေသလိုပါပဲ။ တစ်ခါ Biopsy သွားလုပ်တော့ ဓာတ်ခွဲခန်း က အဆင့် ၂ ဆင့်လုံးအတွက် ပိုက်ဆံ တစ်ခါတည်းရှင်းရမယ်တဲ့။ စစ်တာရယ် စစ်ပြီး ကင်ဆာဆိုရင် ဘယ်အဆင့် ရောက်နေပြီလဲဆိုတာကိုစစ်ဖို့တဲ့။ ဘယ် လောက်များ သူတို့ ပိုက်ဆံရဖို့ကိုပဲ ဦးစားပေးသလဲလို့။ လူနာကလည်း ဟုတ်ခဲ့ရင် ဘယ်သူမဆို ဘယ်အဆင့်လဲ ဆိုတာ စစ်ရမှာပါပဲ။ စစ်တာ ၈ သောင်း လောက်တောင်ကျတယ်။

ကဲ ဘာတတ် နိုင်မှာလဲ ပေးဆိုပေးရုံပေါ့။ စစ်နေတုန်း ဘုရားတရား မြဲလိုက်ပုံတော့ ပြော မနေနဲ့တော့ လူဆိုတာတော့ သေမှာ ကြောက်တဲ့ အမျိုးချည်းပဲပေါ့။

အဖြေရတော့မယ့်နေ့ နေ့လယ်မှာ ဓာတ်ခွဲစစ်ဆေးတဲ့ ဆေးရုံက ဖုန်းဆက် တယ်။ ကျွန်မရင်တွေလည်း ခုန်နေလိုက် တာ တဒုန်းဒုန်းနဲ့ ခြေထောက်တွေလည်း ယိုင်နေတာပဲ။ အစ်မ ဒုတိယ ထပ်စစ် ရမယ့် အဆင့်မလိုတော့လို့ မြို့ထဲက ဓာတ်ခွဲခန်းမှာ ပိုက်ဆံပြန်ထုတ်လို့ရ တယ်တဲ့။ အဲဒီလို ကြားလိုက်တာ ဟုတ် မှ ဟုတ်ရဲ့လားလို့။ မယုံတယုံတောင် ဖြစ်နေသေးပါရဲ့။ ပြီးမှ ပျော်လိုက်တာ လေ။ ငါသေတွင်းက လွတ်ပြီကွလို့ပေါ့။ ဆရာဝန်ကို ဖောလိုးအပ်ပြန်ပြ တော့ ကျွန်မကို ဘာပြောတယ်မှတ်လဲ။ အခုတော့ မရှိဘူးတဲ့။ ဒါပေမဲ့ နောက် ဖြစ်လာမယ်၊ ဖြစ်မလာဘူး မပြောနိုင် ဘူးတဲ့။ ဟောတော် ဘယ်လိုကြီးတုန်း နဂိုကမှ ကြောက်ရတဲ့အထဲ။ အဲဒီတော့ ဆရာက အကြံပေးလိုက်တာက စိတ် အေးအေးနေသွားချင်ရင် အင်ဂျလီနာ ဂျိုလီလို လုပ်လိုက်ပါတဲ့။ ရော ဖြစ်မှဖြစ် ရလေ ဆရာရယ်လို့ပဲ တွေးနိုင်ပါတော့ တယ်။

သိပ်မကြာခင် ဖေ့စ်ဘွတ်သူငယ် ချင်း ကိုဇော်မင်းထွေး (Zawminn Htwe) သူတင်လိုက်တဲ့ စတေးတပ်အရ သူ့မှာ ကင်ဆာရောဂါစွဲကပ်နေပြီလို့ သိ လိုက်ရတယ်။ သူ့စတေးတပ်ဖတ်ပြီး တော်တော်လည်း စိတ်ထိခိုက်မိတယ်။ မကြာပါဘူး။ သူဆေးရုံရောက်နေပြီ။ အရေးပေါ် A Blood လိုနေတယ်ဆိုလို့ ကျွန်မသွေးနဲ့ တူနေလို့ လှူချင်တာ အဲဒီ အပတ်မှာ သွေးအားကျနေလို့ ကျွန်မ မလှူရဘူး။ ဒါနဲ့ ကျွန်မ သူငယ်ချင်းတွေ ဆီက ရမလားလို့ လိုက်ရှာတယ်။ လော လောဆယ်အတွက်တော့ အဆင်ပြေ သွားတယ်။ သူ့သူငယ်ချင်းလာလှူလိုက် တယ်။ ဒါပေမဲ့ ကျွန်မ နောက်ထပ်လိုရင် လှူပေးလို့ရရင် လှူမယ်ဆိုတာ ပြောရင်း သူ့ကို သျှင်ပါကူမှာ သွားအားပေးဖြစ် တယ်။ သူဘာပြောလဲဆိုတော့ စဖြစ် ဖြစ်ချင်း အူမကြီးမှာ ဖြစ်တယ်လို့ အဖြေ မထုတ်နိုင်ဘဲ အချိန်တွေ ကြာသွားတယ် တဲ့။ ဒီလောက်တိုးတက်လာတဲ့ ခေတ် ကြီးမှာ တောင်မှလေ။

နောက်ဆရာတစ် ယောက်နဲ့မှ အဆင်ပြေတယ်။ နောက် ဆုံး နိုင်ငံခြား ထွက်ကုပေမယ့် နောက် ကျသွားပြီ ဆိုတဲ့အကြောင်း ကိုဇော်မင်း ထွေးကပဲ မမောနိုင် မပန်းနိုင် ပြောပြ ရှာတယ်။ ကျွန်မလည်း စကားတွေသာ ပြောနေရတယ်။ ရင်ထဲမှာ ဆို့နေတာပဲ။ သူ့အမေကလည်း သူ့အကြောင်း ပြော ပြတယ်။ အရမ်းလိမ္မာတဲ့ သားလေးဖြစ်တဲ့ အကြောင်း၊ အလုပ်လည်း တအားလုပ်လို့ သူ့သူငယ်ချင်းပတ်ဝန်းကျင် အသိုင်းအ ဝိုင်းတစ်ခုလုံးက ချစ်ကြောင်း၊ သြော် လိမ္မာတဲ့ လူတွေကို ပြန်ပြန်ခေါ်တာ စောလိုက်တာနော်လို့ပဲ မချိမဆံ့ တွေး မိပါရဲ့။ သူက ဘာပြောသေးလဲဆိုတော့ ကျွန်တော် နှစ်တွေအကြာကြီး ရယ်ဒီ မိတ်ခေါက်ဆွဲထုပ်တွေနဲ့ ကော်ဖီမစ်တွေ ပဲ တော်တော်များများ စားဖြစ်တဲ့အ ကြောင်း ဒါကြောင့်လို့ထင်ကြောင်းပြော တယ်။

နောက် ကျွန်မတို့ ဧည့်လမ်းညွှန် အသိုင်းအဝိုင်းထဲက တစ်ယောက် အူ ကင်ဆာဖြစ်လို့ ဘန်ကောက်မှာ ဆေး သွားကုတယ် ကြားရပြန်တယ်။ မနေ့က ပဲ တခြားသူငယ်ချင်းတစ်ယောက်က တင်တဲ့ ပို့စ်မှာ ဂျာမန်ဧည့်လမ်းညွှန် အဆုတ်ကင်ဆာဖြစ်တယ်။ ၄ ရက်နေ့ မြန်မာပြည်ကနေ ဘန်ကောက်သွား မယ်။ ကုသအောင်မြင်နိုင်ပါစေ။ မင်း ပြန်လာရင် သောက်ဖို့ သင်္ဘောရွက်ပြုတ် ရေရအောင် ငါသင်္ဘောပင်တွေ စိုက် နှင့်မယ်လို့ ရေးထားတယ်။

ဘာကြောင့်များ ကျွန်မတို့ နိုင်ငံ မှာ ကင်ဆာရောဂါရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံနေရပါလိမ့်။ ကျွန်မတို့ ဘယ်သူတွေကို ဘာကို ယုံကြည်ရမလဲ။ ခုတလော ထွက်နေတဲ့ သတင်းတွေအရ ဘာစား စရာမဆို ကြောက်စရာချည်းဘဲ ဖြစ်နေ ပါလား။ ကျွန်မဟာ ဘယ်သူတွေ ဘာ ပြောပြော ကျွန်မခေါင်းနဲ့ တွေးပြီးမှ ယုံတတ်တဲ့သူ။ ဘာဖြစ်ဖြစ် အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘူးလို့ ခံယူထားတဲ့ သူပါ။ဒါပေမဲ့ ဒီကျန်းမာရေးကိစ္စ ကျန်း မာရေးနဲ့ ဆက်နွှယ်တဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ အစိုးရမှာပဲ တာဝန် လုံးလုံးရှိတယ်လို့ ပြောချင်ပါတယ်။

FDA ဘာလုပ်နေသလဲ။ Myanmar FDA ကို ကျွန်မတို့ ဘယ်အတိုင်း အတာထိယုံရမလဲ။ FDA က ဘယ် ပမာဏတွေထိ စမ်းသပ်စစ်ဆေးသလဲ။ အစိုးရကရော FDA စစ်သမျှ ယုံတာပဲလား။ Counter Check လုပ်သင့်တယ် ယူဆပြီး လုပ်သလား ကျွန်မ မသိပါ။ ကျွန်မသူငယ်ချင်း ပါရဂူဘွဲ့ယူဖို့ စာ တမ်းပြုစုတော့ တိုင်းရင်းဆေးတချို့ကို ဓာတ်ခွဲပါတယ်။ တော်တော်နာမည်ကြီး တဲ့ အကိုက်အခဲ ပျောက်လိမ်းဆေးမှာ အာဆင်းနစ်တွေပါတယ်။

သူ့ကို အဲဒီ ဆေးပိုင်ရှင်က အပြင်ကို မပြောဖို့ လာ တောင်းပန်ကြောင်း သိရတော့ ကျွန်မနဲ့ တောင် စကားများရပါသေးတယ်။ နောက် တစ်ခါ အင်အားပြင်း ဓာတ်မြေသြဇာ တွေ တင်သွင်းတဲ့ကိစ္စ မသွင်းရဘူးဆိုတဲ့ ဟာတွေကို Custom Clearing Agent တွေ အကူအညီနဲ့ ရအောင်သွင်းတဲ့ ကုမ္ပဏီတွေ ရှိခဲ့ဖူးတယ်။ ဒီဓာတ်မြေ သြဇာတွေကြောင့် မဖြစ်သင့်တဲ့အမှုတွေ ခဏခဏဖြစ်တယ်။ ကျွန်မတောင် တစ် ခါ ပန်းဂေါ်ဖီပွင့်ကြော်နဲ့ သေမလို ဖြစ် တယ်ဆိုတာ ရေးဖူးပါတယ်။

တစ်ခါ အသီးအနှံတွေမှာ အစား အသောက်တွေမှာ ကြာကြာခံအောင် ဓာတုဆေးဝါးတွေနဲ့ စီမံထားတာ။ တစ် တိုင်းပြည်လုံး တွင်တွင်ကျယ်ကျယ် စား နေတဲ့ ကွမ်းသတ်လို့သေတဲ့ လူပေါင်း လည်း များနေပြီ။ ကွမ်းသီးကို ပိုးမကျ အောင်ဖျန်းတဲ့ ပိုးသတ်ဆေးက အဓိက ထင်တာပဲ။ ကွမ်းသီးပွဲရုံ အလုပ်သမား ဟာ ဓာတုဆေးဝါးကျွမ်းကျင်သူ မဟုတ် လို့ဘယ်အတိုင်းအဆဖျန်းရင် အန္တရာယ် ရှိတယ် မရှိဘူးဆိုတာ သိမှာ မဟုတ်ဘူး။

အန္တရာယ်မရှိဘူးထင်ရပြီး တစ်ခါ တလေမှာ အန္တရာယ်ရှိတဲ့ သနပ်ခါး အ ကြောင်းလည်း သိသင့်ပါတယ်။ ကျွန်မ တို့က နိုင်ငံခြားသား ဧည့်သည်တွေနဲ့ တစ်နိုင်ငံလုံး နေရာအနှံ့ လျှောက်သွား နေရတဲ့ လူတွေပါ။ တစ်နိုင်ငံလုံး ဘယ် နေရာမှာ ဘာရပြီး ဘယ်နေရာက ဘာ တွေလုပ်နေတယ်ဆိုတာကို သိလည်း သိကြတယ်။ မြင်လည်း မြင်တယ်။

တစ် ခါတလေ ကိုယ်က မျက်စိရှန်းတောင် ကိုယ့်ဧည့်သည်တွေက ထောက်ပြပြီး ပြောသွားတာမျိုးတွေ ရှိကြတယ်။ အဲဒီ တော့ ပြောချင်တာက ဧည့်လမ်းညွှန်တွေ က သာမန်ပြည်သူပြည်သားတွေမသိတဲ့ ကိစ္စမျိုးတွေတောင် သိတယ်။ သိတာကို လည်း အများသိအောင် ချပြချင်တဲ့ စေ တနာနဲ့ သတ္တိလည်း ရှိကြတယ်ဆိုတာပါ။

သနပ်ခါးကို တချို့ရောင်းတဲ့သူ တွေက အရောင်ပိုလှအောင် ဆေးခြယ် လေ့ ရှိတယ်။ ပန်းချီဆေးခြယ်တာ ပြဿနာမဟုတ်ပေမယ့် ဘက်ထရီပလိပ် ပြားထောင်း အညိုရင့်ရင့် (စဥ့်အိုး အရောင်ခြယ်ရန်လည်း သုံးပါသည်)တွေခြယ်တာကတော့ တကယ့် ပြဿနာ ပဲ။ တစ်ခါတလေ အမေတွေက သနပ် ခါးသွေးရင်း ကလေးကို သနပ်ခါးခွံ့သေး တာ။ ဒီက အမျိုးသမီးတွေလည်း သနပ် ခါးပဲလိမ်းရင်းနဲ့ အမည်းကွက် အမည်း စက် တင်းတိပ်တွေ ထွက်တယ်ဆိုတာ အဲဒါတွေရဲ့ အကျိုးဆက်ပေါ့။ ဘက်ထရီ ပလိပ်ပြားမှုန့်ကတော့ ကင်ဆာပါဖြစ်မှာ အသေချာပဲ။ တချို့က သနပ်ခါးတုံးဖြတ်ရင်း အပွေးလေးတွေထွက်လာရင် လွှင့်မပစ်ဘူး။ ဆူပါဂလူးနဲ့ ပြန်ကပ်တာ တောင်ရှိတယ်။ ဒါကတော့ ကိစ္စမရှိပါ ဘူး။

အရင် ကျွန်မတို့ငယ်ငယ်က ဘယ် မှာ ကင်ဆာဆိုတာ ဖြစ်လို့လဲ။ ရှိတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ ခုလိုတော့ ကမ္ဘာ မှာ ကင်ဆာဒုတိယအဖြစ်ဆုံး တိုင်းပြည် လို့ အခေါ်ခံရလောက်အောင် မရှိခဲ့ပါ ဘူး။ အဲဒါဘာကြောင့်လဲ သမ္မာအာဇီဝ မဖြစ်တဲ့လုပ်ငန်းတွေကြောင့် အများကြီး ပါတယ်လို့ မထင်ကြဘူးလား။ စိတ် ဖိစီးမှုတွေ ပတ်ဝန်းကျင်ကမ္ဘာကြီး ပူနွေး ဖောက်ပြန်လာမှုတွေလည်း ပါမှာပေါ့။ အစားအသောက်ကတော့ အဓိက ထင် ပါရဲ့။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သမ္မာအာဇီဝဆိုတာ သိကြပါတယ်။ သိ သိကြီးနဲ့ တချို့က ဝိသမလောဘသား ကောင်တွေအဖြစ်နဲ့ မသိချင်ယောင် ဆောင်နေကြတယ်။ သူခိုး ဓားပြမှ ငရဲ ကြီးမှာ မဟုတ်ဘူး။ မသမ္မာ အာဇီဝ လုပ်ရင်လည်း ကြီးမှာပဲ။ ဥပမာ ခု ခေတ်စားနေတဲ့ ငါးပိ ကိစ္စဆိုပါတော့ ရောင်းတဲ့သူကတော့ လူမသတ်ဘူး။ ဒါ ပေမဲ့ သူ့ဟာစားပြီး သေမယ်ဆိုရင် သူ လည်း ပါဏာတိပါတ ကံကျူးလွန်တာပဲ။ ငရဲမင်းကိုတော့ မသိလို့ပါလို့ အစစ်ခံ လို့ရမယ် မထင်ဘူး။ 'သင်မသိ ဟု ဆိုရုံ မျှဖြင့် . . . 'ဆိုတဲ့ ဥပဒေစကားတောင် ရှိတာပဲ။

ကြွပ်ကြွပ်အိတ်လို့ခေါ်တဲ့ ပလတ်စတစ်အိတ်တွေကိုလည်း နေရာတကာမှာ သုံးကြပါတယ်။ အပူမထည့်ရင် ကိစ္စသိပ်မရှိပေမယ့် အပူတွေထည့်ရင်တော့ Chemical Reaction တွေ ဖြစ်မှာ အသေအချာပါပဲ။ အထူးသဖြင့် မုန့်ဟင်း ခါးဟင်းရည်ထည့်ကြတာလေ။ ကျွန်မ တော့ အိမ်က ချိုင့်ယူသွားခိုင်းတယ်။ ကြွပ်ကြွပ်အိတ်ထဲ ထည့်တဲ့ အပူတွေ မြင်ရင် အဆိပ်လို့ ခံစားရတယ်။ အရင် တုန်းကလို ငှက်ပျောဖက် အင်ဖက်တို့နဲ့ ထုပ်တဲ့ ခေတ်ပြန်ရောက်ရင် ကောင်းမှာ ပါပဲ။

အကြော်တွေမှာ ပွဆေးတွေထည့် တာလည်း ရှိသေး။ ဒါကြောင့် သိပ်ပွ ရွနေတာတွေလည်း မစားရင်ကောင်း မယ်။ အကြော်(တင်ပူရာ)ဆိုလည်း ဆီ တစ်ခါကြော်ပြီးတိုင်းမှာ မသွန်နိုင်တာ ဒီတော့ စားချင်ရင် အိမ်မှာ ကြော်စား ဖို့ပဲ ရှိတော့တယ်။ နိုင်ငံခြားသားက တော့ တစ်ခုခုကြော်ပြီးရင် ဆီကို ဘတ်ခနဲ သွန်ပစ်တာ စမြင်ရတုန်းက ဗမာပီပီ နှမြောလိုက်တာ။ တိုးရစ်တွေ စားတဲ့ စားသောက်ဆိုင်တွေဆို MSG Free (အချိုမှုန့် မပါ) စားအုန်းဆီမသုံး စတာတွေ ဖော်ပြထားရတယ်။ နို့မို့ဆို ကျွေးလို့မရဘူး။ နိုင်ငံခြားသားကတော့ ကျန်းမာရေး လိုက်စားတယ်ဆို တကယ် ကို လိုက်စားတာပါ။ သူတို့က ကိုယ် လက်လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ကြ တဲ့ လူမျိုးတွေ။သူတို့ အစိုးရတွေကလည်း ဂရုစိုက်ကြတယ်။ တကယ်တော့ ဒီအ စားအသောက်တွေ မသန့်ရှင်းတာ အန္တရာယ်ရှိတာကို အစိုးရအနေနဲ့ ဖိဖိ စီးစီး တကယ်ကို စေတနာပါပါနဲ့ဆောင် ရွက်ပေးလို့ ရတာပဲ။ ကိုယ့်တိုင်းပြည်သူ ပြည်သားတွေ ကျန်းမာရေး ဆေးကု စရိတ်တွေနဲ့ လုံးလည်လိုက်ပြီး မမွဲစေ ချင်ရင်ပေါ့။ ခုတော့ မွဲလည်း မွဲသေး။ လူလည်း အသက်မရှင် ဆိုတာကတော့ မတန်ပါဘူးလေ။

မူလတန်းကျောင်းတွေမှာ ကလေး တွေကို သတ်တော့မလား အောက်မေ့ရ တယ်။ ခုတော့ တောင်တွင်းမှာ အစား အသောက်တွေနဲ့ပတ်သက်ပြီး အန္တရာယ် ရှိတဲ့အကြောင်းကို လူတွေသိအောင် Campaign လုပ်မယ်ပြောတယ်။ အရမ်းကြိုဆိုပါတယ်။ အဲဒါမျိုး တစ်နိုင်ငံလုံးမှာ လုပ်ရမယ်။ မလုပ်မရှုပ်မပြုတ်တွေ များနေရင်တော့ မလွယ်လှဘူးပေါ့။
အင်း ကျွန်မတို့ မြန်မာလူမျိုးတွေ ရဲ့ဘဝကတော့ ရင်လေးစရာ အတိပါပဲ။ အစိုးရမင်းများကိုပဲ တောင်းဆိုချင်ပါ တယ်။ မြန်မာလူမျိုးတွေ သက်ရှည်ကျန်း မာတာကို စာရွက်ပေါ်မှာတင်မဟုတ် လက်တွေ့မြင်ချင်ကြပါလို့ ....။

အမရာ(ရူပ)
Popular Myanmar News Journal
ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မ ကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။

ပြင် ၊ သစ် ပြဿနာနဲ့ လူထုကို ဦးဆောင်မလား၊ အသုံးချမလား

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်လော၊ အသစ်ရေးဆွဲမည်လောဆိုသော “ပြင်-သစ် ပြ ဿနာ” သည် လတ်တလောရေပန်းအစားဆုံး နိုင်ငံရေး ခေါင်းစဉ်တစ်ခု ဖြစ်နေပါသည်။

အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား

Photo: အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား
Saturday, October 12, 2013

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန် လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ) နှစ်ခန်းတွဲနေအိမ်တွင်နေထိုင် သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ ၁၁ရက်၌ ၎င်း၏နေ အိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည် ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့ လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက် ရှာဖွေခြင်းပြု လုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြ တင်း ပေါက် သံ ဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။ အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ် ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့် တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ယခု သေဆုံးသူရောက်ရှိ နေထိုင်ပြီးမှ ဇွန်လအတွင်းကလည်း ပထမ အကြိမ်အဖြစ်ဖောက်ထွင်းခံရပြီး ကာလတန်ဖိုးကျပ် ၁၃သိန်းခန့် ဆုံးရှုံး ခဲ့သည်ဆို၏။ သေဆုံးသူ ဒေါ်သန်းမြိုင်သည် အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) အပျိုကြီးဖြစ်ကာ ၎င်းသည် တစ်ဦးတည်းနေထိုင်မှုကိုသာ နှစ်ခြိုက် သည်ဆို၏။ အလောင်း ကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၁၈ ဖြင့်လက်ခံထားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၄၇/၂ဝ၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဆို၏။

ကောင်းထက်၊ မောင်မျိုး 
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန်လမ်းရှိ အိမ်အမှတ် (၁၅၇၈/ခ) နှစ်

အစိုးရနှင့် ကေအိုင်အို ဆွေးနွေးမှု ပြည်တွင်းစစ် ရပ်တန့်ရေး လမ်းစဟုဆို

Photo: အစိုးရနှင့် ကေအိုင်အို ဆွေးနွေးမှု ပြည်တွင်းစစ် ရပ်တန့်ရေး လမ်းစဟုဆို
Saturday, October 12, 2013

အစိုးရနှင့် ကေအိုင်အို နှစ်ဖက် ထိပ်ပိုင်းခေါင်းများ တွေ့ဆုံဆွေးနွေးမှု များသည် ရာစုနှစ်ဝက်ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ရပ်တန့်ရေး လမ်းစဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန် မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုသည် တိုင်းရင်းသား အားလုံး ပါဝင်မည့် နိုင်ငံရေး တွေ့ ဆုံဆွေးနွေး ပွဲ အတွက်လည်း အစပျိုးခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၎င်းကထုတ်ပြန် ပြောကြားသည်။

နမ်ဘီးယားသည် မြစ်ကြီးနားတွင် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ပြုလုပ်သည့် မြန်မာအစိုးရနှင့် ကေအိုင်အို ငြိမ်ချမ်းရေး တွေ့ ဆုံဆွေးနွေး ပွဲတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ 
“ကချင်ပြည်နယ်အရေးက ကချင်လူမျိုးတွေ အတွက်တင်မကဘူး။ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေး အဖြေတစ်ခုပါ” ဟု နမ်ဘီးယားက ဆိုသည်။

မြစ်ကြီးနားတွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အေအိုင်အို ကိုယ်စားလှယ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး အပါအဝင် အချက် ခုနစ်ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်ရောက်ရှိရန် ရှေ့ဆက် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ကူညီနေသည့် ကုလသမဂ္ဂ၏ အကူအညီ ပေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နမ်ဘီးယားက ဆိုသည်။

The Voice Weekly
အစိုးရနှင့် ကေအိုင်အို နှစ်ဖက် ထိပ်ပိုင်းခေါင်းများ တွေ့ဆုံဆွေးနွေးမှု များသည် ရာစုနှစ်ဝက်ကျော် ဖြစ် ပွားခဲ့သည့် ပြည်တွင်းစစ်ရပ်တန့်ရေးလမ်းစဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန် မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ပြောကြားသည်။

ဒုက္ခသည်တွေပါတဲ့ လှေမှောက်မှု အလားတူ ဖြစ်ရပ် သုံးခု သီးခြားစီ ဖြစ်ခဲ့

Photo: ဒုက္ခသည်တွေပါတဲ့ လှေမှောက်မှု အလားတူ ဖြစ်ရပ် သုံးခု သီးခြားစီ ဖြစ်ခဲ့ 
Saturday, October 12, 2013

 လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ နောက် ထပ် လှေ တစင်း တိမ်းမှောက်ခဲ့တာကြောင့် အီတလီနဲ့ မော်လတာ နိုင်ငံက ကမ်းရိုးတမ်းစောင့် တပ်ဖွဲ့တွေ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေပါတယ်။

မကြာခင် ရက်ပိုင်းတွေတုန်းကလည်း လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ လှေတစင်း အီတလီက လမ်ပဒူဆာကျွန်းမှာ တိမ်းမှောက်မှု ဖြစ်ခဲ့ပါတယ်။

မနေ့က မှောက်ခဲ့တဲ့လှေက အလောင်း ၂ရလောင်းကို လတ်တလော ရှာတွေ့ထားပြီလို့ မော်လတာ ဝန်ကြီးချုပ် ဂျိုးဆက်ဖ် မက်စ်ကတ်ထ် က ပြောပါတယ်။

အသက်မသေဘဲ ကျန်ရစ်သူ နှစ်ရာကျော် ရှိပြီး အဲဒီ အထဲက ဒဏ်ရာ အပြင်းအထန် ရတဲ့သူတွေကို ရဟတ်ယာဉ်တွေနဲ့ အီတလီက လန်ပဒူဆာ ကျွန်းကို ပို့ဆောင် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့ လန်ပဒူဆာ လှေမှောက်မှုမှာ လူသုံး ရာလောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မနေ့က သောကြာနေ့ အစောပိုင်းတုန်း အဲဒီ ဒေသတွင်းမှာ ဒုက္ခသည်တွေ ပါတဲ့ လှေမှောက်မှု အလားတူ ဖြစ်ရပ် သုံးခု သီးခြားစီ ဖြစ်ခဲ့ပြီး ရာနဲ့ချီတဲ့ လူကို ကယ်တင်ခဲ့ရပါတယ်။

မြေထဲပင်လယ် အရှေ့ဖက် အလက်ဇန်ဒရီးယားမြို့မြောက်ဖက်မှာလည်း အလားတူ ဒုက္ခသည်လှေ တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားပါတယ်။

အဲဒီ လှေပေါ်ပါ ဆီးရီးယား လူမျိုး အယောက် လေးဆယ် ၊ ပါလက်စတိုင်း ၇၂ ယောက်နဲ့ အီဂျစ် နိုင်ငံသား လေးယောက် တို့ကို ကယ်တင်ခဲ့ရတယ် လို့ အီဂျစ် လုံခြုံရေး အရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ ဆီးရီးယားက ထွက်ပြေးလာသူ လူ တသိန်းလောက် ကို အီဂျစ်က စောင့်ရှောက်ထားရပြီး အဲဒီအထဲက တခိျု့ဟာ လူတွေ အပြည့်အကြပ် တင်ဆောင်ထားတဲ့ လှေတွေနဲ့ ဥရောပ ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့်တင်ဆောင်လာတဲ့ နောက်ထပ် လှေတစင်း တိမ်းမှောက်ခဲ့ တာကြောင့် အီတလီနဲ့ မော်လတာနိုင်ငံက ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့တွေရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင် နေပါတယ်။

အဆင့်မြင့်ပညာရေး ဥပဒေတွင် ထည့်သွင်း အကြံပြုမည့် အဆင့်မြင့် ပညာရေးကဏ္ဍ မူဝါဒသဘောထား စစ်တမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်

(ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်အား တွေ့ရစဉ် (ဓာတ်ပုံ-တိုးအောင်))
အဆင့်မြင့်ပညာရေး ဥပဒေ ရေးဆွဲရာတွင် ထည့်သွင်း အကြံပြုနိုင်ရန် ပညာရေး ၀န်ကြီးဌာန လက်အောက်တွင် ရှိသော တက္ကသိုလ် အသီးသီးရှိ ဆရာ၊ ဆရာမများ ကျောင်းသား ၊ ကျောင်းသူများ ၊ ကျောင်းသား မိဘများထံမှ ကောက်ယူသည့် အဆင့်မြင့် ပညာရေးကဏ္ဍ မူဝါဒ သဘောထား စစ်တမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ သိရသည်။

ခေါင်းတစ်ခြမ်းကိုက် ရောဂါ ကုသနည်းများ

Photo: ခေါင်းတစ်ခြမ်းကိုက် ရောဂါ ကုသနည်းများ
 Saturday, October 12, 2013

ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေသလား။  ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေက ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။

အဆီပါဝင်မှု အလွန်နည်းသော အစာ
အတ္တလန်တာရှိ ခေါင်းကိုက်ဝေဒနာ စင်တာအရ ခေါင်းတစ်ခြမ်း ကိုက်တာဟာ စိတ်ဖိစီးမှု (အရွယ်ရောက်သူရဲ့ ၈၀ ရာခိုင်နှုန်း)၊ ဟော်မုန်း (၆၅ ရာခိုင်နှုန်း)၊ အနံ့အသက် (၄၄ ရာခိုင်နှုန်း)၊ အလင်းရောင် (၃၈ ရာခိုင်နှုန်း)၊ မီးခိုး (၃၆ ရာခိုင်နှုန်း)၊ ပူပြင်းတဲ့ ရာသီ (၃၀ ရာခိုင်နှုန်း)၊ အစားအစာ (၂၇ ရာခိုင်နှုန်း) နဲ့ တခြား အနှောင့်အယှက်တွေကြောင့် ပိုဆိုးစေနိုင်ပါတယ်။ လေ့လာမှု တစ်ရပ်အရ အဆီနည်းတဲ့ အစားအစာကို ၁၂ ပတ်ကြာ အလွန်အမင်း စားတာကြောင့် ခေါင်းကိုက် ဝေဒနာကို ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းစေကြောင်း သိရပါတယ်။

ဖြည့်စွက်ဆေးများ
(၁) ဗီတာမင် B2 – ဘယ်လ်ဂျီယံ တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ ဗီတာမင် B2 ၄၀၀ မီလီဂရမ် မှီဝဲသူ ၆၀ ရာခိုင်နှုန်း နီးပါးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါကို တစ်ဝက် လျော့ကျစေတယ်လို့ သိရပါတယ်။
(၂) မယ်လတိုနင် -  အိပ်ရာမဝင်ခင် မယ်လတိုနင် ဆေးကို သုံးလကြာ မှီဝဲသူတွေကို လေ့လာခဲ့ရာ သုံးပုံနှစ်ပုံဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ ၅၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

အကိုက်အခဲ ပျောက်ဆေးများ
ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် နေ့စဉ် လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေကို မလုပ်နိုင်ဘူးဆိုရင် အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်၊ ပါရာစီတမော စတဲ့ အကိုက်အခဲ ပျောက်ဆေးတွေက ကူညီနိုင်ပါတယ်။ အက်စ်ပရင်နဲ့ ပါရာစီတမော ဆေးပြားတွေဟာ အိုင်ဗျူပရိုဖင် ဆေးထက် ခေါင်းကိုက် ဝေဒနာကို မိနစ် ၂၀ ကြာ ပိုမြန်မြန်ဆန်ဆန် သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုသောက်တာ ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက် သက်သာဆေးတွေကို တစ်လမှာ ၁၇ ကြိမ်ထက် ပိုသောက်တာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပြန်ဖြစ်တာမျိုး ဖြစ်တတ်ကြောင်း ဂျာမန် သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက် ရောဂါအတွက် အကိုက်အခဲ ပျောက်ဆေးတွေကို မသောက်ခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။

အပ်စိုက်ကုထုံး
ဗြိတိန်လေ့လာမှု ၁၃ ခု အရ အပ်စိုက်ကုထုံးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါကိုလည်း သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ သုံးလကြာ အပ်စိုက်ကုထုံး ခံယူထားသူ ၁၂ ဦးဟာ အပ်စိုက်ကုထုံး မခံယူသူတွေထက် စာရင် အကိုက်အခဲ ပျောက်ဆေး အသုံးပြုရမှု ၁၅ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။
 
ဇွန်
Ref:Good health

သဘာဝရဲ့အားအင်
ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေသလား။ ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေ က ခေါင်း တစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။

အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် သမ္မတဦးသိန်းစိန်ဖိတ်ခေါ်

Photo: အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် သမ္မတဦးသိန်းစိန်ဖိတ်ခေါ်
Saturday, October 12, 2013

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်ကြီးသုံးခုတွင် အရှေ့ တောင် အာရှ နိုင်ငံများ အပါအ၀င် အာဆီယံအပေါင်း ၃ (Asean Plus 3) နိုင်ငံတို့နှင့် ဆက်သွယ်နိုင်မည့်စီမံကိန်းကြီးများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိပ်သီးအစည်းအဝေး  နောက်ဆုံးရက်၌ တိုက်တွန်း ပြောကြားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၀ ရက် နံနက်က ဘရူနိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်နှင့်ကိုရီးယား (Asean Plus 3) အစည်းအဝေး၌ သမ္မတက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
““မြန်မာမှာ အထူးစီးပွားရေးဇုန်သုံးခုဖြစ်တဲ့ ကျောက်ဖြူသီလ၀ါနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေမှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဆီယံအပေါင်း ၃ နိုင်ငံ တို့ကို ဆက်သွယ်နိုင်မယ့်စီမံကိန်းတွေအဖြစ် လုပ်ဆောင်ဖို့ အခြေအနေကောင်းတွေ ရှိနေပါတယ်။ အာဆီယံအပေါင်း ၃ နိုင်ငံအနေနဲ့ ဒေသဆိုင်ရာ လွတ်လပ်စွာကုန်သွယ်မှုဧရိယာ ထူထောင် ရန်အတွက် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် စေ့ စပ်ဆွေးနွေးရာမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါ တယ်”” ဟု သမ္မတက ပြောကြားသည်။

ထို့ပြင် ယခင်က မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ကင်းကွာနေခဲ့ခြင်းကြောင့် ငွေကြေးကိစ္စများတွင် အာဆီယံအပေါင်း ၃ နိုင်ငံ တို့နှင့်  အပြည့်အ၀  ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း ၄င်းကပြောကြားသည်။ယခုအခါ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ပုံမှန်ဆက်သွယ်လုပ် ကိုင်နေပြီဖြစ်သည့်အတွက် ငွေကြေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံအပေါင်း ၃နိုင် ငံတို့နှင့် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတက ပြောကြားသည်။

(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံဥက္ကဋ္ဌရာထူးလွှဲပြောင်းသည့် အခမ်းအနားတွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် ဓာတ်ပုံ - AFP 

7 Day Daily
မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်ကြီးသုံးခုတွင် အရှေ့ တောင် အာရှ နိုင်ငံများ အပါအ၀င် အာဆီယံအပေါင်း ၃ (Asean Plus 3) နိုင်ငံတို့နှင့် ဆက်သွယ်နိုင်မည့်စီမံကိန်းကြီးများကို လုပ်ဆောင် သွားမည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိပ်သီးအစည်း အဝေး နောက်ဆုံးရက်၌ တိုက်တွန်း ပြောကြားကြောင်း သတင်းရရှိသည်။

" ရုပ်ရှင်နေ့တွင် ရုပ်ရှင် အစည်းအရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင်အား ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်မည်"


၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပသော ၉၂ကြိမ် မြောက် မြန်မာ ရုပ်ရှင်နေ့တွင် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များအား ဂုဏ်ပြုဆု များချီး မြှင့်ခဲ့ရာ အကယ်ဒမီ ဒါရိုက်တာ ဦး တင်ယု က ရုပ်ရှင် တစ်သက်တာဆု ချီး မြှင့်ခြင်း ခံခဲ့ရသည်။ အဆိုပါ ရုပ်ရှင် တစ်သက်တာ ဆုသည် မြန် မာ ရုပ်ရှင်လောက အတွက် အမြင့်မားဆုံး ဆုတစ်ဆု ဖြစ်သည်။ အကယ်ဒမီ ဒါရိုက်တာ ဦးတင်ယုသည် အ သက် ငယ်စဉ် ကတည်းက ရုပ်ရှင် ဒါရိုက်တာ အဖြစ် ဇာတ်ကားပေါင်း များစွာ ကို ရိုက်ကူးခဲ့ သူလည်းဖြစ် သည်။ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးသူ ဖြစ်သည့် အလျောက် အသက်ရှင်စဉ် ကာလ များတွင် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ရေး အတွက် သေ တစ် ပန်သက်ဆုံးဆောင်ရွက်ခဲ့သည်။ 

ကျောင်းနေစဉ် လူငယ်များကြား လိင်ကိစ္စအပေါ်စိတ်ဝင်စားခြင်းကို တိုက်ဖျက်တော့မည်

တရုတ်နိုင်ငံရှိ စာသင်ကျောင်း အချို့တို့သည် ကျောင်းသူကျောင်းသားများ ငယ်ငယ်ရွယ်ရွယ်နှင့် အချစ်ရေး ဘက် စိတ်ယိုင်လာမှုကို တိုက်ဖျက်သည့် ခြေလှမ်းများ စတင်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်း တရုတ်နိုင်ငံရှိ အလယ်တန်း ကျောင်းအချို့သည် ကျောင်းသူ၊ ကျောင်းသား များကြား ဆက်ဆံရေး တွင် တင်းကျပ်သော ကန့်သတ်စည်းမျဉ်းများ စတင်ထုတ်ပြန်လာခဲ့သည်။ ဆယ်ကျော်သက် အရွယ်များ တွင် စိတ်ကစားပြီး ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်ခြင်းကြောင့် ပညာရေးဘက်တွင် လစ်ဟင်း မှုများ ဖြစ်ပေါ်လာတတ်သည့် အခြေအနေအား စည်းမျဉ်းများဖြင့် တားဆီးနိုင်ရန် တာဝန်ရှိသူများက မျှော်လင့် ထားသည်။ တရုတ်၏ ပိုးသားမြို့တော်ဟု နာမည်ကြီးသည့် ဟန်ဇူးရှိ အလယ်တန်းကျောင်း တစ်ခုတွင် ယောက်ျားလေးနှင့် မိန်းကလေးများ (၁)မီတာထက် ပို၍ မနီးကပ်ရဟု စည်းကမ်း သတ်မှတ်လိုက်သည်။

တိုက်ဂါးဘီယာ စက်ရုံဝင်းအတွင်း မီးရှို့မှုဖြစ်ပွား

မင်္ဂလာဒုံမြို့နယ်ရှိ တိုင်ဂါးဘီယာစက်ရုံတွင် ဆိုင်ကယ်ဖြင့် ၀င်ရောက်လာသူတစ်ဦးက ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်ဖြုတ်ကာ မီးရှို့မှုတစ်ခုအောက်တိုဘာ ၉ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ဖယ်ဒရယ်စနစ်ကို လက်ခံကြရင် KIA ငြိမ်းချမ်းရေးလုပ်မည်

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ကနေ့အထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးတာဟာ ပြည့်ဝတဲ့ ဖက်ဒရယ်စံနစ် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် ဖြစ်တယ်လို့ KIO ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဒေါင်ခါးက ပြောပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်လာရေး အတွက်ပဲ တိုင်းရင်းသားတွေက လက်နက် ကိုင် တော် လှန်ရေး စတင်ခဲ့တာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ထွက် လာရင် ပြည်တွင်း စစ်လည်း ငြိမ်းချမ်းသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တောင်ကျ ချောင်းရေကြောင့် ကနီမြို့ ကျေးရွာအချို့ လူနေအိမ်များ မျောပါ

မုံရွာ ၊ အောက်တိုဘာ ၁၀။ ။ မိုးသည်း ထန်စွာရွာသွန်းပြီး ချောင်းရေကျ မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ရှိ ကျေးရွာအချို့တွင် လူနေအိမ်များ ချောင်းရေနှင့် အတူ အောက်တို ဘာရရက်က မျောပါမှုများရှိခဲ့ ကြောင်း မုံရွာခရိုင်ပြည်ခိုင်ဖြိုး ပါတီရုံးမှ သိရသည်။

ပဋိပက္ခများ၏ နောက်ကွယ်တွင် ပါဝင်ကျူးလွန် သူများကို ထိရောက်စွာ အရေးယူရန် ကုလအတွင်းရေးမှူးချုပ်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း

8.1.1
သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ အစိုးရ ဧည့်ဂေဟာ၌ သီးခြား တွေ့ဆုံစဉ်
ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ နောက်ကွယ်၌ ပါဝင်ကျူးလွန်သူ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ကြောင်း သိရသည်။

ညောင်လေးပင်မှ တောင်ငူသို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ သယ်ဆောင်လာသည့် လမ်းကြောင်းကို စစ်ဆေးနေ

8.1.1
ဖြူးမြို့နယ် ဆက်သွယ်ရေးရုံး စာတိုက်ရှေ့တွင် မော်တော်ယာဉ်ပေါ်၌ တွေ့ရှိခဲ့သည့် ဗုံးကို သဲအိတ် များဖြင့် ကာရံ၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ တောင်ငူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင်လာသည့် လမ်းကြောင်း တစ်လျှောက်ကို ပိုက်စိပ်တိုက် စစ်ဆေးနေကြောင်း ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်း က အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

တစ်ဖက်ယာဉ်ကြောသို့ ကျော်မောင်းသည့် စည်းကမ်းမဲ့ ယာဉ်များကို ထောင်ချမည့် အစီအစဉ် ကြေညာချက် ထုတ်ပြန်ပြီး မကြာမီ စတင်မည်

8.1.1
သြဂုတ်လအတွင်း တာမွေမြို့နယ်၌ တစ်ဖက်ယာဉ်ကြောသို့ ကျော်တက် မောင်းနှင်နေသည့် ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များ အပါအ၀င် စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ထောင်ဒဏ်ချမှတ် သည်အထိ အရေးယူသွားမည့် အစီအစဉ်ကို အများပြည်သူသို့ အသိပေး ကြေညာချက်များ ထုတ်ပြန်သွားပြီး မကြာမီတွင် အရေးယူမှု စတင်တော့မည် ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နှစ်နှစ်အတွင်း ကျေးရွာပေါင်း နှစ်သောင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သွားမည်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ လာမည့် နှစ်နှစ် အတွင်း ကျေး ရွာပေါင်း နှစ်သောင်း မီးလင်းရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောကြားသည်။

ကျူရှင်နောက် တကောက်ကောက် လိုက်နေခြင်းမှာ အခြေခံပညာ ကျောင်းများ၏ လုံလောက်သော ပညာသင်ပေးနိုင်မှု မရှိခြင်းကြောင့်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ထောက်ပြ

မိဘအုပ်ထိန်းသူများ အပါအ၀င် ကလေးများပါ ကျူရှင်နောက် တကောက်ကောက် လိုက်နေခြင်းမှာ အခြေခံပညာ ကျောင်းများ၏ လုံလောက်သော ပညာသင်ကြားမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနုက ထောက်ပြဝေဖန်ခဲ့သည်။