Tuesday, December 9, 2014
ဘူးသီးတောင်တွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီအမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်
ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာအနီးတွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ယင်းလူသတ်မှုသည်ယခုလ၄ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးခေါင်းဖြတ်အသတ်ခံရသူမှာ အသက် ၁၅နှစ်အရွယ် ဘင်္ဂါလီအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နေ့လည်ပိုင်းတွင် ရွာမဘင်္ဂါလီကျေးရွာနေ မယာစမိန် (အသက် ၁ ၅နှစ်) (ဘ)အီမန်ဟူဆောင်းသည် သူမ၏ အဖွားဖြစ်သူနှင့်အတူ မိမိတို့နေထိုင်ရာ ရွာအနီးတောစပ်တွင် ထင်းရှာဖွေနေခဲ့ကြသည်။
အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့
Photo: အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်
အမေရိကန်မှ Paul Rosolie လို့အမည်ရတဲ့ Discover channel မှ တင်ဆက်သူဟာ အစိမ်းလိုက် မြွှေအမြိုခံမယ်လို့ ပြောပြီး စတန့်ပြကွက် ပြုလုပ်ရာ လက်နဲ့ ခေါင်း အနည်းငယ် ပါရုံမျှ ရှိချိန် ပြန်လည် ရုန်းထွက် အဆုံးသတ်ခဲ့ ပါတယ်။
ယင်းမှာတင်ကို တစ်နာရီခွဲ ကြာသွားပြီး ကြည့်ရှုသူများကို စိတ်ပျက်စေခဲ့ ပါတယ်။ တောင်အမေရိက နိုင်ငံမှာ ပေါက်ဖွားတဲ့ အနာဂွန်ဒါ ဧရာမ မြွှေကြီး မြိုတာကို သံချပ်ကာ ဝတ်စုံ ဝတ်လို့ အစိမ်းလိုက် ခံဖို့ စီစဉ်ခဲ့ ပါတယ်။ ဒီအတွက် ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားသူ များပြားခဲ့ပြီး အနာကွန်ဒါမြွှေ များရဲ့ အလေ့အထကို ကမ္ဘာက သိစေရန် ဖြစ်ကြောင်း ဆိုခဲ့ ပါတယ်။ ဒါပေမယ့် ယင်း လုပ်ဆောင်ချက် ပြုလုပ်တဲ့ အချိန် တစ်နာရီခွဲ အတွင်းမှာပဲ ရုန်းထွက်ခဲ့ ပါတယ်။ သူ့အနေနဲ့ ဒါဟာ အနာကွန်ဒါမြွှေများရဲ့ အလေ့အထကို လေ့လာ သိရှိအောင်လို့ ဆိုပေမယ့် သူ့ရဲ့ ကြောက်ရွှံ့ပြီး ရုန်းတဲ့ လုပ်ရပ်ကြောင့် အများ ကဲ့ရဲ့ခဲ့ပါတယ်။
သူ့ရဲ့ လက်မောင်းတစ်ဖက် အညစ်ခံရပြီး ကျိုးသွားပြီလို့ သူခံစားရပါတယ်။ ခေါင်းကို အနည်းငယ်မျှသာ မြိုထားစဉ် သူ့အနေနဲ့ ပိုမို ကြောက်ရွှံ့လာပြီး သူပြုလုပ်တဲ့ စတန့်ကို ရပ်တပ်ပြီး လာကယ်ဖို့ အော်ခေါ်ခဲ့ ပါတယ်။ သူ့လက်မောင်းမှာ သံချပ်ကာ အဝတ်ရဲ့ အရာများ ကျန်ရှိခဲ့ ပါတယ်။ သိလိုက်ရတာကတော့ သံချပ်ကာ အဝတ်လည်း အနာကွန်ဒါမြွှေရဲ့ အားနဲ့ ညစ်ဖြတ်ရင် လွယ်တကူ ကြုံ့နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ဘယ်လောက်ထူတဲ့ သံပြားလိုမယ်ဆိုတာ မသိသေး ပါဘူး။ ကျွဲ၊ နွား၊ မိကျောင်းတွေကိုတောင် အရိုးချေနိုင်တဲ့ မြွှေမို့လို့ ဖြစ်ပါတယ်။ ကယ်ဆယ်သူများ ကယ်ဆယ်ပြီးနောက် သူ့ရဲ့ စတန့်ပြကွက်ဟာ ကမ္ဘာတစ်လွှားက ကြည့်ရှုသူတွေကို စိတ်သာ ပျက်စေခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
အမေရိကန်မှ Paul Rosolie လို့အမည်ရတဲ့ Discover channel မှ တင်ဆက်သူဟာ အစိမ်းလိုက် မြွှေအမြိုခံမယ်လို့ ပြောပြီး စတန့်ပြကွက် ပြုလုပ်ရာ လက်နဲ့ ခေါင်း အနည်းငယ် ပါရုံမျှ ရှိချိန် ပြန်လည် ရုန်းထွက် အဆုံးသတ်ခဲ့ ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာစောင့်ကို လူငယ်တစ်ဦး ငှက်ကြီးတောင်ဓားဖြင့် ဝင်ခုတ်
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ လူနာများ လာရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ကုသဆောင် နံပါတ် ၁/၂ တွင် အသက် ၃၆ နှစ်အရွယ်ရှိ လူနာစောင့် အမျိုးသမီးကို လူငယ်တစ်ဦးက ဌက်ကြီးတောင်ဓားဖြင့် ဝင်ခုတ်ခဲ့ကြောင်း လသာမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
မလုပ်ကိုင်တဲ့ စက်မှုဇုန်မြေတွေ ပြန်သိမ်းမယ်
ရန်ကုန် တိုင်း အတွင်း က လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေတွေကို အစိုး ရ က ရှေ့တပတ် နောက်ဆုံး ထားပြီး ပြန်သိမ်းဖို့ ရှိတယ် လို့ သိရပါတယ် ။
ဒီ လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေကွက် တွေဟာ ဝါးတရာ စက်မှုဇုန်နဲ့ အရှေ့ဒဂုံ စက်မှုဇုန် တို့ မှာ အများ ဆုံး ဖြစ် ပြီး အစိုးရက လုပ်ငန်း ပြန်လုပ်ကိုင် သူတွေကို မြေနေရာ ပြန်ရောင်းချပေး ဖို့ စီစဉ် နေပါတယ် ။
စက်မှုဇုန် မြေလွတ် ပိုင်ရှင် တွေ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံး ထားပြီး လုပ်ငန်း လုပ်ကိုင်မယ့် စီမံချက် တင်ပြဖို့ ရန်ကုန်တိုင်း စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ က ထုတ်ပြန်ထားပြီး ဒါဟာ ဒုတိ ယ အကြိမ် ထုတ် ပြန်တဲ့ သတိပေးချက် ပါ ။
ကုန်ဈေးနှုန်း တက်လာ၍ ပြည်သူများ အခက်တွေ့
နိုဝင်ဘာ ဒုတိယပတ်က ၀န်ထမ်းများ လစာတိုးမြှင့်ရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်း ခဲ့ပြီးနောက် ပြည်တွင်းရှိ အခြေခံစားသောက်ကုန်များ အပါအ၀င် ကုန်ပစ္စည်းများ တဖြည်းဖြည်း ဈေးတက်လာခဲ့သည်။
မြန်မာလုပ်သားနှစ်ဦး အပြစ်ဝန်ခံရန် ထိုင်းတရားသူကြီးပြော၊ လုပ်သားနှစ်ဦးက ပြစ်မှုမကျူးလွန်ဟု ငြင်းဆန်
 မြန်မာလုပ်သားနှစ်ဦး အမှုတွဲတင်ပြီး   ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးသည့်နေ့တွင် ကော့စမွီမြို့နယ်တရားသူကြီးက အပြစ်ဝန်ခံလျှင် ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟု  မြန်မာလုပ်သားနှစ်ဦးကိုပြောဆို လိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၈ရက်တွင် လိပ်ကျွန်းလူသတ်မှုဖြင့် အမှုတွဲတင် ပြီးနောက်ပိုင်း မြန်မာလုပ်သားနှစ်ဦးအား ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးရာ ကော့စမွီမြို့နယ်တရားသူကြီးက အပြစ်ရှိကြောင်းဝန်ခံလျှင် ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟုပြောဆိုရာ  မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟု ပြန်လည်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
လက်ဖက်ရည်ဆိုင်များကို အခွန်ကောက်ခံရန် စီစဉ်
စားသောက်ဆိုင် ၅၃၀ ကျော်သို့ တစ်လအတွင်း အခွန်တံဆိပ်ခေါင်း ကျပ်သန်း ၂,၅၀၀ ၀န်းကျင်ဖိုးရောင်းချပြီးဖြစ်
 လက်ဖက်ရည်ဆိုင်များကို အခွန်တံဆိပ်ခေါင်းကပ်၍ အခွန်ကောက်ယူရန် အခက်အခဲ ရှိနေသော်လည်း အခွန်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရသည်။
‘‘လက်ဖက်ရည်ဆိုင်မှာ ဘောက်ချာလုပ်ပြီး တံဆိပ်ခေါင်း ကပ်နေမယ်ဆိုရင် အဆင်မပြေဘူး။ လက်ရှိတော့ ၀င်ငွေကြော်ငြာလွှာတင်သွင်းရင်း စည်းကြပ် ကောက်ခံမယ်။ နောက်တော့ စနစ်တစ်ခု လုပ်မယ်’’ဟု တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး က ပြောသည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အစိုးရအဖွဲ့ မဆုံးဖြတ်ရသေးဟု ဦးရဲထွဋ် ပြောကြား
ပြည်ထောင်စုလွှတ်တော်က သဝဏ်လွှာ ပေးပို့တောင်းဆိုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် တွေ့၊ မတွေ့ကို အစိုးရအဖွဲ့ အနေနှင့် တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ထားသော သဝဏ်လွှာကို အကြောင်းပြန်ကြားရန် အချိန်တိတိကျကျ ထုတ်ပြော၍ မရနိုင်သေးကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ပီနန်မှ ၁၈ ဦးသေဆုံးမှု မြန်မာနိုင်ငံတွင်း မငြိမ်သက်မှုနှင့် ဆက်နွှယ်ဟု ဆို
ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ကြသည့် မလေးရှား နိုင်ငံ ပီနန်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား ၁၅ ဦးကို မလေးရှားရဲများက ဖမ်းဆီးလိုက်သည်။
ယင်းသတ်ဖြတ်မှုသည် မြန် မာနိုင်ငံတွင်းမှ လူမျိုးရေးမတည် ငြိမ်မှုနှင့် ဆက်နွှယ်ပတ်သက်နေ မည်ဟု ယုံကြည်ကြောင်း သော ကြာနေ့က ထုတ်ပြန်သည့် အစီရင် ခံစာတွင် ဖော်ပြထားသည်။
ပီနန်ပြည်နယ်တွင် ပြီးခဲ့ သည့် လပိုင်းအတွင်း အပိုင်းပိုင်း ဖြတ်ထားသည့် အလောင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိရပြီး အနည်းဆုံး မြန်မာနိုင်ငံသား ၁၈ ဦးကို သတ်ဖြတ်ထားခြင်း ဖြစ်သည်။
လက်ရှိ ကျင့်သုံးနေသည့် ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ ပြုပြင်ရန် လိုအပ်ကြောင်း ACDD ထုတ်ပြန်
ACDD, ရပ်/ကျေး အုပ်ချုပ်ရေး
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ပြဌာန်းထားသော အချက်များသည် လက်ရှိ ကျင့်သုံးနေသည်ဟုဆို သော ဒီမိုကရေစီနည်းလမ်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့ကို ပြုပြင်ရန် လိုအပ်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကော်မတီ (Action Committee for Democracy Development- ACDD) အဖွဲ့က ထုတ်ပြန်လိုက်သည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အဆင့်ဆင့်သော အရာရှိများ၏ လက်အောက်တွင် ခန့်အပ်ခြင်းခံထားရ သကဲ့သို့ ၎င်း အရာရှိများ၏ သဘောတူညီချက်ရမှသာ ပြည်သူများက ရွေးချယ်ထားသောသူကို ခန့်အပ်ခွင့်ရှိနေခြင်းက လုံးဝ မဖြစ်သင့်သော အချက်တချက် ဖြစ်ကြောင်း ACDD အဖွဲ့မှ ကွန်ရက် ခေါင်းဆောင်တဦးဖြစ်သူ ဦးရဲကျော်သူက ပြောသည်။
ဖုန်းအား သွင်းနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင် များကို Tommy Hilfiger မိတ်ဆက်
Photo: ဖုန်းအား သွင်းနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင် များကို Tommy Hilfiger မိတ်ဆက်
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်
ဖုန်းနှင့် tablet အပြင် iPod နှင့် လက်ကိုင်ဂိမ်းစက်များ အားကုန်သွားသည့်အခါ အားပြန်သွင်းပေးနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို Tommy Hilfiger မှ မိတ်ဆက်ပေးခဲ့သည်။
Tommy Hilfiger ၏ နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များတွင် ဆိုလာကုမ္ပဏီ Pvilion မှ ထုတ်လုပ်သည့် ဆိုလာပြားများကို အသုံးပြုထားသည်။ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ်များ အဖြစ် ထုတ်လုပ်ထားသည့် အဆိုပါ ဂျာကင်များတွင် ပါဝင်သော ဆိုလာပြားများသည် နေရောင်ခြည် စွမ်းအင်ကို ရယူကာ ဝတ်ဆင်သူ၏ gadget များကို အားပြန်သွင်းပေးမည် ဖြစ်သည်။
အဆိုပါ ဂျာကင်များကို ရောင်စုံအကွက် ဒီဇိုင်းများဖြင့် ရရှိနိုင်ပြီး ရေစိုဒဏ်ခံနိုင်သလို ပြောင်းလွယ်ပြင်လွယ်ရှိသော ဆိုလာပြားများကိုလည်း အလွယ်တကူ ဖြုတ်နိုင်/တပ်နိုင်မည် ဖြစ်သည်။ ဂျာကင်၏ အရှေ့ဘက်အိတ်ကပ် တစ်ခုရှိ ဘက်ထရီနှင့် ချိတ်ဆက်ထားသည့် cable ကြိုးတစ်ခုတွင် USB port နှစ်ခု ပါဝင်သောကြောင့် ထုတ်ကုန်နှစ်ခုကို တစ်ပြိုင်နက် အားသွင်းနိုင်သည်။
ဂျာကင်တွင် ပါဝင်သည့် ဘက်ထရီကို နေရောင်ခြည် စွမ်းအင်မှတစ်ဆင့် အားအပြည့်သွင်းထားသည့်အခါ ၎င်းဘက်ထရီက 1,500 mAh ထုတ်ကုန်တစ်ခုကို လေးကြိမ်အထိ အားသွင်းပေးနိုင်မည် ဖြစ်သည်။
နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် Tommy Hilfiger ဝက်ဘ်ဆိုက်နှင့် ကမ္ဘာမြောက်ဘက်ခြမ်းရှိ သတ်မှတ်ထားသော စတိုးများမှ ဝယ်ယူနိုင်မည် ဖြစ်သည်။
Internet Journalc
ဖုန်းနှင့် tablet အပြင် iPod နှင့် လက်ကိုင်ဂိမ်းစက်များ အားကုန်သွားသည့်အခါ အားပြန်သွင်းပေးနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို Tommy Hilfiger မှ မိတ်ဆက်ပေးခဲ့သည်။
Tommy Hilfiger ၏ နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များတွင် ဆိုလာကုမ္ပဏီ Pvilion မှ ထုတ်လုပ်သည့် ဆိုလာပြားများကို အသုံးပြုထားသည်။ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ်များ အဖြစ် ထုတ်လုပ်ထားသည့် အဆိုပါ ဂျာကင်များတွင် ပါဝင်သော ဆိုလာပြားများသည် နေရောင်ခြည် စွမ်းအင်ကို ရယူကာ ဝတ်ဆင်သူ၏ gadget များကို အားပြန်သွင်းပေးမည် ဖြစ်သည်။
တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟုဆိုကာ တိုင်စာများအများဆုံးရောက်ရှိကြောင်း တရားစီရင်ရေးနှင့် တိုင်ကြားစာများစိစစ်ဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူးပြောကြား
တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟု ဆိုကာ တိုင်တန်းသည့် တိုင်စာများ အများဆုံးရောက်ရှိကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမြင့်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအခြေအနေသည် လွန်စွာအားနည်းနေပြီး တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဠ သူရဦးအောင်ကိုက ပြောကြားထားသည်။
ဝန်ထမ်းများ လစာတိုးပေးရန် နိုင်ငံတော်ဘဏ္ဍာ လေလွင့်ပြုန်းတီးမှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းလုပ်ငန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်မည်ဟု လွှတ်တော် စီမံ/ဘဏ္ဍာကော်မတီဝင် ပြောကြား
ဝန်ထမ်းများ လစာတိုးပေးရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ပြုန်းတီး မှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများကို ဆောင်ရွက်မည်ဟု ပြည်ထောင်စု လွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးပူးပေါင်းမှုကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ် စတင်သည့်ကာလမှစ၍ တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာ လျော်ညီသည့် သင့်တင့်မျှတသော လစာစရိတ်များ ဖြစ်ပေါ်ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရတို့အား တိုက်တွန်းကြောင်း အဆိုကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၈ နှင့် အညီ အစိုးရမှ ဆက်လက် အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများလစာ စရိတ်တိုးပေးနိုင်ရန် ဘဏ္ဍာရေးကျောထောက်နောက်ခံရှိရန် လိုကြောင်း ဦးဝင်းသန်းက ပြောကြားသည်။
နိုင်ငံခြားဇာတ်ကားကူးခွေများ ရောင်းချသော ဆိုင်များကို ဖမ်းမည်ဟုဆို
ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားဇာတ်ကားကူးခွေရောင်းချသော ဆိုင်များကို ရောင်းချခွင့်ပိတ် ထားပြီး ရောင်းချနေသော ဆိုင် များကို ဖမ်းသွားမည်ဟု သတင်း ရရှိသည်။
ခိုးကူးခွေများရောင်းချခြင်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးမှ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ယခု လကုန်ပိုင်းတွင် တိုင်ကြားသည့် အတွက် အခွေကူးသည့်ပင်မဒိုင် များကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု မြို့နယ်မှူးတစ်ဦးကပြောသည်။
‘‘တိုင်းဒေသကြီးက အ ကြောင်းကြားထားတယ်။ ကူးခွေ ရောင်းချတဲ့ဆိုင်တွေဘယ်ဆိုင်မ ဆိုဖမ်းဆီးခိုင်းတယ်။ လမ်းဘေး မှာ ရောင်းနေတဲ့ဆိုင်တွေလည်း ရောင်းချတာမလုပ်ဖို့ အသိပေး ထားပါတယ်’’ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် ပြည်သူကင်းကွာပါက နိုင်ငံကာကွယ်ရေး ထိခိုက်နိုင်ဟု ကာချုပ်ပြော
တပ်မတော်က ပြည်သူနှင့်ကင်းကွာပါက နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်နိုင်သဖြင့် ပြည်သူနှင့်ပတ်သက်၍ အလေးထားစောင့်ထိန်းရန် လိုအပ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။