Thursday, November 21, 2013

နန်းခင်ဇေယျာရဲ့ အိုက်တင်အပေါ် ခန့်စည်သူရဲ့သုံးသပ်ချက်

နန်းခင်ဇေယျာရဲ့ အိုက်တင်အပေါ် ခန့်စည်သူရဲ့သုံးသပ်ချက် 
Thursday, November 21, 2013

ခန့်စည်သူက “အက်တိုးပစ် အပျိုစင်” ဆိုတဲ့ ဇာတ်ကား ကို နန်းခင်ဇေ ယျာ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားမှာ နန်းခင်ဇေယျာ ကို တစ် ဆင်းန် ချင်းစီ စိတ်ရှည်ရှည်နဲ့ ရိုက် ကူးနေသလို ဒီဇာတ်က မင်းသမီး ဇာတ် လည်း ဖြစ်တာကြောင့် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

“ဒီဇာတ်ကို တအားကြိုက်ခဲ့တာ။ မင်းသား ဇာတ်မှ၊ မင်းသမီး ဇာတ်မှ မဟုတ်ဘူး။ ပရိသတ် အတွက် တကယ်ကို အမြင်ဆန်း တဲ့ ဇာတ်လေး ဆိုရင်လည်း မင်းသားဇာတ် မ ဟုတ် လည်း ရိုက်မှာပါပဲ။ ရိုက်ရင်း နဲ့တောင် အရင်က ကိုညီအောင်ရယ်၊ မခိုင် ကြီးရယ် တို့နဲ့ ရိုက်ခဲ့တုန်းက အချိန်ကို သတိရမိတယ်။ ကိုယ့် အလှည့်တုန်း ကလည်း တစ် ကတ်ချင်း စီကို သေချာ သင်ပေးပြီး စိတ်ရှည်ရှည်နဲ့ ရိုက်ပေး ခဲ့ကြတာလေ။ ဒီလိုပဲ အခု နန်းခင် ဇေယျာ ကလည်း အသစ် ဆိုတော့ ဒီလိုပဲ လက်တွဲခေါ် ရတာပေါ့။ 

ကိုညီအောင် နဲ့လည်း မဆုံဖြစ်တာ ကြာပြီ။ သူ့ပုံစံ ကလည်း ကိုယ် သရုပ် ဆောင် စလုပ်တဲ့ အချိန်တုန်းက ပုံစံ အတိုင်းပါပဲ။ နန်းခင်ဇေယျာ ကို တစ်ကတ် ချင်းစီ သင်ပေးနေ တာတွေ့ ရတယ်။ ပရိသတ်က ဒီလို ဇာတ်မျိုး လေး ကြိုက်မယ် ထင်ပါတယ်။ အဓိကက သူကြိုးစားဖို့ပဲ လိုပါတယ်။ သူ့ရဲ့စိတ် ကလည်း စိတ်ပျက်သွားတာ မျိုးမဖြစ်ဘဲ ကြိုးစားချင် စိတ် တစ်ခုတည်း နဲ့တင် ချီးကျူးဖို့ ကောင်းပါတယ်” လို့ ပြောပြပါတယ်။ အကယ်ဒမီ လည်း နီးလာပြီ ဖြစ်တဲ့ အတွက် အကယ်ဒမီ ဇာတ်ကားတွေ နဲ့ ပတ် သက် ပြီး ခန့်စည်သူ ကိုမေးကြည့်ဖြစ်ခဲ့တော့

“အကယ်ဒမီရဲ့ သဘော သဘာဝ က ပရိသတ်ရဲ့ အမြင်နဲ့ အနုပညာ သမားအမြင် ကလည်း ကွာတယ်။ ဥပမာ- မင်းသမီး နှစ်ယောက် အပြိုင် ဖြစ်နေပြီ။ နှစ်ယောက် စလုံး ကလည်း အိုက်တင် ကောင်းတယ်၊ အကယ်ဒမီ ရနိုင်တယ်။ တစ်ယောက်က ကနေ့ တအား နာမည်ကြီးတယ်။ နောက်တစ် ယောက် က အဲဒီလောက် မဟုတ်တော့ပေ မယ့် အိုက်တင် ကောင်းတယ်။ အခု တော်တော်များများ ပရိသတ် ကိုမေးရင် လက်ရှိ သူတို့ကြည့် နေတဲ့သူကို ချစ်ပြီး ရစေချင်တယ်။ ဟိုတစ် ယောက်က ညံ့လို့လား ဆိုတော့ မဟုတ်ဘူး။ 

Generation အဟောင်း ဖြစ်သွားတော့ မကြည့်ဖြစ်တာ။ နောက် ခေါက်ရိုး ကျိုးနေတာက ဒီကား အကယ် မီ ရနိုင်တယ်ဆိုတော့ ဟိုကား မကောင်း လို့ လားမေးတော့ ကောင်းတယ်။ ဒါပေမဲ့ အကယ်ဒမီ ဘောင် မဝင်လို့ လို့ ပြောတယ်။ ဒီလို ကားတွေပဲ ပေးတာ မဟုတ်ဘူးလားတဲ့။ ဘယ်သူ ရနိုင်လဲ ဆိုတော့ ဘောင်ထဲက ပေး မှာလား၊ ဘောင်အပြင် က ပေးမှာ လား” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal ခန့်စည်သူက “အက်တိုးပစ် အပျိုစင်” ဆိုတဲ့ ဇာတ်ကား ကို နန်းခင်ဇေ ယျာ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားမှာ နန်းခင်ဇေယျာကို တစ်ဆင်းန် ချင်းစီ စိတ်ရှည်ရှည်နဲ့ ရိုက် ကူးနေသလို ဒီဇာတ်က မင်းသမီး ဇာတ် လည်း ဖြစ်တာကြောင့် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးက ဝါယာကြိုးဖြင့် ရိုက်နှက်ကာ ထိတ်တုံးခတ်ဟုဆို

အမျိုးသမီးငယ်ကို ဆယ်အိမ်မှူးက မဖွယ်မရာ ပြုလုပ်၍ ဝင်ရောက် တားမြစ်သည့် လူငယ်တစ်ဦးကို ဆယ်အိမ်မှူးနှင့် လူနှစ်ဦးတို့က လက်ပြန်ကြိုး တုပ်ပြီး ဝါယာကြိုးထုံးဖြင့် ရိုက်နှက်ကာ ထိတ်တုံး ခတ်ခဲ့မှုတစ်ခု ဒဂုံ (မြို့သစ်ဆိပ်ကမ်း) မြို့နယ် အမှတ် ( ၆၇) ရပ်ကွက် ချင်းတွင်းလမ်းသွယ် ၄ တွင် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် များ၏ အဆိုအရ သိရသည်။

ရန်ကုန်-ပုဂံ ခရီးစဉ်ရထား ပခုက္ကူအထိ တိုးချဲ့ပြေးဆွဲမည်

ရန်ကုန်-ပုဂံ ခရီးစဉ် ပြေးဆွဲလျက်ရှိသော ရထားကို ရန်ကုန်-ပခုက္ကူ ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက်နေ့မှစ၍ တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆီးဂိမ်းတွင် မြန်မာအသင်း ရွှေမရက နည်းပြပတ်ဆောင်ဟွာ အိမ်ပြန်မည်

လာမည့် နေပြည်တော်ဆီးဂိမ်းတွင် မြန်မာယူ-၂၃အသင်း ရွှေတံဆိပ်မရပါက အိမ် (ကိုရီးယားနိုင်ငံ) ပြန် မည်ဟု မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဂျပန် ယူ-၂၀နှင့်မကစားမီ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ တွင် ပြောခဲ့သည်။

GSM/WCDMA ဆင်းမ်ကတ် ရန်ကုန်ခွဲတမ်း ထပ်တိုး



Photo: GSM/WCDMA ဆင်းမ်ကတ် ရန်ကုန်ခွဲတမ်း ထပ်တိုး
Thursday, November 21, 2013

အရေအတွက် အကန့်အသတ်ဖြင့် လစဉ် ခွဲဝေ ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် GSM/WCDMA ဆင်းမ်ကတ်များကို နိုဝင်ဘာလအတွက် ရန်ကုန်တိုင်း ဒေသကြီး ခွဲတမ်း အရေအတွက်ကို ထပ်မံ တိုးမြှင့်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွက် အောက်တိုဘာလတွင် GSM/WCDMA ဆင်းမ်ကတ် ၇၁၀၀၀ ရောင်းချခဲ့ပြီး ယခုလ ခွဲတမ်း၌ ဆင်းမ်ကတ် ကိုးထောင် တိုးမြှင့်ကာ စုစုပေါင်း ဆင်းမ်ကတ် ၈၀၀၀၀ အထိ ရောင်းချသွားမည် ဖြစ်ကြောင်း MPT က ထုတ်ပြန်သည်။

“ဆီးဂိမ်းနီးတော့ အဓိကမြို့ကြီး သုံးမြို့မှာ လိုင်းတွေ ထပ်ချဲ့ထားလို့ တိုးပေးနိုင်တာပါ။ ရန်ကုန်နဲ့ မန္တလေးကို အရင်လ ထက်ခွဲတမ်း ၉၀၀၀ တိုးချတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

ဆီးဂိမ်းအမီ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် မိုဘိုင်းလ်ကွန်ရက် ထပ်ချဲ့ခြင်း၊ အရေးပေါ် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွက် အောက်တိုဘာလ၌ GSM/WCDMA ဆင်းမ်ကတ် ၄၁၀၀၀ ရောင်းချခဲ့ပြီး ယခုလ အတွက် ဆင်းမ်ကတ် ၅၀၀၀၀ အထိ တိုးမြှင့်ချထားခြင်း ဖြစ်သည်။

သို့သော် နိုဝင်ဘာလအတွက် မိုဘိုင်းလ်ဆင်းကတ် ခွဲတမ်းတွင် ကယား ပြည်နယ်အတွက် အရေအတွက် ထပ်လျှော့ထားပြီး WCDMA ဆင်းမ်ကတ် ၅၀၀ သာ ရောင်းချမည် ဖြစ်ကြောင်း၊ အောက်တိုဘာလက ဆင်းမ်ကတ် ၇၀၀ ရောင်းချသော်လည်း မိုဘိုင်းလ်ကွန်ရက် တည်ဆောက်ပြီးစီးမှုနှင့် လူဦးရေအပေါ် အခြေခံ၍ အရေအတွက် အတိုးအလျှော့ ပြုလုပ်ရကြောင်း MPT မှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာ တစ်ဦးက ရှင်းပြသည်။

GSM/WCDMA နိုဝင်ဘာခွဲတမ်း အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ GSM ဆင်းမ်ကတ် ၂၅၁၁၀၀ နှင့် WCDMA ဆင်းမ်ကတ် ၁၀၈၉၀၀ စုစုပေါင်း ဆင်းမ်ကတ် သုံးသိန်းခြောက်သောင်းကို ယခုလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် ခွဲဝေ ရောင်းချမည် ဖြစ်ကြောင်း MPT က ထုတ်ပြန်သည်။

The Voice Weekly
အရေအတွက် အကန့်အသတ်ဖြင့် လစဉ် ခွဲဝေ ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် GSM/WCDMA ဆင်းမ်ကတ်များကို နိုဝင်ဘာလအတွက် ရန်ကုန်တိုင်း ဒေသကြီး ခွဲတမ်း အရေအတွက်ကို ထပ်မံ တိုးမြှင့်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ထံမှ သိရသည်။

အိမ်ခန်းအတွင်းအထိ ၀င်ရောက်ဓားခုတ်မှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား

ကြည့်မြင်တိုင်မြို့နယ်တွင် လူလေးဦးတို့က အိမ်ခန်းအတွင်းထိ ၀င်ရောက်၍ ဓားခုတ်မှု ဖြစ်ပွားခဲ့ရာတွင် ကျူးလွန်သူများထဲမှ သုံးဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တစ်လလျှင် လူသတ်မှု ၁၀မှုမှ ၁၅မှုအထိဖြစ်နေ

ရခိုင်ပြည်နယ်တွင် လူသတ်မှုများမှာယခင်ရှိနေသည့် ပမာဏထက်သုံးလအတွင်း ထပ်မံတိုးလာသည်ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက နိုဝင်ဘာ ၂၀ရက်တွင် မဇ္ဈိမကိုပြောသည်။

ကြောက်စရာ ကောင်းတဲ့ pacu ငါး

ကြောက်စရာ ကောင်းတဲ့ pacu ငါးမျိုးစိတ်ဟာ piranha ငါးမျိုးစိတ် နဲ့ဆင် တူပြီး ယောကျာင်္း တွေရဲ့ ဝှေးစေ့ ကို သူတို့ ရဲ့ အစာ ဖြစ်တဲ့အသီး တစ်မျိုးနဲ့ မှားပြီး ကိုက်ဖြတ် စားသောက် တတ် ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော် နိုင်ငံကူးလက်မှတ်နှစ်ရက်အတွင်းရ

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၈ ရက်ကရောက်ရှိနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်သည် နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံကူးလက်မှတ်ရရှိပြီဖြစ်သဖြင့် ချင်းမိုင်တွင် ပြုလုပ်မည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲသို့ ရန်ကုန်မှ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ် တွင်ထွက်ခွာမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်းဂွန်ဂျာက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ဂမ်လန်ရာဇီတောင် ဒေသအတွင်းမှာ အမြင့်ဆုံးဖြစ်နိုင်

ဂမ်လန်ရာဇီတောင် ဒေသအတွင်းမှာ အမြင့်ဆုံးဖြစ်နိုင်

မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ ခါကဘိုရာဇီတောင်ဟာ လတ်တလော တိုင်းတာချက်အသစ်တွေအရ အမြင့်ဆုံးတောင်အဖြစ် ဆက်ရှိနေမလားဆိုတာ မသေချာတော့ဘူးလို့ သိရပါတယ်။ ဒုတိယအမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ ဂမ်လန်ရာဇီတောင်ကို ပြန်လည်တိုင်းတာခဲ့တဲ့အခါ အရင်ကတိုင်းခဲ့တဲ့ အမြင့်ထက် ပိုပြီးမြင့်နေတဲ့အတွက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီဘ၀ ၁၉၂၅ ခုနှစ်က တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်က ပေပေါင်း တစ်သောင်း ကိုးထောင်တစ်ရာ့လေးဆယ် အမြင့်ရှိပြီး၊ ခါကဘိုရာဇီတောင်က အမြင့်ပေ တစ်သောင်းကိုးထောင် နှစ်ရာကိုးဆယ့်ငါးပေ ရှိပါတယ်။ ဒါပေမဲ့ ၁၉၄၀ ပြည့်နှစ်တွေအတွင်း အမေရိကန်၊ ရုရှားနဲ့ တရုတ်မြေပုံတွေအရရော၊ ဒီကနေ့ GOOGLE ရဲ့ ဂြိုလ်တုမြေပုံမှာပါ  ဂမ်လန်ရာဇီတောင်ရဲ့အမြင့်ဟာ အရင်က တိုင်းတာချက်ထက် ပိုမြင့်နေတာကြောင့် အမေရိကန် မြန်မာ ချစ်ကြည်ရေးတောင်တက်အဖွဲ့က ပြီးခဲ့တဲ့လက တက်ရောက်ပြီး ကိရိယာသစ်တွေနဲ့ တိုင်းတာခဲ့ကြပါတယ်။

အသစ်တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်ရဲ့အမြင့်ဟာ ပေပေါင်း တစ်သောင်း ကိုးထောင် နှစ်ရာ ငါးဆယ့်ရှစ်ပေ ရှိတဲ့အတွက် အရင်တိုင်းတာချက်ထက် ၁၁၈ ပေ ပိုမြင့်နေပြီး၊ ခါကဘိုရာဇီတောင်ကို ဒစ်ဂျစ်တယ်နည်းနဲ့ တိုင်းတဲ့အခါ မူလကထက် အမြင့်ပေ တစ်သောင်းကိုးထောင် နှစ်ဆယ့်ကိုးပေ သာရှိမယ်လို့ ခန့်မှန်းရကြောင်း တောင်တက်အဖွဲ့ခေါင်းဆောင် Andy Tyson ကပြောပါတယ်။ ဒီအတိုင်းမှန်မယ်ဆိုရင် ဂမ်လန်ရာဇီတောင်ဟာ မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသအတွက်ပါ အမြင့်ဆုံးတောင် ဖြစ်သွားလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ခါကဘိုရာဇီတောင်ကို တက်ရောက်ပြီး တိုင်းတာကြည့်မှ ဖြစ်မယ်လို့လည်းပြောပါတယ်။
ဂမ်လန်ရာဇီတောင်ကို တက်ရောက်တိုင်းတာခဲ့တဲ့ တောင်တက်အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုသ၀ဏ်လွှာ ပေးအပ်ခဲ့တာယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီအကြောင်း ပြည်တွင်းသတင်းမီဒီယာတွေက မဖေါ်ပြကြသေးသလို၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနကလည်း သတိပြုမိပုံမရဘူးလို့ AP သတင်းက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ ခါကဘိုရာဇီတောင်ဟာ လတ်တလော တိုင်းတာချက် အသစ်တွေအရ အမြင့်ဆုံးတောင်အဖြစ် ဆက်ရှိနေမလားဆိုတာ မသေချာတော့ဘူးလို့ သိရပါတယ်။ ဒုတိယအမြင့်ဆုံးတောင်လို့ သတ်မှတ်ထားတဲ့ ဂမ်လန်ရာဇီတောင်ကို ပြန်လည်တိုင်းတာ ခဲ့တဲ့ အခါ အရင်ကတိုင်းခဲ့တဲ့ အမြင့်ထက် ပိုပြီးမြင့်နေတဲ့အတွက် ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား အားလုံး ကတိအတိုင်း လွှတ်ပေးဖို့ မြန်မာကို ကုလ တောင်းဆို

မြန်မာအစိုးရအနေနဲ့ ပေးထားတဲ့ ကတိအတိုင်း ဒီနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန် လွှတ်ပေးရေးကို ဆက်လက်ဆောင်ရွက်ဖို့ ကုလ သမဂ္ဂက တောင်းဆို လိုက်ပါတယ်။

သင်္ချာမရတဲ့ တတိယတန်း ကျောင်းသူတွေကို အပြစ်ပေးတဲ့ အနေနဲ့ဖက်နမ်း ခိုင်းခဲ့တဲ့ ကျောင်းဆရာကို ကသာ တရားရုံးမှာ တရားစွဲဆို

သင်္ချာမေးခွန်း မဖြေနိုင်တဲ့ ကျောင်းသူ(၅)ယောက်အား အတန်းဖေါ်ကျောင်းသား(၅)ယောက်ကို ဖက်နမ်းခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည် ဆိုပြီး ပြင်းထန်စွာ ရိုက်နှက် ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူ ကျောင်းသူမိဘ များမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အသိပေး ပြောဆိုသွားခဲ့ပါသည်။