Saturday, December 21, 2013

မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်းသားလေးဦးပျောက်ဆုံး

Photo: မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်းသားလေးဦးပျောက်ဆုံး
Saturday, December 21, 2013

ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။

အဆိုပါပျောက်ဆုံးမှုတွင် ဗောဓိကုန်းကျေးရွာနေ ဦးစိုးကွန့်၏သား မောင်ဇေမောင်မောင်(၁၄နှစ်)၊ အောင်ချမ်းသာရပ်ကွက်နေ ဦးသူရထွန်း၏သား မောင်ဟိန်းသူထက်(၁၄နှစ်)၊ စက်ကုန်းရပ်ကွက် နေ ဦးဝင်းမြိုင်၏သား မောင်ရဲရင့်ပိုင်(၁၄နှစ်)နှင့် စိမ်း ရတနာမွန်(တောင်ပိုင်း) ရပ်ကွက်နေ ဦးလဒွဲ၏သား မောင်နော်အောင်(၁၄နှစ်) တို့ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

''ပျောက်တဲ့နေ့က ကာယလေ့ကျင့်မယ်ဆိုပြီး ကျောင်းကနေပြန် မလာတော့တာ။ ညနေပိုင်းရှာတော့ ကျောင်းကိုမရောက်ဘူးလို့ ဆရာမတွေကပြောတယ်။ မဟုတ်တဲ့နေရာတွေ ရောက်သွားမှာ စိုးရိမ်ပါတယ်'' ဟုမောင်ရဲရင့်ပိုင်၏ဖခင် ဦးဝင်းမြိုင်ကပြောသည်။

ယင်းပျောက်ဆုံးမှုကို အခြားရဲစခန်းများသို့ ကူညီ စုံစမ်းပေးပါရန်နှင့် မိုးညှင်းရဲစခန်းက နယ်ထိန်း တပ်ဖွဲ့ဝင်များကို တာဝန်ပေးထားကြောင်း၊ မိုးညှင်း ရဲစခန်း၏ လူပျောက်အမှတ်စဉ် ၅/၂ဝ၁၃ ဖြင့် အမှုဖွင့် ထားကြောင်း ယနေ့မိုးညှင်းရဲစခန်းတာဝန်မှူး ဒုတိယ ရဲအုပ် စောအောင်ဝင်းဝင်း ကပြောသည်။

ယင်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ မိုးညှင်းရဲစခန်း ဝ၇၄-၆ဝဝ၁၂၊ မခင်မာလွင် ဝ၉-၄ဝဝဝ၁၈၁၃၂၊ ဦးဝင်းမြိုင် ဝ၉-၆၄၁ဝ၄၃၉၊ ဦးဝင်းဌေး ဝ၇၄-၆ဝ၂၇၈ တို့အား တွေ့ရှိပါက ဆက်သွယ်အကြောင်း ကြားရန် သက်ဆိုင်ရာကမေတ္တာရပ်ခံထားသည်။

ကျော်ဇင်
The Union Daily
ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။

မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး

Photo: မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး
Saturday, December 21, 2013

 မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။

““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၇ရက် နံနက်က မြ၀တီမြို့ သောင်ရင်းမြစ်ကမ်းနံဘေးတွင် စိတ်ကြွဆေးပြားများနှင့်အတူ  အမျိုးသားနှစ်ဦးကို မြ၀တီမြို့၊ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ ၀န်ခံချက်အရ မြ၀တီမြို့၊ ရပ်ကွက်(၅)တွင် ကျောင်းဆောက်၍ တစ်ပါးတည်းသီတင်းသုံးနေသည့် ဦးပဉ္ဇင်း ဦးပညာဆိုသူကို ထပ်မံဖမ်းဆီး၍ လူဝတ်လဲ အရေးယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိကပြောသည်။
““ဒီဦးပဉ္ဇင်းက ကျောင်းမှာ တစ်ပါးတည်းနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်နေတာ။ ရဲတပ်ဖွဲ့က အခုလိုအရေးယူသွားတာကို ဒေသခံတွေအနေနဲ့ ကျေးဇူးတင်ပါတယ်””ဟု ရပ်ကွက်(၅) တွင်နေထိုင်သူတစ်ဦးကပြောသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သော မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းကိုးဆယ်ကျော်ဖိုးရှိပြီး အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူသုံးဦးကို မြ၀တီမြို့မရဲစခန်း၌ ထိန်းသိမ်းထားကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၁ဖြင့်   အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7day Daily
မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်ရန်ပုံငွေသည်ကျေးလက်လူထု၏ဖွံ့ဖြိုးရေး လုပ်ငန်းအတွက်မပြည်စုံနိုင်ဟုဆို

Photo: လွှတ်တော်ကိုယ်စားလှယ်ရန်ပုံငွေသည်ကျေးလက်လူထု၏ဖွံ့ဖြိုးရေး
လုပ်ငန်းအတွက်မပြည်စုံနိုင်ဟုဆို
Saturday, December 21, 2013

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် နိုင်ငံတော်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရန်ပုံငွေကို ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် ခွင့်ပြုငွေသိန်း၁ထောင်ချမှတ်ပေးခဲ့သဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ်ရေး အဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မီတီမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ဒေသ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် အကြောင်းကြားထားခဲ့သည်ဟု မိုးညှင်းလွှတ်တော်ရုံးမှသိရသည်။

ဒေသအသီးသီးမှ လွှတ်တော်ရုံးသို့ တင်ပြချက်များအရ လုပ်ငန်းပေါင်း(၁၅၂)ခုရှိပြီး ကျပ်သိန်းတစ်သောင်းကျော်ခန့်နေကြောင်း၊ ဒီဇင်ဘာ၁၈ရက်နေ့ စာရင်းဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာ အုပ်စုများ
အတွက် လုပ်ငန်းများခွဲဝေပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးတာဝန်ခံ ဒေါ်မြင့်မြင့်ကြည်က
ပြောသည်။

“၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေသိန်းတစ်ထောင်ပဲ ခွင့်ပြုထားပါတယ်၊ အခုဒေသအသီးသီးမှတင်ပြ တောင်းဆိုလာတာ ခွင့်ပြုရန်ပုံငွေထက်ဆယ်ဆလောက် ရှိနေပါတယ်၊ မြို့နယ်အတွင်း
သောက်သုံးရေရရှိရေး၊ လမ်းတံတားတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့အခြားလုပ်ငန်းများအတွက် အခြေခံကျေးလက်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကများနေပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ပြည်သူတွေလိုအပ်ချက်များကို အမြန်ဆုံး ပြည်စုံနိုင်ဖို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်”ဟု မိုးညှင်းမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်စိုးလေးက ပြောသည်။

“ဒေသဖွံ့ဖြိုးရေးကိုမြို့နဲ့ နီးတဲ့နေရာတွေထက်လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ရွာတွေကို ဦးစားပေးစေချင်တယ်၊ လုပ်ဆောင်မှုတိုင်းကို
ပြန်လည်စစ်ဆေးဖို့လည်း လိုအပ်ပါတယ်ဒါမှ လုပ်ပြီးပြီးရော မဟုတ်ဘဲ အမှန်အကန်နဲ့ရေရှည် တည်တံ့နိုင်မှာပါ၊ အမှန်တကယ်
စေတနာထားပြီး ဆောင်ရွက်ပေးရင် စေတနာအကျိုးပေးကြမှာပါ”ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောသည်။

ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြထားကြသည့် လုပ်ငန်း များနေသောကြောင့် ကျေးရွာအုပ်စုတစ်စုကို လုပ်ငန်းတစ်ခုစီ
ဦးစားပေး၍ အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
လွှတ်တော်ခွင့်ပြုငွေ သိန်း၁ထောင်နှင့် ညီမျှအောင် စိစစ်ရေး
ကော်မတီတွေဖွဲ့စည်း၍ မျှမျှတတဖြစ်အောင်ဆောင်ရွက်
ပေးနေပါကြောင်း လွှတ်တော်ကိုယ်စားလှယ်တွဲဘက် တာဝန်ခံဒေါ်ဝါ၀ါလွင်က ပြောသည်။

သီဟအောင်(ကချင်)
မြန်မာ့ခေတ်
ကချင်ပြည်နယ်မိုးညှင်းမြို့နယ်တွင် နိုင်ငံတော်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရန်ပုံငွေကို ဒေသ ဖွံ့ဖြိုးရေးေ ဆာင်ရွက်နိုင်ရန် ခွင့်ပြုငွေသိန်း၁ထောင်ချမှတ်ပေးခဲ့သဖြင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖေါ်ရေး အဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မီတီမှတဆင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ဒေသ၏ လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် အကြောင်းကြားထားခဲ့သည်ဟု မိုးညှင်း လွှတ်တော် ရုံးမှသိရသည်။

ဂျပန်နိုင်ငံ၏အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ကို စစ်ရေး ချဲ့ထွင်ခြင်းဟု တရုတ်နိုင်ငံကစွပ်စွဲပြီးရှုံ့ချ

Photo: ဂျပန်နိုင်ငံ၏အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်ကို စစ်ရေး ချဲ့ထွင်ခြင်းဟု တရုတ်နိုင်ငံကစွပ်စွဲပြီးရှုံ့ချ"
Saturday, December 21, 2013

တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ မစ္စတာ ဘိန်းယန်ရှိန်က ထုတ်ပြန်ကြေငြာချက်တစ်ရပ်တွင် ဂျပန်နိုင်ငံ၏
ခေတ်မှီစစ်လက်နက်သစ်များဝယ်ယူမှုသည် ဒေသတွင်းတင်းမာမှုကို မြင့်မားလာစေသည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင် စင်ဟွာသတင်းက ဒီဇင်ဘာ ၂၁ ရက်တွင်
ကြေငြာခဲ့သည်။

ယခုသတင်းပတ် အစပိုင်းက ဂျပန်နိုင်ငံသည် မြေပြင် ရေပြင်သွားယဉ်များ၊ မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူမည်ဟုပြောကြားခဲ့ပြီး ယင်းကိစ္စမှာ
အရှေ့တရုတ်ပင်လယ်အတွင်းရှိ နှစ်နိုင်ငံအငြင်းပွားနေသည့် ကျွန်းစူများနှင့် ပတ်သက်၍ ပေးကျင်းနှင့်တိုကျိုကြား ခါးခါးသီးသီးငြင်းခုန်ကြပြီးနောက် ပေါ်ထွက်လာသည့် သတင်းဖြစ်သည်။ ထိုကိစ္စနှင့်စပ်လျည်း၍ ဂျပန်နိုင်ငံကို တရုတ်ကအခိုင်အမာဆန့်ကျင်ကြောင်း မစ္စတာကိန်းကပြောဆိုခဲ့သည်။ ဂျပန်နိုင်ငံသည် အမျိုးသားကာကွယ်ရေးကို အကြာင်းပြ၍ စစ်ရေးချဲ့ထွင်နေခြင်းဖြစ်ကြောင်း ၎င်းကစွပ်စွဲခဲ့သည်။

ဂျပန်ပိုင်ကျွန်းများ အပါအဝင် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစု များအပေါ်တရုတ်နိုင်ငံက " လေကြောင်းကာကွယ်ရေး အသိပေးဇုန် " သတ်မှတ်ပြီး နောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဂျပန်နိုင်ငံက စစ်အသုံးစရိတ်များကို တိုးမြှင့်တော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြခံဥပဒေက ဂျပန်၏ စစ်စွမ်းအားကို ထူးခတ်ထားခဲ့သော်လည်း ယခုဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်၏စစ်စွမ်းရည်ကို မြှင့်တင်လိုကြောင်း ပြောဆိုထားသည်။

၅ နှစ်အတွင်းတွင် ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်သော Boeing Osprey လေယာဉ် ၁၇ စီး၊ အမေရိကန် တိုက်လေယာဉ်များ၊ မြေပြင်ရေပြင်သွားစစ်ယာဉ် ၅၂ စီး၊ ရေငုပ်သင်္ဘောများနှင့် ဒုံးဖျက်ဒုံးတင်သင်္ဘောများကို ဝယ်ရန် ဂျပန်တို့က စီစဉ်ထားသည်။

Popular Myanmar News Journal
တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ မစ္စတာ ဘိန်းယန်ရှိန်က ထုတ်ပြန်ကြေငြာချက် တစ်ရပ် တွင် ဂျပန်နိုင်ငံ၏  ခေတ်မှီစစ်လက်နက်သစ်များဝယ်ယူမှုသည် ဒေသတွင်း တင်းမာမှု ကို မြင့်မား လာစေသည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင် စင်ဟွာသတင်းက ဒီဇင်ဘာ ၂၁ ရက်တွင် ကြေငြာခဲ့ သည်။

အမေရိကန်နှင့် တရုတ်စစ်သင်္ဘော တိုက်မိလုနီးပါးကိစ္စ တရုတ်စစ်သင်္ဘော တာဝန်မဲ့ဟု အမေရိကန် ပြောကြား

Photo: အမေရိကန်နှင့် တရုတ်စစ်သင်္ဘော တိုက်မိလုနီးပါးကိစ္စ တရုတ်စစ်သင်္ဘော တာဝန်မဲ့ဟု အမေရိကန် ပြောကြား
Saturday, December 21, 2013

တောင်တရုတ် ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အမေရိကန်နှင့် တရုတ် စစ်သင်္ဘောတို့ တိုက်မိလုနီးပါး ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ် စစ်သင်္ဘော၏ တာဝန်မဲ့သော လုပ်ရပ် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချော့ခ်ဟေဂယ်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တောင်တရုတ် ပင်လယ်တွင် လုပ်ငန်း တာဝန် ထမ်းဆောင်နေသော အမေရိကန် USS Cowpens သင်္ဘောရှေ့မှ တရုတ်စစ်သင်္ဘော ဖြတ်သွားခြင်းသည် ပြဿနာ ဖြစ်ရန် မီးမွှေးခြင်းပင် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချော့ဟေဂယ်က ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်ဘက်က ပြောကြားရာတွင် အမေရိကန် စစ်သင်္ဘောက တရုတ် လေယာဉ်တင်သင်္ဘော လျှိုနင်းကို ရန်စသည့် လုပ်ရပ် ဖြစ်ကြောင်း တရုတ်အစိုးရ၏ အာဘော်သတင်း စာဖြစ်သော Global Times သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပဲ့ထိန်း ဒုံးကျည် တပ်ဆင်ထားသော အမေရိကန် ခရုစ်သင်္ဘောရှေ့ ကိုက် ၁၀၀ (ပေ ၃၀၀) အကွာမှ တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သွားခြင်း ဖြစ်သည်။

အမေရိကန် စစ်သင်္ဘော USS Cowpens သည် တောင်တရုတ် ပင်လယ်တွင်းရှိ နိုင်ငံတကာ ရေပိုင်နက်တွင် လုပ်ငန်း တာဝန်များ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အမေရိကန် စစ်တပ်က ပြောကြားထားသည်။

တောင်တရုတ် ပင်လယ်သည် တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံ အချို့အကြား ပိုင်နက် အငြင်းပွားနေသော နေရာဖြစ်ပြီး တရုတ်က ၎င်းတို့ပိုင်သည်ဟု တောင်းဆိုထားသော ရေပြင်ပိုင်နက်မှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှား နိုင်ငံများ၏ အထူးစီးပွားရေး ရေပြင် ဧရိယာများထိ ပါဝင်လျက်ရှိသည်။

ယခုကဲ့သို့ အမေရိကန်နှင့် တရုတ် စစ်သင်္ဘောတို့ တိုက်မိလုနီးပါး ဖြစ်ရပ်သည် ၂၀၀၉ ခုနှစ်က တရုတ်-အမေရိကန် သင်္ဘောများ ထိပ်တိုက် တွေ့ဆုံမှုနောက်ပြီး အကြီးမားဆုံးသော ဖြစ်ရပ် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပထမဆုံးသော လေယာဉ်တင်သင်္ဘော လျှိုနင်းသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုင်နက် အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ပြင်သို့ ပထမဆုံးအကြိမ် လေ့ကျင့်သွားလာစဉ် ယခု ဖြစ်ရပ် ဖြစ်ပွားခြင်း ဖြစ်သည်။

The Voice Weekly
တောင်တရုတ် ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အမေရိကန်နှင့် တရုတ် စစ်သင်္ဘောတို့ တိုက်မိလုနီးပါး ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ် စစ်သင်္ဘော၏ တာဝန်မဲ့သော လုပ် ရပ် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချော့ခ်ဟေဂယ်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မြေအရောင်းအဝယ် အေးသော်လည်း တိုက်ခန်းနှင့် ကြိုပွိုင့်များ အရောင်းတက်

ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် မြေကွက်နှင့် လုံးချင်းများ အရောင်းအဝယ် အေးနေသော်လည်း တိုက်ခန်းများနှင့် ကြိုပွိုင့် ရောင်းချသော တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအဝယ် မြင့်တက်နေကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းနေဟုဆို

နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းလျက် ရှိနေကြောင်း နောင်ချိုဒေသခံများမှ သုံးသပ် ပြော ကြား လိုက် သည်။

အပျော်စီးသင်္ဘောနှစ်စင်း ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိမည်

Photo: အပျော်စီးသင်္ဘောနှစ်စင်း ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိမည်
Saturday, December 21, 2013

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောနှစ်စင်း ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သို့ ထပ်မံ ရောက်ရှိ လာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောများ ထဲမှ ဗြိတိန်နိုင်ငံ အခြေစိုက် All Leisure Group Ple လက်အောက်ရှိ Voyages of Discovery မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘော M.V Voyager သည် ခရီးသည် ၅၀၀ ခန့် ပါဝင်ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင် ဆိပ်ကမ်း မှတစ်ဆင့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၂၇ ရက်တွင် ရောက်ရှိမည် ဖြစ်သည်။

အလားတူ အမေရိကန် အခြေစိုက် Royal Carribean Cruises Ltd လက်အောက်ရှိ Azamara Clu Cruises မှ ကမ္ဘာ့လှည့် ခရီးသည် ၅၈၀ ခန့် ပါဝင်လာမည် ဖြစ်ပြီး သီလ၀ါ ဆိပ်ကမ်း သို့ ရောက်ရှိမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာန မှ သိရသည်။

အဆိုပါ သင်္ဘော နှစ်စင်းမှ ကမ္ဘာလှည့် ခရီးသည် များသည် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန် ၊ ပဲခူး ၊ သန်လျင် ၊ ပုဂံ ခရီးစဉ် များသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရှိရသည်။

The Myawadydaily
ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောနှစ်စင်း ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သို့ ထပ်မံ ရောက် ရှိ လာမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး NLD ဒုတိယအကြိမ် ကမ်းလှမ်း

၂၀၁၅ ရွေးကောက် အပါအဝင် လာမည့် ရွေးကောက်ပွဲများတွင် ရှမ်းတိုင်းရင်းသားပါတီ တစ်ခုတည်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရှမ်းပါတီနှစ်ခု ပူးပေါင်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) ကို ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်း လိုက်ကြောင်း SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဆွေးနွေးလျက် ရှိသည့် မြန်မာ - ဂျပန် ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ်ခွင့် ဖြင့် သွားလာမှု

Photo: ဆွေးနွေးလျက် ရှိသည့် မြန်မာ - ဂျပန် ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ်ခွင့် ဖြင့် သွားလာမှု
Saturday, December 21, 2013

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ၀င်ထွက် သွားလာ မှုများမှာ ဗီဇာ မလိုဘဲ သွားလာ နိုင်ဖို့ အတွက် ၂ နိုင်ငံ အစိုးရ အဖွဲ့များ အကြား စီစဉ် ဆွေးနွေး လျက်ရှိတယ်လို့ နိုင်ငံခြား ရေး ၀န်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆွေးနွေး ရာမှာတော့ မြန်မာ - ဂျပန် နှစ် နိုင်ငံမှ သံတမန် များနဲ့ အဆင့်မြင့် အရာရှိ များ အတွက် ဗီဇာ မလိုဘဲ ၀င် ထွက် သွားလာ နိုင်ဖို့ ဆောင်ရွက်လျက် ရှိသလို သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသူများ အတွက်လည်း ဗီဇာ ကင်းလွတ် ခွင့် များနဲ့ သွားလာ နိုင်ရေး အတွက် လက်မှတ် ရေးထိုး နိုင်ဖို့ စီစဉ်နေ တာ ဖြစ်ပါ တယ်။ ဒီလို ၂ နိုင်ငံ ကြား ဗီဇာ ကင်းလွတ် ခွင့်များ နဲ့ သွားလာ ၀င်ထွက် နိုင်ပါက ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များ၊ စီးပွားရေး နဲ့ ကုန်သွယ်မှု လုပ်ငန်း များမှ ဖွံ့ဖြိုး တိုးတက် လာစေနိုင် မှာ ဖြစ်သလို ၂ နိုင်ငံ ကြား ခရီး သွားလာမှု လုပ်ငန်း များမှာ လည်း တိုးတက် များပြား လာစေ နိုင် မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ လည်း မြန်မာ - ဂျပန် နိုင်ငံ ကြား ရင်းနှီး မြှုပ်နှံမှု သဘောတူ စာချုပ် ကို လက်မှတ် ရေးထိုး ထားကာ ကုန်သွယ် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍ များ ဖွံ့ဖြိုး လာပါက စီးပွား ရေး၊ ကုန်သွယ်ရေး နဲ့ ရင်းနှီး မြှုပ်နှံမှု စတဲ့ ကဏ္ဍ တို့မှာ ဖွံ့ဖြိုး လာနိုင် သလို နှစ်နိုင်ငံ ကြား ချစ်ကြည်မှု နဲ့ ဆက်ဆံရေး တို့မှာ လည်း တိုးတက် လာစေဖို့ အတွက် အခုလို စီစဉ် ဆောင်ရွက် ရတာ ဖြစ်တယ် လို့လည်း သိရ ပါတယ်။ မြန်မာ နိုင်ငံ အနေနဲ့ လက်ရှိ မှာ အာဆီယံ ဒေသ တွင်း နိုင်ငံများ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံ ၄ ခု နဲ့လည်း လာမယ့် ၂၀၁၄ ခုနှစ် အတွင်း ဗီဇာ မလိုဘဲ သွားလာ နိုင်အောင် အပြီးသတ် လက်မှတ် ရေးထိုးကာ ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ သိရပါ တယ်။

Golden Land Myanmar
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ၀င်ထွက် သွားလာ မှုများမှာ ဗီဇာ မလိုဘဲ သွားလာ နိုင်ဖို့ အတွက် ၂ နိုင်ငံ အစိုးရ အဖွဲ့များ အကြား စီစဉ် ဆွေးနွေး လျက်ရှိတယ်လို့ နိုင်ငံခြား ရေး ၀န်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ပြည်ပလေကြောင်းလိုင်း ဥပဒေ လာမည့် ဘဏ္ဍာနှစ်အတွင်း စသုံးမည်

ပြည်ပ လေကြောင်းလိုင်းများ ဆိုက်ရောက်နှင့် ထွက်ခွာရာတွင် အခွန်ကောက်ခံမှု ဥပဒေ မရှိခြင်းကြောင့် အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေပြီး ယင်းဥပဒေကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးထံမှ သိရသည်။

သန်း ၆ဝ ကောင်းကင်ပေါ်က သိန်းတစ်ထောင် ပေါက္ခရ ဝဿမိုး

 ဒေသဖွံ့ဖြိုးရေးအတွက်သုံးမည့် ကျပ်သိန်းတစ်ထောင် သုံးစွဲခွင့် ပါရှိသော ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပသည့် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး နောက်ဆုံးရက်တွင် အ တည်ပြုခဲ့ပြီးနောက် တစ်ကြိမ် တစ်ခါမျှ မကြုံတွေ့ခဲ့ ဖူးသည့် ယင်း အခြေအနေ အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ သည်။