၂၀၁၄ နှစ်သစ်တွင် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဟူသော
အကြောင်းဖြင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက သံဃာတော်များ အား ၂၄
နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ကြရန် တိုက်တွန်း ညွှန်ကြား ခဲ့ကြောင်း
ကျိုက်လတ်မြို့နယ်ရှိ သံဃာတော်များက ပြောသည်။
““ဦးဇင်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၂၄ နာရီ ပဋ္ဌာန်း ရွတ်ပေး ရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက လာလျှောက် တာ။ သူတို့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာမှာ ရွတ်ဖို့ပေါ့”” ဟု ဓမ္မသီရိ ကျောင်းတိုက် ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူး ၏ စေခိုင်းချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကပဋ္ဌာန်း ရွတ်ရန် လာရောက် လျှောက်ထားပုံကို ရှင်းပြသည်။