Friday, October 24, 2014

ကိုယ့်ပါတီ၏ရည်ရွယ်ချက်ကို မမေ့ဖို့ ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

Photo: ကိုယ့်ပါတီ၏ရည်ရွယ်ချက်ကို မမေ့ဖို့ ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး
==========================================

ကျော်စိုးဦး ၊ ရန်ကုန်၊ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များအနေဖြင့် မိမိတို့ပါ တီ၏ ရည်ရွယ်ချက် ကို အမြဲမမေ့ဖို့လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂ဝ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးအပြီးတွင် သတိပေးပြောဆို လိုက်ပါသည်။

''မိမိတို့ပါတီက မည်သည့်ရည် ရွယ်ချက်ကြောင့် ပါတီထူတောင်ခဲ့ သည်ကို ပါတီဝင်များအမြဲမမေ့ဖို့လို အပ်တယ်။ ကျွန်မတို့ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြစ်မတွယ်ဖို့ပါ။ ရွေးကောက်ပွဲဝင် တယ် ဆိုတာကလဲ မိမိတို့ပါတီဝင်တွေ ရာထူးအာဏာ ရဖို့ လုပ်နေတာ မဟုတ်ဘူး''ဟု ၄င်းက ပြောဆိုခဲ့သည်။

လာမည့် ၂ဝ၁၅ရွေးကောက်ပွဲ တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ တွင်လည်း မူလထူထောင် စဉ် ရည်ရွယ်ချက်များအတိုင်း အ ကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ဆိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူး ခရီးစဉ်တွင် ဒေသခံပြည်သူများကို ၂ဝ၁၅ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနေဖြင့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် များအားလုံးတွင် အနိုင်ရရန်ဆောင် ရွက်သွားမည်ဟု တရားဝင်ပြောကြား ခဲ့သူလည်း ဖြစ်သည်။

၎င်းပါတီသည် ၂ဝ၁၂ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၄၅နေရာတွင် ၄၃နေရာ အနိုင်ရရှိခဲ့သော ပါတီလည်းဖြစ်သည်။ အလားတူ တချို့မြို့နယ်များတွင် မူလ ပါတီဝင်အဟောင်းများနှင့် ပါတီဝင် အသစ်များ အကြား သဘောထားကွဲ လွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Yangon Time Journal ၊ အတွဲ ၁၀ ၊ အမှတ် ၄၁ 
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com

https://www.facebook.com/yangonmediagroup
==========================================
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များအနေဖြင့် မိမိတို့ပါ တီ၏ ရည်ရွယ်ချက် ကို အမြဲမမေ့ဖို့လို အပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂ဝ ရက်က ပြည်သူ့ လွှတ်တော် အစည်း အဝေးအပြီးတွင် သတိပေးပြောဆို လိုက်ပါသည်။

''မိမိတို့ပါတီက မည်သည့်ရည် ရွယ်ချက်ကြောင့် ပါတီထူတောင်ခဲ့ သည်ကို ပါတီဝင်များအမြဲမမေ့ဖို့လို အပ်တယ်။ ကျွန်မတို့ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အမြစ်မတွယ်ဖို့ပါ။ ရွေးကောက်ပွဲဝင် တယ် ဆိုတာကလဲ မိမိတို့ပါတီဝင်တွေ ရာထူးအာဏာ ရဖို့ လုပ်နေတာ မဟုတ်ဘူး''ဟု ၄င်းက ပြောဆိုခဲ့သည်။

ရခိုင်ပြဿနာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမို ဆိုးရွားလာနိုင်ကြောင်း ICG ဖော်ပြ

ရခိုင်ပြဿနာမှာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမိုဆိုး ရွားလာနိုင်ကြောင်း နိုင်ငံတကာပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG)အစီရင်ခံစာတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၂ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သော ICG အစီ ရင်ခံစာ၌ အလွန်အမင်းဖွံ့ဖြိုးမှု နိမ့်ကျနေသော ရခိုင်ပြည်နယ် တွင် အသိုင်းအဝိုင်းနှစ်ခုကြား ပဋိ ပက္ခများ၊ တင်းမာမှုများ သမိုင်း နှင့်ချီဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ် တွင်းပြဿနာများ ဆက်လက်ဖြစ် ပွားခဲ့ကြောင်းနှင့် ယင်းအခြေ အနေများမှာ ၂၀၁၅ ခုနှစ်နှောင်း ပိုင်းတွင်ပြုလုပ်မည့် ရွေးကောက် ပွဲကာလတွင် ပိုမိုမြင့်တက်လာ နိုင်ကြောင်းသုံးသပ်ထားသည်။

အစိုးရ၏ နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကြန့်ကြာဟု UNFC ဆို

အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများ ကြန့်ကြာနေကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယဥက္ကဋ္ဌ (၁) ဦးနိုင်ဟံသာက ပြောကြားသည်။

အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး ပြည်ပရဲတပ်ဖွဲ့များအပြင် ပြည်တွင်းရဲအင်အား နှစ်သောင်းကျော် တာဝန်ယူမည်

Photo: အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး ပြည်ပရဲတပ်ဖွဲ့များအပြင် ပြည်တွင်းရဲအင်အား နှစ်သောင်းကျော် တာဝန်ယူမည်
====================================

Friday, October 24, 2014

၂၀၁၂ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်လေဆိပ်မှ အမေရိကန်သမ္မတအိုဘားမား ထွက်ခွာလာပြီးနောက် အမေရိကန်လုံခြုံရေးအရာရှိများနှင့် မြန်မာရဲအရာရှိတို့ကို တွေ့ရစဉ်။ အမေရိကန်သမ္မတအိုဘားမားအပါအဝင် နိုင်ငံ တကာခေါင်းဆောင်အချို့တက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော် အသုံးပြုမည်ဖြစ်သည်။ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အမေရိကန် သမ္မတအိုဘားမား တက်ရောက်မည့် နေ ပြည်တော်တွင် ကျင်းပမည့် အာ ဆီယံထိပ်သီးအစည်းအဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ် မှတ်၍ အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၏ အကူအညီ အပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင် အား နှစ်သောင်းကျော်ဖြင့် လုံခြုံ ရေးတာဝန် ယူသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမည့်နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး သမ္မတအိုဘားမား နိုဝင်ဘာ ၁၃ ရက်တွင် တက်ရောက် မည်ဖြစ်သည်။

‘‘ဒီဟာသည် ယခင်လုပ်ခဲ့ဖူးတဲ့ ဆီးဂိမ်းတို့၊ ကမ္ဘာ့စီးပွားရေးဖို ရမ်တို့၊ တခြားနိုင်ငံတကာ Sum-mit တွေထက်စာရင် ပိုပြီးတော့ ကြီး မားတဲ့ ပွဲဖြစ်တဲ့အတွက် လုံ လောက်တဲ့ အင်အားနဲ့ လုပ်မှာပါ။အင်တာပိုလ် အကူအညီအပြင် ပြည်တွင်းက ရဲတပ်ဖွဲ့ဝင် အင်အား အလုံအလောက်နဲ့ လုံခြုံရေးတာဝန်ယူသွားမယ်’’ ဟု နယ်စပ်ဖြတ်ကျော် မှုခင်းဌာနကြီးမှ ရဲမှူးချုပ်စိုးမြိုင်က ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲအင်အား ရှစ်သောင်းဝန်းကျင်ရှိ၍ ထိပ်သီးအစည်းအဝေး အတွက် စုစုပေါင်းအင်အား၏ ၂၅ ရာခိုင်နှုန်းကျော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အာဆီယံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ်ထွက်ပေါက် များ၏ လုံခြုံရေးကို စောင့်ကြပ် သွားမည်ဖြစ်ကြောင်း အသိပေး သည်။

‘‘လုံခြုံရေးအင်အားက နေ ပြည်တော်အပြင် တခြားတိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေက ရဲတပ် ဖွဲ့ဝင်တွေပါ လာစောင့်မှာ။ စုစု ပေါင်း အင်အားနှစ်သောင်းကျော် မယ်။ တချို့ဆို ပြင်ဆင်ထားတဲ့ အနေနဲ့ အခုကတည်းက လုံခြုံရေး ၀င်နေကြပြီ’’ဟု နေပြည်တော် ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၃ ရက်တွင် လာရောက်မည်ဖြစ်ပြီး ၎င်းတည်းခိုမည့် ဟိုတယ်ကို လုံခြုံရေးစည်းကမ်းအရ ကြိုတင်အသိပေးမထားသေးဘဲ နေပြည်တော်ရှိ ကြယ်ငါးပွင့် အ ဆင့် ဟိုတယ်သုံးလုံးတွင် ၎င်းအ တွက် Proposal တင်ထားကြောင်းသတင်းရရှိသည်။

7 Day Daily
၂၀၁၂ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်လေဆိပ်မှ အမေရိကန်သမ္မတအိုဘားမား ထွက်ခွာလာပြီးနောက် အမေရိကန်လုံခြုံရေးအရာရှိများနှင့် မြန်မာရဲအရာရှိတို့ကို တွေ့ရစဉ်။ အမေရိကန် သမ္မတအိုဘားမား အပါအဝင် နိုင်ငံ တကာခေါင်းဆောင်အချို့တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေးလုံခြုံရေး အတွက် ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော် အသုံးပြုမည်ဖြစ် သည်။ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အမေရိကန် သမ္မတအိုဘားမား တက်ရောက်မည့် နေ ပြည်တော်တွင် ကျင်းပမည့် အာ ဆီယံထိပ်သီးအစည်းအဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ် မှတ်၍ အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၏ အကူအညီ အပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင် အား နှစ်သောင်းကျော်ဖြင့် လုံခြုံ ရေးတာဝန် ယူသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်မှတ်တမ်းတင်ရန် စီစဉ်

တပ်မတော်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက် မှုများကို စုံစမ်းဖော်ထုတ်ပြီး မှတ်တမ်းတင်ရန် ‘‘လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ’’ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က အောက်တိုဘာ ၂၃ ရက်တွင် ကြေညာလိုက်သည်။

၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်အချို့နှင့် NLD ပါတီဝင်ဟောင်းများပါဝင်သည့် ‘‘ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့’’က အဆိုပါ ကော်မတီ၏ တွေ့ရှိချက်များကို တိုင်းပြည်သို့ အစီရင်ခံစာတင်ပြသွားမည်ဖြစ် ကြောင်းလည်းထုတ်ပြန်ခဲ့သည်။

အီဘိုလာနှင့် အိုင်အက်စ်အန္တရာယ်ရှိ နိုင်ငံများတွင် မြန်မာသင်္ဘောသားများကို ကမ်းဆင်းခွင့်တားမြစ်

အီဘိုလာနှင့် အိုင်အက်စ်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များကြောင့် မြန်မာသင်္ဘောသားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေအရ သင်္ဘောကုမ္ပဏီများက ကမ်းဆင်းခွင့်မပြုရန် တားမြစ် ထားကြောင်း သတင်းရရှိသည်။

ကူးစက်မြန်အီဘိုလာရောဂါ ဖြစ်ပွားနေသည့် အာဖရိကနိုင်ငံများ နှင့်အိုင်အက်စ်အဖွဲ့၏ အန္တရာယ်ရှိ နိုင်သည့် အနောက်အစ္စလာမ် မစ်နိုင်ငံများတွင် သင်္ဘောများ ဆိုက်ကပ်ပါက မြန်မာသင်္ဘော သားများ၏ ကျန်းမာရေးနှင့် လုံခြုံ ရေးအခြေအနေအရ ကမ်းဆင်း ခွင့်မပြုရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ဖားကန့်ဒေသရှိ ကေအိုင်အေတပ် ဖယ်ရှားမည်မဟုတ်ဟု ကေအိုင်အေဒုတပ်ရင်းမှူးပြောကြား

ဖားကန့်ဒေသ ကေအိုင်အေတပ်ရင်း (၆)အား ရွှေ့ပေးရန် အစိုးရတပ်မတော်တပ်မ (၆၆)က ယခုအချိန်အထိ ဆက်တိုက်ပြောသော်လည်း ကေအိုင်အိုဗဟို၏ ဆုံးဖြတ်ချက်အတိုင်း ဖယ်ပေးမည်မဟုတ်ဟု ကေအိုင်အေတပ်ရင်း (၆) ဒုတပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်ကပြောသည်။

ထိုတပ်ရင်းအား ဖယ်မပေး ရန် ကေအိုင်အိုဗဟိုက ဆုံးဖြတ် ထားပြီး အစိုးရစစ်တပ်၊ တပ်မ(၆၆) မှလည်း ကံဆီးကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကေအိုင်အေ တပ်ရင်း ဖယ်ရှားပေးရန် ပြီးခဲ့သည့် နှစ်ရက်ခန့်က လာရောက် အကြောင်းကြားခိုင်းခဲ့ သည်ဟု ဆိုသည်။

မလေးရှားတွင် ဘီယာတစ်ဘူးခိုးယူသူ မြန်မာတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ကွာလာလမ်ပူ−ခုနစ်ရင်းဂစ်တန် ဘီယာတစ်ဘူး ခိုးယူမှုအတွက် မြန်မာနိုင်ငံသားတစ်ဦးကို မလေး ရှား တရားသူကြီးတစ်ဦးက ထောင်ဒဏ်တစ်လနှင့် ဒဏ်ငွေ ရင်းဂစ် ၁၀၀ ပေးဆောင်ရန် အောက်တိုဘာ ၂၃ ရက်တွင် အ မိန့်ချမှတ်လိုက်သည်။

ယင်းပြစ်မှုအတွက် အပြစ် ရှိသည်ဟု ၀န်ခံထားသူ မြန်မာနိုင်ငံသား ဘိတ်မွှန်း(၂၄)နှစ်ကို တရားသူကြီး ဆိုင်ဖူလက်မေးလ်ဆာအိ က ယင်းသို့ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။ ဘိတ်မွှန်း (၂၄) နှစ်သည် အောက်တိုဘာ ၂၀ ရက်က ဂျ လန်းထွန်တန်းရှိ ချန်းလော့စ်ကေ ကေမတ်ဆိုင်ခွဲတစ်ခု ညနေ ၄ နာရီခွဲတွင် Danish Royal Stout ဘီယာတစ်ဘူး ခိုးယူမှုဖြင့် စွဲချက် တင်ခံခဲ့ရသည်။

မိုးရာသီ ဂီတဆုပေးပွဲမှာ နီနီခင်ဇော် အဓိကဆု နှစ်ဆုနဲ့ အောင်ပွဲခံခဲ့

Photo: မိုးရာသီ ဂီတဆုပေးပွဲမှာ နီနီခင်ဇော် အဓိကဆု နှစ်ဆုနဲ့ အောင်ပွဲခံခဲ့
======================================

Friday, October 24, 2014

မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတဆုပေးပွဲဖေ့စ်ဘွတ်ခ်မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတဆုပေးပွဲဖေ့စ်ဘွတ်ခ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ မိုးရာသီဂီတဆုပေးပွဲကြီးမှာ စင်ပေါ်မှာ
အမြဲလန်း နေတတ်တဲ့ အဆိုတော် နီနီခင်ဇော် တစ်ယောက် အဓိကဆု နှစ်ဆု ပိုက်ပြီးအောင်ပွဲခံသွားခဲ့ပါတယ်။

ဆုတွေကို ပရိသတ်တွေ ရွေးချယ်ပေးတဲ့ဆုနဲ့ ဒိုင်လူကြီးများ ရွေးချယ်ပေးတဲ့ဆုဆိုပြီး နှစ်မျိုးခွဲခြားထားရာ နီနီခင်ဇော်က 'မျှော်လင့်ချက်တစ်စုံ တစ်ရာ' သီချင်းတစ်ပုဒ်တည်းနဲ့ ဒိုင်လူကြီးများ
ရွေးချယ်ပေးတဲ့ The Best Pop Song နဲ့ The Best Song of the Monsoon ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းက နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်ခွေ 'မာရီရို' ထဲက သီချင်းလေးဖြစ်ပြီး နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး သီဆိုထားတာဖြစ်ပါတယ်။

"ဒီလိုဆုတွေရမယ်လို့ မမျှော်လင့်ထားပါဘူး။ အသိအမှတ်ပြုပေးတဲ့ ပညာရှင်တွေကိုကျေးဇူးအများကြီး တင်ပါတယ်။ တစ်ခုပဲပြောချင်ပါတယ်။ နီနီ နိုင်ငံရေးသမား မဟုတ်ပါဘူး။နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ပါဘူး။ နီနီလေးစားတဲ့ ပုဂ္ဂိုလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီသီချင်းကို
သီဆိုခဲ့ခြင်းသာဖြစ်ပါတယ်"လို့ ဆုတွေလက်ခံအပြီးမှာ နီနီခင်ဇော်က ပြောခဲ့ပါတယ်။

ဒိုင်လူကြီးတွေပဲ ရွေးချယ်ခဲ့ကြတဲ့ The best Rock ကိုတော့ အဆိုတော်ဝေလက
'မိတ်ကပ် မကြိုက်သော သီချင်းများ' နဲ့ ရရှိခဲ့ပြီး ဆုပေးပွဲမှာလည်း အဲဒီ သီချင်းကိုပဲ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

"ဒါကျွန်တော့်ဘ၀မှာ ပထမဆုံးပိုင်ဆိုင်ဖူးတဲ့ ဆုပါပဲ။ ငယ်ငယ်လေးကတည်းက ကျောင်းမှာလည်းဘာဆုမှ မရခဲ့ဖူးပါဘူး။ အခုလိုမျိုး ကိုယ်ဝါသနာပါတဲ့ အလုပ်၊ ဘ၀တစ်ခုလုံး ရင်းထားတဲ့အရာနဲ့ ဒီဆုကို ပညာရှင်တွေဆီက ရရှိခဲ့လို့ အရမ်းဝမ်းသာပါတယ်"လို့ အဆိုတော် ဝေလက ဆိုခဲ့ပါတယ်။

The Best Rap Song ဆုကိုတော့ လွှမ်းပိုင်က 'ကိုကို' သီချင်းနဲ့ ရရှိသွားပြီး ပရိသတ်တချို့ဆီကတော့ ဝေဖန်သံတွေ ထွက်လာပါတယ်။

ဖေ့ဘွတ်ခ်ပေါ်မှာလည်း လူငယ်တစ်ဦးက "ဟစ်ပ်ဟော့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဲဒီသီချင်းကိုမပေးသင့်ဘဲ။ တကယ်တမ်း ဟစ်ပ်ဟော့ကို ချပြထားတွဲှ့သညန တို့လိုအဆိုတော်တွေကို
ဘယ်လိုချောင်ထိုးထားလဲ"ဆိုပြီး ရေးသားထားပါတယ်။

လွှမ်းပိုင်ကလည်း နီနီခင်ဇော်လိုပဲ သီချင်းတစ်ပုဒ်တည်းပဲ ဆုနှစ်ဆု ရခဲ့တာဖြစ်ပြီး နောက်တစ်ဆုကတော့ ပရိသတ်တွေရွေးချယ်ပေးတဲ့ The Freshest Rap Song of Monsoon ဆုပဲဖြစ်ပါတယ်။

ထူးခြားတာ တစ်ခုကတော့ ဆန်ခါတင်မဲအရေအတွက် အများဆုံး သီချင်း ငါးပုဒ်စလုံးက လွှမ်းပိုင် တစ်ဦးတည်း ဖြစ်နေတာပါပဲ။

စုစုပေါင်းဒိုင်လူကြီး ၄၀ ကျော် ပါဝင်တဲ့အဖွဲ့က ဆုပေါင်း ကိုးဆုရွေးချယ်ပေးခဲ့ကြပြီး အောင်ရင်ရဲ့
'အိမ်အလွမ်း'၊ အရေး၊ အတီး၊ အဆို ထူးချွန်သူအဖြစ် မိစန္ဒီ၊ အကောင်းဆုံး မျက်နှာသစ်အဖွဲ့သစ်ဆုအတွက် Sarah၊ 'မိတ်ကပ်မကြိုက်သော သီချင်းများ' နဲ့ ဝေလ နဲ့ 'သည်းခံ'သီချင်းနဲ့ Big Bag တို့ကို အထူးဆုတွေ ပေးခဲ့ပါတယ်။

မိုးရာသီဂီတဆုပေးပွဲကို တေးရေးပညာရှင်တစ်ဦး ဖြစ်တဲ့ ရွှေဂျော်ဂျော်နဲ့အတူ ဂီတမောင်နှမများပါဝင်တဲ့ Beautiful Noise အဖွဲ့မှ ဦးစီးကျင်းပကြတာဖြစ်ပြီး တစ်နှစ်သုံးကြိမ် (နွေ၊မိုး၊ ဆောင်းအတွက်) ကျင်းပသွားမယ်လို့ သိရပါတယ်။

နှစ်တစ်နှစ် ကုန်ဆုံးတဲ့အခါတိုင်းမှာတော့ တစ်နှစ်တာ အကောင်းဆုံးဂီတဆုပေးပွဲကြီး Myanmar
Music Awards ကိုကျင်းပသွားမယ်လို့ စက်တင်ဘာလအတွင်းက မြန်မာတိုင်း(မ်)နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ရွှေဂျော်ဂျော်က ပြောပြခဲ့ပါတယ်။

ခုပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၈ ရက်နေ့က ရှင်စောပုလမ်းပေါ်ရှိ Myanmar Event Park မှာ ကျင်းပတဲ့ပွဲမှာတော့ မိုးရာသီကာလ (မေ ၁ ရက်နေ့ကနေ ဩဂုတ် ၃၁ ရက်နေ့ထိ)
အတွင်းထွက်ရှိခဲ့တဲ့ စီးရီးတွေနဲ့ မြန်မာမြူးဇစ်အွန်လိုင်းစတိုးမှာ တစ်ပုဒ်ချင်းစီ ထွက်ထားတဲ့သီချင်းတွေထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကိုတော့ နိုင်ငံတွင်းမှာ ပညာရှင်အဆင့်ဂီတ ပညာရှင်တွေပေးတဲ့ ဆုပေးပွဲ မရှိသေးတာကြောင့် ဖန်တီးဖြစ်တာပါလို့ ဆိုပါတယ်။

"ပုံမှန်ဆုပေးပွဲတွေကတော့ လုပ်နေကြတာပေါ့နော်။ ဒါပေမဲ့ ပညာရှင်တွေပေးတဲ့ ဆုပေးပွဲလေး
ဖြစ်စေချင်လို့ စီစဉ်ဖြစ်တာပါ" ရွှေဂျော်ဂျော်က ဆိုပါတယ်။

ပရိသတ်တွေ ရွေးချယ်ပေးတဲ့ ဆုတွေကိုတော့ စက်တင်ဘာလကုန်မှ စတင်ပြီး အွန်လိုင်းကနေမဲပေး စနစ်ဖွင့်ပေးခဲ့ကာ မဲအရေအတွက်နဲ့ အက်ဖ်အမ်တွေကနေ သီချင်းတောင်းတဲ့အကြိမ်
အရေအတွက်တွေကို ပေါင်းကာ ဆုသုံးဆုကို အရင်ကြေညာခဲ့ပါတယ်။ ကလေးအဆိုရှင် လွှမ်းရတီဇော် က The Freshest Pop Song of Monsoon ကို Baby Love သီချင်းနဲ့ ဆန်ခါတင် ငါးပုဒ်ထဲမှာ နီနီခင်ဇော်ရဲ့ "မျှော်လင့်ချက် တစ်စုံတစ်ရာ"သီချင်းကိုပါကျော်ပြီး ဆုကိုသိမ်းပိုက်သွားတာ ဖြစ်ပါတယ်။

ပရိသတ်များက နီနီခင်ဇော် နာမည်ကို အော်ဟစ်နေပေမယ့် မဲအရေအတွက်ကတော့ လွှမ်းရတီဇော်က ပိုများခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

The Freshest Rock Song of Monsoon ဆုကိုတော့ Big Bag အဖွဲ့က သူတို့ရဲ့
နောက်ဆုံးအခွေ "We are Big Bag" ထဲက 'သည်းခံ' သီချင်းနဲ့ ရရှိခဲ့ပါတယ်။

အွန်လိုင်းကနေပဲ မဲအရေအတွက်နဲ့ ပေးခဲ့တဲ့ "I love Artist" အမျိုးသားနဲ့ အမျိုးသမီးဆုတွေကိုတော့ ရမှတ် အများဆုံး ငါးယောက်မှာ ၀ိုင်းစုခိုင်သိန်းက မဲအရေအတွက် တစ်သောင်းကျော်နဲ့
အမျိုးသမီးဆုကို ပိုင်ဆိုင်သွားပြီး အမျိုးသားဆုကိုတော့ အခုချိန်ထိ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေသေးတဲ့ စိုင်းစိုင်းခမ်းလှိုင် က မဲအရေအတွက် ငါးသောင်းကျော်နဲ့ အပြတ်အသတ်ပိုင်ဆိုင်သွားပါတယ်။

"ဒီပွဲကို တက်တာ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေကို အားပေးဖို့ တက်တာပါ။ ဆုရမယ်လို့ မမျှော်လင့်ထားပါဘူး။ ကျွန်တော် တစ်နှစ်ကျော်လောက် အခွေလည်းမထွက်နိုင်ဘဲ
အခုလို ပရိသတ်က ချစ်ပေးလို့ ဒီဆုကို ပိုင်ဆိုင်နိုင်တာပါ။ ပရိသတ်ပေးတဲ့ ဆုဖြစ်လို့ ဒီရွှေတစ်ကျပ်သားကို ကျွန်တော့် ပရိသတ်တွေ နာမည်နဲ့ အလှူအတန်း လုပ်လိုက်ပါမယ်"လို့
ရရှိတဲ့ ဆုကိုပိုက်ထားရင်း စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါတယ်။

အခမ်းအနားမှာ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း ထည့်သွင်းခဲ့ပြီး အဆိုတော်များစွာကအကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေခဲ့ပါတယ်။

အစီအစဉ် တင်ဆက်သူအဖြစ် မောင်မောင်အေးနဲ့ ဆန်းထွဋ်တို့က ဆောင်ရွက်ခဲ့ပြီး အနောက်တိုင်းဝတ်စုံကိုမှ အဆင်ဆန်းပိတ်စနဲ့ ဖန်တီးထားတဲ့ ဆန်းထွဋ်ရဲ့ ဖက်ရှင်ကလည်း လူပြောများခဲ့ပါတယ်။

နောက်ကျင်းပမယ့် ဆောင်းရာသီဂီတဆုပေးပွဲကိုတော့ စက်တင်ဘာလ ၁ ရက်နေ့က ဒီဇင်ဘာလ၃၁ ရက်နေ့အထိ ထွက်ရှိခဲ့တဲ့ သီချင်းတွေထဲကနေ ရွေးချယ်ပြီးဆုပေးသွားမှာဖြစ်ပါတယ်။

Myanmar Times
မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတဆုပေးပွဲဖေ့စ်ဘွတ်ခ် မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတ ဆုပေးပွဲဖေ့စ်ဘွတ်ခ်ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ မိုးရာသီဂီတဆုပေးပွဲကြီးမှာ စင်ပေါ်မှာအမြဲလန်း နေတတ်တဲ့ အဆိုတော် နီနီခင်ဇော် တစ်ယောက် အဓိကဆု နှစ်ဆု ပိုက်ပြီးအောင်ပွဲ ခံသွား ခဲ့ပါတယ်။

ဂျပန်နိုင်ငံသားများ IS အဖွဲ့နှင့် ဆက်သွယ်ရန် ကြိုးပမ်း

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ အသက် ၂၆ နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် တိုကျိုမြို့မှ အမျိုးသားတစ်ဦးတို့ကို အစ္စလာမ္မာစ် နိုင်ငံတော် IS အဖွဲ့နှင့် ဆက်သွယ်ကာ ဆီးရီးယားသို့ သွားရောက်ရန် စီစဉ်ခဲ့သည်ဆိုသော စွဲချက်ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း မြို့တော် ရဲတပ်ဖွဲ့ မှ အဆင့်မြင့် ရဲအရာရှိကြီးများက ပြောကြားသည်။

အကြမ်းဖက်မှုများအပေါ် မြန်မာအစိုးရ၏ တုံ့ပြန်ပုံ အမေရိကန်အကြံပေးအဖွဲ့ ဝေဖန်

ဝါရှင်တန်- ရခိုင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာများကို မြန်မာအစိုးရ၏ တုံ့ပြန် စီမံခန့်ခွဲနေပုံနှင့် နိုင်ငံတစ်ဝန်းရှိ ဘာသာရေး အကြမ်းဖက်မှုများလှုံ့ဆော်နေသူများတွင် အနည်း ငယ်သာ အရေးယူနေသည်ဟု အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ အခြေစိုက်အကြံပေးပညာရှင်သု  တေသန အဖွဲ့တစ်ခုက ဝေဖန် လိုက်သည်။
အဆိုပါဝေဖန်မှုများမှာ နှစ် ပေါင်းများစွာ စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီစနစ်သို့  အပြောင်းအလဲ စတင်ပြီး သုံးနှစ်အကြာ မြန်မာနိုင်ငံအတွင်း အခြေအနေများကို မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှု စင်တာ (CSIS) မှ စုပေါင်းခြုံငုံသုံးသပ်ထားသည့် လေ့လာမှုထွက်ပေါ် လာခြင်းဖြစ် သည်။

တရုတ်တွင် ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက်မချရသေးသူ ၁၆ ဦးကို လူအများရှေ့တွင် တန်းစီပြသ


Photo: တရုတ်တွင် ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက်မချရသေးသူ ၁၆ ဦးကို လူအများရှေ့တွင် တန်းစီပြသ 
=======================================

Friday, October 24, 2014

တရုတ် အာဏာပိုင်များက ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက် မချရသေးသူ ၁၆ ဦးတို့အား ကြည့်ရှုသူ ၅၀၀၀ ခန့် ရှိခဲ့သည့် လူမြင်ကွင်းရှေ့တွင် တန်းစီ လှည့်လည်စေခဲ့ခြင်းသည် အတိတ်ကာလ၏ ယဉ်ကျေးမှုတော်လှန်ရေး ကာလကို အမှတ်ရစေကြောင်း နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်းသတင်းစာတွင် အောက်တိုဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။“အခုလို လုပ်ဆောင်မှုအပေါ် ပြည်သူတွေက ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူပုံအလယ်မှ အပြစ်ကို ဖော်ထုတ်ခြင်းဟု ၁၉၆၆ နဲ့ ၁၉၇၆ ခုနှစ်အကြား ယဉ်ကျေးမှု တော်လှန်ရေးကာလရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြန်လည်ဖြစ်ပေါ်စေပြီး သမ္မတရှီကျင်းပင် ပြောကြားနေသည့် တရားဥပဒေစိုးမိုးရေး ရည်မှန်းချက်နဲ့ ဆန့်ကျင်ပါတယ်" ဟု အဆိုပါ သတင်းစာတွင် ဖော်ပြခဲ့သည်။

နိုင်ငံအလယ်ပိုင်း ဟန်နန်ပြည်နယ် ဟွာရွန်မြို့တွင် တရားရင်ဆိုင်နေဆဲဖြစ်သည့် လူ ၁၆ ဦးကို စီတန်းခေါ်ဆောင်လာပြီးနောက် တရားရေးအရာရှိများက ၎င်းတို့ကို တရားရုံးအတွင်း စစ်ဆေးကြားနာခဲ့ကြကြောင်း ဂလိုဘယ်လ်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့နောက် ၎င်းတို့ကို မြို့တွင်းသို့ အမိုးဖွင့်ထရပ်ကားများဖြင့် ခေါ်ဆောင်ပြီး "လူဆိုးသူခိုးများကို ပြင်းပြင်းထန်ထန်အပြစ်ပေးသည်" စာချိတ်ဆွဲကာ လှည့်လည်ခဲ့သည့် ပုံများကို တရုတ်အစိုးရ၏ Sina.com တွင် ဖော်ပြခဲ့သည်။

လေးကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးဟု အမည်ပေးထားသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်။

တရုတ်အစိုးရသည် မေလအတွင်းကလည်း မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသရှိ အားကစားရုံတစ်ခုတွင် ပြစ်မှုကျူးလွန်သူများကို လူမြင်ကွင်းတွင် တရားစီရင်ခဲ့ပြီး လူအုပ်အတွင်း တရားခံများကို လှည့်လည်စေခဲ့သည်။

အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ  ကျင်းပခဲ့သည့် လေးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင်  ကွန်မြူနစ်ပါတီမှ ဗဟိုကော်မတီဝင် ၂၀၅ ဦးနှင့် အရန်ပါတီဝင် ၁၇၀ ဦးတို့အပြင် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်အပါအ၀င် အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပအတ်အတွင်းက လူအများရှေ့မှောက်တွင် တန်းစီလှည့်စေခဲ့သည့် တရားခံများသည် မူးယစ်ဆေး၊ လူသတ်မှုနှင့် ခိုးမှုကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်နှင့်ပတ်သက်၍ အစိုးရအရာရှိတစ်ဦးက "အခုလိုအပြစ်ပေးတာဟာ ထုံးတမ်းစဉ်လာလို ဖြစ်နေပါပြီ။ ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် ပြစ်ဒဏ်ကျူးလွန်တဲ့သူတွေကို အခုလို လူမြင်ကွင်းမှာ တန်းစီလျှောက်ခိုင်းခဲ့ပါတယ်။ အဲဒီတုန်းက လူတစ်သောင်းလောက်ရှိခဲ့တယ်" ဟု ပြောကြားသည်။

ကမ္ဘာတွင် သေဒဏ်ချမှတ်မှု အများဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်းက လူပေါင်း ၂,၄၀၀ ကို သေဒဏ်ချမှတ်ထားခဲ့သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုက အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ပြောကြားလိုက်သည်။

သို့ရာတွင် ယင်း အရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်က သေဒဏ်ချမှတ်ခံရသူ ဦးရေ ၁၂,၀၀၀ နှင့် နှိုင်းယှဉ်လျင် အနည်းငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ခဲ့သည်ဟု အဆိုပါ ဒူဟွားဖောင်ဒေးရှင်း
လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

တရုတ်အာဏာပိုင်များသည် နောက်ပိုင်းနှစ်များတွင် နိုင်ငံ၌ သေဒဏ်ချမှတ်မှုများကို လုပ်ဆောင်မှုပိုင်းတွင် နည်းပါးလာခြင်းနင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လက်ရှိအချိန်တွင် ယင်းနိုင်ငံတွင် အခြားသောနိုင်ငံများထက် သေဒဏ်ချမှတ်မှုအရေအတွက် များပြားနေဆဲပင်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမဟုတ်သည့် အခြားသောနိုင်ငံများတွင် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၇၇၈ ဦး ရှိခဲ့သည်ဟု ယခုနှစ် အစောပိုင်းက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တစ်ခု၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima

တရုတ် အာဏာပိုင်များက ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက် မချရသေးသူ ၁၆ ဦးတို့အား ကြည့်ရှုသူ ၅၀၀၀ ခန့် ရှိခဲ့သည့် လူမြင်ကွင်းရှေ့တွင် တန်းစီ လှည့်လည်စေခဲ့ခြင်းသည် အတိတ်ကာလ၏ ယဉ်ကျေးမှုတော်လှန်ရေး ကာလကို အမှတ်ရစေကြောင်း နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်းသတင်းစာတွင် အောက်တိုဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။“အခုလို လုပ်ဆောင်မှုအပေါ် ပြည်သူတွေက ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူပုံ

ပုသိမ် အဝေးသင်တက္ကသိုလ် စာရွက်စာတမ်းဖိုး ကောက်ခံငွေမြင့်မား မှု ကျောင်းသားများ ဝေဖန် ငွေကောက်ခံမှုများတွင် ကံစမ်းမဲ လက်မှတ်ဖိုးပါ ပါဝင်

အဝေးသင်တက္ကသိုလ် ပုသိမ်ဌာနခွဲတွင် ပညာသင်ကြားရန် အတွက် ကျောင်းသားကတ် ထုတ်ယူရာ တွင် ကျောင်းအပ်စဉ် ကာလက ကျောင်းသားကတ်ကြေး ၃၀၀ ပေးသွင်းထားပြီး ဖြစ်သော်လည်း အဝေးသင် အနီးကပ် တက်ရောက်ချိန် ကျောင်းသားကတ် ထုတ်ယူသည့်အခါ ငွေကျပ် ထောင်ချီ၍ တောင်းယူ နေသည့် အတွက် မဖြစ်သင့်ကြောင်း ပုသိမ်အဝေးသင် ကျောင်းသားများက အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ဝေဖန် ပြောကြားခဲ့သည်။

ပုသိမ် အဝေးသင်တက္ကသိုလ် စာရွက်စာတမ်းဖိုး ကောက်ခံငွေမြင့်မား မှု ကျောင်းသားများ ဝေဖန် ငွေကောက်ခံမှုများတွင် ကံစမ်းမဲ လက်မှတ်ဖိုးပါ ပါဝင်

အဝေးသင်တက္ကသိုလ် ပုသိမ်ဌာနခွဲတွင် ပညာသင်ကြားရန် အတွက် ကျောင်းသားကတ် ထုတ်ယူရာ တွင် ကျောင်းအပ်စဉ် ကာလက ကျောင်းသားကတ်ကြေး ၃၀၀ ပေးသွင်းထားပြီး ဖြစ်သော်လည်း အဝေးသင် အနီးကပ် တက်ရောက်ချိန် ကျောင်းသားကတ် ထုတ်ယူသည့်အခါ ငွေကျပ် ထောင်ချီ၍ တောင်းယူ နေသည့် အတွက် မဖြစ်သင့်ကြောင်း ပုသိမ်အဝေးသင် ကျောင်းသားများက အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ဝေဖန် ပြောကြားခဲ့သည်။

သမ္မတက ဆန္ဒရှိရင် NLD နဲ့ လက်တွဲလုပ်နိုင်တယ် (ဦးဌေးဦး)


Photo: သမ္မတက ဆန္ဒရှိရင် NLD နဲ့ လက်တွဲလုပ်နိုင်တယ် (ဦးဌေးဦး)

အထွေထွေ ရွေးကောက်ပွဲပြီးစီးသွားတဲ့နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့  ပြည်ထောင်စုကြုံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်းလက်တွဲပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ ပြည်ထောင်စုကြုံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်ပါတယ်။

အခုလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ RFA က တွေ့ဆုံမေးမြန်းခဲ့တုန်းမှာ ပြင်ပလောကမှာ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီးမေးမြန်းလို့  ဦးဌေးဦးက အဲ့ဒီလိုပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ သမ္မတ ဦးဆောင်တဲ့ စနစ် ရှိနေတာမို့  သမ္မတဖြစ်သူက သူနဲ့အဆင်ပြေမယ့် အစိုးရအဖွဲ့ ဖွဲ့စည်းမှာဖြစ်ကြောင်း၊ သမ္မတရဲ့ စိတ်ဆန္ဒအပေါ်မူတည်တာမို့ နှစ်ပါတီလက်တွဲ လုပ်ကိုင်ဖို့ ဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။

NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့အနေနဲ့ ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းတဲ့အခါမှာ ဦးဌေးဦးက

"သူလည်း ကိုယ့်တိုင်းပြည်အတွက်ကို ကောင်းအောင်လုပ်မယ်လို့ ကျနော်မြင်ပါတယ်၊ သို့သော်လည်းပဲ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့တော့ တူတာတွေလည်းရှိတယ်၊ မတူတာတွေလည်းရှိတယ်၊ ကျနော်တို့ သဘောကျနိုင်တာတွေလည်းရှိတယ်၊ မကျနိုင်တာတွေလည်းရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း စေတနာထားပြီးလုပ်မယ်လို့ပဲ ကျနော်မြင်ပါတယ်"

အဲ့ဒီ မေးမြန်းခန်းမှာ ဦးဌေးဦးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အခြေခံတွေ ရရှိနေပြီဖြစ်ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နဲ့ တခြားလွတ်လပ်ခွင့်တွေ ပေါ်ထွက်နေပြီ ဖြစ်လို့ တိုးတက်နေတယ်လို့ ဆိုနိုင်ကြောင်းလည်း ပြောသွားပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ သမ္မတ တာဝန်ထမ်းဆောင်ဖို့  ရည်ရွယ်ချက် ရှိမရှိ မေးမြန်းရာမှာ ဦးဌေးဦးက လက်ရှိအချိန်အထိ ရည်မှန်းခြင်းမရှိပါဘူးလို့ ဖြေကြားပါတယ်။

အထွေထွေ ရွေးကောက်ပွဲပြီးစီးသွားတဲ့နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စုကြုံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်းလက်တွဲပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာမရှိဘူးလို့ ပြည်ထောင်စုကြုံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်ပါတယ်။

ဘဲခြံပိုင်ရှင် ထိုင်းလင်မယားကို သတ်သူ မြန်မာ နှစ်ဦး ဖမ်းမိ

ထိုင်းနိုင်ငံ၊ ရတ်ခ်ျ ဘူရီ ခရိုင်၊ ဖိုထာရမ်းမြို့မှာ ဘဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူ ထိုင်းအမျိုးသားနဲ့ မြန်မာ အမျိုးသမီး ဇနီးမောင်နှံ အသတ်ခံခဲ့ရတဲ့အမှုမှာ၊ ဘဲခြံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၄ ယောက် ကျူးလွန်ခဲ့ကြတာဖြစ်ပြီး၊ အဲ့ဒီထဲက မြန်မာ အမျိုးသားနှစ်ယောက်ကို ဖမ်းမိထားကြောင်း ထိုင်း ရဲတပ်ဖွဲ့က ကြေညာပါတယ်။

မူဆယ်၌ တစ်သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ


Photo: မူဆယ်၌ တစ်သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ
==================================

Friday, October 24, 2014

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂ ရက်တွင် မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဆန်းဝင်းနိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် စွမ်စော်ရပ်ကွက် ဆုံဆည်းရာတည်းခိုခန်း အနီးရှိ ဆံသဆိုင်ရှေ့ တွင် မောင်ဝမ်ယုကွမ်း (၁၆)နှစ် စွမ်စော်ရပ်ကွက် မူဆယ်မြို့၊ မောင်ကျောင်ယုံဟု (၁၈)နှစ် ခိုဝိန်ရပ် မူဆယ်မြို့၊ မောင်ယိယွင်စန်း (၁၆)နှစ် ခိုဝိန်ရပ် မူဆယ်မြို့နေသူ သုံးဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ စစ်ဆေးရှာဖွေခဲ့ရာ မြန်မာငွေစက္ကူ ကျပ် ၁ဝဝဝဝ တန်အတုဟု ထင်ရသောငွေစက္ကူခုနစ်ရွက် တွေ့ရှိခဲ့သည်။

ဆက်လက်စုံစမ်းရာ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေး စိန်ရွှေအမိန့်ရ အပေါင်ဆိုင်တွင် (Kenbo- 125)ဆိုင်ကယ်အား ၎င်းတို့ သွားရောက်ပေါင်နှံစဉ် ဆိုင်ပိတ် သွားခဲ့၍ အမျိုးသားတစ်ဦးက ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ဝယ်ယူ သဖြင့် ရောင်းချခဲ့ရာ ၎င်းတို့ထံမှ သိမ်းဆည်းမိသော ၁ဝဝဝဝ တန် ငွေစက္ကူများ ပါလာခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် လူငယ်သုံးဦးထံမှ ဆိုင်ကယ် ဝယ်သူ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေးဝန်းနေ ထွန်းထွန်းဦး(ခ)အိုက်ထွန်း (၃၆)နှစ်အား နေအိမ်တွင် ဖမ်းဆီးမိခဲ့သည်။

၎င်း၏ထွက်ဆိုချက်အရ ငွေစက္ကူအတုများအား (၁ဝ၅)မိုင် မိုင်းယုရွာနေ ဝင်းနိုင်ထံမှ ရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် မိမိအိမ် သို့ရောက်ရှိ လာပြီး ၁ဝဝဝဝ တန် ငွေစက္ကူအတု အရွက်၂ဝ ပေးခဲ့ကြောင်း၊ တစ်ရွက်လျှင် မြန်မာငွေကျပ် ၈ဝဝဝ ကျပ်နှုန်းပေးချေရန် ပြောဆို ခဲ့ကြောင်းနှင့် ယင်းငွေများဖြင့် လူငယ်သုံးဦးထံမှ ဆိုင်ကယ်ဝယ်ယူခဲ့ကြောင်း သိရသောကြောင့် ဒုရဲမှူးဇော်လင်းနှင့် ပူးပေါင်းအဖွဲ့သည် မူဆယ် မြို့နယ် (၁ဝ၅)မိုင် မိုင်းယုရွာနေ ငွေစက္ကူအတုဖြန့်ဝေသူ ဝင်းနိုင်(၄၈)နှစ်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဝင်းနိုင်ဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်အတွင်းမှ ၁ဝဝဝဝ တန်မြန်မာငွေ စက္ကူအတုသုံးရွက်၊ နေအိမ်နောက်ဘက် ပန်းခုံအောက်တွင် ပလတ်စတစ်အိတ်ထုတ်ဖြင့် မြန်မာငွေစက္ကူ ၁ဝဝဝဝ တန် အရွက် ၁ဝဝ ပါ ၁ဝ အုပ် စုစုပေါင်း ၁ဝဝဝဝ တန် ၈ဝ၃ ရွက်အား သိမ်းဆည်း နိုင်ခဲ့သည်။

ဝင်းနိုင်၏ ထွက်ဆိုချက်အရ တရုတ်နိုင်ငံဝမ်တိန်မြို့ရှိ ဝမ်ချန်းဆိုသူထံမှ ရရှိကြောင်း၊ သစ်သီးပွဲရုံ လုပ်ငန်းလုပ်ကိုင်ရန် ငွေလိုသဖြင့် ဝမ်ချန်း က အောက်တိုဘာ ၁၃ ရက်တွင် ၁ဝဝဝဝ တန် မြန်မာငွေစက္ကူ ၁ဝဝ ပါ ၁ဝ အုပ်၊ ငွေကျပ် သိန်း ၁ဝဝ ထုတ်ပေးခဲ့ကြောင်း၊ သုံးရွက်အပိုတွေ့၍ လက်ဝယ်ထားရှိခဲ့ကြောင်းနှင့် ထိုအထဲမှ ထွန်းထွန်းဦးအား ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ နှစ်အုပ်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ ရွှေလီမြို့ မှုခင်း ရဲတပ်ဖွဲ့ နှင့်ဆက်သွယ်၍ ဝမ်တိန်မြို့နေ ဝမ်ချန်းအား ဖမ်းဆီးရမိရေး ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဝမ်ချန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ တီဗွီစင် အံဆွဲ အတွင်းမှ ၁ဝဝဝဝ တန် နှစ်အုပ်တွေ့ရှိခဲ့သည်။ ဝမ်ချန်း၏ ထွက်ဆိုချက်အရ တရုတ်နိုင်ငံ ချန်ရွှီးပြည်နယ်နေ ရှီဟုန်ရွှေ့ထံမှ ရရှိခဲ့ကြောင်း သိရှိရပြီး ရွှေလီရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် မြန်မာငွေ စက္ကူ အတုများအား လက်ဝယ်ထားရှိသုံးစွဲသူ၊ တစ်ဖက်နိုင်ငံမှ ငွေစက္ကူအတုများအား ပြည်တွင်းသို့ သယ်ဆောင်ဖြန့်ဖြူးသူ ထွန်းထွန်းဦး (ခ)ထွန်းထွန်း(ခ) အိုက်ထွန်း(ခ)အိုက်အုန်းနှင့် ဝင်းနိုင်တို့အား မြို့မစခန်း မူဆယ်(ပ) ၂၈၅/၂ဝ၁၄၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၅/၁ဝ၆ ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရ သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၎င်းဖြစ်စဉ်တွင် ဖမ်းဆီးရရှိသည့် တစ်သောင်းတန် အရေအတွက်မှာ စုစုပေါင်း ၈၂၁ ရွက် ဖြစ်ကြောင်းသိရသည်။

MOI

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂ ရက်တွင် မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဆန်းဝင်းနိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် စွမ်စော်ရပ်ကွက် ဆုံဆည်းရာတည်းခိုခန်း အနီးရှိ ဆံသဆိုင်ရှေ့ တွင် မောင်ဝမ်ယုကွမ်း (၁၆)နှစ် စွမ်စော်ရပ်ကွက် မူဆယ်မြို့၊ မောင်ကျောင်ယုံဟု (၁၈)နှစ် ခိုဝိန်ရပ် မူဆယ်မြို့၊ မောင်ယိယွင်စန်း (၁၆)နှစ် ခိုဝိန်ရပ် မူဆယ်မြို့နေသူ သုံးဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ စစ်ဆေးရှာဖွေခဲ့ရာ မြန်မာငွေစက္ကူ ကျပ် ၁ဝဝဝဝ တန်အတုဟု ထင်ရသောငွေစက္ကူခုနစ်ရွက် တွေ့ရှိခဲ့သည်။

လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့ကြောင့် ကွင်းဆက်များ ပျောက်ဆုံးနေမြန်မာလုပ်သားနှစ်ဦးနှင့် မိဘများ ယနေ့ တွေ့မည်

လိပ်ကျွန်းလူသတ် မှုဖြစ်စဉ်တွင် ကွင်းဆက်များ ပျောက်ဆုံးနေသဖြင့် အဆိုပါ ကွင်းဆက်များ ရှာဖွေ၍ ပြန်ဆက် ပေးရန် သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီထံ အကူအညီတောင်းခံလိုက်ပြီး ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးနှင့် ၎င်းတို့၏ မိဘများယနေ့ တွေ့ဆုံ မည် ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တွင် ထိုင်းရဲတပ်ဖွဲ့က ဆန္ဒစောစွာ လုပ်ဆောင်ခဲ့သဖြင့် လူသတ်မှု ကွင်းဆက်များ ပျက်စီးပျောက် ဆုံးနေ၍ အဆိုပါကွင်းဆက်များ ရှာဖွေကာ ပြန်လည်ဆက်ပေးရန် သံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းနိုင်ငံရှေ့နေများကောင်စီထံ အကူအညီ တောင်းခံလိုက်ခြင်းဖြစ်သည်။

မြန်မာ-ကာတာ ပွဲတွင် လက်မှတ်မှောင်ခို ရောင်းသူနှင့် စည်းကမ်းမဲ့ ပရိသတ်အချို့ကို ခေတ္တထိန်းသိမ်းပြီး ခံဝန်ဖြင့်ပြန်လွှတ်

အာရှယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာနှင့်ကာတာအသင်းတို့ပွဲတွင် လက်မှတ်မှောင်ခို ရောင်းချသူနှင့် စည်းကမ်းမဲ့ ပရိသတ်အချို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခေတ္တခေါ်ယူထိန်းသိမ်းခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အဓိက ပြည်ပရင်းနှီးမြှုပ်နှံမှုကြီးများ ဝင်ရောက်ရန် ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးစီးချိန်အထိ ကြန့်ကြာနိုင်ဟုဆို

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီမံကိန်းကြီးများတွင် တစ်သီးပုဂ္ဂလ ကတိကဝတ်များ အားနည်းနေပြီး အဓိကပြည်ပ ရင်းနှီးမြှုပ်နှံမှုကြီးများဝင်ရောက်ရန်မှာ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲပြီးစီးချိန်အထိ ကြန့်ကြာနိုင်သည် ဟု ဘဏ္ဍာရေးဆိုင်ရာအကြံပေးကုမ္ပဏီ New Crossroads Asia (NCRA)မှ ပညာ ရှင်များက သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလာသည့် နိုင်ငံခြားကုမ္ပဏီစာရင်းမှာ ၂ဝ၁၁ ခုနှစ်တွင် ၅ဝ သာရှိခဲ့ရာမှ ၂ဝ၁၃ ခု နှစ် ကိုးလအပြီးတွင် ၅ဝဝ အထိ တိုးတက် လာခဲ့သော်လည်း ကန့်သတ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ ၂ဝ မှ ၁၂ဝ အထိ တိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား ရွှေပိတောက်ဈေးသစ်သို့ အောက်တိုဘာ ၂၃ ရက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ခရိုင်စည်ပင် အမိန့်စာထုတ်ပြန်

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအပြင်ဘက်ရှိ ပျံကျဈေးဆိုင်ခန်းများအား အောက်တိုဘာ ၂၃ ရက် ည ၁၁ နာရီတွင် ရွှေပိတောက်ဈေးသစ်သို့ နောက်ဆုံးထားရွှေ့ပြောင်းပေးရန် ခရိုင်စည်ပင်က အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဗဟိုစံပြငါးဈေးအတွင်း အသိပေးအကြောင်းကြားစာ လာရောက်ကပ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၁ နာရီခွဲအထိ လုံခြုံရေးတပ်ဖွဲ့ဝင်များချထားကာ ပျံကျဈေးဆိုင်ခန်းများအား နေရာချခင်းခြင်းမပြုရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီးတွင် ကုန်တင်ယာဉ်ကားကြီးတစ်စီးက ရပ်ထားသည့်ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွား

Photo: ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီးတွင် ကုန်တင်ယာဉ်ကားကြီးတစ်စီးက ရပ်ထားသည့်ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွား
==========================================

Friday, October 24, 2014

လသာမြို့နယ် ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီး၌ အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကုန်တင်ယာဉ်ဆယ်ဘီးကားတစ်စီးမှ ကမ်းနားအမြန်လမ်းမှတစ်ဆင့် မြောင်းတစ်ဖက်ရှိ ကမ်းနားလမ်းတွင်ရပ်ထားသော ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆယ်ဘီးကုန်တင်ယာဉ်သည် ကမ်းနားအမြန်လမ်းအတိုင်း ဗိုလ်တထောင်ဘုရားဘက်မှ ကြည့်မြင်တိုင်ဘက်သို့မောင်းနှင်လာစဉ် ကမ်းနားအမြန်လမ်းပေါ်ရှိ Green Luck ဓာတ်ဆီဆိုင်အနီးတွင် ညာဘက်ရှိ ကမ်းနားလမ်းဘက်သို့ အရှိန်ပြင်းစွာထိုးကျကာ တစ်ဖက်တွင်ရပ်ထားသည့် ပစ္စည်းတင် ဒိုင်နာယာဉ်နှစ်စီး၊ မီနီဘတ်ယာဉ်တစ်စီးနှင့် Nissan အမျိုးအစား အိမ်စီးကားတစ်စီးတို့ကို ၀င်တိုက်မှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "၀င်တိုက်တဲ့ဆယ်ဘီးကားပေါ်မှာက အမျိုးသားတစ်ဦး၊ အမျိုးသမီးပါတယ်။ သူတို့အချင်းချင်းစကားများလာလို့ပဲလား။ ကားတစ်ခုခုချွတ်ယွင်းသွားလို့ပဲလားမသိဘူး။ ကမ်းနားအမြန်လမ်းပေါ်ကနေ ဒီဘက်ကမ်းနားလမ်းပေါ်ကို ၀ုန်းကနဲ့ထိုးကျပြီး ပါကင်ထိုးထားတဲ့ယာဉ်လေးစီးကို ၀င်တိုက်တာပါပဲ။ မောင်းလာတဲ့အရှိန်ကလည်းပြင်းတယ်။ ကျတဲ့နေရာမှာထားတဲ့ မီးပွိုင့်က ၂၄ နာရီ ပျက်နေတယ်" ဟုယာဉ်တိုက်မှုဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့ရသူ အမျိုးသားတစ်ဦးကဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် လူသေဆုံးမှုမရှိဘဲ ၀င်တိုက်သည့် ကုန်တင်ကားပေါ်တွင်ပါရှိသည့် အမျိုးသမီးတစ်ဦးသာ ခေါင်းတွင် ဖူးရောင်ဒဏ်ရာသာရရှိခဲ့ကြောင်း သိရသည်။

"ယာဉ်မောင်းကိုတော့ ဆိပ်ကမ်းရဲစခန်းမှာ ဖမ်းဆီးထားတယ်။ ဘယ်လိုကြောင့် ယာဉ်တိုက်မှုကျူးလွန်ရလဲဆိုတာ မေးမြန်းနေပါတယ်။ လူသေဆုံးမှုနဲ့ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး" ဟု လုံခြုံရေးလာယူခဲ့သည့် လသာမြို့နယ်စခန်းမှူးဖြစ်သူ ဒုရဲမှူးထွန်းအောင်ကျော်ကဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဆယ်ဘီးကားယာဉ်မောင်းအား ယာဉ်(ပ) ၂၄/၁၃ ပုဒ်မ ၂၇၉ ဖြင့် ဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆယ်ဘီးကုန်တင်ယာဉ်၏ ၀င်တိုက်မှုခံခဲ့ရသော ကားသုံးစီးကိုတွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) 

Eleven Media
လသာမြို့နယ် ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီး၌ အောက် တိုဘာ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကုန်တင်ယာဉ် ဆယ်ဘီးကားတစ်စီးမှ ကမ်းနားအမြန်လမ်းမှတစ်ဆင့် မြောင်းတစ်ဖက်ရှိ ကမ်းနားလမ်းတွင်ရပ်ထားသော ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆယ်ဘီးကုန်တင်ယာဉ်သည် ကမ်းနားအမြန်လမ်းအတိုင်း ဗိုလ်တထောင်ဘုရားဘက်မှ ကြည့်မြင်တိုင်ဘက်သို့မောင်းနှင်လာစဉ်

ရန်ကုန်မြို့၌ ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် အဆောက်အအုံများအား ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က လျှပ်စစ်မီးပေးတော့မည်မဟုတ်

ရန်ကုန်မြို့၌ ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် ကန်ထရိုက်တိုက်များ၊ အဆောက်အအုံများအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က လျှပ်စစ်မီးပေးတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။

ခွင့်ပြုချက်မဲ့ဆောက်လုပ်ခဲ့သော အဆောက်အအုံများအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ တရားဝင်စာ ထွက်ကာ အပြန်အလှန်ညှိနှိုင်းထားပြီး ယင်းသို့သတ်မှတ်လိုက်ခြင်းမှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ၊ အဆောက်အအုံများ လျော့နည်းလာစေရန်ဖြစ်ကြောင်း သိရသည်။