Friday, July 4, 2014

မဘသအဖွဲ့နှင့် မန္တလေးပဋိပက္ခ မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်

ဇူလိုင် ၁ ရက် ညဦးပိုင်းမှ စတင်ကာ မန္တလေးမြို့ပေါ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများသည် အမျိုးဘာ သာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့နှင့် မပတ်သက်ကြောင်း၊ အထင်အမြင်လွဲမှားမှုများကို အမှန်အတိုင်းဖြစ်စေလိုသဖြင့် ဇူလိုင်လ ၂ ရက် ရက်စွဲဖြင့် သဘောထား အမှန်ထုတ်ပြန် ကြေညာချက် တစ်စောင်ကို မဘသအဖွဲ့မှ ထုတ်ပြန်ခဲ့သည်ဟု အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်) ဦးဆောင်ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မဇ္ဈိမကို မိန့်သည်။

အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ

ဇူလိုင် ၁ ရက် ညက သေဆုံးသွားသည့် ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်သည့် ယာဉ်တန်းသည် မန္တလေးမြို့ကျုံးသို့ တပတ်ပတ်ပြီး မန္တလေးတောင်ခြေ၊ မြောက်ဘက် အေးရိပ်ငြိမ်သုသာန်သို့ ဦးတည်သွားနေကြသည်။ လိုက်ပါပို့ဆောင်သည့် ကားများ ရာချီရှိပြီး ဆိုင်ကယ်ထောင်ချီရှိကြောင်း သတင်းရရှိသည်။ လိုက်ပါပို့ဆောင်သူ သောင်းချီရှိပြီး အများစုက ကမ္ဘာမကြေ

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား

သာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား ဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စဉ်းစားမည့်ကိစ္စ ဖြစ် လာကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောကြား လိုက်သည်။
‘‘အဖွဲ့ချုပ်က ကြေညာချက်ထုတ်တယ်။ ထုတ်ထုတ် ချင်း အတုထွက်လာတယ်။ ဘာသာရေး ကို နိုင်ငံရေးအရ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ် အနေနဲ့ အများကြီးစဉ်းစားရမယ့်ကိစ ဖြစ်လာတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကြေညာချက်တစ်ခု ထုတ်တယ်ဆိုတော့ ဒါ ဘယ်သူထုတ်လဲတော့မသိဘူး။ အဖွဲ့ချုပ်ရဲ့ ကြေညာချက်ကို

မန္တလေးပဋိပက္ခမဖြစ်ပွားမီ အင်တာနက်တွင် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့

အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည်  ဟူသော သတင်းကို အခြေခံကာ မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ ဇူလိုင် ၁ ရက်နှင့် ၂ ရက်ညများတွင် ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃ ရက်ညနေတွင် မန္တလေးခရိုင် ထွေ/အုပ်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကြေညာလိုက်သည်။

အရက်သေစာသောက်စား ထားသည့် ဆိုင်ကယ်စီးလူငယ် များ၊ တုတ်၊ ဓားများကိုင်ဆောင် ထားကြသော လူအုပ်များက ည အချိန်များတွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများပြုလုပ်ကြသည်။ နေ့ အချိန်တွင် မန္တလေးမြို့မှာ ပုံမှန်အတိုင်း အေးချမ်းတည်ငြိမ်စွာရှိနေသော်လည်း ညအချိန်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့်  အဆောက်အအုံနှင့် ကားအချို့မီးရှို့ဖျက်ဆီးခံရမှုများ ရှိပြီး လူများထိခိုက်ဒဏ်ရာရရှိ ခြင်းနှင့် ဇူလိုင် ၂ ရက် ညတွင် လူနှစ်ဦးသေဆုံးပြီး  နှစ်ရက်ပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။
မန္တလေးပဋိပက္ခသည် မိတ္ထီ လာဖြစ်စဉ်ကဲ့သို့ပင် သာမန်မူ ခင်းဖြစ်စဉ်တစ်ခုမှ စတင်ခြင်းဖြစ် သည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အစ္စလာမ်ဘာသာဝင် ညီအစ်ကိုနှစ်ဦးက ၎င်းတို့ဆိုင်တွင် ထမင်းချက်အလုပ်လုပ်ကိုင်နေသောဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သည်ဆိုသော သတင်းမှ စ တင်ခဲ့ခြင်းဖြစ်သည်။
သာမန်မူခင်းဖြစ်စဉ်တစ်ခု အပေါ် အခြေတည်ဖြစ်ပေါ်ခဲ့ သော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့တွင် ဖြစ်ပွားသော

သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို

Photo: သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို
Friday, July 4, 2014

ပွဲဆူနေသော အာရှပစိ ဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ လတ်တလောမည့်သည်မှတ်ချက် မျှ မပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှ သာ သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာထဲမှာ ထည့်ထားတဲ့ကိစ္စတွေအကုန်လုံး   က စွပ်စွဲထားတာတွေပါလို့။ တစ် ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါ တယ်။ လောလောဆယ်တော့ ဘန်ကောက်မှာ ကြော်ငြာသွား ရိုက်မှာနဲ့ အလုပ်နည်းနည်းရှုပ် နေပါတယ်။ သတင်းစာ ရှင်း လင်းပွဲက နောက်မှ လုပ်ပါမယ်’’ ဟု မေမြတ်နိုးကပြောသည်။

ဘန်ကောက်တွင် ကြော်ငြာ ရိုက်ကူးရန် ဇူလိုင် ၆ ရက်၌ သွားရောက်မည်ဖြစ်ပြီး အခြား သော အလုပ်ကိစ္စအချို့ကိုလည်း လုပ်ဆောင်ရန်ရှိကြောင်း မေမြတ်နိုးကပြောသည်။

Miss Asia Pacific World Organization မှ မေမြတ်နိုးအား သရဖူသိမ်းရန် အကြောင်းကြား ထားသော်လည်း မလှနုထွန်းတို့ ဘက်မှ ပြန်လည်တောင်းပန်ထား ၍ လတ်တလောတွင် သရဖူကို ရုပ်သိမ်းမည်မဟုတ်သေးကြောင်း Natinnal Director မလှနုထွန်းက ပြောသည်။

‘‘ဂျာနယ်လစ်တွေဆီကပဲ ကွန်ပလိမ်းတွေတက်တယ်။ သူ တို့ချိတ်ပေးထားတဲ့ ကုမ္ပဏီတွေ ကလည်း အကုန်ကွန်ပလိမ်းတက် တယ်ရှင့်။ မဂ္ဂဇင်းကာဗာရိုက်တဲ့ အချိန်မှာ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမရရင်မလုပ်ပေးနိုင်ဘူးလို့ လုပ်တာပေါ့နော်။ ဒီလိုဆိုတော့  လှနုဆိုလည်း ရှက်တယ်ရှင့်၊ ရှက် တော့ ဟိုလိုက်တောင်းပန်၊ ဒီ လိုက်တောင်းပန်နဲ့ဖြစ်နေတယ်’’ ဟု မလှနုထွန်းကပြောသည်။

မေမြတ်နိုး၏ အနုပညာအ လုပ်များနှင့် ပတ်သက်၍ လုပ်ပိုင် ခွင့်များကို မလှနုထွန်းတို့က မစီမံ တော့ဘဲ မေမြတ်နိုး၏  မိခင်  တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မေမြတ်နိုးသည် Organizationမှ တာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း၊ အလုပ်ကိစ္စများတွင် အချိန်မလေးစားခြင်းများ ရှိခဲ့သည်ဟု မလှနုထွန်းက ဆို သည်။

ယင်းအချက်များကြောင့် တောင်ကိုရီးယားရှိ Miss Asia World Organization က သရဖူ သိမ်းရန် ပြောဆိုလာခြင်းဖြစ် သည်။

မေမြတ်နိုး၏ အနုပညာ ကြေးထဲမှ  ၃၀ ရာခိုင်နှုန်းကို မလှနုထံပေးရန် နှုတ်ကတိပေး ထားသော်လည်း လက်ရှိတွင် ကျပ်သုံးသိန်းခွဲသာ သူမဆီက ရယူဖူး ကြောင်း၊ ကျေးဇူးသိတတ်လာရင် ပေးလိမ့်မည်ဟု မှတ်ယူထား ကြောင်း မလှနုထွန်းက ပြော သည်။

‘‘အခုဟာက လူတွေ ထင် နေတာ လှနု ၃၀ ရာခိုင်နှုန်းမရလို့ ကလေးကိုပြောနေတယ်လို့ထင် နေတာ။ အဲဒီလိုမဟုတ်ဘူး။ အစ်မသရဖူကို Save လုပ်ပေးနေတာ ပါ’’ဟု လှနုထွန်းကပြောသည်။

မေမြတ်နိုးသည် မကြာသေး မီက မြန်မာနိုင်ငံအတွက် နိုင်ငံတ ကာအလှမယ်ပထမဆုံးသရဖူကို ပူပူနွေးနွေးရရှိထားပြီး မကြာမီတွင် ထိုကဲ့သို့ကိစ္စများဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

7 Day Daily
ပွဲဆူနေသော အာရှပစိ ဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ လတ်တလောမည့်သည်မှတ်ချက် မျှ မပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှ သာ သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ ဖြေရှင်း သွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြော သည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာ ထဲမှာ ထည့်ထားတဲ့ကိစ္စတွေအကုန်လုံး က စွပ်စွဲ ထားတာတွေပါလို့။ တစ် ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါ တယ်။ လောလောဆယ်တော့

မူလတန်းကျောင်းသားကို အရွယ်နှင့် မလိုက်အောင် အပြစ်ပေးခဲ့သည့် ရန်ကင်း TTC မှ ဆရာမဖြစ်စဉ် အမှန်ရေးတင်ရန် ဦးစီးဌာန ညွှန်ကြား

Photo: မူလတန်းကျောင်းသားကို အရွယ်နှင့် မလိုက်အောင် အပြစ်ပေးခဲ့သည့် ရန်ကင်း TTC မှ ဆရာမဖြစ်စဉ် အမှန်ရေးတင်ရန် ဦးစီးဌာန ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၃

ရန်ကင်းပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း TTC) တွင် ပညာသင်ကြားနေသော အသက်ငါးနှစ်အရွယ် မူလတန်း ကျောင်းသားကို အပြစ်ပေးခဲ့သည့် အတန်းပိုင်ဆရာမကို ဖြစ်စဉ်အမှန်ရေးကာ တင်ပြရန် ညွှန်ကြားထားကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ဖြစ်စဉ်အမှန် ဖြစ်ဖို့  စုံစမ်းမေးမြန်းမယ်။ ဘယ်လိုအပြစ်ပေးမလဲ ဆိုတာကတော့ ဆရာမ လုပ်ဆောင်ခဲ့တဲ့အပေါ် မူတည်တယ်” ဟု ၎င်းကဆိုသည်။

ရန်ကင်း TTC တွင် ပညာသင်ကြားနေသည့် မူလတန်းကျောင်းသား၏ အတန်းပိုင်ဆရာမကို ဒဏ်ပေးခံရသော ကျောင်းသား၏ မိသားစုဝင်များက ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပညာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးထံ တိုင်ကြားမည် ဖြစ်ကြောင်း ယင်းမိသားစုဝင်များထံမှ သိရှိရသည်။

“သမားရိုးကျ စေတနာနဲ့ ပြောဆို ဆုံးမမိတာ။ နာကျင်အောင် လုပ်တာ မဟုတ်ပါဘူး။ ကလေး ၆၀ က တစ်ယောက် တစ်မျိုးဆိုတော့ ဆရာမတိုင်းလိုလို ခြိမ်းခြောက်သင့်ရင် ခြိမ်းခြောက်ရတဲ့ သဘောပါ။ ဆရာမနဲ့ မိဘတွေလည်း နားလည်မှု ရသွားပါပြီ။ မိဘတွေလည်း ဆရာမ ဆုံးမတာကို သဘောပေါက်သွားပါတယ်။ မိဘတွေကလည်း ဆရာမ နစ်နာမှာကိုတောင် စိုးရိမ်နေကြတယ်။ ဆရာမကို ထိခိုက်မှာ မလိုချင်ကြဘူးလို့လည်း ပြောပါတယ်။ ကလေးကလည်း ဆရာမကို ချစ်ပါတယ်” ဟု အတန်းပိုင်ဆရာမက ပြောကြားသည်။

ကျောင်းသား၏ မိဘများကို ကျောင်းအုပ်ဆရာမကြီးက ယင်းကိစ္စနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံကာ တောင်းပန်ခဲ့ကြောင်း၊ ဒဏ်ပေးခံရသော ကျောင်းသားမှာ အဆိုပါကျောင်း၌ ပညာသင်ကြားနေဆဲ ဖြစ်သောကြောင့် မိဘများက တိုင်ကြားမည် မဟုတ်သော်လည်း ဒဏ်ပေးခံရသော ကလေး၏ မိသားစုဝင် ဆွေမျိုးသားချင်းများက တိုင်ကြားမည် ဖြစ်ကြောင်း ယင်းမိသားစုဝင်များထံမှ သိရှိရသည်။

“ကျွန်တော်တို့က ဆက်တိုင်မယ် ဆိုတာက ဒီပြဿနာကို စံတစ်ခုထားပြီး မြန်မာနိုင်ငံမှာ ကလေးတွေကို ဒီလိုအပြစ်ပေးရင် နောင်ပြဿနာ ဖြစ်တဲ့အခါ ထိုက်တန်တဲ့ အပြစ်ပေးနိုင်တဲ့ ဥပဒေတစ်ခုပါ ဖြစ်စေချင်တယ်” ဟု ဦးလေးဖြစ်သူက ပြောဆိုသည်။   

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောင်းသား၏ မိဘများအနေနှင့် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကို အပြစ်ပေးခဲ့သည့် အတန်းပိုင် ဆရာမက ငိုကာ တာဝန်ရှိသူများထံ မတိုင်ကြားရန် တောင်းပန်မှုကြောင့် တိုင်ကြားသည့် အဆင့်ထိ လုပ်ဆောင်မည် မဟုတ်သော်လည်း ယင်းပြဿနာ စဖြစ်စဉ်က နှစ်ဖက်မိဘများနှင့် ဆွေမျိုးများ သိရှိပြီး ဖြစ်သည့်အတွက် နောက်ဆက်တွဲ ဖြစ်လာမည့်  တိုင်တန်းမှုများ ရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။              
                                 
ဇွန်လ ၂၄ ရက်နေ့တွင် အပြစ်ပေးခံရသော ကျောင်းသားနှင့် အတန်းဖော် ကျောင်းသား ရန်ဖြစ်ရာက ခဲတံဖြင့် ထိုးမိခဲ့သည့်အတွက် အခန်းရှေ့တွင် တစ်နေကုန် ထိုင်ခိုင်းပြီး စာသင်ကြားခွင့် မပေးခဲ့သည့်အပြင် တစ်ကျောင်းတည်း ပညာသင်နေသော အစ်မနှစ်ဦးက လာရောက် ချော့မော့သည်ကို အစ်မများရှေ့တွင် ရိုက်ပြမည်ဟု ဆိုကာ ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းကို မိဘခေါ်လာရန်၊ ရဲစခန်း ပို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

“ကျောင်းက ကျောင်းအုပ်ဆရာမကြီးနဲ့ အတန်းပိုင်ဆရာမက လူကိုယ်တိုင် တွေ့ပြီး ပြေလည်အောင် ဖြေရှင်းပေးတယ်။ သားရော သမီးတွေရော ကျောင်းတက်နေတဲ့ အတွက်ရယ် ဆရာမတွေ ငိုနေတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။ ဆရာမတွေ အပြစ်ပေး မခံစေချင်ဘူး။ ဆရာမ ဆိုတာလဲ မိဘနဲ့ တစ်ဂိုဏ်းတည်းပါပဲ။ ရဲစခန်းပို့မယ် ဆိုတဲ့ စကားကြောင့် စိတ်ထိခိုက်သွားတာ။ ရိုက်တာကိုတော့ နားလည်ပေးလို့ ရတယ်” ဟု ကလေး၏ ဖခင်က ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မိခင်မှာ ကျောင်းလိုက်သွားရာ ယင်းကျောင်းသားကို အတန်းရှေ့၌  လွယ်အိတ်လွယ်ပြီး မတ်တက်ရပ်ကာ အပြစ်ပေးထားပြီး မိခင်က အခန်းသို့ ရောက်ရှိချိန်တွင် ၎င်း၏ မိခင်ရှေ့ ရိုက်ပြမည်ဟု ဆိုကာ အတန်းပိုင် ဆရာမက ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ရဲစခန်း ပို့မည်ဟု ထပ်မံ ပြောဆိုသဖြင့် မိခင်က မပြောရန် တောင်းပန်ရာ ကျောင်းသားအယောက် ၆၀ ကို အုပ်ထိန်းရသောကြောင့် မထိန်းသိမ်းနိုင်ပါက ကျောင်းဘေးရှိ ရန်ကင်းမြို့မ ရဲစခန်း ပို့မည်ဟု ပြောဆိုခဲ့ခြင်းတို့ကြောင့် မိသားစုဝင်များက မကျေနပ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“လိမ္မာစေချင်ရင် ဆုံးမလို့ ရတယ်။ ဒါပေမဲ့ တစ်ရက်ထဲ မဟုတ်ဘဲ ရက်ဆက် အပြစ်ပေးတာကတော့ တမင်ညှဉ်းပန်းတာပဲ။ ဒါမဖြစ်သင့်ဘူး” ဟု ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ရန်ကင်းပညာရေးကောလိပ် လေ့ကျင့်ရေး အလယ် တန်းကျောင်း (ရန်ကင်း TTC) တွင် ပညာ သင်ကြားနေသော အသက်ငါးနှစ်အရွယ် မူလတန်း ကျောင်းသားကို အပြစ်ပေးခဲ့သည့် အတန်းပိုင်ဆရာမကို ဖြစ်စဉ်အမှန်ရေးကာ တင်ပြရန် ညွှန်ကြားထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ဖြစ်စဉ်အမှန် ဖြစ်ဖို့ စုံစမ်းမေးမြန်းမယ်။ ဘယ်လိုအပြစ်ပေးမလဲ ဆိုတာကတော့ ဆရာမ လုပ်ဆောင်ခဲ့တဲ့အပေါ် မူတည်တယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်က သမိုင်းတရားခံအဖြစ် ခံလို့မရဟု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြော

လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး ဦးစီးအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ပုဂ်္ဂိုလ်များ၏ လစာနှင့်စရိတ်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ဆုံးဖြတ် အတည်ပြုရာတွင် လွှတ်တော်က သမိုင်းတရားခံ မဖြစ်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ပြောကြားသည်။

အမုန်းတရား ဖြန့်ဖြူးသူမဟုတ် အမှန်တရားသာ ဟောပြောဟု ဦးဝီရသူမိန့်ကြား

မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မလုပ်ရန် တိုက်တွန်းထားသည့် သမ္မတ၏ မိန့်ခွန်းကို ကမ္ဘာကျော် TIME မဂ္ဂဇင်းတွင် “ဗုဒ္ဓဘာသာ အကြမ်းဖက်သမား”ဟု သုံးနှုန်းဖော်ပြခံရသည့် ဆရာတော်ဦးဝီရသူက ပြောသင့်သည့်စကားဟု မှတ်ချက်ပြုလိုက်သည်။ ထို့ပြင် မိမိ၏ ဟောပြောမှုများသည် အမှန်တရားသာဖြစ်ပြီး အမုန်းတရားဖြန့်ဖြူးသည်ဟု ဆို၍မရဟု ဇူလိုင် ၃ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
“ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချ ပြစ်တင်ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်”ဟု ဇူလိုင် ၃ ရက် ရေဒီယိုမှတစ်ဆင့် သမ္မတဦးသိန်းစိန်က မိန့်ခွန်းခြွေခဲ့ခြင်း ဖြစ်သည်။

မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်း၏ သားမယာပြုကျင့်မှုခံရခြင်းနှင့်ပတ်သက်၍ကာယကံရှင် မဟေမာကျော်မှရှင်းလင်း

Photo: မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်း၏ သားမယာပြုကျင့်မှုခံရခြင်းနှင့်ပတ်သက်၍ကာယကံရှင် မဟေမာကျော်မှရှင်းလင်း 

ရန်ကုန်၊ဇူလိုင် ၃။

မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းသည် အချိုရည်ထဲတွင် အိပ်ဆေးများထည့်တိုက်ခဲ့ပြီး ပြင်ဦးလွင်မြို့ ရှိ
ပုလဲတည်းခိုခန်း၌ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ကာယကံမဟေမာကျော်သည်
ဇူလိုင် ၃ရက်က MJNရုံးတွင် ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်မ အစ်ကိုက မူးယစ်ဆေးကိစ္စနဲ့မန္တလေးခရိုင်တရားရုံးမှာ အမူရင်ဆိုင်နေရတယ်။ဒါကြောင့် မန္တလေးခရိုင်တရားရုံးမှာ
ရက်ချိန်းသွားသွားနေရတော့ ဦးတင်မောင်ဝင်းက သူကူညီပေးမယ်ဆိုပြီး ကျွန်မကို ပြင်ဦးလွင်မှာရှိတဲ့ သူရဲ့ အသိကိုသွားတွေ့ဖို့
ခေါ်တာနဲ့ ၃လပိုင်း ၈ရက်နေ့က လိုက်သွားလိုက်တယ်။ပြင်ဦးလွင် ရောက်တော့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်တယ်

အဲ့ဒီအချိန်မှာ သူက ကျွန်မကိုခဏစောင့် ငါသွားတွေ့လိုက်အုံးမယ်ဆိုပြီး ထွက်သွားပြီး ပြန်လာတော့ ပလတ်စတိတ်အိတ်လေးနဲ့
ထည့်ထားတဲ့ အချိုရည် ပါလာတယ်။ကျွန်မကိုတိုက်တော့ ငြင်းတယ်။ မရတာနဲ့သောက်လိုက်တာ နောက်ခေါင်းတွေကိုက် လာတယ်။
အဲ့ဒါနဲ့ သူသူငယ်ချင်းအိမ် သွားအနားယူမယ်ဆိုပြီး ခေါ်သွားတယ်။ကျွန်မနိုးလာတဲ့အချိန်မှာ ဦးတင် မောင်ဝင်းက ကျွန်မအလိုမတူပဲ
သားမယားပြုကျင့်ခံလိုက်ရပြီး ဒီအကြောင်းကို ဘယ်သူမှမပြောဘူးဆိုရင် နင်အစ်ကို အမှုလွတ်စေရမယ်။ ထောင်ကျရင်လည်း
အလွန်းဆုံး ၄နှစ်ပဲကျအောင် ငါလုပ်ပေးမယ်ဆိုတာနဲ့ ဘယ်သူကိုမှ မပြောပဲနေခဲ့တယ် အခုကျွန်မအစ်ကိုလည်း ထောင် ၁၆နှစ်ကျတယ်
ကျွန်မလည်း ကိုယ်ဝန် ၂လရှိနေပြီး ဒါကြောင့် သူကိုအမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုပါတယ်”ဟု မဟေမာကျော်က ပြော သည်။

“ဦးတင်မောင်ဝင်းကို အခုမန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက ကာကွယ်ပေးထားတယ်။ ပြင်ဦးလွင် မြို့ မ ရဲစခန်းက ဒုရဲမှူး
ကံလှိုင်ကိုယ်တိုင် သွားဖမ်းတာကို သူကဖမ်းခွင့်မပေးဘူး။ဘာကြောင့် ဖမ်းခွင့် မပေးတာလဲ ။ ဒါဟာ ရဲရေးပိုင်ခွင့်ကို တရားသူကြီးတွေက
ဝင်ရောက်ထိန်းချုပ်ခွင့်ရှိလို့လား။ ကောင်မလေးဟာ သူအစ်ကို အမှုပေါ့ဖို့အတွက် လုပ်နေတာကို ဦးတင်မောင်ဝင်းက အခွင့်အရေးယူတာပဲ။
ဒီလို အပြစ်ရှိတဲ့ လူကို ဖုံးကွယ်ထားပြီး ကာကွယ်ပေးနေမယ်ဆိုရင် ဒီလိုဟာ နောက်လည်း ဒီလိုလုပ်ဖို့ ဝန်လေးမှာမဟုတ်တော့ဘူး ။
ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေအားလုံး ဒီကိစ္စကို အဖြစ်မှန်ပေါ်ပေါက် အောင် ကူညီပေးဖို့ တိုက်တွန်းပါတယ်”ဟု မြန်မာနိုင်ငံ
အလုပ်သမားသမဂ္ဂဗဟိုအလုပ်အမှုဆောင် ကိုရန်နိုင်ထွေးက ထပ်မံပြောကြားခဲ့သည်။

မဟေမာကျော်သည် ၎င်းအား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သော ဦးတင်မောင်ဝင်းအား ဖမ်းဆီးအရေးယူပေးရန် ပြင်ဦးလွင်မြို့ မရဲစခန်းတွင်
အမှုဖွင့်တိုင်ကြားခဲ့ရာ ယင်းရဲစခန်းမှ (ပ)နံပါတ် ၁၀၇ ပုဒ်မ ၃၇၆ ဖြစ်အမှုဖွင့်ပေးခဲ့သည်။

ယင်းနောက် မန္တလေးခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းအား ဖမ်းဆီးအရေးယူရန်အတွက် ပြင်ဦးလွင် မြို့မ ရဲစခန်းမှ ဒုရဲမှူးကံလှိုင်နှင့်
အတူ ရဲတပ်သားများ သွားရောက်ခဲ့ရာ မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက ဖမ်းဆီးခွင့်မပြုခဲ့သလို ယခုအချိန်ထိ ဦးတင်မောင်ဝင်းအား
အရေးယူခြင်း မခံရအောင် ကာကွယ်ပေးထားကြောင်း သိရသည်။

ချစ်မင်းထွန်း

The Myanma Age
မန္တလေးခရိုင်တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းသည် အချိုရည်ထဲတွင် အိပ်ဆေးများထည့်တိုက် ခဲ့ပြီး ပြင်ဦးလွင်မြို့ ရှိ ပုလဲတည်းခိုခန်း၌ အလိုမတူဘဲ သားမယားပြုကျင့် ခဲ့သောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ကာယကံမဟေမာကျော်သည်ဇူလိုင် ၃ရက်က MJNရုံးတွင် ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်မ အစ်ကိုက မူးယစ်ဆေးကိစ္စနဲ့ မန္တလေးခရိုင်တရားရုံးမှာ အမူရင်ဆိုင်နေရ တယ်။ဒါကြောင့် မန္တလေးခရိုင်တရားရုံးမှာ ရက်ချိန်း သွား သွားနေရတော့ ဦးတင်မောင်ဝင်းက သူကူညီပေးမယ်ဆိုပြီး ကျွန်မကို ပြင်ဦးလွင်မှာရှိတဲ့ သူရဲ့ အသိကိုသွားတွေ့ဖို့ခေါ်တာနဲ့ ၃လပိုင်း ၈ရက်နေ့က လိုက်သွားလိုက်တယ်။ပြင်ဦးလွင် ရောက်တော့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်တယ်

ထိုင်းစစ်အစိုးရ ပြည်ပအလုပ်သမားများအတွက် အရေးပေါ်ဖုန်းလိုင်း ၀န်ဆောင်မှုပေး

ထိုင်းအစိုးရက ပြည်ပ ရွှေ့ပြောင်းလုပ်သားများပြဿနာ ဖြစ်ပွားပါက အရေးပေါ်တိုင်ကြား နိုင်သည့် ဖုန်းလိုင်းများကို ဇူလိုင် ၄ ရက်မှ စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ၎င်းတို့နိုင်ငံအတွင်း လာ ရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသား အလုပ်သမားများ ပြဿနာဖြစ်ပွားပါက အရေးပေါ် နံပါတ် ၁၆၉၄ သို့ ဆက်သွယ်တိုင် ကြားနိုင်ပြီး မြန်မာ၊ ကမ္ဘောဒီး ယားနှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးဖြင့် လက်ခံဖြေကြားသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ အပေါ် သုံးသပ်ချက်

Photo: အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ အပေါ် သုံးသပ်ချက်
Friday, July 4, 2014

စာရေးသူ အောင်ရင်ငြိမ်းရဲ့ ရိုးမန်းဘော့ထ် တွေရဲ့ ကမ္ဘာ ဂယက် အတော်လေး ရိုက်ခတ်သွားတာ အားလုံး မျက်မြင် ကိုယ်တွေ့ ပါပဲ။ အဲ့ဒါနဲ့ ပက်သက်ပြီးတော့ ရိုးရာလေး အနေနဲ့ ဘယ်လို မြင်သလဲလို မေးကြတာတွေ အချို့ ရှိပါတယ်။ ဒီတော့ ခေတ်နောက်ကျ မကျန်အောင် စာရေးသူလည်း ဖတ်ရှုပြီး သကာလ ယခုလို ပြန်လည် သုံးသပ် ပေးလိုက် ရပါတယ်။
ဘာသာမဲ့ခြင်းရဲ့ ပြယုဂ်
စာရေးသူက ဘယ်ဘာသာ ကိုးကွယ်လဲတော့ မသိ။ အထဲက ရိုဘော့ ကတော့ ကတော့ အရေးအသား အသွားအလာ အရ ဆိုရင် ဘာသာမဲ့ ဖြစ်ပါ လိမ့်မယ်။ ရှေးဘဝ၊ နောက်ဘဝကို မယုံသလို၊ ငရဲကိုလည်း ယုံသူ မဟုတ်ပါဘူး။ ဘာသာ တရား ဆိုတာ လူတွေကို ချုပ်နှောင်ထားတဲ့ အရာ တစ်ခုလို့ ဖြစ်နေပြီး လောက ကို တစ်ဇောင်းတိုက် ရင်ဆိုင်လို့ ကြီးပြင်းလာပုံ ရ ပါတယ်။ အမှန်တော့ ဘာသာ တရား ဆိုတာ အမြင့်မားဆုံး လွတ်လပ်မှုကို လမ်းပြ ဆောင်ရွက်ပေးတာကို သေချာ သိလိုက်ပုံ မရ ပါဘူး။ ဒါကလည်း ကြီးပြီးလာတဲ့ ပတ်ဝန်းကျင်မှာ So-called religious people (မိရိုးဖလာ) တွေပဲ ရှိတော့ လေ့လာခွင့် မရခဲ့ခြင်း ဖြစ်နိုင် ပါတယ်။ ဒီတော့ ကမ္ဘာကျော် အတွေးအခေါ် ပညာရှင် များရဲ့ အယူအဆ အတွေးအခေါ် များက အမြင့်မားဆုံး မှန်ကန်တယ်လို့ တစ်ထစ်ချ ယုံကြည် သွားတတ်သာ အိုင်ကျူမြင့်သူ အများစုရဲ့ အလေ့အထ ပါ။ အမှန်တော့ လူဆိုတာ ပုထု ဇဉ် ဖြစ်ပါတယ်။ ပုထုဇဉ်ကို မြန်မာလို ဘာသာပြန်ရင် စွဲလမ်းမှု အာရုံ များကြားမှာ ရှင်သန် နေတဲ့ လူတွေပါ။ ယင်းကဲ့သို့ လူတွေ ပြောသမျှ စကားတိုင်းဟာ မှန်မယ်လို့ တစ်ထင်ချ မဆို နိုင် ပါဘူး။ ဒီတော့ ပုထုဇဉ် ဆိုတဲ့ Level ထက် ကျော်လွန်တဲ့ ပုဂ္ဂိုလ် များရဲ့ ပြောဆိုချက်များကို မေ့ထားမယ် ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးက ကြီးပါတယ်။ ဘာသာမဲ့ခြင်းက တစ်ကိုယ်တည်းဆို ကိစ္စ မရှိပေမယ့် ပေါင်းပါ မိတ်ဆွေ တွေကို အဲ့လို ဖြစ်လာအောင် စည်းရုံး ခြင်းက ပြဿနာ ရှိပါတယ်။ အကြောင်း ကတော့ လူ တစ်ဦး တစ်ယောက် ချင်းမှာ တူညီတဲ့ အယူအဆ အတွေးအခေါ်နဲ့ ဥာဏ် အနိမ့်အမြင့် ရှိမနေခြင်း ဖြစ်ပါတယ်။ ဒီအချက် ကို သိရင် ဘာသာမဲ့ ဖြစ်လာစေရေ ရေးသားတဲ့ အရေး အသားက မသင့်တော် ပါဘူး။
ဖောက်ပြန်ခြင်း ရဲ့ ပြယုဂ်
ရိုးမန်းဘော့က ကံမကောင်းစွာပဲ ဖောက်ပြန်သူ လောကမှ ကြီးပြင်းခဲ့ပုံ ရပါတယ်။ ပတ်ဝန်းကျင်က သူ့ကို Cheat လုပ်တယ်။ မိန်းမ ဖြစ်သူ ချစ်သူများက လည်း Cheat လုပ်တယ်။ ဒါနဲ့ပဲ ဖောက်ပြန်ခြင်း ကို အင်မတန် စိတ်နာကျည်းပြီး ဒါကို ပေါ်ပေါ် တင်တင် ရေးသား တင်ဆက်ခြင်း ဖြစ်ပါတယ်။
အစွန်းရောက် များနဲ့ ကြီးပြင်း လာမှု
အစွန်းရောက် ဆိုတာ မှန်ကန်မှု မရှိပဲ မမှန်ကန်တဲ့ ရှေးရိုး အယူအဆ တွေကို စွဲလမ်းပြီး အသက်ရှင် သူများကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ ရိုးမန့်ဘော့က အဲ့ ပတ်ဝန်းကျင်က ကြီးပြင်း လာပုံ ရပါတယ်။ ဒါကို သူက Conservative လို့ အမည်ပေး ပါတယ်။ ရှေးရိုးစွဲ ပါတဲ့။
တဏှာ အာသီသ ရဲ့ ပြယုဂ်
ပြောစရာ မလို လောက်အောင် စာ အရေးအသား အဝင်အထွက်က တဏှာစိတ် ဘယ်လောက်ထိ ပြင်းထန် နေတယ်ဆိုတာကို ပြသ ပါတယ်။
သုံးသပ်ချက်
ရိုးမန့်ဘော့က Freedom လို့ သူခေါင်းစဉ် တတ်တဲ့ လွတ်လပ်ခြင်းကို အင်မတန် ဆာလောင် နေပါတယ်။ ဒါပေမယ့် သူဟာ ဒါက လွတ်လပ်ခြင်းဟာ အတ္တလား ဆိုတာကို သေချာ ခွဲခြား သိသွားပုံ မရ ပါဘူး။ သူတောင်းဆို တဲ့ လွတ်လပ်မှု က ကမ္ဘာ ရဲ့ ပျက်ဆီးမှုကို ဦးတည်သွားစေမယ်လို့ သူ မသိထားပါဘူး။ အချစ်မှာ စာချုပ် စာတန်းတွေ မလိုပါဘူးတဲ့။ လူတွေက စာရွက်စာတမ်း တွေနဲ့ တစ်ယောက် ကို တစ်ယောက် ပိုင်ဆိုင်ဖို့ အတွက် အတ္တနဲ့ ကြိုးစားနေကြ ပါတယ်တဲ့။ ဒါ မှားပါတယ်။ တိရစ္ဆာန်နဲ့ လူ ကွာခြားချက်ကို ပြောပြ ချင်ပါတယ်။ တိရစ္ဆာန် ဆိုတာ အားလုံး သိတဲ့ အတိုင်း မျိုးပွားချင်တဲ့ အချိန်အပွား၊ သွေးသားမှန်း မသိ၊ ဆွေမျိုးမှန်းမသိ၊ တစ်ကောင်နဲ့ တစ်ကောင် ကိုက်ချင်လဲကိုက်၊ အကောင်ကြီးရင် အကောင်ငယ်ကို အနိုင်ကျင့်၊ နေရာတွေ လုပ်၊ စားခွက်လုပ်၊ စားကျက်လု။
လူတွေကော ဘာထူးခဲ့လို့လဲ။ ကမ္ဘာဦး အစက တစ်ယောက်နဲ့ တစ်ယောက် အနိုင်ကျင့်၊ ကိုယ်လိုချင်တဲ့ မိန်းမကို တင်းပုပ်နဲ့ ရိုက်ခေါ်၊ မလိုရင် ပစ်ထား၊ မိန်းမ လည်း နေချင်သလိုနေ၊ ယောင်္ကျားလည်း နေချင်သလို၊ နေရာတွေလု၊ နိုင်ငံတွေ၊ စားခွက်တွေလုပ်၊ စားကျက်တွေလု။ ဒါတွေကို မဖြစ်လာအောင် ပါ ဆိုပြီးတော့ စာချုပ် စာတမ်း ဆိုတဲ့ ပညတ် တရားတွေနဲ့ တားဆီးလာ တယ်။ ဥပမာဗျာ။ အိမ်တစ်လုံး ဝယ်မယ်။ ပိုက်ဆံ ရော့အင့် ပေးပြီး သွားနေရုံနဲ့ လုံလောက် ပါမလား။ အိမ်ဝယ်လိုက်ကြောင်း အပိုင် စာချုပ်လေးကတော့ လိုပါ လိမ့်မယ်။ အဲ့လိုသာ မလုပ်ရင် လူတိုင်း နေချင်တဲ့ အိမ်တွေ တက်နေ နေမှာပေါ့။ တိရစ္ဆာန်နဲ့ မခြား လိင်ဆက်ဆံချင်တဲ့ သူတွေနဲ့ ဆက်ဆံ တော့မှာပါ။ ဒါဆိုရင် လူ ဘယ်မည် တော့မလဲ။ တိရစ္ဆာန်လို့သာ မည်တော့ မှာပါ။ တိရစ္ဆာန်နဲ့ ကွာခြားချက်က လူတွေက ပညတ် တရား များ ဖြစ်တဲ့ စာရွက်တွေ၊ စကားတွေ၊ အသုံးအနှုန်းနဲ့ အားလုံး ယဉ်ကျေးအောင် တိုးတက်အောင် နေကြတယ်။ တိရစ္ဆာန် ကတော့ အိပ်၊ စား၊ ကာမ ပဲ။
ယောင်္ကျား တစ်ယောက်ရဲ့ လွတ်လပ်မှု၊ မိန်းမ တစ်ယောက်ရဲ့ လွတ်လပ်မှု ဆိုပြီး နေချင်သလို ပေးနေ ကြည့်ပါလား။ ကမ္ဘာကြီး ဘာဖြစ်သွားမယ် ဆိုတာ စောင့်ကြည့်။ ခု ရိုးမန့်ဘော့ ဖြစ်နေတာက အစွန်းရောက် ခေတ်အမှီ မလိုက်နိုင်တဲ့ ပညတ်တွေ၊ ဥပဒေ တွေကို ရွံမုန်းသူပါ။ သို့ပေမယ့် သူ့ရဲ့ လုပ်ဆောင် ရေးသားချက်က ယင်ကောင်ကို အမြောက်နဲ့ ထုတ် သလို သိပ်မကွာခြား ပါဘူး။ အစွန်းရောက် တွေကို ပြန်လည် ဆုံးမဖို့ ကြိုးစားတဲ့ သူ့ အရေးအသားက အလည်မှာ တည့်တည့်မတ်မတ် မရှိပဲ အခြား တစ်ဖက်ကို အစွန်း ပြန်ရောက် သွားတယ်။ လွယ်လွယ် နဲ့ ရှင်းရှင်း ပြောရရင် - လိင်ဆက်ဆံ တာ ထည့် မရေးလည်း ရတယ်။ ရေးသားမှုကို လွတ်လပ်ခွင့် ပေးရမယ်တဲ့ သူက။ ပေးပါတယ်။ ဒါပေမယ့် လူတွေဆီ အဆိပ် အတောက် ရောက်မသွားအောင် စာပေ စိစစ်ရေးဆိုတာ ပေါ်လာတာပဲလေ။ နောက်ဆုံး စာပေ စိစစ် ကတော့ မစိစစ် နိုင်ခဲ့ရင် ဖတ်ရတဲ့ သူတွေက စိစစ် တားမြစ် မှာပါပဲ။
ဒီတော့ စာအုပ်ရဲ့ အမှာစာမှာ စာရေးဆရာ တစ်ယောက် ရေးထား သလိုပဲ အဆိပ် အတောက် ဖြစ်စေတဲ့ စာအုပ် ဖြစ်ပါတယ်။ တကယ် အဆိပ် အတောက် ပါ။ အစွန်းရောက်တဲ့ အတွေးအခေါ်ကို ဆွဲခေါ် သွားတယ်။ အတ္တ တွေ ပိုများ လာစေ မယ်။ ဒီတော့ ကျနော်သာ ရိုးမန့်ဘော့ ဆိုတဲ့ လူတစ်ပိုင်း စက်ရုပ် တစ်ပိုင်းကို အပြင်မှာ တွေ့ရင် မင်း ငါတို့ ဗုဒ္ဓ ဘုရား ဘာဟောခဲ့တဲ့ တရား တော် တွေကို ရပ်ကွက်က လူတွေ၊ so call religious people ပြောတာတွေ နားမယောင်ပဲ ကိုယ်တိုင် ကျမ်းဂန်တွေ လေ့လာ ကြည့်ပါလားလို့သာ ပြောချင် ပါတော့တယ်။ မဟုတ်လည်း ဘယ် ဘာသာကို မဆိုကိုယ် လေ့လာချင်တာ သေချာ လေ့လာ ပေါ့နော်။
အနားမကွပ်ထားတဲ့ ဖျာ နဲ့ တောင်းတွေ မကြာပဲ ပျက်ဆီး ရသလို၊ စည်းမျဉ်း စည်းကမ်းတွေ၊ ဥပဒေတွေနဲ့ ထိန်းချုပ်မထားတဲ့ ရပ်ကွက်တွေ၊ မြို့တွေ၊ ရွာတွေ၊ တိုင်းပြည်တွေ ပျက်ဆီး ရမှာပါ။ လူ ၁၀ ယောက်မှာ မတူညီတဲ့ အယူအဆ အတွေးအခေါ် တွေ ရှိမယ်။ ဒီထဲမှာ ကိုးယောက်က ညှိယူလို့ ရပြီး ညှိယူလို့ မရတဲ့ တစ်ယောက် ကတော့ ပတ်ဝန်းကျင် ကနေ ဗီလိန် ဖြစ်ရစမြဲ ဖြစ်ပါတယ်။ ဒါက ထုံးစံ ပဲလေ။ အဲ့ဒါကို လက်မခံပဲ ၉ယောက်စလုံး မှားတယ်လို့ အော်နေရင် အော်နေရုံပါပဲ။ ဒီထဲမှာ တရားမျှတမှု ရှိလာရအောင် ဘာသာတရား ဆိုတာ ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ အဆိုးတွေလည်း တဖြည်းဖြည်း ပျေက်ကွယ် မှာပါ။ သူကတော့ Freedom ကိုပြောနေပေမယ့် ရိုးမန်းဘော့ ပြောတဲ့ လွတ်လပ်မှုက သူ့ပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ လွတ်လပ်မှု ဖြစ်တာကြောင့် ဝမ်းနည်းစရာ ရလဒ် တွေပဲ သူ ရပါလိမ့်မယ်။
.
အောင်ခမ်း (ရိုးရာလေး) စာရေးသူ အောင်ရင်ငြိမ်းရဲ့ ရိုးမန်းဘော့ထ် တွေရဲ့ ကမ္ဘာ ဂယက် အတော်လေး ရိုက်ခတ်သွားတာ အားလုံး မျက်မြင် ကိုယ်တွေ့ ပါပဲ။ အဲ့ဒါနဲ့ ပက်သက်ပြီးတော့ ရိုးရာလေး အနေနဲ့ ဘယ်လို မြင်သလဲလို မေးကြတာတွေ အချို့ ရှိပါတယ်။ ဒီတော့ ခေတ်နောက်ကျ မကျန်အောင် စာရေးသူလည်း ဖတ်ရှုပြီး သကာလ ယခုလို ပြန်လည် သုံးသပ် ပေးလိုက် ရပါတယ်။
ဘာသာမဲ့ခြင်းရဲ့ ပြယုဂ်

ယနေ့ နံနက်ပိုင်း အထိ မန္တလေးမြို့ နောက်ဆုံး အခြေအနေ

ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း အခြေအနေတည်ငြိမ်အေးချမ်းလျှက်ရှ
-----------------------------------------------------------------------------------

မန္တလေးမြို့တွင် မနေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၏ အစိုးရမှ၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးများမှ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခြေအနေအားလုံးမှာ ပြည်လည်တည်ငြိမ်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ မဟုတ်ဘူးလား

Photo: ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ မဟုတ်ဘူးလား
Friday, July 4, 2014

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု၊ လူထု လက်မှတ် ကောက်ခံ မှုတွေဟာ လွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအပေါ် ဩဇာ မသက်ရောက်နိုင် ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့အပေါ် သူက အခုလို ပြောဆိုလိုက်တာပါ။

“၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု လူထုလက်မှတ် ကောက်ခံမှုတွေက သူ့ဆန္ဒနဲ့ သူလုပ်တာ” လို့ ဦးရွှေမန်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက တစ်ဦးအနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ နေရာမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ပြင် ဆင်ဖို့ ထောက်ခံသွားမယ်။ နိုင်ငံသား အကျိုးစီးပွား ထိခိုက်နိုင်တဲ့ ကိစ္စတွေကို ပြင်ဆင်ဖို့ တိုက်တွန်းလာရင် လက်မခံဘူးလို့ သူက ဆိုပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဟာ လွှတ်တော်က သဘောတူထားတဲ့ မူဝါဒအတိုင်း လုပ်ဆောင်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံး သဘောတူ လက်ခံထားတဲ့ အကြံပြုချက်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာ လုပ်ဆောင်နေတယ်လို့ ဦးရွှေမန်းက ရှင်းပြပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က လွှတ်တော် အစည်းအဝေးတွေ အပြီးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ခွင့်ရဖို့ ပြည်သူလူထုရဲ့ အင်အား ရယူနေတာ။ ပြည်သူ့ အသံကို ဖော်ဆောင်နေတာ။ လွှတ်တော်က ပြည်သူဆန္ဒကို ဖော်ထုတ် မထုတ် စောင့်ကြည့်ရမယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဖို့ NLDနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ မေလကနေ လူထုဆန္ဒလက်မှတ် ကောက်နေခြင်း ဖြစ် ပါတယ်။ အခုတော့ လူထုဆန္ဒလက်မှတ် သုံးသန်းကျော် ရရှိထားပါပြီလို့ NLD ပါတီက ထုတ်ပြန်ထားပါတယ်။

The Voice Weekly
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု၊ လူထု လက်မှတ် ကောက်ခံ မှုတွေဟာ လွှတ်တော်က ဖွဲ့စည်း ထားတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအပေါ် ဩဇာ မသက်ရောက်နိုင် ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့အပေါ် သူက အခုလို ပြောဆိုလိုက်တာပါ။

“၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု လူထုလက်မှတ် ကောက်ခံ မှုတွေက သူ့ဆန္ဒနဲ့ သူလုပ်တာ” လို့ ဦးရွှေမန်းက ပြော

အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကံလှိုင်ကိုယ်တိုင် ၀င်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခွင့် မပြုသဖြင့် လွတ်မြောက်

Photo: အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကံလှိုင်ကိုယ်တိုင် ၀င်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခွင့် မပြုသဖြင့် လွတ်မြောက်
Friday, July 4, 2014

အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးကံလှိုင်ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခံစေမှု မရှိသဖြင့် အမှုဖွင့်ခံရသူ လွတ်မြောက်နေကြောင်း အဓမ္မပြုကျင့်ခံရသူနှင့် သူမ၏ မိခင်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရုံးခန်းတွင် ဇူလိုင် ၃ ရက်က လာရောက် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့် တရားစွဲခံရသူ ကိုမင်းသူရဇော်အတွက် ညီမဖြစ်သူ မ ........ က တရားရုံးချိန်းများသို့ သွားရောက်စဉ် မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းနှင့် သိရှိရင်းနှီးခဲ့ကြောင်း၊ ဦးတင်မောင်ဝင်းက ကိုမင်းသူရဇော် လွတ်မြောက်ရေးအတွက် ကူညီပေးမည်၊ အထက်အရာရှိနှင့် တွေ့ပေးမည်ဆိုကာ ၂ဝ၁၄ ခုနှစ် မတ် ၃ ရက်က ပြင်ဦးလွင်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့ရှိ ပင်စီလက်ဖက်ရည်ဆိုင်၌ အထက်လူကြီးနှင့် တွေ့ဆုံပေးမည်ဆိုကာ စောင့်ဆိုင်းခိုင်းခဲ့ကြောင်း၊ ထို့နောက် ဦးတင်မောင်ဝင်း ပြန်လာကာ ကိုလာအချိုရည် တိုက်ခဲ့ကြောင်း၊ အချိုရည်သောက်ပြီး မူးဝေနေသော မ........ အား ပုလဲတည်းခိုခန်းသို့ ခေါ်ဆောင်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း မ........က ပြောကြားသည်။
“ဦးတင်မောင်ဝင်းက ဒီလိုဖြစ်တာနဲ့ ပတ်သက်ပြီး ဘယ်သူ့မှမပြောနဲ့။ လိုအပ်တဲ့ အကူအညီရှိရင်တောင်း။ နင့်အစ်ကိုအတွက်လည်း စိတ်မပူနဲ့လို့ ပြောပါတယ်။ နောက်ရက်တွေကျတော့ သူကရှောင်နေပါတယ်။ သူ့ကိုဆက်သွယ်လို့ရတော့ ပိုက်ဆံညှိမယ်။ သားမယားစရိတ်ပေးမယ်။ အမှုလည်း ပိတ်ပေးမယ်လို့ ပြောတယ်” ဟု မ..........က ဆို သည်။
မ............၏ မိခင်ဖြစ်သူ ဒေါ်မာလာ၏ သားဖြစ်သူ ကိုမင်းသူရဇော်မှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည် ဆိုသော်လည်း သူ့အား ဦးလေးတော်စပ်သူ ဦးခင်မောင်ထွေး၏ ဇနီးဖြစ်သူ ဒေါ်ခင်မာလွင်က မူးယစ်ဆေးဝါး ရောင်းချခိုင်းသဖြင့် မရောင်းရဲ၍ မန္တလေးမြို့ မောရဂီဝါရပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့သွားကာ မူးယစ်ဆေးဝါးအား အပ်နှံရာမှ ဖမ်းဆီးခံခဲ့ရကြောင်း ဒေါ်မာလာကဆိုသည်။ ကိုမင်းသူရဇော်က ထိုသို့ အပ်နှံခဲ့သဖြင့် မူးယစ်ဆေးဝါးဖြန့်ချိသူ ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီထွေးတို့အား ဆက်စပ်ဖမ်းဆီးနိုင်ခဲ့ပြီး ကိုမင်းသူရဇော်အား အစိုးရသက်သေအဖြစ် ဖမ်းဆီးမည်ဖြစ်ကြောင်းနှင့် မကြာမီပြန်လွတ် လာမည်ဖြစ်ကြောင်း အမှတ် (၈) ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိများနှင့် မောရဂီဝါရပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိခင်ဖြစ်သူ ဒေါ်မာလာအား လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဒေါ်မာလာက ဆိုသည်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများ အမှုပေါ့လျော့ရန်နှင့် ပြစ်ဒဏ်မှလွတ်မြောက်ရန်ဆိုကာ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှက မူးယစ်ဆေးဝါးဖြန့်ချိသူ ဒေါ်ခင်မာလွင်၏ အမျိုးသားဖြစ်သူ ဦးခင်မောင်ထွေးထံမှ ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ရာ ဦးခင်မောင်ထွေးက ကျပ်သိန်း ၁ဝဝ အား မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှအား ပေးအပ်ခဲ့ကြောင်းနှင့် ထိုသို့ပေးအပ်ချိန်၌ ဒေါ်မာလာ လိုက်ပါသွားခဲ့ကြောင်း ဒေါ်မာလာက ဆိုသည်။
ထိုသို့ ပေးအပ်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် ဧပြီ ၁ဝ ရက်က အပြီးသတ်စီရင်ချက် ချရာတွင် ဒေါ်ခင်မာလွင်နှင့် ဒေါ်နီနီထွေးအား ထောင်ဒဏ် ၁၂ နှစ်၊ ကိုမင်းသူရဇော် အား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ကြောင်း၊ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှမှ ကျပ်သိန်း ၁ဝဝ အား လာဘ်ငွေအဖြစ် ရယူ၍ များပြားသည့် ထောင်ဒဏ်ချမှတ်မှုအပေါ် ဦးခင်မောင်ထွေးက ပြောဆိုမှု ပြုလုပ်သဖြင့် ဦးခင်မောင်ထွေး၊ ဦးသူရရဲထွဋ်နှင့် ဒေါ်မာလာတို့အား ပုဒ်မ ၃၅၃၊ ၂၉၄၊ ၅ဝ၆ ဖြင့် မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ကာ တရားစွဲဆို အမှုဖွင့်ခံခဲ့ရကြောင်း ဒေါ်မာလာက ပြောကြားသည်။
“ကျွန်မသားက မူးယစ်ဆေးဝါးကို ရပ်ကွက်ရုံးသွားအပ်လို့ အစိုးရသက်သေအနေ နဲ့ ပြန်လွတ်လာမှာ ပြောပါတယ်။ ကျွန်မတို့က ဆင်းရဲတော့ ရှေ့နေလည်း မငှားနိုင်ပါဘူး။ စီရင်ချက်ချတော့ တကယ်ရောင်းတဲ့သူတွေက ထောင် ၁၂ နှစ်ပဲကျပြီး ကျွန်မသားက ထောင် ၁၆ နှစ် ကျခံခဲ့ရတယ်။ စီရင်ချက်ချတဲ့နေ့မှာ သားကို ထောင် ၁၆ နှစ် အချခံရတော့ ကျွန်မမူးလဲသွားတယ်။ ဒါပေမဲ့ ပုဒ်မ ၃၅၃ နဲ့ အမှုဖွင့်ခံရတယ်။ အခုဆို ကျွန်မသမီးက ရုံးအုပ်စော်ကားလို့ ဗိုက်ကြီးနေတယ်။ သားကလည်း ထောင် ၁၆ နှစ် အကျခံရတယ်။ ကျွန်မကိုလည်း တရားစွဲထားတယ်။ မတရားခံရတာပါ” ဟု ဒေါ်မာလာက ငိုရှိုက်၍ ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်အတွက် မ..........က အဓမ္မပြုကျင့်ခံရသူ မ...........က အဓမ္မ ပြုကျင့်ခံရသည့် မြို့နယ်ဖြစ်သည့် ပြင်ဦးလွင် မြို့မရဲစခန်း၌ မေ ၂၁ ရက်က အမှုဖွင့်တိုင်ကြားရာ ရဲစခန်းက ပ/၁ဝ၇ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အမှုဖွင့်ပြီးနောက် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဦးကံလှိုင်ကိုယ်တိုင် ဦးဆောင်၍ သွားရောက်ဖမ်းဆီးရာ မန္တလေးခရိုင် တရားသူကြီး ဒေါ်ခင်ခင်လှက တရားရုံးအတွင်း ဖမ်းဆီးခွင့် မပြုနိုင်ကြောင်း ပြောဆိုကာ ဦးတင်မောင်ဝင်းအား ခွင့်တစ်လ ပေးခဲ့သဖြင့် ရဲစခန်းမှလက်ရှိ အချိန်အထိ ဖမ်းဆီးနိုင်မှု မရှိခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေး၊ ဒေါ်မာလာနှင့် မ.......က ပြောကြားသည်။
“ရဲက ရဲလုပ်ငန်း ကုန်စင်အောင်လုပ်ပြီးတော့ တရားခံကို လိုက်ဖမ်းပါတယ်။ တရားခံဖြစ်တဲ့ ဦးတင်မောင်ဝင်းက ခရိုင်တရားရုံးရဲ့ ရုံးအုပ်ဖြစ်တဲ့အတွက် သူရုံးတက်တဲ့အချိန်မှာ သွားဖမ်းပါတယ်။ အဲ့ဒါကို ခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက သူ့ရုံးထဲမှာ လာမဖမ်းရဘူး။ ငါ့ရုံးထဲမှာ ဖမ်းခွင့်မပေးနိုင်ဘူး။ စစ်ချင်ရင် ရုံးထဲမှာပဲ စစ်ပါဆိုပြီး ရဲလုပ်ငန်းကို ဝင်နှောင့်ယှက်ပါတယ်။ ငါ့စီရင်ပိုင်ခွင့်ဆိုတဲ့ ပုံစံမျိုးလုပ်ပါတယ်။ ရဲတွေပြန်သွား ရပါတယ်။ ပြင်ဦးလွင်မြို့မရဲစခန်းက စခန်းမှူးကိုယ်တိုင် ဝင်ဖမ်းတာပါ။ အဲဒီလိုဖြစ်တော့ စခန်းမှူးက သူနဲ့တင်မပြီးတော့လို့ ခရိုင်တရားသူကြီး ဝင်ပါနေတဲ့ကိစ္စ၊ အကာအကွယ်ပေးနေတဲ့ ကိစ္စကို အထက်ကိုတင်ပြလိုက်တော့ အထက်ဖိအား ရောက်လာတဲ့အချိန်မှာ ခရိုင်တရားသူကြီးက မုဒိမ်းတရားခံ ဖြစ်နေတဲ့ ဦးတင်မောင်ဝင်းကို ခွင့်တစ်လ ပေးလိုက်ပါတယ်။ အဲဒါက တရားခံကို အားပေးကူညီလိုက်တာ ဖျောက်ဖျက်လိုက်တာပါ။ အဲဒီမှာ တရားခံဖြစ်နေတဲ့ ဦးတင်မောင်ဝင်းက သူကိုယ်တိုင် ဒေါ်မာလာတို့ကို အမှုဖွင့်ထားတဲ့အတွက် တရားရုံးကို မလာလို့ မရတော့ဘူး။ တရားရင်ဆိုင်တဲ့ အပတ်တိုင်းမှာ မုဒိမ်းတရားခံကို ဖမ်းဖို့လာနေပါတယ်။ အဲဒီလိုဖြစ်တဲ့အဆုံး ဦးတင်မောင်ဝင်းက ကြံရာမရဖြစ်ပြီး မဘသဆရာတော် ဦးဝီရသူကို လီဆည်ပြီး တိုင်ပါတယ်။ မဘသဆရာတော်တွေရဲ့ အကာအကွယ်ကို ယူထားပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောကြားသည်။
အထက်ပါ ဖြစ်ရပ်များအတွက် ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဦးကံလှိုင်အား လက်ရှိရာထူးနှင့် ဖြစ်ရပ်များအပေါ် ဇူလိုင် ၃ ရက်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲဝန်ထမ်းက ဖြစ်ရပ်အား သိရှိမှုမရှိကြောင်းနှင့် ဦးကံလှိုင်မှာ အပြင်သို့သွားကြောင်း၊ ဦးကံလှိုင်၏ လက်ကိုင်ဖုန်းနံပါတ်အား EMG မှ မေးမြန်းသော်လည်း ဖုန်းချသွားခဲ့သည်။ ထပ်မံဖုန်းခေါ်၍ မေးမြန်းရာတွင်လည်း မကြားရကြောင်းသာ ပြောဆို၍ ဖုန်းချသွားခဲ့သည်။
မဘသဆရာတော် ဦးဝီရသူက မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသူ ဦးတင်မောင်ဝင်းအား အကာအကွယ် ပေးထားသည် ဆိုသည့်အပေါ် ဆရာတော် ဦးဝီရသူအား ဇူလိုင် ၃ ရက်က ဆက်သွယ်မေးမြန်းရာ ဆရာတော် စာချနေကြောင်းသာ ပြန်လည်ဖြေခဲ့သည်။
မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှအား ကျပ်သိန်း ၁ဝဝ လာဘ်စားသည်ဆိုခြင်း၊ မန္တလေးခရိုင်တရားရုံးအုပ် ဦးတင်မောင်ဝင်းအား အကာအကွယ်ပေးသည်ဟုဆိုခြင်း၊ ဦးတင်မောင်ဝင်းအား မုဒိမ်းမှုပုဒ်မဖြစ်သည့် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရခြင်း စသည့်အချက်အလက် များအတွက် ဒေါ်ခင်ခင်လှနှင့် ဦးတင်မောင်ဝင်းအား တုံ့ပြန်ပြောဆိုနိုင်ရန် ဦးတင်မောင်ဝင်း ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းသို့ ဇူလိုင် ၃ ရက်က အကြိမ်များစွာ ဆက်သွယ်ရာ ဖုန်းမအားကြောင်းသာ အမြဲမပြတ် ဖြေဆိုမှုကို ကြုံခဲ့ရသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့်ဆိုင်သည့် တရားရေးဝန်ထမ်းများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် လွှတ်တော်တွင်း တိုင်ကြားမှုများရှိနေပြီး အများဆုံး တိုင်ကြားခံနေရသည်။
လတ်တလော၌ပင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်လဲ့လဲ့အား ကျပ်သိန်း ၅ဝ လာဘ်ယူမှုဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖျာပုံမြို့ ဒုတိယမြို့နယ် တရားသူကြီးအဖြစ် ရာထူးသုံးနှစ်လျှော့ချသည့် ဖြစ်စဉ်တစ်ခု ယခုနှစ် ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသူ၏ မိသားစုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ရှင်းလင်းနေစဉ်
Eleven Media groupအဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံရသူ မန္တလေးခရိုင်တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းအား ပြင်ဦးလွင်မြို့မ ရဲစခန်းမှ စခန်းမှူး ဦးကံလှိုင်ကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးသော်လည်း မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက အကာအကွယ်ပေးကာ ဖမ်းဆီးခံစေမှု မရှိသဖြင့် အမှုဖွင့်ခံရသူ လွတ်မြောက်နေကြောင်း အဓမ္မပြုကျင့်ခံရသူနှင့် သူမ၏ မိခင်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရုံးခန်းတွင် ဇူလိုင် ၃ ရက်က လာရောက် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့် တရားစွဲခံရသူ ကိုမင်းသူရဇော်အတွက် ညီမဖြစ်သူ မ ........ က တရားရုံးချိန်းများသို့ သွားရောက်စဉ် မန္တလေးခရိုင် တရားရုံးမှ ရုံးအုပ်ဦးတင်မောင်ဝင်းနှင့်

ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတွေ တက်နိုင်မလဲ

Photo: ဆီမီးဖိုင်နယ်ကို ဘယ်အသင်းတွေ တက်နိုင်မလဲ
Friday, July 4, 2014

ကွာတားဖိုင်နယ်ကို တက်သွားကြတဲ့ အသင်း ၈ သင်း ကတော့ ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ၊ ကော်စတာရီကာ အသင်းတွေ ဖြစ်ကြပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မနက်ဖြန် ဇူလိုင် ၄ ရက် သောကြာနေ့နဲ့ ၅ ရက် စနေနေ့တွေမှာ တစ်နေ့ ၂ပွဲစီ ကစားကြမှာပါ။

ပထမနေ့ သောကြာနေ့မှာ ပထမပွဲအဖြစ် ပြင်သစ်နဲ့ ဂျာမနီ၊ ဒုတိယပွဲ ဘရာဇီးနဲ့ ကိုလံဘီယာတို့ ကစားကြမှာ ဖြစ်ပါတယ်။

ကိုလံဘီယာ အသင်းနဲ့ ရင်ဆိုင်ရမယ့် အိမ်ရှင် ဘရာဇီး အသင်းကို စိတ်ဓာတ် မြှင့်တင်ပေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာ အကြံပေး ပညာရှင် တစ်ယောက်ကို ဘရာဇီး နည်းပြ လူးဝစ္စ ဖလိပေး စကိုလာရီက ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

နောက်ဆုံး ၁၆ သင်းအဆင့် ရှုံးထွက် ပြိုင်ပွဲတုန်းက တောင့်တင်းတဲ့ ချီလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ချိန်က ဘရာဇီး ကစားသမား တချို့ မျက်ရည်ကျတဲ့အထိ စိတ်လှုပ်ရှားခဲ့ကြရလို့ အခုလို စိတ်ပိုင်းဆိုင်ရာ ပညာရှင်ကို ခေါ်လိုက်တာပါ။

ဘရာဇီးရဲ့ တိုက်စစ်မှူး နေမာကတော့ ဒူးနဲ့ ပေါင်ဒဏ်ရာတွေ ကနေ သက်သာလာပြီ ဖြစ်လို့ ကိုလံဘီယာနဲ့ ပွဲမှာ ကစားနိုင်မယ်လို့ ဆိုပါတယ်။

ဒုတိယနေ့ စနေနေ့မှာတော့ ပထမပွဲ အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံ၊ အဲဒီနောက် နယ်သာလန်နဲ့ ကော်စတာရီကာ အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။

နယ်သာလန် အသင်းနဲ့ ကစားရမယ့် ကော်စတာရီကာရဲ့ နည်းပြကတော့ သူ့အသင်းဟာ ပင်နယ်တီ ကန်တာကို သေချာ လေ့ကျင့်ထားတယ် လို့ ပြောပါတယ်။

ဂရိကို ပင်နယ်တီနဲ့ နိုင်ခဲ့တဲ့ ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား နားဗတ်စ်ကတော့ ပုခုံး ဒဏ်ရာ ရထားပေမယ့် စနေနေ့ ပွဲမှာ ဝင်ကစားနိုင်ဖို့ များပါတယ်။

BBC
ကွာတားဖိုင်နယ်ကို တက်သွားကြတဲ့ အသင်း ၈ သင်း ကတော့ ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ ၊ ကော်စတာရီကာ အသင်းတွေ ဖြစ်ကြပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မနက်ဖြန် ဇူလိုင် ၄ ရက် သောကြာနေ့နဲ့ ၅ ရက် စနေနေ့တွေမှာ တစ်နေ့ ၂ပွဲစီ ကစားကြမှာပါ။

ထိုင်းအွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မယ်သီလရှင်


ထိုင်း နိုင်ငံ အွန်လိုင်း လောကမှာ နာမည်ကြီးနေတဲ့ သန်းကြွယ်သူဋ္ဌေး မယ်သီလရှင် တဦးပါ။ သူ့နာမည်က မယ်သီလရှင် ချယ်ရီတဲ့။

ဓာတ်ပုံ- Khaosod
 လူတွေက မယ်သီလရှင် ချယ်ရီကို သတိထားမိသွားတာကတော့ အွန်လိုင်းမှာ တနေ့က ဘတ်ငွေ သန်းချီ တန် တဲ့ Porche ကား အကောင်းစားကို ကိုယ်တိုင်းလာတဲ့ ဓာတ်ပုံတွေ တက်လာပြီး နောက်ပိုင်း မှာ ပါဘဲ။ ဒီ ဓာတ်ပုံတွေက ထိုင်းနိုင်ငံသားတွေကြားမှာ အမြင်စိမ်းပြီး ထူးခြားနေတာပေါ့။ အလှူအတန်း ကလည်း အရမ်း ရက်ရောပြီး ဘတ်ငွေ ၄ သန်း၊ ၅ သန်း လောက် လှူဒါန်းတဲ့ ဓာတ်ပုံတွေ လည်း

သေကြောင်းကြံသူအား အမှုဖွင့်အရေးယူထား

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကုန်းဇောင်းတိုက်နယ်ဆေးရုံတွင် တံစဉ်ဖြင့်ထိုး၍ ဒဏ်ရာရရှိသူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။ စစ်ဆေးချက်အရ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာနေ စိုးခိုင်(ခ)မောင်ခိုင်(၃၅)နှစ်သည်

မုန်းတီးရေးဖြစ်ပေါ်စေမှု ရှောင်ရှား ကြဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း

အစိုးရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအောင်မြင် ဖို့အတွက် ပြည်သူတွေအကြားမှာ မုန်းတီးမှုတွေဖြစ်စေ မယ့် လှုံ့ဆော်မှုတွေနဲ့ ပြုမူပြော ဆိုမှုတွေကို ရှောင်ရှားကြ ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား ပါတယ်။
အစိုးရရေဒီယိုကနေ လစဉ်ပြောနေကြ မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြော ကြားလိုက် တာဖြစ်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားတွေ ပူးပေါင်းဖို့ ကိုမင်းကိုနိုင် တိုက်တွန်း


Photo: အခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားတွေ ပူးပေါင်းဖို့ ကိုမင်းကိုနိုင် တိုက်တွန်း
Friday, July 4, 2014

တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီအရေးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြော လိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဟုတ်ကြန့်တရုတ်ဘုံကျောင်းမှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့တာပါ။

"တိုင်းရင်းသားအရေးဟာ ဖက်ဒရယ်အရေးပါ၊ ဒီမိုကရေစီအရေးဟာ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ အရေးပါ၊ အဲ့လို တိုင်းရင်းသားတွေကို ကျနော် က ဖြစ်စေချင်တာက ဖက်ဒရယ်အရေးကြီးပဲ အာရုံမစိုက်ပဲနဲ့ ဒီမိုကရေစီ အရေးကြီးတဲ့ အတွက်ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဒီမိုကရေစီနည်းကျဖို့ ဝိုင်းပေးပါ၊ တကယ်တော့ ပြည်တွင်းစစ် ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ဖို့၊ ဖက်ဒရယ်ဖြစ်ဖို့ အားလုံဟာ ဖွဲ့စည်းပုံကို မပြင်ပဲနဲ့ မရပါဘူး၊ ဒီမိုကရက်တစ်နိုင်ငံဖြစ်ဖို့လည်း ဖွဲ့စည်းပုံ ပြင်ရမယ်၊ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့လည်း ဖွဲ့စည်းပုံပြင်ရမယ်၊ ကျနော်တို့ တူနေပြီဒီမှာ၊ တူနေပြီဖြစ်တဲ့အတွက်ကြောင့် နှစ်ခုလုံးကို ခွဲထုတ်လို့မရအောင်၊ ကျနော်တို့ အမြဲတမ်းကပ်ထားတယ်"

ဒီနေ့ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဥပဒေပညာရှင် ဦးအောင်သိန်း တို့လည်း ဟောပြောခဲ့ပါတယ်။

အဲ့ဒီဟောပြောပွဲကို တောင်ကြီး၊ ဟိုပုံး၊ နမ့်စန်၊ လွိုင်လင်စတဲ့ မြို့နယ်တွေက NLD ပါတီဝင် တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်တွေနဲ့ ဒေသခံပြည်သူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA 
တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီအရေးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်း ပါဝင်ပေးကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြော လိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဟုတ်ကြန့်တရုတ်ဘုံကျောင်းမှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့တာပါ။

"တိုင်းရင်းသားအရေးဟာ ဖက်ဒရယ်အရေးပါ၊ ဒီမိုကရေစီအရေးဟာ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့

မြစ်ကြီးနားမြို့ရှိ ဘဏ်အချို့မှထုတ်ယူသည့် ငွေကဒ်များတွင် ကျပ်ငွေ အတုများတွေ့

 Photo: မြစ်ကြီးနားမြို့ရှိ ဘဏ်အချို့မှထုတ်ယူသည့် ငွေကဒ်များတွင် ကျပ်ငွေ အတုများတွေ့
Friday, July 4, 2014

မြစ်ကြီးနား အရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ ထုတ်ယူခဲ့သော ကျပ်
ငါးထောင်တန် ကဒ်တွင် ငါးထောင်တန်အတု တစ်ရွက်ပါလာသည့်
အတွက် ဘဏ်သို့သွားပြီး ပြန်လည်သွားအပ်ခဲ့ရကြောင်း
သတင်းရရှိသည်။
ဇွန်လ (၃၀) ရက်နေ့တွင် ကျပ်သိန်း ငါးဆယ် သွားထုတ်ခဲ့စဉ် ပါလာခြင်းဖြစ်ကြောင်းလည်း ငွေသွားထုတ်ခဲ့သူ ဒေါ်အညွယ်
မှဆိုသည်။
‘ ငါးထောင်တန်အတုတစ်ရွက်ပါလာလို့ ဘဏ်ကိုပြန်သွားအပ်တယ်။ သူတို့လည်း ပြန်လှဲပေးတယ်။ နောက်ဆို ဘဏ်ကမထွက်ခွာမီ စစ်ပေးဖို့ပြောတယ်။ ငွေများရင်တော့တစ်ယောက်ထဲဘယ်လို
စစ်နိုင်မှာလဲ။ ငွေသွာသွင်းရင်လည်း သူတို့ကသေးစိတ်စစ်ပြီးမှ
ယူတဲ့အတွက် ထုတ်ပေးရင်လည်း အသေးစိတ်စစ်ပြီး ထုတ်ပေးတယ်
ထင်ထားတယ်။ ဒါကြောင့်လည်း မစစ်ပဲနဲ့ယူလိုက်တာ။”
ဟု ဒေါ်အညွယ်မှဆိုသည်။
အဆိုပါငွေကဒ်တွင် သုံးဆွဲလို့မရနိုင်သည့် ငွေစက္ကူအတုများလည်း
ပါရှိကြောင်းနှင့် KBZ ဘဏ်မလည်း လွန်ခဲ့သည့် သုံးရက်လောက်က
ကျပ် ၂၀၀ တန်အတုများတွေ့ကြောင်းလည်း ဆိုသည်။
ထိုငွေစက္ကူအတုသည် ငွေအစစ်ထက် အရောင်ဖျော့ခြင်း၊ ဆင်အရိပ့်မပါခြင်း၊ မြန်မာနှိုင်ငံတော်ဗဟိုဘဏ် မဟုတ်ပဲ (ဗဟိုတဏ်)ဟု ရေးထားခြင်း၊ဖဲကြိုးမပါရှိခြင်း စသည့်ကွားခြား
မှုများရှိသည်။
“လက်နဲ့စစ်တယ်။ များတော့အားဖြင့်တော့မပါဘူးပေါ့။ ဒါပေမဲ့သိန်း
ကိုသောင်းနှင့် ချီစစ်တဲ့အခါမှာ တစ်ခါတလေ ပါမယ်မပါဘူးတော့ ကိုယ်လည်းအမခံလို့မရဘူးပေါ့။ “ဟု AGD ဘဏ်မှ မန်နေဂျာက
ဆိုသည်။
ပါလာခဲ့ရင်လာcustomer တွေအားအဆင်ပြေအောင်ပြန်လည်
လုပ်ဆောင်ပေးကြောင်းလည်းဆိုသည်။

Credit To:Kachinwave 
မြစ်ကြီးနား အရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ ထုတ်ယူခဲ့သော ကျပ်ငါးထောင်တန် ကဒ်တွင် ငါးထောင်တန်အတု တစ်ရွက်ပါလာသည့်အတွက် ဘဏ်သို့သွားပြီး ပြန်လည်သွားအပ်ခဲ့ရကြောင်း သတင်းရရှိသည်။
ဇွန်လ (၃၀) ရက်နေ့တွင် ကျပ်သိန်း ငါးဆယ် သွားထုတ်ခဲ့စဉ် ပါလာခြင်းဖြစ်ကြောင်းလည်း ငွေ သွားထုတ်ခဲ့သူ ဒေါ်အညွယ်မှဆိုသည်။
‘ ငါးထောင်တန်အတုတစ်ရွက်ပါလာလို့ ဘဏ်ကိုပြန်သွားအပ်တယ်။ သူတို့လည်း ပြန် လှဲပေးတယ်။ နောက်ဆို ဘဏ်ကမထွက်ခွာမီ စစ်ပေးဖို့ပြောတယ်။ ငွေများရင်တော့ တစ်ယောက်ထဲ

တက္ကသိုလ်ဝင်တန်းထူးချွန်စွာ အောင်မြင်သည့် ကျောင်းသား ၂၀ ဦး ဂျပန်သို့ လေ့လာရေးစေလွှတ်မည်

တက္ကသိုလ်ဝင်တန်း စာ မေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား ၂၀ ကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် အဖြစ် စက်တင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်အသင်း(MJA) မှ သတင်းရရှိသည်။
မြန်မာ-ဂျပန်သံတမန်ဆက် ဆံရေး နှစ် (၆၀) ပြည့်အထိမ်း အမှတ်အဖြစ် ၂၀၁၄ တွင် အောင်မြင်ခဲ့သူ များမှ ရွေးချယ်ခြင်းဖြစ်သည်။

မန္တလေးအဓိကရုဏ်းတွင် မြို့ခံမဟုတ်သူများ လာရောက်အကြမ်းဖက်ရန် ကြိုးစားခဲ့ဟု ဝန်ကြီးချုပ်ပြော


 
မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေးအသွင် အကြမ်းဖက်ပဋိပက္ခဖန်တီးရန် မြို့ခံမဟုတ်သော အခြားဒေသမှ လူများလာရောက်အကြမ်းဖက် ရန် ကြိုးစားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန် ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

‘‘ဖြစ်စဉ် ဖြစ်ပွားလိုက်တဲ့ အချိန်မှာ ပြင်ပက ဒီလိုပဲဒီကော လာဟလသတင်းများနဲ့ ရောက် လာကြမယ့်အနေအထားမျိုးလေး တွေလည်း ကျွန်တော်တို့တွေ့ခဲ့ ပါတယ်။ ဒါကြောင့်မို့ အချိန်မီ ကျွန်တော်တို့က ပြင်ပကလူတွေ မဝင်နိုင်အောင် တားဆီးနိုင်ခဲ့ပါ တယ်။ ဒါကပထမဖြစ်စဉ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်မှု အမှန်တကယ်လိုအပ်ချက်ဟု မန္တလေးမြို့ခံအများစုရှုမြင်

မန္တလေးမြို့တွင် ည ၉နာရီ မှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်မှုသည် လတ်တလောဖြစ်ပေါ်နေသော အုပ်စုဖွဲ့အကြမ်းဖက်မှုများ ရပ်တန့်သွားရေးနှင့် မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက်အမှန်တကယ်လိုအပ်ချက်တစ်ခုဟု ထင်မြင်မိကြောင်း မန္တလေးမြို့ခံအများစုက ပြောသည်။

ပုဒ်မ-၁၄၄ ထုတ်ပြန်ပြီးနောက် လူသူကင်းမဲ့နေသောမန္တလေးမြို.။


ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ အခြားပယောဂများကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သုံးသပ်

Photo: ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ အခြားပယောဂများကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သုံးသပ်
Friday, July 4, 2014

ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ အခြားပယောဂများကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဇူလိုင် ၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်များ မေးမြန်းသည့် ယခင်အစိုးရလက်ထက်တွင် ဘာသာရေးပဋိပက္ခများ မရှိကြောင်း၊ ယခုအစိုးရ လက်ထက်တွင်သာ ရှိလာကြောင်း၊ ဖြစ်ပေါ်လာချိန်တွင်လည်း ဖြစ်ဖြစ်ချင်း ထိန်းသိမ်းခြင်း မရှိကြောင်း၊ လွှတ်တော်သို့လည်း ဖြစ်စဉ်များကို သက်ဆိုင်ရာမှ အသိပေးအကြောင်းကြားခြင်း မရှိကြောင်း၊ ယခုအပေါ်တွင် မည်သို့သုံးသပ်သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက ပြောကြားရာတွင် “တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်ခဲ့တယ်။ အခုကျတော့ ဒီမိုကရေစီ ကူးပြောင်းတဲ့အခါမှာ ဒီမိုကရေစီ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး ဆောင်ရွက်လို့ ဒီလိုဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သွေးရိုးသားရိုး မဟုတ်ဘဲနဲ့ အခြားပယောဂကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခြားပယောဂ ဆိုတဲ့နေရာမှာ အတော်လေးဆန်းကျယ် ရှုပ်ထွေးပါတယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြည့်လို့မရဘူး။ ကိုယ့်အဖွဲ့အစည်းတစ်ခုတည်း ကြည့်လို့မရဘူး။ အခြားနိုင်ငံတွေလည်း ရှိတဲ့အတွက် မိမိတို့မမြင်နိုင်တဲ့ ကိစ္စတွေကြောင့် ဒီလိုဖြစ်လာတယ်ဆိုရင် နာမှာက ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့အတွက် အဲလိုမဖြစ်အောင် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကာကွယ်ရမယ်” ဟု ပြောကြားခဲ့သည်။

လွှတ်တော်အနေဖြင့်လည်း အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တင်ပြလာပါက ပူးပေါင်းကာကွယ် ဆောင်ရွက်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။

ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များသည် ဒီမိုကရေစီပြောင်းလဲမှုကို ထိခိုက်နိုင်သဖြင့် မီဒီယာများအနေဖြင့် ပူးပေါင်းကာကွယ်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ဆိုသည်။

လွှတ်တော်အနေဖြင့် ဒီမိုကရေစီနောက်ကြောင်း ပြန်လှည့်မည်ဆိုသည်ကို စဉ်စားထားခြင်းပင် မရှိကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

လက်ရှိမန္တလေးမြို့တွင် ဖြစ်ပေါ်နေသည့်ကိစ္စများနှင့် ပတ်သက်၍ အင်တာနက် သတင်းများပေါ်မှသာ သိရှိရပြီး လွှတ်တော်သို့ အုပ်ချုပ်ရေးအဖွဲ့မှ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အကြောင်းကြားချက်မှ ရရှိထားခြင်း မရှိသေးကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၃ ရက်က နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း(ဗဟိုအတိုင်ပင်ခံ၊ ပြည်ခိုင်ဖြိုးပါတီ)၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း (ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး 
Eleven Media Group ဘာသာရေး ပဋိပက္ခ များ ဖြစ်ပေါ်နေခြင်း သည် သွေးရိုးသားရိုး မဟုတ်ဘဲ အခြားပယောဂ များကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြား ခဲ့သည်။
ဇူလိုင် ၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် ဆာဗာ ယာယီပိတ်

Photo: မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် ဆာဗာ ယာယီပိတ်
Friday, July 4, 2014

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့က ဖေ့စ်ဘုတ် သုံးစွဲလို့ မရပဲ ယာယီပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ည ၁၂ နာရီကျော်လောက်မှာ ဖေ့စ်ဘုတ်ကို ပြန်လည် အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။ 

အခုလို ဖေ့စ်ဘုတ် ယာယီပိတ်သိမ်းမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်ပါတယ်။ ဘာကြောင့် ဖေ့စ်ဘုတ်ကို ပိတ်တယ်ဆိုတာ မသိရသေးပေမယ့် မန္တလေး အဓိကရုဏ်းဖြစ်ပွားတာနဲ့ တိုက်ဆိုင်နေပါတယ်။ 

တချို့ ဖေ့စ်ဘုတ်သုံးသူတွေဟာ ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ မှားယွင်းတဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင်
နေ တာလည်း တွေ့နေရပါတယ်။ 

ထိုင်း နိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဖေ့စ်ဘုတ်ကို ယာယီပိတ်သိမ်းခဲ့ဖူးပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ ဖေ့စ်ဘုတ်ကို လုံးဝ သုံးခွင့် မပြုပါဘူး။ ဒါပေမယ့် ရန်ကုန်ရှိ တရုတ် သံရုံးကတော့ ဖေ့စ်ဘုတ်စာမျက်နှာ ရှိပြီး သတင်းထုတ်ပြန်မှုတွေ လည်း လုပ်ပါတယ်။ 

အိမ့်သံစဉ် 
ဧရာဝတီ
မြန်မာနိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့က ဖေ့စ်ဘုတ် သုံးစွဲလို့ မရပဲ ယာယီပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ည ၁၂ နာရီကျော်လောက်မှာ ဖေ့စ်ဘုတ် ကို ပြန်လည် အသုံးပြုလို့ ရတယ်လို့ သိရပါတယ်။

အခုလို ဖေ့စ်ဘုတ် ယာယီ ပိတ်သိမ်း မှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်ပါ တယ်။ ဘာကြောင့် ဖေ့စ်ဘုတ်ကို ပိတ်တယ်ဆိုတာ မသိရသေးပေမယ့် မန္တလေး အဓိကရုဏ်းဖြစ် ပွားတာနဲ့ တိုက်ဆိုင်နေပါတယ်။