Monday, January 26, 2015

တောင်းဆိုထားသည့်အချက် ၁၁ ချက်မှထက်ဝက်ခန့် ပြင်မပေးမချင်း ကျောင်း သားများ ဆက်လက်သပိတ်မှောက်မည်

အမျိုးသားပညာရေး ဥပဒေ တွင် ပြင်ဆင်ရန် တောင်းဆိုထားသည့်အချက် ၁၁ ချက် မှ ထက်ဝက်ခန့် ပြင်မပေးမချင်း ဆက်လက် သပိတ် မှောက်သွားမည်ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီမှ သိရသည်။
ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် တရားဝင် အသိအမှတ်ပြုရေး၊ ဥပဒေတွင်ပါသည့် အမျိုးသားပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ပယ် ဖျက်ပေးရေး၊ ပညာရေးမူဝါဒများ ချမှတ်ရာတွင် ကျောင်း သားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမကိုယ်စားလှယ် များ ပါဝင်ခွင့်ရရေး စသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆိုင်ရာ အချက်များ မပြင်ဆင်သ၍ ဆက်လက်သပိတ် မှောက်သွားမည်ဟု သိရသည်။

လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးအင်အားစု များနှင့် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံဆွေးနွေးရန် UNA ဆုံးဖြတ်

လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက် ၍ မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့်သုံးရက်တာတွေ့ဆုံ ဆွေးနွေးခြင်းကို ဖေဖော်ဝါရီလအ တွင်း ပြုလုပ်ရန်စည်းလုံးညီညွတ် သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ (UNA) အနေဖြင့်ယမန် နေ့ကဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စည်းလုံးညီညွတ်သော တိုင်း ရင်းသားလူမျိုးများအဖွဲ့နှင့် မဟာမိတ် နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှေ့လ ၁၇ရက်မှ ၁၉ရက်အထိ ၃ရက် တာတွေ့ဆုံဆွေးနွေးရန် ဇန်နဝါရီ ၂၅ ရက်က UNA အဖွဲ့အနေဖြင့် အစည်း အဝေးပြုလုပ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
UNA အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီမှ ဦးအေးသာအောင်က ''ဒီနေ့ ကျွန်တော်တို့ အဖွဲ့က သတ်မှတ် လိုက်တဲ့ရက်ကို ဖိတ်မယ့်မိတ်ဖက် အဖွဲ့တွေကို အီးမေးလ် နဲ့ပို့ပြီးအကြံ ဥာဏ်ယူမယ်။ အဲဒီရက်မှာ သူတို့ဘက် က အဆင်ပြေမပြေပေါ့။ ဖိတ်မယ့်အ ဖွဲ့အစည်းကတော့ အားလုံးပေါင်း ၄ဝလောက်ရှိမယ်''ဟုပြောသည်။

သစ်တောဝန်ထမ်းများအား သတ်ဖြတ်သူဟု ယူဆရသူနှစ်ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဇန်နဝါရီ ၂၄- ရှမ်းပြည်နယ် လင်း ခေးခရိုင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း လေးဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုမှ ပြစ် မှုကျူးလွန်ကြောင်း သံသယရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လင်းခေးမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက ပြောသည်။
မသင်္ကာတရားခံ အမျိုးသားနှစ် ဦးကို တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ယခုအခါ စစ်ဆေးလျက်ရှိပြီး ပတ်သက် ဆက်နွယ်မှုရှိသည့် တရားခံတချို့ကိုလည်း ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်းသိ ရသည်။
လင်းခေးမြို့နယ် ရဲစခန်းမှစခန်း မှူး ဒုရဲမှူးတင်မောင်ဆွေက ''ပူးပေါင်း ရဲ တပ်ဖွဲ့က ဖမ်းဆီးရမိထားတာပါ။ မသင်္ကာ တရားခံအဖြစ်နဲ့ စစ်ဆေးနေပါတယ်။ ဘယ် နေရာမှာ မိတယ်၊ ဘယ်အဖွဲ့အစည်းကဆို တာကိုတော့ ထုတ်ဖော်ပြောလို့ မရပါဘူး'' ဟုပြောသည်။

အင်န်အယ်လ်ဒီအနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စတင်စိစစ်နေပြီဖြစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်ခြင်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးÓဏ်ဝင်းကပြောသည်။
''ကျွန်တော်တို့ အခုမြို့နယ် တွေကို ညွှန်ကြားချက်ပေးထားပြီ။ သူတို့က စိစစ်ပြီးရင် ထုတ်ပစ်ရမှာ ပေါ့။ ပြီးရင်တော့ ရွေးကောက်ပွဲကော် မရှင်ကို တင်ပြရမယ်။ သိပ်များများ တော့ ရှိမယ်မထင်ပါဘူး။ ယာယီ ကတ်ကိုင်ထား တဲ့သူတွေကို စိစစ်ပြီး ထုတ်ပစ်ရုံနဲ့တော့ ပါတီအင်အားကို မထိခိုက်နိုင်ပါဘူး''ဟု ဆိုသည်။
နိုင်ငံရေးပါတီများ အနေဖြင့် မိမိပါတီတွင်း ယာယီနိုင်ငံသား သက်သေခံ ကတ်(white card)ကိုင် ဆောင်ထားသူများရှိ၊ မရှိစိစစ်ပြီး ဇန်နဝါရီလ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့တင်ပြ ရန် ကော်မရှင်က ညွှန်ကြား ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပါတီဝင်အင်အားများ သည့်အတွက် သတ်မှတ်ရက် တိုးမြှင့် ပေးရန် တောင်းဆို ထားသောကြောင့် UEC က မတ်လအထိ နှစ်လထပ်မံ တိုးမြှင့်ပေးထားခြင်းဖြစ် သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော်ပါ သင်္ဘော စတင်ဆိုက်ကပ်

ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော် ပါသည့် တရုတ်ရေနံတင် သင်္ဘောတစ်စင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်ဆိုက်ကပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးကြည်သာက ပြောကြားသည်။

တန်ချိန် သုံးသိန်းဆံ့ သင်္ဘောများ ယင်းဆိပ်ကမ်းတွင် လာရောက် ဆိုက်ကပ်ရေး အတွက် ကနဦးအနေနှင့် ရေကြောင်းအန္တရာယ် ကင်းရှင်းခြင်း ရှိမရှိ စစ်ဆေးရန် လာရောက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုသင်္ဘောက တရုတ်ပြည်က သူ့ရေနံကို တင်ပြီးလာတာ။ ဆိပ်ကမ်းကို လာပြီး စမ်းသပ်တာပါ” ဟု ဦးကြည်သာက ဆက်လက်ပြောဆိုသည်။

RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

Photo: RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

Monday, January 26, 2015

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နယ်မြေခံတပ်ရင်းသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။
“၀မ်အင်ချောင်းဖျားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းဆီ ကိုလာပြီး အလင်းဝင်တာပါ၊ လက်နက်မဲ့ပါ၊ လူသစ်စုဆောင်းခံရတာတောင် ရက်ပိုင်းပဲရှိသေးတယ်”ဟု တာဝန်ရှိအရာရှိတစ်ဦးကပြောသည်။
အဆိုပါအလင်းဝင်ရောက်လာသူမှာ စိုင်းလုံတစ်၊ အသက်(၃၉)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ရပ်ကွက်(၁)၊ ကျိုင်းတုံမြို့နေသူ ဖြစ်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ ၎င်းအား ဇန်န၀ါရီလ ပထမပတ်အတွင်းက လူသစ်အဖြစ်စုဆောင်းသွားခြင်းဖြစ်ကြောင်း၊ ၎င်းအား လူသစ်စုဆောင်းသော အဖွဲ့မှာ ပေါ့ထောက်ဝေါ့ဦးအဖွဲ့မှဖြစ်ပြီး တောထဲတွင် ရွာစဉ်ရွာဆက် လှုပ်ရှားသွားလာနေစဉ် ထွက် ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြား သွားသည်။

“ကျိုင်းတုံမြို့ပေါ်မှာနေတဲ့ လူတောင်လာပြီး လူသစ်စုတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ အဲဒီလိုခံနေရတဲ့ ဒေသခံတွေ ဘယ်လောက်တောင်ရှိမယ် မသိဘူး၊ တကယ်တော့ အဲဒီအဖွဲ့ဟာ ကျွန်တော်တို့ပြည်နယ်အတွက် ဆက်ကြေးကောက်၊ ရိက္ခာတောင်း၊ လူသစ်စုတာကလွဲလို့ ဘာမှအကျိုး မပြုပါဘူးဗျာ” ဟု ကျိုင်းတုံမြိုကခံတစ်ဦး က ပြောကြားသွားသည်။

စိုင်းလေး(ကျိုင်းတုံ)

Shan News
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နယ်မြေခံတပ်ရင်းသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။
“၀မ်အင်ချောင်းဖျားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းဆီ ကိုလာပြီး အလင်းဝင်တာပါ၊ လက်နက်မဲ့ပါ၊ လူသစ်စုဆောင်းခံရတာတောင် ရက်ပိုင်းပဲရှိသေးတယ်”ဟု တာဝန်ရှိအရာရှိ တစ်ဦးက ပြောသည်။
Photo: နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဖေဖော်ဝါရီလဆန်းအထိ အအေးပိုမည်

Monday, January 26, 2015

တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်း (China High) အားကောင်းနေပြီး အရှေ့မြောက် ဆောင်းမုတ်သုံလေ ပိုမိုအားကောင်းနေသည့်အတွက် နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ လားရှိုးနှင့် ကျိုင်းတုံမြို့တို့တွင် ယင်းရက်ပိုင်းအတွင်း အအေးပိုနိုင်ပြီး ညအပူချိန်များမှာ ၈ ဒီဂရီစင်တီဂရိတ်မှ ၁၃ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိ၍ ကျန်မြို့ကြီးများတွင် ညအပူချိန်မှာ ၁၆ ဒီဂရီ စင်တီဂရိတ်မှ ၁၈ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

“ရန်ကုန်မှာက အအေးဓာတ်တော့ ရှိတာပေါ့။ ဒါပေမဲ့ တခြားမြို့တွေနဲ့ ယှဉ်ရင်တော့ ပျမ်းမျှ ညအပူချိန် ၃ ဒီဂရီ စင်တီဂရိတ်လောက်ပဲ လျော့ကျနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေပြီး ထူးခြားသည့် ညအပူချိန်များမှာ ပင်လောင်းမြို့နှင့် လွိုင်လင်မြို့တို့တွင် ၂ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့နှင့် ဟားခါးမြို့တို့တွင် ၃ ဒီဂရီ စင်တီဂရိတ်နှင့် ဟဲဟိုးမြို့တွင် ၄ ဒီဂရီ စင်တီဂရိတ်သာ ရှိကြောင်း အဆိုပါဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်း (China High) အားကောင်းနေပြီး အရှေ့မြောက် ဆောင်းမုတ်သုံလေ ပိုမိုအားကောင်းနေသည့်အတွက် နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဆိုင်ကယ် စီးနင်းမှုများကို အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဖမ်းဆီးမည်


ရပ်ကွက် အတွင်း ဆိုင်ကယ် စီးနင်းမှုများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖမ်းဆီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂)၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဒီရပ်ကွက်မှာ ဒေသခံတွေ ဖြစ်တဲ့ အတွက် ဒါကို ပိုပြီး လုပ်ဆောင်နိုင် ပါတယ်။ တိတိကျကျ စာရင်း ကောက်ပြီး လုပ်ဆောင်ရင် ခရီး ပိုရောက်မှာပါ ဟု အမှတ် (၂)၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ဂျပန်ဓားစာခံ နှစ်ဦးအနက် တစ်ဦးကို IS အုပ်စု သတ်ဖြတ်ဟု ယူဆရ၊ ဂျပန်ဝန်ကြီးချုပ် အမျက်ကြီးစွာထွက်

ဖမ်းဆီးခံထားရသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦး ရှိသည့်အနက် တစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု ဆိုထားသည့် ဗီဒီယိုအား အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက်အုပ်စုက ထုတ်ပြန်လိုက်မှုကို ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
IS အုပ်စုသည် ဖမ်းဆီးထားသော ဓားစာခံများကို ၇၂ နာရီအတွင်း ဒေါ်လာ သန်း ၂၀၀ ဖြင့် ရွေးရမည်ဟု တောင်းဆိုခဲ့သည့် သတ်မှတ်ကာလ ကျော်လွန်သွားပြီးနောက် ဟာရူနာယူကာဝါဟု အမည်ရသည့် ဓားစာခံတစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု ဗီဒီယိုခွေ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရက်စက်ကြမ်းကြုတ်ပြီး မည်သို့မျှ လက်သင့်ခံဖွယ် မရှိသော လုပ်ရပ်အဖြစ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ကာ ကျန်ရှိသော ဓားစာခံ ကင်ဂျီဂိုတိုကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်။

ကျောင်းသားသပိတ် စစ်ကြောင်းကို မြို့နယ် ခြောက်ခုမှ ရဲတပ်ဖွဲ့ဝင်တို့က ဆန္ဒပြ ခွင့်ပြုမိန့် တင်ပြရန် သတိပေး

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှု ရက် ၆ဝ အလွန် လှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂ဝ ရက်က မန္တလေးမြို့မှ စတင် ထွက်ခွာလာသည့် ကျောင်းသားထု သပိတ်မှောက်စစ်ကြောင်းကို ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ-၁၈ အရ ခွင့်ပြုမိန့် တင်ပြရန် မြို့နယ်ခြောက်ခုမှ မြို့အဝင်လမ်းတွင် ရဲတပ်ဖွဲ့များက သတိပေးခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။အဆိုပါ ခွင့်ပြုမိန့်တင်ရန် မန္တလေး၊ ပုလိပ်၊ ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီးနှင့် မြင်းခြံမြို့များရှိ ရဲတပ် ဖွဲ့ တာဝန်ရှိသူများက မြို့ဝင်လမ်းတွင် သတိပေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးနန်းတွင်းရှိ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေး


 မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားမှု ဇန်န၀ါရီ ၂၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၅ ရက် နံနက် ၂ နာရီခန့်တွင် တပ်ထောင်မှ တာဝန်ကျတပ်ကြပ်တစ်ဦးကို သတ်ကာ အကျဉ်းသား ရှစ်ဦးခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများကပြောသည်။ စားဖိုဆောင်တွင် တာဝန်ကျသည့် အကျဉ်းသားများက တပ်ကြပ်ကိုသတ်ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး နံနက်မှသာ သိရှိခဲ့ရသည်ဟုလည်း တပ်နှင့် နီးစပ်သူများကပြောသည်။

ကျောင်းသားသပိတ် စစ်ကြောင်းများ ထပ်တိုးချဲ့ရန်နှင့် ရန်ကုန်တွင် သပိတ်စခန်းဖွင့်ရန် စီစဉ်


အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ပွဲများ နိုင်ငံလုံးအနှံ့ ထပ်မံပေါ်ပေါက်လာစေရန် အထက်မြန်မာပြည် သပိတ်စစ်ကြောင်းများအပြင် အောက်မြန်မာပြည် သပိတ်စစ်ကြောင်းများပါ ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီး ရန်ကုန်တွင် သပိတ်စခန်းဖွင့်မည် ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက The Voice သို့ ပြောကြားသည်။
အဆိုပါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့တော်တွင် ပူးပေါင်းပြီး သပိတ်စခန်း ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတွင် နိုင်ငံကျော်တေးသံရှင်များ အခမဲ့ဖျော်ဖြေမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော် ကျိုင်းတုံမြို့၌ ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်၍ သုံးရက်ကြာ ကျင်းပမည့် တတိယအကြိမ်မြောက် လားဟူ တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူး ပွဲတော်တွင် ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင် အပါအဝင် နိုင်ငံကျော်တေးသံရှင်များဖြင့် အခမဲ့ဖျော်ဖြေမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီတို့ထံမှ သိရသည်။
ကျိုင်းတုံမြို့ ဟွေခါးကျေးရွာ လားဟူစာပေနှင့် ယဉ်ကျေးမှုရုံး၌ တတိယအကြိမ်မြောက် ကျင်းပမည့် ယင်းပွဲတော်ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းပွဲတော် ကာလအတွင်း လားဟူတိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေမည့်အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့၌ ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင် အပါအဝင် နောနော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ အိုက်ထွန်းနှင့် Baung စသည့် နိုင်ငံကျော်တေးသံရှင်များဖြင့် အခမဲ့ဖျော်ဖြေပေးမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံသွားမည်ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောဆိုလိုက်သည်။''ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှု အားနည်းနေတာကို မြှင့်တင်ချင် တယ်။ ရွေးကောက်ပွဲက တရားမျှတဖို့ဆိုရင် ကော်မရှင်တွေက ဥပဒေနဲ့ ညီဖို့လိုပါတယ်။ ခုကော်မရှင်တွေက ဥပဒေနဲ့အညီ တရား မဝင်ဘူး။ ဒါကြောင့် ဥပဒေနဲ့အညီ ပြန်လည် ဖွဲ့စည်းပေးနိုင်အောင် ပြည်သူလူထု က လက်မှတ်ရေးထိုး တောင်းဆိုသွားဖို့ ဒီနေ့ကစပြီး လှုပ်ရှားမှု လုပ်ဆောင်သွားမှာပါ'' ဟု ၎င်းက ဆိုသည်။

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်

Photo: သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်

Monday, January 26, 2015

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇန်န၀ါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်း၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ရွှေဒင်္ဂါးပြားနဲ့ ရွှေချောင်းတွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချခြင်း တင်သွင်းဝယ်ယူခြင်း စတာတွေကို သတ္တုတွင်းဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုပေးတော့ မှာ ဖြစ်ပါတယ်။ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ရောင်းဝယ်ခြင်း လုပ်ငန်းတွေကို ဆက်သွယ်လေ့လာထားဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် ရွှေအရည်အသွေးကို ၉၉ ဒသမ ၉၉ ထုတ်လုပ်ခြင်း၊ ကျပ်၊ ပဲ၊ ရွေး စနစ်မှ ဂရမ်၊ အောင်စ စနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းနှင့် စတော့ရှယ်ယာဈေး ကွက် စနစ်ကို ကျင့်သုံးခြင်း စသည်တို့မှာ မလွဲမသွေ ဖြစ်လာမယ့် အခြေ အနေကောင်းများ ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် အခြေအနေနှင့် အညီ နိုင်ငံတကာနှင့် အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာ့ရွှေအား ဈေးကွက်အတွင်း တရားဝင်ရောင်းဝယ်မှု ပြုလုပ်လျက် ရှိသော်လည်း ထုတ်လုပ်ခြင်းနှင့် ရောင်းချမှု အပိုင်းတွင် မှောင်ခိုထွက်ရှိမှု ရှိနေပြီး အဓိကအားဖြင့် မြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။
ပြည်တွင်းထုတ် ရွှေထည်နှင့် လက်ဝတ်ရတနာများ ပြည်ပသို့ တင်ပို့ရာတွင် ဖြစ်ပေါ်လာမည့် ဈေးကွက်အခြေအနေအား မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်း(ဦးထုံရွှေဆိုင်)က “ပြည်ပကို တရားဝင် ရွှေတင်ပို့ခွင့် ပြုမယ်ဆိုရင် ပြည်တွင်းက ရွှေလက်ဝတ်ရတနာလုပ်တဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ တိုးတက်လာမှာပါ။ ပြီးတော့ တရားဝင်တင်ပို့ရမှာ ဖြစ်တဲ့အတွက် နယ်စပ်ကနေ ထွက်နေတဲ့ တရားမ၀င် ကုန်သွယ်မှုတွေ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်လာမှာပေါ့။ အခုက တရားဝင် တင်ပို့ချင်ရင်တောင် ခွင့်ပြုချက် မရှိတော့ တရားဝင်လုပ်လို့ မရတဲ့ အနေအထား ဖြစ်နေတယ်။ အသင်းက တင်ပြချက်အချို့ ပါဝင်တဲ့ သတ္တုဥပဒေ ပြင်ဆင်ချက်တွေကိုလည်း အတည်ပြု ပြဋ္ဌာန်းတာမျိုးတွေ မလုပ်ရသေးတော့ နောက်ပိုင်းဥပဒေကိစ္စတွေ ပြီးရင်တော့ ပြည်ပကို တင်ပို့မယ့် ကိစ္စတွေ ဖြစ်လာမှာပါ။ တင်ပို့ဖြစ်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းကို တရားဝင်တင်ပို့မယ် ဆိုရင်ပဲ ဈေးကွက်ရပစ္စည်း ဖြစ်လာမှာပါ” ဟု ပြောပြသည်။

လက်ရှိ ရွှေအရောင်းအ၀ယ်ဈေးကွက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာ မှုကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ဇန်န၀ါရီ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၉၇၀၀၀ ၀န်းကျင်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၆၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Eleven Media Group
သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇန်န၀ါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်း၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြား သည်။

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်လစာပမာဏ တွက်ချက်နေ

လွှတ်တော်ကိုယ်စား လှယ်များ၏ လစာငွေ ကျပ် ၁၀ သိန်း သတ်မှတ်ခြင်းကို အတည်ပြုပြီးသော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်နိုင်မည့် ပမာဏကို မူ အတည်မပြုနိုင်သေးဘဲ တွက် ချက်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွက် နိုင်ငံတော်၏ အမျိုးသားစီမံ ကိန်းများကို ဇန်န၀ါရီ ၂၆ ရက် တွင်မှ ပြည်ထောင်စုအစိုးရအဖွဲ့ က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး အဆိုပါ စီမံ ကိန်းများကို လွှတ်တော်က စိစစ် ဖြတ်တောက်ပြီးသည့်အချိန်မှ သာ တိုးမြှင့်ပေးနိုင်မည့်ပမာဏကို တွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လပိုင်းအတွင်း အသက် (၆၀) ပြည့်မည်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ၂၀၁၅ ပထမ ခြောက်လအတွင်း အသက် (၆၀) ပြည့်မည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံ့ဝန်ထမ်း ဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အနေဖြင့် အသက် (၆၀)ပြည့် ပါက ပင်စင်ယူရမည် ဖြစ်သည်။

မဲလိမ်၊ မဲခိုးမှုများကို ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူရန် ကော်မရှင်အဖွဲ့ဝင်များအား ဦးတင်အေးတာဝန်ပေး

ရွေးကောက်ပွဲတွင် မဲ လိမ်၊ မဲခိုး၊ ဘက်လိုက်မှုများရှိပါ က ရွေးချယ်ခံရသည့် ကိုယ်စား လှယ်များ သိက္ခာမဲ့ပြီး အစိုးရနှင့် လွှတ်တော်တို့မှာလည်း ကမ္ဘာ့ အလယ်၌ မျက်နှာငယ်ရမည်ဖြစ်၍တိုင်းပြည်ဂုဏ်သိက္ခာမကျ စေ ရန် ရွေးကောက်ပွဲမသမာမှု များကို ဥပဒေနှင့်အညီ ပြတ်ပြတ် သားသားဆောင်
ရွက်ရန် တာဝန် ပေးကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ဝန်ကြီးဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက အထက်ပါအတိုင်း ပြော ကြားခဲ့သည်။
မဲလိမ်၊ မဲခိုး၊ ဘက်လိုက်မှု များရှိနေပါက အရွေးချယ်ခံကိုယ် စားလှယ်များ သိက္ခာမဲ့ပြီး ထို ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း မည့် လွှတ်တော်နှင့်အစိုးရအဖွဲ့ မှာလည်း ကမ္ဘာ့အလယ်မျက်နှာ ငယ်ရမည်ဖြစ်၍ ကော်မရှင်အဖွဲ့ ခွဲအဆင့် ဆင့်က ရွေးကောက်ပွဲ တာဝန်ကို ဥပဒေနှင့်အညီ ပြတ် ပြတ်သားသားဆောင် ရွက်သွားရန် တာဝန်ပေးကြောင်း ၎င်းက ပြောသည်။

မဲလိမ်၊ မဲခိုးမှုများကို ဘက်မလိုက်ဘဲ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူရန် ကော်မရှင်အဖွဲ့ဝင်များအား ဦးတင်အေးတာဝန်ပေး


ရွေးကောက်ပွဲတွင် မဲ လိမ်၊ မဲခိုး၊ ဘက်လိုက်မှုများရှိပါ က ရွေးချယ်ခံရသည့် ကိုယ်စား လှယ်များ သိက္ခာမဲ့ပြီး အစိုးရနှင့် လွှတ်တော်တို့မှာလည်း ကမ္ဘာ့ အလယ်၌ မျက်နှာငယ်ရမည်ဖြစ်၍ တိုင်းပြည် ဂုဏ်သိက္ခာမကျ စေ ရန် ရွေးကောက်ပွဲမသမာမှု များကို ဥပဒေနှင့်အညီ ပြတ်ပြတ် သားသားဆောင်
ရွက်ရန် တာဝန် ပေးကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ဝန်ကြီးဌာနများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက အထက်ပါအတိုင်း ပြော ကြားခဲ့သည်။
မဲလိမ်၊ မဲခိုး၊ ဘက်လိုက်မှု များရှိနေပါက အရွေးချယ်ခံကိုယ် စားလှယ်များ သိက္ခာမဲ့ပြီး ထို ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း မည့် လွှတ်တော်နှင့်အစိုးရအဖွဲ့ မှာလည်း ကမ္ဘာ့အလယ်မျက်နှာ ငယ်ရမည်ဖြစ်၍ ကော်မရှင်အဖွဲ့ ခွဲအဆင့် ဆင့်က ရွေးကောက်ပွဲ တာဝန်ကို ဥပဒေနှင့်အညီ ပြတ် ပြတ်သားသားဆောင် ရွက်သွားရန် တာဝန်ပေးကြောင်း ၎င်းက ပြောသည်။

ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဂွါဒီယိုလာ

Photo: ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဂွါဒီယိုလာ

Monday, January 26, 2015

ဘိုင်ယန်မြူးနစ်နည်းပြ ပက်ဂွါဒီယိုလာဟာ အောင်မြင်နေတဲ့ နည်းပြတစ်ဦးပါ။ ဘာစီလိုနာမှာ အောင်မြင်ခဲ့သလို ဘွန်ဒက်စ်လီဂါမှာ လည်း အောင်မြင်နေတဲ့နည်းပြပါ။ သူ့အနေနဲ့ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဆန္ဒတွေ ပြင်းပြနေတာပါ။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက ဘိုင်ယန်မြူးနစ် နည်းပြဖြစ်လာတဲ့ ဂွါဒီယိုလာဟာ ပထမရာသီမှာပဲ ဘွန်ဒက်စ်လီဂါဖလားနဲ့ဂျာမန်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၄၄ နှစ်သာရှိသေးတဲ့ စပိန်သားဂွါဒီယိုလာဟာ ၂ဝ၁၆ ဇွန်လဆိုရင် လက်ရှိစာချုပ်ကုန်ဆုံး တော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ် လီဂါမှာ ၁၁ မှတ်အသာနဲ့ရအောင် ကြိုးစားပေးထားပါတယ်။

သူ့ကို ကျွန်တော်တို့ထပ်မံစာချုပ် နိုင်မယ်လို့ ယုံကြည်ထားပါတယ်လို့လည်း အသင်းဥက္ကဋ္ဌ ရမ်မီနစ်ကဆိုပါတယ်။ ဂွါဒီယိုလာအနေနဲ့လည်း ဘိုင်ယန်မြူးနစ်နဲ့အတူ ထပ်မံစာချုပ်ပြီး အောင်မြင်မှုတွေနဲ့ ဖလားကို နှစ်အတန်ကြာအောင် သိမ်းပိုက်ထား မယ့်အနေ အထားရှိပါတယ်။သူဟာ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်အထိ ဘာစီလိုနာအသင်းနဲ့အတူ လေးနှစ်ကြာနည်းပြလုပ်ခဲ့ပြီး ဖလား ၁၄ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ ချန်ပီယံလိဂ်ဖလားနှစ်လုံးအပါအဝင် ဖြစ်ပါတယ်။

ကောင်းမြတ်သူ
စုစည်းသည်

MOI Webportal Myanmar
ဘိုင်ယန်မြူးနစ်နည်းပြ ပက်ဂွါဒီယိုလာဟာ အောင်မြင်နေတဲ့ နည်းပြတစ်ဦးပါ။ ဘာစီလိုနာမှာ အောင်မြင်ခဲ့သလို ဘွန်ဒက်စ်လီဂါမှာ လည်း အောင်မြင်နေတဲ့နည်းပြပါ။ သူ့အနေနဲ့ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါဖလားကို နှစ်အတန်ကြာ သိမ်းပိုက်ထားလိုတဲ့ ဆန္ဒတွေ ပြင်းပြနေတာပါ။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက ဘိုင်ယန်မြူးနစ် နည်းပြဖြစ်လာတဲ့ ဂွါဒီယိုလာဟာ ပထမရာသီမှာပဲ ဘွန်ဒက်စ်လီဂါဖလားနဲ့ ဂျာမန်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၄၄ နှစ်သာရှိသေးတဲ့ စပိန်သားဂွါဒီယိုလာဟာ ၂ဝ၁၆ ဇွန်လဆိုရင် လက်ရှိစာချုပ်ကုန်ဆုံး တော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ် လီဂါမှာ ၁၁ မှတ်အသာနဲ့ရအောင် ကြိုးစားပေးထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပြည်ထောင်စုနေ့ လာတက်ဖို့ ဖိတ်ကြား

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လာမဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ နေပြည်တော် မှာ တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး သဘောတူညီချက် ရလာ နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်း အတာ နဲ့ အပစ် အခတ်ရပ်စဲရေးကို လာမဲ့ မတ်လအတွင်းမှာ လက်မှတ်ရေး ထိုးနိုင် လိမ့်မယ်လို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ NCCT ခေါင်းဆောင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။

နန်းမြို့ရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အစောင့်အား သတ်၍ အကျဉ်းသား ရှစ်ဦး ထွက်ပြေးသည်ဟု ဆို

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့၊ နန်းမြို့အတွင်းရှိ အမှတ် (၂) စစ်အကျဉ်းထောင်မှ အကျဉ်းသား ရှစ်ဦးသည် ဇန်နဝါရီ ၂၅ရက်၊ နံနက် ၄ နာရီခန့်က အစောင့်တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေးလွတ်မြောက်သွား ခဲ့သည့် သတင်းက ဟုတ်မှန်သော်လည်း အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိ သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်လက် စုံစမ်းမေးမြန်းရာတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ပြီး ထွက်ပြေးသူများမှာ စစ်ဘက်ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်၍ ထွက်ပြေးသွားသူများမှာ ရှစ်ဦး ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး တပ်ကြပ်တစ်ဦး သေဆုံးမှု ရှိခဲ့သည်ဟု ဆိုခဲ့သည်။

နမ့်ခမ်းမြို့အ၀င်မုခ်ဦးအနီး KIA အဖွဲ့မှ မိုင်းဖောက်ခွဲ မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့အ၀င်မုခ်ဦးအနီး၊ မူဆယ်-နမ့်ခမ်းကားလမ်းမကြီး၏ယာဘက်တွင် ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်ချိန်ခန့်တွင်အသံမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့် နေရ ကြောင်း သတင်းရရှိသည်။
“တိုက်ပွဲတွေပြန်ဖြစ်တိုင်းမိုင်းခွဲနေကျပဲလေ၊ တော်တော်သူရဲဘောကြောင့်တဲ့လူတွေ၊ သေနတ်တွေကိုင် ထားပြီး ဘာမှပြန် မလုပ်နိုင်တဲ့ လမ်း၊ တံတားတွေကို မိုင်းခွဲနေတာကတော့ တော်တော်ရှက်ဖို့ ကောင်းပါတယ်၊ ထုံးစံ အတိုင်းပါပဲ၊ KIA အဖွဲ့ပဲနေမှာပေါ့” ဟု နမ့်ခမ်းမြို့ခံတစ်ဦးကပြောသည်။

မြန်မာ ယူ-၂၀ အသင်း အီရန် ယူ-၂၂ အသင်းကို ရှုံးနိမ့်

တူရကီနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ-၂၀ အသင်းသည် ဇန်နဝါရီ ၂၅ ရက်က အီရန် ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

မြန်မာယူ-၂၀ အသင်းသည် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့သော်လည်းအီရန် ယူ-၂၂ အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

စည်ပင်အမှိုက်ခွန် တစ်လတည်း နှစ်ကြိမ်ဆောင်ရပါက စည်ပင်အုပ်ချုပ်ရေးမှူးရုံးတွင် ပြန်တောင်းခံနိုင်ဟုဆို

ရန်ကုန်မြို့တော်စည် ပင်သာယာနယ်နိမိတ်မြို့နယ်များ အတွင်း စည်ပင်အမှိုက်ခွန်များ တစ်လတည်း နှစ်ကြိမ်ပေးဆောင် ရပါက သက်ဆိုင်ရာစည်ပင်သာ ယာအုပ်ချုပ်ရေးမှူးရုံးတွင် ပြန် လည်တောင်းခံနိုင်ကြောင်း သ တင်းရရှိသည်။
အမှိုက်ခွန်ကို လက်ရှိတွင် ပြေစာနှစ်မျိုးနှင့် ကောက်ခံနေပြီး အမြဲနေထိုင်သည့် သူများကို ကွန် ပျူတာပြေစာများဖြင့် ကောက်ခံ သည်ဟု လှိုင်မြို့နယ် စည်ပင် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘လက်ရေးနဲ့ ကောက်တဲ့ ပြေစာရယ်၊ ကွန်ပျူတာဖြတ်ပိုင်းနဲ့ ကောက်တဲ့ ပြေစာရယ် နှစ်မျိုးကောက်တယ်။ ဘာလို့လဲဆို တော့အခန်းငှားနေတဲ့သူတွေကျတော့ကွန်ပျူတာထဲ စာရင်းသွင်း ကောက်ရင်နောက်လူပြောင်း တဲ့အခါမှာ နောက်တစ်ယောက် နာမည်ပြန်ဖြည့်ရမယ်လေ။ ဒီလိုနေသူတွေကျတော့ စာရွက်ဖြတ်ပိုင်း နဲ့ကောက်တယ်’’ဟု ၎င်းကဆို သည်။

အက်စ်ဘီနှင့် စသုံးလုံးကို သမ္မတရုံးလက်အောက်ရွှေ့မည်


ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင်ရှိသော သတင်းတပ်ဖွဲ့(SB)နှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ)တို့ကို သမ္မတရုံးလက် အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့နာမည်နှင့် ယူနီဖောင်းများပါ ပြောင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတရုံးလက်အောက်တွင် Office of Security andInformationဌာန ဖွင့်လှစ်ပြီးနောက် လက်ရှိပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းတပ်ဖွဲ့(SB)နှင့် စသုံးလုံးတပ်ဖွဲ့ဝင်များကို မြ ကာမီပြောင်းလဲဖွဲ့စည်းမည်ဟုသတင်းရရှိသည်။
‘‘ဒီဘတ်ဂျက်မတိုင်ခင်ဖြစ်မယ်လို့တော့ကြားတယ်။ ယူနီဖောင်း ရော အခေါ်အဝေါ်ပါပြောင်းသွားမယ်’’ဟု ရန်ကုန်မြို့ အခြေစိုက် သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေသော်လည်း ဖမ်းဆီးအရေးယူခြင်း မရှိသေး

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှု တွင်ကျယ်နေသော်လည်း ဖမ်းဆီးအရေးယူခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခြင်း မရှိသေးကြောင်း အဆိုပါ အသိုင်းအ၀ိုင်းနှင့် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

အမျိုးသား အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှုများကို ရန်ကုန်မြို့အတွင်း လွန်ခဲ့သော နှစ်နှစ်ဝန်းကျင်ခန့်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာကြောင်း စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အမျိုးသား အနှိပ်ခန်းများကို အလုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်း၊ ရန်ကင်း စသည့်မြို့နယ်များအပြင် အခြားမြို့နယ်များတွင်လည်း ကျယ်ပြန့်စွာ လုပ်ကိုင်နေကြောင်း သိရသည်။

ပြည်သူပိုင် မြေနေရာကို ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရန် တင်ပြမှုအပေါ် ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်နေ၍ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က မေးမြန်းသည့် အမတ်ကို မေတ္တာရပ်ခံ


ပြည်သူပိုင် မြေနေရာနှင့် အဆောက်အအုံများကို ပြည်သူ့အကျိုးအတွက် လုပ်ဆောင်မှု မရှိခြင်းအပေါ် ပြည်သူ့လွှတ်တော်သို့ မေးခွန်းထုတ် တင်ပြရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တိုက်ရိုက်ပတ်သက်နေသော အဆိုပါ မေးခွန်းအတွက် လွှတ်တော်ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားရန် အခက်တွေ့နေပြီး မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ကို မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ဟင်္သာတထောင်ပြေး အချုပ်သားသုံးဦး ဖမ်းမမိသေး

 ဟင်္သာတအကျဉ်း ထောင်မှထွက်ပြေးလွတ်မြောက် သွားသည့် အချုပ်သားသုံးဦးကို ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း သတင်းရရှိသည်။

အဆိုပါ အကျဉ်းသားသုံးဦး သည် ဇန်နဝါရီ ၂၁ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် အကျဉ်း ထောင်အတွင်း တရားစခန်းဖွင့် လှစ်အသုံးပြုသည့်နေရာမှ ဝက် လားဆောင်ရှေ့ဘက် အုတ်ရိုး ပေါ်သို့ စောင်နှင့်

ထီဈေးပိုတင်ရောင်းလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထား

ထီလက်မှတ်ကို သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းပါက အနည်းဆုံး ထောင်ဒဏ် ခြောက် လမှ တစ်နှစ်အပြင် ငွေဒဏ်ကျပ် သိန်း ၅၀ အထိ ချမှတ်နိုင်ရန် အစိုးရအောင်ဘာလေထီဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။
ထီဈေးမြှင့်၍ ရောင်းချနေ ခြင်းအပေါ် ထိုဥပဒေကြမ်းအ တည်ပြုထွက်ပေါ်လာပါက ထိ ရောက်စွာ ထိန်းကွပ်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး ဥပဒေမရှိသေး သောကြောင့် လက်ရှိအချိန်၌ အ ရေးယူရန် ခက်ခဲနေကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဥပဒေကြမ်းတွင် အစိုးရထီ ရုံးမှ တာဝန်ရှိသူ (သို့မဟုတ်) ထီ ရောင်းချသူမည်သူမျှ ထီလက် မှတ်ကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရဟု ရေးဆွဲ ထားသည်။ ယင်းတားမြစ်ချက် ကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် ခြောက် လမှ အများဆုံးထောင်ဒဏ် တစ် နှစ်အထိ ဖြစ်စေ၊ ထောင်ဒဏ်အ ပြင် ငွေဒဏ်ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ရေးဆွဲထားခြင်း ဖြစ်သည်။