Friday, July 19, 2013

ရထားစက်ခေါင်း အင်ဂျင်နှင့် ရထားတွဲများ ထုတ်လုပ်မည်

တရုတ်ချေးငွေအကူအညီဖြင့် ရထားစက်ခေါင်းအင်ဂျင်နှင့် ရထားတွဲများထုတ်လုပ်မည့် စက်ရုံနှစ်ရုံ တည်ဆောက်ရန် တရုတ်- မြန်မာစီးပွားရေး စာချုပ်တစ်ရပ်အား ဇူလိုင် ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ သည်။

Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း

Photo: Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း
Friday, July 19, 2013

အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး မေ့သွားလို့ ပြန်လုပ်ယူလို့ မရတော့တဲ့ အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ စဉ်းစားလို့မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။

( Lock မကျထားတဲ့ ဖုံးဆိုရင်တော့ Setting ကနေ Reset ကို လွယ်ကူစွာ လုပ်နိုင်ပေမဲ့ Locked ဖြစ်နေတဲ့အခါ အဆိုပါနည်းလမ်းကို သုံးလို့မရတဲ့အတွက် Key တွေကို နှိပ်ပြီး အောက်ဖော်ပြပါနည်းလမ်းကို အသုံးပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ )

Lumia ကို ပြန်အသုံးပြုနိုင်ဖို့ တစ်နည်းအားဖြင့် Format လုပ်ပြီး Factory Reset ချကာ ပြန်လည် အသုံးပြုနိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

Warning!! Lock ကျထားတဲ့ ဖုံးက Data တွေကတော့ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

Locked Lumia Phone ကို Factory Reset လုပ်ဖို့ လိုအပ်လာပြီဆိုရင် အလွယ်ကူဆုံး နည်းလမ်းကတော့

Step 1
ဖုံးကို Charger မှာ မတက်ထားပါနဲ့။
1. ဖုံးကို ပိတ်လိုက်ပါ။
2. ပိတ်သွားပြီဆိုရင် Volume down Key ကို နှိပ်ထားပြီး charger နဲ့ အားသွင်းလိုက်ပါ။ မှန်ကန်တယ်ဆိုရင် exclamation mark (!) အကြီးကြီး တစ်ခုတည်း screen မှာ ပေါ်လာပါလိမ့်မယ်။

(OS reset ကို ဆက်မလုပ်ချင်တော့ပဲ Normal MOde ကို ပြန်ထွက်ချင်တယ်ဆိုရင် Volume Down + Power Key ကို 10Seconds လောက် နှိပ်ထားပေးလိုက်ပါ။).

Step 2
(!) ပေါ်နေတဲ့ အချိန်မှာ ဖော်ပြပါ အစီအစဉ်အတိုင်း Keys များကို တစ်ခုဖြင်း နှိပ်သွားပါ။
1. Volume up
2. Volume down
3. Power
4. Volume down
မှန်ကန်တယ်ဆိုရင် ဖုံး Restart ဖြစ်သွားပါလိမ့်မယ်။

Step 3
Restart ပြီးသွားတာနဲ့ Reset လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ စက်သွားနှစ်ခုလည်နေတဲ့ ပုံမျိုးကို တွေ့ရပါလိမ့်မယ်။ အားလုံးပြီးဆုံးသွားပြီ ဆိုရင်တော့ Factory Setting နဲ့ Reset ဖြစ်ပြီးသား Lumia Phone အနေနဲ့ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ယခင်က ဖုံးကို Live Account နဲ့ ချိတ်ဆက်ပြီး Backup လုပ်ထားတာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ယခင်က Data အချို့ကို ပြန်လည် ရရှိနိုင်ပါလိမ့်မယ်။

TineHtetAung: TechSpace Tech Team
TechSpace Journal
အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး မေ့သွား လို့ ပြန်လုပ်ယူလို့မရတော့တဲ့အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ စဉ်းစားလို့ မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။

လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်မှုများရှိနေ

Photo: လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်မှုများရှိနေ
Friday, July 19, 2013

လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ် များပေါ်တွင် လောင်းကစားများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း မြင်တွေ့ရသူ အများစု က ပြောကြ သည်။

“ဒီအနေအထားတွေက မြို့ရဲ့အနာဂတ်အတွက် ရင်လေးစရာဘဲဗျာ။ ကျနော်လည်း ဒါမျိုးနှစ်နေရာ သုံးနေရာလောက်ကို တွေ့ဘူးနေတာ။ ဒါကိုတာဝန်ရှိတဲ့ သူတွေသေချာ အရေးယူဖို့တော့လိုမယ်။ လူတွေက တိုင်ကြားဖို့ ဆိုတာကလည်း ဘယ်လောက်ထိ တိုင်ကြားမှာလည်း ဗျာ။ နေရာတိုင်း တိုင်နေရရင်လည်း မဟုတ်သေးဘူဗျ။ ဒီအတိုင်းဆိုရင် ကျနော်တို့မြို့ရဲ့ အလားအလာ မကောင်းဘူး”ဟု လောင်းကစား ပပျောက်လိုသူမြို့ခံ တစ်ဦးက ပြောသည်။ 

ယင်းသို့ လောင်းကစားများ ပြုလုပ်ရာတွင် နံနက်မှစ၍ တနေကုန် အထိ လောင်းကစား လုပ်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ညမိုးချုပ်သည့် အချိန်ထိပင် သုံးဘီးမီးထွန်းကာ လောင်းကစား ပြုလုပ်ကြကြောင်း သိရသည်။

“ကျွန်တော်က မြို့ပြင်ကို ဆီသွားထည့်တာ အသွားကလည်း မော်တော် ပီကယ်ရုံ နားက လမ်ဘေးမှာ သုံးဘီးတစ်စီး လမ်းမှာထိုးထားပြီး သုံးဘီးပေါ်မှာ လူတွေစုနေတာတွေ့တယ်။ ဒီလိုနဲ့ ဆီထည့်ပြီး ပြန်လာတော့ လည်း အဲ့ဒီနားမှာလူတွေ စုနေတာတွေ့လို့ ဘာဖြစ်တာလဲ ယာဉ်တိုက်မှု ဖြစ် တာလားလို့ မေးလိုက်မိတာ ဘာယာဉ်တိုက်မှုမှ မဖြစ်ဘူး။ ပွတ်နေတာဗျ ဒီမှာရှုံးနေရတဲ့အထဲဆိုပြီး ပြောတယ်”ဟု ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။ 

လာရှိုးမြို့တွင်ယခင်ကထိုသို့သုံးဘီးယာဉ်များပေါ်၌ ပေါ်ပေါ်ထင်ထင် လောင်း ကစား မှုများ မရှိခဲ့သော်လည်း လာရှိုးမြို့  ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်း တွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြခြင်းဖြစ်ကြောင်း တွေ့ရှိသူများက ပြောကြသည်။

စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်
လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ် များပေါ်တွင် လောင်းကစား များ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း မြင်တွေ့ရသူ အများစု က ပြောကြ သည်။

အခွန်ရှောင်ခြင်းကို လျော့စေလိုသောကြောင့် သွင်းကုန်ပို့ကုန်များအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ဖြတ်ရခြင်းဖြစ်

လွန်ခဲ့သည့် ဇွန်လ ၄ ရက်မှစ၍ သွင်းကုန်ပို့ကုန်များအားလုံး၏ အခွန်နှုန်း ထားကို နှစ် ရာခိုင်နှုန်း ဖြတ်ရခြင်းမှာ အခွန်ရှောင်ခြင်းကို လျော့ပါးစေရန် အဓိကရည် ရွယ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ

19.7.2013-ll1
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ် သက်သော ကိုယ်ရေး အတ္ထုပတ္တိများ ဟောပြောခြင်း၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပ ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည် နယ် NDF ပါတီ ခေါင်းဆောင် ဖမ်းဆီး ခံရ

အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ၏ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာသည် ယမန်နေ့က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ပုဒ်မ(၃)ခုဖြင့် အဖမ်းခံခဲ့ ရကြောင်း ယင်းပါတီ တာဝန် ရှိသူများထံမှ သိရသည်။

ထိုင်းမှ သက်တမ်း အရင့်ဆုံး ဟွာဆင် ဟန်းရွှေဆိုင် လာဖွင့်မည်

Photo: ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ် တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိ ရသည်။

ထိုလုပ်ငန်း ၏ ဦးဆောင် ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စင်ကာပူတို့၌ လုပ် ငန်းများကို လာမည့်နှစ်တွင် တိုး ချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းက ထိုင်းလူမျိုးများ ကဲ့သို့ပင် အာဆီယံ နိုင်ငံသားများ သည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြောသည်။ ''မြန်မာပြည်ကသူတွေဟာ အိမ်မှာ ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေ ကို ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် ဝယ်ကြ တယ်။ အဲဒါကြောင့် သူ တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော်တို့ ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။

''ရွှေဈေးနှုန်းဟာ အမေရိ ကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လို ထားသလဲ ဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝ ကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့် မှန်း သည်။ ''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ် လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိက ကတော့ သူတို့ဆီမှာရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာက များတယ်။ လက်ရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော် ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။

ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်။
Yangon Media Group
ညီလတ်
ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာရောက်ဖွင့်လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရသိရသည်။

အိုင်တီပစ္စည်းက စိတ်ကျရောဂါဖြစ်စေ

it healh
မြန်မာပြည်မှာတော့ အဲ့လောက်သိပ်မဖြစ်သေးပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတော့ နည်းပညာ ပစ္စည်းများကို အလွန်အမင်း စွဲလမ်းနေကြပါပြီ။

အသားလွှာ တီလားဗီးယား ငါး အမျိုးအစားကို အမေရိကန်သို့ တင်ပို့ရန် USAID တိုက်တွန်း

Photo: အသားလွှာ တီလားဗီးယား ငါး အမျိုးအစားကို အမေရိကန်သို့ တင်ပို့ရန် USAID တိုက်တွန်း 
Friday, July 19, 2013

အမေရိကန် နိုင်ငံသို့ ရေထွက် ပစ္စည်း  တင်ပို့မှု တတိယ နေရာတွင် ရှိသော တီလား ဗီးယား ငါး အမျိုး အစားကို မြန်မာနိုင်ငံမှ  အသားလွှာ ပြုလုပ် တင်ပို့ ရန် USAID မှ တိုက်တွန်းထားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''အခု အမေ ရိကန်ကို တင်ပို့ဖို့ တီလားဗီးယား ငါး အမျိုး အစားတွေ မွေးမြူ ထုတ်လုပ်ဖို့ လိုတယ်။ ဘာလို့လဲ ဆိုတော့ အမေရိကန်မှာ   တီလား ဗီးယားငါး စားသုံးမှုဟာ အခုဆို ပုစွန်နဲ့ ဆော်လမွန် ငါးပြီးရင်  တတိယ နေ ရာ မှာ ရှိလို့ပါ။ တီလား ဗီးယား ငါး အမျိုး အစားဟာ ကျစ်လျစ်ပြီး ချိုတဲ့ အတွက်ကြောင့် အမေရိကန်မှာ  စားသုံးမှု ပမာဏ များပြား လာပြီး ပြည်ပ တင်သွင်းမှု ဟာလည်း အလွန် များပြား လာပါတယ်''ဟု  မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ငါး အသား ပြုပြင် ထုတ်လုပ်သည့်  လုပ်ငန်းရှင် တစ်ဦးဖြစ်သူ   ဒေါ်တိုးနန္ဒာတင်က ပြောကြား ခဲ့သည်။

အမေရိကန်သို့ တီလားဗီးယားငါး တင်ပို့ရာတွင် တရုတ် နိုင်ငံက အများဆုံး ဖြစ်နေ ပြီး ထိုင်း၊  ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံများကလည်း တင်ပို့ မှုများ ရှိနေကြောင်း သိရသည်။  ထို့ပြင် လက်တင် အမေရိကန် နိုင်ငံ အချို့ ကလည်း လတ်ဆတ်သော  တီလား ဗီးယား ငါးများကို တင်ပို့လျက် ရှိပြီး အမေရိကန် နိုင်ငံတွင် စားသုံးလျက် ရှိသည့် တီလား ဗီးယားငါး၏  ၉၅  ရာခိုင်နှုန်းမှာ ပြည်ပမှ  တင်သွင်း နေခြင်း ဖြစ်သည်။

တီလား ဗီးယား ငါးကို အမေရိကန်သို့ တင်ပို့ရာတွင် ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ် တင် သွင်းခြင်း၊ ငါး အရှင် တင်သွင်းခြင်းနှင့် အသားလွှာ တင်သွင်းခြင်းများ ရှိသည့် အနက် တီလားဗီးယား ငါးအသားလွှာ တင်သွင်းခြင်းမှာ မြန်မာနိုင်ငံ၏  ရေထွက် ပစ္စည်း ထုတ်လုပ်မှု ကဏ္ဍ အတွက် ပိုမို သင့်လျော်ကြောင်း၊ Organic မွေးမြူရေး စနစ်ဖြင့် အဆင့်မြင့် မွေးမြူ နိုင် ပါက   မြင့်မားသော ဈေးနှုန်း ရရှိ နိုင်ကြောင်းနှင့် ယခု အချိန်တွင် အာရှ ဒေသရှိ နိုင်ငံ အများ အပြားက အမေရိကန်သို့ တီလား ဗီးယားငါး တင်ပို့မှု များကို ပြုလုပ်လျက် ရှိကြောင်း USAID မှ  တာဝန် ရှိသူ တစ်ဦးက အကြံပြု ထားကြောင်း သိရသည်။

အဆိုပါ တီလား ဗီးယားငါး အမျိုးအစားကို  အမေရိကန်၊  ဂျပန်နှင့် ဒိန်းမတ် စသော နိုင်ငံများသို့  အများဆုံး တင်သွင်းကာ စားသုံး လာကြသည်။  ၂ဝ၁ဝ  ပြည့်နှစ်က  ကမ္ဘာ ပေါ်တွင် တီလားဗီးယား ငါး ထုတ်လုပ် မှုမှာ  အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တန်ဖိုး အထိ ရှိခဲ့ကြောင်း သိရသည်။
မင်းကနောင်
Myawady News
အမေရိကန် နိုင်ငံသို့ ရေထွက် ပစ္စည်း  တင်ပို့မှု တတိယ နေရာတွင် ရှိသော တီလား ဗီးယား ငါး အမျိုး အစားကို မြန်မာနိုင်ငံမှ  အသားလွှာ ပြုလုပ် တင်ပို့ ရန် USAID မှ တိုက်တွန်းထားကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

July 19 မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ ဗိုလ်ချုပ်၏မိန့်ခွန်း နဲ့ ဈာပနအစီအစဉ်တွေကို မကြည့်လိုက်ရသော မိတ်ဆွေများအတွက်

မြ၀တီ ရုပ်မြင်သံကြား
ည ၇: ၁၅ - လွတ်လပ်ရေးဖခင်ကြီး၏ မမေ့နိုင်သောမိန့်ခွန်းများ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအ ခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအ ခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ရုံး/ဌာန မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အနော်ရထာ ခန်းမ၌ ကျင်း ပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ

Photo: ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ 
Friday, July 19, 2013

မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက် ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင် ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံ မှုကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။

လတ်တလောတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွက် ဇုန်ဝင်ကြေး ကောက်ခံ မှုကို အမေရိကန် ဒေါ်လာဖြင့်ပင် ကောက်ခံသွားမည် ဖြစ်ပြီး ပုဂံဇုန်ဝင်ကြေး ကောက် ခံမှု အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ကို တာဝန်ပေးသွားရန် ရှိနေပြီး ကျန်ဇုန်များကိုလည်း ယင်းအဖွဲ့ချုပ်ကိုပင် တာဝန်ပေးသွားဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် ဇုန်ဝင်ကြေး ကောက်ခံမှုများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူ ထားဦးမည် ဖြစ်ကြောင်း သိရသည်။

''ဇုန်ဝင်ကြေး ကောက်ခံတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတွက် ဝန်ကြီးဌာနက တင်ဒါ ခေါ်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ခရီးသွား လုပ်ငန်း လုပ်ကိုင်တဲ့ အသင်းအဖွဲ့တွေကို အပ်နှံ ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ထားပါတယ်။ တင်ဒါ စည်းမျဉ်း စည်းကမ်း တွေမှာလည်း အဲဒီက ကောက်ခံရရှိတဲ့ ငွေကြေးတွေနဲ့ ဇုန်ရဲ့ စိမ်းလန်း စိုပြည်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုတွေမှာ ပြန်ပြီး အသုံးပြု သွားရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်မယ့် အဖွဲ့အစည်းဟာ နိုင်ငံသားပိုင် ဖြစ်ရမယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီး ဌာနတွေက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ ဒေသဖွံ့ဖြိုး တိုးတက်ဖို့ နှစ်စဉ် အသုံးပြုမယ့် ငွေစာရင်း တာဝန်ပေးခံရမယ် ဆိုရင် နှစ်နှစ်အတွင်းမှာ လုပ်ဆောင်ရမယ့် လုပ်ငန်း ဆောင်ရွက်ချက်၊ တစ်နှစ်အတွင်းမှာ ကောက်ခံ ရရှိငွေရဲ့ ၈၅ ရာခိုင်နှုန်းထက် ကျော် လွန်တဲ့ ငွေကြေးကို ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပေးသွင်းရမယ် ဆိုတဲ့ အချက်တွေ လည်း ပါဝင်ပါတယ်။''ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား များထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ အမေရိကန် ဒေါ်လာနှင့် ယူရိုတို့ဖြင့် ကောက်ခံ ခဲ့ခြင်း ဖြစ်ပြီး မြန်မာ ကျပ်ငွေဖြင့် ပြင်ဆင် ကောက်ခံခြင်းကို ယခု ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Myawady News
မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှုအမွေအနှစ်ဒေသများသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက်ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင်ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံမှုကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။ 

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိုမိုတင်ပို့

ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေကို့ ပိုမိုတင်ပို့

မြန်မာနိုင်ငံ၏ အဓိကတင်ပို့နေသော ကုန်ပစ္စည်းများတွင် လယ်ယာစိုက်ပျိုးရေး၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုနှင့် သယံဇာတအရင်းအမြစ်များ တင်ပို့မှုကို အဓိကထားပြီး ယခုနှစ်တွင် သယံဇာတ အရင်း အမြစ် ဖြစ်သော သဘာဝဓာတ်ငွေ့ကို ပိုမိုတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

ဆိုင်ကယ်ကယ်ရီ လိုက်ပို့သည့် အမျိုးသမီးအား ဓါးဖြင့်ထိုး၊ ကျောက်ခဲဖြင့် ထုသတ် သူများအား ဖမ်းဆီး အရေးယူ

၁၇-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ နယ်၊ ကရသူရိ မြို့နယ်ခွဲရှိ ““ပိုကောင်း””ဆီအုန်းကုမ္ပဏီ အလုပ်သမားလိုင်းခန်းနေ ဇင်မင်းမောင်(၂၄)နှစ်၏ဇနီးဖြစ်သူ

နယ်စပ် အကြမ်းဖက်မှု တားဆီးနိုင် မည့် လုံခြုံရေး တပ်ဖွဲ့ အစား ထိုးရန် အမေရိကန် တိုက်တွန်း

ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်(န.စ.က) နေရာ တွင် အကြမ်းဖက်မှုများ ကာကွယ်တားဆီးပေးနိုင်သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခုကို အစားထိုးတာဝန်ပေး သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ

Photo: ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ
Friday, July 19, 2013

မုံရွာမြို့မှ ကလေး-တမူးသို့ ပြေးဆွဲနေသော ရွှေမြန်မာ လူစီးမှန်လုံယာဉ်ပေါ် တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယ ကုန်ပစ္စည်းများ အကောက်ခွန်မဲ့ သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးမိ ခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့ တင်လာတဲ့အတွက် အကောက်ခွန် အရာရှိတွေ ကို ခေါ်ပြီး စစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့် ပစ္စည်းများစစ်ဆေးသည့် မုံရွာမှ အမြင့်သို့ သွားသည့် လမ်းဘီးခွန်ဂိတ်တွင် ရောက်ရှိနေသော ရဲအရာရှိ တစ်ဦး က ပြောကြားသည်။

ကလေးဝဘက်မှ တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား တစ်တန်ကျော်ခန့် ကို ရှာဖွေတွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်း များ ဖြစ်သည့် ဘီစကစ်၊ ချိုချဉ်များနှင့် အနံ့ဆီပုလင်း များကို သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုမိတဲ့ပစ္စည်းတွေ အားလုံးက တရားဝင် အခွန်ဆောင်ပြီး တင်သွင်း လာတာ မဟုတ် ပါဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ ပစ္စည်းတွေပါ” ဟု အကောက်ခွန်အရာရှိက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွင်းကုန်ထုတ်ကုန် တရားဝင် ခွင့်ပြုထားသည့် ပစ္စည်းဦးရေမှာ ၃၁၈ မျိုးထိရှိပြီး ယင်းစာရင်းတွင် မပါဝင်ဘဲ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှောင်တခင်စစ် ဆေး၍ လိုအပ်သလို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တမူးမြို့တွင် စစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး ကလေးမြို့နှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့ကြီးများ ဖြစ်သော မုံရွာ၊ ကသာ၊ ရွှေဘိုနှင့် စစ်ကိုင်းမြို့များ တွင်လည်း တရားမဝင် ကုန်စည်တားဆီးရေး အဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မေလအတွင်းတွင် ပြောကြားခဲ့ဖူးပြီး တရားမဝင် ကုန်စည်များမှာ ယခုအခါ မုံရွာမြို့တွင် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
မုံရွာမြို့မှ ကလေး-တမူးသို့ပြေးဆွဲနေသော ရွှေမြန်မာလူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယကုန်ပစ္စည်းများ အကောက်ခွန်မဲ့သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး မိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သတ္တိရှိမည် ဆိုပါက ၂၀၁၅ သမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာ၌ မျှတစွာ ယှဉ်ပြိုင်နိုင်ရေး သူရဦးရွှေမန်း ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

7.18.19
ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၅ ခုနှစ်တွင် သမ္မနေရာအတွက် ယှဉ်ပြိုင်ကြရာ၌ တစ်ကယ်တမ်း သတ္တိရှိ သည်ဆိုပါက တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မှ ဆောင်ရွက်ပေးလိမ့်မည်ဟုယုံကြည်ကြောင်း ဇူလိုင် ၁၈ ရက်က လွှတ်တော်အတွင်းရှိဇဗ္မူသီရိဆောင်၊

NDF ပါတီမှ ဖားကန့်မြို့နယ် ကိုယ်စား လှယ်လောင်း ရှေ့နေ ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ

NDF ပါတီမှ ဖားကန့်မြို့နယ် ကိုယ်စားလှယ်လောင်း ရှေ့နေဒေါ်ဘောက်ဂျာ အား ဇူလိုင်လ ၁၈ ရက် ညနေ ၅ နာရီကျော် အချိန်တွင် ၎င်း၏နေအိမ်ရှိရာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် အိမ်အမှတ်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း အား အမျိုးသား လွှတ်တော်မှ ပြည်သူ့ လွှတ်တော် သို့ ပြန်လည်ရောက်ရှိပါက အဆိုပြန်လည်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု သူရဦးရွှေမန်း အတည်ပြု

ပြည်သူ့လွှတ်တော်မှ အတည်ပြုကာ အမျိုးသား လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ ပြန် လည်ရောက်ရှိပါက အဆိုပြန်တင်သွင်း ပြင်ဆင်ခွင့် ရှိသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း က အတည်ပြု ပြောကြားခဲ့သည်။

မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွား

7.18.24
အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ဥရောပသမဂ္ဂက လက်နက်မှလွဲ၍ ကျန်ပစ္စည်းအားလုံး ကုန်သွယ်ခွင့်နှင့် အထူးအခွင့်အရေးများ ပေးအပ်မှု ဇူလိုင် ၁၉ ရက်မှ စ၍ အသက်ဝင်မည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုပေးအပ်သော လက်နက်မှလွဲ၍ ကျန်ပစ္စည်းများအားလုံး ကုန်သွယ်ခွင့်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးအားလုံး ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှစတင်ကာ အသက်ဝင် မည် ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရန်သူလို ဆက်ဆံနေမည် ဆိုပါက မကောင်းသည့် သမိုင်းကြောင်း ကို ပြန်ရောက် သွားမည် ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

7.18.17
ဇူလိုင် ၁၈ ရက်က လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမတွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကို တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့်အခါမျှ ရန်ဖြစ်မည်မဟုတ်ကြောင်းနှင့် ရန်သူကဲ့သို့သာ ဆက်ဆံနေ မည်ဆိုပါက ယခင်ကကဲ့သို့ မကောင်းသည့်သမိုင်းကြောင်းကို ပြန်ရောက်သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ILO မှ မြန်မာနိုင်ငံ ၏ အလုပ် သမား ဥပဒေ များကို နိုင်ငံ တကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ အကောင် အထည်ဖော်နေ

Photo: ILO မှ မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများကို နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ အကောင်အထည်ဖော်နေ
Friday,July 19, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများနှင့် ပတ်သက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ILO ၏ မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုစီးပွား အထောက်အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ် အကိုင် ရရှိရေး စီမံချက်များ ပါဝင်ကြောင်း သိရသည်။

လူမှုစီးပွား အထောက်အကူပြု စီမံချက်များတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေး စီမံချက်များ...
 
ထို့ပြင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ပတ်သက်သည့် ဥပဒေများအား နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အသင်းများ၏ လုပ်ပိုင်ခွင့်များ တိုးတက်လာကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးများ ပိုမိုသိရှိလာကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သိရသည်။

အလုပ်သမားများ၏ ဘ၀အာမခံချက် ပေးနိုင်သော အလုပ်အကိုင် ရရှိရေးအတွက် လုပ်သားဈေးကွက် လေ့လာခြင်း၊ နည်းပညာနှင့် သက်မွေးမှုဆိုင်ရာ သင်တန်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများမှ အလုပ်အကိုင် ဖန်တီးခြင်း စသည့်စီမံချက်များကိုလည်း အကောင်အထည် ဖော်နေကြောင်း သိရသည်။

ILO ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Eleven Media Group
ILO ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေများနှင့် ပတ် သက်ပြီး နိုင်ငံတကာ အဆင့်အတန်းမီရန် ဆောင်ရွက်ပေးခြင်း အပါအ၀င် လူမှုစီးပွား အထောက်အကူပြု စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော် တည်ထောင်စဉ်က သိမ်းယူခဲ့သည့် လယ်မြေများထဲမှ ဧကအချို့သာ အမြင့်ဆုံးနှုန်းအဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ ပေးလျော်

နေပြည်တော် တည်ထောင်စဉ်က သိမ်းယူခဲ့သည့် လယ်မြေများထဲမှ ဧကအချို့ကိုသာ အမြင့်ဆုံးနှုန်း အဖြစ် တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ ပေးလျော်ခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၂ တွင် ဖော်ပြထားသည်။

အာဇာနည်နေ့ ၌ ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်းကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပြုလုပ်မည်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၁၀နာရီ ၃၇ မိနစ် အချိန်တွင် ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်း အစီအစဉ်များကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ.က.သ) မှ စီစဉ်ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုစည်သူမောင်က ပြောကြားသည်။

၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူ ရာတွင် အစိုးရ၏ သဘော တူညီ ချက်ဖြင့် ILO မှ မြန်မာနိုင်ငံရှိ လုပ်သားအရင်းအမြစ်စာရင်း ကောက်ယူမည်

၂၀၁၄ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ အစိုးရနှင့် အိုင် အယ်လ်အိုတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ လုပ်သားအရင်းအမြစ်စာရင်း ကောက်ယူမည်ဟု အိုင်အယ်လ်အို ဆက်ဆံရေးအရာရှိ စတိဗ်မာရှယ်က ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်း၊ အမှတ် ၁ (က) ရှိ အိုင်အယ်လ်ရုံးတွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် ပြောကြားသည်။

ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားနေပြီး အာဟာရ ချို့တဲ့မှုနှင့် ဆေးဝါး အခက်အခဲကြောင့် ယခင်နှစ်များထက် သေဆုံးသူ များပြားနေ

7.18.20
ကချင်ပြည်နယ်ရှိ KBC ဒုက္ခသည်စခန်း တစ်နေရာ (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြန်မာ-တရုတ် နယ်စပ်ရှိ ကချင်စစ်ဘေး ဒုက္ခသည် စခန်းများ၌ မိုးတွင်းကာလ ဖြစ်သောကြောင့် ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အာဟာရချို့တဲ့ မှုနှင့် ဆေးဝါးအခက် အခဲကြောင့် သေဆုံးသူ များမှာလည်း ယခင်နှစ်များထက် များပြားနေကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။

ခြေလေးဖက်ပါ ကလေးငယ် ခွဲစိတ်မှု အဆင့်ဆင့် တစ်နှစ်နီး ပါး ကြာမြင့် ဖွယ်ရှိ

Photo: ခြေလေးဖက်ပါကလေးငယ် ခွဲစိတ်မှုအဆင့်ဆင့် တစ်နှစ်နီးပါး ကြာမြင့်ဖွယ်ရှိ

19.7.2013

မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလေးဖက်ပါသော လသားအရွယ် မိန်းကလေးငယ်အတွက် ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ထပ်မံပြုလုပ်ရမည့် ခွဲစိတ်ကုသမှု အားလုံး၏ အဆင့်ဆင့် ကြာမြင့်ချိန်သည် တစ်နှစ်နီးပါးအထိ ဖြစ်နိုင်ဖွယ် ရှိကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအဆင့် ခွဲစိတ်မှုတွင် အပိုခြေနှစ်ဖက်ကို ဖယ်ရှားနိုင်ခဲ့ပြီး ဆက်လက်ပြုလုပ်မည့် ခွဲစိတ်မှုသည် လာမည့်လေးပတ်မှ ရှစ်ပတ်အထိ ကြာမြင့်မည် ဖြစ်ကြောင်း၊ ယင်းဒုတိယအဆင့် ခွဲစိတ်မှုသည် အရိုးပိုင်းဆိုင်ရာအတွက် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ယင်းခွဲစိတ်မှုပြီးပါက ကလေးငယ်၏ အူမကြီးသည် စအိုနှင့်မဆက်ဘဲ မိန်းမကိုယ်နှင့် ဆက်နေသည့်အတွက် ဝမ်းဗိုက်ကို ခွဲစိတ်ကာ လမ်းကြောင်း ပြန်တည်သော ခွဲစိတ်မှု ထပ်မံပြုလုပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့်ဆင့်ခွဲစိတ်မှု ယင်းသို့ ကြာမြင့်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြောဆိုသည်။

“ခွဲစိတ်မှုတွေပြီးရင် ကလေးကို လမ်းလျှောက်နိုင်အောင် ဆောင်ရွက်ပေးမယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ကလေးငယ်၏ ပထမအဆင့် ခွဲစိတ်မှုတွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ အရိုးရောဂါပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမြင့်သောင်းအပြင် ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့ရှိ မေ့ဆေးပညာဌာနမှ ပါမောက္ခ ဌာနမှူးများ၊ အခြားအထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများလည်း ပါဝင်ကြောင်း ဧရာဝတီဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းခြေလေးဖက်ပါသော ငါးလသားအရွယ် မိန်းကလေးငယ်ကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ လွယ်မွတ်ကျေးရွာနေ ဦးခွန်စံဒွေးနှင့် ဒေါ်နန်းနောင့်နောင့်တို့က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မွေးဖွားခဲ့သည်။ 

သန္တာ၊ ဥမ္မာ
The Voice Weekly
မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလေးဖက်ပါသော လသားအရွယ် မိန်းကလေးငယ်အတွက် ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ထပ်မံပြုလုပ်ရမည့် ခွဲစိတ်ကုသမှု အားလုံး၏ အဆင့်ဆင့် ကြာမြင့်ချိန်

မုတ်သုံလေ အားကောင်းနေခြင်းကြောင့် တိုင်းဒေသကြီး သုံးခုတွင် မိုးများနိုင်ပြီး ရေကြီးနစ်မြုပ်မည်ကို လယ်သမားများ အနေဖြင့် စိုးရိမ်လျက်ရှိ

မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း မုတ်သုံလေအား ကောင်းနေခြင်းကြောင့် တိုင်းဒေသကြီး သုံးခုတွင် မိုး များနိုင်ပြီး လယ်များရေကြီး နစ်မြုပ်မည်ကို လယ်သမားများ အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စီးပွားရေး မဖွံ့ဖြိုးမီ သက်ကြီးရွယ်အို အချိုးအစား ပိုမိုများပြား လာလိမ့်မည်ဟု OECD သတိပေး

အသက်အရွယ် အုပ်စုလိုက်အချိုးအစားတွင် မြန်မာနိုင်ငံသည် အခြားအိမ်နီးချင်းနိုင်ငံများထက် သက်ကြီး ရွယ်အိုအုပ်စု ပိုမိုကြီးထွားလာနေသောကြောင့် နိုင်ငံတော်ခေါင်းဆောင်များအနေဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအား အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရေး မူဝါဒများကို အလျင်အမြန် အကောင်အထည်ဖော် ရန် လိုအပ်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း Origanization for Economic Co-operation and Development က ဇူလိုင် ၁၇ ရက်တွင် သတိပေးလိုက်သည်။