Wednesday, September 19, 2012

RCSS/SSA တပ်သား ၂ဝ ဦးအား UWSA ပြန်လွှတ်ပေး

RCSS_UWSA_-1ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်၏ တပ်သား ၂၀ ကို ယခုအပတ် တနင်္လာနေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက်ကဆိုပါသည်။

စိုင်းနော်ခမ်း နှင့်အဖွဲ့ ၆ ယောက်အား ရုံးတင်စစ်ဆေးမည်

naw_kham
တရုတ်နိုင်ငံရောက် စိုင်းနော်ခမ်း (photo: Xinhua)
တြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်းများက စက်တင်ဘာ ၂၀ ရက်နေ့ ၌ ရုံးတင်စစ်ဆေးမည်ဟု တရုတ်အစိုးရပိုင် စီစီတီဗီ က ထုတ်လွှင့်ထားပါသည်။
“မြန်မာအစိုးရကနေ နိုင်ငံတော် သက်သေအဖြစ် မကြာခင်တုန်းက တရုတ်အစိုးရဆီကို ယာယီလွှဲပေးလိုက်တဲ့ စိုင်းအောင်မြတ်နဲ့ ဆို ကျနော်သိတဲ့သူတွေ ၄ ယောက်ဘဲရှိတယ်။ နောက်နှစ်ယောက်က ဘယ်သူမှန်းမသိဘူး” - ဟု တာချီလိတ် မြို့နေထိုင်သူ စိုင်းနော်ခမ်း၏ မိတ်ဆွေတဦးက ပြောပါသည်။

ငြိမ်ခံနေရင် ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေ ပျောက်သွားလိမ့်မယ်


ကချင်ပြည်နယ်ကြီး သီးခြားဝမ်ပေါင် သမ္မတနိုင်ငံထူထောင် ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကချင်လွတ်မြောက် ရေး တပ်မတော်ကိုဖွဲ့စည်းခဲ့ပါ တယ်။ ကချင် အများစုအနေ နဲ့ခရစ်ယာန် ကိုးကွယ်သူတွေ များတဲ့အတွက် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းလိုက်တဲ့အချိန်မှာ ကချင် လူမျိုးတော်တော်များများက မခံမရပ်နိုင်ဖြစ် ပြီးKIA တပ်မတော်ကို အားကိုးတကြီး ၀င်ရောက်လာခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်


မြန်မာ တိုးတက်ပြောင်းလဲဖို့ အမေရိကန်ကူမည်

မြန်မာနိုင်ငံမှာ စတင်ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေကို အကူအညီပေးနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရနဲ့ရော ပြည်သူတွေနဲ့ပါရပ်တည်ပြီးတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက်ပါတယ်။

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ


ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ (သန့်စင်ခန်း)အကြား မှာ   ဆိုင်တွေအောက်ခြေနားကကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက် ၆ နာရီဝန်းကျင်ကတွေ့ရှိကြောင်း သိရပါသည်။ထိုအိတ်များကို  ဈေးခင်းဖို့ရောက်လာတဲ့ရှမ်းခေါက် ဆွဲဆိုင်ရှင် မိန်းမကြီးက မီးတောက်နေတာကို စတင်တွေ့ရှိလို့ ဈေးသန့်စင်ခန်း အစောင့်ကို အော်ဟစ် အကူအညီတောင်းတာကြောင့်အခြားသောဈေး သူဈေးသားများနဲ့အတူ ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့
ငြိမ်းသတ်ရာမှာ မီးတောက် တစ်တောင် သာသာပဲ ရှိခဲ့လို့ ခဏတွင်းမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား တွေ့ဆုံမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ၎င်းင်းတို့နှစ်ဦးတွေ့ဆုံမှုသည် ပထမဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
From -ElevenMedaiGroup

ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည်

peaceonedayရန်ကုန် (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။စက်တင်ဘာလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း ထိုနေ့တွင် လမ်းလျှောက် ဆန္ဒပြမည့် အစီအစဉ်များ ရှိနေ၍ ၂၂ ရက်နေ့တွင်မှ ပြသမှာ ဖြစ်သည်။

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို

နယူးဒေလီ (မဇ္ဈိမ) ။       ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့်လေ့လာမှုများ ထားမည်



နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံးအကျိုးအတွက် လူသားချင်း စာနာထောက်ထား သည့် အစီအစဉ်တခု အကောင်အထည်ဖော်ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

Printerတွေကို ရေရှည်အသုံးခံနိုင်အောင် ထိန်းသိမ်းခြင်း


Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြား သွားစေ ပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာ ကြ ရအောင်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

ရန်ကုန်၊ မဇ္ဈိမ။       ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့်ကျောက်မဲမြို့တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။

အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ


သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။

လူသတ်မှုဖြင့်သံသယဖြစ်ခံရသူကို မဲဆောက်မှ မြ၀တီသို့ပို့


လူသတ်မှုဖြင့်သံသယဖြစ်ခံရသူ ဦးကျော်စိန်ကို ထိုင်းအာဏာပိုင်တို့က ဖမ်းပြီး မြန်မာဘက်သို့ ယနေ့ လွဲပြောင်းပေးလိုက်သည် (ဓာတ်ပုံများ - ဧရာဝတီ)
လူသတ်တရားခံဟု သံသယဖြစ်ခံရသူတဦးကို ထိုင်းအာဏာပိုင် တို့က မြန်မာအာဏာပိုင်များလက်သို့ မဲဆောက်-မြ၀တီတံတားမှတဆင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှဲအပ်လိုက်သည်။

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည် ညီညွတ်ရေး ရဖို့အတွက် အစိုးရ နဲ့ အတိုက်အခံ ပါတီတွေအကြား အတိတ်က ဒဏ်ရာတွေကို ကုစားပြီး အပြောင်းအလဲတွေကို အတူတကွ လက်တွဲဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က တိုက်တွန်း

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည် ညီညွတ်ရေး ရဖို့အတွက် အစိုးရ နဲ့ အတိုက်အခံ ပါတီတွေအကြား အတိတ်က ဒဏ်ရာတွေကို ကုစားပြီး အပြောင်းအလဲတွေကို အတူတကွ လက်တွဲဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများက သီးခြားစီတွေ့ဆုံ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားေ ခါင်းဆောင်တွေဟာ ဖားကန့်ဒေသစစ်ဗျူဟာမှူးနဲ့ KIAတပ်ရင်းမှူး တို့ကို သီးခြားစီ နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လျှောက်ထားမှု ၆ လကျော်အကြာတွင် ပတ်စ်ပို့ရရှိ

၂၀၁၂ ခုနှစ် မတ်လကတည်းက ပတ်စ်ပို့လျှောက်ထားခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ၆ လကျော်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ပတ်စ်ပို့ထုတ်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ သတင်းရရှိပါသည်။

လူမြင်ကွင်းမှပျောက်နေသော တရုတ်ဒု-သမ္မတ အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့


ဘေဂျင်း၊ စက်တင်ဘာ - ၁၉
ယခုလအစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်တွေ့ဆုံခဲ့ခြင်းမရှိဘဲ သီတင်းပတ် နှစ်ပတ်ခန့် လူမြင်ကွင်းမှပျောက်နေခဲ့သော တရုတ်ဒု-သမ္မတ ရှီချီပင်း သည်တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်း  ဘီဘီစီသတင်း တွင်ဖော်ပြထားသည်။

ဒီမိုကရေစီမြှင့်တင်ရေးဆောင်ရွက်နေသောအဖွဲ့များအပေါ်ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းရန် အမေရိကန်ကို ရုရှားအမိန့်ထုတ်

မော်စကို၊စက်တင်ဘာ ၁၉
ရုရှားနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းများ အပေါ် အမေရိကန်ကငွေကြေးထောက်ပံ့နေခြင်းကို ရပ်တန့်ရန် ရုရှားအစိုးရက အမိန့်ထုတ်လိုက်ကြောင်း နယူးယောက်တိုင်းမ်  သတင်းတွင်ဖော်ပြထားသည်။

အမေရိကန်နည်းပညာဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တစ်လျှောက် တန်ဖိုးနည်းအိမ်ရာဆောက်မည်

ယခုနှစ်ပိုင်းမှစတင်၍ ဧရာဝတီနှင့် ချစ်တွင်းမြစ်ကြောင်းတစ်လျှောက်တွင် တန်ဖိုးနည်းအိမ်ရာ အလုံး ၂၀၀၀၀ ကို အမေရိကန်နည်းပညာသုံး၍ သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီနှင့် ချင်တွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တန်ဖိုးနည်းအိမ်ရာများကို ရေစကြိုကစတင်၍ ဆောက်လုပ်သွားမည်ဖြစ်ပြီး တန်ဖိုးနည်း အိမ်တစ်လုံးလျှင် မြေတန်ဖိုးမပါ ကျပ်သိန်း ၁၀၀ အောက်ရှိမည်ဖြစ်ပြီး ယင်းအိမ်များတွင် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် Housing Meterial များကို တင်သွင်း၍ PDI နည်းပညာများဖြင့် မီးလောင်ကျွမ်းမှုများကိုကာကွယ်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ မော်ဒယ် နှင့် တေးသံရှင် ၀တီ ရဲ့ အလှ


မြန်မာဗီဒီယိုတစ်ကားကို အနည်းဆုံး ၁၀ ရက်နဲ့ ရုပ်ရှင်တစ်ကားကို အနည်းဆုံး ရက် ၂၀ ရိုက်ကူးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စည်းကမ်းချက် ထုတ်ပြန်

ဗီဒီယိုတစ်ကားကို အနည်းဆုံး ၁၀ ရက်နဲ့ ရုပ်ရှင်တစ်ကားကို အနည်းဆုံး ရက် ၂၀ ရိုက်ကူးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စည်းကမ်းချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီစည်းကမ်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရှိခဲ့ပါတယ်။ ဒါပေမဲ့ လိုက်နာခြင်းမရှိပဲ ဗီဒီယိုတစ်ကားကို ၃-၄ ရက်နဲ့ ရိုက်ကူးနေကြတာကြောင့် ဇာတ်ကား အရည်အတွက်ဖေါင်းပွပြီး အရည်အသွေးကျဆင်းနေတာကို ကုစားဖို့အတွက် အခုလို စည်းကမ်းထုတ်ပြန်ရတာဖြစ် တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
From-DVB

ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား


(သတ်ဖြတ်ခံရသည့် ရဲမေနှစ်ဦး)
ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခင်ကတည်းက သားအဖနှစ်ဦးကို သတ်ဖြတ်မှုအတွက် သံသယတရားခံ စာရင်းတွင် သတ်မှတ်ခံထားရသည့် အသက်(၂၉)နှစ်ရှိ ဒေးလ်ကရီဂန်သည် ရဲမေနှစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီးနောက် နီးစပ်ရာ ရဲစခန်းတစ်ခုသို့ အေးအေးလူလူ သွားရောက် အဖမ်းခံခဲ့သည်။

မကောင်းဆိုးဝါးနှင်ထုတ်သည်ဆိုကာ ရိုက်နှက်ခံရသည့် အမျိုးသမီးက ခင်ပွန်းနှင့်မိသားစုကို တရားစွဲ

မကောင်းဆိုးဝါး စွဲကပ်နေသည်ဆိုကာ လမ်းလျှောက်တုတ်ဖြင့်ရိုက်ပြီး မကောင်းဆိုးဝါး နှင်ခံရသည့်နောက် ခင်ပွန်းနှင့် မိသားစုကို အမျိုးသမီး တစ်ဦးက ဗြိတိန်တွင် တရားစွဲဆိုထားကြောင်း သိရသည်။ အက်စ်မာ ဟူစိန်သည် သူမ၏ အိပ်ရာတွင် မလှုပ်နိုင်အောင်

"အမေရိကန်အစိုးရနှင့် ပြည်ပမီဒီယာများ၏ ရခိုင်အရေး သုံးသပ်ချက် ရာနှုန်းပြည့်မမှန်ဟု ဆို"

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်နှင့် ပြည်ပမီဒီယာများ၏ ဖော်ပြချက်များမှာ တကယ့်ဖြစ် ရပ်နှင့် လုံးဝကွာခြားကာ မှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇာဂနာက ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ သော ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သောအခြေအနေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမ အကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့

ရင်းနှီးမြှုပ်နှံသူများ ပြန်ထုတ်ကြ၍ အိမ်ခြံမြေဈေးနှုန်း (၁၅)ရာနှုန်း လျော့ကျ

အိမ်ခြံမြေအခွန်နှုန်းထားတိုးမြှင့်ကောက်ခံခဲ့ပြီးနောက် တစ်လကျော်ကာလအတွင်း ရန်ကုန်အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအ၀ယ် ငြိမ်သက်နေခဲ့ရာမှ အိမ်မြေဈေးနှုန်းများမှာ ယခင်ကထက် ၁၅ရာခိုင်နှုန်းခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။
 

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစား ရှိသော်လည်း အကြောင်းကြောင်း ကြောင့် မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ။ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့် ပတ်ဝန်း ကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာပါတယ်။

စွမ်းအင် ကန်ထရိုက် MOGE အတည်ပြုခွင့်မရှိဟု ဆို

စွမ်းအင်ကဏ္ဍ ကန်ထရိုက် စာချုပ်များနှင့် ပတ်သက်ပြီး မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တဦးတည်း အတည်ပြု ပေး ပိုင်ခွင့် မရှိကြောင်း MOGE မန်နေးဂျင်း ဒါရိုက်တာ(ငြိမ်း) ဦးစန်းလွင် က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ပြည်ပ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်က MOGE နှင့် ပူးပေါင်း လုပ်ကိုင်လိုသော ပြည်ပလုပ်ငန်းရှင်များကို ကန့်သတ် တင်းကျပ်မှုများ ပြု လုပ်နေပြီး မြန်မာနိုင်ငံ၏ စွမ်းအင် လုပ်ငန်းသည် နိုင်ငံတကာ စံနှုန်းနှင့် ညီသော ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း ဝေဖန် ပြော ဆိုမှုကို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မြို့၌ ဦးစန်းလွင်ကိုတွေ့ဆုံ မေးမြန်းမှုတွင် ပြန် လည် ဖြေကြားခြင်း ဖြစ်သည်ဟုလည်း Bloomberg သတင်းတွင် ဖော်ပြထားသည်။
From -ဧရာဝတီ

"တန်ဖိုးနည်းအိမ်ရာ အစိုးရမြေပေး၍ နှစ်ရှည် အရစ်ကျရောင်းမှ ရန်ကုန်သားအများစု ပိုင်မည်"

                                                                     


 အစိုးရမြေနေရာပေး၍ ရောင်းချသူများ က နှစ်ရှည် ပုံစံဖြင့် ရောင်းချမှသာ ရန်ကုန်မြို့နေ ၈၅ ရာခိုင်နှုန်းရှိ အခြေခံလူတန်းစားများ အိမ်ရာပိုင် ဆိုင်နိုင်မည်ဟု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်နေေ သာ ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။

“ မြန်မာ့အာမခံလုပ်ငန်းအကျိုးအမြတ်အားကောင်း၍ ပြည်ပ ကမ်းလှမ်းမှု အမြောက်အများရှိသော်လည်း် လက်မခံသေး”

နေပြည်တော်၊စက်တင်ဘာ၊၁၉
မြန်မာ့အာမခံဈေးကွက်သည် ကမ္ဘာ့အာမခံဈေးကွက်နှင့်နှိုင်းယှဉ်က အကျိုးအမြတ်အားကောင်
း၍
ပြည်ပလုပ်ငန်းရှင်အမြောက်အများ ၀င်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းသော်လည်းလက်ခံခြင်း မရှိကြောင်း ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောသည်။
“အာမခံလုပ်ငန်းမှာ လျော်ရတာကို Loss Ratio လို့သက်မှတ်တယ်။မြန်မာ့အာမခံရဲ Loss Ratio က ၂၀-၃၅
ရာနှုန်းပဲရှိတော့ အင်မတန်လုပ်လို့ကောင်းတဲ့ ဈေးကွက်ဆိုပြီး လုပ်ချင်ကြတယ်။" ဟု ၎င်းကပြောသည်။

ကာမလိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်

 မြန်မာအမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် ကာမလိမ်လည်ခံရယူမှုများ အများဆုံးကြုံတွေ့ခံစားနေရကြောင်း အမျိုးသမီးများလှုပ်ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။
  ''ကာမလိမ်လည်တဲ့အမှုတွေ အများဆုံးတွေ့ရတယ်။ ဒါပေမယ့် တရားရုံးကို အဲ့ဒီအမှုတွေက မတက်လာဘူး။ လက်ရှိဥပဒေထဲမှာ လင်မယားကွာ၊မယားစရိတ်၊ ကလေးစရိတ်တွေကို တရားသေ သတ်မှတ်ထားတာတို့တွေဟာ မရှိသင့်တော့ပါဘူး''ဟု   ရှေ့နေများဖြင့်ဖွဲ့စည်းထားသော Youth Legal Clinic မှ ဒါရိုက်တာဒေါ်လှလှရီက ဆိုသည်။
 

ပန်းသီးလုစားရာမှ လူသတ်မှုဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါး ရပ်ကွက်တွင် စိတ်မနှံ့သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင်အသက်၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးစားနေသောပန်းသီးကို လုစား ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

KIA ကွန်မန်ဒို ကိုလဖိုင်ဇော်ဆိုင်း ရန်ကုန်ေ၇ာက်ပြီ

၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ.ကား ကချင်လူမျိုး ကိုလဖိုင်ဇော်ဆိုင်းအတွက် ဘယ်သောအခါမှ မမေ.နိုင်မည်.နေ.တစ်နေ .ဖြစ်သည်။ ထို.နေ. တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တာဝန်ပေးချက်အရ အစိုးရစစ်တပ်မှတိုင်းမှုး အယ်လ်ခွန်ဖန် အား ကချင်ပြည်နယ် မြစ်ကြီးနား မြို. မိုင်ဒေးကွင်းနား တွင် အောင်မြင်စွာပစ်ခတ်လုပ်ကြံခဲ.သည်။

မန္တလေးတွင် အမျိုးသမီးများ မြန်မာဝတ်စုံ ၀တ်ဆင်ရန် လှုပ်ရှားမှု ဆောင်ရွက်မည်

မန္တလေး၊ စက်တင်ဘာ ၁၉   မန္တလေးမြို့တော်ရှိ လူမှုရေး အသင်းအဖွဲ့များတွင်ပါဝင်သော အမျိုးသမီးများက တမာအရိပ် အမည်ဖြင့် အသင်းတစ်ခုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် လူအင်အား ၃၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့သည် မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလ ၂၃ ရက် ဥပုသ်နေ့မှ စတင်ကာ မြန်မာအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့် အညီ ဝတ်ဆင်ကြရန် အပတ်စဉ် ဥပုသ် နေ့တိုင်း လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို မန္တလေးမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် မပေးတော့

မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး တော့ဘူးလို့ မန္တလေး မြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး မဟာဗျူဟာစီမံကိန်းအတွက် နိုင်ငံတော်သမ္မတ ခွင့်ပြုချက်ဖြင့် မြေဧကလေးသောင်း အသုံးပြုခွင့် ရရှိခဲ့ကြောင်း သိရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည် ဖော်ဆောင်မည့် "မဟာရန်ကုန် မြို့ပြဖွဲ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အဆိုပါစီမံကိန်းမှ အကြံပေး ပညာရှင် ဒေါက်တာကျော်လတ် က ပြောကြားသည်။

ပခုက္ကူ လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် မြှင့်တင်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ နိုင်ငံခြားသား အများဆုံး ဝင်ရောက်သည့် လေဆိပ်တခု ဖြစ်သည့် ပုဂံညောင်ဦး လေဆိပ်အားနိုင်ငံတကာ အဆင့်မီ တိုးချဲ့ခြင်းထက် ပခုက္ကူလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားသည် ဟု  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန က ဆိုသည်။

လှိုင်သာယာ ကျူးကျော်များ၏ ဘဝတည်ငြိမ်ရေး ဆင်းရဲသားရွှေမြို့တော် နှစ်ကုန်တွင် တည်ပေးမည်

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်များအတွက် ဆင်းရဲသားရွှေမြို့တော်စီမံကိန်းတည်ဆောက်မည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးမြင့်သိန်းက ပြော သည်။
”လှိုင်သာယာမှာ ရှိနေတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် သားစဉ်မြေးဆက် အခြေချနေထိုင် ဖို့နဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချရေး အတွက် အောက်ခြေကနေ စတင် ပြောင်းလဲရင် ပိုမိုထိရောက်မယ် လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် ”ဆင်းရဲသား ရွှေမြို့တော်ကို တည် ဆောက်ရတာပါ” ဟု ဦးမြင့်သိန်း က ပြောသည်။ ဆင်းရဲသားေ ရွှမြို့တော်စီမံကိန်း အား ယာယီမတည်ငွေကျပ်သိန်း ၁ဝဝ ကို

ဒေါ်အောင်ဆန်းစုကြည် နှင့် VOA တွေ့ဆုံခန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အသံ ရုံးချုပ်ကို အင်္ဂါနေ့က လာရောက်ပြီးတော့ ဗွီအိုအေ (မြန်မာပိုင်း) မိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံပြီးတော့ သြဝါဒ စကားတွေလည်း ပြောဆိုခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းခွင့်လည်း ရခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းခန်းကို အပြည့်အစုံတင်ပြပေးထားပါတယ်

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

DSUSA1ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးတွင် တွေ့ဆုံနေစဉ် (Photo AFP)
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။

ယဉ်ကြောပိတ်ဆို့စေသော အကြောင်းရင်းများ

လူသားတွေအနေနဲ့ မိမိတို့၏ ဘဝ နေထိုင်ရေး၊ အသက်ရှင် ရပ်တည်ရေး အတွက် ရုန်းကန် လှုပ်ရှား နေကြရတာ လောက ရဲ့ နိယာမ တစ်ခုပါ။ ဒီလို ရုန်းကန်မှု တွေထဲကမှ နိစ္စဓူဝ အဓိက ရင်ဆိုင် နေရတဲ့ အခန်း ကဏ္ဍ တစ်ခုက စားဝတ်နေရေး အတွက် ရုန်းကန် လှုပ်ရှားကြရင်း သွားကြလာကြတဲ့ အခါမှာ ခရီးလမ်းတစ်လျှောက် မလိုအပ်ဘဲ အချိန်ကုန် လူပင်ပန်းဖြစ်နေရတာပါပဲ။ အဓိကအချက် တစ်ချက်က ကားလမ်းများ ပြည့်ကျပ်ညပ်နေပြီး မီးပွိုင့်များတွင် အချိန်

အစိုးရဝန်ထမ်းများအား တိုင်ကြားချက် ဖြေရှင်းရခက်ဟု လူ့အခွင့် အရေး ကော်မရှင်ဆို

အစိုးရဝန်ထမ်းများနှင့်သက်ဆိုင်သည့် တိုင်ကြားချက်များဖြေရှင်း ရာတွင်အခက်ခဲဆုံးဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောသည်။ ''ဌာနဆိုင်ရာတွေကို တိုင် ကြားစာတွေနဲ့ ပတ်သက်ပြီး အကြံပြု ချက် ပေးပို့တဲ့အခါ များ သောအားဖြင့် အဖြေပြန်မရဘူး'' ဟု ၄င်းက ပြောသည်။ထိုကဲ့သို့ ဖြေရှင်းချက် ပြန် မရခြင်းမှာ အစိုးရဝန်ထမ်းများ သည် စနစ်ဟောင်းအောက်တွင် အသားကျနေပြီး ၄င်းတို့နှင့် ပတ်သက်သည့် ကိစ္စများကို ပြန်လည်ဖြေရှင်းပေးရမည်ဟု အသိပညာပေးမှု အားနည်းခြင်း ကြောင့်ဖြစ်ကြောင်း ၄င်းက သုံး သပ်သည်။

ကလေးငယ် ဖမ်းခေါ်သူကို ရဲစခန်းတွင် အမှုဖွင့်ထား

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်လျှင် လူပျောက်မှု (၃၀၀) မှ (၄၀၀) ကြားရှိနေပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်နေ ရန်ကုန်၊စက်တင်ဘာ-၁၆
မြောက်ဥက္ကလာပမြို့နယ်(၅) ရပ်ကွက်တွင် နေထိုင်သော အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား စက်တင်ဘာလ ၂ ရက်က လိမ်လည်၍ ဖမ်းဆီးခေါ်ဆောင်သွားသူတစ်ဦးကို မိဘများက ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းနှင့် ၀န်ချီစက်တွဲ တရုတ်သို့ လက်ဆောင်ပေးအပ်

Photo: ရှေးဟောင်းရေနွေးငွေ့စက်ခေါင်းနှင့် ၀န်ချီစက်တွဲ တရုတ်သို့ လက်ဆောင်ပေးအပ်

ရန်ကုန်၊စက်တင်ဘာ-၁၈

တရုတ်နိုင်ငံ ကူမင်းပြည်နယ်ရှိ မီးရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် မြန်မာနိုင်ငံမှ ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှစ်ခေါင်း၊ ၀န်ချီစက်တွဲတစ်တွဲ၊ ရေတိုင်ကီတွဲတစ်တွဲနှင့် ရိုးရိုးပက်လက်တွဲတစ်တွဲတို့အား ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်လိုက်ရာ လားရှိုးဘူတာအထိ ပို့ဆောင်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထားရုံးချုပ် စီမံ/အုပ်ချုပ်ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်မြင့်မြင့်စန်းကပြောသည်။

“တရုတ်ကတော့ ၀ယ်မယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ သူတို့ကလည်း ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်ထိ မြန်မာနိုင်ငံကို တွဲတွေ၊ စက်ခေါင်းတွေ လှူခဲ့တာရှိတယ်။ နောက်ပြီး ဒီဘက်ကလှူမယ့် စက်ခေါင်းတွေ၊ တွဲတွေကလည်း ပြန်သုံးလို့မရအောင် ဟောင်းနွမ်းနေပြီ ဖြစ်တဲ့အတွက် လှူဒါန်းဖို့ အစိုးရအဖွဲ့ ခွင့်ပြုမိန့်တောင်းပြီး လှူလိုက်တာပါ”ဟု ဒေါ်မြင့်မြင့်စန်းကပြောသည်။

ယခင် အစဉ်အဆက်ကပင် မြန်မာ့မီးရထားနှင့် ကူမင်းမီးရထားဌာနတို့အကြား အပြန်အလှန် လှူဒါန်းမှုများရှိခြင်း၊ နှစ်နိုင်ငံနည်းပညာရပ်များ ဖလှယ်ခြင်းနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ရင်းနှီးချစ်ကြည်မှုကို သက်သေပြရန်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပင် ပြောသည်။

“ဒီတွဲတွေ၊ စက်ခေါင်းတွေကို ကျွန်မတို့ဌာနအနေနဲ့ လားရှိုးအထိပဲ တာဝန်ယူ ပို့ဆောင်ပေးမှာပါ။ လားရှိုးကနေ မူဆယ်၊ ရွှေလီအထိကို တရုတ်နိုင်ငံက သူတို့စရိတ်နဲ့ သယ်ပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံ ကူမင်းမီးရထားဌာနနှင့် မြူနီစပယ်အစိုးရအဖွဲ့က အဆိုပါ စက်ခေါင်းဟောင်းများနှင့် တွဲဟောင်းများကို ၎င်းတို့၏ ရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် ၀ယ်ယူရန် ၂၀၁၁ ခုနှစ်တွင် ကမ်းလှမ်းခဲ့ပြီး မြန်မာ့မီးရထားမှ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လှူဒါန်းရန် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးမှ လှူဒါန်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက ၂၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်နိုင်ငံလုပ် ၁၉ ရာစု မီတာဂိတ် ရေနွေးငွေ့ စက်ခေါင်းနှစ်လုံးကို တရုတ်နိုင်ငံသို့ လှူဒါန်းခဲ့ပြီး တရုတ်နိုင်ငံက ချစ်ကြည်ရေး လက်ဆောင်အဖြစ် လူစီးတွဲ၊ စားသောက်တွဲ၊ စာတိုက်တွဲအပါအ၀င် တွဲပေါင်း ၁၃၀ ကို ပြန်လည်လှူဒါန်းခဲ့သည်။

တရုတ်သို့ လက်ဆောင်ပေးလိုက်သော ရှေးဟောင်းရေနွေးငွေ့ ရထားစက်ခေါင်းကို လားရှိုး၌တွေ့ရစဉ်။ ဓာတ်ပုံ- ခွန်ဇော်ဦးရန်ကုန်၊စက်တင်ဘာ-၁၈
တရုတ်နိုင်ငံ ကူမင်းပြည်နယ်ရှိ မီးရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် မြန်မာနိုင်ငံမှ ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှစ်ခေါင်း၊ ၀န်ချီစက်တွဲတစ်တွဲ၊ ရေတိုင်ကီတွဲတစ်တွဲနှင့် ရိုးရိုးပက်လက်တွဲတစ်တွဲတို့အား ချစ်ကြည်ရေးလက်ဆောင် အဖြစ် ပေးအပ်လိုက်ရာ လားရှိုးဘူတာအထိ ပို့ဆောင်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထားရုံးချုပ် စီမံ/အုပ်ချုပ်ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်မြင့်မြင့်စန်းကပြောသည်။

“မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စ ရပ်ဆိုင်းနေတာပါ။ ပယ်ဖျက်တာ မဟုတ်ပါဘူး”

ရေးသားသူ- ငြိမ်းငြိမ်းနိုင်၊ အေးမြကျော်  မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက်အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချုပ် တွင် စက်တင်ဘာ ပထမပတ် အတွင်းက တွေ့ဆုံခဲ့သည်။

“၂၀၀၇ တုန်းက လုံခြုံရေးကောင်စီမှာ အဆိုပြုချက် အောင်မြင်ခဲ့ရင် မြန်မာနိုင်ငံဟာ ဒီလိုအခြေအနေကောင်းမှာ မဟုတ်ဘူး”

နိုင်ငံအတွင်း အရပ်သားအစိုးရ တက်လာပြီး လက်ရှိ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာချန်းချန်နှင့် 7Day News ဂျာနယ်တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့ ၌ သြဂုတ် ၂၈ ရက်က တွေ့ဆုံခွင့်ရခဲ့သည်။

တရုတ်စီမံကိန်းများ စိန်ခေါ်မှုအမြင့်ဆုံးအချိန်လား

မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအား ဒေသခံများ၏ ကန့်ကွက်သံများ ပိုမိုကျယ်လောင်လာနေချိန်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီးနောက် တရုတ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံအကြား တည်ငြိမ်သော အာမခံချက်ရှိရေး ခရီးစဉ်တစ်ခု ဖြစ်လိမ့်မည်ဟုမြန်မာ-တရုတ်ဆက်ဆံရေး လေ့လာ သူများက သုံးသပ်သည်။

ရန်ကုန်မြို့ဧရိယာ မြေဧကလေးသောင်း တိုးချဲ့ရန် သမ္မတခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ- ၁၆ ရန်ကုန်မြို့တော်တိုးချဲ့ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြေဧက လေးသောင်းကို စက်တင်ဘာ ၁၄ ရက်တွင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးမြို့ပြဆောက်လုပ်ရေး ပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။အဆိုပါကိစင့် ပတ်သက်၍ ဆက်လက်မေးမြန်းရာ “အခုနေပြောရင် မြေဈေးတွေ တက်သွားမှာစိုးလို့ နှစ်ပတ်လောက်ေ နမှ ရှင်းပြပါမယ်”ဟု ဒေါက်တာကျော်လတ် က ဆိုသည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီကြီးများကမူ ရန်ကုန်မြို့ တစ်ဖက်ကမ်းဖြစ်သော ဒလနှင့်ကြည့်မြင်တိုင် တစ်ဖက်ကမ်းတို့တွင် တိုးချဲ့နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

ရွှေ့ပြောင်း အလုပ်သမား မူဝါဒ ဖြစ်ပေါ်ရေး ဆွေးနွေး

မြန်မာနိုင်ငံ ရွှေ့ပြောင်း လုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒ(Myanmar Labour Migration Policy) ဖြစ်ပေါ်ဆောင်ရွက်ရေး အလုပ်ရုံ ဆွေး နွေးပွဲ တရပ်ကို ယမန်နေ့က စတင်၍ စက်တင်ဘာ ၂၀ ရက်အထိ ရန်ကုန်မြို့ လှိုင် တက္ကသိုလ် နယ်မြေ MICT Park တွင် ကျင်းပ နေသည်။ အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမောင်မြင့် အပါအ၀င် တိုင်းနှင့် ပြည်နယ်မှ အလုပ်သမား ၀န်ကြီးများ၊ ပြည်ပ အလုပ်အကိုင် ကြီးကြပ်မှု ကော်မတီ၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၊ ပုဂ္ဂလိက ဘဏ်များ စသည့် တာဝန်ရှိသူများ နှင့် အထူးဖိတ်ကြားထားသူများ

ရခိုင်အရေး ဖြေရှင်းရန် အမုန်းတရား၏ဇစ်မြစ် ဖယ်ရှားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရခိုင်ပြည်နယ် အရေး ဖြေရှင်းရန်အတွက် အမုန်းတရား၏ အရင်းခံ ဇစ်မြစ်ကို ဖယ်ရှားရမည် ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ လူ့ အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးများကို လေးစား လိုက်နာမှု၊ ညှိနှိုင်း ဆောင်ရွက်မှု များနှင့် ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ယမန်နေ့ က အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ RFA ရေဒီယို အသံလွှင့် ဌာန သို့ ရောက်ရှိစဉ် ပြောဆိုသွားခြင်း ဖြစ်ကြောင်း သိရသည်။
From -ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ထောက်ခံနေသမျှ နောက်ကြောင်း မလှည့်နိုင်ဟု ဆို

မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၌ တပ်မတော်၏ အပြည့်အ၀ ထောက်ခံ ပံ့ပိုးနေသမျှ နောက်ကြောင်း ပြန် လှည့်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြခံဥပဒေ တွင် လိုအပ်လျှင် တပ်မတော် က အစိုးရ အဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားသော အချက်သည် ၎င်းအား စိတ် ဒုက္ခ အပေးဆုံး ကိစ္စဖြစ်သည်ဟု ပြောဆိုကြောင်း ယမန်နေ့က VOA ရေဒီယို သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၆ ရက်က စတင်၍ အမေရိကန်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။

လေကြောင်းဆိုင်ရာ အများပိုင် ကုမ္ပဏီတစ်ခုမှတ်ပုံတင် ပြီး ဖွဲ့စည်း

လေကြောင်းဆိုင်ရာ အများပိုင် ကုမ္ပဏီတစ်ခုကို စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေမြန်မာ လေကြောင်းဆိုင်ရာ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင် ပြီး ဖွဲ့စည်းပြီးကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာပါ ကြေညာချက် အရ သိရသည်။

လိင်အင်္ဂါနှစ်ခုပါရှိသည့် ကလေးငယ် ဆေးဝါးစရိတ် အခက်အခဲရှိနေ


လှိုင်သာယာမြို့နယ်၊ ရပ်ကွက်  (၂၀) တွင် နေထိုင်သည့်  ဦးမင်း အောင်နှင့် ဒေါ်တင်တင်လှတို့၏ သား အသက် ၉ နှစ်ခန့်အရွယ် ရှိ မောင်ဟန်မင်းအောင် မှာ လိင်အင်္ဂါ တစ်ခုကို ခွဲစိတ်ကုသနိုင်ရန် ပထမအဆင့်အနေဖြင့် အောင်မြင်  ခဲ့သော်လည်း ဒုတိယအဆင့် ကုသ  နိုင်ရန် ငွေကြေးအခက်အခဲရှိနေ ကြောင်း သိရသည်။

အင်းစိန် ထောင်ဖောက်မှုထက် မက္ကဆီကို သာသွားပြီ

Piedras- Negras အကျဉ်းထောင်ရှေ့ လုံခြုံရေးယူထားပုံ
မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ်လောက်က နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန် အကျဉ်းထောင်မှာ ထောင်ဖောက်မှုဖြစ်ခဲ့ပါတယ်။
ဒါက မြန်မာနိုင်ငံထောင်သမိုင်းမှာ အကြီးကျယ်ဆုံး ထောင်ဖောက်မှု တခုလည်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနက ရုပ်ရှင် သရုပ်ဆောင်တွေနဲ့ သူတို့ ဘယ်လို ထွက်ပြေးကြတယ်ဆိုတာတောင် မှတ်တမ်း ရုပ်ရှင် ရိုက်ခဲ့ကြပါသေးတယ်။

မိုးကောင်းမြို့နယ်၌ တံတားတစ်စင်းဖောက်ခွဲဖျက်ဆီးခံရ

ယမန်နေ့ည ၈နာရီအချိန်ခန့်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာအုပ်စု ကံလှကျေးရွာအနီးရှိ ရေအေးချောင်း တံတားကို ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။
အဆိုပါတံတားသည် သံဘောင်နှင့် သစ်
သားတံတားအမျိုးအစား ဖြစ်ပြီး ပေ၄၀ခန့်ရှည်သော မြစ်ကြီးနား - တနိုင်း လမ်းပေါ်ရှိ ပို့ဆောင်ဆက်သွယ်ရေး အတွက် အဓိက အသုံးပြု ရသည်ဟုသိရသည်။
ယခုအခါကုန်ကားကြီးများသွားလာနိုင်သေးခြင်းမရှိပဲ အိမ်စီးယာဉ်ငယ်များသာ သွားလာနိုင်ကြောင်း သက်ဆိုင်ရာမှလည်း လုံခြုံရေးအကူထားကြောင်းအဆိုပါ မြို့ခံများကပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉
မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနအား အမျိုးသားအိမ် ရာ ကော်ပိုရေးရှင်းအဖြစ် ပြင်ဆင်ဖွဲ့ စည်းသွားမည်ဟု သိရသည်။
ဝင်ငွေနည်းမိသားစုများ အိမ် ရာ
ပိုင်ဆိုင်ခွင့်ရရှိစေေ ရးနှင့် အဆင့် အတန်းမြင့်မားသည့် ဖွံ့ဖြိုးတိုး တက်သော အိမ်ရာများဖော်ထုတ် တည်ဆောက်နိုင်ရေး၊ အိမ်ရာ ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ပေါ် လာရေးအတွက် ရှေးရှု၍ နိုင်ငံတော်မူဝါဒများအတိုင်း ပြန် လည်ဖွဲ့စည်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျွန်တော်သိသော ဦးတင်


ကျွန်တော်သိသော ဦးတင်ဦးတင်ဟူ၍ ရေးရခြင်းမှာ ဗိုလ်မှူးချုပ်ဟောင်းသည် ထိုအချိန်တွင် ဦးတင်ဟူသော အမည်သစ်ဖြင့် ဘဝသစ်ကို စတင်နေသော အချိန် ဖြစ်နေပါသည်။ ကျွန်တော်တို့နှင့် ဆုံဆည်းသော အချိန်မှာ ထိုကာလကျမှပင် ဖြစ်ရာ ဦးတင်သည် ကျွန်တော် နှုတ်ကျိုးနေသော အမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြားဆုတွေကို လက်ခံယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံခရီးစဉ် စတင်


မြန်မာသမ္မတဦးသိန်းစိန်ဟာ အမေရိကန်ခရီးစဉ်မတိုင်ခင် စက်တင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့မှာ အိမ်နီးချင်းတရုတ်နိုင်ငံဆီ ချစ်ကြည်ရေးခရီး ထွက်ခွာသွားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ခရီးစဉ်စတင်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့ နံနက် (၇) နာရီတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းအထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။(နိုင်ငံတော် သမ္မတရုံး)

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ပွဲ ရန်ကုန်တွင် ကျင်းပ


လင်းသန့်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ က စစ်တပ်က မတရားဖြိုခွင်းခံခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးနေ့ ၅ နှစ်ပြည့် နှစ်ပတ် လည် အောက်မေ့ဖွယ် အခမ်းအနားတခုကို ရန်ကုန်မြို့ ဒဂုံမြို့သစ်ရှိ တက္ကသီလာ မဟာဇေယျ သိဒ္ဓိ ပဌာန်းကျောင်း၊ ပရိ ယတ္တိ စာသင်တိုက်တွင် ယနေ့ နေ့လယ် ၁၁ နာရီမှ ၂ နာရီထိ ကျင်းပခဲ့ကြသည်။

အဆင့်အတန်းမှီတဲ့သမဂ္ဂ ၊ နိုင်ငံတကာ ရေစိမ်ခံတဲ့ သမဂ္ဂဖြစ်ဖို့လိုပါတယ်လို့ဆိုတဲ့ ပြည်သစ်ညွန့်ဝေ နှင့် တွေ့ဆုံခြင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုဖြင့် ယခုလ (၄)ရက်နေ့တွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ်္ဂ အဖွဲ့ချုပ် (FTUB)မှ အထွေထွေ အတွင်း ရေးမှူး ဦးမောင်မောင်(ခ) ပြည်သစ် ညွန့်ဝေနှင့် ယခုလို တွေ့ဆုံမေးမြန်းဖြစ် ခဲ့သည်။
မေး- အစ်ကိုက မြန်မာနိုင်ငံကို ဘယ်လို ရည်ရွယ်ချက်ထား ပြီး ပြန်ဝင် လာပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်မြို့ တော်ရှိ ငြိမ်ချမ်းရေး အင်စတီကျူ့  အဆောက်အအုံ၌ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့်အတူ မိန့်ခွန်း တစ်ရပ် ပြောကြားနေစဉ်။


နိုင်ငံတော်သမ္မတဦးသိန်းစိန် ပေးခဲ့သည့် လယ်မြေအသိမ်းခံရမှုများရှိ

ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီလက်ထက်၌ တြိဂံဒေသ တိုင်း မှူး၊ ယခုနိုင်ငံတော်သမ္မတဦးသိန်း စိန် သည် ၁၉၉၉ ခုနှစ် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ မြို့တွင် တာဝန်ထမ်းဆောင်စဉ် က တိုင်းစစ်ဌာနချုပ် မဲခေါင်ရိပ် သာ၊ အလှူငွေပေးအပ်လှူဒါန်းပွဲ ၌ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့ လုပ်ကိုင်ရန် ရှမ်းပြည်နယ်အရှေ့ ပိုင်း  တာချီလိတ်မြို့နယ် လွယ်စီ တုန်း ကျေးရွာအနီးရှိ မြေလွတ် မြေရိုင်းအဖြစ်ရှိနေသော ဘယ် ဘက်

လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် ကရင် ၁၉ဦး ပါဝင်

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ ယမန်နေ့က လွတ်မြောက်လာသည့် အကျဉ်းသား ၅၁၄ဦးအနက် ကရင်အကျဉ်းသား ၁၉ဦး ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ(AAPP) ၏ ၀က်ဘ်ဆိုက်တွင် ယနေ့ ဖော်ပြထားသည်။

ရန်ကုန် အမေရိကန် သံရုံး၏ Facebook cover photo အဖြစ် ဦးသိန်းစိန်နှင့် မစ္စကလင်တန် တွေ့ဆုံပုံကို တင်ထား

https://www.facebook.com/usembassy.rangoon?ref=stream