Tuesday, January 21, 2014

ဘိန်းဖြူရောင်းဝယ်သူ ၃၀ ကို ဗီယက်နမ် သေဒဏ်ချမှတ်

Photo: ဘိန်းဖြူရောင်းဝယ်သူ ၃၀ ကို ဗီယက်နမ် သေဒဏ်ချမှတ်
Tuesday, January 21, 2014

ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်၍ ဘိန်းဖြူ ရောင်းဝယ်မှု ပြုလုပ်ခဲ့သူ ၃၀ ဦးကို သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံတွင် လူအများဆုံး အမှုစစ်ဆေးမှု အဖြစ် လူ ၈၉ ဦး ကို ဇန်နဝါရီလအစောပိုင်းက Quang Ninh ပြည်နယ်တွင် စတင် အမှုစစ်ဆးခဲ့ပြီး ၄င်းတို့ထဲမှ လူ ၃၀ ကို သေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဘိန်းဖြူနှစ်တန် ရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားသော အဆိုပါ ၈၉ ဦးကို အမှု အမျိုးမျိုးဖြင့် ယမန်နှစ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ၄င်းတို့ထဲမှ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ကိုးဦးကို သေဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး၊ ကျန်လူများ မှာလည်း ထောင်ဒဏ် ၂ နှစ်မှ ထောင်ဒဏ်တစ်သက် အထိ ချမှတ် ခံခဲ့ရသည်။

"တရားခံဦးရေ များတာရော၊ သေဒဏ် ပြစ်ဒဏ်ပေး ခံရသူများတာ ကိုရော ကြည့်မယ်ဆိုရင် ဒီအမှုဟာ ဗီယက်နမ်မှာ အကြီးဆုံး အမှုပါပဲ" ဟု ဗီယက်နမ်ရှိ ဘီဘီစီသတင်းထောက် Nga Pham က ပြောကြားသည်။

အဆိုပါ တရားခံများသည် မူးယစ်ဂိုဏ်း အဖွဲ့မျိုးစုံမှဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစ၍ လာအိုမှ ဘိန်းဖြူများကို ဗီယက်နမ်၊ တရုတ် နိုင်ငံများသို့ ရောင်းချကြခြင်း ဖြစ်ကြောင်း ဗီယက်နမ် အစိုးရမီဒီယာများတွင် ဖော်ပြထားသည်။

၎င်းတို့၏ ပြစ်မှုများမှာ ကြီးလေးသောကြောင့် ထောင်တွင်းတရားရုံး ၌ပင် အမှုစစ်ဆေး ခဲ့ကြောင်း အမှုကိုစစ်ဆေးရာတွင် ပါဝင်သော ဦးဆောင်တရားသူကြီး Ngo Duc က ပြောကြားသည်။

ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချလေ့ရှိပြီး ၂၀၁၂ ခုနှစ်က မူးယစ်ဆေးဝါးမှုဖြင့် သေဒဏ် ချမှတ်ခံရသူ ၈၆ ဦးရှိသည်။

ဗီယက်နမ်တွင် သေဒဏ် ချမှတ်ခံရသူ ၅၀၀ ကျော်ထိ ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ၂၀၀၃ ခုနှစ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly
ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်၍ ဘိန်းဖြူရောင်းဝယ်မှုပြုလုပ်ခဲ့သူ ၃၀ ဦး ကို သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်သူ ထောင်ဒဏ်ချမှတ်

Photo: အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်သူ ထောင်ဒဏ်ချမှတ်
Tuesday, January 21, 2014

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ်မေလက မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင် ကြံစည်ခဲ့တဲ့ Sigit Indrajit ဆာဂျစ် အင်ဒရာဂျီဒ် ကို ဂျာကာတာတောင်ပိုင်းတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

အသက် ၂၃ နှစ် ရှိပြီးဖြစ်တဲ့ ဆာဂျစ် အင်ဒရာဂျီဒ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ကျူးလွန်ဖို့ ကြံစည်အားထုတ်ခဲ့တဲ့ သက်သေအထောက်အထား အထင်ကရ ရရှိခဲ့တာကြောင့် အခုလို အပြစ်ပေးခဲ့တာဖြစ်တယ်လို့ ဂျာကာတာတရားရုံးက သတင်းထုတ်ပြန်ပါတယ်။ 

ဒီလ ၁၃ ရက်နေ့ကလည်း ဒီအမှုနဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မာစ် အစွန်းရောက် ၇ ဦးထဲက “ရိုခါဒီ” အမည်ရှိ အစွန်းရောက်တစ်ဦးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။ 

တရားရုံးရဲ့အဆိုအရ ရိုခါဒီဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့အတွက် ဗုံးတွေကို သူ့အိမ်မှာသိမ်းဆည်းထားပြီးနောက်၊ ဒီအမှုနဲ့ပဲ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရတဲ့ Taufig ဆိုသူကို အဲဒီဖောက်ခွဲပစ္စည်းတွေကို လက်လွှဲပေးခဲ့တာလို့ ဆိုပါတယ်။ 

သူတို့အားလုံးဟာ တခြားအဖွဲ့ဝင်တွေနဲ့အတူ ဗုံးတပ်ဆင်နည်းသင်တန်း တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာသံရုံးကို ဗုံးဖောက်ခွဲမယ့် အစီအစဉ်မတိုင်ခင် တစ်ရက်အလိုမှာ သူတို့အားလုံးကို အင်ဒိုနီးရှားရဲက တားဆီးဖော်ထုတ်နိုင်ခဲ့တာပါ။

RFA Burmese
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ်မေလက မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင် ကြံစည်ခဲ့တဲ့ Sigit Indrajit ဆာဂျစ် အင်ဒရာဂျီဒ် ကို ဂျာကာတာတောင်ပိုင်းတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံကို UWSA ဘာကြောင့်မတက်?

၂၀၁၄ ဂျန္နဝါရီ ၂၀ မှ ၂၂ ရက်အထိ ကရင်အမျိုးသား အစည်းအရုံးဌာနချုပ် လော်ခီးလာ၌ သုံးရက်ကြာ ကျင်းပ သည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးသို့ ဝ ပြည် သွေး စည်းညီညွှတ်ရေး ကော်မတီ နှင့် ၎င်း၏ မဟာမိတ် ဖြစ်သည့် မိုင်းလားတပ်ဖွဲ့တို့ တက်ရောက် ခြင်းမရှိခဲ့ကြောင်း သိရသည်။

မြို့ပြင်ဧရိယာ တိုးပွားလာမှုအပေါ်တွင် စီးပွားရေး အခြေပြုနေရာ ငါးခု အဆိုပြုမည်

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အနေနှင့် မြို့ပြရန်ကုန် ဖွံ့ဖြိုးရေး မဟာ ဗျူဟာစီမံကိန်းအရ မြို့ပြင်ဧရိယာများ တိုးပွားလာမှုအပေါ်တွင် စီးပွားရေး အခြေပြု နေရာငါးခု အဆိုပြု မည် ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သရေခေတ္တရာဇုန်တွင် ကျူးကျော်နေအိမ် ငါးလုံး ဖယ်ရှား

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်အတွင်း တည်ရှိသည့် သရေခေတ္တရာ ပျူမြို့ဟောင်း ဇုန် နယ်မြေ တွင် ခုနစ်လအတွင်း ကျူးကျော်နေအိမ် ငါးလုံးကို ဖယ်ရှားခဲ့ကြောင်း ကမ္ဘာ့အမွေအနှစ် စာရင်း ပါဝင်ရေး စီမံခန့်ခွဲမှုရုံး သရေခေတ္တရာမြို့ဟောင်း လုပ်ငန်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဟိမဝန္တာဘက်ခြမ်းမှ ရွေ့လျား မိုးတိမ်များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း မိုးရွာသွန်းမည်

ဟိမဝန္တာ တောင်တန်းများ၏ အရှေ့ဘက်ခြမ်းမှ ရွေ့လျား ဝင်ရောက်လာသော လေအေး များနှင့် မိုးတိမ် များကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့တွင် ယခု ရက်ပိုင်းအတွင်း မိုးရွာသွန်းမည်ဖြစ် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေနိုင်သည့် HPV ကြွက်နို့ရောဂါပိုးက အမျိုးသားများအား ခံတွင်းကင်ဆာ ဖြစ်ပွားစေနိုင်

HPV ခေါ်သည့် ကြွက်နို့ရောဂါပိုးသည် အမျိုးသမီးများတွင် သားအိမ် ခေါင်းကင်ဆာဖြစ်နိုင် သကဲ့သို့ အမျိုး သားများတွင်လည်း ခံတွင်းကင်ဆာနှင့် လည်ချောင်း ကင်ဆာဖြစ် ပွားနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ ကာလသား ရောဂါတိုက်ဖျက် ရေးစီမံချက်မှ အထူးကုဆရာဝန်ဒေါက်တာမျိုးသန့်က ပြော ကြား သည်။

First Eleven ၂၀၁၃ ပြည်တွင်းအကောင်းဆုံးဘောလုံးသမားအဖြစ် ကြည်လင်း ရွေးချယ်ခံရ

Photo: First Eleven ၂၀၁၃ ပြည်တွင်းအကောင်းဆုံးဘောလုံးသမားအဖြစ် ကြည်လင်း ရွေးချယ်ခံရ
Tuesday, January 21, 2014

မြန်မာနိုင်ငံ၏ အထင်ကရအားကစားဂျာနယ်တစ်စောင်ဖြစ်သော First Eleven Sports Journal မှ နှစ်စဉ် ရွေးချယ်ချီးမြှင့်လေ့ရှိသည့် တစ်နှစ်တာအတွင်း အကောင်းဆုံးဘောလုံးသမား အဖြစ် မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ကြည်လင်း ရွေးချယ်ခံခဲ့ရကြောင်း သိရပါသည်။ ကြည်လင်းသည် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံး သမား (ပြည်တွင်း) အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် လည်း ထိုဆုကို လက်ခံရရှိခဲ့သူဖြစ်သောကြောင့် ၂ နှစ်ဆက်တိုက် အရွေးခံရသည့် ပထမဆုံးမြန်မာကစား သမားဖြစ်လာသည်။ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမား(ပြည်ပ)အဖြစ် ပေါ်တူဂီအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကို ထိုဂျာနယ်က ရွေးချယ်ခဲ့သည်။

First Eleven Sports Journal သည် ထိုဆုကို ၄င်းဂျာနယ် အယ်ဒီတာအဖွဲ့၏ အာဘော်သက်သက်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ စာဖတ်ပရိသတ်များ၊ ပြင်ပအားကစားကလောင်ရှင်များ၏ ဆန္ဒနှင့် သဘောထားကိုပါ ကောက်ခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွေးချယ်ရာတွင် ၂၀၁၃ ခုနှစ်အတွင်း ကစားသမား၏ လက်ရွေးစင်အသင်းတွင် အကျိုးပြုသည့်အနေအထား၊ ၄င်းလက်ရွေးစင်အသင်း၏ အောင်မြင်မှု၊ သက်ဆိုင်ရာ ကလပ်အသင်းတွင် အကျိုးပြုသည့်အနေအထား၊ ၄င်းကလပ်အသင်း၏ အောင်မြင်မှုတို့ကိုပါ ခြုံငုံသုံးသပ်ရွေး ချယ်ခဲ့ခြင်းဖြစ်သည်ဟု First Eleven Sports Journal ၏ ဖော်ပြချက်အရသိရပါသည်။

ထို့ပြင် အကောင်းဆုံးဘောလုံးသမားအတွက် ပရိသတ်များ၏ ဆန္ဒမဲကောက်ခံမှုတွင်လည်း ကြည်လင်းသည် ၆၉ ရာခိုင်နှုန်း (260 Votes) ရရှိခဲ့သည်။ တစ်နှစ်တာအတွင်း အကောင်းဆုံးဘောလုံးသမားရွေးချယ်မှုအပြင် အကောင်းဆုံးဘောလုံးအသင်းကိုပါ ရွေးချယ်ခဲ့ရာ ၁၁ ယောက်စာရင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမား ၄ ဦး (ကြည်လင်း၊ ကျော်ကိုကို၊ ဒေးဗစ်ထန်း နှင့် ရန်အောင်ကျော်) ပါဝင်ကြောင်း တွေ့ရသည်။

အကောင်းဆုံးဘောလုံးသမားဆုကို ၁၄ ကြိမ်ရွေးချယ်ခဲ့ရာ မြန်မာ့ လက်ရွေးစင်စွယ်စုံရကစားသမား စိုးမြတ်မင်းက ၃ ကြိမ် ရွေးချယ်ခံခဲ့ရပြီး မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးရန်ပိုင် မှာ ၂ ကြိမ်ရွေးချယ်ခံခဲ့ရသည်။ သို့သော် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရသူမှာ ကြည်လင်းတစ်ဦးတည်းသာ ရှိပြီး ထိုဆုကို အခမ်းအနားကျင်းပပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Yangon United Football Club
မြန်မာနိုင်ငံ၏ အထင်ကရအားကစားဂျာနယ်တစ်စောင်ဖြစ်သော First Eleven Sports Journal မှ နှစ်စဉ် ရွေးချယ်ချီးမြှင့်လေ့ရှိသည့် တစ်နှစ်တာအတွင်း အကောင်းဆုံးဘောလုံး သမားအဖြစ် မြန်မာ့ လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ကြည်လင်း ရွေးချယ်ခံခဲ့ရကြောင်း သိရပါသည်။

ရည်းစားထားသည်ကို အဒေါ်ဖြစ်သူမှ ဆူပူသွန်သင်ပြောဆိုခဲ့သဖြင့် မိန်းကလေးငယ်တစ်ဦး အဆိပ်သောက်သေဆုံး

၂၀.၁.၂၀၁၄ ရက်နေ့ ၂၀၁၅ အချိန် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံတွင် အဆိပ်သောက်ခဲ့သဖြင့် မိန်းကလေးငယ်တစ်ဦး ဗိုက်အောင့်၊ မူးဝေ ကာ ရောက်ရှိကုသနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ ကွမ်းခြံကုန်းမြို့နယ်နေ န၀မတန်းကျောင်းသူ မ----၊ (၁၄)နှစ်ဖြ စ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းမှာ ၂၁.၁. ၂၀၁၄ရက်နေ့ ၀၅၃၀ အချိန် တွင် သေ ဆုံးသွားခဲ့ ပါသည်။

အစိမ်းရောင်မြို့တော်စီမံကိန်းအတွက် မြေယာအသုံးပြုမှု အဓိကထား ဆွေးနွေးမည်

အစိမ်းရောင်မြို့တော်စီမံကိန်းအတွက် မန္တလေးမြို့၏ မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)မှ အဖွဲ့ခေါင်းဆောင် မစ္စတာအလစ်စတဲယားဘလန့်တ်က မြန်မာနိုင်ငံ၏ မြေယာအသုံးပြု မှုနှင့် ပတ် သက်ပြီး ရန်ကုန်နှင့် နေပြည်တော်မြို့များကို သွားရောက်လေ့လာ ကာ စာတမ်းပြုစုထားပြီး Land Use Managementကို ဇန်န၀ါရီ ၂၉ ရက်တွင် ကျင်းပပြုလုပ် မည့် ဆွေးနွေးပွဲတွင် အဓိကဆွေးနွေး သွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဇန်န ၀ါရီ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် ချပေးရန် လျာထားသည့် ဆင်းမ်ကတ်အရေအတွက် ပြည့်မီအောင် ချပေးမည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် မိုဘိုင်းဆင်းမ်ကတ်လေးသန်း ချထားပေးမည်ဟု လျာထားရာ ကျန်ရှိနေ သည့် လအတွင်း လျာထားသည့်အရေအတွက် အတိုင်း ပြည့်မီအောင် ချထားပေးမည်ဖြစ်သည် ဟု မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင် နီယာ ချုပ် ဦးခင်မောင်ထွန်းက မဇ္ဈိမကို ပြောသည်။

စိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ရန် မြန်မာနှင့် တောင်ကိုရီးယား ပူးပေါင်း

မြန်မာနှင့်တောင်ကိုးရီးယားတို့အနေဖြင့် စိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဇန်န၀ါရီ ၂၀ ရက်တွင် သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်ဟု တောင်ကိုးရီးယားအခြေစိုက် Yonhap သတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လွတ်ရန်မသေချာသည့် နိုင်ကျဉ်း ၃၀ ကျော်ရှိနေသေး

နိုင်ငံရေးအကျဉ်းသားအားလုံး ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် လွှတ်ပေးမည်ဟု သမ္မတဦးသိန်းစိန် က ဆိုသော် လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းများအရ တစ်နိုင်ငံလုံးရှိ အကျဉ်း ထောင် များတွင် နိုင်ကျဉ်း ၃၀ ကျော် ကျန်ရှိနေပြီး ဇန်န၀ါရီလအတွင်း လွတ်မြောက်ရန် မသေချာသေး ဟု ကော်မတီအဖွဲ့ဝင် ဦးရဲအောင်က ဇန်န၀ါရီ ၂၀ တွင် မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့ဆီစားအသက်သာဆုံး မော်တော်ကား

PhotoPhotoPhoto
XL1သည် တည်ဆောက်မှုဆိုင်ရာ နည်းပညာသစ်များကို သုံးစွဲထားပြီး မိုင်ပေါင်း(၃၀၀)ကျော် မောင်းနှင်ပြီးပါမှ ဆီ(၁)ဂါလံမျှသာ အသုံးပြုရသည်အထိ ဆီစားသက်သာသည့် ဖန်တီးမှုလည်း ဖြစ်လာသည်။

နျူ ကန့်သတ်ရေး အစီအစဉ် အီရန် စတင် လုပ်ဆောင်

Photo: နျူ ကန့်သတ်ရေး အစီအစဉ် အီရန် စတင် လုပ်ဆောင်
Tuesday, January 21, 2014

အီရန်နိုင်ငံက နျူကလီးယား အစီအစဉ် ကန့်သတ် လျှော့ချရေး အစီအစဉ်ကို ဒီနေ့က စပြီး လုပ်ဆောင် နေပြီလို့ ကုလ သမဂ္ဂ နျူကလီးယား အေဂျင်စီ IAEA က ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား အရေးဆိုင်ရာ ယာယီ သဘောတူညီချက်ရဲ့ တစိတ် တပိုင်းကို စတင် လိုက်နာတဲ့ အတွက် အပြန် အလှန် အားဖြင့် နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေး ယူမှုတွေ ကိုလည်း ဒီနေ့ စတင် လျှော့ပေး တော့မှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံက ၅ ရာခိုင်နှုန်းအထက် ယူရေနီယမ် သန့်စင်ရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့တယ်၊ ဒါကြောင့် နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ IAEA က ပြောပါတယ်။

သူတို့ရဲ့ စစ်ဆေးရေးမှူး တွေလည်း တီဟီရန်မှာ ရှိတဲ့ နျူကလီးယား စက်ရုံတွေကို ပိုမို သွားရောက် စစ်ဆေးခွင့် ရတော့မယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ အရပ် ဘက်ဆိုင်ရာ သုံးစွဲမှု အတွက်ပါလို့ အခိုင်အမာ ပြောနေခဲ့တာပါ။
နျူကလီးယား လျှော့ချရေးဆိုင်ရာ ယာယီ သဘော တူညီချက်ကို အီရန် ဘက်က လိုက်လျော လာတဲ့ အတွက် အပြန်အလှန် အားဖြင့် ဥရောပ သမဂ္ဂနဲ့ အမေရိကန် တို့က ပိတ်ဆို့ အရေး ယူမှု တချို့ကို လျှော့ပေါ့ ပေးမှာ ဖြစ်ပါတယ်။

BBC
အီရန်နိုင်ငံက နျူကလီးယားအစီအစဉ် ကန့်သတ် လျှော့ချရေးအစီအစဉ်ကို ဒီနေ့စပြီး လုပ်ဆောင် နေပြီလို့ ကုလသမဂ္ဂ နျူကလီးယား အေဂျင်စီ IAEA က ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ခူမီးနှင့် ခမီးလူမျိုးများကို အမည်တူသတ်မှတ်ခြင်း ရှုပ်ထွေးမှုများဖြစ်ပေါ်နေ၊ ပြောင်းလဲပေးရန် ခူမီးလူမျိုးများ တောင်းဆို

သန်းခေါင်စာရင်းကောက်ယူရာတွင် ချင်းမျိုးနွယ်စုဝင် ခူမီးလူမျိုးများကို ခမီးဟူသော အမည်ဖြင့် ကုတ်နံ ပါတ် သတ်မှတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခမီးလူမျိုးများဖြင့် ရောထွေးမှုများ ဖြစ်ပေါ်နေကာ ယင်းအမည်ကို လက်ခံနိုင်ခြင်းမရှိဟု ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစနီအောင်က မဇ္ဈိမ ကို ပြောသည်။

မြန်မာနှင့်တရုတ် ဆက်သွယ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုကြောင့် နမ့်ခမ်းတွင် မြေလှုပ်ခတ်ကြောင်း သတင်းထွက်ပေါ်မှုအပေါ် စွမ်းအင်ဝန်ကြီးဌာန ရှင်းလင်း

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုကြောင့် ဇန်န၀ါရီ ၄ ရက်က နမ့်ခမ်းတွင် ပိုက်လိုင်းတစ်လျှောက် မြေကြီးလှုပ်ခတ်သွားသည်ဟု အင်တာနက်တွင် သတင်းထွက်ပေါ်မှုကို စွမ်းအင်ဝန်ကြီးဌာနက စစ်ဆေးမှုများပြုလုပ်ပြီး ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။

မြန်မာ နိုင်ငံထဲ ဝင်ချင်တဲ့ အကြမ်းဖက် သမားတွေ ဖမ်းမိ

ဘင်္ဂ္လားဒေ့ရှ်မှာ ဖမ်းမိတဲ့ ပါကစ္စတန် တာလီဘန်နဲ့ ဆက်စပ် သူများ
 မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ နယ်စပ် တက်ကနက် မြို့ကနေ တဆင့် မြန်မာ နိုင်ငံကို ဝင်ရောက်ဖို့ ရည်ရွယ်ချက် ရှိတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့နဲ့ ဆက်စပ်သူ ၃ ယောက်ကို ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ ဒက္ကာ မြို့တော်မှာ ဖမ်းဆီး မိခဲ့ပါတယ်။