Friday, March 1, 2013

ကမ္ဘာ့စီးပွါးရေး ဖိုရမ် ဇွန်လဆန်းတွင် နေပြည်တော်၌ ကျင်းပမည်

Sushant-Palakurthi-Rao1 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဖိုရမ်၏ အာရှဥသျှောင်၊ အကြီးတန်း ဒါရိုက်တာ Sushant Palakurthi Rao ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ : World Economic Forum)
ရန်ကုန် (မဇ္ဈိမ)။   ။ ၂၂ ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေး ဖိုရမ်ကို နေပြည်တော်တွင် ဇွန်လဆန်း အတွင်း လက်ခံကျင်းပမည် ဖြစ်ပြီး ဖိုရမ်၏ ခေါင်းစဉ်မှာ “ပူးပေါင်းမှုနှင့် ပါဝင်မှုအတွက် ရဲဝံ့စွာ ပြောင်းလဲခြင်း” ဟူ၍ ဖြစ်သည်။

မြန်မာနှင့် ဆက်သွယ်မည့် ကားလမ်းများအတွက် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး အဆိုပြု

Chin Jeep

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံနှင့် ဆက်သွယ်သည့် နယ်စပ် ကားလမ်းများ ပြုပြင် ဖောက်လုပ်ရန် အတွက် ကမ္ဘာ့ဘဏ္ဍာအရင်းများထံမှ အကူအညီများ တောင်းခံရန် အိန္ဒိယ ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီးက ၎င်း၏ ပါလီမန် ဘဏ္ဍာရေးဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

တရုတ်အစိုးရအတွက် ရတက်မအေးစရာ ပျိုကျန်ရစ်ကြီးများ

အသက်က ၂၇နှစ်ကျော်နေပြီဖြစ်သည်။ အိမ်ထောင်ကမကျသေး။ တရုတ်နိုင်ငံ၌ ထိုကဲ့သို့အမျိုးသမီးမျိုးကို အစိုးရကိုယ်တိုင်က ““ပျိုကျန်ရစ်ကြီးများ””ဟူ၍ ကင်ပွန်းတပ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ပညာတတ်တရုတ်အမျိုးသမီးတချို့က အပျိုကြီးတစ်ကိုယ်တည်းအခြေအနေမျိုးဖြင့်ပင် ဘ၀ကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းနေကြသည်။

မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)



မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)မကြာမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်တက်လှမ်း နိုင်တော့မည် ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများ အဟန့်အတား အနှောင့် အယှက် မဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်၊ ပြောင်း လဲ မှုများနှင့် လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲ၊  ပြည်သူ တစ်ဦးချင်း စီက စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ် စာနာ ထောက်ထားမှု များနှင့် ပူးပေါင်း လုပ်ဆောင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

1.3.2013

ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။

ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။

နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။

ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ ၀ယ်ချင်သူတွေဘက်က လတ်တလော ပေးချင်တဲ့ဈေးလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကတ်တခု ငါးထောင်နဲ့ရောင်းဖို့ စီစဉ်မယ်လို့ ကုမ္ပဏီတခုက အော်ချက် ထုတ်ဖူးပါတယ်။ ခုချိန်ထိတော့ ဖုန်းကတ်ဈေး ငါးထောင်အထိ ချပေးဖို့တော့ အရိပ်အယောင် မမြင်ရသေးပါ။

သို့သော်လည်း ဆက်သွယ်ရေးအတွက် ကြိုးစားနေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ... ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရက ၂ နှစ်အတွင်း ဆင်မ်ကတ်ဈေး ကျပ်ထောင်ဂဏန်းဖြစ်အောင် လုပ်ပေးမယ် ဆိုရင် ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားရမယ်လို့ ယူဆရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆင်မ်ကတ် တခု ပေါက်ဈေးက ကျပ် တထောင်ထက် မပိုပါ။

ဆင်မ်ကတ် အခမဲ့ ဝေငှတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။


အေးချမ်းမွန်မှ  ဧရာဝတီ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယို မိန့်ခွန်း ထဲမှာ ပြော သွားပါတယ်။

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

မတ်လ ၁ ရက်၊ ၂၀၁၃

KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး  ဒီကနေ့  မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

ICRC အဖွဲ့ဟာ လိုင်ဇာမြို့မှာရှိတဲ့ ဆေးရုံနှစ်ရုံကို သွားရောက် လေ့လာခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းလေးခုရှိပြီး ဒုက္ခသည် ၂ သောင်းကျော်ရှိပါတယ်။

အခုခရီးစဉ်မှာ အဓိကအားဖြင့် ဆေးပစ္စည်း အကူအညီတွေပေးခဲ့တယ်လို့ ရန်ကုန် ICRC ရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်အုန်းက ပြောပါတယ်။

"ဒီနေ့မှ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်ခွာလာတာပါခင်ဗျ၊ ICRC အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒဏ်ရာရတဲ့သူ၊ ဖျားနာတဲ့သူတွေကို ကုပေးနေတဲ့ဆေးရုံတွေကို ခွဲစိတ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေကို ဖြန့်ဝေပေးခဲ့ပါတယ်၊ အဲလိုဖြန့်ဝေတဲ့နေရာမှာ အစိုးရဆေးရုံတွေရော KIA နယ်ထဲမှာရှိတဲ့ ဆေးရုံတွေပါ ဖြန့်ဝေပေးခဲ့ပါတယ်"

အဲဒီအဖွဲ့မှာ ဘယ်ဂျီယမ်နိုင်ငံသား မစ္စတာ Dominate R Bun ခေါင်းဆောင်ပြီး နိုင်ငံခြားသား ၄ ဦး အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၉ ဦး လိုက်ပါသွားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လိုင်ဇာမြို့ကို ရောက်လာခဲ့ပြီး မြို့အဝင် မိုးနဲချောင်းဘေးမှာ နေရာယူထားတဲ့ အစိုးရစစ်တပ်က လုံခြုံရေး တာဝန် မယူနိုင်ဘူးလို့ ပြောဆိုတာကြောင့် လှည့်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကမှ လိုင်ဇာမြို့ကို ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

RFA
KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

မတ် ၁ ရက်၊ ၂၀၁၃

          အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်း ကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်” ဟုပြောသည်။ B.O.T စနစ်ဖြင့် လုပ်ကိုင် ခွင့်ရ ထားသော အဆိုပါလမ်းကို ကုမ္ပဏီ စိုက်ထုတ်ငွေဖြင့် ကျခံဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းများစတင် နေပြီး မလွတ်ကင်းသော အပင်များ ကို ခုတ်လှဲနေကြောင်း သိရသည်။ အရှည် ၉ မိုင် နှစ်ဖာလုံရှည် လျားသည့် အဆိုပါ လမ်းမှာ မူလ က ၂၂ ပေသာရှိပြီး ယခုပြင်ဆင်မှု ကြောင့် လမ်းသား အကျယ်မှာ ၄၈ ပေရှိသွားမည်ဟု သိရသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်း တစ်ခုဖြစ်ရာ တိုးချဲ့မှုကြောင့် တံတား နှင့်ရြေ>ွပန်အရေအတွက် ၁၅ ခု ရှိလာ မည်ဟု ထပ်မံသိရသည်။ ခရေပင်လမ်းဆုံနှင့် မင်္ဂလာဒုံ ဥယျာဉ် မြို့ တော်ကြားမှ ရန်ကုန်- ပဲခူး ကားလမ်းမိုင်တိုင် ၂/၇ အထိ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြေ ကြီးညှိခြင်း၊ ၂ဝ၁၄-၂ဝ၁၅ တွင်း ကွန်ကရစ်ခင်းခြင်းတို့ ကို ဆောင် ရွက်မည်ဖြစ်သည်။

From :  popular
အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd