Monday, June 24, 2013

ကျောင်းခေါ်ချိန် မပြည့်သည့် ကျောင်းသားကို စာမေးပွဲဖြေခွင့်ပေးသည့် ဆရာ၊ ဆရာမများ အရေးယူခံရမည်

ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများကို စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများအား ရာထူးလျှော့ချသည်အထိ အရေးယူသွား မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။ “ကျောင်းခေါ်ချိန် ၇၅

ကျောက်ဖြူ ၌ အောက် တို ဘာ လ မှ စ ၍ မြို့ လုံး ကျွတ် လျှပ် စီး သုံး စွဲနိုင်တော့ မည်

Photo: ကျောက်ဖြူ၌ အောက်တိုဘာလမှစ၍ မြို့လုံးကျွတ် လျှပ်စီးသုံးစွဲနိုင်တော့မည်
Monday, June 24, 2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံး ကျွတ် မီးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီး ဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေးဌာနက သိရှိရသည်။

မြို့လုံးကျွတ်မီးသုံးစွဲခြင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းမှ စတင် အသုံးပြုနိုင် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အား ခွဲရုံ၊ ၆၆ KV ဓာတ်အားလိုင်းနှင့် ၁၁ KV ဓာတ်အားလိုင်းများကို တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။

"ဘယ်တော့လောက်မီးပေးနိုင်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ အခုတော့မီးပေးဖို့ လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်နေတယ်။ အဲဒါတွေပြီးရင်တော့ ကျိန်းသေပေါက် လျှပ်စစ်မီးရရှိကြမှာပါ" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့တွင် ၆၆ကေဗွီဓါတ်အားလိုင်းတည်ဆောက် နေသည့် အင်ဂျင်နီယာ တစ်ဦး က ပြော သည်။

ကျောက်ဖြူမြိုနယ်အတွင်းသို့ ကျောက်ဖြူ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေး လုပ်ငန်း များ၌ အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဗလကြီးနှင့် နန်းမြနှစ်ဦးပေါင်း၍ ဒီဇယ်မီးဖြင့်ကို တစ်ယူနစ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် မြို့တစ်ဝက်နီးပါးကို လျှပ်စစ်ဓါတ်အားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဒေသတွင်း၌ အစိုးရမှ လျှပ်စစ်မီးကို တစ်နေ့ (၁၇)နာရီပေးနေ ချိန် ၊ ပုဂ္ဂလိက ဒီဇယ်မီးဖြင့် လျှပ်စစ်ဖြန့်ဝေသူ တို့က ၂၄နာရီ မီးပေးနေခြင်းဖြစ် သည်။

"ဓာတ်ငွေ့နဲ့ မီးရအောင်လုပ်ပြီး ဖြန့်မယ်ဆိုရင်လဲ မီတာခ တစ်ယူနစ် ၅၀၀ ဆို ဘာမှမထူးဘူး တစ်မြို့ လုံး မီးရအောင်ဆောင်ရွက်ပေးတာတော့ ၀မ်းသာပါတယ်"ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေး မှူး တစ်ဦး က ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း (E.S.E)နှင့် မြို့မီးလင်းရေးကော်မတီတို့ ပူးပေါင်း၍ တစ်ရက်လျှင် ဓာတ်အား (၁၇)နာရီ ဖြန့် ဖြူးပေးလျက်ရှိသည်။

အဆိုပါ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခမှာ ၁ယူနစ်မှ ယူနစ် ၁၀ အတွင်း ကျပ် ၃၅၀၊ ၁၀ ယူနစ်အထက် ၁ယူနစ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မြို့မီးလင်းရေးကော်မတီ ထံက သိရှိရသည်။

Myit Makha Mediagroup
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံးကျွတ် မီးရရှိရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေး ဌာနက သိရှိရသည်။
http://www.myawady.com.mm/media/k2/items/cache/12f845bbe6b9eb4ff63ebe304f87b69c_XL.jpg
မကြာသေးမီ အချိန်များက သောကြာဂြိုဟ် ပေါ်တွင် အရှိန်ပြင်း လေမုန် တိုင်းကြောင့် လေပြင်းများ တဝေါဝေါ တိုက်ခတ်လျက် ရှိသည်ကိုတွေ့ရ၍ သိပ္ပံပညာရှင်များအနေဖြင့် အဘယ်ကြောင့် ထိုသို့ဖြစ်နေရကြောင်း   သေသေ ချာချာ အဖြေရှာ မတွေ့နိုင် ကြသေးပေ။

Miss Diamond Queen 2013 ပြိုင်ပွဲသို့ အမျိုးသားမှ အမျိုးသမီး အဖြစ်သို့ အသွင် ကူးပြောင်းထားသူ ပါဝင်ယှဉ်ပြိုင်

အမျိုးသားမှ အမျိုးသမီး အဖြစ်သို့ အသွင် ကူးပြောင်းထားသည့် ဒါနီစိန့်ဂျိမ်းစ် ဆိုသော မိန်းကလေးသည် ဇွန် ၂၂ ရက်က လန်ဒန်မြို့တွင် ကျင်းပသော Miss Diamond Queen 2013 ပြိုင်ပွဲတွင် အခြားမိန်းမချော ၁၁ ဦးနှင့် အတူ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သံရုံးသွားသည့်လမ်းခရီး မလုံခြုံသဖြင့် မလေးရှားရောက်မြန်မာအချို့ ပုန်းနေကြဆဲ

နိုင်ငံကူးလက်မှတ်မရှိလျှင်ပင် မလေးရှားရောက် မြန်မာများ မိခင်နိုင်ငံသို့ပြန်ရန် မြန်မာသံရုံးက ထောက်ခံပေးနေ ကြောင်း အစိုးရကပြောထားသော်လည်း သံရုံးသို့သွားသည့် ထိုလမ်းခရီးမလုံခြုံ၍ ပုန်းနေကြ သူများရှိနေကြောင်း မလေးရှားမှ ပြန်လာသူ ကိုဝေအောင်သိန်းကပြောသည်။

သုဝဏ္ဏဘူ မိမြို့ဟောင်း ပြန်လည်တူးဖော်ေ တာ့မည်

အီတာလျံ-ထိုင်းကို ပထမဆုံး တရားစွဲရန် ရေဖြူ ဒေသခံတဦး စီစဉ်
Monday, June 24, 2013

တနင်္သာရီတိုင်း၊ ထားဝယ်မှ ထိုင်းနိုင်ငံ၊ ကန်ချနပူရီသို့ လမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာမှုများ အတွက် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်း (ITD) ကို ပထမဆုံး အကြိမ်အဖြစ် ရေဖြူမြို့နယ်ဒေသခံတဦးက တရားစွဲဆိုရန် စီစဉ်နေကြောင်း ထားဝယ် စောင့်ကြည့်ရေးအဖွဲ့မှတဆင့် သိရသည်။

စနိုဒင် ကို ရုရှားကလည်း ခိုလှုံ ခွင့် ပေးမယ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကို သွား

ခုနစ်နှစ် အရွယ် ကလေးအား ကားမောင်း၍ အိမ်လိုက်ပို့ရန် စေခိုင်းသော အရက်သမားအား ရဲတပ်ဖွဲ့ တရားစွဲ

Photo: ခုနစ်နှစ် အရွယ် ကလေးအား ကားမောင်း၍ အိမ်လိုက်ပို့ရန် စေခိုင်းသော အရက်သမားအား ရဲတပ်ဖွဲ့ တရားစွဲ 
Monday, June 24, 2013

သြစတြေးလျ နိုင်ငံ ကွင်းစလန်း ပြည်နယ်၌ ဇွန် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်က အရက်မူးသမား တစ်ဦးက အသက် ခုနစ်နှစ် အရွယ် ကလေး တစ်ဦးအား ကားမောင်း ခိုင်းကာ ၄င်း၏ နေအိမ်သို့  လိုက်ပို့ခိုင်း ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က  ၄င်းအားဖမ်းဆီး တရားစွဲ ထားကြောင်း သိရသည်။

ကင်းလှည့် ရဲကား တစ်စီးသည်  ဇွန် ၂၁ ရက် အစောပိုင်းက ရှေ့မီးမဖွင့်ဘဲ မောင်းနှင် လာသည့် မသင်္ကာဖွယ်ရာ ၄င်းကားအား ရပ်တန့်စေ၍ စစ်ဆေးခဲ့ရာ ခုနစ်အရွယ် လူငယ် တစ်ဦးအား ယာဉ်မောင်း နေရာတွင်  တွေ့ရပြီး အရက်မူး သမားကိုမူ ခရီးသည် ထိုင်ခုံတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် ၄င်းကလေးငယ်အား ကားမောင်းရန် စေခိုင်းခဲ့သော အရက်မူး သမားအား  ကြီးလေးသော  ယာဉ်စည်းကမ်း ချိုးဖောက်မှုဖြင့်  တရားစွဲဆို ထားသည်။  ဖော်ပြပါ ကလေးငယ်သည် ယခုအခါတွင် ဆွေမျိုးများ၏ စောင့်ရှောက်မှု အောက်တွင် ရှိနေပြီး ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ များစွာ အံ့သြ တုန်လှုပ်မိကြောင်း၊ ကွင်းစလန်း ပြည်နယ် ပို့ဆောင်ရေး ဝန်ကြီး  စကော့ အီမာဆန်က ပြောကြား ထားကြောင်း သိရသည်။   

မြ၀တီ
သြစတြေးလျ နိုင်ငံ ကွင်းစလန်း ပြည်နယ်၌ ဇွန် ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်က အရက်မူး သမား တစ်ဦးက အသက် ခုနစ်နှစ် အရွယ် ကလေး တစ်ဦးအား ကားမောင်း ခိုင်းကာ ၄င်း၏ နေအိမ်သို့

အင်ဒိုမီးခိုးတွေကြောင့် မလေးရှားမှာ အရေးပေါ်အခြေနေ ကြေညာ

Photo: အင်ဒိုမီးခိုးတွေကြောင့် မလေးရှားမှာ အရေးပေါ်အခြေနေ ကြေညာ 
Monday, June 24, 2013

အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက မီးခိုးတွေကြောင့် မ လေး ရှား နိုင် ငံ ရဲ့ တောင် ပိုင်း ရှိ ပြည်နယ် နှစ် ခု က လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်သွားပြီး ၈ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် လေထု ညစ်ညမ်းမှု ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ခဲ့ရတယ်လို့  သိရပါတယ်။

မိုးတွေရွာသွန်းမှသာ လေထု သန့်စင်မယ်လို့ ယုံကြည်တဲ့အတွက် လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး ခံနေရတဲ့ ဒေသမှာ မိုးရွာတဲ့ အခြေအနေဖြစ်လာအောင် သိပ္ပံနည်းနဲ့ ဖန်တီးဖို့ ကြိုးစားမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မီးခိုးဒဏ်ကို နှစ်စဉ်ခံစားရလေ့ရှိပေမယ့် ဒီနှစ်မှာ အခြေအနေဆိုးလွန်းတဲ့အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပြီး လမ်းတွေပေါ်မှာလည်း လူသွားလူလာ နည်းကုန်တဲ့အတွက် စီးပွားရေးတွေ ထိခိုက်နစ်နာရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

စင်္ကာပူအစိုးရကလည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုထားပါတယ်။

 ABC Radio Australia
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အထိ မီးခိုးတွေဖုံးအုပ်နေ (Credit: AFP)
အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရ ပါတယ်။

THE FACE OF BUDDHIST TERROR ဆောင်းပါး ဖော်ပြခဲ့သာ တိုင်းမ် မဂ္ဂဇင်းအား မြန်မာအစိုးရ ကန့်ကွက်

Photo: THE FACE OF BUDDHIST TERROR ဆောင်းပါး ဖော်ပြခဲ့သာ တိုင်းမ် မဂ္ဂဇင်းအား မြန်မာအစိုးရ ကန့်ကွက်
Monday, June 24, 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း Vol 182 ,No.1 တွင် မျက်နှာဖုံး တင်ထားသော မြန်မာနိုင်ငံတော်မှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သည့် ဦးဝီရသူအား THE FACE 0F BUDDHIST TERROR ဟု ဖော်ပြခဲ့သော ဆောင်းပါးအား မြန်မာအစိုးရက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်မှတစ်ဆင့် တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကန့်ကွက်ကြောင်း ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံသည် ဘာသာရေး ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ထေရ၀ါဒ ဗုဒ္ခဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးနက်စွာ ကိုးကွယ်ကြသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာနှင့် ဟိန္ဒူုဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာသာသနာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ် ပြုသည်ကို ပြဋ္ဌာန်းထားသည်။

ယင်းအပြင် ဗုဒ္ဓဘာသာ သာသနာသည် ကံ၊ ကံ၏ အကျိုးကိုလည်းကောင်း ကိုယ်တိုင်ကျင့်ကြံ အားထုတ်၍ ရရှိသည့် အသိဥာဏ်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များဖြစ်သည့် သံဃာတော်များသည်လည်း ၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြပြီး သာသနာတော် သန့်ရှင်းတည့်တံ့ ပြန့်ပွားရေးအတွက် နှစ်ပေါင်းထောင်နှင့်ချီ၍ ငြိမ်ချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်ဟု ပါရှိသည်။

ထို့ပြင် ၉၆၉ အမှတ်တံဆိပ်သည် ဗုဒ္ခမြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါး၊ ဗုဒ္ခတရားတော်၏ ဂုဏ်တော်ခြောက်ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော်ကိုးပါးကို ကိုယ်စားပြုသော ဗုဒ္ခဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ်ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျှော်စွာ ဗုဒ္ဓသာသနာတော်ကို ညှိနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာအဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော် အစိုးရ အနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ လူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့လူဘောင် အဖွဲ့အစည်းတွင် မလိုလားအပ်သော ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော် အစိုးရ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူပေါင်း၍ ကြိုးပမ်းတည်ဆောက်နေသော အချိန်ဖြစ်သည်။ ကိုးကွယ်ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ့်မွေ့နက်နဲသော အကြောင်းအခြင်း အရာများဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

ဆက်လက်၍ တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံလာခဲ့သည် မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။ သို့ဖြစ်၍ THE FACE 0F BUDDHIST TERROR ဆောင်းပါးရေးသား ဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း Vol  182, No.1 အား ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

EMG
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း Vol 182 ,No.1 တွင် မျက်နှာဖုံး တင်ထားသော မြန်မာနိုင်ငံတော်မှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သည့် ဦးဝီရသူအား THE FACE 0F

ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ

Photo: ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ 
Monday, June 24, 2013

မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက် ပျော်မြူးနေကြသော မိသားစုဝင်များ၏ ပျော်ရွှင်ဖွယ်ရာမြင်ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။

 အော်…“သွားလမ်းသာ၍ လာလမ်းဖြောင့် ကြသူများပါတကား” ဟုတွေးမိသလို အခြားတဖက် လူမသိသူမသိလေဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာနေရာ ညောင်ပင်အိုကြီး၏ အရိပ်အောက်ရှိ လေဆိပ်သုံး ထော်လီတစ်စင်းပေါ်တွင် အထပ်ထပ်ထုတ်ပိုးထားသော အခေါင်းသေတ္တာတစ်လုံးနှင့်အတူ ဘေးဝဲယာတွင် အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစုတစ်စု အော်… “သွားလမ်းသာခဲ့ပေမယ့် ရင်နင့်ဖွယ်အပြန်ခရီး” နဲ့ မိသားစုဝင်တွေ မျက်ရည်တွေနှင့် ဆီးလို့ကြိုနေသော မြင်ကွင်းကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲစေခဲ့လေ ပြီ။ ထိုမြင်ကွင်းလေးအား ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်တော့ချေ။

၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များ၏နေရပ် မှော်ဘီမြို့နယ်သို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်လိုသည့်ဆန္ဒကြောင့် မလေးရှားနိုင်ငံရှိ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ စီစဉ်ဆောင်ရွက် ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ရာ ၂၂.၆.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ရုပ်အလောင်းအား သယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့သည်။

ယင်းနေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ကွယ်လွန်သူ၏ နေရပ်ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မြို့ချောင်းကျေးရွာရှိ သုဿန်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့သည်။ ထိုသို့ သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများ ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများ၊ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများတို့သည် ကွယ်လွန်သူ၏ နေအိမ်မှ သုဿန်သို့ ခက်ခက်ခဲခဲ စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်းသယ်ဆောင်၍ မီးသင်္ဂြိုဟ် ပေးခဲ့ပြီး မိသားစုဝင်များ၏ အပူမီးအား မျှဝေခံစားခဲ့ကြသည်။

ယခုကဲ့သို့သော ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏ သားကောင်းရတနာများ ရင်နင့်ဖွယ်ရာ ကြွေလွင့်ရခြင်းသည် မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သလို တိုင်းပြည်အတွက်လည်းများစွာ နစ်နာခဲ့ရသည်။ ထို့ကြောင့် ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ “ရင်နစ်ဖွယ်ရာအပြန်ခရီး” တွင် ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် မိသားစု၏ အပူမီးကို မျှဝေခံစားရင်း မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရတော့သည်။ ကမ္ဘာသူ/သားအားလုံး ပျော်ရွှင်ဖွယ်အပြန်ခရီးတွင် မိသားစုနှင့် အတူ ဆုံဆည်းနိုင်ကြပါစေ။

Kyaw Thu 

Thit Htoo Lwin
မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာ အားရ ပွေ့ ဖက်နှုတ်

မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးရန် အမေရိကန် USAID အဖွဲ့မှ ဒေါ်လာတစ်သန်းခွဲ ကူညီမည်



Photo: မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးရန် အမေရိကန် USAID အဖွဲ့မှ ဒေါ်လာတစ်သန်းခွဲ ကူညီမည်
Monday, June 24, 2013

မြန်မာနိုင်ငံတွင် လမ်း၊ တံတားနှင့် ပတ်သက်ပြီး နည်းပညာ အကူအညီ ပေးရန်အတွက် အမေရိကန်နိုင်ငံ USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဇွန် ၂၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ လမ်း၊ တံတားနဲ့ ပတ်သက်ပြီး နည်းပညာ အကူအညီပေးဖို့ USAID က အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ပေးထားတယ်။ သူတို့က technical assistant ပေးမှာဖြစ်တဲ့အတွက် သူတို့ဆီက ပါမောက္ခတွေ လာသင်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာဆို သုဝဏ္ဏ သင်တန်းကျောင်းလိုမျိုးမှာ သင်တန်းပေးသွားဖို့လည်း ရှိတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းက ကလေးတွေ တက်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးပါ့မယ်" ဟုလည်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ USAID အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ သင်တန်းများကို ယခုနှစ်အတွင်းမှ စတင်ကာ သင်တန်းများပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ၏ လုပ်ဆောင်နိုင်စွမ်းကို ကြည့်၍ နှစ်အလိုက် ဘတ်ဂျက်များ ချထားပေးကာ သင်တန်းပို့ချပေးရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ Function Hall တွင် ကျင်းပခဲ့ရာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

EMG
ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းအား ရှင်းလင်းပွဲတွင် တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လမ်း၊ တံတားနှင့် ပတ်သက်ပြီး နည်းပညာ အကူအညီ ပေးရန်အတွက် အမေရိကန်နိုင်ငံ USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဇွန် ၂၂ ရက်က

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အမျိုးသားရေး ၀ါဒအား အခြေခံ၍ အာဏာရှင် စနစ်သစ် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း EDUCATIONAL INITIATIVES က ဝေဖန်

Photo: လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အမျိုးသားရေး ၀ါဒအား အခြေခံ၍ အာဏာရှင် စနစ်သစ် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း EDUCATIONAL INITIATIVES က ဝေဖန်
Monday, June 24, 2013

မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဗဘာသာဝင်များ အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အာဏာရှင် စနစ်သစ်အား အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းသာဖြစ်ကြောင်း The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။

အဆိုပါ ပြောကြားချက်အား ဇွန် ၂၂ ရက်က ရန်ကုန်မြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင် ခန်းမတွင် ပြုလုပ်ခဲ့သည့် Transition  to Democracy ; Challenges and Threats ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဏာရှင် နိုင်ငံများမှ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများမှာ ယခင်စစ်အာဏာရှင် အစိုးရလက်ထက်ကဲ့သို့ မိုက်မဲသည့် အုပ်ချုပ်မှုမျိုးဖြင့် အုပ်ချုပ်ရန်ထက် ဒီမိုကရေစီဟု ဟန်ပြပြောနိုင်သည့် အာဏာရှင် စနစ်သစ်သို့ သွားရောက်ရန် ကြံရွယ်နေခြင်းဖြစ်ကြောင်း Mr. Igor Blazevic က ဆိုသည်။
လူမျိုးစွဲ၊ ဘာသာစွဲစိတ်ကို အခြေခံပြီး အသွင်ကူးပြောင်းရေးကို ရပ်ဆိုင်းနိုင်စေတဲ့ ပြင်းထန်တဲ့ အမျိုးသားရေး ၀ါဒကို အသုံးပြုပြီး အကြောက်တရားတွေ ပဋိပက္ခတွေနဲ့ အာဏာရှင်စနစ်သစ်ကို ဖော်ဆောင်ကြတယ်။ လူနည်းစုနဲ့ လူများစုကြားမှာ အမုန်းတရားတွေ ထည့်ပေးပြီး အသိဥာဏ် အမှောင်ချဖို့ လုပ်ဆောင်တယ်။ ဒီလိုနည်းနဲ့ အသွင်ကူးပြောင်းမှုကို ရပ်စေပြီး အရေခြုံ ဒီမိုကရေစီ စနစ်ကို ဖြစ်ပေါ်စေပါတယ် . . . . .

"လူမျိုးစွဲ၊ ဘာသာစွဲစိတ်ကို အခြေခံပြီး အသွင်ကူးပြောင်းရေးကို ရပ်ဆိုင်းနိုင်စေတဲ့ ပြင်းထန်တဲ့ အမျိုးသားရေး ၀ါဒကို အသုံးပြုပြီး အကြောက်တရားတွေ ပဋိပက္ခတွေနဲ့ အာဏာရှင်စနစ်သစ်ကို ဖော်ဆောင်ကြတယ်။ လူနည်းစုနဲ့ လူများစုကြားမှာ အမုန်းတရားတွေ ထည့်ပေးပြီး အသိဥာဏ် အမှောင်ချဖို့ လုပ်ဆောင်တယ်။ ဒီလိုနည်းနဲ့ အသွင်ကူးပြောင်းမှုကို ရပ်စေပြီး အရေခြုံ ဒီမိုကရေစီ စနစ်ကို ဖြစ်ပေါ်စေပါတယ်"  ဟု Mr. Igor Blazevic က ပြောကြားသည်။

ထိုသို့ ဖြစ်စဉ်များအား လုပ်ဆောင်၍ ဆားဗီးယားနိုင်ငံတွင်လည်း အမျိုးသားရေး ၀ါဒအား အသုံးပြု၍ အတိုက်အခံများအား အနိုင်ယူကာ သမ္မတ မီလိုဆီဗစ် အနေဖြင့် ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲ အစဉ်အဆက် အနိုင်ယူနိုင်ခဲ့ပြီး ယူကရိန်း နိုင်ငံတွင်လည်း အလားတူ အမျိုးသားရေး ၀ါဒအား အခြေခံသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ အတိုက်အခံ ပါတီများအနေဖြင့် ထိုအာဏာရှင် စနစ်သစ်အား စုစည်းတွန်းလှန်နိုင်ရန် အချိန်ကာလ များစွာယူခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ အမျိုးသားရေးဝါဒ အသုံးပြု၍ အာဏာရှင် စနစ်သစ်အား အကောင်အထည်ဖော်ရန် လုပ်ဆောင်မှုများအပြင် အစိုးရအား ဟန်ပြဝေဖန်ပြီး ပြည်သူများ၏ နိုင်ငံရေး ရေချိန်အပေါ် လမ်းလွှဲနိုင်သည့် လူပြိန်းကြိုက် မီဒီယာကြီးများနှင့် မီဒီယာလွတ်လပ်ခွင့် အနည်းငယ် ပေးအပ်ကာ အတိုက်အခံများကိုလည်း မီဒီယာလွတ်လပ်ခွင့် ပေးအပ်သော်လည်း လူပြိန်းကြိုက် မီဒီယာများကဲ့သို့ လူစိတ်ဝင်စားမှု မရှိစေရန် ထိန်းချုပ်မှုများ ပြုလုပ်၍ အာဏာရှင် စနစ်ဟောင်းကဲ့သို့ မဟုတ်သော အာဏာရှင် စနစ်သစ်များအား အကောင်အထည် ဖော်လေ့ရှိကြောင်း သိရသည်။

"အာဏာရှင် စနစ်ဟောင်းမှာဆိုရင် ၀ါဒဖြန့်ဖို့ သတင်းစာကို သုံးတယ်။ ပြည်သူက မယုံဘူး။ စနစ်သစ်မှာတော့ အတိုက်အခံကို အားနည်းအောင်လုပ်ပြီး လူပြိန်းကြိုက် မီဒီယာတွေ မွေးတယ်။ စနစ်ဟောင်းမှာ အင်တာနက် လွတ်လပ်ခွင့် ပိတ်ထားပြီး စနစ်သစ်မှာ အင်တာနက် လွတ်လပ်ခွင့် ပေးထားပေမယ့် လျှို့ဝှက်ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အင်တာနက်မှာ သတင်းအချက်အလက်တွေ စုစည်းခြင်း၊ ၀ါဒဖြန့်ခြင်း စတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပြီး အာဏာတည်မြဲရေးအတွက် လုပ်ဆောင်လေ့ရှိတယ်" ဟု Mr. Igor Blazevic က ပြောကြားခဲ့ပါသည်။

EMG

ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့မှ Mr. Igor Blazevic အား တွေ့ရစဉ်


မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဗဘာသာဝင်များ အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိ

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် တာဝန်အရှိဆုံး ဖြစ်ကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့်၊ လုပ်သည့်သူများကို ချေမှုန်းရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား

Photo: မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် တာဝန်အရှိဆုံး ဖြစ်ကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့်၊ လုပ်သည့်သူများကို ချေမှုန်းရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား
Monday, June 24, 2013

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တာဝန်အရှိဆုံး ဖြစ်သည်ဆိုကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့် လုပ်သည့် သူများကို ချေမှုန်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်ဟု အဆိုပါ ပါတီပိုင် သတင်းစာ တစ်စောင်ဖြစ်သည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အတွဲ ၁၊ အမှတ် ၇၈ တွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအတွင်း တက်ရောက်သတင်းယူခွင့် ရရှိထားသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ "မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းပြန်မလှည့်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးပါလဲ" ဟူသော မေးခွန်းကို ဖြေကြားရာတွင် ၎င်းကယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ်" ဟူသော သူရဦးရွှေမန်း၏ ဖြေကြားမှုကို အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ် . . . . .

၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဟူသော အမေရိကန် ခရီးစဉ်အတွင်း ပြောကြားခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းမှုကိုလည်း တူတာများကို ပေါင်းလုပ်သွားပြီး မတူတာများကို ခဏဘေးဖယ်ထားမည် ဖြစ်ကြောင်းနှင့် အစိုးရဖွဲ့ခြင်းမှာ နောက်တစ်ပိုင်းသာဖြစ်ကြောင်း သူရဦးရွှေမန်းက ဖြေကြားထားသည်။

ယင်းကဲ့သို့ အမေရိကန် ခရီးစဉ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဟူသော ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောစကားနှင့် ပတ်သက်၍ ဗဟိုကော်မတီသို့ ရှင်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောကြားထားသည်။

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်ချင်သည် ဆိုပါက အသီးသီးသော ပါတီများသည် လုပ်ဖော်ကိုင်ဖက် ပါတီများအဖြစ် သဘောထားပြီး နိုင်ငံကောင်းအောင်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဆိုခြင်းကို ခံယူကာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို လုပ်ဖော်ကိုင်ဖက်ကဲ့သို့ သဘောထား ဆောင်ရွက်ကြရန်လည်း ဗဟိုကော်မတီ အစည်းအဝေး အဖွင့်အမှာစကားတွင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထို့ပြင် ဥပဒေပြုခြင်းတွင် တရားမျှတသော၊ နိုင်ငံသားများ လိုက်နာနိုင်သော ဥပဒေဖြစ်ရန် အရေးကြီးကြောင်း၊ တရားမျှတမှု မရှိသော၊ နိုင်ငံသားများ မလိုက်နာနိုင်သော ဥပဒေများကို ပြဋ္ဌာန်းပြီး ဆောင်ရွက်သည့် အခါတွင် တရားမျှတမှု မရှိ၊ နိုင်ငံသားများ မလိုက်နာနိုင်ခြင်းကို သက်ဆိုင်ရာ ကြီးကြပ်သည့် အဖွဲ့အစည်းများက မျက်ကွယ်ပြု၊ မမြင်ချင်ဟန် ဆောင်နေခြင်းသည်လည်း တရားဥပဒေ ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

EMG

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ်
မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တာဝန် အရှိဆုံး ဖြစ်သည်ဆိုကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့် လုပ်သည့် သူများကို ချေမှုန်းရ