သာသနာရေး ပြည်ထောင်စု ၀န်ကြီး သရေ စည်သူ ဦးဆန်းဆင့် အား အလွဲသုံးစား မှုဖြင့် ထိန်းသိမ်းခဲ့ ပြီးနောက်တွင် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။
Tuesday, June 24, 2014
ဦးအံ့မောင်အား ဖမ်းဆီးထားခြင်း မရှိကြောင်း သမ္မတပြောရေး ဆိုခွင့်ရှိသူ အတည်ပြု
သာသနာရေး ပြည်ထောင်စု ၀န်ကြီး သရေ စည်သူ ဦးဆန်းဆင့် အား အလွဲသုံးစား မှုဖြင့် ထိန်းသိမ်းခဲ့ ပြီးနောက်တွင် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။
မြန်မာနိုင်ငံရှိ အထက်တန်းကျောင်းသူကျောင်းသား အယောက် ၂၀၀ အား ငွေကျပ်နှစ်သိန်းတစ်သောင်းစီ ပညာသင်ဆုပေးအပ်မည်
တတိယအကြိမ်မြောက် SCG Sharing The Dream အစီအစဉ်အရ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံမှ အထက်တန်း ကျောင်းသူ၊ ကျောင်းသား အယောက် ၂၀၀ အားမြန်မာကျပ်ငွေ နှစ်သိန်းတစ်သောင်းစီ ပညာသင်ဆု အနေဖြင့် ပေးအပ် မည်ဖြစ် ကြောင်းသိရသည်။
မှုခင်းကျူးလွန်သူ သဲလွန်စများကို စစ်ဆေးနိုင်မည့် DNA စက်များ ဝယ်မည်
ပြည်တွင်း၌ မှုခင်းဖြစ်စဉ်များ နှစ်စဉ် မြင့်တက်လျက်ရှိပြီး မဖော်ထုတ်နိုင်သေးသည့် မှုခင်းများစွာ ရှိနေဆဲဖြစ် ရာ မှုခင်းဖြစ်ပွားမှု လျော့ကျလာစေရန်အတွက် အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်ရှိ ကျူးလွန်သူ၏ သဲလွန်စများကို စစ်ဆေးနိုင်ရန်အတွက် DNA စက်များ ဝယ်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြဝတီတွင် လက်နက်ကိုင်ဆောင်သူများ တွေ့ပါက သတင်းပေးတိုင်ကြား နိုင်ကြောင်း မြို့လူထုကို အသိပေးထား
မြဝတီ၊ ဇွန် ၂၃- ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရပ်ကွက်များအတွင်း လက်နက် ကိုင်ဆောင်သွားလာနေသူများအား တွေ့ရှိပါက အမှတ် (၂၄) ခြေလျင် တပ်ရင်း မြဝတီမြို့ ရှေ့တန်းစခန်းသို့ သတင်းပေးတိုင်ကြား နိုင်ရန် သက်ဆိုင်ရာ က မြို့ခံလူထုအား အသိပေး ထားကြောင်း သိရ သည်၊၊''တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးနဲ့ မြဝတီမြို့နေလူထု များ အထိတ် တလန့်ဖြစ်စေခြင်းများမှ ကာကွယ်ပေးခြင်း လုပ်ငန်းများရဲ့ တစ်စိတ် တစ်ပိုင်းဖြစ် တဲ့ လက်နက်များကိုင်နေတာတွေ၊ လောင်းကစား လုပ်ငန်းများ လုပ်ဆောင်နေ တာတွေ၊ မူးယစ်ဆေးဝါးများ ရောင်း ချနေ တာ တွေ မြေယာတွေ သိမ်း ဆည်း ပြီးတော့ မြို့ခံလူထုကို အနိုင်ကျင့်တာတွေ ကို တစ်စိုက် မတ်မတ် ဆောင် ရွက်နေ တဲ့ အမည်ခံအဖွဲ့အစည်းတွေရှိ တယ်။ အဲဒါတွေကို စဉ်ဆက်မပြတ် လိုက်လံနှိမ်း နင်းနေတယ်။
မြဝတီမြို့ နေပြည်သူများအနေနဲ့လဲ တပ်မတော်၊ နယ်ခြားစောင့်တပ် မြို့ဒေသ အာဏာ ပိုင်များနှင့်အတူ လက်တွဲဆောင် ရွက်ပေးကြပါလို့ တိုက်တွန်းချင်တယ်'' ဟု မြဝတီမြို့ နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊
မြဝတီမြို့ နေပြည်သူများအနေနဲ့လဲ တပ်မတော်၊ နယ်ခြားစောင့်တပ် မြို့ဒေသ အာဏာ ပိုင်များနှင့်အတူ လက်တွဲဆောင် ရွက်ပေးကြပါလို့ တိုက်တွန်းချင်တယ်'' ဟု မြဝတီမြို့ နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊
ဖမ်းဆီးမှုများကြောင့် သစ်မှောင်ခို သယ်ဆောင်မှု တစ်လခန့် ရပ်တန့်
ဟင်္သာတခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်းများမှ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသားသစ်များကို ခုတ်လှဲ ခိုးထုတ် တရားမဝင် သယ်ဆောင်လျက်ရှိသည့် လမ်းကြောင်းများတွင် မေလ နောက်ဆုံးပတ်မှ စတင်ကာ ခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနတို့က ပူးပေါင်း ဖမ်းဆီးခဲ့သောကြောင့် သစ်မှောင်ခို သယ်ဆောင်မှုများ တစ်လခန့် ရပ်တန့်ခဲ့ကြောင်း သစ်ကုန်သည်များက ပြောကြားသည်။
မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တရားမဝင်သစ်များ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးကို မေလ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းမိရာ ယင်းကားပေါ်၌ ပျဉ်းကတိုးခွဲသား ခြောက်တန်ကျော်နှင့် ကျွန်းတံခါးရွက် နှစ်တန်ကျော်ကို သစ်တောဦးစီးဌာနက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ထိုသို့ ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
မြန်အောင်မြို့နယ် ကြံခင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှ ပျဉ်းကတိုးသစ်၊ ကျွန်းသစ်၊ အခြားသားသစ်မျိုးစုံကို သစ်ကုန်သည်ဦးရေ ၃၀ ကျော်က ညစဉ် သစ်တန် ၁၀၀ ဝန်းကျင် ခုတ်လှဲ ခိုးထုတ်ကာ ကုန်တင်ယာဉ်ကြီးများဖြင့် သယ်ဆောင်မှုများ မတွေ့ရတော့သည်မှာ တစ်လနီးပါး ကြာပြီဖြစ်ကြောင်း သစ်ထုတ်လုပ်ကွက်များနှင့် အနီးဆုံးတွင် နေထိုင်သည့် ဒေသခံများက ပြောကြားသည်။
မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တရားမဝင်သစ်များ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးကို မေလ ၂၁ ရက်နေ့ ညနေပိုင်းက ဖမ်းမိရာ ယင်းကားပေါ်၌ ပျဉ်းကတိုးခွဲသား ခြောက်တန်ကျော်နှင့် ကျွန်းတံခါးရွက် နှစ်တန်ကျော်ကို သစ်တောဦးစီးဌာနက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ထိုသို့ ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
မြန်အောင်မြို့နယ် ကြံခင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှ ပျဉ်းကတိုးသစ်၊ ကျွန်းသစ်၊ အခြားသားသစ်မျိုးစုံကို သစ်ကုန်သည်ဦးရေ ၃၀ ကျော်က ညစဉ် သစ်တန် ၁၀၀ ဝန်းကျင် ခုတ်လှဲ ခိုးထုတ်ကာ ကုန်တင်ယာဉ်ကြီးများဖြင့် သယ်ဆောင်မှုများ မတွေ့ရတော့သည်မှာ တစ်လနီးပါး ကြာပြီဖြစ်ကြောင်း သစ်ထုတ်လုပ်ကွက်များနှင့် အနီးဆုံးတွင် နေထိုင်သည့် ဒေသခံများက ပြောကြားသည်။
၁၉၈၂နိုင်ငံသားဥပဒေကိုသွေဖည်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိထား သူများနှင့် ကတ်ပြားရရှိရန် အားပေးကူညီခဲ့သူများကို ဥပဒေနှင့်အညီ အရေး ယူပေးရန် ဘူးသီးတောင်ပြည်သူများ က ကြေညာချက်ထုတ်ပြန်
မောင်တော၊ ဇွန် ၂၃- ရခိုင်ပြည် နယ် မြေပုံမြို့နယ်အတွင်း ဘင်္ဂါလီ လူမျိုးများအား ၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေဖြင့် စိစစ်မှု အပေါ် ဘူးသီး တောင်မြို့နယ် တိုင်းရင်း သားပြည်သူ များမှ အချက်(၆)ချက်ပါ သဘောထား ကြေညာ ချက် တစ်စောင်ကို ဇွန် ၂၁ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရ သည်။အဆိုပါ သဘောထားကြေညာချက်တွင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် ဘင်္ဂါလီများအား စိစစ် ခြင်းကို အပြည့် အဝထောက် ခံကြောင်း၊ သို့သော် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် ဘင်္ဂါလီများအား စိစစ်ရာ တွင် မြန်မာ နိုင်ငံ သားဥပဒေကို ပြည် သူများ သိရှိနားလည် သဘောပေါက် အောင် ဟောပြော ပို့ချခြင်း၊ အပြန် အလှန်ဆွေးနွေး မှုများ ပြုလုပ်ပေး ရန်လိုအပ်ကြောင်းနှင့် ယခင်ဘင်္ဂါလီ လူမျိုးများအား မှားယွင်း စွာထုတ်ပေး ခဲ့သော သက်သေခံကတ်ပြားများအား ၈၂ဥပဒေနှင့် အညီ အရပ်ဖက် အဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး ပြန်လည် စိစစ်ပေးရန်အချက်များ ပါဝင်သည်။ထို့နောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိထားသော ကမန်လူမျိုး များအား ကမန်လူမျိုးအမှန်တကယ် ဟုတ်မဟုတ် ပြန်လည် စိစစ်ပေးရန်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ ဒေကိုသွေဖည်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိထားသူများ၊ နိုင်ငံသားစိ စစ်ရေး ကတ်ပြားရရှိရန် အားပေးကူ ညီခဲ့သူများကို ဥပဒေနှင့်အညီ အ ရေးယူပေးရန်နှင့် ၁၉၈၂ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ အမှန် တကယ် မြန်မာနိုင်ငံသားပြုခွင့်ရသူ ဘင်္ဂါလီ များကို နိုင်ငံသားပြု ခွင့် လျှောက် ထား စေပြီး မြန်မာနိုင်ငံသားပြုခွင့် အရည် အချင်း မပြည့် မီ သူ ဘင်္ဂါလီများကို ဥပဒေနှင့်အညီ အရေးယူပေးရန် အ ချက်များ ပါဝင်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။
လူငယ်များ နည်းပညာဆွေးနွေးနိုင်မည့်နေရာနှင့် အခွင့်အလမ်းများ အစိုးရက ဖန်တီးပေးသင့်ကြောင်း အိုင်တီပညာရှင်များဆို
နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာများ၊ ဗဟုသုတများတိုးပွားလာရေးအတွက် လူငယ်များနည်းပညာ ဆွေးနွေး ဖလှယ်နိုင်မည့် နေရာများနှင့် အခွင့်အလမ်းများကို အစိုးရအနေဖြင့် ဖန်တီးထောက်ပံ့ပေးရန် များစွာလိုအပ်ကြောင်း ဇွန် ၂၁ ရက်နှင့် ၂၂ ရက်က ပြည်မြို့တွင် ပြုလုပ်သည့် နည်းပညာဆွေးနွေးပွဲ ဘားကမ့်တွင် တက်ရောက်လာသည့် အိုင်တီပညာရှင်အများစုက သုံးသပ်ပြောကြားသည်။လူငယ်များအတွက် အသိပညာ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအသုံးပြုမှုများသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်နိုင်သည်ဟု နည်းပညာနှင့် လူငယ်တိုးတက်ရေးစာအုပ်များ ရေးသားနေသည့် စာရေးဆရာ ဦးသန်းထိုက်(ရွှေရိပ်)က ဘားကမ့်(ပြည်)ဖွင့်ပွဲတွင် အမှာစကား ပြောကြားခဲ့သည်။
၎င်းက “အစိုးရအနေနဲ့ လူငယ်နဲ့ ပြည်သူလူထုက နည်းပညာနဲ့ အသိပညာတွေ ဖလှယ်နိုင်မယ့် နေရာမျိုး၊ အခြေအနေမျိုးကို ဖန်တီးပေးသင့်တယ်။ နည်းပညာနဲ့ အသိပညာတွေ ဖလှယ်နိုင်မယ့် ဘားကမ့်လို ပွဲမျိုးကိုလည်း တစ်နိုင်ငံလုံးအနေနဲ့ နေရာဒေသတိုင်းမှာ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ လူငယ်တွေအနေနဲ့ နည်းပညာတွေကို အချင်းချင်းဆွေးနွေးဖလှယ်နိုင်ဖို့ ခေတ်နဲ့အညီလိုက်လျောညီထွေစွာ နည်းပညာတွေကို အသုံးချတတ်ဖို့ လိုအပ်နေပါပြီ”ဟု ပြောသည်။
လူငယ်များအနေဖြင့်လည်း လူနေမှုနယ်ပယ်တွင် အသုံးပြုမည့် နည်းပညာနှင့် အတတ်ပညာ၊ ဗဟုသုတ လေ့လာမှုများကို ဆက်လက်လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဘားကမ့်ဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးသည်။
၎င်းက “အစိုးရအနေနဲ့ လူငယ်နဲ့ ပြည်သူလူထုက နည်းပညာနဲ့ အသိပညာတွေ ဖလှယ်နိုင်မယ့် နေရာမျိုး၊ အခြေအနေမျိုးကို ဖန်တီးပေးသင့်တယ်။ နည်းပညာနဲ့ အသိပညာတွေ ဖလှယ်နိုင်မယ့် ဘားကမ့်လို ပွဲမျိုးကိုလည်း တစ်နိုင်ငံလုံးအနေနဲ့ နေရာဒေသတိုင်းမှာ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ လူငယ်တွေအနေနဲ့ နည်းပညာတွေကို အချင်းချင်းဆွေးနွေးဖလှယ်နိုင်ဖို့ ခေတ်နဲ့အညီလိုက်လျောညီထွေစွာ နည်းပညာတွေကို အသုံးချတတ်ဖို့ လိုအပ်နေပါပြီ”ဟု ပြောသည်။
လူငယ်များအနေဖြင့်လည်း လူနေမှုနယ်ပယ်တွင် အသုံးပြုမည့် နည်းပညာနှင့် အတတ်ပညာ၊ ဗဟုသုတ လေ့လာမှုများကို ဆက်လက်လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဘားကမ့်ဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးသည်။
ဟောင်းနွမ်းငွေစက္ကူများ တစ်ဝက်ဈေးဖြင့် လဲလှယ်သူများကို အရေးယူမည်
စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့တွင် ဟောင်းနွမ်း ငွေစက္ကူများကို တစ်ဝက်ဈေးဖြင့် လိုက်လံ လဲလှယ်ယူနေသူများကို တွေ့ရှိပါက အရေးယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေး မှူးတစ်ဦးက ပြောကြားသည်။“မြို့ထဲမှာလိုက်ပြီး ငွေရောင်းငွေဝယ် လုပ်တဲ့အတွက် ဒီလထဲမှာပဲ အရေးယူဖို့ ညွှန်ကြားထားတာပါ။ ညွှန်ကြားစာ လဲ ထုတ်ပါတယ်၊ ပထမတစ်ကြိမ် တွေ့ရင်တော့ သတိပေးမယ်၊ ထပ်ပြီးတွေ့ရင်တော့ အရေးယူဖို့ ညွှန်ကြားထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။“မင်္ဂလာရှိသောနေ့၊ မင်္ဂလာရှိသောအချိန် လူကြီးမင်းတို့၏ ငါးထောင်တန် အစုတ်တွေ၊ တစ်ထောင်တန် အစုတ်တွေ၊ ငါးရာတန် အစုတ်တွေကို တစ်ဝက်ဈေးနဲ့ လဲလှယ်ပေးနေပါတယ်” ဟူသည့် အသံကို စပီကာဖြင့် ဖွင့်ပြီး ငွေလဲသူများက မုံရွာမြို့ပေါ် နေရာအနှံမှာ လိုက်လံ လဲလှယ်ပေးကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။“သူတို့ ဘယ်မှာ ဘယ်လိုပြန်လဲတယ်တော့ မသိဘူး၊ တော်တော် စုတ်ပြဲနေရင်တောင် နံပါတ်ပါရင် တစ်ဝက်ဈေးနဲ့ပြန်ပြီး လဲပေးတယ်။ လူတချို့ကတော့ ဘဏ်တွေမှာ ငွေသွင်း၊ ငွေလွှဲ လုပ်လို့ အစုတ်အပြဲ ပါရင်တောင် လက်မခံတော့ အခုလိုရတဲ့ တစ်ဝက်ဈေးနဲ့ ပြန်လဲတာတွေ ရှိတယ်” ဟု ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချသူ တစ်ဦးကဆိုသည်။
The Voice Weekly
The Voice Weekly
အမျိုးသားတစ်ဦး တာလမ်းပေါ်၌ချော်လဲစဉ် ဓါတ်ကြိုးနှင့်ထိမိသဖြင့် ဓါတ်လိုက်သေဆုံး
၂၃.၆.၂၀၁၄ ရက်နေ့ ၂၃၂၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ရွှေပြည်သာမြို့နယ်ဆေးရုံသို့ အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံးရောက် ရှိနေ ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်နေ အောင်ပိုင်ဦး၊ (၂၃)နှစ်ဖြစ်ပြီး လည်ပင်းယာဘက်၊ယာပခုံးနှင့်လက်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရ ပါသည်။
တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် များကို ပစ်ခတ်ပြီး ထွက်ပြေး ခဲ့သည့် တပ်ကြပ်ကြီး အား ပြန်လည် ဖမ်းဆီး ရမိ
တောင်ကိုရီးယား ရှေ့တန်းတပ်စခန်း တစ်ခုတွင် တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည့် တပ်ကြပ်ကြီး တစ်ဦးကို စစ်ဘက်က ဇွန် ၂၃ ရက်တွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လင်းမ် အမည်ရှိ အသက် ၂၂ နှစ်အရွယ် အဆိုပါ တပ်ကြပ်ကြီးသည် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို မခံရမီ မိမိကိုယ်ကို သေကြောင်းကြံ စည်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့နောက် ၎င်းကို အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူစေခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိုတစ်ဦးက ပြောကြား ခဲ့သည်။
ဖိလစ်ပိုင် လွှတ်တော် အမတ် တစ်ဦး အကျင့်ပျက် ခြစားမှုဖြင့် ဖမ်းဆီး ခံရ
ဖိလစ်ပိုင်နိုင်ငံမှ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တရားရုံးချုပ် တစ်ခုသည် လွှတ်တော်အမတ် တစ်ဦးဖြစ် သူ ဂျင်ဂွိုင် အက်စ်စထရာဒါ ကို အစိုးရ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအဖွဲ့မှ ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ သန်းခန့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင် သမ္မတဟောင်း တစ်ဦး၏ သားဖြစ်သူ ဂျင်ဂွိုင်သည် ၎င်း၏ပြစ်မှု အချို့ကို ငြင်းဆို ခဲ့သော်လည်း ၎င်းသည် ဇွန် ၂၃ ရက် တွင် အဆိုပါ စွပ်စွဲချက်ဖြင့် မိသားစုဝင်များနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အရှိန်လွန်ကာ ယာဉ်တိုက်မှုဖြစ်ခဲ့သဖြင့် ယာဉ်(၄)စီးပျက်စီးပြီး (၅)ဦး ဒဏ်ရာရ
၂၂.၆.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန်တွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း မြောက်မှတောင်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း ၀င်းဇော်ဦး၊(၄၁)နှစ် မောင်းနှင်လာသော ၅ခ/---- နစ်ဆန်းဒီဇယ် ထရပ်အပြာရောင်အငှားယာဉ်သည် သီရိမင်္ဂလာဈေးသစ်အနီးအရောက် လားရာတူဝဲဘက်ယာဉ်ကျော၌ ၀ဲဘက်သို့ ချိုးကွေ့ရန်စောင့်ဆိုင်းနေသော 7C---- မြန်မာမီနီဆလွန်း အနီရောင်အငှားယာဉ်နှင့် ဘ/---- ကင်တာအပြာရောင်အငှားယာဉ်တို့အား အရှိန်မထိန်းနိုင်ဘဲ င်ရောက်တိုက်မိခဲ့ပါသည်။
ဟောင်းနွမ်းငွေစက္ကူများ တစ်ဝက်ဈေးဖြင့် လဲလှယ်သူများကို အရေးယူမည်
စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့တွင် ဟောင်းနွမ်း ငွေစက္ကူများကို တစ်ဝက်ဈေးဖြင့် လိုက်လံ လဲလှယ်ယူနေသူများကို တွေ့ရှိပါက အရေးယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး က ပြော ကြားသည်။
အိုးအိမ်မှ တန်ဖိုးနည်း အိမ်ရာများအား မဲစနစ်ဖြင့်သာ ရောင်းချမည်
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချပေးသည့် တန်ဖိုးနည်း အိမ်ရာများအား ဦးရာလူစနစ် မဟုတ်ဘဲ မဲနှိုက်စနစ်ဖြင့်သာ ရောင်းချ ပေးမည် ဖြစ်သည်။ အဆိုပါ အိမ်ရာ လျှောက်ထားသူများ အားလုံး တန်း တူညီမျှ အခွင့်အရေး ရရှိရန် အများ ပြည်သူရှေ့တွင် မဲနှိုက်ကာ ရောင်း ချ ပေး မည် ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
Huawei ဖုန်းအတုအစစ် ဘယ်လိုခွဲမလဲ
ပြည်တွင်းဈေးကွက်၌ လက်ရှိ Huawei ကုမ္ပဏီက ရောင်းချပေးနေသည့် Honor 3Cမှာ အတုများ ထွက်ပေါ်နေ ခြင်းကြောင့် ၀ယ်ယူလိုသူများအတွက် အစစ်နှင့် အတုခွဲခြားချက်များကို တင်ပြလိုက်ပါသည်။
လူငယ်များ နည်းပညာဆွေးနွေးနိုင်မည့်နေရာနှင့် အခွင့်အလမ်းများ အစိုးရက ဖန်တီးပေးသင့်ကြောင်း အိုင်တီပညာရှင်များဆို
နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာများ၊ ဗဟုသုတများတိုးပွားလာရေးအတွက် လူငယ်များ နည်းပညာ ဆွေးနွေး ဖလှယ်နိုင်မည့် နေရာများနှင့် အခွင့်အလမ်းများကို အစိုးရအနေဖြင့် ဖန် တီးထောက်ပံ့ပေး ရန် များစွာလိုအပ်ကြောင်း ဇွန် ၂၁ ရက်နှင့် ၂၂ ရက်က ပြည်မြို့တွင် ပြုလုပ်သည့် နည်းပညာဆွေးနွေးပွဲ ဘားကမ့်တွင် တက်ရောက်လာသည့် အိုင်တီပညာရှင်အများစုက သုံးသပ်ပြော ကြားသည်။
တယ်လီနော အသုံးပြုသူများအား Wikipedia စာမျက်နှာ အခမဲ့ ကြည့်ရှုနိုင်ရန် စီစဉ်ထားဟုဆို
တယ်လီနော အသုံးပြုသူများ Wikipedia စာမျက်နှာအား အင်တာနက် အသုံးပြုခ အခမဲ့ဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း တယ်လီနော မြန်မာမှ ထုတ်ပြန်ကြေညာသည်။
ရန်ကုန်-မူဆယ် ကုန်တန်ဆာခနှုန်းထားသည် အာဖရိကသို့ ရေကြောင်းဖြင့် တင်ပို့မှုနှင့်တန်းတူဖြစ်နေဟုဆို
ရန်ကုန်မှ မူဆယ်သို့ တင်ပို့သည့် ဆန်တစ်တန်၏ ကုန်ကျစရိတ်မှာ ရန်ကုန်မှ အာဖရိကသို့ တင်ပို့သည့် ဆန်တစ်တန်၏ ကုန်ကျစရိတ်နှင့်ညီမျှနေသည်ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်း ရှင်များ အသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က တန်ဆာခ ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး ပြောသည်။
ဂရိတွင် ဥပရောပ သမိုင်းတစ်လျှောက် ဘိန်းဖြူအများဆုံး ဖမ်းဆီးရမိ
ဂရိနိုင်ငံတွင် ရက်သတ္တပတ် အနည်းငယ်အတွင်း ဘိန်းဖြူ နှစ်တန်ကျော်ကို ဂိုထောင်များအတွင်း ဖမ်းဆီးရမိရာ ဥရောပတစ်ဝန်း ဘိန်းဖြူ တစ်စုတစ်ဝေးတည်း ပမာဏအများဆုံး ဖမ်းဆီးရမိမှုအဖြစ် စံချိန်တင်ကြောင်း သိရသည်။
စစ်တပ်ပိုင်မြေတွင် ကန်ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ အိမ်ရာစီမံကိန်းများ ဆောက်လုပ်မည်
စစ်တပ်ပိုင် မြေနေရာဖြစ်သော ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဦးထောင်ဘိုအ၀ိုင်းအနီးရှိ မြေနေရာကို ကန်ဒေါ်လာ ၃၇၅ သန်းခန့် ရင်းနှီးမြှုပ်နှံမှုဖြင့် Dagon City 1 နှင့် Dagon City 2 အမည်ရှိ ဟိုတယ်၊ လူနေအိမ်နှင့် ဈေးဝယ်စင်တာများပါဝင်သော အိမ်ရာစီမံကိန်းနှစ်ခု တည်ဆောက်သွားမည်ဟု Marga Landmark Development Limited နှင့် သုခရတနာ ဆောက်လုပ်ရေးကုမ္ပဏီတို့၏ အကြီးတန်းအရာရှိများက မဇ်္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကြက်ကလီစာ ကျပ်သိန်း ၆၀ ကျော်ဖိုးဖမ်းမိ
ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာပြီး ဖမ်းဆီးမိ သောကျပ် ၆၃ သိန်းကျော်တန်ဖိုးရှိ ကြက်ကလီစာများ ကို ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
အလွန်အမင်း ရုပ်ချောတာကြောင့် အနိုင်ကျင့်ခံရတဲ့ ရုရှားကျောင်းသူ
အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသူများထဲက တစ်ဦးဖြစ်သူ Olga
ရုပ်ရည် ချောမောလှပလွန်းသူတိုင်း လူချစ်လူခင် ပေါလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီ ရုပ်ရည်ကြောင့်ပဲ မုဒိတာ မပွားနိုင်ဘဲ မနာလိုသူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကတော့ ရုရှားနိုင်ငံမှာ ရုပ်ချောလွန်းသူ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးကို သူမရဲ့ အတန်းဖော်တွေက ရိုက်နှက်ပြီး ရွှံရည်သောက်ခိုင်းခဲ့ပါတယ်။
ပေါ်တော်မူတ၀ဂူဆုတောင်းပြည့် စေတီတော်ပုရ၀ုဏ်အတွင်းရှိ ကမ္ဘာသောမဂြိုလ် စေတီတော် ထီးတော် တင်လှူပူဇော်
မြစ်သားမြို့နယ်၊ လောင်းတော်ဦးကျေးရွာရှိ ဦးဆန်းဦး၏ အိမ်မက်အရ တူးဖော်တွေ့ရှိသော ပေါ်တော်မူ တ၀ဂူ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအတွင်းရှိ အသစ်တည်ထားကိုးကွယ်တော်မူခဲ့သော ဥာဏ်တော်(၂၇) ပေရှိ ကမ္ဘာသောမဂြိုလ် စေတီတော်မြတ် ထီးတော်တင်လှူပူဇော်ပွဲကို ဇွန်လ (၂၃) ရက် မင်္ဂလာအချိန်နံနက် (၉း၁၀) နာရီတွင် စေတီတော်အလှူရှင်၊ ထီးတော်အလှူရှင်နှင့်တကွ နယ်သူနယ်သား များ က တင်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။
ပညာရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် International Finance Cooperation ( IFC), The World Bank Group မှ Mr. Vikram Kumar နှင့် အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့သည်။ယင်း သို့ တွေ့ဆုံရာတွင် ပညာရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြသည်။
ကြိုတင်မဲပေးပြီးသူစာရင်း ထုတ်ပြန်ပေးရန် ကော်မရှင်စီစဉ်နေ
ရွေးကောက်ပွဲများမကျင်းပမီ ကြိုတင် ဆန္ဒမဲပေးပြီးသူများစာရင်းကို ထုတ်ပြန်ပေးနိုင်ရန် စီစဉ်နေ သည် ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမ ကို ဇွန်လ ၂၃ ရက်တွင် ပြောသည်။ ကြိုတင်ဆန္ဒမဲပေးသူများ၏စာရင်းများကို သက်ဆိုင်ရာမဲရုံများ သို့မဟုတ် ကော်မရှင် ခွဲရုံးများတွင် ထုတ်ပြန်ပေးနိုင်ရေးအတွက် ကော်မရှင်က စဉ်းစားနေသည်ဟု ၎င်းက ဆိုသည်။
စာနယ်ဇင်းကောင်စီကို အသိအမှတ် မပြုရာရောက်၊ မီဒီယာ လွတ်လပ်ခွင့် ခြိမ်းခြောက်လာလျှင် တုံ့ပြန်မည်ဟုဆို
နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားသည့် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် ဖွဲ့စည်းပေး ထားသည့် မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို အသိပေးအကြောင်းကြားခြင်း မရှိဘဲ ပြည်ထဲရေး ၀န်ကြီးဌာန၏ အထူးသတင်းတပ်ဖွဲ့က သတင်းဌာနများကို ခေါ်ယူမေးမြန်းခြင်းသည် ကောင်စီကို အသိအမှတ်မပြုရာရောက်ပြီး မီဒီယာလွတ်လပ်ခွင့်ကို ထိပါးလာလျှင် ကောင်စီက ကြေညာချက်ထုတ် တုံ့ပြန်မည်ဟု ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားလိုက်သည်။
ကလေးဝမြို့နယ် ကျောက်မီးသွေးစက်ရုံ ဒေသခံများ ကန့်ကွက်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးဝမြို့နယ်ရှိ ပလူဇ၀ဒေသတွင် တည်ဆောက်ရန် စီစဉ် ထားသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်း များက ကန့်ကွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ရန်ကုန်မြို့တော်၏ ရေဆိုးရေပုပ်စုပ် ဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပြုမည်
ရန်ကုန်မြို့တော်တွင်
နေအိမ်၊ တိုက်တာ အဆောက်အအုံများ၏ ရေဆိုးရေပုပ် များကို ဝန်ဆောင် မှု
ပေးနေသော ဝန်ဆောင်မှု လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်
ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်
မော်တော်ယာဉ်ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
ဘုန်းကြီးကျောင်းသစ်သားကြမ်းပြင်မှာ ခြေရာတစ်စုံစွဲထင်စေခဲ့တဲ့ ဗုဒ္ဓဘုန်းတော်ကြီး
တရုတ်နိုင်ငံက သက်တော် ၇၀ ရှိပြီဖြစ်တဲ့ Hua Chi ကိုယ်တော်ဟာ
ဘုန်းကြီးကျောင်းရဲ့ နေရာတစ်နေရာ တည်းမှာ နှစ် ၂၀ ကျော်ကြာ ၀တ်ပြုပြီး
သစ်သားကြမ်းပြင်မှာ ခြေရာတစ်စုံ
စွဲကျန်ရစ်စေ ခဲ့ပါ တယ်။ နှစ် ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့
ဘုန်းကြီးကျောင်းရဲ့ သစ်သားခင်းမှာ ကိုယ်တော်ဟာ ၃ စင်တီမီတာ အနက်ရှိတဲ့
ခြေရာနှစ်ခုကို ထင်ထင်ရှားရှားကြီး စွဲထင်စေခဲ့တာပါ။
NLD ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပမည်
မြန်မာနိုင်ငံအတွင်း အင်အားကြီး အတိုက်အခံပါတီ တစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီပြန် ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးထင်လင်းဦးက ပြောကြားသည်။
အစွန်းရောက် သူပုန်အုပ်စု ISIS က လိင်ကိစ္စအတွက် သမီးဆက်သရန် ပြည်သူများထံ တောင်းဆို
အီရတ်နှင့် ဆီးရီးယားတို့တွင် လတ်တလော အပြင်းအထန် သူပုန်ထနေသော
စွန်နီဘာသာရေး အစွန်းရောက်အုပ်စု ISIS က မိသားစုများအား သမီးဆက်သရန်
တောင်းဆိုကြောင်း The Daily Mirror မှ
ဖော်ပြသည်။ ၎င်းတို့ဆင်နွှဲနေသော ဘာသာရေးစစ်ပွဲတွင် အမျိုးသမီးများလည်း
မဖြစ်မနေပါဝင်ရ မည်ဖြစ်ပြီး စစ်သွေးကြွတို့နှင့် လိင်ဆက်ဆံခြင်းဖြင့်
ဝိညာဉ်အား သန့်စင်ကြရန် တောင်း ဆိုထားသည်။
ချက်ချင်းတာဝန်ပြောင်းရွှေ့ခံရသည့် အမိန့်ကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမ အချို့ အလုပ်ထွက်ရန် အထိ စဉ်းစားနေကြဟုဆို
ရန်ကုန်၊ ဇွန် ၂၂-တက္ကသိုလ်အသီး သီးမှ ဆရာ၊ ဆရာမများကို တာဝန် ပြောင်းရွှေ့
ချ ထားရာ၌ အမိန့်ထုတ်ပြန် ချက် ထွက်ရှိပြီး ချက်ချင်း ဆို သလို
ပြောင်းရွှေ့ခိုင်းမှုကြောင့် ဆရာ၊ ဆရာမ အချို့ အလုပ်ထွက်ရန်အထိပင်
စဉ်းစားနေကြကြောင်း အဆိုပါ တက္က သိုလ်ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှ
စုံစမ်းသိရသည်။
နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်းဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများကို သာသနာရေးဝန်ကြီးဌာနက ပြန်လည်သိမ်းယူ
နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများအား သာသနာရေး ၀န်ကြီးဌာနမှ ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် သိန်းတစ်ရာခန့် အလွဲသုံးစားပြုလုပ် မှုဖြင့် အမှုဖွင့် အရေးယူခံထားရသည့် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၏ နေပြည်တော် ရှိ နိုင်ငံတော်မှပေး ထားသော နေအိမ်ရှိ ပစ္စည်းများအား သာသနာရေး ၀န်ကြီးဌာန၏ ၀န်ထမ်းများက လာရောက်သယ်ယူ သွားခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေ များပြောပြချက် အရ သိရသည်။
၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် သိန်းတစ်ရာခန့် အလွဲသုံးစားပြုလုပ် မှုဖြင့် အမှုဖွင့် အရေးယူခံထားရသည့် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်၏ နေပြည်တော် ရှိ နိုင်ငံတော်မှပေး ထားသော နေအိမ်ရှိ ပစ္စည်းများအား သာသနာရေး ၀န်ကြီးဌာန၏ ၀န်ထမ်းများက လာရောက်သယ်ယူ သွားခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေ များပြောပြချက် အရ သိရသည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကိစ္စနှင့်ပတ်သက်၍ လက်ရှိတွင် မည်သည့်ကိစ္စမျှ ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ပြောကြား
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနှင့် ပတ်သက်၍ လောလောဆယ် မှာ ဘာကိစ္စမှ ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက နေပြည်တော်တွင် ဇွန် ၂၃ ရက်က ပြုလုပ်သည့် ၁၇ ရက်မြောက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ခေတ္တ နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက နေပြည်တော်တွင် ဇွန် ၂၃ ရက်က ပြုလုပ်သည့် ၁၇ ရက်မြောက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ခေတ္တ နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)