အသက်ရှစ်နှစ်အရွယ်တွင် အလွန် အမင်း ကိုယ်ပူတက်ပြီးနောက် ခြေဖဝါးနှစ် ဖက်နှင့် လက်ဖဝါး များတွင် နှင်းဆီဆူးကဲ့သို့ အသားတက်များ ထွက်ပေါ်သည့်ဝေဒနာ ခံ စားနေရသည့် အသက် ၂ဝ အရွယ် မခိုင်ခင် ဦးသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ ထွန်းအထူးကုဆေးခန်းတွင် အထူးကုဆရာဝန်ကြီး ဒေါက်တာခင်အောင် ထွန်းနှင့် တွေ့ဆုံကုသမှုခံယူခဲ့သည်။ ထိုစဉ်က ဘယ်ဘက်ခြေဖဝါးမှ ဆူးတက်များအား ခွဲ စိတ်ကုသခဲ့ပြီးနောက် ယခုအခါ ကျန်ခြေဖဝါး မှ ဆူးတက်များအား ထပ်မံခွဲစိတ်ရန်အတွက် နေပြည်တော်ရှိ ဥတ္တရသီရိ ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
Friday, June 6, 2014
ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးဒီချုပ်တွင် ပေါ်လာနိုင်ဟုဆို
ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့စိတ်ေ နစိတ်ထားနှင့် တိုင်းပြည်အကျိုးပြုနိုင်သည့် ခေါင်းဆောင် များပေါ်ပေါက်လာ နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကဦးတင်ဦးကပြောသည်။
နာယကဦးတင်ဦးက ''ဒေါ်အောင်ဆန်းစုကြည်လို ထက်ထက်မြက်မြက် နဲ့ ဦးဆောင်သူတွေ ပေါ်ထွက် လာဖို့ရှိတယ်။ လူဆိုတာအသက်အရွယ်အရ ကြီးရင့်လာမှာဆိုတော့ လူငယ်မျိုးဆက်နိုင်ငံရေးသမားတွေ ပေါ်ပေါက်လာ ဖို့ လက်ကမ်းတွဲခေါ်လေ့ကျင့်ပေးဖို့လိုတာပေါ့။ နိုင်ငံရေးဆိုတာတစ်သက် လုံး လုပ်နေရမယ့်ကိစ္စဖြစ်တော့ ဒီကနေတစ်ဆင့် ဒုတိယ၊ တတိယ ဒေါ်အောင် ဆန်းစုကြည် လိုခေါင်းဆောင်တွေပေါ် ပေါက်လာနိုင်မှာပါ''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောသည်။
နာယကဦးတင်ဦးက ''ဒေါ်အောင်ဆန်းစုကြည်လို ထက်ထက်မြက်မြက် နဲ့ ဦးဆောင်သူတွေ ပေါ်ထွက် လာဖို့ရှိတယ်။ လူဆိုတာအသက်အရွယ်အရ ကြီးရင့်လာမှာဆိုတော့ လူငယ်မျိုးဆက်နိုင်ငံရေးသမားတွေ
အယ်နီညို ဖြစ်လာသည့် အခါ စိုက်ပျိုးရေး ကဏ္ဍတစ်ခုလုံး ထိခိုက် လာမည်ဖြစ်၍ ကြိုတင် ပြင်ဆင်ထားရန်လို
ယခုနှစ်တွင် မြန်မာနိုင်ငံသည် အယ်နီညို ရာသီဥတုကို မလွဲမသွေ ကြုံတွေ့ရတော့မည် ဖြစ်သဖြင့် လယ်သမားများရော၊ အစိုးရကပါ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း မိုးလေ၀သ ပညာရှင်များ၊ စီးပွားရေး ပညာရှင်များက တိုက်တွန်း ကြသည်။အယ်နီညို ရာသီဥတုကို ကြုံတွေ့ရသည့် အခါ အပူချိန် မြင့်တက် ခြင်း၊ မိုးရေချိန် နည်းခြင်းတို့ကို အဓိက ခံစားရမည် ဖြစ်ကာ အကျိုးဆက် အနေဖြင့် သောက်သုံးရေ ရှားပါးခြင်း၊ စိုက်ပျိုးရေ ရှားပါးခြင်း၊ ဆန်စပါး အထွက်နှုန်း လျော့ခြင်းများ အပြင် ငါးပုဇွန် ဖမ်းဆီးရရှိမှု နည်းပါးခြင်း တို့ကို ပြည်သူများ၊ အထူးသဖြင့် ကျေးလက်နေ တောင်သူ လယ်သမားများ အဓိက ခံစားရမည် ဖြစ်သည်။ နိုင်ငံတကာ တွင် အယ်နီညို ရာသီဥတုကြောင့် ငါးဖမ်း လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ လုံးဝ ပြိုလဲသွားခဲ့သည့် သာဓကများလည်း ရှိသည်။““ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို ဆိုးရွားတဲ့ ရာသီဥတု အတွက် ကြိုတင် ပြင်ဆင်တာတွေ မရှိဘူး။ လယ်သမားတွေ အနေနဲ့ ဘာတွေ လုပ်သင့်တယ် ဆိုတဲ့ အကြံပေးချက် တွေမရှိဘူး””ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ အယ်နီညိုသည် ပီရူးကမ်းခြေ မှ စတင်သော သမုဒ္ဒရာ ရေနွေးစီးကြောင်း ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ပျမ်းမျှအားဖြင့် (၁၂) လကြာတတ်ကာ နှစ်တစ်နှစ်၏ ဒုတိယ ခြောက်လမှ အခြား နှစ်တစ်နှစ်၏ ပထမ ခြောက်လ အထိဖြစ်ပွားကြောင်း သိရသည်။ အယ်နီညိုကို သာမန်အဆင့်၊ အလယ်အလတ် အဆင့်၊ အဆိုးဆုံး အဆင့်ဟု သုံးမျိုးခွဲခြား ထားကာ အယ်နီညို ဖြစ်ပွားစဉ်တွင် ဒီဇင်ဘာလ သည် အပြင်းထန်ဆုံး ဖြစ်ကြောင်း သိရသည်။““အယ်နီညိုက စဖြစ်ပြီး နောက်နှစ်မှာ ပိုဆိုးတဲ့ အတွက် ၂၀၁၅ မှာ စောင့်ကြည့်ရမှာပါ””ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် မိုးလေ၀သ အခြေအနေများကို ခန့်မှန်းကာ စီးပွားရေးမည်မျှ ထိခိုက်မည်ကို တွက်ချက်မှုများ၊ သတိပေးမှုများ ပြုလုပ်ရန် အတွက် သီးသန့်ဌာနများ ဖွင့်လှစ်ထားခြင်း မရှိသောကြောင့် အယ်နီညို ရာသီဥတု ဖြစ်သည့်အခါ ပြည်တွင်း ထုတ်ကုန် မည်မျှ လျော့ကျမည်ကို ခန့်မှန်း တွက်ချက်နိုင်ခြင်း မရှိသေးပေ။အယ်နီညို ရာသီဥတု ဖြစ်သည့်အခါ မိုးနည်းသဖြင့် မိုးရေကို အဓိက ထားလုပ်ကိုင်သော
ယာဉ်တိုက်မှု ဖြစ်ပါက ယာဉ်လိုက်ခွင့် အမြင့်ဆုံး (၆) လပိတ်ရန် စီစဉ်
ယာဉ်တိုက်မှု ဖြစ်သည့် ခရီးသည်တင် ယာဉ်မောင်း နှင့် ယာဉ်နောက် လိုက်များအား ယခင် ကျင့်သုံးခဲ့သော ယာဉ်လိုက်ခွင့် တစ်လပိတ် ပြစ်ဒဏ် အစား အမြင့်ဆုံး ခြောက်လပိတ် ပြစ်ဒဏ်တိုးမြှင့် အရေးယူရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မ.ထ.သ (ဗဟို) မှ သိရသည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ကြေညာထားပြီး ဖြစ်ပါတယ်။ လိုင်စင် ကိစ္စပဲ ဖြစ်ဖြစ်၊ ယာဉ်တိုက်မှုပဲ ဖြစ်ဖြစ်၊ ပြင်းထန်စွာ အရေးယူ တော့မယ်။ အရင် က ယာဉ်လိုက်ခွင့် တစ်လပိတ် တာမျိုး လုပ်တယ်။ အခု သုံးလ၊ ခြောက်လ ပိတ်တာမျိုးလုပ်မှာပါ ဟု မ.ထ.သ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ယာဉ် စည်းကမ်း ချိုးဖောက်မှုများ၊ စည်းကမ်းမဲ့ ယာဉ်များ၊ ယာဉ် မတော်တဆမှု ဖြစ်စဉ် များတွင် အပြစ်ပေး အရေးယူရာ၌ ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူရန် အစိုးရ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပို့ဆောင် ဆက်သွယ်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေ ပြုရေး အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် ပြဿနာ ပြေလည်စွာ ညှိနှိုင်းမည်ဟု ဦးရဲထွဋ် ပြောကြား
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်တွင် နယ်ခြားမှတ်တိုင် သတ်မှတ်ရာ၌ ဒေသခံများအကြား အငြင်းပွားမှု ဖြစ်နေသော ပြဿနာကို တရုတ်အစိုးရနှင့် ပြေလည်စွာ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
အဆိုပါ နယ်ခြား မှတ်တိုင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် အနီးတွင် နှစ်နိုင်ငံ ပူးတွဲ ဖွဲ့စည်းထားသော နယ်နိမိတ် သတ်မှတ်ရေးအဖွဲ့က မေလ ၂၇ ရက်မှ ၃၁ ရက်နေ့အထိ ကွင်းဆင်း စစ်ဆေးပြီး နယ်ခြားမှတ်တိုင် စိုက်ထူခဲ့သော်လည်း နမ့်ခမ်းမြို့နယ်

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ
မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။
ကျပ် ၂၀၀၀ နှင့် ၂၅ ရာခိုင်နှုန်း
မြန်မာလူငယ်တစ်ဦး
ဒုတိယသမ္မတတစ်ဦးကတစ်နေ့ဝင်ငွေ ကျပ် ၂,၀၀၀ ရှိလျှင် ရပ်တည်၍ရကြောင်း၊ ကျပ် ၂၀၀၀ ထက်ပိုလျှင် ပိုမိုအဆင်ပြေနိုင်ကြောင်းအခမ်းအနားတစ်ခုတွင် ပြောသည်ဟုသတင်းမီဒီယာများတွင် ဖော်ပြသည်။ နိုင်ငံ တော်သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၎င်းတို့ရရှိသော လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ဆင်း ရဲမှု လျှော့ချရေးလုပ်ငန်းစဉ်များအတွက် လှူဒါန်းရန်စီစဉ်ထားသည်ဟုလည်းသတင်းမီဒီယာများတွင်ဖော်ပြ သည်။ ကျပ်၂,၀၀၀၊၂၅ ရာ ခိုင်နှုန်းစသည့်ကိစ်္စများနှင့်ပတ်သက်၍ဝေဖန်ပြောဆိုမှုတွေလည်းရှိလာသည်။ လစာ ငွေ ၂၅ ရာခိုင်နှုန်းလှူဒါန်းခြင်းမှာစတန့်ထွင်၍ လှူဒါန်းခြင်းမဟုတ်ဟုလည်းဝန်ကြီး တစ်ဦးက ဆိုသည်။
မုဒိမ်းမှုနှင့် လူသတ်မှု ရန်ကုန်တွင် အများဆုံးဖြစ်နေ
မြန်မာနိုင်ငံတစ်ဝန်းသုံးလတာအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် အရ
ရန်ကုန် တိုင်းဒေသကြီးသည် မုဒိမ်းမှုနှင့် လူသတ်မှုအများဆုံးဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
မတ်လမှ မေလအထိ သုံးလ တာအတွင်း လူသတ်မှုပေါင်း ၃၈၀ကျော်နှင့် မုဒိမ်းမှုပေါင်း ၂၁၀ ကျော်ဖြစ် ပွားခဲ့ရာ ရန်ကုန်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ် ပြန်သည်။
မတ်လမှ မေလအထိ သုံးလ တာအတွင်း လူသတ်မှုပေါင်း ၃၈၀ကျော်နှင့် မုဒိမ်းမှုပေါင်း ၂၁၀ ကျော်ဖြစ် ပွားခဲ့ရာ ရန်ကုန်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ် ပြန်သည်။
လယ်သစ်အရှေ့ကျေးရွာမှ မိန်ကလေးမွေးဖွားပြီး (၂)လအကြာ ဖိုအင်္ဂါ ထွက်ပေါ်လာ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ နယ်၊
လယ်သစ်ကျေးရွာအုပ်စု-လယ်သစ်အရှေ့ရွာနေ ဦးမင်းစိုး+ဒေါ်ရင်မူ တို့၏ ပထမသမီးဦး
ရတနာကို မြိတ်ပြည် သူ့ဆေးရုံတွင် မတ်လ(၂၄)ရက်၌
မွေးဖွား ခဲ့စဉ်က မိန်းခလေးစင်စစ် မွေးဖွားလာခဲ့ပြီး အသက်(၂)လ
အရွယ်ရောက် လာသည့် အခါ သူ့အလိုလို (ဖို)အင်္ဂါ တစ်ခုထွက်ပေါ်လာပြီး (ဖို+မ)
အင်္ဂါ ယှဉ်တွဲပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
အိမ်ထောင်ပြုပြီး ၂နှစ်ကြာမှ အိပ်ခန်းထဲကနေ ပထမဆုံးအကြိမ် ထွက်လာခဲ့တဲ့ အမျိုးသမီး
ပါင် ၉၀၀ ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့သူမရဲ့ အိပ်ခန်းကနေ ပထမဆုံးအကြိမ်အနေနဲ့ ထွက်လာခဲ့ပါတယ်။ ဒါဟာ သူမလက်ထပ်ပြီး ၂နှစ် အကြာမှာ ပထမဆုံး အကြိမ်အနေနဲ့ ထွက်ခဲ့ခြင်း ဖြစ်ပြီး
အဲဒီလို ထွက်နိုင်ဖို့အတွက် မီးသတ်သမားတွေက အိမ်နံရံကို ဖြိုချ ဖျက်ဆီးပြီး
ကူညီခဲ့ရပါတယ်။
အန္တရာယ်ကင်းအောင် စားသောက်နည်းများ
၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ
ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ
ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။ ၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ
အ...နှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ
မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ရလာသော
ဇွန်းဝက်ခန့် သံပုရာရည်များကို
ပါကစ္စတန်မှာ အမျိုးသမီး တစ်ဦးကို အော်နာကေးလင်း လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ အသက်ရှင် လွတ်မြောက်ခွင့်ရခဲ့
ပါကစ္စတန်မှာ အမျိုးသမီး တစ်ဦးကို အော်နာကေးလင်း လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ အသက်ရှင် လွတ်မြောက်ခွင့် ရခဲ့ကြောင်း သိရပါတယ်။ ဆွေမျိုးများရဲ့ အုတ်ခဲ ကျောက်ခဲများနဲ့ ပစ်ပေါက်မှုကို ခံခဲ့ရပေမဲ့ (၁၈)နှစ်အရွယ် ပါကစ္စတန်သူဟာ အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့ပါသည်။ ယခုတိုက်ခိုက်ခံရတဲ့ ဆာဘာမာဆွတ် သည်လည်းပဲ သူမချစ်ခင်သူကို လက်ထပ်လိုမှု အတွက်နဲ့ မိသားစုဆန္ဒကို ဆန့်ကျင်တယ်ဆိုပြီး ဝိုင်းဝန်းသတ်ဖြတ် ခဲ့ကြတာ ဖြစ်ပါသည်။ မာဆွတ်ဟာ ပြီးခဲ့တဲ့ (၅)ရက်ကမှ
အမေရိကန် ပြည်နယ်အချို့မှာ မိုးရေခံက ထောင်ကျနိုင်
အမေရိကန်ရဲ့ ပြည်နယ် အချို့မှာ မိုးရေခံခွင့် မပေးထား ပါဘူး။ အကယ်၍
မိုးရေခံရင် တရားစွဲ အရေးယူ ခံရပြီး ပမာဏ အနည်းအများပေါ် မူတည်လို့ ပြစ်မှုက
ကြီးသွား နိုင်ပါ သေးတယ်။
ပြည်နယ်များ ကတော့ Utah, Colorado နဲ့ Ohio ပြည်နယ် တို့ အပြင် အခြားသော ပြည်နယ် နှစ်ခု လောက်အထိ ပါနေ သေးပြီး အချို့ မိုးရေခံ ခွင့်ကို ပိတ်ပင် ထား ပါတယ်။ Colorado မှာ ၂၀၁၂ နောက် ပိုင်း ပြန် ခွင့်ပြု ပေမယ့် မိုးရေခံတဲ့ ပမာဏ အနည်း အများအပေါ် မူတည်လို့

ကယ်လီဖိုးနီးယား သဲကန္တာထဲမှ လူနေအိမ်များပေါ်သို့ အမေရိကန် စစ်လေယာဉ် ပျက်ကျ
အမေရိကန် လေတပ်မှ ဂျတ်တိုက် လေယာဉ်တစ်စီးသည် ဆန်ဒီယာဂိုမြို့မှ
အရှေ့ဘက်မိုင် (၉၀) အကွာရှိ ကယ်လီဖိုးနီးယား သဲကန္တာရထဲမှ အရပ်ဘက်
နေအိမ်များပေါ်သို့ ပျက်ကျ သွားခဲ့ကြောင်း သိရသည်။
ရုပ်သံဌာနများ၏ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့က လေယာဉ် ပျက်ကျခဲ့ရာ အင်ပီရီရယ် မြို့မှ နေအိမ် လမ်းတစ်ခုတွင် အနည်းဆုံး အိမ် တစ်လုံးခန့်မှာ မီးလောင် ခဲ့ကြောင်းဆိုသည်။ ပျက်ကျခဲ့သည့် လေယာဉ်မှ ယာဉ်မှူးဖြစ်သူ မှာမူ ယာဉ်မှ အရေးပေါ် ခလုတ်ဖြင့် ခုန်ထွက်သွား နိုင်ခဲ့ကြောင်း သိရသည်။

တရားမဝင်အဖွဲ့အစည်း ဆက်သွယ်မှုနဲ့ ထိန်းသိမ်းထားသူ ၃ ဦးကို ဖောက်ခွဲမှုတွေနဲ့ ပစ်ဒဏ်ချမှတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည် သုံးဦးကို ဖောက်ခွဲမှုတွေနဲ့ မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီနေ့အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်တွေဟာ တရားမျှတမှုမရှိကြောင်း ဒုက္ခသည် ၃ ဦးရဲ့ ရှေ့နေ ဦးဂျီမာခါးက အခုလိုပြောပါတယ်။
"ဒီနေ့ ၃ ယောက်ကို အမိန့်ချလိုက်ပါတယ်၊ ပြည်နယ်တရားရုံးတွေရဲ့ ဒီဆုံးဖြတ်ချက်တွေဟာ ဥပဒေကို မျက်ကွယ်ပြုပြီးတော့ လုံးဝတရားမျှတမှု မရှိတဲ့ပုံစံမျိုး တရားစီရင်တာပေါ့နော်၊ ကျနော့်ရဲ့လျှောက်လွှဲချက် မှာလည်း စရဖစစ်ကြောချက်က လုံးဝမှန်ကန်မှုမရှိဘူး ဆိုတဲ့အကြောင်းကို အသေအချာ ရေးသား တင်ပြထားပြီးသားဖြစ်တယ်၊ သူတို့ဟာ စွပ်စွဲသလို ကေအိုင်အေ လည်းမဟုတ်ဘူး၊ ဖောက်ခွဲမှု ကျူးလွန်ဖူးတဲ့သူ လုံးဝမဟုတ်ဘူး၊ သာမန်ပြည်သူဖြစ်တဲ့ဟာကို မတရားသဖြင့် ထောင်ဒဏ်ချမှတ်တာဟာ ကချင်ပြည်နယ် တရားရုံးတွေဟာ ပြည်သူလူထုဘက် ဘာမှအကာအကွယ်ပေးနိုင်ဘူးဆိုတဲ့ သဘောတရား သက်ရောက်တယ်"

သီတဂူဆရာတော် အင်္ဂလန်တွင် မျက်စိခွဲစိတ်မှုခံယူ
အင်္ဂလန်နိုင်ငံတွင် ရောက်ရှိနေသော သီတဂူဆရာ တော်ကြီးသည် ဝေဒနာခံစားနေရ သည့်
မျက်စိနှစ်ဖက်ကို ဇွန်လ ၄ ရက်က ခွဲစိတ်မှုခံယူခဲ့ရာ အောင် မြင်ခဲ့ကြောင်း
သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်ဒုဥက္ကဋ္ဌ ဒေါက်တာ အရှင်ကောဝိဒကမိန့်ကြားသည်။
ကော့သောင်းမြို့ ဘုရင့်နောင်အငူ အနီး လူသေအလောင်းတစ်လောင်းတွေ့ရှိ
ကော့သောင်းမြို့ ဘုရင့်နောင်အငူ အနီး ကမ်းစပ်ကျောက်ဆောင် များကြားတွင် ဇွန် ၅ရက် ၊နံနက် ၇ နာရီ က အမည်မသိ လူသေ အလောင်း တစ်လောင်းတွေ့ရှိ ရကြောင်း သိရှိရသည်။
အဆိုပါ အလောင်းမှာ အသားညို လူလတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်၍ ခန္ဓာကိုယ်ပေါ်တွင် အ၀တ် အစားများ မပါရှိဘဲ မှောက်လျှက် အနေအထားဖြင့် ကမ်းစပ်ကျောက်ဆောင်များ အကြား သေ ဆုံးနေခြင်းဖြစ်သည်။ အဆိုပါ သေဆုံးသူ ၏မျက်နှာ မှာ ရုပ်ပျက်ဆင်းပျက် ကြေမွှနေ သည်ကိုတွေ့ရသည်။
ပညာရေး ၀န်ကြီးဌာနက ရာထူးတိုး၊ ပြောင်းရွှေ့မူဝါဒကို ဆရာ၊ ဆရာမများသို့ ပထမဆုံးအကြိမ် အသိပေး
ပညာရေးဝန်ကြီးဌာန သည် တက္ကသိုလ်ဆရာ၊ ဆရာမ များ ရာထူးတိုး၊ ပြောင်းရွှေ့ရေး
ဆောင်ရွက်ရာတွင် ကျင့်သုံးသော မူဝါဒများကို ဆရာ၊ ဆရာမများ သို့ ပထမဆုံးအကြိမ် အသိပေး၍ သဘောထား ဆန္ဒတောင်းခံ လိုက် သည်။
တက္ကသိုလ်၊ ကောလိပ်၊ ဒီ ဂရီကောလိပ်များရှိ ဆရာ၊ ဆရာမ များ၏ နေရာအပြောင်းအရွှေ့ နှင့် ရာထူးတိုးအတွက် အငြင်း ပွားမှုများဖြစ်ပေါ်နေပြီးနောက် ရာထူးတိုး ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒများကို ဆရာ၊ ဆရာမများ အား အသိပေးရှင်းလင်းကြောင်း အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်)က အ ကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ရာဇာမင်း ရန်ကုန်-ကော့ကရိတ် အထူးမှန်လုံယာဉ် လမ်းဘေးထိုးကျ
ကရင်ပြည်နယ် ဘားအံမြို့နယ် ရှမ်းကုန်းကျေးရွာ အနီးတွင် ဇွန် ၂ ရက် နံနက် ၇ နာရီခွဲက ရန်ကုန် ကော့ကရိတ် လိုင်းပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်မှာ ရှေ့မှ မျက်နှာချင်းဆိုင် မောင်း နှင်လာသော ယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းစောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ကော့ကရိတ်ပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်အမှတ်
ဖြစ်စဉ်မှာ ရန်ကုန်-ကော့ကရိတ်ပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်အမှတ်
မော်လမြိုင်တက္ကသိုလ် ကျောင်းသားများနေထိုင်ရာ အဆောင်ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းအနီးရှိ တက္ကသိုလ်ကျောင်းသား၊
ကျောင်းသူများ နေထိုင်သည့် မြိုင်သာယာရပ်ကွက် အတွင်းရှိ ကျောင်းသားအဆောင်
ပတ်ဝန်းကျင်တွင် မူးယစ် စိတ်ကြွဆေးပြား ရောင်းချသူကို မေလ နောက်ဆုံးရက်က
ဖမ်းဆီးနိုင် ခဲ့ကြောင်း မော်လမြိုင် တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက
ဦးသိန်းဇော်ဦးက ပြောကြား သည်။
မော်လမြိုင် မူးယစ်တပ်ဖွဲ့စု (၃၈) နှင့် မြိုင်သာယာ နယ်မြေရဲစခန်းတို့ ပူးပေါင်းပြီး မြိုင်သာယာ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းများကို မေလအတွင်း နှစ်ကြိမ်တိုင်တိုင်
မော်လမြိုင် မူးယစ်တပ်ဖွဲ့စု (၃၈) နှင့် မြိုင်သာယာ နယ်မြေရဲစခန်းတို့ ပူးပေါင်းပြီး မြိုင်သာယာ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းများကို မေလအတွင်း နှစ်ကြိမ်တိုင်တိုင်
ကာချုပ် လိုလားသည့် အပစ်ရပ်လက်မှတ်ထိုးရေး ဆွေးနွေးပွဲများပေါ်မူတည်ဟု အင်န်စီစီတီ ဆို
ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဖဒိုမူတူးဆေးဖိုးနှင့် တွေ့ဆုံစဉ်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ပြောခဲ့သည့် လာမည့် သြဂုတ် ၁ ရက်တွင် နိုင်ငံလုံးဆိုင်ရာ
အပစ်ရပ် လက်မှတ်ရေးထိုးရေး ကိစ္စ ဖြစ်မဖြစ်ဆိုသည်မှာ အစိုးရ၊
တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ (NCCT) ဆွေးနွေးပွဲများပေါ်တွင် သာမူတည်မည်ဟု
အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဇွန် ၅ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။
“ဘယ်လမှာ လက်မှတ်ထိုးမယ်ဆိုတဲ့ ဟာကအဲဒီလို သတ်မှတ်လို့မရဘူး။ တကယ်ဆွေးနွေးတဲ့အခါကျရင် အပေးအယူ ဘယ်လောက် တည့်လဲ၊ ဆွေးနွေးမှုဘယ်လောက်လက်ခံနိုင်လဲ ။ အဲဒီအပေါ်မှာပဲ မူတည်မယ်” ဟု နိုင်ငံသာကပြောသည်။
“ဘယ်လမှာ လက်မှတ်ထိုးမယ်ဆိုတဲ့ ဟာကအဲဒီလို သတ်မှတ်လို့မရဘူး။ တကယ်ဆွေးနွေးတဲ့အခါကျရင် အပေးအယူ ဘယ်လောက် တည့်လဲ၊ ဆွေးနွေးမှုဘယ်လောက်လက်ခံနိုင်လဲ
ဇနီးသည်ရဲ့ ဖေ့စ်ဘုတ်ကိစ္စ ဦးရဲထွဋ် တောင်းပန်ပြီ
သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ဇနီးရဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့
ပို့စ်တခုကို ပြန်ရှယ်မိတဲ့အတွက် ဖေ့စ်ဘုတ်စာမျက်နှာက
တဆင့် အခု လို တောင်းပန် လိုက်ပါပြီ။ အဲဒီကိစ္စဟာ အွန်လိုင်းလောကမှာ
လူပြောများနေတာလည်းဖြစ်ပါတယ်။ အခု ဦးရဲထွဋ်ရဲ့ တောင်းပန်စာကို
သူ့ဖေ့စ်ဘုတ်ကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်။ Facebook သုံးတဲ့အခါ
လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အခြားသူတင်ထားတဲ့ ပို့စ်များကို မ
ျှဝေမယ် ၊ နှစ် သက်ကြောင်းပြော မယ်ဆိုရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊
အမုန်းတရားပွားစေ တဲ့ ပြောကြားချက်တွေ ပုံတွေ မဖြစ်ဖို့ သတိပြုရ ပါတယ်။
မိမိရေးတဲ့စာများဟာလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ အမုန်းတရား
ပွားစေတဲ့ ပြောကြားချက် မဖြစ်ဖို့ လိုပါတယ်။
ကျေးရွာဒီချုပ်ဒုဥက္ကဋ္ဌတစ်ဦး အသတ်ခံရ
ရှမ်းပြည်နယ်တောင် ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ သိမ်း ဆည်းခံလယ်ယာမြေများ အရေး ဆောင် ရွက်ပေးနေသော မိုင်းပျဉ်း လက်တက်ကျေးရွာမှ အင်န်အယ်လ်ဒီ ပါတီဝင် တစ်ဦးအား ဇွန်လ ၄ ရက်ညတွင် လူနှစ်ဦးကလာရောက် ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။
ဇွန်လ ၄ ရက် ည ၁၂ နာရီတွင် ရှမ်းစကားပြောသော လူနှစ်ဦးသည် ဟိုပုံးမြို့နယ်ရှိ သိမ်းဆည်းခံ လယ်ယာမြေများ အရေးဆောင်ရွက်ပေးနေသော မိုင်းပျဉ်းလက်တက်ကျေးရွာမှ အင်န် အယ်လ်ဒီပါတီဒုက္ကဋ္ဌ ဦးစိုင်းစံ ထွန်းအား လက်ထိတ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုသို့ခေါ်ဆောင်သွားပြီး မိုင်းပျဉ်းလက်တက်ရွာနှင့် သုံးမိုင်ခန့်ဝေး သော နေရာတွင် ဦးစိုင်းစံထွန်း၏ ဦးခေါင်းကို သေနတ်ဖြင့် သုံးချက်ပစ်သတ်သွားခြင်း ဖြစ်သည်။
ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်း၌ ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံး
အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိနေစဉ်မှာပင် ချောင်းမြောင်း ပစ်ခတ်ခံရမှုကြောင့် တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ ယာယီတပ်ရင်းမှူး တစ်ဦး ဇွန် ၄ ရက် ညနေပိုင်းက ကျ ဆုံးခဲ့ကြောင်း သိရသည်။
ကျဆုံးခဲ့သည့် တပ်မတော်မှ အရာရှိမှာ ဗိုလ်မှူးကျော်ထင်အောင် ဖြစ်ပြီး ကွတ်ခိုင်မြို့အခြေစိုက် အမှတ် ၂၄၁ ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူးတစ်ဦးဖြစ်ကာ ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးခဲ့ရမှုနှင့် ပတ်သက်၍ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) မှ ချောင်းမြောင်းပစ် ခတ်ခြင်းဖြစ် သည်ဟု ပြောဆိုလျက်ရှိသည်။

ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို မလျော်ကန်စွာ ယူဆောင်သူ စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးအား ဖမ်းဆီးအရေးယူ
၂၀၁၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ၊ မွန်းလွဲပိုင်း ၁နာရီခွဲအချိန်ခန့် တွင် လားရှိုးမြို့ နယ်၊ ဆုံကွယ် ကျေးရွာ အုပ်စု၌ စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား မဖွယ်မရာ ပြုလုပ် သယ်ဆောင်ခဲ့သည်ကို မျက်မြင်တွေ့ ရှိခဲ့သူများက သက်ဆိုင်ရာသို့  သတင်းပို့ တိုင်တန်းခဲ့ရာ တာဝန်ရှိ သူများက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရသည်။
မရီရီအောင် (၄၃) နှစ်သည် လားရှိုးမြို့ ၊ ရပ်ကွက် (၁၂) နယ်မြေ (၁၂) တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်က ပထမအိမ်ထောင်နှင့် သားကြီးဖြစ်သူကို မွေးဖွားပြီး မီးတွင်း၌ အမျိုးသားဖြစ်သူနှင့် စကားများရာမှ အမျိုးသားဖြစ်သူက ရိုက်နှက်ခဲ့မှုကြောင့် စိတ်ဖောက်ပြန်ခဲ့ပြီး နောက် ပိုင်းတွင် မိသားစု ဆွေးမျိုးသားချင်းများက ဆေးဝါး ကုသစောင့်ရှောက်ပေး ခဲ့ရာ ဈေးရောင်းခြင်း ၊ နေကြာစေ့ထုတ်ခြင်း စသည့် ကျဘမ်းအလုပ်များကို လုပ်ကိုင်နိုင်သော်လည်း တစ်နှစ်လျင် (၂) ကြိမ်ခန့်  စိတ်ဖောက်ပြန်မြဲဖြစ်ပြီး တစ်ကြိမ် စိတ်ဖောက် ပြန်လျင် (၁)လခန့်  ကြာမြင့်တတ်ကြောင်း သိရသည်။

NLD နဲ့ ၈၈ ဘာဖြစ်ကြပြန်ပြီလဲ
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များ၏ ရှင်းလင်းချက်အပေါ် မကြေမလည်ဖြစ်ကာ အက်ကြောင်းများ ကြီးမားလာနေကြောင်း သိရှိရသည်။
မဇ္ဈိမနေ့စဉ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု လှုပ်ရှားမှုများ ဆောင် ရွက်နေခြင်းသည် NLD ပါတီ၏ ပါတီစည်းရုံးရေး လုပ်ငန်း သာ ဖြစ်ကြောင်း ပြောကြား ခဲ့ရာမှ အငြင်းပွားမှုများ ပြင်းထန်လာခြင်း ဖြစ်သည်။

ထိုင်းအာဏာသိမ်း စစ်အစိုးရအား အသိအမှတ်ပြုကြောင်း မြန်မာ ပြောကြား
ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအများအပြားက ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်
ပတ်သက်၍ သဘောမတူကြောင်းနှင့် စိတ်ပျက်မိကြောင်း ပြောဆိုနေချိန်တွင်
မြန်မာနိုင်ငံအနေဖြင့် ထိုင်းအာဏာ သိမ်းစစ်အစိုးရအား အသိအမှတ်ပြုကြောင်း
ပြောဆိုခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုတွင် လာဘ်ပေးလာဘ်ယူမှုသည် အကြမ်းဖက်မှုထက် ပိုမိုဆိုးရွားစေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး မသေမချာဖြစ်စေမှုမှာ လာဘ်ပေးလာဘ်ယူမှုဟာ အကြမ်းဖက်မှုထက်
ပိုမိုဆိုးရွားစေကြောင်းကို ဇွန် ၅ ရက် MICC တွင်ပြုလုပ်သည့် ၂ဝ၁၄ ခုနှစ်
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က
ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲမွဲတေမှုများကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျော့ ကျအောင် ဆောင်ရွက်လျက်ရှိပြီး စာတတ်မြောက်ရေးလှုပ်ရှားမှုများ ကိုလည်း နိုင်ငံ၏ ဒေသ များတွင် ဆောင်ရွက်ထားရှိခဲ့ကြောင်း၊ အလားတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဖြစ်စေ မှုတွင်

ဒီချုပ်ပါတီရုံးရှေ့ ဆဲဆိုခြိမ်းခြောက်သူကို အမှုဖွင့်
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီရုံးရှေ့တွင် နှစ်ကြိမ်တိုင်တိုင် ဆဲဆိုခြိမ်းခြောက်သူကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အမှုဖွင့်တိုင်ကြားထားကြောင်း ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
ပျဉ်းမနားမြို့နယ် ငကောင်း ကံကျေးရွာအုပ်စု၊ ဇီးကုန်းကျေး ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရပ်ကျေးရုံးရှေ့တွင် မေလ ၃၁ ရက်က တစ်ကြိမ်၊ ဇွန်လ ၂ ရက်က တစ်ကြိမ်လာရောက် ဆဲရေးတိုင်းထွာကာ ပါတီကိုတပ်၍ ခြိမ်းခြောက်မှုများ ရှိနေသည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲ ကျင်းပ
မြန်မာ-ဘင်္ဂလားဒေ့ရှ် အလံတင် ဆွေးနွေးပွဲအား ဇွန် ၅ ရက် နံနက်ပိုင်းက မောင်တောမြို့ ဒေဝါနဒီ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးမှာ ခြောက်နာရီ ကြာမြင့် ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကြားတွင် ရှိနေသော RSO လက်နက်ကိုင်အဖွဲ့ကို ပူးပေါင်းရှင်းလင်းရန် အဓိကအချက် အနေဖြင့် မြန်မာနိုင်ငံဘက်မှ တိုက်တွန်း မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

လွတ်မြောက်ရေး စွန့်စားတဲ့ ဝက်တကောင်
ဓာတ်ပုံ-The Mirror
ဝက်တကောင်ရဲ့ ရှင်သန်လွတ်မြောက်ရေး ကြိုးပမ်းမှုတခုပါ။ တရုတ်နိုင်ငံ တောင်ပိုင် ဂွမ်ဒေါင်း ခရိုင်ဘက် ဖိုရှန်ဒေသမှာ သားသတ် ရုံကို ပို့မယ့် ဝက်တွေကို လော်ရီကားနဲ့ သယ်လာတုန်း ဝက်တကောင်က သူ့ ရှင်သန် လွတ်မြောက်ရေးအတွက် ကြိုးစားရင်း လွတ်မြောက် သွားခဲ့ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်အိမ်မီးလောင်မှု နောက်ဆက်တွဲသတင်း
ဧပြီလကုန်ပိုင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်မှာ ဖြစ်ပွား ခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကို တရားစွဲခွင့်မရှိဘူးလို့ The Voice သတင်းစာမှာ ကြာသပတေးနေ့ က ရေးထားပါတယ်။
"ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း" တိုင်း လျှပ်စစ် ဝန်ကြီးက ပြောတယ်လို့ သတင်းမှာ ရေး ပါတယ်။
အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံ ရသူ
"ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း" တိုင်း လျှပ်စစ် ဝန်ကြီးက ပြောတယ်လို့ သတင်းမှာ ရေး ပါတယ်။
အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံ ရသူ
Dhamma Dãna Source
●အပြင်ကလာတဲ့ လေပြေညှင်းလေးတွေနဲ့
ထိတွေ့နိုင်ဖို့ သင့် “စိတ်တံခါးပေါက်တွေ”ကို
ဖွင့်ထားပေးပါ။
ထိတွေ့နိုင်ဖို့ သင့် “စိတ်တံခါးပေါက်တွေ”ကို
ဖွင့်ထားပေးပါ။
Subscribe to:
Posts (Atom)