Thursday, October 1, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မြသရဖူ ခရီးသည်တင် မှန်လုံ ယာဉ်သည်မိုင်တိုင် ၄၅/ ၅ အရောက်တွင် လေးခွဖြင့် ပစ်ခတ်ခံရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မြသရဖူ ခရီးသည်တင် မှန်လုံ ယာဉ်သည်မိုင်တိုင် ၄၅/ ၅ အရောက်တွင် လေးခွဖြင့် ပစ်ခတ်ခံရပြီး ယာဉ်၏ ယာဘက်ခြမ်း ထိုင်ခုံ အမှတ်(၁၁/၁၂)ရှိ လေကာမှန်အား ထိမှန်၍ ကွဲကြေ သွားခဲ့သည်။ပစ်ခတ်သူကိုလည်း ဘောနတ်ကြီး အမြန်လမ်း ရဲစခန်းမှ ဖမ်းဆီးရမိခဲ့သည်ဟု အစိုးရသတင်းတွင်ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် မဲစာရင်းအမည်မပါ၍ လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် အခြေခံမဲစာရင်းတွင် အမည်စာရင်း၌ အမည် မပါ၍ ဖြည့်စွက်လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိ သည်။
မဲစာရင်းမှားယွင်းမှုများ ပြင်ဆင်နိုင်ရန် ယခုလအတွင်း နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ မဲစာရင်းတွင် အမည်မပါ၍ ပုံစံ(၃) ဖြင့် ဖြည့်စွက် လျှောက်ထားသူ ၇၀,၀၁၆ ဦး၊ မဲ စာရင်းအချက်အလက်များ မမှန်ကန်၍ ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင် လျှောက်ထားသူ ၇၇,၁၈၁ ဦးနှင့် သေဆုံးခဲ့ပြီးသူများ မဲစာရင်းတွင် ပါဝင်နေ၍ ပုံစံ (၄)ဖြင့် ပယ်ဖျက် သူ ၁၅,၁၁၅ဦးရှိကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။