Friday, April 11, 2014

အထက်တန်းကျောင်းမှာ လူ၂၂ယောက်ကို ဓားနဲ့ထိုးခဲ့တဲ့ ၁၆နှစ်သား

အထက်တန်းကျောင်းမှာ လူ၂၂ယောက်ကို ဓားနဲ့ထိုးခဲ့တဲ့ ၁၆နှစ်သား
Friday, April 11, 2014

Alex Hribal အမည်ရှိတဲ့ ၁၆နှစ်အရွယ် ကျောင်းသားလေးဟာ အရူးထပြီး သောင်းကျန်းကာ အထက်တန်းကျောင်းမှာ လူ ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ပါတယ်။  Pennsylvania အထက်တန်းကျောင်းမှာပါ။ ဒီလိုဓားနဲ့ လိုက်ထိုး၊ လိုက်ခုတ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေတုန်းပါပဲ။

Alex Hribal ဟာ စိတ်လွတ်နေတုန်း လူ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အနည်းဆုံး ကျောင်းသား ၅ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီ့ထဲက ကောင်လေး တစ်ယောက်ရဲ့ အသည်းကို ဓားက ဖောက်ဝင်သွားခဲ့ပါတယ်။

ဓားထိုး၊ ဓားခုတ်ခံခဲ့ရသူ အများစုဟာ အသက် ၁၄နှစ်က ၁၇နှစ် အတွင်း ကျောင်းသားတွေဖြစ်ကြပြီး လူကြီးဖြစ်တဲ့ ကျောင်းလုံခြုံရေး အမျိုးသားတစ်ယောက်ကတော့ ၀မ်းဗိုက် ဒဏ်ရာရသွားပါတယ်။

ကျောင်းတံခါးဖွင့်ပြီး ၁၅မိနစ်အကြာမှာ အခင်းဖြစ်ပွားခဲ့ပြီး နံနက် ၇း၁၃ မိနစ်ခန့်မှာ လူတစ်ယောက်ကနေ ရဲစခန်းကို ဖုန်းခေါ်ခဲ့တာပါ။ သံသယရှိခံရသူဟာ စာသင်ခန်းတွေကို ဖြတ်ပြီး စင်္ကြံတစ်လျှောက်ပြေးကာ ဓားနှစ်ချောင်းနဲ့ လိုက်ထိုး၊ လိုက်ခုတ်ခဲ့တယ်လို့ သိရပါတယ်။

‘ကြမ်းပြင်တစ်ခုလုံးလဲ သွေးတွေချည်းပဲ။’ လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ သတ္တိကောင်းလှတဲ့ ကျောင်းသား Nate Scimioဟာ တခြားကျောင်းသားတွေကို သတိပေးဖို့အတွက် မီးသတိပေးခေါင်းလောင်းကို ဖွင့်ခဲ့ပါတယ်။

တွဲဖက်ကျောင်းအုပ် Sam Kingဟာ သတ္တိရှိရှိနဲ့ပဲ Alex Hribal ကိုဝင်လုံးပြီး မြေပေါ်လှဲချခဲ့ပါတော့တယ်။

စုံစမ်းစစ်ဆေးမှုမှာ ဒေသခံရဲတပ်ဖွဲ့တွေနဲ့ FBI အေးဂျင့်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ယခုလို တိုက်ခိုက်ရခြင်း အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက ရှာဖွေစုံစမ်းနေတုန်းပါ။

Trend Myanmar
Alex Hribal အမည်ရှိတဲ့ ၁၆နှစ်အရွယ် ကျောင်းသားလေးဟာ အရူးထပြီး သောင်းကျန်းကာ အထက်တန်းကျောင်းမှာ လူ ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ပါတယ်။ Pennsylvania အထက်တန်းကျောင်း မှာပါ။ ဒီလိုဓားနဲ့ လိုက်ထိုး၊ လိုက်ခုတ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေ တုန်းပါပဲ။
Alex Hribal ဟာ စိတ်လွတ်နေတုန်း လူ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အနည်းဆုံး ကျောင်းသား ၅ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီ့ထဲက ကောင်လေး တစ်ယောက်ရဲ့ အသည်းကို ဓားက ဖောက်ဝင်သွားခဲ့ပါတယ်။

သတို့သားနဲ့ ဧည့်သည်တွေကို အဆိပ်ခတ် သတ်ခဲ့တဲ့ အရွယ်မမယ် သတို့သမီးငယ်

သတို့သားနဲ့ ဧည့်သည်တွေကို အဆိပ်ခတ် သတ်ခဲ့တဲ့ အရွယ်မမယ် သတို့သမီးငယ်
Friday, April 11, 2014

နိုင်ဂျီးရီးယားနိုင်ငံမှာ အရွယ်မရောက်ခင် အတင်းအကျပ် အိမ်ထောင်ပြုပေး တာကြောင့် အဆိပ်ခတ်ပြီး သတ်ရာမှာ ခင်ပွန်းနဲ့ သူ့ရဲ့ သူငယ်ချင်းသုံးယောက် သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၄နှစ်သာ ရှိသေးတဲ့ သတို့သမီး Wasila Umaru ဟာ လွန်ခဲ့တဲ့ အပတ်က အသက် ၃၅နှစ်အရွယ် Umaru Sani နဲ့ အတင်းအကျပ် လက်ထပ်ပေးခြင်းခံရပါတယ်။ အဲဒီနောက် Sani က သူ့ရဲ့ သူငယ်ချင်းတွေကို Kano မြို့နားမှာ တည်ရှိတဲ့ သူနေထိုင်ရာ ရန်ဆိုရိုရွာမှာ ဧည့်ခံပွဲ ကျင်းပဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။ ဧည့်သည်တွေ ရောက်လာတဲ့အခါမှာတော့ ဆယ်ကျော်သက် အရွယ် သတို့သမီးက တည်ခင်းဧည့်ခံတဲ့ ထမင်းထဲမှာ ကြွက်သတ်ဆေးခတ် လိုက်ပါတယ်။

စားသုံးမိတဲ့ Sani အဲဒီနေ့မှာပဲ အခြား သူငယ်ချင်းသုံးဦးနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ သူငယ်ချင်း နှစ်ဦးဖြစ်တဲ့ Nasiru Mohammed နဲ့ Alhassan Alhassan တို့ကတော့ စားပြီးပြီးချင်း သေဆုံးသွားခဲ့ပေမယ့် အခြား အမျိုးသမီး သူငယ်ချင်းဖြစ်သူ Indo Ibrahim ကတော့ ဆေးရုံရောက်ပြီး ကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သတို့သမီးဖြစ်သူက အနီးပတ်ဝန်းကျင်က ဈေးထဲမှာ အဆိပ်ကို ၀ယ်ယူခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ သူမ မချစ်မနှစ်သက်တဲ့သူနဲ့အတင်းအကျပ်အိမ်ထောင်ပြုခိုင်းတာကြောင့်အခုလို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ပြောဆိုပါတယ်။

ကလေးအရွယ်မှာ အိမ်ထောင်ပြုခြင်းဟာ နိုင်ဂျီးရီးယားမှာ အလွန်များပြား လာပါတယ်။ အထူးသဖြင့် မွတ်စလင်တွေနဲ့ နိုင်ဂျီးရီးယားမြောက်ဘက်ပိုင်းမှာ အဓိက ဖြစ်ပါတယ်။ သတို့သမီးကြေး ကောင်းလာတဲ့အပြင် မိဘတွေအနေနဲ့လည်း ကျွေးရတဲ့ ပါးစပ်ပေါက် တစ်ပေါက်လျော့သွားတဲ့အတွက်လို့ ပြောကြပါတယ်။
နိုင်ဂျီးရီးယားရဲ့ လူဦးရေ ထူပြောတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ကလေး အမျိုးသမီး ၅၀ ရာခိုင်နှုန်းဟာ အသက် ၁၈နှစ်မပြည့်ခင်မှာ လက်ထပ်ပြီးသားဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေး အေဂျင်စီများရဲ့ မှတ်တမ်းများအရ သိရပါတယ်။

ကလေးအရွယ် သတို့သမီးတွေဟာ ခက်ခဲတဲ့ ကိုယ်ဝန်ဆောင် ဒုက္ခတွေ ခံစားကြရပြီး ကလေးမွေးဖွားစဉ်မှာလဲ သေဆုံးကြတဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ သေဆုံးနှုန်းအရ အသေအပျောက်များတဲ့ အရွယ်တွေကတော့ အသက် ၁၅နှစ်ကနေ ၁၉နှစ် ရှိတဲ့ မိန်းကလေးများ ဖြစ်တယ်လို့ သိရပါတယ်။
အရွယ်မတိုင်ခင် နဲ့ အတင်းအကျပ် အိမ်ထောင်ပြုခြင်းကို ကုလအလုပ်သမား အဖွဲ့အစည်းနဲ့ ကန့်သတ်ထားသလို နိုင်ဂျီးရီးယား ကလေးအခွင့်အရေး အက်ဥပဒေများအရ အသက် ၁၈နှစ်အောက် အိမ်ထောင်ပြုခြင်းကိုလည်း တားမြစ်ထားပါတယ်။

ဒါပေမယ့်လည်း မြောက်ဘက်ပိုင်း ပြည်နယ်တွေမှာတော့ သူတို့လက်ကိုင်ထားတဲ့ မွတ်စလင်ဥပဒေတွေက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လျစ်လျူရှူလေ့ရှိပါတယ်။ ဒါ့အပြင် အသက် ၁၅နှစ်မှာ လက်ထပ်ယူခဲ့ပြီး ၁၇နှစ်မှာ ကွာရှင်းခံခဲ့ရတဲ့ သူတွေအတွက် ဘာမှမလုပ်ပေးသလို ကျူးလွန်သူကိုလည်း ဘယ်လိုမှ အရေးမယူခဲ့ပါဘူး။
အရွယ်မရောက်သူ အမျိုးသမီးတွေကို ပြန်လည်ကွာရှင်းတာဟာ နောက်ထပ်အခြားအမျိုးသမီးတွေကို ယူဖို့ အတွက်ဖြစ်ပြီး ကွာရှင်းခံရတဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေဟာ လမ်းပေါ်ရောက်ကြရတယ်လို့ ဒေသဆိုင်ရာ ကလေးသူငယ်များအဖွဲ့အစည်းက ပြောပါတယ်။

 Trend Myanmar
နိုင်ဂျီးရီးယားနိုင်ငံမှာ အရွယ်မရောက်ခင် အတင်းအကျပ် အိမ်ထောင်ပြုပေး တာကြောင့် အဆိပ်ခတ်ပြီး သတ်ရာမှာ ခင်ပွန်းနဲ့ သူ့ရဲ့ သူငယ်ချင်းသုံးယောက် သေဆုံးသွားခဲ့ပါတယ်။
အသက် ၁၄နှစ်သာ ရှိသေးတဲ့ သတို့သမီး Wasila Umaru ဟာ လွန်ခဲ့တဲ့ အပတ်က အသက် ၃၅နှစ်အရွယ် Umaru Sani နဲ့ အတင်းအကျပ် လက်ထပ်ပေးခြင်းခံရပါတယ်။ အဲဒီနောက် Sani က သူ့ရဲ့ သူငယ်ချင်းတွေကို Kano မြို့နားမှာ တည်ရှိတဲ့ သူနေထိုင်ရာ ရန်ဆိုရိုရွာမှာ ဧည့်ခံပွဲ ကျင်းပဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။ ဧည့်သည်တွေ ရောက်လာတဲ့အခါမှာတော့ ဆယ်ကျော်သက် အရွယ် သတို့သမီးက

ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက်


Myanmar Online News's photo.
အခုရက်ပိုင်း အွန်လိုင်း လောကမှာ နာမည်ကြီးပြီး လူပြောများနေတဲ့ ကိစ္စကတော့ သရုပ်ဆောင် ဆုပန်ထွာ တို့ စုံတွဲ ဓာတ်ပုံနဲ့ ဝေဖန်မှုတွေပါဘဲ။ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ဟာ ဧပြီလ ၉ ရက်နေ့ က စေ့စပ်ကြောင်းလမ်းပွဲလေး တခုလုပ်ပြီး ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
အဲဒီမှာပဲ ဝေဖန်မှုတွေနဲ့ အွန်လိုင်းလောကကို ဆူညံသွားပြီး တချိန်က နာမည်ကြီး အဆိုတော်တဦးနဲ့ ကိုဥက္ကာကျော် တွဲရိုက်ထားတဲ့ ဓာတ်ပုံ၊ သတင်းစာမှာ ကိုဥက္ကာကျော်ရဲ့ ဇနီးသည်က ထည့်သွင်းတဲ့
ကြော်ညာ စသဖြင့် အတော်ပွဲဆူနေပါတယ်။

ဒီကိစ္စကို ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။
ကျနော် ကိုဥက္ကာကျော်ပါ ခင်ဗျာ။ 

မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်

Photo: မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်
Friday, April 11, 2014

လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှားယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်း ယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေးတလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။

ခဏ အကြာမှာတော့ အဲဒီ တဲထဲမှာလူငယ် ၂ ဦးကို ခဏစောင့်ခိုင်း ပြီးတော့ တဲထဲက လူကြီးက ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားတယ်။ နာရီဝက် ကျော်ကျော်မှာတော့ စက္ကူထုပ် တထုပ်ပါလာတယ်။ လူငယ် ၂ ဦးကို အဲဒီ စက္ကူထုပ် လှမ်းပေးလိုက်တယ်။

“အားလုံးပေါင်း ဆေးပြား ၁၀ဝ၊ ကျပ် ၅ သိန်းဖိုး ပဲ၊ လိုသေးရင်တော့ သိပ်မကြာနဲ့နော်၊ ပစ္စည်းက ပြတ်တော့မှာ၊ အခု သင်္ကြန်အချိန် နီးလာတော့ ဆေးပြား ဝယ်တဲ့သူက တအားကို များနေတာ၊ ညီလေးတို့လိုပဲ ကြိုတင် စုထားတဲ့ သူတွေပေါ့”လို့ ပြောရင်း ငွေကို ရေတွက်လိုက်တယ်။

အဲဒီ မြင်ကွင်းလေး ကတော့ သင်္ကြန်ကာလမှာ မဏ္ဍပ်ထိုင်ကြမယ့် လူငယ်တစုက WY လို့ ခေါ်တဲ့ စိတ်ကြွ ဆေးပြားတွေကို ရာစီး အလိုက် ဝယ်ယူနေတဲ့ မြင်ကွင်းလေးပါ။ သင်္ကြန်ကာလမှာ ဒီနေ့ခေတ် လူငယ်ထု အကြား စိတ်လွတ်ကိုယ်လွတ် မြူးကြွဖို့ အတွက် ဒီလို စိတ်ကြွဆေးပြားတွေ အသုံးပြုတာက ခေတ်စားလို့ နေပါပြီ။

သင်္ကြန်ကာလ ရောက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ သင်္ကြန်တွင်းမှာ ဆိုရင် ဝယ်ရလည်းခက်၊ လုံခြုံရေး ကလည်း တင်းကြပ်၊ ရောင်းတဲ့သူတွေ ကလည်း ပုံမှန် မရောင်းတော့တာကြောင့် အခက်တွေ့မှာ စိုးလို့ အခုကတည်းက ကြိုတင်စုဆောင်း ထားကြတာ ဖြစ်ပြီး အခုလို စိတ်ကြွဆေးပြား ရာနဲ့ချီပြီးတော့ ဝယ်တဲ့အခါမှာ တော်ရုံ အဆက်အသွယ်နဲ့တော့ ဝယ်လို့ မရဟု သိရတယ်။

လူငယ်တွေက ဘာကြောင့် ဒီလို ကြိုတင်ဝယ်ယူ ရတာလဲ ဆိုတော့ မဏ္ဍပ်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်အောင် စိတ်ကြွဆေးပြား တွေသုံးဖို့၊ တချို့ကတော့ အုပ်စုလိုက် ရေကစားထွက်ရာမှာ သုံးဖို့နဲ့ စသဖြင့် အမျိုးမျိုးပါပဲ။ ဝယ်တဲ့ လူငယ်တွေ အများစု ကလည်း လက်လုပ်လက်စား လူတန်းစားတွေထက် ငွေကို အတိုင်းအတာ တခုအထိ သုံးစွဲနိုင်တဲ့ မိသားစုက လူငယ်တွေ ဖြစ်နေ တာ တွေ့ရတယ်။

“အခု ကျနော်တို့ ဆေးပြားကို ရာစည်းလိုက် ဝယ်စုထားတာ၊ ဒီလို အချိန်က နှစ်စဉ်စုနေကျပါ၊ ဒါကြောင့်လည်း ဆေးပြားဈေးက တက်သွားတယ်၊ အရင်က တပြားကို ၄ ထောင်ကျော် လောက်ပဲ ပေးရပေမယ့် ဒီအချိန်ကျရင် တထောင်ကျော် နီးပါး ဈေးတက် တယ်၊ ဒါပေမယ့် သင်္ကြန်တွင်းက ဝယ်ရပိုခက်တာကြောင့် အခုအချိန် ကတည်းက စုနေကြရတာ”လို့ အင်းစိန်မြို့နယ်ထဲကို စိတ်ကြွဆေးပြား သွားဝယ်တဲ့ လူငယ်တဦးက ဆိုပါတယ်။

ဒါပေမယ့်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ရဖို့ စီစဉ်ကြတဲ့သူတွေက လူငယ်တွေဖြစ်တဲ့ အပြင် ကိုယ့်မဏ္ဍပ် အတွက် တာဝန်ခံရတာကြောင့် ဒီနောက်ပိုင်း နှစ်တွေမှာ မဏ္ဍပ်မှာ လာကစားတဲ့ သူတွေကို ဒီလို စိတ်ကြွဆေးပြားတွေ ဝေကြတဲ့အသံ သိပ်မကြားရတော့ ဘူး လို့ ကမ္ဘာအေး ဘုရားလမ်းမှာ မဏ္ဍပ် တည်ထောင်ခွင့် ရထားတဲ့ 14 Club မဏ္ဍပ်မှ တာဝန်ရှိသူ မမြနှင်းရီလွင်က ပြောပြတယ်။

ရေလာကစားတဲ့ သူတွေက သုံးစွဲထားသလား၊ မသုံးဘူးလား ဆိုတာကိုတော့ မဏ္ဍပ်တာဝန်ခံတွေ အနေနဲ့ အတိအကျ မသိနိုင်ပေ မယ့် လာကစားကြတဲ့ သူတွေထဲမှာ ဒီလိုဆေးပြားတွေ သုံးစွဲလာကြသူတွေ များလာတာ တွေ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြ တယ်။

“ကိုယ့်မဏ္ဍပ်ထဲမှာ အဲဒီလို စိတ်ကြွဆေးတွေ ရောင်းဝယ်နေတာ၊ ဖြန့်ဖြူးနေတာ၊ သုံးစွဲနေတာ မဖြစ်ရအောင်လို့ CCTV လို လုံခြုံရေး ကင်မရာတွေနဲ့ သတိထားစောင့်ကြည့် သွားရမှာပေါ့၊ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင် အဲဒီလူကို မဏ္ဍပ်ပေါ်ကနေ အောက်ကို ဆင်း ဖို့ ပြောရမှာပဲ”လို့ မမြနှင်းရီလွင်က ဆက်ပြောတယ်။

အဲဒါကြောင့် မဏ္ဍပ်မှာ ရေလာကစားတဲ့ ဈေးနှုန်းကို မြှင့်ထားလိုက်တာက လူတန်းစား ခွဲခြားတာမျိုး မဟုတ်ပေမယ့် လာကစားကြ မယ့် သူတွေကို စိစစ်ရာ ရောက်ကြောင်း၊ လူငယ်တွေမှာ သင်္ကြန် ဆိုရင် တရားဝင် အရက်သောက်လို့ ရတဲ့၊ တရားဝင် ရန်ဖြစ်လို့ ရတဲ့ ကာလလိုမျိုး ဖြစ်လာကြောင်း၊ သူတို့ ဆေးသုံးထား သလား၊ မသုံးထားသလား ဆိုတာကို မသိနိုင်ကြောင်း၊ မဏ္ဍပ်က ဒီလို ဆေးပြားတွေ ဝေတယ်ဆိုတာ နောက်ပိုင်းမှာ မကြားတော့ကြောင်း၊ လာကစားသူ အချင်းချင်း ဝေတာမျိုးလောက်တော့ ရှိမယ် ထင်ကြောင်းလည်း မမြနှင်းရီလွင်က ရှင်းပြပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မဏ္ဍပ်တွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်၊ စည်းကမ်းတွေ သတ်မှတ်၊ ပြီးတော့ မူးယစ် ဆေးဝါးတွေ ရောင်းချမှု မရှိအောင်၊ အရက်သေစာတွေ ရောင်းချမှု မရှိအောင်လို့ စည်းကမ်းတွေထုတ်မှာ ဖြစ်သလို လူစည်ကားမယ့် နေရာအနီးတဝိုက်မှာ လုံခြုံရေးကွပ်ကဲမှု ရုံးတွေ ဖွင့်သွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောဆိုထားပါတယ်။

“သင်္ကြန်မှာ လူငယ်တွေ အကြား ဒီလို မူးယစ်ဆေးဝါးတွေ သုံးစွဲမှု မြင့်တက်လာတာကြောင့်ပဲ သရုပ်ပျက် ဝတ်စားပျော်ပါးမှုတွေ ဖြစ် လာရတာ၊ ဒါကို အစိုးရအနေနဲ့ သီးသန့် စီမံဆောင်ရွက်ဖို့ လိုအပ်လာပြီ”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောပါတယ်။

အခုလို လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲကြတာက လူ့စွမ်းအား အရင်းအမြစ်ကို များစွာ ထိခိုက်သလို နိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေနဲ့လည်း များစွာသက်ဆိုင်တယ်၊ မိဘ၊ လူငယ်တွေကျင်လည်ကြတဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတော် အားလုံးရဲ့တာဝန် မကင်းဘူး လို့လည်း သူက ဆိုပါတယ်။

အဲဒီ အပြင် ဒီနေ့ခေတ် လူငယ်တွေမှာ မူးယစ်ဆေးဝါး အန္တရာယ်ကို စိုးရိမ်နေကြတဲ့ လူငယ်တွေ ရှိသလို၊ သုံးစွဲမှု ပိုများလာတဲ့ လူငယ် တွေလည်း ရှိတယ်၊ တချို့ လူငယ်အစည်းအဝေးတွေမှာ ဒီကိစ္စက အထူးဆွေးနွေးစရာ ကိစ္စအဖြစ် ရှိလာတာကို တွေ့မြင်ရ တယ်လို့လည်း ဒေါ်ခင်ဝိုင်းကြည်က ပြောပါသေးတယ်။

“လူငယ် အစည်းအဝေးပွဲတွေ တက်တဲ့အခါမှာ ဒီဆေးဝါးပြဿနာကို အမြဲပြောကြတယ်၊ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်စေချင်ရင် ဒါတွေက တကယ့် အဆိပ်အတောက်တွေပဲ၊ နိုင်ငံတော်ကို ဒီအရေးနဲ့ ပတ်သက်ပြီး အထူးတလည် သီးသန့်ဆောင်ရွက် စေချင်တယ်၊ ဒီလိုဖြစ်နေလို့ လူငယ်တွေကို အပြစ် မပြောချင်ဘူး၊ နိုင်ငံရေး ယဉ်ကျေးမှု အခြေအနေနဲ့ ဒီအခြေအနေတွေက တိုက်ရိုက် သက်ဆိုင် တယ်”လို့ သူက ဆိုပါတယ်။

တကယ်တော့ ဒီစိတ်ကြွဆေးပြားတွေ ထုတ်လုပ်ကြတဲ့သူတွေဟာ ငွေကြေးရလိုမှု တခုတည်းကို ကြည့်ပြီးတော့ မတော်လောဘကြီး နေတဲ့ အတွက် ထုတ်လုပ်သူတွေ ကိုယ်တိုင်က အသိစိတ်ရှိဖို့ လိုအပ်တယ်၊ လူငယ်အရေး တက်ကြွလှုပ်ရှားနေကြတဲ့ သူတွေကလည်း ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေကို ဒီမူးယစ်ဆေးဝါးတွေရဲ့ အကြောင်း မကြာခဏ ပြောဆို ဆွေးနွေးနေဖို့ လိုအပ်တယ် လို့လည်း ဒေါ်ခင်ဝိုင်းကြည်က အကြံပြုလိုက်ပါတယ်။

မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်တဲ့ သူတွေက လူငယ်တွေ မဟုတ်ပါဘူး၊ လူကြီးတွေပါ၊ လူကြီးတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကြောင့်ပဲ လူငယ်တွေမှာ ခါးစည်းခံနေရတာလို့ စာရေးဆရာ ချစ်ဦးညိုကလည်း သုံးသပ်တယ်။

လူငယ်တွေ လက်လှမ်းမီရာမှာ အဆင်သင့်ဖြန့်ကျက်ထား၊ ဆိုးကျိုးတွေ ဖြစ်လာမှ လူငယ်တွေကို အရေးယူမယ်၊ အပြစ်တင်မယ် ဆိုရင်တော့ မတရားတဲ့ လုပ်ရပ်ပဲလို့ သူက ဆက်လက် ပြောဆိုပါတယ်။

“ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်မှာပဲ၊ အရင်းစစ်တော့ အမြစ် မြင်တာပေါ့ဗျာ၊ ထုတ်လုပ်သူတွေ၊ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့ တာတွေ လုပ်နေကြတာ၊ ဒီကိစ္စတွေက နိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကြောင့်ပဲ၊ နှစ်ဖက်စလုံးက ဒီကိစ္စတွေရဲ့ စီးပွားရေးတွေကို လက်မလွှတ်ချင် ဖြစ်နေတာ ပါတယ်၊ နိုင်ငံရေး အကျပ်အတည်းနဲ့ တိုက်ရိုက်ကို ဆိုင်တယ်”လို့လည်း ဆရာချစ်ဦးညိုက ဆိုပါတယ်။

သင်္ကြန်ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ပြန်ကြည့်မယ်ဆိုရင် စိတ်ကြွဆေးပြားကြောင့် ဖြစ်ပျက်တာမျိုး နည်းပါးပြီး အရက် သေစာ မူးယစ်မှုကြောင့် ဖြစ်ပျက်တာ များတယ်၊ စိတ်ကြွဆေးပြားကြောင့် ဖြစ်ပျက်တာကတော့ မိန်းကလေး၊ ယောက်ျားလေး အား လုံးမှာ သရုပ်ပျက် ဝတ်စား ကခုန်တာ၊ မြူးတူးပျော်ပါးတာနဲ့ ပတ်သက်တယ်လို့ သူနာပြု တက္ကသိုလ် နည်းပြဆရာဝန် ဒေါက်တာ နန္ဒထွန်းက ပြောပြတယ်။

ရပ်ကွက်အတွင်းမှာလည်း ဒီလို စိတ်ကြွဆေးပြားတွေ အလွယ်တကူ ဝယ်လို့ ရနေသလို ဒီနေ့ခေတ် လူငယ်တွေမှာ အရင်အချိန်က ခေတ်စားခဲ့တဲ့ စိတ်ငြိမ်ဆေး (ဒိုင်ယာစီပင်၊ ဖန်စီဒိုင်း) တို့တွေထက် ပိုမို အသုံးပြုလာတာ တွေ့ရတယ်လို့ သူက ဆက်ပြောတယ်။

“တကယ်ရောင်းတယ် ဆိုတဲ့ဆိုင်ကို ကျနော်တို့ သွားဝယ်လို့  မရောင်းဘူး၊ လူငယ်တယောက်လောက်ကို သွားဝယ် ခိုင်းကြည့် လိုက်၊ လွယ်လွယ် လေးပဲ၊ ဆေးဆိုင်တွေမှာက စိတ်ငြိမ်ဆေးတွေ၊ ဖန်စီဒိုင်းတွေက ဥပဒေနဲ့ အရေးယူခံရမှာ ကြောက်လို့ လွယ်လွယ်နဲ့ မရောင်းတော့ ဒီလိုလွယ်လွယ်ရတဲ့ စိတ်ကြွဆေးတွေကို ပိုသုံးလာကြတာပေါ့၊ သင်္ကြန်ဆိုတော့ ဆေးခြောက်တို့၊ စိတ်ငြိမ်ဆေး တို့ထက် ဒီဆေးတွေက ပိုအဆင်ပြေတော့ အခုလို ဝယ်စုလာကြတယ် ဆိုတာ မဆန်းပါဘူး”လို့ ဒေါက်တာ နန္ဒထွန်းက ဆိုတယ်။

ဒါပေမယ့် သင်္ကြန်ကာလမှာ စိတ်ကြွဆေးပြားတွေကြောင့် လူငယ်ထုအကြား မလိုလားအပ်တဲ့ လူမှုရေး အဖြစ်အပျက်တွေ၊ ရောဂါ ကူးစက်ခံရတွေ ကိုတော့ အထူး သတိထားသင့်တယ်လို့ သူက အကြံပြုပါတယ်။

“လူငယ်တွေ စိတ်တွေက ကြွနေတော့ ဘာမှတွေးမနေတော့ဘူး၊ ကိုယ်လက် နှီးနှောကြတာမျိုးတွေလည်း ဖြစ်လာနိုင်တာကို သတိပြု ရမယ်၊ အဲဒီရဲ့ နောက်ဆက်တွဲ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါရှိတဲ့ သူနဲ့သွားပြီး ကျူးလွန်မိလို့ ကိုယ်လည်း ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်တာကိုတော့ ကြိုတင်ကာကွယ် ထားသင့်တယ်”လို့လည်း သူက ပြောဆိုပါတယ်။  

ဧရာဝတီ
လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှားယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်း ယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေးတလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။

ခဏ အကြာမှာတော့ အဲဒီ တဲထဲမှာလူငယ် ၂ ဦးကို ခဏစောင့်ခိုင်း ပြီးတော့ တဲထဲက လူကြီးက ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားတယ်။ နာရီဝက် ကျော်ကျော်မှာတော့ စက္ကူထုပ် တထုပ်ပါလာတယ်။

မီတာခ တိုးမြှင့်ခြင်းဂယက် အင်တာနက်ဆိုင်အချို့ ဝန်ဆောင်ခတက်ရန်ပြင်


တာခတိုးမြှင့်လိုက်သည့်အတွက် အင်တာနက်ဆိုင်အချို့ ဝန်ဆောင်ခနှုန်းထားမြှင့်တင်ရန် စီစဉ်နေသည်ဟု အဆိုပါအသိုင်းအဝိုင်းမှ သိရသည်။ ”ဝင်ငွေမကောင်းရတဲ့ အ ထဲ မီတာခထပ်တက်ပြီဆိုတော့ လက်ရှိပုံစံ အတိုင်းတော့ သွားလို့မရတော့ဘူး။ ဒီလ မီတာခအခြေ အနေကိုကြည့်ပြီး ဈေး တက်ရင် တက်မှာပါ”ဟု ပုဇွန်တောင်မြို့နယ်မှ IT Link အင်တာနက်ဆိုင်ပိုင်ရှင်က ပြောသည်။
မြန်နှုန်းကောင်းမွန်ရေးအတွက် အင်တာနက်ကောင်းကောင်း သုံးစွဲနိုင်သည့် လိုင်းမျိုးစုံချိတ်ဆက် ထားကြောင်း၊ မြန်နှုန်းကိုလည်း အမြင့်ဆုံး အနေအထားအထိ ယူထားေ ပးကြောင်း၊ ယင်းကြောင့်

နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ

Photo: နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ
Friday, April 11, 2014

နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေစစ် မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

နယ်စပ်ကုန်သွယ်လမ်း ယာဉ်တန်း အဆင်းနေ့ဖြစ်သော ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မြ၀တီမှခရီးသည် ၄၅ ဦး တင်ဆောင်လာသော မြ၀တီ -ဖြူး-တောင်ငူ ယာဉ်လိုင်းမှ အိုအေစစ်မှန်လုံခရီးသည် ပို့ဆောင်ရေး မှန်လုံယာဉ်သည် တရုတ်ဖြူ တောင်နှင့် အလယ်ဗိုလ်တဲကြား ၊ မိုင်တိုင် အမှတ် ၈၄/၈၅ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်း၏ဘယ်ဘက်ချောက်ထဲသို့ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။

“ကားပေါ်ပါတဲ့ ခရီးသည်အများစုကတော့ တစ်ဖက်နိုင်ငံမှာ အလုပ်လုပ်ပြီး သင်္ကြန်ပြန်လာတာ များပါတယ်။ ခရီးသည်များနဲ့ အတူ ချောက်ထဲလိမ့်ဆင်းသွားတာ။ သေဆုံးသူနှစ်ယောက်နဲ့  ဒဏ်ရာရသူတစ်ဦးကိုတော့ မြ၀တီ နာရေးဥက္ကဋ္ဌကားနဲ့ တင်ပြီး ကော့ကရိတ်ကို သွားပို့ပါတယ်။ ကားထဲမှာ သုံးယောက် ညပ်နေတယ်။ ဆွဲထုတ်လို့ မရသေးပါဘူး” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိနေသော မြ၀တီ စေတနာလူမှုကူညီရေး အသင်းသား ကိုဝတုတ်က ညနေ ၃ နာရီ အချိန်က ပြောကြားသည်။

ချောက်ထဲသို့  ယာဉ်ထိုးဆင်းသွားခြင်းကြောင့် ဒဏ်ရာရရှိသောခရီးသည်များအား ခရီးသည်ကားများဖြင့်လည်းကောင်း၊ ကော့ကရိတ် လူနာတင်ကားဖြင့် လည်းကောင်း၊ မြ၀တီမြို့ စေတနာနာရေးကူညီမှုအသင်းကား နှစ်စီးဖြင့်လည်းကောင်း ကော့ကရိတ်ဆေးရုံ သို့ ကူညီပို့ဆောင်ပေးကာ အရေးပေါ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ညနေ ၃ နာရီကျော်သည်အထိ ချောက်ထဲမှ ကားအား လက်ရှိကရိန်းကားနှင့် ဆွဲတင်နိုင်ခြင်းမရှိ၍ ကော့ကရိတ်မှ သစ်ဆွဲသော ကရိန်းကားများအား တာဝန်ရှိသူများက ခေါ်ယူလျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ မြ၀တီစေတနာ နာရေးကူညီမှုအသင်းမှ ဒေါက်တာကိုကိုအောင်၊ ဦးလှထွန်း၊ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းမှ သင်တန်းသား၄၀ ကျော်တို့ သွားရောက် ကူညီဆောင်ရွက်ခဲ့သလို ကော့ကရိတ်ဆေးရုံသို့ ရောက်ရှိနေသော လူနာများအား ကာ့ကရိတ်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ ကော့ကရိတ် ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ၀င်းကြီးရပ်ကွက်မှလူငယ်များ၊ ကော့ကရိတ်သွေး အကူညီပေးရေးအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group
နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေစစ် မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။