Wednesday, August 27, 2014

Miss Globe International 2014 ပြိုင်ပွဲ ရက်ရွှေ့ထားသော်လည်း အေးချမ်းမြေ့ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

Photo: Miss Globe International 2014 ပြိုင်ပွဲ ရက်ရွှေ့ထားသော်လည်း အေးချမ်းမြေ့ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ
Wednesday, August 27, 2014

Miss Globe International 2014 ပြိုင်ပွဲရက်ကို Miss Globe International Organization ဘက်မှ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း ထားသော်လည်း Miss Globe Myanmar 2014 အဖြစ် ရွေးချယ် ထားသည့် အေးချမ်းမြေ့ကို လေ့ကျင့်မှုများ ဆက်လက် ပြုလုပ် ပေးလျက် ရှိသည်ဟုMiss Globe Myanmar Organization မှ မလှနုထွန်း က မဇ္ဈိမ ကို ပြောသည်။
" ရုရှား နိုင်ငံ က  အသက် ဆုံးရှုံး သွားတဲ့ စစ်သား အချို့  အတွက် ပွဲကို ရက်ရွှေ့ ထားပါတယ်။ ဟိုဘက်က လေယာဉ် လက်မှတ် ပို့ပေးမှာ ဆိုတော့ စောင့်နေရုံပါပဲ။ ပွဲ ရက်ရွှေ့ သွားတော့ အေးချမ်းမြေ့ အတွက်လည်း ပိုပြီး အဆင်ပြေ သွားတယ်။ စာလည်း ကျက်လို့ အချိန်ပိုရမယ် လေ့ကျင့်ချိန်လည်း အေးအေးဆေးဆေး ရတာပေါ့" ဟု မလှနုထွန်း က ပြောသည်။

Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အလှမယ် ရွေးချယ် ခဲ့ရာတွင် အဆင်မပြေမှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် Miss Globe Myanmar 2014 တွင်4th runner up ရရှိ ခဲ့သည့် ခါးနံပါတ် ၁၄ အေးချမ်းမြေ့ကို Miss Globe Myanmar Organization မှ ရွေးချယ် စေလွှတ် ခြင်း ဖြစ်သည်။ ၎င်းသည် ဆေးတက္ကသိုလ် ဒုတိယနှစ်ကိုတက်ရောက် နေသူဖြစ်သည်။

အလှမယ် အေးချမ်းမြေ့ ကို Miss Globe International 2014 ပြိုင်ပွဲ အတွက် Miss Globe Myanmar Organization မှ ယုံကြည်မှုရှိရှိ ဖြင့်စင်မြင့်ပေါ်၌လမ်းလျှောက်နိုင်ရန် လမ်းလျှောက်ပုံ ကို အဓိက သင်ကြား ပေးလျက် ရှိသည်။

ယင်းအပြင်၎င်းသည်ဝူရှူး ကစားခြင်းများ ၊ ဘက်စဘတ်ဘော ကစားခြင်းများနှင့်  ကြက်တောင်ရိုက်ခြင်းများကိုပုံမှန် ပြုလုပ် လျက် ရှိကြောင်း မလှနုထွန်း က ဆိုသည်။

 အေးချမ်းမြေ့သည် သြဂုတ် ၂၉ ရက်တွင် သရုပ်ဆောင် စိုးမြတ်သူဇာ ၊ မယ်လိုဒီ တို့နှင့် အတူ Forever မိန်းမဝတ် အကျီင်္ ကြော်ငြာ ဓာတ်ပုံ ရိုက်ကူးမည် ဖြစ်ပြီး လက်ရှိတွင် မဂ္ဂဇင်း များ အတွက် ဓာတ်ပုံ ရိုက်ကူး ပေးခြင်း များ ပြုလုပ် လျက် ရှိသည်။

အေးချမ်းမြေ့နှင့် Miss Globe Myanmar Organization တို့ သည်ဇူလိုင် ၄ရက်က သုံးနှစ် စာချုပ် ချုပ်ဆို ခဲ့ပြီး စာချုပ်တွင် အနုပညာ လုပ်ငန်း များထက် ကျောင်းပညာရေးကို ပိုမို ဦးစားပေး လုပ်ကိုင် သွားရန် ထည့်သွင်း ထားသည်။ ၎င်းသည်ပြိုင်ပွဲမှ ပြန်ရောက် လာသည့်အခါ အနုပညာ လှုပ်ရှားမှုထက် ကျောင်းပညာရေးကို ဦးစားပေး လုပ်ကိုင် သွားမည် ဟု အေးချမ်းမြေ့ကပြောသည်။

mizzima
Miss Globe International 2014 ပြိုင်ပွဲရက်ကို Miss Globe International Organization ဘက်မှ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း ထားသော်လည်း Miss Globe Myanmar 2014 အဖြစ် ရွေးချယ် ထားသည့် အေးချမ်းမြေ့ကို လေ့ကျင့်မှုများ ဆက်လက် ပြုလုပ် ပေးလျက် ရှိသည်ဟုMiss Globe Myanmar Organization မှ မလှနုထွန်း က မဇ္ဈိမ ကို ပြောသည်။" ရုရှား နိုင်ငံ က အသက် ဆုံးရှုံး သွားတဲ့ စစ်သား အချို့ အတွက် ပွဲကို ရက်ရွှေ့ ထားပါတယ်။ ဟိုဘက်က လေယာဉ် လက်မှတ် ပို့ပေးမှာ ဆိုတော့ စောင့်နေရုံပါပဲ။ ပွဲ ရက်ရွှေ့ သွားတော့ အေးချမ်းမြေ့ အတွက်လည်း ပိုပြီး အဆင်ပြေ သွားတယ်။ စာလည်း ကျက်လို့ အချိန်ပိုရမယ် လေ့ကျင့်ချိန်လည်း အေးအေးဆေးဆေး ရတာပေါ့" ဟု မလှနုထွန်း က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြဇာတ်နှင့် အလောင်းမင်းတရား ပြဇာတ် ကပြဖျော်ဖြေမည့် ဖိုးချစ်နှင့် တွေ့ဆုံခြင်း

Photo: ဗိုလ်ချုပ်အောင်ဆန်း ပြဇာတ်နှင့် အလောင်းမင်းတရား ပြဇာတ် ကပြဖျော်ဖြေမည့် ဖိုးချစ်နှင့် တွေ့ဆုံခြင်း
Wednesday, August 27, 2014

ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝပြည့် မတိုင်ခင်မှာဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘဝဖြတ်သန်းမှုကို ပြဇာတ်အဖြစ်ဇာတ်မင်းသားဖိုးချစ်က ကပြဖျော်ဖြေမယ်လို့သိရပါတယ်။ဒါ့အပြင် အလောင်းမင်းတရားကြီးပြဇာတ်ကို လည်းထပ်မံတင်ဆက် ကပြသွားဖို့ စီစဉ် နေတယ်လို့သိရတာမို့ဖိုးချစ်ကို ဆက်သွယ်မေးမြန်းခဲ့ဖြစ်ပါတယ်။
မေး- ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝပြည့် ပြဇာတ် ကပြဖျော်ဖြေမယ်သိရတယ်။နောက်ဖိုးချစ်အနေနဲ့ဗိုလ်ချုပ်ရဲ့ဇာတ်ရုပ်နေရာကနေကပြမှာလား။

ဖြေ - ဟုတ်ပါတယ်။ကျွန်တော်ရ"ဲ့မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင်"ကနေပြီးဦးစီးကပြမှာပါ။ဒါပေမဲ့ကျွန်တော်က ဗိုလ်ချုပ်ရဲ့ နေရာမှာကပြမှာ မဟုတ်ပါဘူး ကျရာ နေရာ ကဇာတ်ရုပ်ကိုကပြဖျော်ဖြေမှာပါ။

မေး-ဘယ်တော့ကပြမှာလဲ ။နောက်ဘယ်နေရာတွေမှာကပြမှာလဲ။

ဖြေ - ရည်ရွယ်တာက ဗိုလ်ချုပ်ရဲ့ နှစ်၁ဝဝ ပြည့်ကို အမှတ်တရအဖြစ်ကပြမှာဆိုတော့၂ဝ၁၅ ခုနှစ်ထဲမှာကပြဖြစ်ဖို့များပါတယ်။ သေချာတာကတော့ ရန်ကုန်နဲ့ နတ်မောက်မှာတော့ကျိန်းသေတယ်။သေချာမသတ်မှတ်ရသေးဘူး။

မေး-အဲဒီလိုကပြဖို့စဉ်စားခဲ့တာက။

ဖြေ - အဲဒါက ဗိုလ်ချုပ်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ နတ်မောက်ကလူငယ်တွေက ဗိုလ်ချုပ်နှစ်၁ဝဝ ပြည့်ကို အမှတ်တရလေးဖြစ်ချင်တယ်ဆိုပြီး လာတိုင်ပင်ထားတာလေးရှိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်လည်း ကိုယ့်အနုပညာနဲ့ ကိုယ်ချစ်ခင်လေးစားရတဲ့နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုလေးစားတဲ့စိတ်နဲ့ ပြဇာတ်ကပြဖို့ စဉ်းစားမိတာပါ။

မေး-ဘယ်အပိုင်းကို အဓိကထားကပြမှာလဲ။

ဖြေ - ဗိုလ်ချုပ်ပြဇာတ်အတွက် မြို့တော်မောင်ယဉ်အောင်ကို ဇာတ်ညွှန်းရေးသားပေးဖို့ အကူအညီတောင်းထားပါတယ်။ အဓိကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ဘဝမှစပြီး ဘဝဖြတ်သန်းမှုတွေ၊ အတွေးအခေါ်ပိုင်းဆိုင်ရာတွေနဲ့  ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းတွေလည်း ပါဝင်မှာပါ။

မေး-ပြဇာတ်အတွက် ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဆီကခွင့်ပြုချက်တောင်းပြီးပြီလား။

ဖြေ - ကျွန်တော်တို့ ကအခုချိန်ထိလုပ်ချင်တဲ့စိတ်ပဲရှိသေးတာ ဘာမှသေချာတိတိကျကျမစီစဉ်ရသေးပါဘူး။

မေး-ဒါဆိုဗိုလ်ချုပ်အမှတ်တရကို ရုပ်သံလိုင်းတွေကနေလွှင့်ဖို့ရှိလား။ နောက်ကဇာတ်ရုံမှာပဲကပြမှာလား။ဒါမှမဟုတ်ဒေသအလိုက်ကပြမှာလား။

ဖြေ - ကျွန်တော်အပြင်မှာပဲကပြဖျော်ဖြေမှာပါ။ ရုပ်သံလိုင်းတွေကနေ လွှင့်ဖို့ အစီအစဉ်တော့မရှိသေးပါဘူး။ ရန်ကုန်မြို့နဲ့ နတ်မောက်မြို့ တွေကို သွားရောက်ဖျော်ဖြေမယ်။ နယ်မြို့တွေအနှံ့ကိုလိုက် ကပြဖျော်ဖြေမယ်။ ဗိုလ်ချုပ်က မြန်မာနိုင်ငံသားတွေရဲ့ ကျေးဇူးရှင်လည်းဖြစ်တယ် ။အားလုံးကလည်းချစ်ကြတယ်။ဗိုလ်ချုပ်ကိုအားလုံးပိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင်ပြဖျော်ဖြေပြီး ကျေးဇူးဆပ်ချင်တယ်။ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြဇာတ်အပြင် အလောင်းမင်းတရားကြီးရဲ့ ပြဇာတ်ကိုလည်းကပြဖို့ စဉ်းစားထားပါတယ်။
mizzima

ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝပြည့် မတိုင်ခင်မှာဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘဝဖြတ်သန်းမှုကို ပြဇာတ်အဖြစ်ဇာတ်မင်းသားဖိုးချစ်က ကပြဖျော်ဖြေမယ်လို့သိရပါတယ်။ဒါ့အပြင် အလောင်းမင်းတရားကြီးပြဇာတ်ကို လည်းထပ်မံတင်ဆက် ကပြသွားဖို့ စီစဉ် နေတယ်လို့သိရတာမို့ဖိုးချစ်ကို ဆက်သွယ်မေးမြန်းခဲ့ဖြစ်ပါတယ်။

ပြောတော့ရွှေမန်း . . ကတော့ချိုမိုင်မိုင် . . ပြည်သူကို ဘယ်လိုကိုင်ဦးမလဲ ဆက်သွယ်ရေးပြိုင်ပွဲ

ရင်ခုန်စိတ်လှုပ်ရှားစရာများ မြန်မာ နိုင်ငံတွင် တကယ်ပင်ဖြစ်ပေါ်နေခဲ့ပါသည်။သို့သော် ရင်ခုန်စိတ်လှုပ်ရှားခြင်းဆိုသည် က ပျော်ရွှင်ခြင်း၊ အသစ်အ ဆန်းခံ စားရ ခြင်း တို့ကြောင့် ဖြစ်နိုင်သကဲ့သို့ ဆန့်ကျင်ဘက်ခံစားချက်များကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရင်ခုန် စိတ်လှုပ်ရှားစရာများ ကတော့ မြန် မာနိုင်ငံတွင် အမှန် တကယ်ပင် ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။
Photo: ပြောတော့ရွှေမန်း . . ကတော့ချိုမိုင်မိုင် . . ပြည်သူကို ဘယ်လိုကိုင်ဦးမလဲ ဆက်သွယ်ရေးပြိုင်ပွဲ
Wednesday, August 27, 2014

ရင်ခုန်စိတ်လှုပ်ရှားစရာများ မြန်မာ နိုင်ငံတွင် တကယ်ပင်ဖြစ်ပေါ်နေခဲ့ပါသည်။သို့သော် ရင်ခုန်စိတ်လှုပ်ရှားခြင်းဆိုသည် က ပျော်ရွှင်ခြင်း၊ အသစ်အ ဆန်းခံ စားရ ခြင်း တို့ကြောင့် ဖြစ်နိုင်သကဲ့သို့ ဆန့်ကျင်ဘက်ခံစားချက်များကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရင်ခုန် စိတ်လှုပ်ရှားစရာများ ကတော့ မြန် မာနိုင်ငံတွင် အမှန် တကယ်ပင် ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။

မြန်မာပြည် ဆက်သွယ်ရေးတင်ဒါပြိုင်ပွဲ
===
ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ပတယ်လီကွန်းအော်ပရေတာများကို လွန်ခဲ့သည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်းက ပြည်တွင်း၌လုပ်ကိုင်ခွင့်ပြုရန်တင်ဒါခေါ်ယူခဲ့သည်။ ယင်းခေါ်ယူမှုကြောင့် ပြည်ပအော်ပရေတာများစွာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အတွင်းမှ ယခု ပြည်သူတို့အကြား ရေပန်းစားလာသည့် ရန်ခုန်စိတ်လှုပ်ရှားဖွယ် ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီနှင့် အားလုံးအတွက် နော်ဝေအခြေစိုက် တယ်လီနောတို့က တင် ဒါအောင်မြင်ခဲ့ကြသည်။ ထိုတင်ဒါအောင်မြင်ခဲ့ကြ သည့် အော်ပရေ တာနှစ်ခု၏ ပြည်သူတို့အပေါ် အဓိကဆွဲဆောင်နိုင်မှုမှာ မြန်မာပြည်သူများမျှော်လင့်မထားသည့် ငွေကြေးနှုန်းထားဖြင့် ဆင်းကတ်များ ဝယ်ယူရရှိမည်ဟူသော အချက်ဖြစ် သည်။
အူရီဒူးက သူ၏ဆင်းကတ်များကို မြန်မာနိုင်ငံတွင် ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချမည်ဟူသည့် တိကျသောသတင်းများ ထုတ်ပြန်ပြီးမကြာမီ လမ်းမကြီးများနှင့် ကားရပ်နား ရာမှတ်တိုင်နေရာများတွင် ကြီးမားလှသည့် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူကာ ပြည်သူတို့ စိတ်ဝင်စားရန် ပြုလုပ်လာကြသည်။  ‘ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ မြန် မာနိုင်ငံမှာဖြစ်ပေါ်နေပါပြီ’ဟူသည့် ကြော် ငြာစာတန်းနှင့်အတူ လိုင်းဆွဲအားမည်မျှ ကောင်းမွန်သော၊ ဖုန်းခေါ်ဆိုခနှုန်းထား ၅ဝ ကျပ်ထက် မပိုသော၊ မြန်ဆန်သော အင် တာနက်သုံးစွဲမှုများဖြင့် သုံးစွဲသူများ ထံဝင်ရောက်လာမည်ဟူသည့် မီဒီယာများထက်မှ ၎င်းတို့၏ အားကောင်းသည့် ကြော်ငြာမှုများကြောင့် ပြည်သူတော်တော် များများ စိတ်ဝင်စားမှုပြင်းထန်လာခဲ့သည်။
ဇူလိုင်လ နောက်ဆုံးပတ်တွင်တော့ အူရီဒူးက မန္တလေးတွင် သူ၏ဆင်းကတ်များကို စတင်ရောင်းချဖြန့်ချိခဲ့သည်။ ရန်ကုန်တွင်လည်း သြဂုတ်လ ပထမအပတ် အတွင်းမှာ ပင် တရားဝင်မိတ်ဆက်ပွဲကို စတင်ခဲ့သည်။ ထို့ကြောင့် ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းကိုင်ဆောင်ခဲ့ရသည့် မိုဘိုင်းဖုန်းဆင်းကတ် တန်ဖိုးထက် အဆ ငါးေ ထာင် ဈေးသက်သာသည့် ဆင်းကတ်များကို ပြည်သူတို့ ဝယ်ယူကိုင်ဆောင်နိုင်ခဲ့ လေသည်။
အူရီဒူးမှလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် မြန်နှုန်းမြင့်အင်တာ နက်ဝန်ဆောင်မှုများ၊ အဆင့်မြင့်အသံ၊ အရည်အသွေးခေါ်ဆိုမှုများ ပြုလုပ်နိုင် မည်ဟု မီဒီယာ များနှင့် တွေ့ဆုံစဉ် တရားဝင်ထုတ်ပြန်ကြေညာပေးခဲ့သည်။ သို့သော် လက်တွေ့တွင် မျှော်မှန်းထားသကဲ့သို့ဖြစ်မလာသည်ကို အူရီဒူးအသုံးပြုသူများထံမှ ရက်ပိုင်း အ တွင်း ထွက်ရှိလာသည့် တုံ့ပြန် ပြောဆိုမှုများကို ကြည့်ရင်းသိရှိနိုင်သည်။

အမှန်ပင် ရင်ခုန် စိတ်လှုပ်ရှား ကြရလေတော့သည်
====
အူရီဒူးဖုန်း၏ လိုင်းစွဲအားမှာ ယခင်က သုံးစွဲနေသော ဂျီအက်စ်အမ်ဖုန်းများ နှင့် ထူးမခြားနားဖြစ်သည်ဟု ပြည်သူများက ဝေဖန်လာကြသည်။”ကျွန်တော်တို့ ကုန်ဈေးတန်း ဘက်မှာ ဘယ်ဖုန်းမှမမိဘူး။ အူရီဒူးလည်း ဒီအတိုင်းပါပဲ”ဟု သိမ်ကြီးဈေးတွင်ဈေးရောင်းနေသူ ကိုမြင့်ကျော်က ပြောသည်။အူရီဒူးက သူ၏ ၆၅ဝဝ သော အရောင်းကိုယ် စားလှယ်တော်ကြီးများမှ ရောင်းချပေးမည့် ဆင်းကတ်များကို ၁၅ဝဝ ကျပ် ဖြင့်လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီး မြန်ဆန် သည့် အင်တာနက်၊ ကြည်လင်ပြတ်သားသော အသံ အရည်အသွေးခေါ်ဆိုမှုများကို စမ်းသပ်သုံးစွဲနိုင်ပြီဖြစ်သည်ဟု ကြေညာခဲ့သည်။
သို့သော် အသံအရည်အသွေးကြည်လင်စွာကြားရခြင်းဟူသည့် အချက်ထက်  ဖုန်းခေါ်ရန်ဟန်းဆက်ရွေးချယ်နေသည့် အဆိုပါဆင်းကတ်ကြောင့် မြန်မာပြည်သူ များ ပိုအ ခက်တွေ့ခဲ့ရသည်။ အငှားယာဉ် မောင်းနှင်နေသည့် ဦးဝင်းက ”ဦးလေးတို့က ပညာမတတ်ဘူးကွာ။ ရောင်းတဲ့ဆိုင်တွေက ဒီဟန်းဆက်တွေနဲ့ဆိုမရဘူး။ ဒါမျိုးမှရ မယ် ဆိုပြီး ငါးသောင်းခြောက်သောင်းတန်တွေပြတယ်။ အရင်က ဖုန်းကတ်ဈေးကြီးလို့ မကိုင်နိုင်ခဲ့တာ ခုတော့ ကိုင်လို့ရပြီဆိုကာမှ ဆင်ဖိုး ထက်ချွန်းဖိုးကြီးနေတယ်”ဟု ဆို သည်။
အူရီဒူးဘက်ကမူ ၎င်းတို့အနေနှင့် မျိုးဆက်သစ် အဆင့်မြင့် UMTS 900 ကွန်ရက်ကို မြန်မာပြည်သို့သယ်ဆောင်လာခြင်းဖြစ်ပြီး နောက်ဆုံးပေါ် 3G နည်း ပညာသုံး ထားခြင်းကြောင့် ထိုသို့ ဆင်းကတ်ပြဿနာ တွေ့ကြုံရခြင်းဖြစ်သည်ဟု နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် အမှုဆောင်အ ရာရှိချုပ် ရော့စ်ေ ကာ မတ်က ပြောကြားခဲ့သည်။ ထို့ကြောင့် ဆင်းကတ်နှင့်ကိုက်ညီမည့် ဟန်းဆက်များကို တစ်ပါတည်းတွဲဖက် ရောင်းချရန်စီစဉ်နေပြီး ဆမ်ဆောင်းနှင့် တွဲကာ ငွေကျပ် တစ် သိန်းအောက် ဟန်းဆက်များရောင်းချပေးသွားမည်ဟု ဆိုခဲ့သည်။
ထို့ပြင် အူရီဒူးဖုန်းများ၏ ငွေဖြည့်ကတ်မှာ ငွေဖြည့်ပြီးမကြာခင်မှာပင် အသုံးမပြုရသေးဘဲ ငွေများဖြတ်တောက်ခြင်းဖြစ်စဉ်များ အများအပြားဖြစ်လာသည်ဟု အူရီဒူး ကိုယ် စားလှယ်ရယူရောင်းချနေသည့် မိုဘိုင်းဖုန်းဆိုင်များထံမှ သိရသည်။  ”ငွေဖြည့်ကတ်ဝယ်ဖြည့်တာ ဖုန်းလည်းမပြောဘူး၊ အင်တာနက်လည်းမသုံး ဘူး၊ သူ့အလိုလို ကုန် သွားလို့ လာလာပြောတဲ့လူတွေအများကြီးပဲ”ဟု ကိုယ်စားလှယ်ယူထားသောဆိုင်ရှင်တစ်ဦးဖြစ်သူ ကိုလွင်ဦး(အမည်လွှဲ)က ပြောသည်။
ယင်းအပြင် အူရီဒူးမှ သတ်မှတ်ပေး ထားသည့် ၂၄နာရီမေးမြန်းစုံစမ်းခြင်းပြုလုပ်ရန် ပေးထားသည့် call centre မှာလည်း ဆက်သွယ်မေးမြန်း ရာ တွင် ကောင်း မွန် စွာဖြေလည်ဖြေဆိုမှုမရှိဟု သုံးစွဲသူများထံမှသိရကြောင်း ၎င်းကဆက်ပြောသည်။ အူရီဒူးဖုန်းသုံးစွဲကာ ငွေဖြည့်ကတ်ထည့်ရင်း အဆင်မပြေဖြစ်ခဲ့ ရသည့် အမျိုး သား တစ် ဦးကလည်း ”အူရီဒူးရဲ့ Call Centre 234 ကိုဖုန်းခေါ်တယ်။ ငွေဖြည့်ကတ်ကုဒ် ပျက်သွားလို့။ သူတို့ကို နံပါတ်လည်း ပြောပြတယ်။ အဲ့ဒါကို ၂၄ နာရီ အတွင်းပဲ ရမလိုလို၊ နာရီဝက်အတွင်းရမယ်လိုလိုနဲ့၊ ဖြေတာအချိုးမပြေဘူး”ဟု ပြန်လည်ပြောပြသည်။  ထိုအချက်များသည် အမှန်ပင် အူရီဒူး၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အချက် များလော။
အူရီဒူး၏ အင်တာနက်သုံးစွဲမှုအား ကောက်ခံသည့် ငွေကြေးပမာဏမှာလည်း အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် များပြားနေဆဲပမာဏတစ်ခုဖြစ်သည်ဟု နည်း ပညာကျွမ်း ကျင်သူများက ထောက်ပြပြောဆိုခြင်းများ ရှိလာသည်။ အင်တာနက်အသုံးပြုခကို သုံးစွဲသည့်ပမာဏ(MB)ပေါ် မူတည်ကောက်ခံမည်ဟုကြေညာခဲ့သည့် အူရီဒူးအနေ နှင့် 1MB လျှင် မြန်မာငွေကျပ် ၂၅ ကျပ်ကျသင့်မည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည်။ ထိုအသုံးပြုခသည် ကြိုက်သလောက်သုံးကျသလောက်ပေး အစီအစဉ်ဖြစ်ပြီး ထူးခြား သည့်အစီအစဉ်များ လာဦးမည်ဟုဆိုသည်။
အူရီဒူး၏ အော်ပရေတာအခွဲတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ Indosat  အော်ပရေတာပင်လျှင် အင်တာနက်အသုံးပြုခကို 1MB အတွက် ၆၆ အင်ဒိုယူပီးယား ခန့် သာကျ သင့်ပြီး 30 MB အတွက် ၂ဝဝဝ အင်ဒိုယူပီးယားကျသင့်မည်ဟု အဆိုပါဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ ထိုငွေကြေးကို လက်ရှိမြန်မာနိုင်ငံတွင် အူရီဒူးကောက် ခံ မည့်နှုန်းထားနှင့် နှိုင်းယှဉ်ပါက ယင်းမှာ မြန်မာငွေ ငါးရာ့ ရှစ်ဆယ်ကျပ်ခန့် လျော့နည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။
အူရီဒူး၏ စတင်ထုတ်ဝေခြင်းအခမ်းအနားတွင် ၎င်းက စိတ်လှုပ်ရှားဖွယ်ရာ အင်တာနက်အသုံးပြုခနှုန်းထားများ၊ ဖုန်းခေါ်ဆိုခများနှင့် စာတိုပို့ခများကို ထုတ်ပြန် ကြေ ညာပေးသွားမည်ဟု ဆိုသည်။ ”ခု အင်တာနက်က ခဏသုံးလိုက်တာနဲ့ ကုန်သွားတဲ့ဘေလ်က အနည်းဆုံးရာဂဏန်းပဲ”ဟု အူရီဒူးဖုန်းအသုံးပြုနေသည့် မသဇင်ခိုင်က တအံ့တသြနှင့်ဆိုသည်။ အူရီဒူး၏ တီဗီကြော်ငြာတွင်လာသည့် ဖေ့စ်ဘွတ်ခ်အခမဲ့အသုံးပြုခွင့်ဆိုသည်က အဘယ်နည်းဟူ၍လည်း သူမက မေးခွန်းပြန်ထုတ်သည်။

အသစ်စစ်စစ် ဖြစ်မလာသေးသည့် ရင်ခုန်စိတ်လှုပ်ရှားမှု
===
တိကျစွာဆိုရလျှင် လွန်ခဲ့သောဆယ် စုနှစ်ကျော်ကတည်းကပင် မြန်မာနိုင်ငံသားများသည် ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆက် တိုက် နီးပါးရရှိထားခဲ့ခြင်းလည်းဖြစ်သည်။ ဝ၉၉ နှင့်စတင်ခဲ့သည့် ဆယ်လူလာဆက်သွယ်ရေးနှင့် ဝ၉၅ နှင့်စသည့် ဂျီအက်စ်အမ်ဖုန်းစနစ်များ စတင်ဝင်ရောက် ခဲ့သည့် အချိန် မှစကာ မြန်မာနိုင်ငံသားတို့သေးငယ်သည့် ဆင်းကတ်တစ်ခုအတွက် ရင်ခုန်ဖွယ် ရင်တုန်ဖွယ်ဈေးနှုန်းများနှင့် ရင်းနှီးခဲ့ကြရပြီးဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးထံ ဆင်းကတ်ငှားရမ်းကိုင်ဆောင်ခ ငွေကျပ် ၁၅ သိန်းသွင်းကာ ကိုင်ဆောင်နိုင်စေခဲ့သည့်အချိန်တွင် ပြင်ပပွဲစားဈေးကွက်၌ ဆင်းကတ် တစ်ကတ် ၏ ပေါက်ဈေးနှုန်းထားမည်မျှ ဖြစ်ခဲ့သည်ကို မှတ်မိနိုင်ပါသေးသည်။ မားကက်တင်းဝန်ထမ်းတစ်ဦးအဖြစ် ပြည်တွင်းအီလက်ထရောနစ် ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့သည့် အသက် ၄၇ နှစ် အရွယ် ကိုမင်းစိုးကဆိုသည်မှာ ယခင်က ကုမ္ပဏီဝန်ထမ်းဘဝတွင် ဖုန်းတစ်လုံးကိုင်လို၍ ပိုက်ဆံစုခဲ့ဖူးသော်လည်း မိသားစု နှင့်ဖြစ် သည့်အ တွက် ငွေ ပိုလျှံခြင်း မရှိခဲ့ ခြင်းကြောင့်ဝယ်မကိုင်နိုင်ခဲ့သည်ဟု သူက ဂျီအက်စ်အမ်ဖုန်းများ စတင်ပေါ်ပေါက် ခဲ့သည့်အချိန်ကအကြောင်းကို ပြန်ပြောင်း ပြောသည်။
”ဖုန်းဝယ်ကိုင်မလား တောင်ဒဂုံမှာ အိမ်ဝယ်မလားပဲ။ အဲ့ဒီအခြေအနေတုန်းက ဖုန်းကိုင်နိုင်တယ်ဆိုတာ ပိုက်ဆံပိုလျှံတဲ့ လူတန်းစားတစ်ရပ်အတွက်ပဲ ဖြစ်ခဲ့ သလိုပဲ”ဟု သူက ဆိုသည်။ ပွဲစားတို့လက်ထဲတွင်ရှိနေသည့် ဆင်းကတ်ဈေးနှုန်းကြောင့် ဖုန်းဝယ်ကိုင်လိုနေသည့် သူ့အတွက် မျက်လုံးပြူး အံအားသင့်စေခဲ့ရုံသာမက လက်တစ်ဆစ် သာသာဆင်းကတ်တစ်ကတ်သည် ထိုအချိန်က ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းတစ်ခန်းထက် ဈေးနှုန်းမြင့်မားနေ၍ ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ဖုန်းဝယ်ကိုင်မည့်အစီအစဉ်ကို ရဲဝံ့စွာဖျက်သိမ်းခဲ့ကာ မိသားစုနေထိုင်ရန်သင့်တော်မည့် ဥယျာဉ်မြို့တော်ရှိ တိုက်ခန်းတစ်ခန်းကိုသာ ဝယ်ယူဖြစ်ခဲ့သည် ဟု လည်း သိရသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတွင် နေရာယူလာသည့် မိုဘိုင်းဖုန်းယဉ်ကျေးမှု နှင့် ဈေးနှုန်းလွန်စွာမြင့်မားခဲ့သည့် အဆို ပါဆင်းကတ်များ အကြောင်း ကို ကိုမင်းစိုးက ”အခု အူရီဒူးရဲ့စကားနဲ့ပြောရရင်တော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဈေးနှုန်းကြီးတစ်ခုပေါ့ဗျာ” ဟု ဆိုသည်။

ဈေးနှုန်းဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်
===
၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများအပြီးတွင် ဈေးနှုန်းအတန်အသင့် သက်သာသည့် စီဒီအမ်အေဖုန်းများကို ဆက်သွယ်ရေးကချထားပေးခဲ့သည်။ သက်သာ သည်ဟု ဆိုခြင်းသည် ၁၅ သိန်းနှင့် နှိုင်းယှဉ်ခြင်းကြောင့် ဖြစ်သော်လည်း အမှန်တကယ်သက်သာလှသည်တော့ မဟုတ်။ ငွေငါးသိန်းပေးသွင်းကာ ငှားရမ်းကိုင်ဆောင် လိုကြောင်း လျှောက်ထားရသည့်အနေ အထားဖြစ်ပြီး ပွဲစားတို့၏ လက်အတွင်းဈေးနှုန်းက အမျိုးမျိုးရှိခဲ့သည်။ ထိုမှတစ်ဆင့် နှစ်သိန်းတန်ဂျီအက်စ်အမ်၊ ဒဗလျူ စီဒီ အမ်ေ အဖုန်းများကို အစိုးရက ထပ်မံချထားပေးပြီး ပြည်သူတို့ က နှစ်ခြိုက်စွာငှားရမ်းသုံးစွဲလာခဲ့ကြသည်။ ထိုနှုန်းထားများသည် ဂျီအက်စ်အမ် ဘိုးအေကြီးဖြစ်သည့် ၁၅ သိ န်းနှင့် နှိုင်း စာပါက ၃ဆကျော် လျော့ကျလာခဲ့ခြင်း တို့ကြောင့်လည်း ဖြစ်ဟန်တူသည်။ သို့သော်လည်း မပြောင်းလဲနိုင်သေးသည်က ဖုန်းခေါ်ဆိုခ၊ ဝန်ဆောင်မှုနှင့် ငှားရမ်း သုံး စွဲနေရခြင်းအနေအထားများသာဖြစ်သည်။ ထိုထိုသော နှုန်းထားများအကြား ပြည်သူတို့ မိုဘိုင်းဖုန်းတစ်လုံးကိုင်နိုင်ရန် သောကများခဲ့ရဆဲဖြစ်သည်။

၁၅ဝဝ ကျပ်သာ . . .သို့သော် သင်ကံကောင်းမှ ရမည်
==
ပုဂ္ဂလိက အော်ပရေတာတို့၏ ဆင်းကတ်ရောင်းချခြင်းမတိုင်မီမှာပင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC က ဆင်းကတ်များကို ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချပေး မည်ဟူ သည့် အခြေအနေ တစ်ရပ်ဖြစ်ပွားခဲ့သည်။ ငွေ ၁၅ဝဝ ကျပ်နှင့် ဖုန်းတစ်လုံးကိုင် နိုင်ရမည်ဟူသည့်အခွင့်အရေးက မြန်မာ ပြည်သူတို့ မျှော်လင့်မထားသည့် အိပ် မက်တစ်ခု ပင်ဖြစ်သည်။ အခြေခံလူတန်းစားတို့ပျော်ကြသည်။ ဖုန်း ရလာပါက မည်သည့်ဟန်းဆက်နှင့်တွဲကိုင် မည်။ မည်သူ့ကိုဆက်မည် ဟူသည့် အ တွေးများ ပေါ်ပေါက် လာကြ သည်။ သို့သော် ထိုအပျော်များက ကြာရှည်မခံခဲ့ပေ။ အကြောင်းကား ငွေ၁၅ဝဝ ကျပ်တန်ဆင်းကတ်များကို မဲနှိုက်ပြီးမှသာ ပေါက်သူက ကိုင်ဆောင်ခွင့်ရသည့် အနေအ ထားတစ်ခုကြောင့် ဖြစ်သည်။ ရပ်ကွက်အလိုက် ဆင်းကတ်များချထားပေးသည်ဆိုသော်လည်း လူဦးရေနှင့် မမျှတသည့် ဆင်းကတ်အချိုးအစားကြောင့် မဲနှိုက်ရခြင်းဖြစ် သည်ဟုဆိုသည်။ သို့သော် ထိုအခြေအနေက ပေးကားပေး၏ မရအခြေအနေမျိုးသာဖြစ်သည်ဟု မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်နေ ဒေါ်နွယ်နွယ်တင်က ဆိုသည်။
သူတို့ရပ်ကွက်အတွင်း တယ်လီဖုန်းများ မဲနှိုက်ပေးတော့မည်။ ၁၅ဝဝ နှင့် ရမည်ဟူသည့် အချိန်မှစတင်ကာ ယခုကာလအထိ ရပ်ကွက်ရုံးတွင် မဲနှိုက်ရန် စာရင်းပေးထား သည်က မနည်းလှတော့ဟု သူမက ဖုန်းတစ်လုံးရရှိရန်အတွက် ကြိုးပမ်းနေပုံကို ဆိုသည်။ ”ကံခေတယ်လို့ပြောရမလား။ ဒီနေ့အထိ တစ်ခါမှကို မပေါက်သေးတာ။ ဖုန်း မပေါက်တော့ ကံကို လွှဲချရမလိုပေါ့”ဟု ရယ်ကျဲကျဲဖြင့်သူမကဆိုသည်။ ၁၅ဝဝ ကျပ်တန်ဖုန်းကို မဲနှိုက်နေရသည့် အနေအထားမှာ မြန်မာနိုင်ငံ တစ် နိုင်ငံအ တွင်း၌ သာ ရှိသော အနေအထားတစ်ခုဖြစ်သည်ဟု နည်းပညာသမားအများစု ကဝေဖန်ထောက်ပြမှုများရှိခဲ့သည်။ သို့သော်လည်း ဆက်သွယ်ရေးအတွက် မိုဘိုင်းဖုန်း လိုအပ်နေ သူ အများစုမှာတော့ ကံစမ်းကာ ရယူနေရဆဲဖြစ်သည့် မိုဘိုင်းဖုန်းလေးများကို မျှော်လင့်နေကြဆဲလည်းဖြစ်သည်။
၂၅ နှင့် ၅ဝ ကြား ထပ်မံ လျှော့ချပေးလေဦးမလား
ဤကဲ့သို့သော် မှန်းချက်နှင့်နှမ်းထွက်မကိုက်သေးသည့် အခြေအနေမှာပင် မြန်မာ့ဆက်သွယ်ရေးသည်လည်းက လူ၏သို့ မြှူ၏သို့ အပြောင်းအလဲအသံများ ထွက်လာ သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ၏ ခေါ်ဆိုခမှာ တစ်မိနစ် ၅ဝ ကျပ်ဖြစ်ပြီး အသစ်ထပ်မံရောင်းချနေသည့် အူရီဒူး၏ခေါ်ဆိုခမှာ အမျိုးအစား တူ ချင်းခေါ်ဆိုလျှင် ၂၅ကျပ်နှင့် ပြင်ပဖုန်းများသို့ခေါ်ဆိုလျှင် ၃၅ ကျပ်ဖြစ်သည်။ ၂ဝ၁၁ခုနှစ်ကတည်းကပင် ဆင်းကတ်များကို ငါးထောင်ကျပ်နှင့်ရောင်းချပေး မည်ဟု ပြော ဆိုခဲ့သည့် ရွှေပြည်တံခွန် ကုမ္ပဏီဥက္ကဋ္ဌ ဦးလွင်နိုင်ဦးကမူ ၂၅ ကျပ်ဟူသော ဖုန်းခေါ်ဆိုခမှာလည်းများ နေသေးသည်ဟု ထောက်ပြသည်။
ဖုန်းဝန်ဆောင်မှုကုမ္ပဏီများအနေ နှင့် မိမိတို့၏ဆင်းကတ်ကို အသုံးပြုသူတစ်သန်းရှိလျှင်ပင် ထိုသူများ၏ တစ်နေ့ ဖုန်းခေါ်ဆိုခအနည်းဆုံး ငါးဒေါ်လာ (မြန် မာငွေ ငါးေ ထာင်နီးပါးခန့်) အသုံးပြုပါက ကုမ္ပဏီအတွက် ကုန်ကျစရိတ်တွက်ချက် ကာမိနိုင်သည်ဟုဆိုသည်။ ”တစ်သန်းမှာ တစ်ယောက်ကို တစ်ရက် ငါးဒေါ်လာပဲပြောဦး ငါး သန်း ရနေ မယ်။ အဲ့ဒီတော့ ဆင်းကတ်ကို အလကားပေးလိုက်ရင်တောင် ကုမ္ပဏီက ကုန်ကျစရိတ်တွက်ချက်ပြီး ခေါ်ဆိုခတွေကို လျှော့ချပေးလို့ရတယ်”ဟု ဦးလွင်နိုင်ဦး က ဆက် ပြောသည်။
ထို့ပြင် သုံးစွဲသူများပြားလာသည်နှင့်အမျှ ခေါ်ဆိုခနှုန်းထားများ ကျဆင်းလာသင့်သည်ဟုလည်း ထောက်ပြသည်။ သို့ သော် မြန်မာနိုင်ငံအတွက် သင့်လျော် မည့် ခေါ် ဆို ခနှုန်းထားများကို ပုဂ္ဂလိက အော်ပရေတာများအနေနှင့် မပေးနိုင်သေးခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်ကွန်ရက် တည်ဆောက် ထားရမှု များကြောင့်ဖြစ် သည် ဟု လည်း ဆို သည်။ ”နိုင်ငံကပိုင်တဲ့ ကွန်ရက်စနစ်ပေါ်မှာ အော်ပရေတာက စီမံခန့်ခွဲမယ်ဆိုရင် ဒီလောက်မကုန်ကျနိုင်ဘူး။ ခုတော့ သူတို့က ကိုယ့်ကွန်ရက်ကိုယ်ဆောက်နေကြရ တာ ဆိုတော့ ဒါဖိုးတွေလည်း ကာမိအောင် တွက်ချက်ရမယ်။ အဲ့ဒီတော့ သုံးစွဲသူတွေက နှစ်ထပ်ကုန်ကျစရိတ်တွေ ပေးနေကြရတဲ့ပုံစံဖြစ်သွားတယ်”ဟု ၎င်းက ပြည် တွင်း၏ ကွန်ရက်လိုအပ်ချက်များကို ထောက်ပြသည်။
မြန်မာ့ဆက်သွယ်ရေးကမူ ၎င်းတို့ ခေါ်ဆိုခများကို လျှော့ချရန်စီစဉ်နေပြီဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဝေးဆက်ကြောင်း အင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်းက ပြောသည်။ တယ်လီနောကမူ ၎င်းတို့၏ဖုန်းခေါ်ဆိုခကို မည်သည့်ကွန်ရက်သို့ ခေါ်စေကာ မူ ၂၅ ကျပ်ထက် မပို သည့်နှုန်းနှင့်သာ ကောက်ခံမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတို့ နှုန်းထားသက်သာသည့် ခေါ်ဆိုခများကို ရယူ ပိုင်ဆိုင်နိုင်ကြေ တာ့မည် လားဆို သည် က စောင့်ကြည့်ကြရမည်ဖြစ်သည်။

မကြာမီလာတော့မည့် တယ်လီနောနှင့် တစ်ကျော့ပြန် မြန်မာ့ဆက်သွယ်ရေး

တယ်လီနောကလည်း ၎င်းတို့၏ ဆက်သွယ်ရေးအော်ပရေတာကိုလာမည့် စက်တင်ဘာလအကုန်တွင် ပြည်သူတို့ စတင်အသုံးပြုနိုင်ရန် အပူတပြင်းကြိုးစား လျက်ရှိ သည်ဟု တယ်လီနော၏အမှု ဆောင်အရာရှိချုပ် ပီတာဖာ့ဘတ်က ဆိုသည်။ သို့သော် သူတို့အတွက် အဓိကစိန်ခေါ်မှုကြီးတစ်ချက်ရှိနေသည်ဟု ၎င်းက ထုတ်ေ ဖ်ာပြော ကြားသည်။ ယင်းက အခြားမဟုတ်။ ဆက်သွယ်ရေးတာဝါတိုင်ကိစ္စဖြစ်သည်ဟု ဆိုသည်။ ဆက်သွယ်ရေးစနစ် စတင်ပေးအပ်မည့်အချိန်တွင် တာဝါတိုင်များ လုံလောက် စွာ တည်ဆောက်ထားနိုင်မှုမပေးနိုင်မည်ကို စိုးရိမ်ကြောင်း ပြောသည်။ ”ဘာဖြစ်လို့လဲဆိုတော့ တာဝါတိုင်တွေတည်ဆောက်ရတာ အချိန်နဲ့ လုပ်ကိုင်ခွင့်တွေ လိုအပ် လို့ပါပဲ”ဟု ၎င်းဆိုသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဝန်ဆောင်မှုကို စတင်မည်ဟုဆိုထားသည့် တယ်လီနောကိုလည်း သုံးစွဲသူ ပြည်သူများက မျှော်လင့်နေကြပြီဖြစ်သည်။ သို့သော် ကွန်ရက်ဆက်သွယ်မှုကောင်းကောင်း၊ အင်တာနက်အသုံးပြုမှု အဆင်ပြေပြေကိုဖြင့် လိုချင်သည်ဟုလည်းဆိုကြသည်။ တယ်လီနော၏ အမှုဆောင်အရာရှိ ချုပ် ပီတာဖာ့ဘတ်ကတော့ ”ကျွန်တော်တို့ရဲ့ပြိုင်ဘက်တစ်ခုဖြစ်တဲ့ အူရီဒူး ဖြစ်ခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုပါဘူး”ဟု အကြောင်းပြန် ပြောကြားသည်။ ၎င်းတို့ကတော့ တာဝါတိုင်အသစ်များတည်ဆောက်ကာ ဆက်သွယ်ရေးကွန်ရက်ကို ကောင်းသထက်ကောင်းအောင်ချဲ့ထွင်သွားမည်ဟု ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးပင်လျှင် ဂျပန် နည်းပညာကုမ္ပဏီဖြစ်သည့် KDDI နှင့် ဂျပန်ဘဏ္ဍာရေးကုမ္ပဏီဖြစ်သည့် ဆူမီတိုမိုတို့နှင့်ပူးပေါင်းကာ ပြည်ပအော်ပရေတာ များနှင့် ယှဉ်ပြိုင်နိုင်ရန် ပုဂ္ဂလိက အော်ပရေတာအဖြစ်ပြောင်းလဲမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုမှအစ၊ ဆင်းကတ်များလိုသလောက်ချထားပေးနိုင်ရန် အလယ်၊ အင်တာ နက်မြန်နှုန်းေ ကာင်းမွန်မှုအဆုံး အားလုံးပြုပြင်ရန် ပြင်ဆင်နေပြီဖြစ်သည် ဟု ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက် ကြောင်းအင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်း ကပြောသည်။ ”အ ရပ်ခေါ် အဝိုင်းလေးလည်နေတဲ့အခြေအနေမျိုးမဖြစ်အောင်တော့ လုပ်နေပါတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတပ်ဆင်အသုံးပြုထားသည့် နေရာတွင် စက်အသစ်များတပ်ဆင်ခြင်း၊ အစားထိုးခြင်းများပြုလုပ်ရန် စက်များမှာယူထားပြီးဖြစ်ကာ ကျန်သည့်ပြည်ပအော် ပရေတာ များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ထိုသို့ပြန်လည်ပြင်ဆင်ချိန် ကြာမြင့်မည်မဟုတ်ဟု ၎င်းကပြောကြားသည်။ ထို့ကြောင့် ဆက်သွယ်ရေးစင်မြင့်ထက်တွင် ပုဂ္ဂလိက အဖြစ်အသွင်ပြောင်းမြင်ရမည့် မြန်မာ့ဆက်သွယ်ရေးအပါအဝင် အူရီဒူးနှင့် တယ်လီနောတို့၏ ပြင်းထန်သည့်ပြိုင်ဆိုင်မှုများကို မကြာမီမြင်တွေ့ ရမည်လော။ ရွှေပြည် တံခွန်ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးလွင်နိုင်ဦးကမူ ”သူတို့တွေ ပြိုင်ဆိုင်မှုတွေပြင်းထန်လာလေ ပြည် သူတွေအတွက် ကောင်းတဲ့ ဝန်ဆောင်မှုတွေဖြစ် လာလေပါပဲ။ အဲ့ဒီလိုဖြစ် ဖို့ပဲ လိုပါတယ်”ဟူ၍ ပြောသည်။

ဘယ်ဖုန်းကို တကယ်သုံးကြမလဲ

ဆင်းကတ်တစ်ကတ်ရရှိရန် ငွေများစွာပေးရမည့်ဘဝမှ တစ်ကတ်လျှင် ၁၅ဝဝ ကျပ်သာရှိတော့ခြင်းကြောင့် လက်ရှိတွင် MPT သာမက အူရီဒူးပါပိုင်ဆိုင်ကာ ဖုန်းနှစ် လုံး သုံးလုံးခန့် ခါးချိတ်လျှောက်သွားနေရသည်က မထူးဆန်းတော့သည့် အနေအထားဖြစ်လာသည်ဟု အလုံမြို့နယ်နေ ဦးဇော်မင်းက ဆိုသည်။အမှန် အတိုင်းဆိုရလျှင် ဝန်ေ ဆာင်မှုကောင်းကောင်းနှင့် ဖုန်းခေါ်ဆိုခသက်သာသည့်ဖုန်းများကို လူတိုင်းမျှော်လင့်နေကြသည်။ လူသားချင်းဆက်သွယ်ရန်၊ လုပ် ငန်းများအတွက်အ သုံးပြုရန် ကျေး လက်မြို့နေမကျန် မိုဘိုင်းဖုန်းကို အသုံးပြုလိုလာကြသည်။  ထို့ကြောင့် ပြည်တွင်းသာမက ပြည်ပအော်ပရေတာများကို မျှော်ခဲ့ကြသည်။ သို့သော် နိုင်ငံတ ကာနှုန်း ထားအ တိုင်း ဖြစ်မလာနိုင်သေးသည့်အနေအထား ဖြစ်သည်။
အာဆီယံဥာဏမူပိုင်ခွင့်ဆိုင်ရာ မြန်မာပြည်ကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင်က မူဆက်သွယ်ရေးနှင့်ပတ်သက်ပါက အရှင်မွေးနေ့ချင်းကြီးခိုင်း၍ မဖြစ်နိုင်ဟု ဆိုသည်။ ”ပြည်သူတွေကလည်း နားလည်မှုနဲ့ လိုက်လျောမှုတွေရှိဖို့လိုပါတယ်။ အထူးသဖြင့် တာဝါတိုင်တွေ စိုက်မယ့်နေရာမှာ မြေပိုင်ရှင်တွေက လိုလားမှုတွေကို အ နည်း ဆုံးေ လျှာ့ချပေးစေချင်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် တစ်ဖက်ကလုပ်ကိုင်ရတဲ့ လူတွေမှာအခက်အခဲရှိပါတယ်”ဟု ထောက် ပြသည်။  ထို့ကြောင့် ဝင်ရောက်လာသည့် ဆက် သွယ်ရေးအော်ပရေတာအသစ်များနှင့် ရှိရင်းစွဲမြန်မာ့ဆက်သွယ်ရေးတို့၏ စင်ပြိုင်အနေအထားများက စားသုံးသူအပေါ်ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန် အသင့်ရှိနေပါပြီလားဟု မေးခွန်းထုတ်ဖွယ် ရှိပါသည်။  ထိုအဖြေကို အဆိုပါဆက်သွယ်ရေး အော်ပရေတာတို့ မည်သည့်အချိန်တွင် တိကျစွာ ဖြေ ဆိုပေးနိုင် မည်ဆို သည် က တော့ စောင့်စားရုံမျှသာဖြစ်ပါသည်။
အောင်ဇော်၊ သုတလင်း ၊ ဇေဝေယံ
popularmyanmar

တန်ဖိုးနည်းအဆင့်မြင့်အိမ်ရာများ ဖော်ထုတ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ စိတ်ဝင်စားလာ

 Photo: တန်ဖိုးနည်းအဆင့်မြင့်အိမ်ရာများ ဖော်ထုတ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ စိတ်ဝင်စားလာ
Wednesday, August 27, 2014

ရန်ကုန်မြို့တော်အတွင်း တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်တင်လျက်ရှိရာ အကျိုးတူပူးပေါင်းမှုအတွက် လုပ်ငန်းရှင်ပေါင်း ၆၆ ဦးမှ တင်ဒါတင်သွင်းထားပြီးမကြာမီ တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ပေးသွားရန် ရှိကြောင်းသိရသည်။

လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာငါးခုကို ထပ်မံဖော်ထုတ်ပေးရန် အတွက်စီစဉ်လျက်ရှိပြီး ဗိုလ်တထောင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောက်လုပ်ရန်ရှိသည့် အိမ်ရာစီမံကိန်းနှစ်ခုကို လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန် တင်ဒါအဆိုပြုမှု အများ ဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။

မြို့ပြအိမ်ရာစီမံကိန်းများနှင့် အဆင့်မြင့်ယာဉ်ရပ်နားစခန်းသစ်များကို အကောင်အထည်ဖော် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းကာဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များအား တင်ဒါများခေါ်ယူထားပြီး လက်ရှိတွင် လုပ်ငန်းရှင် ၆၆ ဦးခန့် လာရောက်တင်ဒါတင်သွင်းထားပြီးဖြစ်ပြီး ထပ်မံတင်သွင်းသူများကိုလည်း လက်ခံ ပေးသွားမည်ဖြစ်ကာမကြာမီပွင့်လင်းမြင်သာစွာ ရွေးချယ်ပေး သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ ဗိုလ်တထောင်၊ မြောက်ဥက္ကလာ၊ ကမာရွတ်၊ ကြည့်မြင်တိုင်နှင့် ဒဂုံမြို့သစ်(မြောက် ပိုင်း)နှင့်(အရှေ့ပိုင်း)တို့တွင် တန်ဖိုးနည်းအိမ်ရာများအား ဖော်ထုတ်ပေးသွားမည်ဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်အတွင်း သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းဆုံရာထောင့်တွင် မြေဧက ၃ ဒသမ ဝ၆၈ ဧကနှင့် ၄၅ လမ်းထိပ် တွင် မြေဧက ၂ ဒသမ ၆၅၁ ဧကများ ပေါ်တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်းများကို တည်ဆောက်သွားရန် စီစဉ်ထားသည်။

ထို့အပြင် မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက္ကံမြို့သစ် ပုလဲလမ်း ပေါ်ရှိ မြေဧက ၁ဝ ဒသမ ၉၃ ဧကပေါ်တွင် မြို့ပြအိမ်ရာ စီမံကိန်းတစ်ခုကို တည်ဆောက်ရန် လျာထားပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရာဇဓိရာဇ်လမ်းမကြီးပေါ်တွင်မြေ ဧက ၄ဝ ဒသမ ၄၉၃ ကျယ်ဝန်းသည့် နေရာ၌လည်း မြို့ပြအိမ်ရာတစ်ခုကိုလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မင်းရဲကျော်စွာလမ်း၌လည်းမြေ ၁၁ ဧကပေါ်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းတစ်ခုကို လည်းကောင်း ဖော်ထုတ်တည်ဆောက်ပေးသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

ကမာရွတ်မြို့နယ် လှည်းတန်း လမ်းမပေါ်တွင်လည်း မြေဧက ဝ ဒသမ ၁ဝ၃ ပေါ်တွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်းကို တည်ဆောက်ပေးသွားမည်ဖြစ်ကာ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းမကြီးပေါ် တွင်လည်း ဝ ဒသမ ၃၆၄ ဧကပေါ် တွင် မြို့ပြအိမ်ရာ စီမံကိန်းတစ်ခုကို ဖော်ထုတ်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

တင်ဒါရွေးချယ်မှုများကို မကြာမီကာလအတွင်း အကောင်အထည် ဖော်သွားရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရှိရပြီးတင်ဒါတင်သွင်းမှုများတွင် အာမခံအဖြစ် စပေါ်ငွေ အမေရိကန် ဒေါ်လာ ငါးသောင်းနှင့် တစ်သိန်းအကြား သတ်မှတ်ကာ ဘဏ်များတွင် အာမခံများ တင်သွင်းထားရကြောင်း သိရသည်။

(မြန်မာ့အလင်း)
ရန်ကုန်မြို့တော်အတွင်း တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်တင်လျက်ရှိရာ အကျိုးတူပူးပေါင်းမှုအတွက် လုပ်ငန်းရှင်ပေါင်း ၆၆ ဦးမှ တင်ဒါတင်သွင်းထားပြီးမကြာမီ တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်ပေးသွားရန် ရှိကြောင်းသိရသည်။
လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းခြင်းဖြင့် တန်ဖိုးနည်းအိမ်ရာငါးခုကို ထပ်မံဖော်ထုတ်ပေးရန် အတွက်စီစဉ်လျက်ရှိပြီး ဗိုလ်တထောင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောက်လုပ်ရန်ရှိသည့် အိမ်ရာစီမံကိန်းနှစ်ခုကို လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန် တင်ဒါအဆိုပြုမှု အများ ဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။

သမီးသူ၏ Chihuahua ခွေးရှာတွေ့သူကို ဆုငွေ ဒေါ်လာ ၁ဝဝဝ ချီးမြှင့်မည့်ကေတီဟုမ်း

 Photo: သမီးသူ၏ Chihuahua ခွေးရှာတွေ့သူကို ဆုငွေ ဒေါ်လာ ၁ဝဝဝ ချီးမြှင့်မည့်ကေတီဟုမ်း
Wednesday, August 27, 2014

သမီးဖြစ်သူ ဆူရီ၏ ချီဟွားဟွားခွေးသည် လော့အိန်ဂျလိစ် နေအိမ်မှ  ပျောက်ဆုံး သွားခြင်းကြောင့်  ရှာဖွေ ပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့် မည်ဟု ဟောလိဝုဒ် သရုပ်ဆောင် ကေတီဟုမ်း ကပြောကြားထားသည်။
TMZ  ရုပ်သံဌာနမှ သတင်းအရဟန်နီဟု အမည်ရသည့် ထိုခွေးလေးသည် ရုပ်ရှင်မင်းသမီး ကေတီဟုမ်း နှင့် ၎င်း၏ရှစ် နှစ်အရွယ် သမီး ဆူရီတို့သည် ဘီဗာလီဟေးလ်မှ မိတ်ဆွေ တစ်ဦးထံ သွားရောက်လည်ပတ်နေစဉ်တွင် ခြံရှေ့တံခါးပေါက်မှ ထွက်ပြေး ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ဟန်နီကို Studio City  Sanctuary အိမ်မွေး တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ မွေးစားလာခဲ့ခြင်း ဖြစ်ပြီး မပျောက်ဆုံးမီ တစ်ရက်အလိုက ရေကူးထားသဖြင့် လည်ပတ်လည်း ၀တ်ဆင်ထားခြင်း မရှိပေ။

ဟန်နီသည် ကေတီ၊ ဆူရီတို့နှင့်အတူ ကလာဘာစက်စ်  ဆင်ခြေဖုံး ရပ်ကွက် တစ်ခုသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ကေတီ သည် သမီးဖြစ်သူ ကျောင်းတက်နိုင်ရန် အတွက် အိပ်ခန်း(?)ခန်းနှင့် ရေချိုးခန်း ခြောက်ခန်းပါ အိမ်ကြီးကို အမေရိကန် ဒေါ်လာ ၃.၇၉၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းအိမ်သည် ၀.၄၈ ဧက ကျယ်ဝန်းသည့် ခြံကြီးအတွင်းရှိပြီး အကျယ်အ၀န်း ၆၂၀၀ စတုရန်းပေ ကျယ်ကာ မြို့၏ ဆူညံသံများနှင့် ဝေးကွာသောနေရာတွင် ဖြစ်သည်။

ကေတီနှင့် ဆူရီသည်ယခင်တွန်ခရုစ် နှင့် အိမ်ထောင်ကျစဉ်က Berverly Hills တွင် နေထိုင်ခဲ့သော်လည်း ၁၀၅အိန်ဂျလိစ်   တွင် မနေထိုင်ဖြစ်သည်မျာ ကြာပြီ ဖြစ်သည်။

သို့သော် ကေတီ က ပြောကြားရာတွင် ၎င်းသည် ယခင် နေထိုင်ခဲ့သည့် နယူးရောခ့်မှ အိမ်ကိုသာ ပိုမိုသဘောကျသည်ဟုဆိုသည်။
မဇ္ဈိမ
သမီးဖြစ်သူ ဆူရီ၏ ချီဟွားဟွားခွေးသည် လော့အိန်ဂျလိစ် နေအိမ်မှ  ပျောက်ဆုံး သွားခြင်းကြောင့်  ရှာဖွေ ပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀၀၀ ချီးမြှင့် မည်ဟု ဟောလိဝုဒ် သရုပ်ဆောင် ကေတီဟုမ်း ကပြောကြားထားသည်။TMZ  ရုပ်သံဌာနမှ သတင်းအရဟန်နီဟု အမည်ရသည့် ထိုခွေးလေးသည် ရုပ်ရှင်မင်းသမီး ကေတီဟုမ်း နှင့် ၎င်း၏ရှစ် နှစ်အရွယ် သမီး ဆူရီတို့သည် ဘီဗာလီဟေးလ်မှ မိတ်ဆွေ တစ်ဦးထံ သွားရောက်လည်ပတ်နေစဉ်တွင် ခြံရှေ့တံခါးပေါက်မှ ထွက်ပြေး ပျောက်ဆုံးသွားခြင်းဖြစ်သည်။ဟန်နီကို Studio City  Sanctuary အိမ်မွေး တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ မွေးစားလာခဲ့ခြင်း ဖြစ်ပြီး မပျောက်ဆုံးမီ တစ်ရက်အလိုက ရေကူးထားသဖြင့် လည်ပတ်လည်း ၀တ်ဆင်ထားခြင်း မရှိပေ။ဟန်နီသည် ကေတီ၊ ဆူရီတို့နှင့်အတူ ကလာဘာစက်စ်  ဆင်ခြေဖုံး ရပ်ကွက် တစ်ခုသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

မော်ဒယ်တွေ ROLE မြင့်လာပြီတဲ့

Photo: မော်ဒယ်တွေ ROLE မြင့်လာပြီတဲ့
Wednesday, August 27, 2014

အနုပညာလောကတွင် မော်ဒယ်အလုပ် တစ်ခုတည်း သီးသန့် လုပ်ကိုင်သည့် ခင်နန်းထိုက်က ယနေ့ခေတ်တွင် မော်ဒယ်များ၏ အခန်းကဏ္ဍ သည် Role တစ်ခု ကဲ့သို့ မြင့်လာပြီဖြစ်ကြောင်း ပြောသည်။
မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေပြီး၊ အောင်မြင်ဖို့ အတွက် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ခင်နန်းတို့ နိုင်ငံအခြေအနေ ကလည်း မော်ဒယ်သီးသန့် အဖြစ် ရပ်တည်ဖို့ ဆိုတာက သိပ်တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အရင်က ထက်စာရင် မော်ဒယ်တွေ အတွက် Role တစ်ခု မြင့်လာ တယ်ပေါ့နော်။ တိုင်းပြည် တိုးတက်လာရင် တဖြည်းဖြည်းလည်း ဖြစ်လာမှာပါ။ ဒါက မြန်မာနိုင်ငံ အနုပညာလောက အခြေအနေ အရ ဖြစ်နေတာပေါ့။ မော်ဒယ်လည်း မော်ဒယ်ပေါ့။ မင်းသမီးလည်း မင်းသမီး နေရာပေါ့။ သူ့နေရာနဲ့သူ နောက်ထပ် ခြေလှမ်းလှမ်း သွားမယ် ဆိုရင်တော့ တဖြည်းဖြည်း ဖြစ် လာမယ်လို့ မျှော်လင့်ပါတယ်။ ခင်နန်းက ရှေ့လျှောက်မှာလည်း အနုပညာအလုပ်ကို မော်ဒယ်အဖြစ်ပဲ လုပ်မယ်။ သရုပ်ဆောင် အလုပ်ကိုတော့ လုပ်ဖို့ မရှိပါဘူး။ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက် အနေနဲ့ပဲ ခင်နန်း ရပ်တည် သွားမှာပါ။ အခု လက်ရှိ အနေအထားကို ခင်နန်း အနေနဲ့ ကျေနပ်တယ် ဆိုပေမယ့် အများကြီး လိုပါသေးတယ် ဟု ခင်နန်းထိုက်က ပြောသည်။ ခင်နန်းထိုက်သည် မော်ဒယ်အဖြစ်သာ လုပ်ကိုင် သွားမည် ဖြစ်ကြောင်းနှင့် ယနေ့ ခေတ်တွင် မော်ဒယ်များ အတွက် အခွင့်အလမ်းကောင်းများလည်း ရှိလာနေပြီ ဖြစ်ကြောင်း ပြောသည်။
todaymyanma
အနုပညာလောကတွင် မော်ဒယ်အလုပ် တစ်ခုတည်း သီးသန့် လုပ်ကိုင်သည့် ခင်နန်းထိုက်က ယနေ့ခေတ်တွင် မော်ဒယ်များ၏ အခန်းကဏ္ဍ သည် Role တစ်ခု ကဲ့သို့ မြင့်လာပြီဖြစ်ကြောင်း ပြောသည်။

ရန်ကုန်ရှိ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဖြိုမည်ဟု ရန်ကုန်မြို့တော်ဝန်ဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသော ကန်ထရိုက်တိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖြိုဖျက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။ “အရေးယူ ဆောင်ရွက်မှုတွေ ရှိနေသော်လည်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်တာတွေ လျော့နည်းသွားခြင်း မရှိပါဘူး။ အဲဒါကြောင့် စည်ပင်သာယာက ဖြိုဖျက်သည်အထိ အရေးယူဖို့ စီစဉ်နေပါပြီ” ဟု ၎င်းက ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိမ်းထွန်း၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသော ကန်ထရိုက်တိုက်များကို ထိရောက်စွာ ဟန့်တားနိုင်ရေး မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

စီးရီးအေမှ အပြောင်းအရွှေ့သတင်းများ

Photo: စီးရီးအေမှ အပြောင်းအရွှေ့သတင်းများ
Wednesday, August 27, 2014

ပါးမားအသင်းသည် ကာတာနီးယားအသင်းမှ ၀ါရင့်ကွင်းလယ်ကစားသမားလိုဒီကိုတစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အမ်ပိုလီ၊ ဗီဆင်ဇာ၊အူဒီးနီးစ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် လိုဒီသည် အသက် ၃၀အရွယ်ရှိပြီဖြစ်ပြီး အီတလီဘောလုံးကစားဟန်ကို ကျေညက်သူဖြစ်သည်။ ပါးမားတွင်ကျောနံပါတ် ၂၁ ဂျာစီကို ၀တ်ဆင်မည်ဖြစ်သည်။
ပါလာမိုအသင်းသည် ကိုလံဘတ်ခရူးအသင်းမှ နောက်ခံလူ ဂွန်ဇာလက်ဇ်ကိုသုံးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကော်စတာ ရီကာအသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဂွန်ဇာလက်ဇ်ကိုပြောင်းရွှေ့ကြေး ယူရို ၃.၈ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ပါလာမိုအသင်းသည် ဆန်းတို့စ်အသင်းမှအိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံကစားသမား အီမာဆင် ပယ်မီရီကိုတစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူကာ နောက် တန်းအင်အားကိုထပ်မံဖြည့်တင်းလိုက်သည်။ အသက် ၂၀ အရွယ် သာရှိသေးသည့် အီမာဆင်ကိုရာသီအဆုံးတွင် အပြီးသတ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

အေစီမီလန်အသင်းမှ နောက်ခံလူ ဒါဒစ်ဗီလာသည် လာလီဂါတန်းတက် အီဘာအသင်းသို့အငှားသွားရောက် ကစားမည်ဖြစ်သည်။ ဒါဒစ်ဗီလာသည် ဆေး စစ်မှုလည်းအောင်မြင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အေစီမီလန်သို့ ၂၀၁၁ ခုနှစ်ကတည်းကရောက်ရှိနေသော်လည်း ပထမကစားသမားနေရာ မရရှိခဲ့ပေ။ ပြီးခဲ့သည့်ရာသီကလည်းဘက်တစ်အသင်းတွင် အငှားသွားရောက်ကစားခဲ့သည်။

ထရက်ဇွန်စပေါအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့သည့်အိုင်ဗရီကို့စ်နောက်ခံလူ ဘမ်ဘာသည် စီးရီးအေတန်းတက် ပါလာမိုအသင်းသို့အလွတ်ြေ ပာင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။ ပါလာမို အသင်းကဘမ်ဘာကို သုံးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

အင်တာမီလန်အသင်းမှ ရူဘင်ဘော့တာနှင့် ဆက်ချီလော့တို တို့သည်ချီယေးဗိုအသင်းသို့ အငှားသွားရောက် ကစားမည် ဖြစ်သည်။ တိုက်စစ်မှူးဘော့တာ ကို တစ်ရာသီအငှားဖြင့်သာ ခေါ်ယူခြင်းဖြစ်ပြီး ဆက်ချီလော့တိုကိုမူရာသီအဆုံးတွင် တရားဝင်ခေါ်ယူမည်ဖြစ်သည်။
mizzima
ပါးမားအသင်းသည် ကာတာနီးယားအသင်းမှ ၀ါရင့်ကွင်းလယ်ကစားသမားလိုဒီကိုတစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အမ်ပိုလီ၊ ဗီဆင်ဇာ၊အူဒီးနီးစ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် လိုဒီသည် အသက် ၃၀အရွယ်ရှိပြီဖြစ်ပြီး အီတလီဘောလုံးကစားဟန်ကို ကျေညက်သူဖြစ်သည်။ ပါးမားတွင်ကျောနံပါတ် ၂၁ ဂျာစီကို ၀တ်ဆင်မည်ဖြစ်သည်။
ပါလာမိုအသင်းသည် ကိုလံဘတ်ခရူးအသင်းမှ နောက်ခံလူ ဂွန်ဇာလက်ဇ်ကိုသုံးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကော်စတာ ရီကာအသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဂွန်ဇာလက်ဇ်ကိုပြောင်းရွှေ့ကြေး ယူရို ၃.၈ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းမှ လမ်းပတ်အနားယူ

 Photo: အင်္ဂလန်လက်ရွေးစင်အသင်းမှ လမ်းပတ်အနားယူ
Wednesday, August 27, 2014

အင်္ဂလန်လက်ရွေး စင်အသင်းအတွက် ၁၀၆ ပွဲကစားပြီး ၂၉ ဂိုးသွင်း ယူထားသော ၀ါရင့်ကွင်းလယ် ကစားသမား လမ်းပတ်သည် လက်ရွေးစင်အသင်းမှအ နားယူလိုက်ပြီဖြစ်သည်။
အမေရိကန် ကလပ်  နယူးယော့ခ်စီးတီးမှ မန်စီးတီးသို့အငှား လာကစားနေသော လမ်းပတ်က လွန်ခဲ့သည့် ၁၅ နှစ်အတွင်း နိုင်ငံကိုယ် စားပြုကစား ခွင့်ရခဲ့ သည့်အတွက် လွန်စွာဂုဏ်ယူမိကြောင်းပြောသည်။

"နိုင်ငံလက်ရွေးစင် ကစားသမားဘ၀က အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ကမ္ဘာ့ဖလားပြီးကတည်းက စဉ်းစားနေခဲ့တဲ့ ဒီကိစ္စကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရ တာပါ။ ကျွန်တော့်နိုင်ငံ အတွက် ကိုယ်စားပြုခွင့်ရတာကို အမြဲတမ်း ဂုဏ်ယူနေခဲ့တယ်။ အတိတ်ကိုပြန်ကြည့်လိုက်ရင်လည်း အင်္ဂလန်ဂျာစီ ၀တ်ဆင်ခွင့်ရတဲ့ မိနစ်တိုင်း ပျော်ရွှင်ခဲ့တယ်။ ကျွန်တော့်ရဲ့ကလပ်အသင်း ကစားသမားဘ၀ ဦးတည်ချက်ပြောင်း သွားလို့ မိသားစုကိုဦး စားပေးစဉ်း စားဖို့လိုလာ ခဲ့ပါတယ်။ ပြီးတော့ လာမည့်နှစ် အနည်းငယ် အတွင်းမှာ ကလပ်အသင်း ကစားသမားအဖြစ် ကျွန်တော်ဘယ်လောက် စွမ်းဆောင်နိုင် မလဲဆိုတဲ့အပေါ် အာရုံ စိုက်တဲ့ အချက် လည်းပါဝင်ပါတယ်"ဟု လမ်းပတ်က ပြောသည်။
ဝက်စ်ဟမ်း ကစားသမားဟောင်းလမ်းပတ် သည် ကီဗင်ကီးဂန်း လက်ထက် ၁၉၉၉ အောက် တိုဘာ၁၀ ရက်တွင် ဆန်းဒါးလန်းကွင်း၌ ဘယ်လ်ဂျီယံကို ၂-၁ ဂိုးဖြင့်အနိုင်ရသည့်ခြေစမ်းပွဲ တွင် အင်္ဂလန်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိခဲ့သည်။

အင်္ဂလန် လက်ရွေးစင် အတွက် ပထမဆုံးဂိုးကို ၂၀၀၃ခုနှစ် သြဂုတ် ၂၀ တွင် အစ်ဆွစ်ခ်ျကွင်း ၌ ခရိုအေးရှားကို ၃-၁ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်သွင်းယူ နိုင်ခဲ့ သည်။ပရိသတ်များကရွေးချယ် သည့် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၂၀၀၄နှင့် ၂၀၀၅ နှစ်နှစ်ဆက် တိုက်ရရှိခဲ့သည်။

ဒေးလီးမေးလ်
အင်္ဂလန်လက်ရွေး စင်အသင်းအတွက် ၁၀၆ ပွဲကစားပြီး ၂၉ ဂိုးသွင်း ယူထားသော ၀ါရင့်ကွင်းလယ် ကစားသမား လမ်းပတ်သည် လက်ရွေးစင်အသင်းမှအ နားယူလိုက်ပြီဖြစ်သည်။အမေရိကန် ကလပ်  နယူးယော့ခ်စီးတီးမှ မန်စီးတီးသို့အငှား လာကစားနေသော လမ်းပတ်က လွန်ခဲ့သည့် ၁၅ နှစ်အတွင်း နိုင်ငံကိုယ် စားပြုကစား ခွင့်ရခဲ့ သည့်အတွက် လွန်စွာဂုဏ်ယူမိကြောင်းပြောသည်။
"နိုင်ငံလက်ရွေးစင် ကစားသမားဘ၀က အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ကမ္ဘာ့ဖလားပြီးကတည်းက စဉ်းစားနေခဲ့တဲ့ ဒီကိစ္စကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရ တာပါ။ ကျွန်တော့်နိုင်ငံ အတွက် ကိုယ်စားပြုခွင့်ရတာကို အမြဲတမ်း ဂုဏ်ယူနေခဲ့တယ်။ အတိတ်ကိုပြန်ကြည့်လိုက်ရင်လည်း အင်္ဂလန်ဂျာစီ ၀တ်ဆင်ခွင့်ရတဲ့ မိနစ်တိုင်း ပျော်ရွှင်ခဲ့တယ်။ ကျွန်တော့်ရဲ့ကလပ်အသင်း ကစားသမားဘ၀ ဦးတည်ချက်ပြောင်း သွားလို့ မိသားစုကိုဦး စားပေးစဉ်း စားဖို့လိုလာ ခဲ့ပါတယ်။ ပြီးတော့ လာမည့်နှစ် အနည်းငယ် အတွင်းမှာ ကလပ်အသင်း ကစားသမားအဖြစ် ကျွန်တော်ဘယ်လောက် စွမ်းဆောင်နိုင် မလဲဆိုတဲ့အပေါ် အာရုံ စိုက်တဲ့ အချက် လည်းပါဝင်ပါတယ်"ဟု လမ်းပတ်က ပြောသည်။

တယ်လီနောက မန်းတွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်စိုက်ထူပြီးစီး

Photo: တယ်လီနောက မန်းတွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်စိုက်ထူပြီးစီး
Wednesday, August 27, 2014

စက်တင်ဘာလတွင် မိုဘိုင်းဖုန်းဆင်းကဒ်များ စရောင်းတော့မည့် တယ်လီနောက သြဂုတ်လ နောက်ဆုံးပတ်တွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်ကို မန္တလေးတိုင်းအတွင်း စိုက်ထူထားပြီး ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

“မန္တလေးတိုင်းအတွင်းမှာ တာဝါတိုင် ၂ဝဝ ကျော်တပ်ဆင်မှာဖြစ်ပြီး ၈ဝကျော် တပ်ဆင် ပြီးဖြစ်တယ်။ ဆက်သွယ်ပြောဆိုဖို့အတွက် Network Connection လုံလောက်ပါတယ် ” ဟု ၎င်းက ပြောသည်။

တယ်လီနောက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအဆင့်အဖြစ် တာဝါတိုင်ပေါင်း ၈ဝဝ ဝန်းကျင် တည်ဆောက်မည်ဖြစ်ရာ၊ မန္တလေးတိုင်းအတွက် တာဝါတိုင် ၂ဝဝ တည်ဆောက်မည်ဖြစပြီး စက်တင်ဘာလအတွင်းတွင် 2G, 3G ပါဝင်သော ဆင်းကဒ်များကို ရောင်းချသွားမည် ဟု တယ်လီနော Data Service မှ တာဝန်ကျသူက  ပြန်လည်ဖြေကြားသည်။

"စက်တင်ဘာလထဲ သတင်းစာရှင်းလင်းပွဲတွေ လုပ်သွားမှာပါ။ ဖုန်းတိုင်းမှာ 2G,3Gပြောလို့ရမယ်။ 2G ဟန်းဆက် မှာဆိုရင် 2G နဲ့ 3G ပါတဲ့ ဟန်းဆက်ဆိုရင်လည်း 3G ပြောလို့ရမယ်။ တစ်ကဒ်ထဲမှာ နှစ်ခုလုံးပြောလို့ရမှာပါ။ တာဝါတိုင်တွေလည်း ထပ်မံတိုးချဲ့သွားမှာဖြစ်ပါတယ်။ ဖုန်းနံပတ်က ဝ၉-၇၉ နဲ့စမှာပါ"ဟု ၎င်းကပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ စက်တင်ဘာလ အတွင်း ရောင်းချသွားမည်ဖြစ်ကာ မည်သည့် အော်ပရေတာနှင့် ဆက်သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်၂၅ကျပ်ထက် မပိုသောနှုန်း ကျသင့်မည်ဟုဆိုသည်။

ထို့ပြင် အင်တာနက်၊  ဗီဒီယိုခေါ်ဆိုမှု၊  စာတိုပို့ခြင်းစသည့် Package ဝန်ဆောင်မှုများနှင့် ရောင်းချမည့် နေ့ရက်ကို  သတင်း ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းနှင့် အနီးကပ်ဆုံးအချိန်တွင်အသေးစိတ် ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။
မဇ္ဈိမ
စက်တင်ဘာလတွင် မိုဘိုင်းဖုန်းဆင်းကဒ်များ စရောင်းတော့မည့် တယ်လီနောက သြဂုတ်လ နောက်ဆုံးပတ်တွင် ဆက်သွယ်ရေးတာဝါတိုင် ၈ဝ ကျော်ကို မန္တလေးတိုင်းအတွင်း စိုက်ထူထားပြီး ဖြစ်ကြောင်း တာဝါတိုင်တည်ဆောက်ရေး ဝန်ထမ်းတစ်ဦးက ပြောသည်။
“မန္တလေးတိုင်းအတွင်းမှာ တာဝါတိုင် ၂ဝဝ ကျော်တပ်ဆင်မှာဖြစ်ပြီး ၈ဝကျော် တပ်ဆင် ပြီးဖြစ်တယ်။ ဆက်သွယ်ပြောဆိုဖို့အတွက် Network Connection လုံလောက်ပါတယ် ” ဟု ၎င်းက ပြောသည်။တယ်လီနောက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဆုံးအဆင့်အဖြစ် တာဝါတိုင်ပေါင်း ၈ဝဝ ဝန်းကျင် တည်ဆောက်မည်ဖြစ်ရာ၊ မန္တလေးတိုင်းအတွက် တာဝါတိုင် ၂ဝဝ တည်ဆောက်မည်ဖြစပြီး စက်တင်ဘာလအတွင်းတွင် 2G, 3G ပါဝင်သော ဆင်းကဒ်များကို ရောင်းချသွားမည် ဟု တယ်လီနော Data Service မှ တာဝန်ကျသူက  ပြန်လည်ဖြေကြားသည်။

သေနတ်ပစ် လေ့ကျင့်သူ ကိုးနှစ်သမီးက နည်းပြကို ပစ်သတ်မိ

Photo: သေနတ်ပစ် လေ့ကျင့်သူ ကိုးနှစ်သမီးက နည်းပြကို ပစ်သတ်မိ
Wednesday, August 27, 2014

သေနတ်ပစ်နည်းကို လေ့လာ သင်ကြားနေသူ ကိုးနှစ်သမီးငယ်က သူ၏ နည်းပြကို မတော်တ ဆ သေနတ်နှင့် ပစ်သတ်မိခဲ့မှု တစ်ခု အမေရိကန် နိုင်ငံ၊ အရီဇိုးနား ပြည်နယ် တွင် ဖြစ်ပွားခဲ့သည်။

ချားလ်စ် ဗက်ကာ အမည်ရှိသည့် အသက် ၃၉ နှစ်အရွယ်ရှိ နည်းပြသည် ကိုးနှစ်သမီး ကို အူဇီသေနတ် ပစ်နည်း သင်ကြားပေး နေစဉ် ယင်းမတော်တဆ မှုကြောင့် အသက်ဆုံးရှုံး ခဲ့ခြင်း ဖြစ်သည်။ ယင်းမိန်းကလေးသည် သေနတ်ပစ် သင်ကြားစဉ် ရုတ်တရက် သေနတ်ကို မထိန်း ချုပ်နိုင် တော့ ပဲ နောက်တွင် ရပ်နေသည့် နည်းပြကို ပစ်မိခြင်း ဖြစ်ဟန် ရှိသည်။ နည်းပြ ဗက်ကာမှာ ခေါင်းကို တိုက်ရိုက်ထိမှန် ခဲ့သောကြောင့် နေရာမှာ ပင် သေဆုံးသွား ခဲ့ရသည်။

“ဗက်ကာက ကောင်မလေးရဲ့ အနောက် မှာ ရပ်ပြီး ဘယ်လို ပစ်ရမယ် ဆိုတာကို သင်ပေးနေတာပါ။ ဦးဆုံး စစ်ဆေးမှုတွေ အရ ကောင်မလေးက သေနတ် ခလုပ်ကို ဆွဲလိုက်တဲ့ အခါမှာ သေနတ်ရဲ့ ကန်အား ကို မထိန်းနိုင်တာကြောင့် လည်ထွက် သွားပြီး ဗက်ကာကို မှန်ခဲ့တာ လို့ ကောက်ချက်ချ ထားပါတယ်”ဟု ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့် မိုဟေ့ဗ် ကောင်တီ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် နည်းပြကို ပစ်သတ်ခဲ့မိသူ မိန်းကလေးငယ်မှာ မိဘများနှင့် အတူ ရှိနေပြီး သူမ၏ ဆိုးရွားသည့် နွေရာသီ အားလပ်ရက်ကို အဆုံးသတ်ရန် ကြိုးပမ်းလျှက် ရှိသည်။ အရီဇိုးနား ပြည်နယ် တွင် အသက် ၁၈ နှစ် မပြည့်ပါက လက်နက် ကိုင်ဆောင်ခွင့် မရှိချေ။
Mizzima News
သေနတ်ပစ်နည်းကို လေ့လာ သင်ကြားနေသူ ကိုးနှစ်သမီးငယ်က သူ၏ နည်းပြကို မတော်တ ဆ သေနတ်နှင့် ပစ်သတ်မိခဲ့မှု တစ်ခု အမေရိကန် နိုင်ငံ၊ အရီဇိုးနား ပြည်နယ် တွင် ဖြစ်ပွားခဲ့သည်။ချားလ်စ် ဗက်ကာ အမည်ရှိသည့် အသက် ၃၉ နှစ်အရွယ်ရှိ နည်းပြသည် ကိုးနှစ်သမီး ကို အူဇီသေနတ် ပစ်နည်း သင်ကြားပေး နေစဉ် ယင်းမတော်တဆ မှုကြောင့် အသက်ဆုံးရှုံး ခဲ့ခြင်း ဖြစ်သည်။ ယင်းမိန်းကလေးသည် သေနတ်ပစ် သင်ကြားစဉ် ရုတ်တရက် သေနတ်ကို မထိန်း ချုပ်နိုင် တော့ ပဲ နောက်တွင် ရပ်နေသည့် နည်းပြကို ပစ်မိခြင်း ဖြစ်ဟန် ရှိသည်။ နည်းပြ ဗက်ကာမှာ ခေါင်းကို တိုက်ရိုက်ထိမှန် ခဲ့သောကြောင့် နေရာမှာ ပင် သေဆုံးသွား ခဲ့ရသည်။

တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့

Photo: တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့
Wednesday, August 27, 2014

တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက်မအချင်းရှိ သံခေါင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။

ဟိုအား နီးစပ်ရာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာဝန်များက သံချောင်းဖြတ်ရာတွင် ကျွမ်းကျင်သည့် မီးသတ်သမားများအား ခေါ်ယူကာ အစိတ်အပိုင်း အများ အပြားအား ဖြတ်တောက်စေခဲ့ပြီး  ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကာ ဦးခေါင်းအတွင်း ကျန်ရှိနေသည့် သံချောင်းကို ဆက်လက်ထုတ်ခဲ့ကြသည်။
သံချောင်းသည် လမ်းကြောင်းအနည်းငယ်စောင်းပြီး ၀င်ရောက်ခဲ့ပါက ဟိုအနေဖြင့် ဦးနှောက်သို့မဟုတ် မျက်လုံးအိမ်ကို ထိခိုက်သွားနိုင်ပြီး အသက်သေစေနိုင်သည် အထိ ဒဏ်ရာပြင်းထန်နိုင်ကြောင်း ဆရာဝန်များ က ပြောကြားသည်။
မဇ္ဈိမ
တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက်မအချင်းရှိ သံခေါင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။

၂၀၁၃ခုနှစ် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ဆီဇာရရှိ

 Photo: ၂၀၁၃ခုနှစ် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ဆီဇာရရှိ
Wednesday, August 27, 2014

 ၂၀၁၃ မြန်မာ နေရှင်နယ်လိဂ် ဆုပေးပွဲနှင့် အကောင်းဆုံး ကစားသမားဆု ပေးအပ်ပွဲကို သြဂုတ်လ ၂၆ ရက် ညက သုဝဏ္ဏ ကွင်းတွင် ကျင်းပခဲ့ရာ ၂၀၁၃ခုနှစ် မြန်မာ နေရှင်နယ်လိဂ် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ယူနိုက်တက်မှ ဘရာဇီး တိုက်စစ်မှူး ဆီဇာက ရရှိ သွားခဲ့သည်။
ယင်းဆုပေးပွဲတွင် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်ခဲ့သော ရန်ကုန် ယူနိုက်တက် အသင်းကို ဆုကြေး သိန်း ၁,၀၀၀၊ ဒုတိယဆု ရရှိသော နေပြည်တော် အသင်းကို ဆုကြေးသိန်း ၇၅၀ နှင့် တတိယဆု ရရှိခဲ့ သော ကမ္ဘောဇ အသင်းကို သိန်း ၅၀၀ ချီးမြှင့် ခဲ့သည်။ ကမ္ဘောဇ အသင်းမှာ အသန့်ရှင်းဆုံး အသင်းဆုကို လည်း ဆွတ်ခူး ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၃ ခုနှစ် ရှုံးထွက် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော ကမ္ဘောဇ အသင်းကို ဆုကြေးသိန်း ၂၀၀ နှင့် ဒုတိယ ဆုရရှိခဲ့သော မကွေး အသင်းကို ဆုကြေးသိန်း ၁၀၀ ချီးမြှင့်ပေး ခဲ့သည်။

၂၀၁၃ခုနှစ် မြန်မာ နေရှင်နယ်လိဂ် အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ရာတွင် ဆန်ကာတင် (၃)ဦး အဖြစ် ရန်ကုန် အသင်းမှ ဘရာဇီး တိုက်စစ်မှူး ဆီဇာ ရတနာပုံ အသင်းမှ ဇော်မင်းထွန်းနှင့် ဧရာဝတီအသင်း မှ နန္ဒလင်းကျော်ချစ်တို့က ရွေးချယ်ခြင်း ခံခဲ့ရပြီး အကောင်းဆုံး ကစားသမားအဖြစ် ဆီဇာက ရွေးချယ်ခြင်း ခံခဲ့ရကာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂၀၀၀ ရရှိ ခဲ့သည်။ ဒုတိယ အကောင်းဆုံး ကစားသမား အဖြစ် ဇော်မင်းထွန်းက ရွေးချယ်ခြင်း ခံခဲ့ရပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၅၀၀ ၊ တတိယ အကောင်းဆုံး ကစားသမားအဖြစ် နန္ဒလင်းကျော်ချစ်က ရွေးချယ်ခြင်းခံခဲ့ရပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁,၀၀၀ ရရှိခဲ့သည်။

ထို့အပြင် အကောင်းဆုံး လူငယ် ကစားသမား ဆုကိုလည်း ရွေးချယ်ခဲ့ရာတွင် အကောင်းဆုံး လူငယ်ဆုကို နေပြည်တော် အသင်းမှ အောင်ကျော်နိုင်၊ ဒုတိယ ဆုကို မကွေးအသင်းမှ နန္ဒကျော်၊ တတိယဆုကို ရန်ကုန် အသင်းမှ ကောင်းဆက်နိုင် တို့က ရရှိသွားခဲ့သည်။ ဆုကြေးငွေ အဖြစ် ပထမဆုရရှိခဲ့သူကို ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ရရှိသူကို လေးသိန်း၊ တတိယ ရရှိသူကို ငွေကျပ် သုံးသိန်း ချီးမြှင့်ခဲ့သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ချင်းယူနိုက်တက်အသင်းကို ဆုကြေး သိန်း ၁၅၀ ၊ ဒုတိယ ရရှိသော GFA အသင်းကို ဆုကြေး ၁၀၀၊ တတိယရရှိသော ယူ-၁၉ အသင်းကို ဆုကြေး သိန်း ၅၀ ချီးမြှင့်ခဲ့သည်။ ဂိုးသွင်း အများဆုံးကစားသမားဆုများကို ချီးမြှင့်ရာတွင် မြန်မာနေရှင်နယ်လိဂ်၌ ရန်ကုန် တိုက်စစ်မှူး ဆီဇာက သွင်းဂိုး ၂၀ ဖြင့် ဆုကြေး သိန်း ၂၀၊ မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲ၌ ရတနာပုံတိုက်စစ်မှူး ဇင်မင်းထွန်းက ၁၆ ဂိုးဖြင့် ငါးသိန်း၊ မြန်မာနေရှင် နယ်လိဂ်-၂ ပြိုင်ပွဲတွင် ချင်းတိုက်စစ် မှူး ကိသ်က ၁၅ ဂိုးဖြင့် ဆုကြေး ဆယ်သိန်း ရခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ယင်းဆုများကို ဆုရွေးချယ်ရေးအဖွဲ့နှင့် မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းများမှ နည်းပြများက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
mizzima
၂၀၁၃ မြန်မာ နေရှင်နယ်လိဂ် ဆုပေးပွဲနှင့် အကောင်းဆုံး ကစားသမားဆု ပေးအပ်ပွဲကို သြဂုတ်လ ၂၆ ရက် ညက သုဝဏ္ဏ ကွင်းတွင် ကျင်းပခဲ့ရာ ၂၀၁၃ခုနှစ် မြန်မာ နေရှင်နယ်လိဂ် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ယူနိုက်တက်မှ ဘရာဇီး တိုက်စစ်မှူး ဆီဇာက ရရှိ သွားခဲ့သည်။

ငြိမ်းချမ်းရေးရဖို့လို

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းမြောက်များစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားများသည် ဒေသစွဲ၊ အယူဝါဒစွဲ၊ အတ္တစွဲများဖြင့် လက်နက်ကိုင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းအတော် ကြာခဲ့ပါသည်။ ယခုအချိန်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေခဲ့ကြတာလည်း ယနေ့အချိန်ထိဖြစ်ပါသည်။ တကယ်တော့ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ မလွယ်ပါဘူး။ မလွယ်ရတဲ့အကြောင်းအရင်းက တစ်ဖက်နဲ့တစ်ဖက် သူသေကိုယ်သေတိုက်ခဲ့ကြတော့ နာကျည်းမှုဆိုတာတွေ ရှိနေလို့ပါ။ နာကျည်းမှုကိုအရင်းခံတဲ့ မယုံ သင်္ကာမှုတွေဖိစီးတာကြောင့် ဘယ်ဆွေးနွေးပွဲမဆို သံသယဆိုတာ ရှိစမြဲပါပဲ။ ဒီသံသယတွေကြောင့် ဆွေးနွေးပွဲတိုင်းမှာ အထစ်အငေါ့ဆိုတာတွေရှိနေပါတယ်။ ဒီ့ထက်ပိုပြီး ယခုအချိန်မှာ နိုင်ငံရေးပါတီတွေနဲ့ MPC တို့ဆွေးနွေးနေကြတာဟာ တဘက်ကကြည့်ရင်တော့ ကောင်းပါ တယ်၊ ကျန်တစ်ဖက်ကကြည့်ရင်တော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးမှု မှာတောင် မပြီးပြတ်နိုင်တဲ့ ငြင်းခုံစရာတွေရှိခဲ့တာဆိုတော့ နိုင်ငံရေးပါတီများပါလာချိန်တွင် အတ္တတွေဆန္ဒတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြာရှည်သွားရင်တော့ နိုင်ငံအတွက်မကောင်းပါ။ ဒါတွေကိုပါဝင်ဆွေးနွေးသူတွေက စေတနာနဲ့ ရိုးသားမှုရှိစွာဆွေးနွေးကြပြီး ငြိမ်းချမ်းရေးကြီးတကယ်ဖြစ်မြောက်ရင်တော့ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် လမ်းစတစ်ခု ဖြစ်သွားပါလိမ့်မယ်။ 

မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်းအများအပြား နုတ်ထွက်

ခြောက်လအတွင်း လေယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရသည့် မလေးရှားလေကြောင်းလိုင်းမှ ၀န်ထမ်း ၂၀၀ ခန့်က မိမိတို့၏ ဘေးအန္တရာယ်ကင်းရှင်းရေးအပေါ် စိုးရိမ်လာသောကြောင့် အလုပ်မှ နုတ်ထွက်သွားကြောင်း လေကြောင်းလိုင်းက သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။မလေးရှားလေကြောင်းလိုင်းအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ မှတ်တမ်းကောင်း များရှိခဲ့သော်လည်း မတ် ၈ ရက်က MH370 လေယာဉ်ပျောက်ဆုံးမှုနှင့် ဇူလိုင်၁၇ ရက်က MH17လေယာဉ် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။ထို့ကဲ့သို့ ဖြစ်ပွားခဲ့မှုများကြောင့် မိသားစုများက စိုးရိမ်ပူပန်မှုများဖြစ်လာကာ ၀န်ထမ်း ၁၈၆ ဦးက အလုပ်မှ နုတ်ထွက် သွားခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။“MH 17 လေယာဉ် ပစ်ချခံရအပြီးမှာ အလုပ်ထွက်တဲ့သူ ပိုများခဲ့ပါတယ်။ အခုတော့ ပုံမှန်လောက်ပဲ ရှိပါတော့ တယ်။  ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကြောင့် မိသားစုဝင်တွေက စိုးရိမ်ပြီး အလုပ်ထွက်ခိုင်းတယ် လို့ ၀န်ထမ်းတွေက ပြောပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပီအာရ်စနစ်ပြောင်းရေး သွေးရူးသွေးတန်း ထောက်ခံနေခြင်းမဟုတ်ဟု တစည တုံ့ပြန်

အနာဂတ်ရွေးကောက်ပွဲများတွင် တစ်မဲအသာ ရသူအနိုင်ယူစနစ်မှ အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ပြောင်းလဲကျင့်သုံးရန် လွှတ်တော်များ၏ စီစဉ်မှုကို သွေးရူးသွေးတန်း ထောက်ခံနေခြင်းမဟုတ်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းရီက တုံ့ပြန်ပြောဆိုလိုက် ပြောသည်။“ဟိုတုန်းကတည်းက စတင်ပြောဆို ထောက်ခံခဲ့တာပါ။ ယခုမှ သွေးရူးသွေးတန်းလိုက်ပြီး ပီအာရ်ကို ထပြောနေတဲ့ ပါတီတွေထဲမှာ ကျွန်တော်တို့ ပါတီ မပါပါဘူး”ဟု သြဂုတ်၂၅ရက် မကွေးတိုင်း တစညပါတီရုံး၌ ကျင်းပသည့် ၂၀၁၅ ပါတီအောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။တစညက စနစ်ပြောင်းလဲကျင့်သုံးရန် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန်ကာလ ၂၀၀၇ ခုနှစ်အတွင်း ကျင်းပသည့် အမျိုးသားညီလာခံကတည်းကပင် ထောက်ခံထားသည်ဟု ဦးထွန်းရီက ဆိုသည်။ အဆိုပါ အမျိုးသားညီလာခံသည် လက်ရှိ၌ ပြင်ဆင်ရန်ကြိုးပမ်းနေသည့် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲပေးလိုက်ခြင်းဖြစ်သည်။

ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးအား KIA အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ တုံပင်ကျေးရွာအနီးတွင် သြဂုတ် ၂၄ ရက်နေ့၌ ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ တုံပင်ကျေးရွာနေ ရှမ်းတိုင်းရင်းသားတစ်ဦးသည် တူမီးသေနတ်ဖြင့် တောလည်သွားစဉ် နေ့လယ် ၃ နာရီခွဲခန့်အချိန် တောအုပ်ထဲ၌ KIA အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သူက မုဆိုးပါ၊ အမြဲတမ်း တောလည်နေတာ၊ ဟိုတစ်နေ့က ရွာအပြင်တောအုပ်ထဲမှာ သေနတ်သံ သုံးလေးချက်ကြားတာနဲ့ ရွာကလူတွေ သွားကြည့်တော့ သေနတ်မှန်ပြီး သေနေတာတွေ့တယ် ” ဟု တုံပင် ရွာသား တစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေး အိမ်မက်မှ မလန့်နိုးစေချင်

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း နိုင်ငံသားတိုင်း မျှော်လင့်နေကြသည့် အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေး ရရှိတော့မှာ ဖြစ်သည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ရပါတယ်။အခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဆွေးနွေးပွဲများကို ကြည့်မယ်ဆိုရင်လည်း တော်တော်လေး ခရီးရောက်နေကြပါပြီ။ရှေ့ဆက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများမှာ နှစ်ဦးနှစ်ဖက်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားမှု၊ ယုံကြည်မှု၊သစ္စာရှိမှု နှင့် ဆွေးနွေးသူ သည် တာဝန်ခံမှု၊ တာဝန်ယူမှု စသည်တို့ရှိမှသာလျှင် အောင်မြင်မှု ပိုမိုရရှိမှာ ဖြစ်ပါတယ်။

ယုံကြည်မှု အပြန်အလှန် ရရှိစေဖို့ အစိုးရ၊တပ်မတော် အပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အခြားနိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံသားတွေအပိုင်းကပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မယ့် လမ်းတွေ ပွင့်ဖို့လည်း လိုအပ်နေပါတယ်။အခုအခါမှာ အစိုးရအား တိုင်းရင်းသားတို့ဘက်မှ တောင်းဆိုသည့် အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်းကို လက်ခံပေးထားသလို တိုင်းရင်းသားတွေဘက်ကလဲ ဒိုတာဝန်အရေး(၃)ပါး အား လက်ခံပေးထားကြပါတယ်။ဒါဟာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု အရိပ်အရောင်တွေပါဘဲ။နှစ်ဖက်စလုံးမှာ ယုံကြည်မှုကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးပန်တိုင်အား လျောက်လှမ်းစေချင်ပါတယ်။

အပစ်ရပ်စာချုပ်ပေါ်မှာ ခိုင်မာစွာ လက်မှတ်ရေးထိုးနိုင်ဖို့ နှစ်ဖက်စလုံးက တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု တွေကို အောင်မြင်အောင် ဆွေးနွေးစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်တွေက အပစ်ရပ်ဖို့ အရမ်းအရေးပါ ပါတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးမှ ပြန်လည်ခွဲထွက်ခြင်း၊လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းများ ပြန်လည်မဖြစ်စေဖို့ သေချာစွာ ညှိနှိုင်းစေလိုပါတယ်။ တပ်ပိုင်းဆိုင်ရာ အချက်အလက်တွေ ဖြစ်သည့် နယ်မြေခွဲဝေသတ်မှတ်ခြင်း၊တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များ၊တပ်အင်အား တိုးချဲ့မှုများ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု တွေရှိဖို့ လိုအပ်လာသလို ကတိကဝတ်များဖြင့် ဆောင်ရွက်ဖို့ လိုပါတယ်။တပ်ပိုင်းဆိုင်ရာ နယ်မြေခွဲဝေမှုတွေ ရှိလာခဲ့မယ်ဆိုရင် ထိုမှတဆင့် အာဏာခွဲဝေမှု အပိုင်းသို့ ဖြစ်မသွားစေလိုပါ။ နိုင်ငံတော်အတွင်း တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း၍ စည်းလုံးညီညွတ်မှုရှိမှသာလျင် နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။နယ်မြေဒေသအတွင်း တရားဥပဒေစိုးမိုးရေး ရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ စတင်ဆောင်ရွက်လာတာ ၂၀၁၁ မှစ၍ ယခုအချိန်အထိ ၃ နှစ်တာကာလကို ကျော်လွန်လာပါပြီ။ဒီကာလ အတောအတွင်းမှာ နှစ်ဖက်စလုံးမှ စိတ်အားထက်သန်စွာ ကြိုးစားလာခဲ့တာကို တွေ့မြင်ရပါတယ်။ထိုမှတဆင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ အခြေခံသဘောထားတွေရရှိလာကာ ဆက်လက်ပြီး အောင်မြင်အောင် ဆောင်ရွက်လာနိုင်ဖို့ နှစ်ဦးနှစ်ဖက်မှ ညီတူမျှတူစွာ ဆွေးနွေးတိုင်ပင်စေလိုပါတယ်။နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးမှုလမ်းစဉ်ပေါ်မှာ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးကြောင့် ခရီးမနှောင့်နှေးစေလိုပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ တဖြည်းဖြည်း တိုးတက်လာသလို ဆွေးနွေးရန် ကျန်ရှိသည့် အပိုင်းတွေကလဲ အဓိကကျတာဖြစ်လို့ ယုံကြည်မှုနဲ့ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။အဓိက တိုင်းရင်းသားတွေဘက်က သံသယစိတ်တွေကို လျော့ချဖို့လိုပါတယ်။နှစ်ဦးနှစ်ဖက်မှာ အမြင်မတူတာတွေ ရှိပေမယ့် ပြည်ထောင်စု နိုင်ငံတော်ကြီး ပြိုကွဲမသွားဖို့ပါ။ ဒီလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်များဟာ ဆွေးနွေးရင်း အဖြေရှာရင်းနဲ့ တိုးတက်လာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ ယူဆရသလို၊ နိုင်ငံရေး ဆွေးနွေးပွဲများဆီကိုလည်း တက်လှမ်းနိုင်တော့မယ်လို့ ယူဆရပါတယ်။ဒီလိုမှမဟုတ်ဘဲ သံသယစိတ်တွေ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ လမ်းခုလတ်မှာ ရပ်သွားမယ်ဆိုရင် ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းရေးအိမ်မက်ကြီး ပျက်သွားနိုင်ပြီး နောင်မျိုးဆက်များအတွက်လည်း တာဝန်မကျေရာကြမည် ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ပါတယ်။

Credit:ထွန်းနိုင်ဝင်း

“ မီဒီယာသမား ဘာမှားနေသလဲ ”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာပြီး သမ္မတ ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အမေရိကန် ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောသွားပါတယ်။ အဲဒီ အထဲမှာ ယူနတီ ဂျာနယ် သတင်းထောက်တွေကို ထောင်(၁၀) နှစ်စီ ချလိုက်တဲ့ ကိစ္စ အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အစိုးရရဲ့ သတင်းမီဒီယာ အပေါ် ဖိနှိပ်နေမှု ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြည်ထဲရေးနဲ့ အစိုးရဘက်က သတင်းမီဒီယာတွေ အပေါ် ဘယ်လို ဖိနှိပ်နေတယ် ဆိုတာနဲ့ ပါတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ ရေးကြ၊သားကြ ဖော်ပြကြတာမို့ သိပ် အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဒါပေမယ့် မြန်မာ့သတင်းမီဒီယာ လောက ဆိုတာကလည်း ချောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး။ မီဒီယာဘက်ကလည်း အမှားတွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် မီဒီယာသမားတွေဘက်က မှားနေတဲ့ကိစ္စ၊ မီဒီယာတွေကိုယ်တိုင် ပြန်ဖော်ပြတာမျိုးကလည်း ဒီနိုင်ငံမှာ အလွန်ရှားပါတယ်။ မီဒီယာ သမား ဘာတွေ မှားနေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ရန်ကုန်စည်ပင်ကို ဖျက်သိမ်းပစ်ရန် တိုင်းလွှတ်တော်သို့ အရေးကြီးသည့် အဆိုတင်သွင်း

YCDC

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဥပဒေဘောင်ကို ကျော်လွန်လုပ်ကိုင်နေသောကြောင့် ဖျက်သိမ်းရန်နှင့် အသစ်ပြန်ဖွဲ့ရန်လိုသည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းလွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းလိုက်သည်။
လက်ရှိကော်မတီသည် လုပ်ပိုင်ခွင့်မရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ရေးဆွဲခြင်း၊ အဆိုပါနည်းဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ နိုင်ငံသားများ၏ အခွင့်အရေးကို ဆန့်ကျင်နေခြင်း၊ ဌာနအသီးသီးကလည်း ကော်မတီ၏ အမိန့်၊ ညွှန်ကြားချက်တို့ကို လိုက်နာအကောင်အထည်ဖော်နေရခြင်းတို့ကြောင့် ကော်မတီကို ဖျက်သိမ်းပစ်ရန် သြဂုတ် ၂၆ ရက်တွင် အဆိုတင်သွင်းလိုက်ခြင်းဖြစ်သည်။

မလေးရှားရှိ စက်ရုံလုပ်သားများ ဆူပူအုံကြွမှုတွင် မြန်မာလုပ်သားများပါဝင်

Photo: မလေးရှားရှိ စက်ရုံလုပ်သားများ ဆူပူအုံကြွမှုတွင် မြန်မာလုပ်သားများပါဝင်
Wednesday, August 27, 2014

မလေးရှားနိုင်ငံ၊ ကူလိုင်းဂျာရာမြို့ရှိ HDD အီလက်ထရွန်နစ်စက်ရုံတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများ အပါအ၀င် အလုပ်သမား ၈၀၀ ကျော်သည် အလုပ်ရှင်၏ ဖိနှိပ်မှု များကြောင့် ဆူပူများဖြစ်ပွားရာ စက်ရုံကို ဖျက်ဆီးကာ ကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြထား သည်။

သြဂုတ်လ ၂၆ ရက် နံနက် တွင် HDD စက်ရုံ၌ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ လုပ်သား ၈၀၀ ခန့်သည် အလုပ် ရှင်၏ ဖိနှိပ်မှုများကြောင့် စက်ရုံကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အလုပ်ရှင်၏ ကားကို မီးရှို့ခဲ့သောကြောင့် သက်ဆိုင်ရာ သံရုံးများက လာရောက်၍ ဖြေ ရှင်းမှုများပြုလုပ်ပေးနေကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြ သည်။

အလုပ်ရှင်၏ ရင့်သီးစွာ ဆက်ဆံခြင်း၊ နိုင့်ထက်စီးနင်းခြင်းတို့ကြောင့် နီပေါနိုင်ငံသားဖြစ်သူ Kishor Rai က ဦးဆောင်၍ ဆူပူ မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း The Star သတင်းဌာနက ဖော်ပြ သည်။

‘‘သံရုံးကို အကြောင်းကြား လို့ သံရုံးက အခင်းဖြစ်ပွားတဲ့နေ ရာကို သွားပြီးဖြေရှင်းပေးနေပါ တယ်။ ဖျက်ဆီးမှုမှာ မြန်မာလုပ် သားတွေ ဘယ်လိုကစဖြစ်တယ် ဆိုတာတော့ မသိသေးပါဘူး’’ ဟု မလေးရှားနိုင်ငံ မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကားမီးရှို့ဖျက်ဆီးတာကို မြန်မာလုပ်သားတွေက လုပ်တယ် လို့ မလေးရှားသတင်းစာတွေက ရေးထားကြတယ်။ အဲဒီစက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြဿနာဖြစ်နေတာ ကြာနေပြီ’’ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်နေထိုင်သော ကိုမျိုးမင်းက ပြောသည်။

ဆူပူအုံကြွမှုဖြစ်ပွားခဲ့ရာ စက်ရုံအတွင်းမှ အလုပ်သမားများ (ဓာတ်ပုံ − The Star)

7Day Daily

ဆူပူအုံကြွမှုဖြစ်ပွားခဲ့ရာ စက်ရုံအတွင်းမှ အလုပ်သမားများ (ဓာတ်ပုံ − The Star)
မလေးရှားနိုင်ငံ၊ ကူလိုင်းဂျာရာမြို့ရှိ HDD အီလက်ထရွန်နစ်စက်ရုံတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာလုပ်သားများ အပါအ၀င် အလုပ်သမား ၈၀၀ ကျော်သည် အလုပ်ရှင်၏ ဖိနှိပ်မှု များကြောင့် ဆူပူများဖြစ်ပွားရာ စက်ရုံကို ဖျက်ဆီးကာ ကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြထား သည်။သြဂုတ်လ ၂၆ ရက် နံနက် တွင် HDD စက်ရုံ၌ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ လုပ်သား ၈၀၀ ခန့်သည် အလုပ် ရှင်၏ ဖိနှိပ်မှုများကြောင့် စက်ရုံကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အလုပ်ရှင်၏ ကားကို မီးရှို့ခဲ့သောကြောင့် သက်ဆိုင်ရာ သံရုံးများက လာရောက်၍ ဖြေ ရှင်းမှုများပြုလုပ်ပေးနေကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြ သည်။

UNFC ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပို့

ပထမဆုံးအကြိမ် ပြုလုပ်နေသော ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရေးရှင်း ကောင်စီ(UNFC) ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က ပုဂ္ဂိုလ်ရေးသ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် မဟုတ်ဘဲ ၎င်း၏ သဘောထားအမြင်များကို ပုဂ္ဂိုလ်ရေးအရ သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း UNFC တွဲဖက်အ ထွေထွေအတွင်းရေးမှူး(၂) ဗိုလ် မှူးကြီး ခွန်ဥက္ကာက 7 Day Daily အား ပြောသည်။‘‘ပါတီအနေနဲ့မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ သဘောထားကို ပေးပို့တာပါပဲ’’ဟု ဆိုသည်။
UNFC ၏ ပထမအကြိမ် ညီ လာခံကို ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် သြဂုတ် ၂၅ ရက်မှစတင်၍ လေးရက်ကြာပြုလုပ်နေသည်။ ညီ လာခံပထမရက်တွင် အစီရင်ခံစာ ဖတ်ကြားခြင်း၊ အမှာစကားပြော ကြားခြင်းများ ပြုလုပ်ခဲ့ပြီး ဒုတိယ နေ့တွင် UNFC မှ ကျင့်သုံးနေ သော ဖွဲ့စည်းပုံဥပဒေကို အခန်း (၂) အထိ ပြင်ဆင်မွမ်းမံခဲ့ ကြောင်း သတင်းရရှိသည်။ ညီ လာခံကာလအတွင်း UNFC ခေါင်းဆောင်ပိုင်းကို ပြန်လည် ရွေးချယ်သွားမည်ဖြစ်သည်။

ကနေဒါအစိုးရက မြန်မာနိုင်ငံကို စီးပွားရေးအထူးအခွင့်အလမ်းများရှိသော ဈေးကွက်အဖြစ် သတ်မှတ်

ကနေဒါအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ ကနေဒါဈေးကွက်လှုပ်ရှားမှုအစီအစဉ် (GMAP) တွင် မြန်မာနိုင်ငံကို ကနေဒါစီးပွားရေး လုပ်ငန်းများအတွက် အထူးအခွင့် အလမ်းများရှိသော ဈေးကွက်အ ဖြစ် သတ်မှတ်လိုက်ကြောင်း ကနေဒါသံရုံးမှ သတင်းရရှိသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တု၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ များ အခြေခံအဆောက်အအုံကဲ့သို့ ကဏ္ဍများမှာ ကနေဒါစီးပွားရေး လုပ်ငန်းများအတွက် ထင်ရှား သော အခွင့်အလမ်းများရှိနေခြင်း ကြောင့် မြန်မာနိုင်ငံကို အထူးစီး ပွားရေးဈေးကွက်အဖြစ် သတ် မှတ်လိုက်ခြင်း ဖြစ်သည်။ကမ္ဘာလုံးဆိုင်ရာ ကနေဒါ ဈေးကွက်လှုပ်ရှားမှုအစီအစဉ်၏ အာရှပစိဖိတ်ဒေသအတွင်း ကနေဒါစီးပွားရေးလုပ်ငန်းများအတွက် အထူးအခွင့်အလမ်းများရှိနေ သော နိုင်ငံအဖြစ် မွန်ဂိုလီးယားနှင့်မြန်မာနိုင်ငံကို သတ်မှတ်ထား သည်။
အာရှပစိဖိတ်ဒေသသည် ကမ္ဘာ့ပေါ်တွင် ဈေးကွက်ဖွံ့ဖြိုးမှုအကြီးမားဆုံးဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ကနေဒါအစိုးရအနေဖြင့် ကနေဒါစီးပွားရေးလုပ်ငန်းများအတွက် အကြီးမားဆုံး ဈေးကွက်အလားအလာကိုရရှိနိုင်ရန် ဦးတည်ကြိုးပမ်းနေခြင်းဖြစ်သည်။

ဘိန်းစိုက်ပျိုးမှု တရားဝင်ခွင့်ပြုရန် လုံးဝမဖြစ်နိုင်ဟု ဦးရဲထွဋ်ပြော

မြန်မာနိုင်ငံတွင် ဘိန်း ကို တရားဝင်စိုက်ပျိုးခွင့်တောင်း ဆိုသူများအား ခွင့်ပြုရန်ကိစ္စမှာ လုံးဝမဖြစ်နိုင်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောကြားလိုက်သည်။ပြီးခဲ့သည့် သီတင်းပတ်က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးဗဟိုဌာနတွင် ကျင်းပ သောပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ တွေ့ဆုံပွဲတွင် ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ ဦးခွန်စိုးမြင့်က ဘိန်းကိုလွတ်လွတ်လပ် လပ် စိုက်ပျိုးခွင့်ပြုရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။ဘိန်းကို တရားဝင်စိုက်ပျိုး ခွင့်တောင်းခြင်းမှာ ဘိန်းစိုက်တောင်သူများသည် အစိုးရနှင့် လက်နက် ကိုင်တပ်များကိုပါ အခွန်ပေးဆောင်ပြီး စိုက်နေရသဖြင့် တရားဝင်စိုက်ပျိုးခွင့်ပေးသင့် ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မ ကောင်းသည့်အတွက် အခြားအစားထိုးသီးနှံစိုက်ပျိုးရန်လည်း ခက်ခဲကြောင်း ဦးခွန်စိုးမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အွန်လိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့သည့် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် လူသတ်မှုမှ ပါဝင်ပတ်သက်သူများအနက် အသက်မပြည့်သူ နှစ်ဦးကို ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံ

Photo: အွန်လိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့သည့် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် လူသတ်မှုမှ ပါဝင်ပတ်သက်သူများအနက် အသက်မပြည့်သူ နှစ်ဦးကို ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံ
Wednesday, August 27, 2014

အွန်လှိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံနှံ့ခဲ့သည့် လှိုင်သာယာမြို့နယ် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် လူသတ်မှုဖြစ်စဉ်မှ ပါဝင်ပတ်သက်သူ ငါးဦးအနက် အသက်မပြည့်သည့် လူငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးက သြဂုတ် ၁၈ ရက်တွင် ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း ယင်းတရားရုံးမှ သိရသည်။
အဆိုပါ အသက်မပြည့်သူ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကို သြဂုတ် ၁၈ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး ယင်းနေ့တွင်ပင် ခံဝန်ပေး၍ မိဘများသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

“သူတို့ကို တရားစွဲတဲ့နေ့မှာပဲ ခံဝန်ပေးလိုက်တယ်။ တရားစွဲခံရတဲ့ လူငယ်နှစ်ဦးက ရှေ့နေငှားဖို့ အခက်အခဲ ရှိတဲ့အတွက် မြို့နယ်တရားရုံးကနေ အစိုးရရှေ့နေလိုက်ပေးဖို့ ဥပဒေရုံးကို အကြောင်းကြားစာပေးဖို့ ထားပါတယ်။ နောက်ပြီး စက်တင်ဘာ ၃ ရက်ကို ရုံးချိန်းခေါ်ထားပါတယ်” ဟု လှိုင်သာယာမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါလူသတ်မှုတွင် ပါဝင်သည့် သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုတို့အား မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး(၂)တွင် သြဂုတ် ၂၂ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုဘက်မှ မလာနိုင်၍ စက်တင်ဘာ ၃ ရက်တွင် ရုံးပြန်ချိန်းခဲ့ကြောင်း သိရသည်။
ယင်းအမှုဖြစ်စဉ်မှာ ဇွန် ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ၁၉ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေ ကိုထွန်းနိုင်ဝင်း (၃၃) နှစ်သည် ယင်းရပ်ကွက်နေ ကိုဇော်၊ နိုင်လင်းတို့နှင့်အတူ ယင်းမြို့နယ် ၁၉ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းဘေးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် ဘေးဝိုင်းမှ အမည်မသိလူငယ်ငါးဦးမှ စကားပြောကျယ်သဖြင့် ကိုထွန်းဝင်းနိုင်က “ဒီဘက်ဝိုင်းက စကားပြောကျယ်တယ်၊ ရဲစခန်းအကြောင်းကြားပေးပါ” ဟု ဆိုင်ရှင်ထိုင်သည့် စားပွဲကောင်တာဘက်သို့ လှမ်းပြောခဲ့ကြောင်း သိရသည်။
ယင်းသို့ပြောပြီး ၁၀ မိနစ်ခန့်အကြာတွင် အဆိုပါလူငယ်ငါးဦးသည် ဆိုင်ပြင်သို့ထွက်သွားခဲ့ပြီး ခဏအကြာတွင် ဆိုင်အတွင်းရှိ ကိုထွန်းနိုင်ဝင်းတို့ထိုင်သောဝိုင်းသို့ ပြန်လည်ရောက်ရှိလာကာ “မင်းလားကွ” ဟုမေးပြီး ကိုသန်းဇော်ဦးအား ဓားဖြင့်ထိုး၊ ထွန်းနိုင်ဝင်းနှင့် ကိုဇော်တို့အား ဓာတ်ဘူးဖြင့်ဝိုင်းရိုက်၊ လက်သီးဖြင့်ထိုးကြိတ်ကာ ထွက်သွားခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့်ထိုးခံရမှုကြောင့် ကိုသန့်ဇော်ဦးမှာ နံစောင်း၊ ခါးစောင်း၊ နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး ကိုထွန်းနိုင်ဝင်းနှင့် ကိုဇော်တို့မှာလည်း ပေါက်ပြဲ၊ ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား လှိုင်သာယာမြို့မ ရဲစခန်းက (ပ)၁၈၆/၁၄ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ကျူးလွန်သူများမှာ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်တွင် နေကြသည့် ဖြိုးကို (၁၈)နှစ်၊ သက်မောင်မောင် (၁၈)နှစ်၊ မောင်---(၁၇)နှစ်၊ မျိုးဇော်(၂၄)နှစ်နှင့် မောင်---(၁၃)နှစ်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ ဓားဖြင့်ထိုးပြီး လူသတ်ခဲ့သည့်ဖြစ်စဉ်ကို လူမှုကွန်ရက် စာမျက်နှာများတွင် ရုပ်သံဗီဒီယိုဖိုင်များ ပျံ့နှံ့ခဲ့ကာ ကြည့်ရှု့ခဲ့သူများအနေဖြင့် ရန်ကုန်မြို့တွင်း နေထိုင်ရမှုမှာ လှုံခြုံမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်သည့် ဖြစ်စဉ်တစ်ခုဟု သုံးသပ်မှုများ ရှိခဲ့သည်။

အသက်မပြည့်သူ လူငယ်နှစ်ဦးကို စစ်ဆေးနေသည့် လှိုင်သာယာမြို့နယ် တရားရုံးအား သြဂုတ် ၂၆ ရက်က တွေ့ရစဉ်
Eleven Media Group
အသက်မပြည့်သူ လူငယ်နှစ်ဦးကို စစ်ဆေးနေသည့် လှိုင်သာယာမြို့နယ် တရားရုံးအား သြဂုတ် ၂၆ ရက်က တွေ့ရစဉ်
 အွန်လှိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံနှံ့ခဲ့သည့် လှိုင်သာယာမြို့နယ် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် လူသတ်မှုဖြစ်စဉ်မှ ပါဝင်ပတ်သက်သူ ငါးဦးအနက် အသက်မပြည့်သည့် လူငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးက သြဂုတ် ၁၈ ရက်တွင် ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း ယင်းတရားရုံးမှ သိရသည်။
အဆိုပါ အသက်မပြည့်သူ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကို သြဂုတ် ၁၈ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး ယင်းနေ့တွင်ပင် ခံဝန်ပေး၍ မိဘများသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်

Photo: ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်
Wednesday, August 27, 2014

ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ်တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(JICA) မှ ကူညီထောက်ပံ့သည့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ ဖော်ထုတ်ရေးကိရိယာ ExplosiveTrace Deteation System (ETDS) များကို ရန်ကုန်လေဆိပ် နှင့် မန္တလေးလေဆိပ်တို့တွင် စတင်အသုံးပြုရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ JICA မှ သြဂုတ် ၂၆ ရက်၌ စ တင်လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခင်က မြန်မာနိုင်ငံ၏ လေဆိပ်များတွင် ဓားကဲ့သို့သော သံ နှင့် သတ္တုပစ္စည်းများစစ်ဆေး သော Walk Through များအ ထုပ်အပိုးများ၏ အတွင်းပိုင်းကိုစစ်ဆေးနိုင် X-Ray စက်များကို သာတပ်ဆင်ထားသည်။

‘‘အခုတပ်ဆင်တဲ့စက်က တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို စစ်ဖို့အတွက်ပါ။ အဓိကတော့ ယမ်းလိုဟာမျိုးတွေ ပါလာမှုရှိ၊မရှိကို စစ်ဆေးဖို့အ တွက်ပါ’’ဟု လေကြောင်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းကပြောသည်။

ယင်းစက်များသည် မြန်မာ နိုင်ငံ၏ လေဆိပ်များတွင် ပထမ ဆုံးတပ်ဆင်အသုံးပြုသည့်စက် များဖြစ်သည်ဟု ဦးဝင်းဆွေထွန်း ကဆိုသည်။

X-Ray စက်ကို ဖြတ်သန်း ပြီးသော အထုပ်အပိုးများတွင် မ သင်္ကာဖွယ်ရာတွေ့ရှိပါက ယင်း စက်နှင့် စစ်ဆေးမည်ဖြစ်ပြီး ယင်း စက်မှ ပေါက်ကွဲစေတတ်သော ပစ္စည်းများပါဝင်မှု ရှိ၊ မရှိ တိုက် ရိုက်စစ်ဆေးနိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘စက်နဲ့ စစ်တဲ့အခါမှာ လွန် ခဲ့တဲ့ ခြောက်လလောက်က အဲဒီ အိတ်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကိုထည့်ပြီး အသုံးပြု ထားတယ်ဆိုရင်တောင်မှ ဒီစက် က သိနိုင်တယ်’’ဟု ရန်ကုန်လေ ဆိပ်တွင် စစ်ဆေးရေးတာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

ဂျပန်နိုင်ငံ JICA မှာ မြန်မာ လေကြောင်းကဏ္ဍတွင် ကူညီ ထောက်ပံ့ရန်၂၀၁၂ ခုနှစ်က Grant Agreement ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်အ ရ စီမံကိန်းတစ်ခုဖြင့် ယခုတပ် ဆင်ထားသော ETDS စက်အပြင် လေကြောင်းလမ်းညွှန်စက်များ ဖြစ်သည့် VOR/DME စက်များ လေဆိပ်သုံးမီးသတ်ကားများ၊ လေယာဉ်ပြေးလမ်းမီးများ၊ အလို အလျှောက်ရာသီဥတုတိုင်းတာ သည့် စက်များ၊ လေယာဉ်ပြေး လမ်းမျက်နှာပြင် ကြမ်းတမ်းမှု တိုင်းတာသည့် စက်များစသည့် တို့ကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖောက်ခွဲရေးပစ္စည်းများရှာဖွေနိုင်သောစက်ကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်(ဓာတ်ပုံ − ခန့်ထက်)
7Day Daily

ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့်မန္တလေးလေဆိပ်တွင် နှစ်ခုစတင် အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(JICA) မှ ကူညီထောက်ပံ့သည့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ ဖော်ထုတ်ရေးကိရိယာ ExplosiveTrace Deteation System (ETDS) များကို ရန်ကုန်လေဆိပ် နှင့် မန္တလေးလေဆိပ်တို့တွင် စတင်အသုံးပြုရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ JICA မှ သြဂုတ် ၂၆ ရက်၌ စ တင်လွှဲပြောင်းပေးအပ်ခဲ့သည်။

လစ်ဗျားရှိ စစ်သွေးကြွ တပ်ဖွဲ့များကို UAE တိုက်လေယာဉ်များ ဗုံးကြဲ

Photo: လစ်ဗျားရှိ စစ်သွေးကြွ တပ်ဖွဲ့များကို UAE တိုက်လေယာဉ်များ ဗုံးကြဲ
Wednesday, August 27, 2014

လစ်ဗျားနိုင်ငံ အတွင်းရှိ စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံက တိုက်လေယာဉ်များ စေလွှတ် ကူညီခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သည်။

ဩဂုတ် (၂၆)ရက်တွင် အမေရိကန် အာဏာပိုင်များက UAE အနေဖြင့် လစ်ဗျားအစိုးရကို ကူညီကာ အစွန်းရောက် စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဂျစ်နိုင်ငံရှိ လေကြောင်း အခြေစိုက် စခန်းများကို အသုံးပြုကာ UAE ၏ တိုက်လေယာဉ်များက လစ်ဗျားပိုင်နက်အတွင်း ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

လစ်ဗျားအစိုးရသည် နိုင်ငံအတွင်း၌ အုံကြွလာသည့် စစ်သွေးကြွများကို တွန်းလှန် ထိန်းချုပ်နိုင်ရန် ခက်ခဲစွာ ရုန်းကန်နေရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လစ်ဗျားရှိ စစ်သွေးကြွ စခန်းများကို တိုက်လေယာဉ်များက အနည်းဆုံး (၂)ကြိမ်မျှ ဗုံးကြဲခဲ့သည်။ “ဒီတိုက်ခိုက်မှုတွေကို UAE က တာဝန်ယူတာပါ”ဟု အမေရိကန် အရာရှိ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ၎င်းက အဆိုပါ ဖြစ်ရပ်ကို ဖော်ပြသည့် New York Times ၏ သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း UAE ၏ ဗုံးကြဲမှုအတွက် အမေရိကန်က ပါဝင်ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုသွားသည်။

UAE သည် အမေရိကန်လုပ် တိုက်လေယာဉ်များနှင့် ခေတ်မီ စစ်လက်နက်များကို ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ ဝယ်ယူထားသည့် နိုင်ငံဖြစ်သည်။ UAE လေတပ်တွင် အမေရိကန်၏ တိုက်လေယာဉ်များ၊ လေထဲတွင် ဆီဖြည့်နိုင်သည့် လေယာဉ်များ ရှိနေပြီး လစ်ဗျားရှိ သူပုန်များကို ဗုံးကြဲရာတွင် အီဂျစ်အစိုးရက အထူးခွင့်ပြုချက်ဖြင့် UAE တိုက်လေယာဉ်များကို တပ်စွဲခွင့် ပေးခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
လစ်ဗျားနိုင်ငံ အတွင်းရှိ စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံက တိုက်လေယာဉ်များ စေလွှတ် ကူညီခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သည်။
ဩဂုတ် (၂၆)ရက်တွင် အမေရိကန် အာဏာပိုင်များက UAE အနေဖြင့် လစ်ဗျားအစိုးရကို ကူညီကာ အစွန်းရောက် စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဂျစ်နိုင်ငံရှိ လေကြောင်း အခြေစိုက် စခန်းများကို အသုံးပြုကာ UAE ၏ တိုက်လေယာဉ်များက လစ်ဗျားပိုင်နက်အတွင်း ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း မြေယာများ တရားဝင်သတင်း မထွက်မီ ကြိုတင်ဝယ်ယူမှုများရှိ

Photo: ရန်ကုန်မြို့သစ် စီမံကိန်း မြေယာများ တရားဝင်သတင်း မထွက်မီ ကြိုတင်ဝယ်ယူမှုများရှိ
Wednesday, August 27, 2014

အငြင်းပွားဖွယ် ဖြစ်နေသည့် ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတွင် ပါဝင်သောမြေများမှာ လျှို့ဝှက်ထားသည် ဆိုသော်လည်း တရားဝင် သတင်းမထွက်ခင်ကတည်းက အရောင်းအ၀ယ် နေ့စဉ်ဖြစ်နေသည်မှာ ၂ လခန့် ရှိနေပြီ ဖြစ်ကြောင်း ယင်းနေရာများတွင် လယ်မြေယာမြေ အကျိုးဆောင်လုပ်နေသော ပွဲစားများက ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ်သတ်၍ တရားဝင် သတင်းထွက်ပေါ်ခဲ့သည်မှာ ယခုလ ၂၂ ရက်နေ့ကဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မြို့တော်ဝန် ဦးလှမြင့်က သွားရောက် အသိပေးခဲ့ခြင်း ဖြစ်သည်။

ကြည့်မြင်တိုင်၊ ဆိပ်ကြီး ခနောင်တိုနှင့် တွံတေးမြိ့နယ်များရှိ မြေဧက ၃သောင်းတွင် အကောင်အထည် ဖော်မည်ဟုဆိုသော လျှို့ဝှက်ထားသည် ဆိုသည့် အဆိုပါ စီမံကိန်းသတင်း ထွက်ပေါ်လာသည်မှာ ၁ ပတ်မျှပင် ရှိသေးသော်လည်း ယင်းဧရိယာရှိ မြေများမှာ အရောင်းအဝယ်များ ကြိုတင်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

“ဒီသုံးနှစ်အတွင်း အဖြစ်အများဆုံးက အခု ၂ လအတွင်းပဲ။ အရောင်းအ၀ယ်က နေ့တိုင်းဖြစ်တယ်။ ကျနော်တို့ လချီနေပြီ။ တနေ့မှ ပွဲမပျက်သွားဘူး။ ပွဲဖြစ်တာ အနည်းအများပဲ ကွာတယ်” ဟု စီမံကိန်း မြေများ အရောင်းအ၀ယ် ဖြစ်နေသည့် အခြေအနေနှင့် ပတ်သတ်၍ လယ်မြေ၊ ရွာမြေ အကျိုးဆောင်လုပ်ငန်းကို ထိုနေရာတွင် လုပ်ကိုင်နေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်သော ဒေသခံ ချောင်းဝရွာသား ကိုမောင်ကြည်က ပြောသည်။

ယခုလက်ရှိအချိန်တွင်  အရောင်းအ၀ယ် ဖြစ်နေသည်မှာ စီမံကိန်းဧရိယာပါ ရန်ကုန်-တွံတေး ကားလမ်းမဘေး ကပ်လျှက် လယ်မြေများနှင့် အတွင်းပိုင်းကျသော ရွာမြေ၊ လယ်မြေများ ဖြစ်ကြောင်း၊ ထိုအထဲတွင် အတွင်းပိုင်းကျသော မြေများ ပိုမို အရောင်းအ၀ယ် ဖြစ်နေကြောင်း ၎င်းက ပြောသည်။

မြေဈေးနှုန်းများမှာ လမ်းဘေးမေးတင် မြေဆိုပါက တဧကလျှင် ကျပ်သိန်း ၁၂၀၀ အထိ ပေါက်ပြီး ဈေးအရောင်းအ၀ယ် တည့်သွားသည်များလည်း ရှိကြောင်း၊ လမ်းမနှင့် ၁ မိုင်နီးပါးမျှဝေးသော မြေများမှာ ၁ ဧကလျှင် ကျပ်သိန်း ၅၀၀ ၀န်းကျင် ပေါက်ကြောင်း သိရသည်။

ရွာမြေဈေးနှုန်းများမှာ လယ်မြေဈေးနှုန်းထက် မြင့်ပြီး ၁ ပေပတ်လည်ဈေးနှင့် ဈေးဖွင့်ကြောင်း၊ လက်ရှိပေါက်ဈေးမှာ ၁ ပေပတ်လည်လျှင် ကျပ်၂ သိန်းခွဲနှင့် ၃ သိန်းကြား ပေါက်လျှက်ရှိသည်။

ဈေးနှုန်းပေါက်ဈေးမှာ ယခုအချိန်တွင် ရက်အလိုက် မြင့်တက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ကိုမောင်ကြည်က “တနေ့ကို ၁၀ သိန်း ၁၅ သိန်းလောက် တက်တယ်။ ဒီနေ့ သိန်း ၂၀၀ ခေါ်တဲ့သူက နောက်နေ့ သိန်း ၂၂၀၊ ၂၁၀ ခေါ်နေကြတယ်” ဟု ပြောသည်။

ရွာမြေဈေးနှုန်းများ အမြင့်ဈေးပေးဝယ်မှုများ ရှိခြင်းကြောင့် အချို့သော ရွာသားများမှာ ဈေးအမြင့် စောင့်နေကြသူများလည်း ရှိနေကြသေးသည်။

“ရွာမြေက ရှိကိုမရှိတော့တာ။ ကုန်သလောက်ကို ဖြစ်သွားတာ။ ရွာကွက်တွေက တပေကို ၂ သိန်းခွဲ ၃ သိန်း ပေါက်တယ်။ အရင် တခြံလုံးမှ ၈ သိန်း ၉ သိန်းလောက်ပဲရှိတာ။ ကျနော်လွန်ခဲ့တဲ့ ၂ နှစ်လောက်က၀ယ်တာ ၆ သိန်း၊ အခု သိန်း ၁၅၀ ပေးတာ မရောင်းရဲဘူး” ဟု စီမံကိန်းဧရိယာတွင် ပါဝင်သည့် တမာတကောရွာသား တဦးက ပြောသည်။

ယခုရက်များအတွင်း မြို့သစ်စီမံကိန်းသတင်း ထွက်ပေါ်လာခြင်းနှင့်အတူ ရန်ကုန်-တွံတေး ကားလမ်းဘေး ကျေးရွာများဖြစ်သော တမာတကော၊ လေးအိမ်၊ ချောင်းဝ၊ တမံကြီး စသောရွာများတွင် လယ်မြေ၊ ရွာမြေ အရောင်းအ၀ယ်လုပ်သည့် ပွဲစားများနှင့် လာရောက်ဝယ်ယူကြသူများ ရှုပ်ထွေးလျက်ရှိသည်။

“မြေလာကြည့်ကြတဲ့ သူတွေကတော့ အများကြီးပဲ။ အရောင်းအ၀ယ် တည့်သွားတာလည်း ရှိတယ်။ ကြည့်ပြီး ပြန်သွားတာလည်း ရှိတယ်။ ရှမ်းတရုတ်တွေ တော်တော်များများ လာကြတယ်” ဟု တမံကြီးရွာမှ အကျိုးဆောင် ပွဲစားတဦးက ပြောသည်။

လက်ရှိ အရောင်းအ၀ယ် လုပ်နေကြသော အကျိုးဆောင်ပွဲစားများ၏ အဆိုအရ စီမံကိန်းဧရိယာ ဧက ၃ သောင်းတွင် ၂ သောင်းကျော်မှာ စီးပွားရေးသမားများနှင့် လုပ်ငန်းရှင်များလက်ဝယ်တွင် ရောက်ရှိသွားပြီဖြစ်ကြောင်း၊ ဧက ၁ သောင်းဝန်းကျင်သာ လယ်သမားများ လက်ဝယ်တွင် ရှိတော့ကြောင်း သိရသည်။

ယခု စီမံကိန်း မြေနေရာများမှာ ယခင် လွန်ခဲ့သည့် ၃ နှစ် ၄ နှစ်ဝန်းကျင်မှစ၍ အရောင်းအ၀ယ် ရှိခဲ့သော်လည်း ထိုအချိန်က ဈေးနှုန်းမှာ ၁ ဧကလျှင် ကျပ်သိန်း ၃၀ ၀န်းကျင်သာ ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်အထိ သိန်း ၅၀၀ ၀န်းကျင် ပေါက်သော်လည်း အရောင်းအ၀ယ် အဖြစ်နည်းကြောင်း၊ ယခု နှစ်အတွင်းမှ သိန်း ၈၀၀၊ သိန်း ၁၀၀၀ ဈေးဖြစ်လာပြီး အရောင်းအ၀ယ်များ တောက်လျှောက် ဖြစ်လာကြောင်း သိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက တည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံနှင့် ငွေကျပ် ဘီလီယံ ၇၀၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။ အကောင်အထည် ဖော်မှုကို ၃ နှစ်အတွင်း ၇၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု သိရပြီး မြစ်ကူးတံတား ၅ စင်းနှင့် တန်းဖိုးနည်းအိမ်ယာများ အပါအ၀င် တခြားအခြေခံ အဆောက်အဦများ ပါဝင်မည်ဟု သိရသည်။

စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကို မကြားဖူးကြခြင်း၊ ရန်ကုန်တိုင်းလွှတ်တော်ကို အသိမပေးခြင်း စသည်တို့ကြောင့် ဝေဖန်မှုများ ပြင်းထန်စွာ ပေါ်ပေါက်နေသည်။
 ဧရာဝတီ

တွံတေးမြို့နယ်၊ လေးအိမ်ရွာအနီးတွင် မြေကွက်စုံစမ်းရန် ရောက်ရှိသူများကို သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
တွံတေးမြို့နယ်၊ လေးအိမ်ရွာအနီးတွင် မြေကွက်စုံစမ်းရန် ရောက်ရှိသူများကို သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
 အငြင်းပွားဖွယ် ဖြစ်နေသည့် ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတွင် ပါဝင်သောမြေများမှာ လျှို့ဝှက်ထားသည် ဆိုသော်လည်း တရားဝင် သတင်းမထွက်ခင်ကတည်းက အရောင်းအ၀ယ် နေ့စဉ်ဖြစ်နေသည်မှာ ၂ လခန့် ရှိနေပြီ ဖြစ်ကြောင်း ယင်းနေရာများတွင် လယ်မြေယာမြေ အကျိုးဆောင်လုပ်နေသော ပွဲစားများက ပြောသည်။
ယင်းစီမံကိန်းနှင့် ပတ်သတ်၍ တရားဝင် သတင်းထွက်ပေါ်ခဲ့သည်မှာ ယခုလ ၂၂ ရက်နေ့ကဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မြို့တော်ဝန် ဦးလှမြင့်က သွားရောက် အသိပေးခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် လုပ်ငန်းရှင်အချို့ပါဝင်ပတ်သက်

မူးယစ်ဆေးဝါးကုန် သွယ်ရောင်းဝယ်၍ ငွေကြေးခ၀ါ ချမှုတွင် ပါဝင်ပတ်သက်နေသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် အချို့ကို စစ်ဆေးတွေ့ရှိထားပြီး ပြည်သူများကြား ထင်ရှားကျော် ကြားသူ နာမည်ကျော်သူဌေးကြီး များ ပါဝင်မှုမရှိသေးကြောင်း မြန်မာနိုင်ငံ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ရဲမှူး ချုပ်စိုးမြိုင်က ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေပြ ဋ္ဌာန်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့ သည့် အမှု ငါးမှုကို စစ်ဆေးမှုပေါ် အခြေခံ၍ ၎င်းက ပြောကြားခြင်း ဖြစ်သည်။
‘‘သိပ်ပြီး နာမည်ကျော်ကြား လူသိများတဲ့ စီးပွားရေးသမားတွေ ကတော့ ပါမလာသေးဘူး။ ပြစ်မှု ကျူးလွန်တဲ့ မူးယစ်အမှုတွေကို ဖော်ထုတ်တဲ့အခါ နောက်ကွယ် မှာ စီးပွားရေးသမားတွေပါဝင်နေ တာ တွေ့ရတယ်။ ဒီလူတွေက နာမည်ခံ စီးပွားရေးတွေ ဟန် ဆောင်ပန်ဆောင်လုပ်ထားတယ်။ အခု အမှုတွေက စစ်ဆေးဆဲဖြစ်လို့ အားလုံးတော့ သတင်း ထုတ်လို့မရဘူး။ တကယ်လို့ စစ် ရင်းနဲ့ ဘယ်သူဘယ်ဝါဖြစ်ဖြစ် ထပ်ပြီး ပါဝင်ပတ်သက်တာ သိရ ရင်လည်း အရေးယူဖို့ လက်မ နှေးပါဘူး’’ဟု ၎င်းက ပြောသည်။

စစ်တပ်က ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားဟု သမ္မတ ပြော

တပ်မတော်က ပြည်ထောင်စုအစိုးရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနဲ့ အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
“၀” အထူး ဒေသ ၂ ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း၊ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ မြောက်ပိုင်း ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း၊ မိုင်းလား အထူးဒေသ ၄ ဒုဥက္ကဋ္ဌ ဦးစန်ပေ့တို့ ဦးဆောင်တဲ့အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် သမ္မတက ပြောကြားလိုက်တာပါ။ဒီတွေ့ဆုံပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်လက်မှတ်ရေး ထိုးနိုင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲ အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။ခုလိုတွေ့ဆုံရာမှာ သမ္မတက ပြဿ နာတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်တာနဲ့ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး စတဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်ကလည်း ပြည်ထောင်စုအစိုးရ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

RCSS/SSA ဖမ်းဆီးခံ သက်ကြီးရွယ်အိုများ ကျန်းမာရေးချို့တည့်မှုကြောင့် မိသားစုဝင်လူငယ်များအား လူသစ်အဖြစ် လဲလှယ်

Photo: RCSS/SSA ဖမ်းဆီးခံ သက်ကြီးရွယ်အိုများ ကျန်းမာရေးချို့တည့်မှုကြောင့် မိသားစုဝင်လူငယ်များအား လူသစ်အဖြစ် လဲလှယ်
Wednesday, August 27, 2014

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လင်းခေးမြို့နယ်၊ ၀မ်ကျိုကျီကျေးရွာအနီးတွင် သြဂုတ်လ ပထမပတ်က ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့မှ ဖမ်းဆီးသွားသော သက်ကြီးရွယ်အိုများအစား မိသားစုဝင် လူငယ်များ လူသစ်အဖြစ် အစားထိုးလဲလှယ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူသစ်မလုပ်လို၍ တိမ်းရှောင်နေသော ဒေသခံလူငယ်များအစား မိသားစုဝင် သက်ကြီး ရွယ်အို အမျိုးသမီးများကို RCSS/SSA အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“ တောထဲမှာဆိုတော့ ကျန်းမာရေးက မကောင်းဘူး၊ နောက်ဆုံးတော့ ကလေးတွေ ပြန်ဆက်သွယ်ပြီး အစားထိုးလဲလှယ် ခိုင်းရတာပါ၊ အဲဒီလို လုပ်ရတဲ့အတွက် ကလေးတွေလည်း စိတ်ထိခိုက်သွားကြတယ်၊ ဒါပေမယ့် ကိုယ့်အမေ၊ အဘွားတွေ အတွက် အနစ်နာခံရတာဆိုတော့ ကုသိုလ်ရပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးထားသော သက်ကြီးရွယ်အို ရှမ်းတိုင်းရင်းသူများမှာ နောင်လုံကျေးရွာမှ (၇) ဦးနှင့် ပန်ကျင် ကျေးရွာမှ (၄) ဦး စုစုပေါင်း (၁၁) ဦးခန့်ရှိကြောင်း သိရသည်။

“ အစားထိုးလဲလှယ်တဲ့ လူငယ်တွေအပါအ၀င် လူသစ်စုဆောင်းခဲ့ရတဲ့ ဦးရေဟာ (၆၀) လောက်တော့ ရှိမယ်၊ ဟိုတစ်နေ့ ကတော့ လွယ်ဆပ်တောင်ဘက်ကို ခေါ်သွားတာတွေ့တယ်၊ အဲဒီမှာ စစ်သင်တန်း ဖွင့်မယ်လို့လည်း ကြားတယ် ´´ ဟု အသက်ခုနှစ်ဆယ်အရွယ် အဘိုး စိုင်းလုံစံက ပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် စုဆောင်းရရှိသော လူသစ်များအား အဆိုပါတောင်တွင် စစ်သင်တန်းဖွင့်လှစ်သင်ကြားပါက ဆန်၊ဆီနှင့် ငွေကြေးများကို အနီးဝန်းကျင်ကျေးရွာများသို့ လာရောက်ကောက်ခံမည်ဖြစ်၍ ဒေသခံများလည်း စိတ်ပျက်နေ ကြကြောင်း ၀မ်ကျိုကျီ ရွာသားတစ်ဦးက ပြောကြားသွားသည်။
Shan News
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လင်းခေးမြို့နယ်၊ ၀မ်ကျိုကျီကျေးရွာအနီးတွင် သြဂုတ်လ ပထမပတ်က ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့မှ ဖမ်းဆီးသွားသော သက်ကြီးရွယ်အိုများအစား မိသားစုဝင် လူငယ်များ လူသစ်အဖြစ် အစားထိုးလဲလှယ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ငြိမ်းချမ်းရေးရောင်ခြည်သန်းလာပြီလား


 Photo: ငြိမ်းချမ်းရေးရောင်ခြည်သန်းလာပြီလား
Wednesday, August 27, 2014

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC ၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့နိုင်ငံရေးပါတီ ၃၄ ပါတီတို့ “သုံးပွင့်ဆိုင်အစည်းအဝေး” ကို သြဂတ်စ်လ ၁၈ ရက် ကနေ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီသုံးပွင့်ဆိုင်အစည်းအဝေးမတိုင်ခင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီလက်မှတ်ရေးထိုးဖို့အတွက် UPWC နဲ့ NCCT တို့ ၁၅-၁၇ သုံးရက်တာဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲကနေ အစိုးရဖက်က ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ သဘောတူတယ်၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးပြီးရင် ၂၄ နာရီအတွင်း အကောင်အထည်ဖော်ရမယ်−စတဲ့ရလဒ် ကောင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့သဘောတူညီမှုမရရှိဘဲဆက်လက်ဆွေးနွေးဖို့အချက်အလက်တွေလည်းရှိသေးတယ်လို့ NCCT အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ပင်လုံစိတ်ဓာတ်၊ပင်လုံကတိကဝတ်ကအဓိကပေါ့။နောက်ကိုယ်ပိုင်ပြဌာန်းခွင့်မှာဥပဒေနဲ့အညီလို့ထည့်ထားတယ်။ ဒါတွေကိုပြန်ဆွေးနွေးရမယ်။”

UPWC နဲ့ NCCT တို့ ၁)အခြေခံမူများ ၂)ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ ၃)အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ၄)အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့်နည်းလမ်းများ ၅) နိုင်ငံရေးဆွေးနွေး ပွဲအတွက် အာမခံချက်များ ၆)ရှေ့လုပ်ငန်းစဉ်များ ၇)အထွေထွေစတဲ့အခန်း ၇ ခန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ 

ဒါပေမဲ့သုံးပွင့်ဆိုင်အစည်းအဝေးမှာ NCCT ရဲ့ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဟံသာက “အပစ်ခတ်ရပ်စဲရေးကာလမှာ ဘယ်လိုနေထိုင်သွားလာလှုပ်ရှားမယ်။ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေး ထိုးရင် ဘယ်အဖွဲ့တွေပါမယ်။ နိုင်ငံရေးဆွေးနွေးရင် ဘယ်အဖွဲ့တွေပါမယ်ဆိုတာကို ဆက်ဆွေးနွေးရမယ်” လို့ ပြောပါတယ်။

UPWC ရဲ့ဒု−ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်မင်းကလည်း သဘောတူညီချက်မရသေးတဲ့အချက်အားလုံး ၁၂၂ ချက် ရှိတဲ့အထဲမှာ အရင်က ၃၁ ချက်ကျန်ကြောင်း၊ ယခုတဖန်ဆွေးနွေးရာ ၄−၅ ချက်သာ ကျန်တော့ကြောင်း ဆိုပါ တယ်။

လာမဲ့စက်တင်ဘာလထဲမှာ UPWC နဲ့NCCT တို့ပြန်ဆွေးနွေးမှာဖြစ်ပြီး သဘောတူညီချက်အားလုံး ရယူနိုင် မှာဖြစ်ကြောင်း၊ အောက်တိုဘာလကုန်မှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ ၉၅% ရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက သတင်းထောက် တွေကို ဖြေကြားခဲ့ပါတယ်။

သုံးပွင့်ဆိုင်အစည်းအဝေးမှာ နိုင်ဟံသာက “ကျနော်တို့ကိုသောင်းကျန်တဲ့သူတွေလို့ပြောကြတယ်။ ဒါပေမဲ့ ကျနော်တို့တော်လှန်ရေးလုပ်တာဟာ သောင်းကျန်းဖို့အတွက်မဟုတ်ဘူး။ ကျနော်တို့အခွင့်အရေးတွေ ရှုံးဆုံးရတယ်။ အခွင့်အရေးပြန်ရအောင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းပြန်တော့လည်းမရဘူး။ ကျနော်တို့ အနိုင်ကျင့်ဖိနှိပ်တာတွေခံခဲ့ရတယ်။ ဒါကြောင့်တော်လှန်ပုန်ကန်ရတာ။ ဒီပြည်ထောင်စု ပန်းဥယျာဉ်မှာ ပန်းမျိုးတရာ ဝေဝေဆာဆာ လှလှပပ ဖူးပွင့်နိုင်ဘို့ လိုပါတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဆွေးနွေးပွဲကရရှိလာတဲ့သဘောတူညီချက်တွေကိုလွှတ်တော်ကအသိအမှတ်ပြုဖို့ကြိုးစားသွားမယ်လို့လည်း UPWC ရဲ့ဒု−ဥက္ကဋ္ဌ ၂ ဦးသိန်းဇော်ကလည်း ပြောပါ တယ်။

KIA ဒု−စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ၃နှစ်ကြာပြီဖြစ်ပေမဲ့ မအောင်မြင်သေး ဘူးလို့ ပြစ်တင်ဝေဖန်တဲ့သူတွေလည်းရှိကြောင်း၊ ဒါပေမဲ့ တချို့နိုင်ငံတွေတောင် ငြိမ်းချမ်းရေးဖော်ဆောင်ရာ မှာ ၅ နှစ် အထိ ကြာမြင့်သေးကြောင်း၊ ဒါကြောင့် စိတ်ရှည်ရမည်ဖြစ်ကြောင်း ဆိုပါတယ်။

နိုင်ငံရေးပါတီတွေအားလုံးလိုလို တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တွေကို ကျေနပ်အားရကြောင်း၊ ဝမ်းမြောက်ဝမ်းသာကြောင်း ဆိုပါတယ်။

KIO ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ(ယခု ကချင်ပြည်နယ်ဒီမိုကရတ်တစ်ပါတီဥက္ကဌ) ကတော့ − “အရေးကြီးဆုံးက ဝမ်းသာခြင်းကနေ ဝမ်းနည်းခြင်း ပြောင်းလဲမသွားဖို့ ကြိုးစားရမယ်။ ဒါကြောင့် ကာလရှည် ကြာတယ်ဆိုတာ ကြာသင့်ရင်ကြာရမယ်။ ဒါပေမဲ့ မကြာသင့်တာကိုကြာအောင် အချိန်ဆွဲထားတာမျိုးတော့ မဖြစ်သင့်ဘူး” လို့ ဆိုပါတယ်။

SNLD ဒု−ဥက္ကဋ္ဌ စိုင်းစောအောင်ကတော့“ငြိမ်းချမ်းရေးအလင်းရောင်သန်းလာပြီ” လို့ ဆိုပါတယ်။

ဆွေးနွေးပွဲရဲ့နိဂုံးမှာတော့ နိုင်ဟံသာက “အခုကျနော်တို့အနာနဲ့တည့်တဲ့ဆေး ရှာတွေ့ပြီ။ အဲဒီဆေးကို အသုံးပြုပြီး ရဲရဲဝံ့ဝံ့နဲ့ အနာကို ကုသသွားဖို့ဘဲလိုတယ်” လို့လည်း ပြောကြားသွားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေတဆင့် ဝမ်းသာစရာ ဝမ်းနည်းစရာတွေကြားကနေ ငြိမ်းချမ်းရေးရောင်ခြည် သန်းလာပြီလားဆိုတာ…

သျှမ်းသံတော်ဆင့်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC ၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့နိုင်ငံရေးပါတီ ၃၄ ပါတီတို့ “သုံးပွင့်ဆိုင်အစည်းအဝေး” ကို သြဂတ်စ်လ ၁၈ ရက် ကနေ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ဒီသုံးပွင့်ဆိုင်အစည်းအဝေးမတိုင်ခင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီလက်မှတ်ရေးထိုးဖို့အတွက် UPWC နဲ့ NCCT တို့ ၁၅-၁၇ သုံးရက်တာဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲကနေ အစိုးရဖက်ကဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ သဘောတူတယ်၊ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုးပြီးရင် ၂၄ နာရီအတွင်း အကောင်အထည်ဖော်ရမယ်−စတဲ့ရလဒ် ကောင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ဘက်ရည်ဆိုင်၊ ဗွီဒီယိုရုံ၊ ဆံပင်ညှပ်ဆိုင် ဖွင့်ခဲ့တဲ့ ဘူးလက်လှဆွေ

စစ်အရာရှိဟောင်းတချို့က အတွေ့အကြုံတွေ ရေးသား စာအုပ်ထုတ်တယ်။
သူတို့ထဲကတယောက်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့  ဖေ့စ်ဘုတ်မှာ ရေးတဲ့အတွက် အွန်လိုင်းကနေ ဖတ်လို့ရနေပါတယ်။သူ့ကို ဘူးလက်လှဆွေလို့လည်း ခေါ်ကြတယ်။ 
  လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက  KIA ကို   ရွှေလက်နဲ့ခေါ်တုန်း မလာတဲ့အတွက်  ဘူးလက် (ကျည်ဆန်) လွှတ်လိုက်သင့်တယ်ဆိုတဲ့သဘော  ၂၀၁၃ နှစ်ဆန်းပိုင်း လွှတ်တော်မှာ ဆွေးနွေးခဲ့ရာကနေ ဘူးလက် လှဆွေလို့ ထင်ရှားလာသူဖြစ်ပါတယ်။  အဲဒီအကြောင်း
http://burma.irrawaddy.org/%E1%81%80_kia/2013/01/25/32204.html မှာ ပြန်ဖတ်နိုင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့   UNFC  အဖွဲ့ကိုလည်း   “ကမ္ဘာ့ကုလသမဂ္ဂ ဘောလုံးအသင်း” (United Nations Football Club) လို့ အမည်ပြောင် ပေးခဲ့ပါသေးတယ်။

ခေါင်းလောင်းကြီးရှာတွေ့ပါကလက်တွေ့ပြသနိုင်ရန်လိုအပ်ပြီး ပြည်သူများ အညာမခံရစေရန် အစိုးရတွင်တာဝန်ရှိဟု မွန်သမိုင်းသုတေသနအသင်း တွဲဖက် အတွင်းရေးမှူးပြော

ဓမ္မစေတီခေါင်းလောင်းကိုဆယ်ယူရန် သတ်မှတ်ထား သော နောက်ဆုံးနေ့တွင် ခေါင်း လောင်းကြီးတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောကြားလိုက်သည်။ခေါင်းလောင်း တွေ့ရှိ ကြောင်း အရိယာဝိဇ္ဇာအပေါင်း ကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိ အလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့သို့ ဖုန်းဆက်ကာ ပြောကြားပြီး
၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။နဂါးများမှာ အကြီးဆုံးရွှေ ရောင်နဂါးမင်းကြီးနှင့်တကွ နဂါး အပေါင်းတို့က ဓမ္မစေတီခေါင်း လောင်းတော်ကြီးကို အကြီးအ ကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့် အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်း ထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်ပါကြောင်း ဦးစံလင်းက ဖုန်းမှတစ်ဆင့် ပြန်ကြားရေးအဖွဲ့သို့ ပြောသည်။
‘‘တွေ့တယ်ဆို ဘယ်လို တွေ့လဲ၊ ပြနိုင်လား။ ပြည်သူလူထုကို လှည့်စားရင်တော့ မကောင်းဘူး။ ပြည်သူတွေ အညာမခံရဖို့ လိုတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်’’ဟု မွန်သမိုင်း သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဟု သတင်းများထွက်ပေါ်နေ၍ ကမ်းစပ်တွင်စောင့်ကြည့်နေသူများကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ်

Nude နဲ့ Sexy ဓာတ်ပုံ ရိုက်ပေးသူတွေက ဒီလိုယူဆကြတယ်

Photo: Nude နဲ့ Sexy ဓာတ်ပုံ ရိုက်ပေးသူတွေက ဒီလိုယူဆကြတယ်
Wednesday, August 27, 2014

တစတစ ပြောင်းလဲ တိုးတက် ပွင့်လင်းလာတဲ့ မစပ်စုတို့ ရွှေပြည်ကြီးမှာ အနုပညာရပ်ပိုင်းဆိုင်ရာ ပွင့်လင်း တိုးတက် မှုတွေလည်း အပါအ၀င်ပါပဲ။
အနုပညာရပ်ပိုင်းဆိုင်ရာ ပွင့်လင်းတိုးတက်မှုဆိုတာကို သိပ်ဝေးဝေးမှာရှာကြည့်နေစရာမလိုပါဘူး။ အင်အား ကြီးမားတဲ့ လူမှုကွန်ရက်ကြီးတခုဖြစ်တဲ့ Facebook စာမျက်နှာတွေထက်မှာ လွယ်လွယ်ကူကူနဲ့ တွေ့နိုင်မှာပါ။ မစပ်စုပြောချင်တဲ့ ပွင့်လင်းထင်သာ မြင်သာလာတဲ့ အနုပညာဖန်တီးမှုတွေကတော့ မေမြတ်မွန်၊ ဇွန်သဉ္ဇာ၊ ဇာဇာထက် စတဲ့ စတဲ့ မော်ဒယ်လ် တွေရဲ့ ပွင့်လင်းမြင်သာရှိလှတဲ့ ဓာတ်ပုံများကို ဆိုချင်တာပါ။

Facebook လူမှုကွန်ရက်ကြီးမှာ တနေ့တနေ့ ဖော်ပြနေတဲ့ သူတို့ရဲ့ ဓာတ်ပုံများဟာလည်း အတော်လေး ရေပန်းစားလာပြီး အပြောအဆို အဝေဖန်ခံနေရရင်းနဲ့ပဲ ဒီမော်ဒယ်လ်တွေဟာ တော်တော်လေး လူသိများ ထင်ရှားလာပြီ ဆိုတာ မငြင်းနိုင်အောင်ပါပဲ။

မစပ်စုကတော့ ဒီမော်ဒယ်လ်တွေထက် နောက်ကွယ်က ဖန်တီး ပုံဖော်ပေးနေတဲ့ ဓာတ်ပုံဆရာတွေရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ ဘယ်လိုရှိမလဲဆိုတာကို ပိုပြီး စိတ်ဝင်စားမိပါတယ်။

ဓာတ်ပုံဆရာ ကိုသားဇော်ဟာ Facebook စာမျက်နှာထက်မှာ နာမည်ကြီးသွားပြီး Fans page တွေတောင် ဖွင့်ထားကြတဲ့ မေမြတ်မွန်ဆိုတဲ့ မော်ဒယ်လ် မိန်းကလေးတဦးရဲ့ ၀တ်လစ်စလစ်နဲ့ သူ့ရဲ့ ခန္တာကိုယ် ကောက်ကြောင်းအလှကို အသားပေး ရိုက်ကူးခဲ့လို့ ပရိသတ် သတိထားလာမိတဲ့ ဓာတ်ပုံဆရာတဦး ဖြစ်ပါတယ်။

သူဟာ Nude Art နဲ့ ပတ်သက်လို့ လေ့လာနေပြီး လက်တွေ့ရိုက်ကူးနေကာ ဓာတ်ပုံဆရာ သက်တမ်း ၄ နှစ်နီးပါး ရှိပြီဖြစ်တယ် လို့လည်း သိရပါတယ်။

“Nude Art ဆိုတာကို ဒီနိုင်ငံမှာ ဓာတ်ပုံဆရာ တော်တော်များများက ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘူး။ ဓာတ်ပုံ ဆရာတော်တော်များများ အဲဒါမျိုးကို ရိုက်လည်းရိုက်ချင်သလို၊ ရိုက်ထားတဲ့ ဓာတ်ပုံဆရာတွေလည်း ရှိမှာပေါ့နော်။ ဒါပေမယ့် ကျနော်က ဘယ်လို ခံယူသလဲဆိုတော့ ကိုယ့်ရဲ့ ရင်ထဲက အနုပညာနဲ့ ပတ်သက်တဲ့ ဖြူစင်မှုပေါ့။ ကျနော်ပြချင်တာက Art ကို ပြချင်တာ။ အဲဒါကလည်း မရိုက်တတ်ရင်၊ Porn ဘက်ကိုရောက်သွားပြီး ညစ်ညမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်တဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်။ ကျနော်က အဲ့ဒီဘက်ကို မရောက်ချင်ဘူး။  အဲဒီလိုမျိုးရိုက်ချင်တဲ့ စိတ်ဆန္ဒကတော့ အစောကြီး ကတည်းကရှိပါတယ်။ နောက် မေမြတ်မွန်နဲ့ အလှဓာတ်ပုံရိုက်ဖို့ ဆုံဖြစ်ရာကနေ သူ့မှာလည်း အဲဒီလို စိတ်ကူးလေး ရှိတာကို တွေ့တော့ ပြောရမယ်ဆိုရင် သူနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ရိုက်ဖြစ်တာပေါ့။ ပြီးတော့ ကျနော် အွန်လိုင်းတင်လိုက်တယ်လေ။ အဲဒါကလည်း ကျနော့် စိတ်ထဲမှာရှိတဲ့ ဖြူစင်တဲ့ အနုပညာ တခုကို ပြတာ။ ကျနော့်စိတ်ထဲမှာ အဲဒါဟာ လိင်အသားပေးဖော်ပြထားတာ မဟုတ်ဘူး။ ကျနော်ပြထားတာ ဒီလိုရဲရဲရင့်ရင့် ဖန်တီးလို့ရတယ်၊ ဖန်တီးခွင့်ရှိတယ် ဆိုတဲ့အကြောင်းကို ထုတ်ပြတာ။ နောက်ပြီး မေမြတ်မွန်ရဲ့ ပုံတွေ Public ထုတ်တဲ့အခါမှာလည်း သူ့မျက်နှာကို ကျနော်မဖော်ဘူး။ မဖော်ဘူး ဆိုတာကလည်း လူတွေရဲ့ စိတ်ကကို ကြည့်လိုက်လို့ လူတယောက်ရဲ့ မျက်နှာကို မြင်လိုက်ရင် ဒီမျက်နှာအပေါ် ခံစားမှုတခု ဖြစ်သွားရင် ကျန်တဲ့ အနုပညာပိုင်းမှာ အားနည်းသွားမှာစိုးလို့၊ Nude Art မှာဆိုရင် အဲဒီလိုမျိုး ဘယ်သူဆိုတာ သိတဲ့ပုံစံမျိုးကို တင်လေ့ မရှိပါဘူး” လို့ ကိုသားဇော်က ဧရာဝတီကို သူ့ရဲ့ ထင်မြင်ချက်၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

ဒီလို Nude Art ဆိုတဲ့ အနုပညာဖန်တီးမှုဟာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ တခြား နိုင်ငံတွေ မှာတောင် ပြောဆို ဝေဖန်မှုတွေ ရှိနေဆဲပဲလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလို ဝေဖန်မှုတွေမှာ အနုပညာပိုင်းကို ခံစားပြီးတော့ ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူ၊ ယဉ်ကျေးမှုဘက်ကို ကြည့်ပြီးတော့ ကြိုက်တဲ့သူ မကြိုက်တဲ့သူနဲ့ ဘာမှန်းကိုမသိဘဲ ကြိုက်လည်းမကြိုက်ဘူး၊ သိလည်းမသိဘူး၊ ပြောချင်တာတွေ စွတ်ပြောနေတဲ့ လူမျိုးတွေလည်း ရှိတယ်လို့ ဆက်ပြော ပါတယ်။

“ယဉ်ကျေးမှုကိုကြည့်ပြီးတော့ ကြိုက်တဲ့သူ၊ မကြိုက်တဲ့သူနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော့်အနေနဲ့ ကျနော် တင်ပြတဲ့အပိုင်းကို အစွန်းလွတ်အောင် ကြိုးစားတယ်။ ကျနော် ဒီလို ရိုက်ထားတဲ့ ပုံတွေမှာ ယဉ်ကျေးမှုအနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်သူရယ် ဘယ်ဝါရယ် ဘာရယ်လို့ မပါအောင် အမြဲတမ်း ဖန်တီးတယ်။ ထားပါတော့ … မြန်မာနိုင်ငံက မြန်မာအမျိုးသမီး တယောက်ကို ရိုက်ထားတယ်ပေါ့၊ သူက မေမြတ်မွန်လို့ ပြောလိုက် တော့မှသာ မေမြတ်မွန်ဆိုတာ သိသွားတယ်ပေါ့နော်။ ဒါပေမယ့် မြန်မာအမျိုးသမီး တယောက်ကို ရိုက်ထားပေမယ့် မြန်မာနဲ့ ပတ်သက်တဲ့ဟာကို ပါအောင် ဘာတခုမှ မထည့်ဘူး။ မြန်မာ အလံ မပါဘူး၊ မြန်မာ ကနုတ်မပါဘူး၊ မြန်မာ ဆွမ်းအုပ်မပါဘူး။ မြန်မာဆိုတဲ့ မျက်နှာပေါက် အချိုးအစား ဘာတခုမှ မထည့်ဘူး။ ကျနော်ပြချင်တာက အမျိုးသမီး တယောက်ရဲ့ ကောက်ကြောင်း အလှနဲ့ ဒါကို ပုံဖော်တဲ့ အလင်း အမှောင် သဘောတရား အဲဒါကို ကျနော်ပြပါတယ်။ အနုပညာကို ကြည့်တယ်၊ ခံစားတယ် ဆိုတဲ့ သူမျိုးကျတော့ ခုနက ယဉ်ကျေးမှုတို့ ဘာတို့ အပိုင်းကို ကျော်ပြီးတော့ အဲဒါကို ထပ်ကြည့်တယ်။ ယဉ်ကျေးမှုတို့ ဘာတို့ကို ကြည့်တဲ့သူကျတော့ အဓိက သူတို့ကြည့်တာ မျက်နှာ။ ဇွန်သဉ္ဖာကို ကြည့်လိုက်တယ်။ ဒါက ဇွန်သဉ္ဖာပဲ။ မြန်မာမိန်းကလေးဖြစ်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတဲ့အခါကျတော့ … နောက် ဇွန်သဉ္ဖာမှန်း သိလို့ ပြောတာပါ။ ဇွန်သဉ္ဖာမှန်း မသိရင် သူတို့ပြောမှာ မဟုတ်ဘူး။ အဲဒီလို Personal နဲ့ ပတ်သက်တဲ့ ကိစ္စကို ကျနော်က ကျော်ပစ်လိုက်တယ်။ ကျနော်ပြချင်တာက Sex နဲ့ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ နှိုးဆွမှု မဟုတ်ဘူး။ လူတယောက်ရဲ့ ပုံပန်းသဏ္ဍန်ရှိတယ်။ အဲဒီအပေါ်မှာ ပျိုမြစ်မှုသဘောတရားရှိတယ်၊ အိုမင်းမှု သဘောတရားရှိတယ်။ အဲ့ဒါတွေက Photography မှာရော၊ ပန်းချီမှာရော အကုန်ရှိပါတယ်။ ဒါကို ကမ္ဘာနဲ့ချီပြီးတော့ လေ့လာလိုက်စားတဲ့ လူမျိုးကျတော့ လစ်လျူရှုလို့တော့ မရဘူးပေါ့။ အနုပညာရှင် မှန်သမျှ ဒါကို ဖန်တီးချင်ကြတာပဲ။ ကျနော်ကတော့ အဲဒီလိုမျိုးပဲ သဘောထားပါတယ်” လို့ ကိုသားဇော်က သူ့ရဲ့ Nude Art ဖန်တီးမှုအပေါ် ဝေဖန်ပိုင်းခြားကြတဲ့ ပရိသတ် တွေနဲ့ ပတ်သက်လို့ သူမြင်တဲ့ အမြင်ကို ပြောပါတယ်။

ဒီလို မြန်မာ့ယဉ်ကျေးမှုနဲ့ ခိုင်းနှိုင်းပြီး လက်ခံမပေးနိုင်ဘူးလို့ အော်ဟစ်ဝေဖန်နေပေမယ့် မြန်မာမော်ဒယ်လ် တွေရဲ့ ပွင့်လင်း မြင်သာတဲ့ ဓာတ်ပုံတွေကတော့ Facebook စာမျက်နှာထက်မှာ Like အများဆုံး၊ Share အများဆုံးနဲ့ Comment အများဆုံးဖြစ်လို့ နေတာ တွေ့နိုင်ပါတယ်။ ဒီထဲမှာ Sexy အကျဆုံးလို့ ဆိုတဲ့ ဇွန်သဉ္ဇာရဲ့ ဓာတ်ပုံတွေလည်း အပါအ၀င် ဆိုရင် မမှားပါဘူး။

ဇွန်သဉ္ဇာရဲ့ Sexy Photo တွေကို အများဆုံး ဖန်တီးပေးနေတဲ့ ဓာတ်ပုံဆရာမ ယမင်းဦးကတော့ “လူတိုင်းက ကိုယ့်ရဲ့ အမြင်ကို ကိုယ်ကြိုက်သလို မြင်ခွင့်ရှိတာပဲလေ။ ဒါက မသင့်တော်ဘူးလို့ ပြောတဲ့သူတွေ လည်းရှိတာပဲ။ ဒါက အနုပညာ တရပ်လို့ပြောတဲ့သူတွေလည်း ရှိတာပဲ။ ကိုယ်ကြိုက်သလို  ယူဆနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ နေတယ်ဆိုတော့လည်း မြန်မာ့အသိုင်းအ၀ိုင်းကို နည်းနည်း ဂရုစိုက်ရမှာပေါ့။ ကျမ အနေနဲ့ ကျတော့လည်း ဒီပုံတွေ ရိုက်တယ်ဆိုတာ Public အနေနဲ့ ရိုက်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ ၀ါသနာတရပ် အနေနဲ့ ကိုယ်လေ့လာနေတဲ့ ဓာတ်ပုံပညာ တရပ် အနေနဲ့ ရိုက်တာဆိုတော့ ကြော်ငြာအနေနဲ့ လူထုကို ပြဖို့ ရိုက်တာမျိုး ဆိုရင်တော့ တမျိုးပေါ့။ ဒါပေမယ့် လူတိုင်း ကတော့ ကိုယ့်အမြင်ကိုယ် ကြိုက်သလို ပြောခွင့်ရှိပါတယ်” လို့ ဆိုပါတယ်။

မော်ဒယ်လ် ဇွန်သဉ္ဇာရဲ့ ပေါ်တင်ကျလွန်းတဲ့ Sexy ပုံတွေကို ဖန်တီးလာရာကနေ သတိထားမိ ခံလာရတဲ့ ဓာတ်ပုံဆရာမ ယမင်းဦးကတော့ သူ့အနေနဲ့ Nude Art ဆိုတဲ့ ပညာရပ်ကို အခုမှ လေ့လာဆဲဖြစ်ပြီး လက်ရှိ သူဖန်တီးဖြစ် နေတာကတော့ Sexy Photo အဖြစ်သာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဆိုတော့ Nude Art ဆိုတဲ့ အနုပညာဖန်တီးမှုဆိုတာကို ခဏထားဦး။ ပွင့်လင်းလွန်းတဲ့ Sexy Photo တွေအနေနဲ့က ကလေး သူငယ်တွေ အတွက် အတုယူမှားစရာ ကိစ္စရပ် တခုများဖြစ်လာ လေမလားဆိုတဲ့ အမြင်ဟာ နိုင်ငံတကာမှာလည်း အငြင်းပွားစရာ ကိစ္စရပ်တခု ဖြစ်နေတာတွေရှိနေလေတော့ မစပ်စုက သူ့ကို ထပ်မေးကြည့်မိပါတယ်။

“အခုရိုက်နေတဲ့ပုံတွေက Nude Art မဟုတ်ပါဘူး။ လေ့လာနေတုန်းပါ Sexy အဆင့်ပဲ ရှိပါသေးတယ်။ ကလေးတွေ အတွက် ကတော့ သက်ရောက်မှု ရှိမှာပါ။ ပုံကြည့်ပြီး လူငယ်သဘာဝတော့ မြင်ရင် လက်တည့်စမ်းချင်တဲ့ သဘာဝ ရှိမှာပဲလေ။ ဒါကိုဓာတ်ပုံ ဆရာနဲ့ မော်ဒယ်မှာပဲ တာဝန်အားလုံး ရှိတယ်လို့ ပုံချလို့တော့မရပါဘူး။ စာဖတ်စွမ်းရည်၊ စဉ်းစားမှု၊ မိဘသွန်သင်မှု၊ ဥပဒေစိုးမိုးမှုတွေလည်း ရှိရပါမယ်။ ဒါမျိုးကျူးလွန်ရင် ဒီလို အပြစ်ရမယ် ဆိုတာရှိရင် မဖြစ်သင့် တာတွေလည်း ဖြစ်မှာ မဟုတ်ဘူး ထင်ပါတယ်။ တခြား နိုင်ငံတွေမှာလည်း ဒီလို အငြင်းပွားတာတွေ ရှိပါတယ်။ ဒါပေမယ့် ဖန်တီးသူတွေရဲ့ စိတ်ကိုလည်း တားဆီးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါတွေက မကောင်းဘူးလို့ သိမ်းကြုံး ပြောလို့လည်း မရပါဘူး။ အရာရာတိုင်းမှာ အကောင်းအဆိုး ဆိုတာတော့ ဒွန်တွဲနေတာပါ။ ကျမက အခုမှ လေ့လာသင်ကြားနေတဲ့ ၀ါသနာရှင် အဆင့်ပဲ ရှိပါသေးတယ်” လို့ ဓာတ်ပုံဆရာမ ယမင်းဦးက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

အနုပညာရပ် တခုကို ဖန်တီးတဲ့အခါမှာ အဲဒီ အနုပညာဆိုတာကို ပီပီပြင်ပြင် ဖန်တီးဖို့နဲ့ ဒီလို ဖန်တီးမှုဟာ ယဉ်ကျေးမှုဆိုတာကို မထိခိုက်ဘူးဆိုရင် လက်မခံနိုင်တဲ့ ကိစ္စရပ် တခုမဟုတ်ဘူးလို့ ကိုသားဇော်က ဆိုပါတယ်။

“Art တခုကို ပြမယ်ဆိုရင် အဲဒါကို ပီပြင်အောင် ဖန်တီးပြီး ပြစေချင်တယ်။ Art တခုကို ပြတယ်ဆိုပြီး Porn ဆန်အောင် လူတဖက်သားရဲ့ လိင်စိတ်ကို နိုးဆွချင်တဲ့ ဆွဲဆောင်ချင်တဲ့ ညှို့ယူချင်တဲ့ ပုံစံမျိုးဆိုရင်တော့ အဲဒါမျိုးကို လက်မခံချင် ပါဘူး။ အနုပညာ ဖန်တီးမှုဆိုတာက လက်မခံနိုင်တဲ့ ကိစ္စတခုတော့ မဟုတ်ဘူး။ ယဉ်ကျေးမှုဆိုတာကို ထိခိုက်လာအောင် မဖန်တီးဖို့ပဲ လိုတယ်။ ယဉ်ကျေးမှု ဆိုတာမှာလည်း ကိုယ်လုံးတီးနဲ့ ကောင်မလေးက ရှေ့မှာ ထိုင်နေပြီးတော့ ဘုရား ဆင်းတုတော်က နောက်မှာထားတာမျိုးတို့၊ ကိုယ်လုံးတီးနဲ့ ဆွမ်းအုပ်ကို ဖက်ထားတာမျိုးတို့၊ မြန်မာ ကနုတ်တွေပေါ်မှာ ကျော်ခွနေတာမျိုးတို့ ဒါမျိုးတွေဆိုရင် လုံးဝမဖြစ်သင့်ဘူး။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အပိုင်းမှာဆိုရင် မြန်မာ့ ယဉ်ကျေးမှုကို ပီပီပြင်ပြင် ထိန်းသိမ်း၊ ကိုယ့်အနုပညာကို ဖော်ထုတ်တဲ့ အပိုင်းမှာဆိုလည်း ကိုယ့်ရဲ့ အနုပညာ အရည်အချင်းကို ပြနိုင်တဲ့ လမ်းကြောင်းတခုကို ဖန်တီး အဲဒီလိုပဲ ဖြစ်စေချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီလို တစထက် တစ ပိုမိုပွင့်လင်းလာတဲ့ ဓာတ်ပုံ အနုပညာ ဖန်တီးမှု အသိုင်းအ၀န်းကြီးဟာ ဆက်လက်တည်ရှိ နေဦးမှာ ဖြစ်ပြီး ဒီထက် ကျယ်ပြန့်လာဦးမှာလား ဆိုတာကတော့ ဘယ်လိုတွေ ထိန်းချုပ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ကြောင်း၊ ထိန်းချုပ်တယ် ဆိုတာမှာလည်း ယဉ်ကျေးမှုဆိုတာကို ထိခိုက်လာရင်တော့ ထိန်းချုပ်သင့်ကြောင်း၊ အနုပညာသမားတွေရဲ့ ဖန်တီးချင်စိတ် ဆန်းသစ် တီထွင်ချင်စိတ်တွေ အဆုံးအစ မရှိတဲ့အတွက် ထိန်းချုပ်မှု ပေါ်မှာ မူတည်ပြီး လူထုထဲ ရောက်တာ၊ မရောက်တာနဲ့ပဲ သက်ဆိုင်လိမ့်မယ်ဆိုတဲ့ အကြောင်း ကိုသားဇော်က သူ့အမြင်ကို ရှင်းပြပါတယ်။

“ကျယ်ပြန့် လာတာမျိုးရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုပုံမျိုးတွေ ရိုက်တယ်ဆိုတာ အခုမှ ဖြစ်လာတာတော့ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ရှိတာပါ။ ဒါပေမယ့် လူထုထဲကို ကျယ်ကျယ်ပြန့်ပြန့် မရောက်လာတာပဲ ရှိတယ်။ အဲဒီလိုမျိုး အရိုက်ခံတဲ့ မော်ဒယ်လ်တွေရှိတယ်၊ ရိုက်ပေးတဲ့ ဓာတ်ပုံဆရာတွေရှိတယ်။ ဒါပေမယ့် အဲဒီလိုရိုက်တဲ့နေရာမှာ တော့ အနေအထားအမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးတော့ ရှိတာပေါ့လေ။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စမျိုးက ကျယ်တော့ ကျယ်ပြန့်လာဦးမှာပါပဲ။ ဒါမျိုးက တားဆီးလို့လည်းမရဘူးလေ။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာကိုး။ ကိုယ့်ရှေ့မှာလည်း တခြား နိုင်ငံတွေမှာ ဒီလိုပဲ ဖြစ်သွားတာတွေ အများကြီးပဲဆိုတော့ အဓိက အရေးကြီးတာက ကိုယ့်ရဲ့ ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့ စိတ်ပဲပေါ့။ ဓာတ်ပုံတွေ ရိုက်လို့ ပျက်စီးသွားမယ် ဆိုတာမျိုးလည်း မဖြစ်နိုင်ဘူးလေ။ တချို့က Professional နဲ့ လူမှုရေး ခွဲထားတာရှိသလို၊ တချို့က ရောထွေးတာတွေ ရှိတယ်။ ဒါကတော့ လူအပေါ်မှာပဲ မူတည်ပါတယ်” လို့ မယမင်းဦးက ဆိုပါတယ်။

ဒါတွေကတော့ နောက်ကွယ်က ဓာတ်ပုံဆရာတွေရဲ့ ထင်မြင်ချက်တွေနဲ့ ယူဆချက်တွေပါပဲ။ ကြည့်ရှုသူ ပရိသတ်တွေ အနေနဲ့လည်း ယူဆချင်သလိုယူဆပြီး ထင်မြင်ချက်တွေ ပေးနိုင်ပါကြောင်း …။     ။
မစပ်စု(ဧရာဝတီ)

မော်ဒယ်လ် မေမြတ်မွန် (ဓာတ်ပုံ – သားဇော်)
  မော်ဒယ်လ် မေမြတ်မွန် (ဓာတ်ပုံ – သားဇော်)
 တစတစ ပြောင်းလဲ တိုးတက် ပွင့်လင်းလာတဲ့ မစပ်စုတို့ ရွှေပြည်ကြီးမှာ အနုပညာရပ်ပိုင်းဆိုင်ရာ ပွင့်လင်း တိုးတက် မှုတွေလည်း အပါအ၀င်ပါပဲ။အနုပညာရပ်ပိုင်းဆိုင်ရာ ပွင့်လင်းတိုးတက်မှုဆိုတာကို သိပ်ဝေးဝေးမှာရှာကြည့်နေစရာမလိုပါဘူး။ အင်အား ကြီးမားတဲ့ လူမှုကွန်ရက်ကြီးတခုဖြစ်တဲ့ Facebook စာမျက်နှာတွေထက်မှာ လွယ်လွယ်ကူကူနဲ့ တွေ့နိုင်မှာပါ။ မစပ်စုပြောချင်တဲ့ ပွင့်လင်းထင်သာ မြင်သာလာတဲ့ အနုပညာဖန်တီးမှုတွေကတော့ မေမြတ်မွန်၊ ဇွန်သဉ္ဇာ၊ ဇာဇာထက် စတဲ့ စတဲ့ မော်ဒယ်လ် တွေရဲ့ ပွင့်လင်းမြင်သာရှိလှတဲ့ ဓာတ်ပုံများကို ဆိုချင်တာပါ။ Facebook လူမှုကွန်ရက်ကြီးမှာ တနေ့တနေ့ ဖော်ပြနေတဲ့ သူတို့ရဲ့ ဓာတ်ပုံများဟာလည်း အတော်လေး ရေပန်းစားလာပြီး အပြောအဆို အဝေဖန်ခံနေရရင်းနဲ့ပဲ ဒီမော်ဒယ်လ်တွေဟာ တော်တော်လေး လူသိများ ထင်ရှားလာပြီ ဆိုတာ မငြင်းနိုင်အောင်ပါပဲ။ မစပ်စုကတော့ ဒီမော်ဒယ်လ်တွေထက် နောက်ကွယ်က ဖန်တီး ပုံဖော်ပေးနေတဲ့ ဓာတ်ပုံဆရာတွေရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ ဘယ်လိုရှိမလဲဆိုတာကို ပိုပြီး စိတ်ဝင်စားမိပါတယ်။