![Photo: အဖိုးတန် ရတနာများနှင့် ဖန်တီးထားသည့် ဖိနပ်တစ်ရန် ချုပ်လုပ်ကာ စီရော်နယ်ဒိုကို ဂုဏ်ပြု
ဇန်န၀ါရီလ ၁၄ ရက်၊ ၂၀၁၅
စီရော်နယ်ဒို၏ စပွန်ဆာ ကုမ္ပဏီများအနက်တွင် တစ်ခုအပါအဝင်ဖြစ်သော နီကီအားကစား အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ် ရောင်းချရေး လုပ်ငန်းစုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား ဆုကို တတိယ အကြိမ်မြောက်အဖြစ် စီရော်နယ်ဒို ဆွတ်ခူးရရှိကြောင်း သိရှိရအပြီးတွင် ရွှေ၊ စိန်အစရှိသည့် ရတနာများနှင့် ဖန်တီးစီခြယ်ထားသည့် ဘောလုံးကန် ဖိနပ်တစ်ရန်ကို ဖန်တီးချုပ်လုပ်၍ ၎င်းတို့၏ ကစားသမားကို ဂုဏ်ပြုလိုက်ကြောင်း Nike ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။
နီကီသည် စီရော်နယ်ဒိုအတွက် ဂုဏ်ပြု ထုတ်လုပ်လိုက်သော ဖိနပ်ကို ဘားသီးများ နေရာတွင် ရွှေဖြင့်လည်းကောင်း၊ ဖိနပ်၏ သားရေသားတွင် ရွှေမှုန်များ မြှုပ်နှံ၍ လည်းကောင်း၊ CR7 ဟူသောအမည်ကို စိန်ပွင့်ငယ်များနှင့် လည်းကောင်း ဖန်တီးပေးထားခြင်း ဖြစ်ပြီး ဖိနပ်၏ ဒီဇိုင်းကိုလည်း စီရော်နယ်ဒိုအတွက် တစ်ဦးတည်းမူပိုင် သတ်မှတ် ပေးလိုက်သည်ဟု နီကီက ထုတ်ပြန် ကြေညာထားသည်။
နီကီသည် ယခုသီတင်းပတ်တွင် ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်၌ ကမ္ဘာ့အကောင်းဆုံးဆုကို ရီးရဲလ်မက်ဒရစ် ပရိသတ်များထံ မိတ်ဆက်ပြသရာတွင် စီရော်နယ်ဒိုအနေနှင့် ယခုဖိနပ်ကို စီးစေလိုကြောင်းလည်း ထုတ်ဖော်ပြောဆိုထားကာ ဖိနပ်၏ တန်ကြေးမှာမူ ၎င်း၏သမိုင်းကြောင်းကို မူတည်၍ အစဉ်အဆက် မြင့်တက်သွားလိမ့်မည်ဟု ဆိုသည်။
စီရော်နယ်ဒို၏ ယခု ဘောလုံးကန် ဖိနပ်သည် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စီရော်နယ်ဒိုမှနေ၍ တတိယအကြိမ်မြောက် ဆွတ်ခူးရရှိရာတွင် ဂုဏ်ပြုမှုအနေနှင့် ထွက်ပေါ်လာခြင်း၊ ပုံစံတူဒီဇိုင်း အခြားတစ်ရန် မရှိခြင်း၊ ဖိနပ်တွင် ထည့်သွင်းထားသော ရတနာများကို အနုစိတ် ဖန်တီးထားခြင်း အစရှိသည့် ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားလျက် ရှိသည်။
The Voice Weekly](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/s851x315/10922526_742531902508637_4589723768277582653_n.jpg?oh=ecc074c263a2829a10a25ff05884370c&oe=556738CC&__gda__=1428890258_2648b0523f5056c7687802f97a04084a)