Wednesday, September 12, 2012

ပြည်တွင်းမီဒီယာများတွင်ရိုဟင်ဂျာ မသုံးဘဲ ယခင်အတိုင်း ဘင်္ဂလီဟုရေးသားကြဖို့ မေတ္တာရပ်ခံပေးရန်ရခိုင်သတင်းစာဆရာအသင်းမှ MJA ဥက္ကဋ္ဌ မောင်ဝံသ ထံတောင်းဆို

မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA) ဥက္ကဋ္ဌ ဆရာမောင်ဝံသ နှင့် ရခိုင်ပြည်နယ် သတင်း စာဆရာအသင်းတို့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီ က စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် တွေ့ဆုံခဲ့ကြရာ ရခိုင်ပြည်နယ် သတင်းဂျာနယ် အယ်ဒီတာ ဗဂျီးကျော်က ပြည်ပမီဒီယာ မဆိုထားနှင့် ပြည်တွင်းမီဒီယာ တချို့တွင် ရိုဟင်ဂျာဟု သုံးစွဲနေခြင်းအားရပ်တန့်ပြီး ယခင် အစဉ်အဆက် သုံးလာသည့် ဘင်္ဂလီဟုသုံးကြရန် MJNက စာထုတ်ပေးပါမည့် အကြောင်းတောင်းဆိုခဲ့သည်။

ခပ်ဟော့ဟော့ ဖက်ရှင် နဲ့ စွဲဆောင်မှု အပြည့်ရှိတဲ့ မော်ဒယ် မြတ်မို့မို့သိမ့်


ဦးသိန်းစိန်အနေနဲ့ ရပ်တန့်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် မြန်မာစစ်တပ် ကဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်ဆိုင်းဖို့ တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENC အဖွဲ့က ဒီကနေ့ တောင်းဆို

ထိုင်းမြန်မာနယ်စပ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ညီလာခံ ကျင်းပအပြီးမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြည်တောင်စု အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆိုင်းငံ့ဖို့ကိုပါ ENC အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ကချင်လူထု၏ အသံများ

KIAသောင်ကျန်းသူ အဖွဲ့သည် အကြမ်းဖက်အဖွဲ့အစည်းပီပီ ကချင်ပြည်နယ် အတွင်း အဖျက် လုပ်ငန်း များကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် အပြစ်မဲ့ ကချင်ပြည်သူ များ သေဆုံးဒဏ်ရာရခြင်း၊ လမ်း ၊ တံ တားများ ပျက်စီးပြီး သွားလာရေးခက်ခဲ သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်ကာ စားဝတ်နေရေး ကြပ် တည်းခြင်း စသည့် ဒုက္ခများကို ပြည်သူများ ကြီးမားစွာကြုံတွေ့နေရသည်။ 

မုံရွာ NLD ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

* ယခု ဆန္ဒပြမှုတွင် NLD မပါဝင်
 * ဖမ်းဆီးထားသော ရွာသူများကို မုံရွာထောင်ကြီးချုပ်တွင် ထိန်းသိမ်းထားကြောင်း ၀န်ကြီးချုပ်မှ ပြောဆို
* မသွဲ့သွဲ့ဝင်းအား ဥပဒေပုဒ်မ (၃)ခုဖြင့် တရားစွဲဆိုထား
* (၁၃.၉.၂၀၁၂)တွင် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်မှ ဆားလင်းကြီး မြို့နယ်သို့ သွားရောက်ပြီး မြေသိမ်းခံတောင်သူလယ်သမားများအား အစားပေးထားသော ရွာသစ်အား ပြ
ည့်စုံမှုရှိမရှိ သွားရောက်လေ့လာမည်
* ဖမ်းဆီးထားသော ကိုဝေဠုနှင့်တကွ ရွာသူများအား ဒေါ်ခင်စန်းလှိုင်မှ တွေ့ဆုံခွင့်တောင်းဆိုခြင်းအပေါ် မနက်ဖြန် အကြောင်းပြန်ပေးမည်ဟု ၀န်ကြီးချုပ်မှ ပြောဆို
* ဆန္ဒပြမှု ကြာရှည်လာပါက ဥပေဒေမဲ့လုပ်ရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ဒေါ်ခင်စန်းလှိုင်မှ ပြောဆို
From -သလ္လာဝတီ Facebook

တရုတ်ဒုသမ္မတ Xi Jinping မြင်ကွင်းမှ ပျောက်နေခြင်းအတွက် ကောလဟာလများထွက်ပေါ်


(11 September 2012 ရက်စွဲပါ BBC News မှ China’s absent Vice-President Xi Jinping prompts rumours ကို ဘာသာပြန်ပါသည်။)
လူမြင်ကွင်းမှ တစ်ပတ်ကျော်ခန့် ပျောက်ကွယ်လျှက်ရှိသော တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Xi Jinping ဘယ်ရောက်နေသလဲဆိုသည့် မှန်းဆချက်များ တိုးပွားလျှက်ရှိပါသည်။ ၎င်းသည် တနလာင်္နေ့က ဒိန်းမတ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် ပယ်ဖျက်ခဲ့ရာ လေးကြိမ်မြောက် တွေ့ဆုံခြင်းများ ပယ် ဖျက်ခဲ့ခြင်း ဖြစ်ပါသည်။

ရိုဟင်ဂျာ ပြဿနာ ဆုံးခန်းတိုင်ဖို့ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံကြရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း


(The Daily Star Newsမှ 12Sept 2012ရက်စွဲပါ “Invest in Rakhine state to end Roheingya crisis”သတင်းကို ဘာသာပြန်ဆိုသည်)
ဘင်္ဂလားဒေ့ရှ် အစိုးရ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးဖို့ ရင်းနှီးမြှုပ်နှံကြရန် နှင့် သို့မှသာ ရိုဟင်ဂျာတို့၏ ဒုက္ခများ ထာဝစဉ်အဆုံးသတ်သွားမည် ဖြစ်ကြောင်းမနေ့က တိုက်တွန်းပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်လည်း  ရိုဟင်ဂျာများ ထပ်မံစီးဝင်လာမှုမှ သက်သာရာ ရစေလိမ့်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် Western Union၏နိုင်ငံတကာငွေလွှဲလုပ်ငန်း စတင်တော့မည်


(I Stock Analyst မှ 11Sept 2012 ရက်စွဲပါ “Western Union to Launch International money transfer services in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)
ငွေလွှဲနှင့် ပေးချေမှု လုပ်ငန်းများ ဆောင်ရွက်နေသော Western Union Coသည် မြန်မာ့ အရှေ့တိုင်းဘဏ်နှင့် လက်မှတ်ထိုးကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးလိုအပ်

(12 September 2012 ရက်စွဲပါ The Nation မှ Supalak Ganjanakhundee ရေးသားသော Myanmar Needs Peace for true Development ကိုဘာသာပြန်ပါသည်။)
မြန်မာနိုင်ငံသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က ထူထောင်ခဲ့သော မဟာမဲခေါင် ဒေသခွဲ(GMS) စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင်အမှန်တစ်ကယ် ဦးတည်ခဲ့ခြင်း မရှိပေ။

စစ်ဘေးသင့် တိုင်းရင်းသား ဒေသတွေ စီးပွားရေး ဖွံ့ဖြိုးအောင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် နိုင်မှာလား

(Christian Science Monitor မှ 11 September 2012 ရက်စွဲပါ Could Myanmar's economic reform bring business to war-torn ethnic regions ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)
ယခုအခါ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို မြန်မာနိုင်ငံ၌ အတည်ပြုလိုက်နိုင်ခဲ့ပြီဖြစ်ရာ စစ်ဘေးသင့်ခဲ့သော ကရင်ပြည်နယ်မှ အချို့သော စွန့်ဦးတီထွင်သမားများလည်း ၎င်းတို့ဒေသသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် မျှော်လင့်နေကြပြီဖြစ်သည်။

မုံရွာ ပြဿနာ ညှိနှိုင်း(ဓါတ်ပုံ)

 

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စတုထ္တအကြိမ် အလှူငွေပေးအပ်ပွဲ ကျင်းပ

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ စတုထ္တအကြိမ် အလှူငွေပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ယင်းအလှူငွေပေးအပ်ပွဲအခမ်းအနားတွင် လက်ရှိအကျဉ်းကျ ခံနေရသော နိုင်ငံရေးအကျဉ်းသား သုံးဦးဖြစ်သည့် ကိုမျိုးသန့်၊ ကိုသန်းဇော်(ခ) ကျီးကန်းနှင့်  မောင်မောင်သန်းရွှေတို့နှင့်အတူ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၃ ဦးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ်ဘုံရိပ်သာများသို့ အလှူငွေ စုစုပေါင်း (၆၆) သိန်းအား ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဆုံရပ် လေဆိပ်တစ်ခုအဖြစ် လုပ်ဆောင်မည်

                                                      မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်အား လေကြောင်း ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဆုံရပ် Airport Logistic Hubအဖြစ် လုပ်ဆောင်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

ဝန်ကြီးချုပ်ဦးသာအေးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင့် အချက် (၂) ချက်တောင်းဆို


စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနှင့် ယနေ့ညနေတွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အချက်နှစ်ချက်တောင်းဆိုခဲ့ကြောင်း သူမက ဆွေးနွေးပွဲအပြီး တွင် သတင်းထောက်များကိုပြောကြားသည်။

စွမ်းအင်နှင့် သတ္တုကဏ္ဍ ပွင့်လင်းမြင်သာမှုရှိရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် မြန်မာပါဝင်လက်မှတ်ရေးထိုးမည်

မြန်မာအစိုးရသည် သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကဏ္ဍများ၌ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် ကမ္ဘာလုံးဆိုင်ရာအဆင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် ရှိနေကြောင်း မြန်မာသမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်းက ယနေ့ နေပြည်တော်၌ ပြောကြားသည်။

ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး၊ စစ်ကိုင်းလမ်းခွဲ အနီးတွင် လူတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေ


စက်တင်ဘာလ ၁၂ ရက်၊ ယနေ့ ညနေ ၃နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး၊ စစ်ကိုင်းလမ်းခွဲ အနီးတွင် လူတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေသွားကြောင်း CJ Myanmar မှ သိရှိရသည်။



တူရကီက ရခိုင် ပြန်လည်ထူထောင်ရေး အကူအညီပေးရန် အသင့်ဟုဆို


 စစ်တွေ (မဇ္ဈိမ) ။        ။ တူရကီနိုင်ငံသံအမတ်ကြီး Mr. HE . Murat Yavuz Ates ခေါင်းဆောင်သည့် အဖွဲ့ဝင် ၇ ဦးသည် ကြာသပတေးနေ့ နံနက်ပိုင်းက စစ်တွေမြို့သို့ သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လူအင်အား၊ ငွေအင်အားများဖြင့် ကူညီရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့သည်။

အိမ်ဖေါ်ကို မတရားညှင်းပန်း သတ်ဖြတ်ခဲ့တဲ့ သရုပ်ဆောင် မေဇွန်(ဓါတ်ပုံ)

ယင်းကဲ့သို့ နှိပ်စက်ပြုမူသူ တရားခံ မေဇွန်က အိမ်အကူမိန်းကလေးအား ဆံပင်ဆွဲ၍ ဦးခေါင်းနှင့် နံရံကို စောင့်ခြင်း၊ ၂ တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ၀မ်းဗိုက်ပေါ်သို့ တက်၍ခုန်ခြင်း၊ အိမ်အကူနှစ်ယောက် အချင်းချင်း ကြက်မွေးတစ်ချောင်းစီကိုင်၍ ရိုက်ခိုင်းခြင်းစသည် ကိုယ်ထိ လက်ရောက်မှုများနှင့် နှိပ်စက်လေ့ရှိကြောင်း စစ်ဆေးချက်များအရသိရသည်။           
From -7DayNewsJournal

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့အရာ

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ဟောပြောပွဲ ပြုလုပ်နေသည့် ဒေါက်တာ ဖရန်စစ် ဖူကူယားမား (ဓာတ်ပုံ – ဧရာဝတီ)
ဒီတခေါက် ကျနော့်ခရီးစဉ်ရဲ့ ဒုတိယပိုင်းကတော့ မွန်ဂိုလီးယားကနေ မြန်မာနိုင်ငံကိုသွားရတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ (အူလန်ဘာတောမြို့ [Ulaan Baator] ကနေ နေပြည်တော်အထိ အရောက်သွားရတဲ့ခရီးကို ခပ်ပေါ့ပေါ့လေးတော့ မတွက်လိုက်ပါနဲ့။ ကျနော်ပြောတာ

လစ်ဗျားမှာ အမေရိကန် သံအမတ် နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံး


လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကမာရွတ်မှ အိမ်ဖော်သတ်မှု ကျူးလွန်သူ ၀န်ခံပြီဟု ရဲတပ်ဖွဲ့သတင်းထုတ်ပြန်

ကမာရွတ်မြိုနယ်တွင်အိမ်ဖော်ဖြစ်သူသေဆုံးမှုတွင် သံသယဖြင့်စစ်ဆေးခံနေရသူ MRTV -4 ရုပ်သံသရုပ်ဆောင်မ......မှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှယနေ့ သတင်း ထုတ်ပြန်သည်။ လူသတ်မှုနှင့်ပတ်သက်၍ သံသယဖြင့်စစ်ဆေးခံနေရသူ သူမသည် ၎င်း၏အိမ်ဖော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုခဲ့ကြောင်းနှင့် ၎င်း ခရီးမသွားမီ အချိန်တွင် သေဆုံးမှု မရှိသေးဘဲ သူမခရီးပြန် လာမှာသာသေ ဆုံးနေသည်ကိုတွေ့ရှိရကြောင်းစစ်ဆေးခံခဲ့သည်ဟု ရဲတပ်ဖွဲ့မှုးရုံးမှ မီဒီယာများအားပြောသည်။

ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှား သင်ခန်းစာ မြန်မာကို ဝေငှ

ယူစွပ်ဖ် ကယ်လာ (ရှေ့တန်း ဝဲ) သည် လူသားဆိုင်ရာ အထောက်အကူ ပြုရေးသာမက တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း တက်ကြွစွာ ဆောင်ရွက်သူ ဖြစ်သည် (ဓာတ်ပုံ- Reuters)

ရခိုငနှင့် ကချင်ပြည်နယ်တို့တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပဋိပက္ခများ ဖြေရှင်းရေးတွင် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး အင်ဒိုနီးရှား၏ အတွေ့အကြုံများ ဝေငှဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှား ဒု သမ္မတဟောင်း ယူစွပ်ဖ် ကယ်လာ နေပြည်တော်သို့ စက်တင်ဘာလ ၁၀ ရက်နေ့က သွားရောက်ခဲ့သည်။

မုံရွာ မြို့မ ဘုန်ကြီးကျောင်း ဖိအားပေးခံရ

နယူးဒေလီ (မဇ္ဈိမ)။   ။ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူများအား မြို့မကျောင်းဘုန်းကြီးမှ လက်ခံခြင်း မပြုရန်နှင့် ပြန်လည် နှင်ထုတ်ပေးရန် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမှတ် ၁ ရဲစခန်းမှူးနှင့် သံဃာ့မဟာနာယမှ မြို့မကျောင်းအား လာရောက် ဖိအားပေးခဲ့ကြောင်း မုံရွာ ဗကသ ခေါင်းဆောင် ကိုနွေဦးကို က ပြောသည်။

ရခိုင် နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တို့သည် ပါတီ တစ်ခုတည်း အဖြစ် ပူးပေါင်းရေး အတွက် နှစ်ဖက် ပါတီ အသီးသီးမှ ကော်မတီများ ဖွဲ့စည်းထား

ရခိုင် နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းရေးအတွက် နှစ်ဖက်ပါတီအ သီးသီးမှ ကော်မတီများဖွဲ့စည်းထားကြောင်း သတင်း ရရှိသည်။
''ကျွန်တော်တို့ပါတီနှစ်ခုကို လူထုကပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းလုပ်ဆောင်ဖို့ကို ဆန္ဒရှိကြပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ကတည်းက ကျွန်တော်တို့ပါတီဖက်ကလည်း ကြိုဆိုခဲ့ပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ပါတီနှစ်ခုတရား ၀င်ပူးပေါင်းမှုမရှိသေးပေမယ့်

အလကားလူဆိုတဲ့ အဓိပ္ပါယ် (ကာတွန်း)


All Inclusive Nation Building

မှူးဇော် ၊ (ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ(၈)အမှတ်(၃၅) စက်တင်ဘာ ၁၃-၁၉၊ ၂၀၁၂)
 အရွေ့(နိုင်ငံတကာ ရှုမြင်ချက်)
          ဒီမိုကရေစီ နုနု ဖြတ်သန်းလာခဲ့သော ခရီးလမ်းကြောင်းကို လည်ပြန်ကြည့်လျှင် မည်မျှ ရွေ့ခဲ့ပြီကို တွေ့ရှိနိုင်ကြပေမည်။ အောင်မြင်မှု မည်မျှရှိသည်ဆိုခြင်းထက် ရွေ့ခဲ့ပြီးသော အရွေ့ မည်မျှ သိက္ခာရှိသည် ကို မကြာသေးခင်က အမေရိကန်ပြည်ထောင်စု၊ ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် စံနမူနာ သာဓကတစ်ရပ် အဖြစ် ထည့်သွင်းကြေညာခဲ့သော ဖြစ်ရပ်နှင့် နှိုင်းယှဉ် တွေ့မြင်နိုင်မည်ဟု ယူဆမိသည်။ ကြိုက်သည်ဖြစ် စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီချီရာလမ်း၌ အရွေ့တစ်ခု ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

မောင်တောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဖြူတ်ချဖို့ နယ်စပ်မျိုးစောင့်ရခိုင်အဖွဲ့မှလှုပ်ရှားနေ

ဘင်္ဂါလီ လွှတ်တော်အမတ်အများဟု ဒေသခံ ရခိုင်တိုင်းရင်းသားများမှ သတ်မှတ်သည့် မောင်တောပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ)ဇော်ကီးအာမက် ၊ မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း(ခ)ဇာယာဒ်ရော်မန် (၃) မောင်တော ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း(ခ)ဇာဟိန်းဂိရ် တို့အား မဲဆန္ဒရှင်257441 ဦး၏ (၁%)ကျော်ဖြစ်သော လက်မှတ်ဖြင့် - ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ 396(က)(၄) ပါ ပြဌာန်းချက်နှင့် ငြိစွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်ရန် နယ်စပ်မျိုးစောင့်ရခိုင်အဖွဲ့မှလှုပ်ရှားနေကြောင်းသတင်းရရှိ သည်။
From -ဦးနေမျိုးဝေ Facebook

ညဥ့်လမ်းပေါ်က ဘ၀များစွာ

ရေးသားသူ- သီဟ နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင် လှုပ်ရှားလျက်ရှိသည်။ သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင် ပင် နုပျိုလတ်ဆတ် သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေး များဖြင့် ပျော်ဝင်နေဆဲဖြစ် သည်။

ငှက်မောင်နှံဓါတ်ပုံ အင်တာနက်မှာ ရေပန်းစား


ပြင်သစ် နိုင်ငံက ငှက် မောင်နှံ ရဲ့  အဖြစ် ဆိုး ကို ဓာတ်ပုံ ဆရာ က အမိအရ ရိုက်ကူးထားတဲ့ ပုံပါ။

ဒီသတင်း ဓာတ်ပုံကို ဖော်ပြ ခဲ့ တဲ့ ပြင်သစ် နိုင်ငံ တောင်ပိုင်းက ညနေခင်း သတင်းစာလည်း ရောင်းမလောက် ဖြစ်သွားခဲ့တယ်။

ပါးစပ် ထဲမှာ စားသောက် ဖွယ်ရာ တစ်ချို့  ချီ ပြီး ပြန်လာတဲ့ ငှက်မလေး က အနိမ့်ပျံ လာတုန်း

ကားတစ်စီးက ၀င်တိုက်သွားပါတယ်။

တရုတ်ဒု-သမ္မတ လူထုရှေ့မှောက်က ပျောက်နေ

တရုတ်ဒုတိယသမ္မတ Xi Jinping ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို သတင်း အချက်အလက်မျိုးမှ မရပါဘူးလို့ တရုတ် နိုင်ငံခြားရေးဌာနက ပြောလိုက် ပါတယ်။ နိုင်ငံခြားဧည့်သည်တွေ နဲ့ တွေ့ဆုံပွဲတွေမှာ ဒုတိယသမ္မတ မပါတဲ့အတွက် သူ့ရဲ့ကျန်းမာရေး နဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုတာတွေ ထွက်နေ ခဲ့ တာပါ။

*ကျောက်တော်မြို့ဈေးတွင်းသို့ ကုလားတစ်ဦး စစ်ယူနီဖောင်းဖြင့် ၀င်ရောက်

ယမန်နေ့က နေ့လည်ပိုင်းတွင် ကျောက်တော်မြို့ဈေးတွင်းသို့ ကုလားတစ်ဦး စစ်ယူနီဖောင်းဖြင့် ၀င်ရောက်လာခဲ့သည်ဟုသိရသည်။ ယင်းအတွက်ကြောင့် ဈေးတွင်းတွင် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။ အဆိုပါ ကုလားအား စစ်တပ်မှ လာရောက်ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။


From-Rakhine Straight Views

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ တရားရုံးသုံးရုံးသို့ ကွင်းဆင်းလေ့လာမည်

ရန်ကုန်၊ စက်တင်ဘာ - ၈ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီက စမ်းသပ်လေ့လာသည့်အနေဖြင့် တရားရုံးသုံးရုံးသို့ ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သုံးရက်ကြာသွားရောက်မည် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပြီး ပထမဆုံး ခရီးစဉ်ဖြစ်

ရန်ကုန်၊ စက်တင်ဘာ - ၁၀ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ သုံးရက်တာခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အတည်ပြုပြောကြားသည်။
သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နန်နန်းကုန်စည်ပြပွဲသို့ သွားရောက်မည့်အပြင် တရုတ်နိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင် အထင
်ကရနေရာဖြစ်သော ဇီအန်းပြည်နယ်မှ မြေအောက်စစ်သား ရုပ်တုများရှိရာ (Terra Cotta Warriors) သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(၁၁-၉-၁၂)ရက်နေ့က ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ (အသက်-၆၃)နှစ် ဆိုသူ ရခိုင်သားတစ်ဦး လည်ပင်းကိုလှီးဖြတ်၍ အသတ်ခံ (သွေးလန့်တတ်သူများ မကြည့်ရ)


(၁၁-၉-၁၂)ရက်နေ့က ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာ မှဦးကျော်မောင်ချေ (အသက်-၆၃)နှစ် ဆိုသူ ရခိုင်သားတစ်ဦး လည်ပင်းကိုလှီးဖြတ်၍ အသတ်ခံရကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာဦကျော်မောင်ချေသည် မလေးရှားနိုင်ငံရှိသားထံ မှ ပေးပို့လိုက်သော ငွေကိုကျောက်တော်မြို့မှ ထုတ် ယူပြီး ရွာသို့ပြန်လာစဉ် လမ်းတွင် အသတ်ခံရခြင်းဖြစ်သည်။ ဦးကျော်မောင်ချေမှာ အဘဦးဖိုးအောင် ၏သားဖြစ်ကြောင်း သိရသည်။ အဆိုပါနေ့က ဦးကျော်မောင်ချေ

အမေရိကန်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ Think Tank ဖြစ်တဲ့ CSIS ရဲ့ မြန်မာနိုင်ငံခရီးစဉ် အစီရင်ခံစာ


အမေရိကန်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ Think Tank ဖြစ်တဲ့ CSIS အဖွဲ့ဟာ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ နိုင်ငံတော်သမ္မတအပါအ၀င် Stakeholder အားလုံးနီးပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။ CSIS ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒချမှတ်မှုမှာ လွှမ်းမိုးမှု ရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ (အခု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်ဟာ အရင်က CSIS က ဖြစ်ပါတယ်။) သူတို့အဖွဲ့ရဲ့ ပေါ်လစီအကြံပြုချက် အကျဉ်းချုပ်ကေ တာ့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-

နိုင်ငံရေးပါတီတွေ မီဒီယာလွတ်လပ်မှု ပိုလိုလား

အမေရိကန်သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်အပြည့်အ၀ရှိမှုနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာအပေါ် အစိုးရ အပါအ၀င် နိုင်ငံရေးပါတီတွေ ကအစ တလေးတစားနဲ့ သတိထား ဆက်ဆံပုံတွေ ကို လေ့လာတွေ့ရှိခဲ့တယ်လို့ အမေရိကန် မီဒီယာဌာနတွေကို သွားရောက်လေ့လာနေကြတဲ့ မြန်မာနိုင်ငံရေးပါတီ က ကိုယ်စားလှယ်တွေ ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာအပေါ် ထိန်းချုပ်မှုတွေနဲ့ အမေရိကန်နိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှုတွေကို ယှဉ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မီဒီယာအပေါ်

မနန်းဝိုးဖန် သေဆုံးမှု စသုံးလုံး တာဝန်ရှိသူများကို အရေးယူ

စသုံးလုံးရုံးပေါ်မှ ပြုတ်ကျ သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ – YPI)
အိမ်ခြံမြေ ဈေးကစားမှုနှင့် ပတ်သက်ပြီး အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးစဉ် သေဆုံးသွားသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်၏ အမှုအတွက် တာဝန်ရှိသူများကို ရားထူးချ၊ နယ်ပြောင်း ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

အ.ထ.က (၄)အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း ၂၅လုံး ကို ဖျက်ဆီးသွားမည်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အ.ထ. က(၄) အလုံတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်း က တွေ့ရှိခဲ့ သည့် အင်္ဂလိပ်၊ ဂျပန်နှင့် မြန်မာ စစ်တပ် တစ်ခုခုမှ မြှုပ်နှံခဲ့သည်ဟု ယူဆရသည့် စစ်ကျန်ဗုံးေ ဟာင်း ၂၅လုံးကို ဖျက်ဆီးသွားမည်ဟု ယင်းဗုံးများ ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

ခေတ်စားလာသော အလှအပဆိုင်ရာခွဲစိတ်ပြုခြင်းများထဲမှ ရင်သားပြုပြင်ခြင်းအကြောင်း

ယခုခေတ်တွင် plastic Sur gery နည်းဖြင့် ခွဲစိတ်၍အလှပြု ပြင်မှုမှာ မထူးဆန်းတော့သော ဓလေ့ တစ်ခုပင်ဖြစ်သည်။ အဓိကအားဖြင့် ရင်သားပြုလုပ်ခြင်းက ပိုများလေ သည်။ ရင်သားခွဲစိတ်ပြုပြင်ရာ၌
(၁) ရင်သားတင်းရင်းလှပစေရန် ခွဲစိတ်ခြင်း(Breast Augmentation Sur gery)
(၂) အလွန်အကျွံကြီးနေသူများအား လုံလောက်သောပမာဏလောက်ထိ လျော့ချပေး (Breast Reduc tion Surgery)
(၃) ရင်သားတွဲကျနေမှုအား ပြန်၍မြှင့် တင်ပေးသော ခွဲစိတ်မှု(Breast lift)နဲ့
(၄) ကျန်းမာရေးကြောင့် ရင်သားဖြတ် ထုတ်လိုက်ရသူများတွင် ရင်သားပြန် လည်တည်ဆောက်ပေးမှု (Breast Reconstruction Surgery)ဆိုပြီး ရှိပါတယ်။

ယောက်ျားတွေထံက ဂျေလို လိုချင်တဲ့အရာ

''ကျွန်မအဖို့ ယောက်ျားတစ်ယောက်ရဲ့ အရေးကြီးဆုံး အရည်အချင်းကတော့ Sweet ဖြစ်ဖို့ လိုတယ်။ ချစ်စရာကောင်းဖို့လိုတယ်။ ကျွန်မက ကောင်ချောလေးတွေကို ကြိုက်တယ်'' လို့ ဂျနီဖာလိုပက်ဇ်က ပြောလိုက်ပါပြီ။

အနံ့ဆိုးများဖြန့်ဝေနေသော အမှိုက်ပုံကြီး သုသာန်မှာ မီးခိုးဘ၀ပြောင်းပြီး ဒုက္ခပေးပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ကော လင်းမြို့ စည်ပင်ဈေး ဆိုင်ခန်း ပေါင်း (၈၀၀)ကျော်နှင့် ၈ လမ်း ညဈေးတန်းလမ်းဘေးဝဲယာဈေး ဆိုင်ခန်းများမှ နေ့စဉ် ထွက်ရှိ သော အမှိုက်များနှင့် မြို့ပေါ် ရပ် ကွက်များမှ အမှိုက်များကို အမှိုက် သိမ်းကားတစ်စီးထဲဖြင့် အမှိုက် သိမ်းဆည်းခိုင်းနေရာ ၀န်နှင့်အား မမျှတဘဲဖြစ်နေသည်။ ရပ်ကွက် အတွင်းသို့လည်း နေ့စဉ်အမှိုက် သိမ်းကား မ၀င်သကဲ့သို့ စည်ပင် ဈေးသို့လည်း ပုံမှန်အမှိုက်မသိမ်း နိုင်ပါ။

နေပြည်တော်မှ ၀န်ကြီးလေ့ကျင့်ရေးကျောင်းရှိလားဟု တင်စားခဲ့သော အမေး/အဖြေ

ကျွန်တော်က ဧရာဝတီတိုင်းဒေသ ကြီးပန်းတနော်မဲဆန္ဒနယ် (ဦးမန်းမောင် မောင်ဉာဏ်)ဖြစ်ပါတယ်။ ကျွန်တော့် မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ရက် (၁၀) ရက်ရှိပါပြီ။ အစည်းအဝေးမလုပ်ခင်တစ် ရက်ကြိုပြီးကျွန်တော်တို့ကမေးခွန်းတင်ထား ပါတယ်။ကျွန်တော်မေးခွန်း (၄) ခုတင် ထားပါတယ်။ အခုမှပဲ ဒီမေးခွန်းကပေါ် လာပါတယ်။ ပထမမေးခွန်းကတော့ ကျွန်တော့်တို့ရဲ့ ရှေ့ကတစ်ယောက်မေး သွားလိုက် ဖြေသွားလိုက်တစ်ယောက်က တက် သွားလိုက်ပါသွားပြီးတစ်ယောက် ဟာ- တစ်ခါပါသွားပြန်ပြီး ကျွန်တော်က ရုံးမှာသွားဖျက်တယ်။နောက် တစ်ယောက်က မေးလိုက်ပါသွားလိုက်ဒီ မေးခွန်းက

One teacher, One Laptop ပေးနိုင်ရန်စီစဉ်

မြန်မာနိုင်ငံပညာရေးအား ယခုထက် အဆင်မြှင့်တင်နိုင်ရန်  အတွက် ပညာရေးအခန်းကဏ္ဍ  တွင် ပါဝင်သင်ကြားပေးနေသော   ဆရာ/ဆရာမများအတွက် ပညာ  သင်ကြားရာတွင် အထောက်အကူ   ဖြစ်စေရန် ရည်ရွယ်၍ ဆရာ/ ဆရာမ တစ်ယောက်အား ကွန်ပျူ တာတစ်လုံးပေးရန် စီစဉ်နေကြောင်း  ၂၀၁၂ခုနှစ် စက်တင်ဘာလ(၈)  ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ Myanmar Info Teach  တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ  ကွန်ပျူတာ ပညာရှင်အသင်း၏  နှစ်ပတ်လည် အစည်းအဝေးမှ သိရသည်။

ပိုမိုရှုပ်ထွေးလာနိုင်သည့် ဇေကမ္ဘာစက်မှုဇုန်အရေး

စက်တင်ဘာ (၆)ရက်နေ့ မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန် အကွက်ဖော် ထုတ်ရာတွင်သိမ်းယူ ထားသောလယ်မြေကိစ္စ အတွက် ဆောင်ရွက်ေ ပးနေသော မတူကွဲ ပြားခြင်းနှင့်ငြိမ်း ချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေအား တရားစွဲ ဆိုခြင်းကိစ္စ ဒုတိယအကြိမ်ရုံး ချိန်းနေ့မှာ နှစ်ဖက်လျှောက်လွှဲ ချက်များဖတ်ကြားမှုအား စတင် ၍ဇေကမ္ဘာကုမ္ပဏီဘက်မှအထွေ ထွေမန်နေဂျာ ဦးမြင့်ဇော် ဗိုလ် ကြီး(ငြိမ်း)က ဇေကမ္ဘာကုမ္ပဏီမှ စက်မှုဇုန်အကွက်ဖော်ဆောင်ရာ တွင်သိမ်းယူသွားသော လယ်မြေ

နိုင်ငံရေုးလုပ်သူများက အကျိုးအမြတ်ထုတ်၍ လုပ်စားကြတာပါဟုပြောကြားခဲ့သော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းတမ်း

မကြာသေးမီက မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ဆန္ဒပြခဲ့ သော မိုးထိ၊ မိုးမိတောင်မှ ရွှေ လုပ်သားများအား အမျိုးသားကြီး ပွားတိုးတက်ရေး  ကုမ်္ပဏီက  နစ်နာကြေးအဖြစ် သိန်း (၂၇၄၁)  ပြန်လျော် ပေးပြီးပြီဖြစ်ကြောင်း  သိရှိရသည်။ မိုးထိ၊ မိုးမိ ရွှေလုပ် သားတစ်ဦးဖြစ်သူ ကိုမျိုးမင်း သိန်းက အဆိုပါကဲ့သို့ ဆန္ဒပြ ခြင်းနှင့်ပတ်သက်ပြီး ပြောကြား ရာတွင် ““ကျွန်တော်တို့ ဒီလို အင်း တွေကို လုပ်တော့ တစ်အင်းကို (၁၅)ယောက်နှုန်းလောက် သုံး တယ်။ နှစ်ဆိုင်းခွဲပြီးတော့ပေါ့။ အခုဆို ကျွန်တော်တို့လုပ်လာတာ

အငြိမ်းစားတပ်မှူးတစ်ဦး၏ “စစ်´´“နှလုံးသား´´ နှင့် အခြားသော……


Northern Star  ဂျာနယ် ပင်တိုင် ဆောင်းပါးရှင်တစ်ဦးဖြစ်သူ “အောင်မြင် သူ”၏ ““စစ်ကြောင့်…ခြားသွားသော နှလုံးသားများ”” ဆောင်းပါးပေါင်းချုပ် ထွက်လာသည်။ အပြိုင်အဆိုင် ဂျာနယ် များစွာအနက် စာရေးသူအလေးထား ဖတ်သည့် ဂျာနယ်များတွင် Northern Star လည်း ပါပါသည်။  ထိုဂျာနယ်ဖတ် တိုင်း “အောင်မြင်သူ” ဆောင်းပါးကို အရင်ရှာဖတ်မိလာသည်။ အကြောင်းက တော့ သူ့ဆောင်းပါးတစ်စောင်နှစ်စောင် ဖတ်မိရာကပင် ထိုဆောင်းပါးရှင်ကား တပ်မတော် တပ်မှူးတစ်ဦးအဖြစ် တာဝန် ကျေပွန်ခဲ့သူ၊ အရပ်ဘက်တာဝန်လည်း ယူခဲ့ဖူးသူ၊ ဖြောင့်မတ်ရဲရင့် စိတ်စေတနာ ကောင်း အရင်းခံလျက် သူတွေ့ကြုံဖြတ် သန်းခဲ့ရသော ဘ၀ဖြစ်စဉ်ကို စာပေ ရေးသားမှု အတတ်ပညာနှင့် ရင်တွင်း အနုပညာတို့ ပေါင်းစပ်၍ ပြောင်မြောက် လှပစွာ ရေးသားတင်ဆက်တတ်သူဟု အကဲခတ်မိတာကြောင့် ဖြစ်ပါသည်။

ကလို့ထူးဘောအဖွဲ့မှ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား တာဝန်မှရပ်ဆိုင်း

ရန်ကုန်၊ စက်တင်ဘာ-၁၁
ကလို့ထူးဘောကရင်အစည်းအရုံး (KKO)၏ ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့မှာ ပြည်ပနိုင်ငံသား ခံယူထားကြသဖြင့် အဖွဲ့အစည်း အနေဖြင့် တရားဝင်ရှေ့ဆက်နိုင်ရန် အဟန့်အတားဖြစ်နေခြင်း၊ အဖွဲ့အစည်း၏ မူဘောင်များ ကို ကျော်လွန်လုပ်ဆောင် င်နေကြခြင်းတို့ကြောင့် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ကလို့ထူးဘော ကရင် အစည်းအရုံး နာယက၊ ဒီကေဘီအေစစ်ဦးစီး ချုပ် ဗိုလ်ချုပ်စောလား ပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က စက်တင်ဘာ ၁၁ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

မူးယစ်ရာဇာစိုင်းနော်ခမ်း ကို ဒီစက်တင်ဘာလ အတွင်း ရုံးတင်စစ်ဆေးမည်

ရွှေတြိဂံဒေသ မူးယစ်ရာဇာလို့ နာမည်ကြီး လူသိများပြီး တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ စိုင်းနော်ခမ်း ကို ဒီစက်တင်ဘာလ အတွင်း ရုံးတင်စစ်ဆေးတော့မယ်လို့ ကြားသိရပါတယ်။ ဒီအကြောင်း ရှမ်းဘာသာနဲ့ ထုတ်လွှင့်ချက်ကို မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။
From -RFA

၁၂-၉-၂၀၁၂ ရက်နေ့သတင်းများ

- ကုမ္ပဏီထံမှရသည့် လျော်ကြေးအပေါ် မြို့နယ်ထွေအုပ်က ဖြတ်ယူလယ်သမားတွေအခက်တွေ့  click 
- ကြေးနီစီမံကိန်း ဆန္ဒပြသူတချို့ အဖမ်းခံထားရာကနေ ပြန်လွတ် click 
- 9/11 နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား နိုင်ငံတဝှမ်း ကျင်းပ click
- ဝက်မှေးနှင့် ရွှေလှေကျေးရွာသူ ၉ ဦး ပြန်လွှတ်ပေး click 
- သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တောင်းဆိုစာ ပေးပို့ click 
- ညမထွက်ရအချိန်ကျော်ပြီး အပြင်ထွက်သူ လူငယ် ပျောက်နေ click 
- OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် လေ့လာ click
- သမိုင်းဝင် ဗဟိုတရားရုံးချုပ် အဆောက်အဦး လျှို့ဝှက်ရောင်းချခဲ့တဲ့ကိစ္စ မြန်မာနိုင်ငံရှေ့နေများကွန်ရက် သတင်းစာရှင်းလင်း (ရုပ်သံ) click
- OIC နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန သဘောတူ လက်မှတ်ထိုး
click 
- ဒေလီရှိ ချင်းဒုက္ခသည်များ Donbosco ရုံးရှေ့တွင် ဆန္ဒပြ click
- NLD အမတ် ဒေါ်ဖြူဖြူသင်း ရွေးကောက်ပွဲအမှု အနိုင်ရ click 
- အိန္ဒိယလွှတ်တော်အမတ်များ ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး click 
- KNPP နှင့် ၈၈ ကျောင်းသားများအဖွဲ့ ပူးတွဲကြေညာချက် ထုတ်ပြန် click 
- ကိုကာကိုလာဖျော်ရည် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် တင်ပို့ click
- ဆက်သွယ်ရေးအကြံပေး ကုမ္ပဏီငါးခု ပဏာမ ရွေး
click 
- စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နှစ်ပတ်လည် click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သမ္မတထံ စာပို့တောင်းဆို click - အငြင်းပွားနေတဲ့ ကျွန်းစုတွေဆီ တရုတ်ကင်းလှည့်ယာဉ် စေလွှတ် click






မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည် စခန်း ထောက်ပံ့နေသည့် TBBC မြန်မာ၌ အခြေချဖွယ်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁
မြန်မာ-ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများအား ကူညီထောက်ပံ့မှု ပြုနေသော မြန်မာ-ထိုင်းနယ်စပ် ယာယီ အစည်းအရုံး (TBBC) သည်မြန်မာနိုင်ငံတွင် အခြေချဖွယ် ရှိသည်ဟု သတင်းရရှိသည်။မြန်မာအစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်များကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး စင်တာ ထူထောင်သည့် နည်းတူ TBBC အနေဖြင့်လည်း ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များနေရပ်ပြန်ရေး အတွက် မြန်မာနိုင်ငံအတွင်း၌ အခြေချဖွယ်ရှိသည်ဟု သိရသည်။

့ ပြင်သစ်အခြေစိုက် လော်ရီယယ် ( L'Oreal ) ကုမ္ပဏီ လာမဲ့ ၂၀၁၃ မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေ