Sunday, June 15, 2014

ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော

Photo: ဖားကန့်ဒေသတွင်း အခြေအနေ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော
Sunday, June 15, 2014

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်း များနှင့် ရေမဆေး ကျောက် ရှာဖွေသူများကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် ထုတ်ကာ အရေးယူမှုများ လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက်များကို ဖြေရှင်းပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။

ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသတွင်း အမိန့်ကြေညာချက် ထုတ်ကာ အရေးယူမှုများနှင့် လက်ရှိ ဒေသတွင်း အခြေအနေများကို မေးမြန်းစဉ် ဝန်ကြီးချုပ်က ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် ဖြစ်ပွားသွားခဲ့သော ယင်းဖြစ်စဉ်များမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ပြည်ပခရီးစဉ်တစ်ခု သွားရောက်နေချိန်၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်ပြီး ဝန်ကြီးချုပ် ပြည်ပခရီးစဉ်မှ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အကောင်းဆုံး အနေအထား ဖြစ်စေရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြေကြားခဲ့သော်လည်း မည်ကဲ့သို့ ဆောင်ရွက်ထားသည် ဆိုခြင်းကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

“ဒီလိုကြုံနေရတဲ့ ပြည်သူတွေကို ပစ်မထားပါဘူး။ အားလုံး စနစ်တကျနဲ့ ဥပဒေအတိုင်း ဖြစ်ဖို့၊ သူတို့လည်း အဆင်ပြေစေဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ရှိပါတယ်။ ချက်ချင်းကြီးတော့ လုပ်လို့ မရဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေကို စဉ်းစားရမှာပါ” ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။

ဖားကန့်ဒေသတွင် ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်း များက ကျောက်စိမ်းလုပ်ငန်းရှင်များနှင့် ရေမဆေး ကျောက်ရှာဖွေသူများကို ဖယ်ရှားပေးရန် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့မှ စတင်၍ သတိပေးကြေညာ ဆိုင်းဘုတ်များ စိုက်ထူကာ အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ရေမဆေး ကျောက်ရှာဖွေသူ အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဖားကန့်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်များနှင့် ဖားကန့်ဒေသတွင်း အခြေအနေ များကို နှိုင်းယှဉ် သိရှိနိုင်ရန်အတွက် The Voice က ဖားကန့်ဒေသရှိ သတင်းရင်းမြစ်များထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ရေမဆေး ကျောက် သမားများ နေထိုင်ရာ တဲများကို ဖျက်ဆီးလျက် ရှိပြီး ရေမဆေး ကျောက် ရှာဖွေသူများကိုလည်း လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly
ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်း လုပ်ငန်း များနှင့် ရေမဆေး ကျောက် ရှာဖွေသူများကို ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် ထုတ်ကာ အရေးယူမှုများ လုပ်ဆောင်ခဲ့သည့် အဖြစ်အပျက် များကို ဖြေရှင်းပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြား သည်။

ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသတွင်း အမိန့်ကြေညာချက် ထုတ်ကာ အရေးယူမှုများနှင့် လက်ရှိ ဒေသတွင်း အခြေအနေများကို မေးမြန်းစဉ် ဝန်ကြီးချုပ်က ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သတ်မှတ်ကာလအတွင်း ဖယ်မပေး၍ စော်ဘွားကြီးကုန်းရှိ ၀န်ကြီးဌာနပိုင် မြေနေရာမှ အဆောက်အအုံရှစ်ဆယ်ခန့် အင်အားသုံးဖယ်ရှားခံရ


Photo: သတ်မှတ်ကာလအတွင်း ဖယ်မပေး၍ စော်ဘွားကြီးကုန်းရှိ ၀န်ကြီးဌာနပိုင် မြေနေရာမှ အဆောက်အအုံရှစ်ဆယ်ခန့် အင်အားသုံးဖယ်ရှားခံရ
Sunday, June 15, 2014

 စော်ဘွားကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပိုင်မြေနေရာကို နှစ်ရှည်ငှားရမ်းကာ စီးပွားရေးလုပ်ကိုင်နေသော လူနေအိမ်၊ ကုမ္ပဏီနှင့် စားသောက်ဆိုင်ကြီးများ    အပါအ၀င်အ ဆောက်အအုံ ၈၀ ခန့်ကို ယင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံးဖယ် ရှားခဲ့သည်။

ဇွန်လ ၁၄ ရက် နံနက် ၆ နာရီတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနက ခေါ်ယူထားသော တာဝန်လက်ပတ်ဖြင့်သူများနှင့် ရဲ  တပ်ဖွဲ့အင်အား ၅၀၀ ခန့် သည် လူနေအိမ်အဆောက်အအုံများ နှင့် စားသောက်ဆိုင်ကြီးများကို ၀င်ရောက်ဖယ်ရှားရာ နစ်နာဆုံး ရှုံးမှုများစွာ  ရှိခဲ့ကြောင်း ဖယ်ရှား ခံရသူများက ပြောသည်။

အင်းစိန်မြို့နယ် စော်ဘွား ကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနပိုင် မြေဧက ၁၂၀ ၀န်းကျင်    မြေနေရာများ ကို ယင်းဝန်ကြီးဌာနက ၁၉၉၅ ခုနှစ်မှစ၍ စီးပွားရေးလုပ်ငန်းရှင် များအား မြေနေရာငှားရမ်းခဲ့ သည်။ လက်ရှိအချိန်တွင် မြေနေ ရာပေါ်မူတည်၍ တစ်ဧကလျှင် တစ်လ ကျပ်ကိုးသိန်းထိ ငှားရမ်း လုပ်ကိုင်ရကြောင်း ထိုမြေနေရာ တွင် စီးပွားရေးလုပ်ကိုင်နေသူများ က ပြောသည်။

ထိုမြေနေရာတွင် ငှားရမ်း လုပ်ကိုင်သူ အများစုသည် အ ဆောက်အအုံများ ဆောက်လုပ် ပြီး ကုမ္ပဏီများ၊ စားသောက်ဆိုင် ကြီးများနှင့် မွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်ကြသည်။ ထိုသို့ ငှားရမ်းနေသူများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် နိုဝင်ဘာမှစပြီး ဖယ်ရှား ပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ဖယ်ရှားပေးရန် အကြောင်းကြားစာ အနည်းဆုံးရှစ် ကြိမ်ထက်မနည်း ပေးပို့သော် လည်း  ဖယ်ရှားခြင်းမရှိ၍  အင်အားသုံးကာ ဖယ်ရှားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဖျက်ပေးပါ့မယ်။  ကိုယ့် ဟာကိုယ်လုပ်မယ်လို့ပြောတာ မရဘူး။ သူတို့က အတင်းဝင်ဖျက် တယ်။ ဒီမြေနေရာမှာ သူတို့က ငှားမယ်ဆိုလို့ ငှားနေတာပါ။ သူ တို့က ဖယ်ခိုင်းတော့ အတင်းဖယ်ခိုင်းတယ်။ ဒီမှာဆောက်ထားတာ က တန်ဖိုးက မနည်းဘူး’’ ဟု အဆိုပါ မြေနေရာတွင် ၂၀၀၂ ခုနှစ်မှစ၍ မြေငှားရမ်းကာ    Mermaid ဘီယာစားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး က ပြောသည်။

‘‘၀န်ကြီးဌာန အမိန့်နဲ့ လုပ် တာပါ။ သူတို့ကို ဒီနေရာကနေ ဖယ်ပေးဖို့ အကြိမ်ကြိမ်စာပို့ပေး ပြီးသားပါ။ သူတို့က ဖယ်မပေး တာပါ။ အဲဒါကြောင့် ၀င်ရောက် ဖယ်ရှားရတာပါ’’ ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးဒေါက်တာမြင့်ဆွေက ပြော သည်။ လာရောက်ဖယ်ရှားသော အာဏာပိုင်များသည် နံနက် ၄ နာရီဝန်းကျင်ကတည်းက လာရောက်၍ နံနက် ၆ နာရီအချိန်တွင် အပြီးဖယ်ရှားပေးရန် ပြောဆိုခဲ့ ကြောင်း ထိုမြေနေရာတွင် ယာဉ် ရပ်နားစက်ပြင်ကားဝင်းတည် ဆောက်လုပ်ကိုင်နေသော မီနာမီ ကုမ္ပဏီမှ ကိုနေဇော်မြတ်က ပြော သည်။

စော်ဘွားကြီးကုန်းရှိ ၀န်ကြီးဌာနပိုင် မြေနေရာမှ အဆောက်အအုံများကို ဖယ်ရှားပြီးတွေ့ရစဉ် (ဓာတ်ပုံ−နစ်ကီ)
7Day Daily 
စော်ဘွားကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပိုင်မြေနေရာကို နှစ်ရှည်ငှားရမ်းကာ စီးပွားရေးလုပ်ကိုင်နေသော လူနေအိမ်၊ ကုမ္ပဏီနှင့် စားသောက်ဆိုင်ကြီးများ အပါအ၀င်အ ဆောက်အအုံ ၈၀ ခန့်ကို ယင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံးဖယ် ရှားခဲ့သည်။

ဇွန်လ ၁၄ ရက် နံနက် ၆ နာရီတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနက ခေါ်ယူထားသော တာဝန်လက်ပတ်ဖြင့်သူများနှင့် ရဲ တပ်ဖွဲ့အင်အား ၅၀၀ ခန့် သည် လူနေအိမ်အဆောက်အအုံများ နှင့် စားသောက်ဆိုင်ကြီးများကို ၀င်ရောက်ဖယ်ရှားရာ နစ်နာဆုံး ရှုံးမှုများစွာ ရှိခဲ့ကြောင်း ဖယ်ရှား ခံရသူများက ပြောသည်။

အင်းစိန်မြို့နယ် စော်ဘွား ကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာနပိုင် မြေဧက ၁၂၀ ၀န်းကျင် မြေနေရာများ ကို ယင်းဝန်ကြီးဌာနက ၁၉၉၅ ခုနှစ်မှစ၍ စီးပွားရေးလုပ်ငန်းရှင် များအား မြေနေရာငှားရမ်းခဲ့ သည်။ လက်ရှိအချိန်တွင် မြေနေ ရာပေါ်မူတည်၍ တစ်ဧကလျှင် တစ်လ ကျပ်ကိုးသိန်းထိ ငှားရမ်း လုပ်ကိုင်ရကြောင်း ထိုမြေနေရာ တွင် စီးပွားရေးလုပ်ကိုင်နေသူများ က ပြောသည်။

ဟာသသရုပ်ဆောင်ကုသိုလ် ကွယ်လွန်

ဟာသသရုပ်ဆောင် ဦးမြင့်သိန်း (ခ) ကုသိုလ် အသက် (၆ဝ) နှစ်သည် ၁၅.၆. ၂ဝ၁၄ (တနင်္ဂနွေနေ့) မွန်းလွဲ (၁၂း၎ဝ) နာရီအချိန်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပါသည်။

နာမည်ကျော် ပုဂ္ဂိုလ်တို့ နေထိုင်သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး စံအိမ်များ


အောင်မြင်ကျော်ကြားသူ၊ ချမ်းသာကြွယ်ဝသူတို့ အနေဖြင့် မိမိတို့၏ ဂုဏ်ဒြပ်နှင့် ဆီလျော်သော အိမ်ဂေဟာ များကို တခမ်းတနား ရွေးချယ်လေ့ ရှိသည်မှာ မဆန်းလှချေ။ နယ်ပယ် အသီးသီး တွင် အောင်မြင်စွာ ရပ်တည်နေသော သန်းကြွယ်သူဌေး၊ ကုဋေကြွယ် သူဌေးကြီးများ၏ နေအိမ် များသည် ဒေါ်လာ သန်းနှင့်ချီ တန်ကြေးရှိတတ်ကြသည်။

စစ်ကိုင်း ဇေယျာသီရိ ရုပ်ရှင်ရုံဝင်း အတွင်း လူသေ အလောင်းတွေ့ရှိ

 စစ်ကိုင်းမြို့ ဇေယျာသီရိ ရုပ်ရှင်ဝင်းအတွင်း ညစောင့် တာဝန်ထမ်းဆောင်နေသူ ဦးဝင်းမြင့် သည် ၁၄-၆-၂၀၁၄ ရက်နေ့ ညနေ (၄)နာရီခန့်က ရုပ်ရှင်ရုံဝင်းအတွင်း အပုပ်နံ့များ ရရှိနေ၍ လိုက်လံရှာဖွေရာ ရုပ်ရှင်ရုံ အနောက်မြောက်ထောင့်ရှိ မိလ္လာကန်အတွင်း လူသေအလောင်း တစ်လောင်းတွေ့ရှိရ၍ စစ်ကိုင်းမြို့မ ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အကြောင်းကြား ခဲ့သည်ဟု သိရသည်။

အဆိုပါ လူသေအလောင်းမှာ ညစောင့်ဦးဝင်းမြင့်ထံသို့ ညစဉ်လာရောက်အိပ်၍ ဘေးအနီး ပတ်ဝန်းကျင်တွင် တောင်းရမ်း စားသောက်နေသူ မောင်ကျော်ဆိုသူ ဖြစ်နိုင်ကြောင်း၊ မလာရောက်သည်မှာ (၃)ရက်ခန့်ရှိပြီ ဖြစ်ကြောင်း ဦးဝင်းမြင့်က ခန့်မှန်း ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် သတင်းဌာန စွပ်စွဲမှုကို နယ်ခြားစောင့် တပ်ဖွဲ့ငြင်း

 
ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်က ဇွန်လ ၁၂ ရက်တွင် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ် သစ်ခုတ်သမားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု စွပ်စွဲရေးသားထားပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့က ထိုသတင်းကို ငြင်းဆို ထားသည်။ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၇ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
ဘင်္ဂလားဒေ့ရှ်သစ်ခုတ် သမားကို မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဇွန်လ ၁၂ ရက်ကပစ် ခတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာန The Daily Star ၏ စွပ်စွဲရေးသားချက်ကို မြန်မာဘက်ကငြင်းဆန်လိုက်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့ဖြစ်သည့် နတ်ကျောက်စာရီတွင် ဘင်္ဂလားဒေ့ရှ်  သစ်ခုတ် သမားသည် အဆိုပါရက် နေ့လယ်၁ နာရီခွဲခန့်တွင် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဘင်္ဂလား ဒေ့ရှ်မီဒီယာတွင်ရေးသားခဲ့သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆယ်စုနှစ်တစ်စုခန့် ပိတ်ထားသည့် ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံအား ပြည်တွင်း လုပ်ငန်းရှင် များသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်

၂ဝဝ၅ ခုနှစ် မေလတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပိတ်ထားခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကုန်သွယ်မှုဗဟိုဌာနအား ပြည်တွင်း လုပ်ငန်းရှင် များသို့ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၁၄ ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

PR စနစ် ကျင့်သုံးခြင်းမပြုရန် ဆန့်ကျင်နေသည့်ကြားမှ ဆောင်ရွက်လာပါက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စ ပျက်ပြယ်သွားနိုင်ဟု ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

PR စနစ်အား ပြည်နယ်များတွင် ကျင့်သုံးခြင်းမပြုရန် ဆန့်ကျင်နေသည့် ကြားမှ ဆောင်ရွက်လာပါက လက်ရှိဖော်ဆောင်နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စ ပျက်ပြယ်သွားနိုင်ကြောင်း ညီနောင် တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း(NBF) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့် က ပြောကြားသည်။

ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှုမရှိဘဲ လူဝတ်လဲ ဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ပီနန်ဆရာတော်ကြီး မိန့်ကြား

ဖမ်းဆီးခံရသော သံဃာတော်များသည် ခေတ္တလာရောက်တည်းခိုသော အာဂန္တုများသာဖြစ်ပြီး စစ်ဆေးမှု မရှိဘဲ လူဝတ်လဲဖမ်းဆီးခြင်းများသည် တရားတော်၊ ၀ိနည်းတော်၊ သံဃာတော်ဥပဒေများနှင့် ဆန့်ကျင်ကြောင်း ဇွန် ၁၄ ရက်တွင် The Daily Eleven သတင်းစာအား ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

မန်မာအနေဖြင့် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ ဆဲဖြစ်ပြီး ပြည်တွင်းရောက် အမေရိကန်ကုမ္ပဏီများ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုပြည့်ဝစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ဟု အမေရိကန်ရှိ မြန်မာ့ အရေး လှုပ်ရှားနေသည့် USCB ပြောကြား

မြန်မာအနေနှင့် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်ကာ အမေရိကန်ကုမ္ပဏီများအနေဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုပြည်စွာ ရင်နှီြးှုမပ်နှံရန်လိုအပ်ဟု အမေရိကန်နိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားမှုများပြုလုပ်နေသည့် (US Campaign For Burma) USCB က တိုက်တွန်း ပြောကြားခဲ့သည်။