Thursday, April 10, 2014

နေအိမ်ထဲထိ ၀င်ပြီး ဆွဲကြိုးဖြတ်


အမျိုးသားတစ်ဦးက နေအိမ်ထဲထိဝင်ရောက်လာပြီး ရွှေဆွဲကြိုးအား လုယက်ခဲ့သည်ဆိုသည့် တိုင်တန်းမှု တစ်ခုကို သာကေတမြို့နယ်ရဲစခန်းက ဧပြီ ၆ ရက်တွင် တိုင်တန်းထားသူကို ဖမ်းဆီးစစ်ဆေးနေသည်။
အမှုမှာ သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် နံနက် ၅ နာရီခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
အိမ်ရှင်ဖြစ်သူ မမြသက်ဆွေသည် အိပ်ရာမှထပြီး နေအိမ်အောက်ထပ်တွင် ဈေးစာရင်းများ ပြုလုပ်နေစဉ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ပါးစပ်ပိတ်ကာ လည်ပင်းရှိ ငါးသိန်းတန် ရွှေဆွဲ ကြိုးအား ဖြတ်ယူ ထွက် ပြေးသဖြင့် အော်ဟစ်အကူအညီတောင်းခဲ့ရသည်ဟု ကာယကံရှင်က ရဲထံတွင် ထွက်ဆိုထားသည်။

ရခိုင်ပြည်နယ် စစ်တွေ၌ ညမထွက်ရအမိန့် ထပ်မံလျှော့ပေါ့

၂၀၁၄ခုနှစ် မတ်လ ၂၇ရက်က ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ကို ဧပြီလ ၉ရက်မှစ၍အချိန်ပြောင်းလဲ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။
“ဟုတ်ပါတယ် မနေ့ကဘဲ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကထုတ်ပြန်လိုက်ပါပြီ အရင်သတ်မှတ်ထားတဲ့ အချိန်ထက် ထပ်မံလျှော့လိုက်တာပါ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှအရာရှိတစ်ဦးကပြောသည်။
စစ်တွေမြို့နယ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းကြောင့် မတ်လ၂၇ရက်မှစ၍ ညမထွက်ရအမိန့်ကို ညနေ ၆ နာရီမှ နောက်တစ်နေ့ငါးနာရီအတွင်း သွားလာခြင်းမပြုရန်ထုတ်ပြန်ခဲ့ရာ ဧပြီလ ၉ရက်တွင် ညနေ ၉နာရီမှ နံနက်၅နာရီထိ လျှော့ပေါ့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ အကြောင်း လူပြောများနေ



မြန်မာ့သားကောင်း's photo.
ဒီနေ့က မင်းသမီးချော ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲဖြစ်ပါတယ်။
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။
ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ ဝေဖန်ကြတာ ဖြစ်ပါတယ်။

ထပ်မံဖမ်းယူရရှိခဲ့သည့် M370 လေယာဉ်မှ ဖြစ်ဖွယ်ရှိသည့် အချက်ပေးသံ


ထပ်မံဖမ်းယူရရှိခဲ့သည့် M370 လေယာဉ်မှ ဖြစ်ဖွယ်ရှိသည့် အချက်ပေးသံ

Thursday 10th April 2014

ရှာဖွေရေးအဖွဲ့တွေဟာ မလေးရှားပျောက်ဆုံးလေယာဉ် M370 ကလို့ ယူဆရဖွယ်ရှိတဲ့ အချက်ပေးသံကို (၆)ကြိမ်တိုင် ဖမ်းယူရရှိခဲ့ပြီး လေယာဉ်တည်နေရာ
ပြစက်ရှိနေဖွယ်ရှိသည့် နေရာတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
 
အိန်္ဒိယသမုဒ္ဒရာအတွင်းမှာ မလေးရှား ပျောက်ဆုံးလေယာဉ်ကို ရှာဖွေနေတဲ့ ရှာဖွေရေးအဖွဲ့ဟာ အိန်္ဒိယသမုဒ္ဒရာ ရေပြင်တစ်နေရာတည်းကနေ M370  ရဲ့ လေယာဉ်တည်နေရာပြစက်ကနေ ထုတ်လွှင့်တယ်လို့ ယူဆရတဲ့ အချက်ပြအသံ(၄)ခုကို စနေနေ့က (၂)ကြိမ်နဲ့ အင်္ဂါနေ့က (၂)ကြိမ် ဖမ်းယူရရှိထားတယ်လို့ သြစတြေးလျရှာဖွေရေး အဖွဲ့ခေါင်းဆောင် " အန်းဂတ်စ် ဟတ်စတန် " က ဗုဒ္ဓဟူးနေ့က ပြောကြားထားပါတယ်။ အသံကိုဖမ်းယူရတဲ့ နေရာဟာ M370 နောက်ဆုံးပျက်ကျ ရာနေရာဖြစ်တယ်လို့ အတည်ပြု ပြောကြားနိုင်ဖို့ဆိုရင် လေယာဉ်ရဲ့ အပျက်အစီးကို မျက်မြင်ကိုယ် တွေ့ တွေ့ရမှ ပြောကြားနိုင်မှာဖြစ်ပြီး ရှာဖွေရေးအဖွဲ့ အခုရှာနေတဲ့ နေရာဟာ နေရာမှန်လို့ ယူဆနေ တယ်လို့ ရှာဖွေရေးအဖွဲ့ခေါင်းဆောင်  " ဟတ်ဆန် " က ပြောကြားထားပါတယ်။
 
ဒါ့အပြင် ပေဂျာက အသံလွှင့်နေတုန်းမှာ ပျောက်ဆုံးလေယာဉ်ရဲ့ အပျက်အစီးကို ရှာဖွေတွေ့ဖို့တကယ် အရေးကြီးတယ် လို့လည်း သူကပြောကြားထားပါတယ်။ ပျောက်ဆုံးလေယာဉ် M370 မှာ တပ်ဆင်ထားတဲ့ လေယာဉ်တည်နေရာပြစက်သုံး ဘက်ထရီဟာ ရက်ပေါင်း(၃၀)ပဲခံတာကြောင့် လေယာဉ်ကိုရှာတွေ့ ဖို့အရေးကြီးတယ်လို့ ဟတ်ဆန်က ပြောပါတယ်။ လေယာဉ်တည်နေရာ ပြစက်ဟာ M370 လေယာဉ်ရဲ့ အမြီးမှာ တပ်ဆင်ထားပြီး လေယာဉ်ဟာ ရေပြင်နဲ့ထိတွေ့မိတာနဲ့ ကြိမ်နှုန်းမြင့်ထင်ရှားတဲ့ အချက် ပေးသံထွက်ပေါ်လာတဲ့ စနစ်ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်အမှတ် ပျောက်ဆုံးနေတာဟာ ရက်ပေါင်း(၃၃)ရက် ရှိသွားပြီပဲ ဖြစ်ပါသည်။

MRTV 4
ရှာဖွေရေးအဖွဲ့တွေဟာ မလေးရှားပျောက်ဆုံးလေယာဉ် M370 ကလို့ ယူဆရဖွယ်ရှိတဲ့ အချက်ပေးသံကို (၆)ကြိမ်တိုင် ဖမ်းယူရရှိခဲ့ပြီး လေယာဉ်တည်နေရာ ပြစက်ရှိနေဖွယ်ရှိသည့် နေရာတွေကို ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။
အိန်္ဒိယသမုဒ္ဒရာအတွင်းမှာ မလေးရှား ပျောက်ဆုံးလေယာဉ်ကို ရှာဖွေနေတဲ့ ရှာဖွေရေးအဖွဲ့ဟာ အိန်္ဒိယသမုဒ္ဒရာ ရေပြင်တစ်နေရာတည်းကနေ M370 ရဲ့ လေယာဉ်တည်နေရာပြစက်ကနေ ထုတ်လွှင့် တယ်လို့ ယူဆရတဲ့ အချက်ပြအသံ(၄)ခုကို စနေနေ့က (၂)ကြိမ်နဲ့ အင်္ဂါနေ့က (၂)ကြိမ် ဖမ်းယူ ရရှိထားတယ်လို့ သြစတြေးလျရှာဖွေရေး အဖွဲ့ခေါင်းဆောင် " အန်းဂတ်စ် ဟတ်စတန် " က

စစ်တွေမြို့တွင်ညမထွက်ရအမိန့်အချိန်လျှော့ချသတ်မှတ်

Photo: စစ်တွေမြို့တွင်ညမထွက်ရအမိန့်အချိန်လျှော့ချသတ်မှတ်

ကေအိုင်အေမှ စစ်သားစုဆောင်းသည်ဆိုပြီး အမျိုးသမီး တစ်ဦးကို လိမ်ခေါ်မုဒိမ်းကျင့်သူ လေးဦးအနက် နှစ်ဦးဖမ်းမိ

Photo: ကေအိုင်အေမှ စစ်သားစုဆောင်းသည်ဆိုပြီး အမျိုးသမီး တစ်ဦးကို လိမ်ခေါ်မုဒိမ်းကျင့်သူ လေးဦးအနက် နှစ်ဦးဖမ်းမိ
10 April 2014 11:02(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

 ကေအိုင်အေမှ စစ်သားစုဆောင်းသည် ဟုဆိုကာ ၀ိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာရှိ အိမ်တွင် အိပ်နေသော အမျိုးသမီးကို လယ်ကွင်ထဲသို့ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် လူငယ်လေးဦးထဲမှ နှစ်ဦးကို  ဖမ်းဆီးရမိပြီဖြစ်ပြီး၊ ကျန်နှစ်ဦးကို ဖမ်းဆီးရမိရန်  ဆက်လက်ကြိုးစားနေဆဲဖြစ်ကြောင်း  ၀ိုင်းမော်မြို့နယ်ရဲစခန်းမှ  သတင်းရရှိသည်။

 ‘‘တရားခံတွေက ကေအိုင်အေမဟုတ်ပါဘူး’’ဟု ၀ိုင်းမော် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

 မတ်လ ၁၉ ရက် ည ၈ နာရီခွဲခန့်တွင် အမျိုးသမီးတစ်ဦးသည် ၎င်း၏ ညီမ၊ ဖခင်နှင့်အတူ အိပ်နေစဉ် အမျိုးသားလေးဦး ရောက်လာကာကချင်ဘာသာစကားဖြင့် အဘွားဟုခေါ်သဖြင့် ဖခင်မှာအိမ် မှ  ထွက်ပြီးစကားပြောခဲ့ကြောင်း  ဖခင်ဖြစ်သူက ဆိုသည်။

ထိုသို့ ဖခင်အိမ်မှ ထွက်လာ စဉ် ထိုလေးဦးက ၎င်းတို့သည် ကေအိုင်အေဖြစ်ကြောင်းနှင့် သမီးနှစ်ဦးရှိသည့်အနက် တစ်ဦး ထည့်ပေးရန် ပြောဆိုခဲ့ပြီး ဖခင်ကလည်း သမီးကို ထည့်ပေးလိုက်သည်ဟု ဆိုသည်။

  ထိုသို့ ထည့်ပေးလိုက်ပြီး နောက် အမျိုးသမီးကို လယ် ကွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့်ပြီးနောက် နံနက် ၂ နာရီခန့်တွင် အိမ်သို့ ပြန်လိုက်ပို့ခဲ့ကြောင်း  သတင်းရရှိသည်။

၎င်းတို့ လေးဦးကို ဖမ်းဆီး အရေးယူပေးရန်  ဖခင်ဖြစ်သူကမတ်လ ၃၁ ရက်တွင် ရဲစခန်းတွင် မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့သည်။

ထိုအောင်မြေသစ်ကျေးရွာ တွင် ၂၀၁၂ ခုနှစ်တွင်လည်း စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးအား သားမယားအဖြစ် ပြုကျင့်ပြီး သတ်ထားသည့်အမှု ဖြစ်ခဲ့ဖူးသည်။

 တရားခံဟု သံသယရှိသူ အသက်(၂၀)အရွယ်အမျိုးသားများကိုဧပြီလ ၆ ရက်တွင် ၀ိုင်းမော်မြို့နယ်ရပ်ကွက် ၃ ရှိ နေအိမ်မှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း  ၀ိုင်း မော်မြို့နယ်ရဲစခန်းမှ စစ်ချက် အရ သတင်းရရှိသည်။

တရားခံဟု သံသယရှိသော ကျန်နှစ်ဦးသည် ထွက်ပြေးတိမ်း ရှောင်နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

Author: မရန်

&Credit To : 7Day Daily & # ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။ @စွယ်စုံကျမ်း@ 

========================

စွယ်စုံကျမ်း မှ လူကြီးမင်းတို့၏ Page များ၊ လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို လူသိများအောင် အခမဲ့ ကြော်ငြာ ပေးနေသည်။

ကြော်ငြာလိုပါက Comment Box မှလည်းကောင်း၊ Message Box မှ လည်းကောင်း၊ လူကြီးမင်းတို့ Page Links များနှင့် ကြော်ငြာလိုသည့် စာသားများကို တစ်ပါတည်း ရေးသားပေးပို့နိုင်ပါသည်။

Admin - စွယ်စုံကျမ်း

10 April 2014 11:02(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ကအိုင်အေမှ စစ်သားစုဆောင်းသည် ဟုဆိုကာ ၀ိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာရှိ အိမ်တွင် အိပ်နေသော အမျိုးသမီးကို လယ်ကွင်ထဲသို့ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် လူငယ်လေးဦး ထဲမှ နှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ပြီး၊ ကျန်နှစ်ဦးကို ဖမ်းဆီးရမိရန် ဆက်လက်ကြိုးစားနေဆဲဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

ကုမ္ပဏီဒါရိုက်တာ၏ယာဉ်ကို ကုမ္ပဏီမှ ယာဉ်မောင်းကခိုးယူသွားသဖြင့် အရေးယူပေးရန်တိုင်တန်း

၈.၄.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်ကမာရွတ်မြို့နယ်နေကုမ္ပဏီဒါရိုက်တာဖြစ်သူဒေါ်အေးအေးမှ ၎င်းသည် ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊ပုလဲကွန်ဒိုမြေညီထပ်ရှိ အလှပြင်ဆိုင်သို့ ၎င်း၏ ယာဉ်အမှတ် ၃ဃ/---- ဆက်စီယာဆလွန်အဖြူရောင်ကိုယ်ပိုင်ယာဉ်ဖြင့် ခေါင်းလျှော်ရန်သွားရောက် ခဲ့ပြီး ယာဉ်ကို ဆိုင်ရှေ့တွင် သော့ခတ်ရပ်ထားခဲ့ကြောင်း၊ ၎င်းဆိုင်တွင်ခေါင်းလျှော်နေစဉ် ယာဉ်၏သော့အား ဆိုင်ရှိမှန်တင်ခုံပေါ်တွင် တင်ထားခဲ့ကြောင်း၊ ခေါင်းလျှော်ပြီး၍ ယာဉ်သော့ အားကြည့်ရာ မတွေ့ရှိတော့ဘဲ ယာဉ်မှာလည်း ပျောက်ဆုံးနေခဲ့ကြောင်း၊ ထိုသို့ယာဉ်ပျောက်ဆုံးနေသဖြင့်စုံစမ်းခဲ့ရာ ၎င်း၏ကုမ္ပဏီမှ

ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ မျက်မှန် တပ်ဆင်သင့်ဟုဆို

ပါဝါမျက်မှန်များကို ဆရာဝန်နှင့် မစမ်းသပ်ဘဲ ပြင်ပမှ အလွယ်တကူဝယ်ယူ တပ်ဆင်ခြင်းမပြုဘဲ ဆရာဝန်နှင့် စစ်ဆေး တိုင်ပင်ပြီးမှသာ တပ်ဆင်သင့်ကြောင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံရှိ မျက်စိအထူးကု ဆရာဝန်ကြီးက ဧပြီလ ၉ ရက်က မဇ္ဈိမကို ပြောသည်။

မျက်မှန်များကို ဆရာဝန်နှင့် မစစ်ဆေးဘဲ ပြင်ပမှလွယ်လင့်တကူ ၀ယ်ယူတပ်ဆင်ခြင်းကြောင့် မျက်စိနှင့်စပ်လျဉ်းသည့် ပြဿနာများ ဖြစ်ပွားလာနိုင်သဖြင့် ယခုကဲ့သို့အ သိပေးခြင်းဖြစ်သည်။

“မျက်စိအားနည်းတယ်ဆိုပြီး ဖြစ်က တတ်ဆန်းတွေ့တဲ့ မျက်မှန်မတပ်သင့်ပါဘူး။ အဲဒီမှာက Cylinder Power တွေ ပါနေတတ်တယ်။ အဲဒါကို တပ်မိတယ်ဆိုရင် မျက်စိကောင်းတဲ့သူတွေဆို မျက်စိမှုန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရှစ်ဦး မန္တလေးမြို့၌တွေ့ရှိ၊ လဝကဥပဒေအရအရေးယူ

Photo: ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရှစ်ဦး မန္တလေးမြို့၌တွေ့ရှိ၊ လဝကဥပဒေအရအရေးယူ
Thursday, April 10, 2014

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် သီရိမာလာအရှေ့ရပ်ကွက် သီရိမန္တလာကားကြီးဝင်း တောင် ဘက်ရှိ ချင်းတောင်တန်းကားဂိတ် တွင် ယခုလ ၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ကလက်မှတ်ဖြတ်နေ သောဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခူရစ် (၃၂)နှစ်ပါရှစ်ဦးအား ဖမ်းဆီး၍ မြန်မာနိုင်ငံ မန္တလေးမြို့တွင်းတရား မဝင်ဝင်ရောက်လာမှုဖြင့် အောင် မြေသာစံမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးက မြို့မရဲစခန်းတွင် (ပ) ၁၅၇/ ၂ဝ၁၄ လဝကအက် ဥပဒေပုဒ်မ ၁၃(၁)အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ခူရစ် (၃၂)နှစ်ပါ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသားရှစ်ဦးတို့သည် ဘင်္ဂ လားဒေ့ရှ်နိုင်ငံ ဒါကာမြို့နယ် နာစီ ယာဘာရီကျေးရွာမှ အိန္ဒိယနိုင်ငံ အင်ဖာမြို့ မိုးရေးကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ကလေး-တမူးသို့ရောက်ရှိပြီး ယခု လ ၃ ရက်တွင် မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ပြီး ယခုလ ၄ ရက် နံနက် ၁ဝ နာရီတွင် မဟာအောင် မြေမြို့နယ် လမ်း ၆ဝ ပြည်ကြီး မျက်ရှင်ကားဝင်းသို့ရောက်ရှိခဲ့ ကြောင်း သိရသည်။

၎င်းတို့ရှစ်ဦး မြန်မာနိုင်ငံ အတွင်းဝင်ရောက်လာသည့် လမ်း ကြောင်းနှင့် ဝင်ရောက်လာရခြင်း ရည်ရွယ်ချက်များ သိရှိနိုင်ရန် မန္တလေးခရိုင်ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။

The Union Daily
မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် သီရိမာလာအရှေ့ရပ်ကွက် သီရိမန္တလာကားကြီးဝင်း တောင် ဘက်ရှိ ချင်းတောင်တန်းကားဂိတ် တွင် ယခုလ ၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က လက်မှတ်ဖြတ်နေ သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခူရစ် (၃၂)နှစ်ပါရှစ်ဦးအား ဖမ်းဆီး၍ မြန်မာနိုင်ငံ မန္တလေးမြို့တွင်းတရား မဝင်ဝင်ရောက်လာမှုဖြင့် အောင် မြေသာစံမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးက မြို့မရဲစခန်းတွင် (ပ) ၁၅၇/ ၂ဝ၁၄ လဝကအက် ဥပဒေပုဒ်မ ၁၃(၁)အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် သတင်းထုတ်ပြန်ကြေညာ

Photo: လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် သတင်းထုတ်ပြန်ကြေညာ
Thursday, April 10, 2014 

လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ရုံးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက် အားကစားတည်းခိုရေးစခန်း အုပ်စု ၁ တွင် မတ် ၁၀ ရက်နေ့တွင် ရုံးထိုင် လုပ်ငန်းများ ဆောင်ရွက်နေကြောင့် ကြေးမုံသတင်းစာ ဖေဘွတ်အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရားနဲ့ လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းဖို့ ဒုတိယသမ္မတ တဦးက ဦးစီးသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတထံသို့ တိုင်ကြားသည့်ကိစ္စများကို နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထောင်စုဝန်ကြီး ၁ ဦးက ဦးစီး စီစစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနထံ တင်ပြလာသော တိုင်ကြားစာများကို စိစစ် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

လာဘ်ပေးလာဘ်ယူမှုများကို ကော်မရှင်အနေဖြင့် တည်ဆဲဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ပြည်သူများက တိုင်ကြားရာတွင် ခိုင်လုံသောအထောက်အထား၊ အရေးကြီးသော သက်သေခံချက်များ ပါရှိရန် လိုအပ်ပြီး ခိုင်လုံသောအကြောင်းမရှိဘဲ ပုဂ္ဂိုလ်တဦးတယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် တမင်တိုင်တန်းခြင်း ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အခြားသောအသင်း၊ အဖွဲ့အစည်းအရပ်ရပ်တို့နဲ့ ဆက်သွယ် ဆောင်ရွက်ကြရာ တွင် အဆိုပါ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းတို့ကြောင့် ပြည်သူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများ ရှိနေပါက အထောက်အထား အချက်အလက် ပြည့်စုံတိကျမှန်ကန်စွာ ဖြင့် ကော်မရှင်ဥက္ကဋ္ဌထံသို့ လိပ်မူပြီး တိုင်ကြားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊နဲ့ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံတို့ကို ဖော်ပြလျက် အောက်ပါလိပ်စာအတိုင်း တိုင်ကြားနိုင် ကြောင်း ကြေးမုံသတင်းစာ ဖေ့ဘွတ်အင်တာနက် စာမျက်နှာမှာ ဖော်ပြ ကြေညာထားပါတယ်။

လာဘ်ပေးလာဘ်ယူမှုများကို တပြည်လုံးအတိုင်းအတာဖြင့် ပိုမို ကျယ်ပြန့်ထိရောက်စွာ တိုက်ဖျက် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို သမ္မတက ၂ဝ၁၃ သြဂုတ် ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

DVB

လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ရုံးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက် အားကစားတည်းခိုရေးစခန်း အုပ်စု ၁ တွင် မတ် ၁၀ ရက်နေ့တွင် ရုံးထိုင် လုပ်ငန်းများ ဆောင်ရွက်နေကြောင့် ကြေးမုံသတင်းစာ ဖေဘွတ်အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားပါတယ်။

ပျောက်ဆုံး မလေးရှား လေယာဉ် ရှာဖွေ ကုန်ကျစရိတ် စံချိန်တင်

 
မလေးရှား လေယာဉ်, သြစတြေးလျ, အမေရိကန်, တရုတ်, အင်္ဂလန်, MH 370, Black Box

ပျောက်ဆုံးနေသည့် MH 370 ဘိုးအင်းလေယာဉ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ချားဒီဂေါလ်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – Wikipedia)
ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်ရှာဖွေရေးလုပ်ငန်းသည် အမေရိကန် ဒေါ်လာ သန်း ရာနှင့် ချီ၍ ကုန်ကျရန် ရှိနေသည့်အတွက် လေကြောင်းသမိုင်းတွင် ကုန်ကျစရိတ် အကြီးဆုံး ရှာဖွေမှုဖြစ်လာရန် ရှိနေသည်။
ရှာဖွေရေးကာလ ၁လ ပြည့်မြောက်သည့် အချိန်တွင် ရှာဖွေရေးလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၄၄ သန်းခန့် သုံးစွဲပြီးဖြစ် သည်ဟု Reuters သတင်းဌာနက ခန့်မှန်းလိုက်သည်။
ရနိုင်သမျှ နာရီအလိုက် ကုန်ကျစရိတ်များ၊ ကာကွယ်ရေး ကျွမ်းကျင်သူတို့၏ တွက်ချက်မှုများနှင့်

နေပြည်တော်သန်းခေါင်စာရင်း ကရင်/ဗုဒ္ဓကို ကယန်းလူမျိုးအဖြစ် ပြောင်း ထည့်ရန် ထွေ/အုပ် ခြိမ်းခြောက်

Photo: နေပြည်တော်သန်းခေါင်စာရင်း ကရင်/ဗုဒ္ဓကို ကယန်းလူမျိုးအဖြစ် ပြောင်း ထည့်ရန် ထွေ/အုပ် ခြိမ်းခြောက်
Thursday, April 10, 2014

နေပြည်တော်၊ ပျဉ်းမနားမြို့ နယ်၊ အရှေ့ခြမ်းတောင်ပေါ်ကျေးရွာ ပြည်ထောင်ကိုးအုပ်စု၊ သန်း ခေါင်စာ ရင်း ကောက် ယူရာတွင် ဦး ဆောင်ပါဝင်သူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင် ကိုးအုပ်စု စာရေး(၁)အဖြစ် တာဝန် ထမ်းဆောင်သူ ဦးအောင်ကျော် ဆန်းသည် ဒေသခံကရင်/ဗုဒ္ဓပြည် သူများကို ကယန်းလူမျိုး ပြောင်းထည့်ရန် ခြိမ်းခြောက်လျက် ရှိသည် ဟု ဒေသခံများက ပြောသည်။

ကယန်းလူမျိုးပြောင်းမထည့် ပါက မိမိတို့၏ လက်ရှိကျင့်သုံး နေသော ရိုးရာဓလေ့၊ ဘာသာ စကားလုံးဝ ပြောဆိုကျင့်သုံးခြင်း မပြုလုပ်ရဟု နှုတ်အားဖြင့် မတ်လ ၂၃ ရက်နေ့ ည(၆)နာရီခွဲတွင် တစ်ကြိမ်၊ ဧပြီ ၃ရက်နေ့ နေ့လယ် ၁ နာရီခွဲတွင် တစ်ကြိမ်နှင့် ၎င်းနေ့ ည(၆း၂၀)တွင် တစ်ကြိမ် အိုင် ကွန်စကားပြောစက်ဖြင့် အကြိမ် ကြိမ် ပြောဆိုခြိမ်းခြောက်ခြင်း များ ပြုလုပ်လျက်ရှိေ နကြောင်း ဒေသခံ များက ပြောသည်။…

ထိုသို့ ပြောဆိုခြိမ်းခြောက်ခြင်း ကြောင့် ဒေသခံပြည်သူများအနေ ဖြင့် မိမိတို့၏ လက်ရှိတည်ရှိနေ သော ကရင်/ဗုဒ္ဓမျိုးနွယ်စုတို့မှာ အမှန်အတိုင်း ဖော်ပြရန် အခက် အခဲများ ကြုံတွေ့နေရလျက်ရှိပြီး အဆိုပါ သန်းခေါင်စာရင်းကောက် ယူရာတွင် လူမျိုးနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရ သည့်ကိစ္စကို လိုအပ်သလို ကူညီ ဖြေရှင်းပေးပါရန် မြို့နယ်ပြည်ခိုင် ဖြိုးပါတီသို့ တင်ပြအကူအညီ တောင်းခံထားကြောင်း ဒေသခံ များက မြန်မာသံတော်ဆင့်သတင်း ဂျာနယ်အား အသိပေးပြောကြား ခဲ့သည်။

မိုးယဉ်ညို(နေပြည်တော်)

Myanmartandawsint Newspaper
နေပြည်တော်၊ ပျဉ်းမနားမြို့ နယ်၊ အရှေ့ခြမ်းတောင်ပေါ်ကျေးရွာ ပြည်ထောင်ကိုးအုပ်စု၊ သန်း ခေါင်စာ ရင်း ကောက် ယူရာတွင် ဦး ဆောင်ပါဝင်သူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင် ကိုးအုပ်စု စာရေး(၁)အဖြစ် တာဝန် ထမ်းဆောင်သူ ဦးအောင်ကျော် ဆန်းသည် ဒေသခံကရင်/ဗုဒ္ဓပြည် သူများကို ကယန်းလူမျိုး ပြောင်းထည့်ရန် ခြိမ်းခြောက်လျက် ရှိသည် ဟု ဒေသခံများက ပြောသည်။

K I A မှ စစ်သားစုဆောင်းသည်ဆိုပြီး အမျိုးသမီး တစ်ဦးကို လိမ်ခေါ်မုဒိမ်းကျင့်သူ လေးဦးအနက် နှစ်ဦးဖမ်းမိ

ကေအိုင်အေမှ စစ်သားစုဆောင်းသည် ဟုဆိုကာ ၀ိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာရှိ အိမ်တွင် အိပ်နေသော အမျိုးသမီးကို လယ်ကွင်ထဲသို့ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် လူငယ်လေးဦး ထဲမှ နှစ်ဦးကို  ဖမ်းဆီးရမိပြီဖြစ်ပြီး၊ ကျန်နှစ်ဦးကို ဖမ်းဆီးရမိရန်  ဆက်လက်ကြိုးစားနေဆဲဖြစ်ကြောင်း  ၀ိုင်းမော်မြို့နယ်ရဲစခန်းမှ  သတင်းရရှိသည်။

တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

Photo: တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး
Thursday, April 10, 2014

အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူမဈေးဝယ်ပြန်လာရာကနေ သူမအိမ်ရှိရာ Tulcea မြို့ကို ပြန်ဖို့အတွက် Nicolae ရဲ့ ကားကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။ သူမအိမ်ရောက်တဲ့အခါမှာ သူ့ရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ် သူမကားငှားဖို့အတွက်လို့ အကြောင်းပြခဲ့ပါတယ်။

သူ့ဖုန်းနံပါတ်ပေးပြီးနောက် အချိန်အတော်ကြာပြီး သူမက ၀ိုင်ပုလင်းများစွာ သွားယူပြီး သူမထံလာပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲခေါ်ဆောင်ကာ သူမနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။

သူငြင်းဆန်တဲ့အခါမှာတော့ သူမက ၁၀ စင်တီမီတာ ပမာဏရှည်တဲ့ ဓါးကို ထုတ်ပြီး အ၀တ်အစားများ ချွှတ်စေခဲ့ပါတယ် လို့ သူက တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ အိပ်ခန်းထဲကို အတင်းပြေးဝင်ပြီး ရဲကို အကြောင်းကြားနိုင်ခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရဲတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုယ်တစ်ပိုင်းချွတ်အမျိုးသမီးတစ်ဦးနဲ့ ဒါဇင်ဝက် အရေအတွက်ရှိတဲ့ ဓါးထိုးရာတွေနဲ့ Mr Stan ကိုတွေ့ခဲ့ရပါတယ်။

သူမဟာ တရားခံဖြစ်ကြောင်း သိသာထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်ငါးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ လက်ရှိကျန်းမာရေး အခြေအနေဲ့ စိတ်ဝေဒနာကြောင့် လေးနှစ် စောင့်ကြည့်ခံရဖို့  ပြင်ဆင်ချမှတ်ခဲ့ပါတယ်။

အဆိုပါ ပြင်ဆင်ချမှတ်လိုက်တဲ့ အမိန့်ကိုတော့ တရားလို Mr Stan က ယခုလို ပြောဆိုခဲ့ပါတယ်။ သူမကို ယခုလို အမိန့်ချမှတ်လိုက်တာဟာ ကျွန်တော့်ကိုတော့ အသိတွေ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်ခြင်း ခံရဖို့ တစ်သက်လုံးစာ အမိန့်ချလိုက်သလိုပါပဲတဲ့။ အခုဆိုရင် ကျွန်တော်ဟာ ဖျော်ဖြေရေး သမားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ကျွန်တော့်အကြောင်းကို လူတိုင်းက ပြောနေကြပြီလို့ ဆိုပါတယ်။

သူတို့တွေ ကျွန်တော်ဘာလို့ ဒီမိန်းမကို ငြင်းဆန်ခဲ့တယ်ဆိုတာ နားလည်မှာ မဟုတ်ဘူး။ ဓါးထောက် အော်ဟစ်ပြီး လိင်ဆက်ဆံခိုင်းနေတဲ့ အရူးမတစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲ။ ဒါတွေ သူတို့မသိကြဘူးလို့ ပြောပါသေးတယ်။

သူတို့က အဲဒီမိန်းမကို ကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်နဲ့ ရယ်ကြတယ်ဗျာ။ အဲဒီမိန်းမကလည်း ရူးသာရူးတာ။ နာမည်ကျော် မင်းသမီး အိန်ဂျလီနာ ဂျိုလီနဲ့ တူတာကိုးဗျ။ မသိတဲ့သူကဆိုရင် Miss Romania က လည်ပင်းကို ဓါးထောက်ပြီး လိင်ဆက်ဆံခိုင်းတယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ပြောကြမယ့် သဘောရှိတယ်လို့ သူက ဆိုပါသေးတယ်။

ကလေးသုံးယောက် ဖခင် ကားသမားဖြစ်သူက ထပ်ပြောပါသေးတယ်။ ကျွန်တော်ထင်တယ် ဒီအမျိုးသမီး တစ်ခါမှ အငြင်းမခံရဖူးနဲ့ တူတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ငြင်းလိုက်တဲ့အခါ သူမ အရမ်းကို ဒေါသထွက်သွားတယ်။ ဒါနဲ့ ဓါးနဲ့ထောက်ပြီး ကျွန်တော့်ကို အ၀တ်တွေ ချွှတ်ခိုင်းပြီး သူမနဲ့ ဆက်ဆံခိုင်းတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆက်ဆံပေးခဲ့ပါတယ်။

ဒါပေမယ့် သုံးကြိမ်မြောက် မှာတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒါနဲ့ သူမလည်း အလိုမပြည့်ဘဲ ကျွန်တော့်ကို ဓါးနဲ့ထိုးတော့တာဘဲ။ ကျွန်တော် သူစိတ်ကျေနပ်အောင် oral sex လုပ်ပေးပေမယ့် ကျွန်တော့်ကို ဓါးနဲ့ ဆက်ထိုးနေခဲ့တယ်လို့ ပြောပါတယ်။

သူမဟာဆိုရင် ဂျိုလီရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး Tomb Raider star မှာ သူမကိုယ်သူမ မော်ဒယ်တစ်ဦး ကဲ့သို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

World Myanmar
အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုး သမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်းထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ် ပွားခဲ့ပါတယ်။

ပျောက်ဆုံးမလေးရှားလေယာဉ် ရှာတွေ့ဖို့ အလားအလာကောင်း

Photo: ပျောက်ဆုံးမလေးရှားလေယာဉ် ရှာတွေ့ဖို့ အလားအလာကောင်း
Thursday, April 10, 2014

အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေနေကြတဲ့ ပျောက်ဆုံးမလေးလေယာဉ်ကနေ ထုတ်လွှတ်တဲ့ အသံလို့ ယူဆရတဲ့ အချက်ပေးမှုကို သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်ကနေ ထပ်ပြီး ကြားနေရတာမို့ လေယာဉ်ကို မကြာခင်မှာပဲ တွေ့နိုင်တဲ့ အလားအလာ ရှိလာနေပြီလို့  ရှာဖွေရေးအဖွဲ့ အကြီးအကဲ Angus Houston က ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ  အမေရိကန်ရေတပ်ရဲ့ ရှာဖွေစက် pinger locator က လေယာဉ်ရဲ့ black box က ထုတ်လွှတ်တဲ့ အချက်ပေးသံ ၂ ခုကို ကြားခဲ့ရတာမို့ လေယာဉ်ပျက်ရဲ့ အပိုင်းအစတွေ တွေ့လာနိုင်မယ်လို့ မျှော်လင့်ကြောင်း သြစတြေးလျ ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မစ္စတာ Huston ကပြောပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ အချက်ပေးသံတွေကြောင့် တွေ့နိုင်တဲ့ အလားအလာ ပိုကောင်းလာတဲ့အပြင် အခု သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ ရှာဖွေနေတဲ့ ကျယ်ပြောတဲ့ နယ်ပယ်ကို နိုင်နိုင်နင်းနင်း အနေအထားအထိ ခြုံ့ပြီး စနစ်တကျ ရှာဖွေနိုင်တော့မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒါဟာ မလေးရှားက ပျောက်ဆုံးနေတဲ့ MH370 လေယာဉ် ဟုတ် မဟုတ် သေချာအောင် နိုင်ငံအများအပြားက ဝိုင်းဝန်းပြီး လေယာဉ်ပျက် အပိုင်းအစတွေကို မျက်မြင်ခွဲခြားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် အချက်ပေးသံတွေ ထပ်ပြီးရဖို့ လိုအပ်နေသလို၊  သမုဒ္ဒရာကြမ်းပြင်ကို စက်ရုပ်ရေငုတ်သင်္ဘောတွေ လွှတ်ပြီးရှာဖို့  အာဏာပိုင်တွေ မစီစဉ်ခင်မှာ ရှာဖွေရမယ့်နေရာ အတိအကျ သတ်မှတ်ပေးဖို့လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်း Black Box က အချက်ပေးသံ ထုတ်လွှတ်ပေးဖို့ သုံးတဲ့ ဘက္ထရီဟာ ရက်ပေါင်း ၃၀ လောက်အထိပဲ ခံပေမယ့် ရှိသလောက်အားနဲ့ ဆက်ထုတ်ပေးနေသေးတဲ့ ဘက္ထရီ လုံးဝ မရပ်ခင် အမြန်တွေ့နိုင်ဖို့ ဝိုင်းပြီး ကြိုးစားနေကြတာပါ။ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတဲ့ ဘိုးရင်း 777 လေယာဉ်ဟာ ပြီးခဲ့တဲ့လ မတ်လ ၈ ရက်နေ့မှာ ကွာလာလမ်ပူကနေ ဘေဂျင်းကိုအသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေနေကြတဲ့ ပျောက်ဆုံးမလေးလေယာဉ်ကနေ ထုတ်လွှတ်တဲ့ အသံလို့ ယူဆ ရတဲ့ အချက်ပေးမှုကို သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်ကနေထပ်ပြီး ကြားနေရတာမို့ လေ ယာဉ် ကို မကြာခင်မှာပဲ တွေ့နိုင်တဲ့ အလားအလာ ရှိလာနေပြီလို့  ရှာဖွေရေးအဖွဲ့ အကြီးအကဲ Angus Houston က ပြောကြားလိုက်ပါတယ်။

NGO တွေ တိုက်ခိုက်ခံရမှု မြန်မာဖြေရှင်းချက် ကုလကြိုဆို

Photo: NGO တွေ တိုက်ခိုက်ခံရမှု မြန်မာဖြေရှင်းချက် ကုလကြိုဆို
Thursday, April 10, 2014

မြန်မာအစိုးရရဲ့ စုံစမ်းရေး ကော်မရှင်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ က ဝေဖန်ပြစ်တင် ရှုံ့ချလိုက်ပြီးတော့၊ သမ္မတကိုယ်တိုင် ချက်ချင်းဆိုသလို ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးစေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ သဘောရိုးနဲ့ မရည်ရွယ်ဘဲ ဖြစ်ပွားခဲ့ရတာကို တွေ့ရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့တဲ့အပေါ် လူသားချင်းစာနာမှု အကူညီပေးရေး ဆောင်ရွက်နေသူတွေက အသိအမှတ်ပြုကြောင်း၊ နောက်ပြီး အစိုးရက အကြမ်းဖက် ဖြစ်ရပ်တွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြောဆိုတဲ့အပေါ် ကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ  Stepphane Dujjaric က ပြောသွားတာပါ။

မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေတုန်းက စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စဟာ အဖွဲ့တဖွဲ့ကနေ မမှန်သတင်းဖြန့်ပြီး လှုံ့ဆော်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ အစိုးရရဲ့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေဟာ သူတို့တွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ယူရှင်းလင်းမှု လုပ်ခဲ့တာပါ။

ကုလသမဂ္ဂနဲ့ INGO အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ပုံမှန် ပြန်လည် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လုံခြုံရေး အပြည့်အ၀ အကာအကွယ်ပေးနိုင်အောင် အစိုးရက ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ အသိမှတ်ပြုတဲ့ အကြောင်းကိုလည်း ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာအစိုးရရဲ့ စုံစမ်းရေး ကော်မရှင်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကြိုဆိုကြောင်း ကုလ သမဂ္ဂ က ပြောပါတယ်။

အတာသင်္ကြန်၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု၊ သီးသန့်ခန်းနှင့် ပုဒ်မ ၁၈၈

Photo: အတာသင်္ကြန်၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု၊ သီးသန့်ခန်းနှင့် ပုဒ်မ ၁၈၈
Thursday, April 10, 2014

မကြာခင် ကျရောက်မည့် မြန်မာအတာသင်္ကြန် ပွဲတော်အတွင်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်း မြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေ သည့် မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများ မဖြစ်စေရေး ရှောင်ကြဉ်ကြရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

““မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ ၀တ်စားဆင်ယင်မှုတွေ မလုပ်ဖို့ အဓိက ထုတ်ပြန်ထားတာပါ။ နှစ်တိုင်းလည်း ထုတ်ပြန်နေခြင်း ဖြစ်ပါတယ်။ သင်္ကြန်ရောက်လို့ရှိရင် သင်္ကြန်မှာ အကုန်လုံး သင်္ကြန်နဲ့ ပတ်သက်တဲ့ နှစ်စဉ် ကြေညာချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အဲဒါပါပဲ””ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမင်းအေးကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သို့သော် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှု ဆိုသည်မှာ မည်ကဲ့သို့သော ၀တ်စားဆင်ယင်မှုမျိုးကို ဆိုလိုသနည်းဟု မေးခွန်းထုတ်မှုများ ရှိသလို မြန်မာ့ရိုးရာ ၀တ်စုံဝတ်၍ သင်္ကြန်ရေပက်ခံထွက်ရန် မဖြစ်နိုင်ကြောင်း ဆိုသူများလည်း ရှိသည်။

““ထဘီနဲ့တော့ ဘယ်လည်လို့ရမလဲ။ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ထားတဲ့ သရုပ်ပျက် အ၀တ်အစားဆိုတာ ဘာကိုပြောတာလဲ။ ဘောင်းဘီရှည်နဲ့တော့ လည်မှာပေါ့။ အတိုမ၀တ်ရဘူးဆို မ၀တ်ဘူးပေါ့။ ဒါမှမဟုတ်လည်း အဖမ်းခံသင့်ရင် အဖမ်းခံလိုက်မယ်လေ”” ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် နေထိုင်သူ မသီရိက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ပုံမှန်ပဲ ကောင်းပါတယ်။ ဘောင်းဘီနဲ့ အင်္ကျီကတော့ လူတိုင်း ၀တ်ကြမှာပဲလေ။ အရမ်းကြီး ဟော့ရှော့ ဖြစ်နေတာတော့ မကောင်းဘူး။ ဒါပေမဲ့ ဘယ်လိုပြောမလဲ။ အရမ်းကြီး သရုပ်ပျက်ကတော့ သင်္ကြန်မှ မဟုတ်ပါဘူး။ ဘယ်နေရာမှ မကောင်းပါဘူး။ အရမ်းကြီး သရုပ်ပျက်ရင်လည်း မကောင်းသလို ထဘီကြီးဝတ်ပြီး တော့လည်း သီချင်းတက်ဆိုလို့ မရဘူးပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတာပေါ့””ဟု အမျိုးသမီး အဆိုတော် စန်္ဒီမြင့်လွင်က သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ သုံးသပ်သည်။

““ကျွန်တော်တို့ကတော့ အရေးယူမယ်လို့ မထုတ်ပြန်ပါဘူး။ အရေးယူမယ်၊ မယူဘူးက သက်ဆိုင်ရာ ဒေသကြီးကပဲ လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က မလုပ်ကြဖို့ ပန်ကြားတာပါ။ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် ဘယ်လို ၀တ်စားဆင်ယင်သင့်တယ် ဆိုတာကို ကိုယ့်ဘာသာကိုယ် ချိန်ပြီးတော့ လုပ်ရမှာ။ ကျွန်တော်တို့က ကိုယ့်ဝတ်စားဆင်ယင်မှုနဲ့ ကိုက်ညီမှုမရှိတဲ့ ဟာလေးတွေ မ၀တ်ကြဖို့ပေါ့။ အဲဒါကို ပြောတာပါ။ အများမြင်လည်း မတင့်တယ်ဘူး။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီဘူး””ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမင်းအေးကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများနှင့် ပတ်သက်ပြီး အင်တာနက် စာမျက်နှာများပေါ်တွင် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ တက်လာခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီမှုများကြောင့် ပြည်သူများအကြား ဝေဖန်ရှုတ်ချမှုများ ပြင်းထန်ခဲ့သည်။

၂၀၁၃ ခုနှစ် အတာသင်္ကြန် ကာလအတွင်း အချို့သော အမျိုးသမီးငယ်များမှာ မိမိခန္ဓာကိုယ်ပေါ်ရှိ အ၀တ်များကိုပင် ချွတ်၍ ရေကစားခြင်းများ၊ ရှိသင့်ရှိအပ် ၀တ်သင့်ဝတ်အပ်သည့် အတွင်းခံ အ၀တ်စားများပင် ၀တ်ဆင်ထားခြင်းမရှိဘဲ မဏ္ဍပ်များပေါ်၌ ရေကစားခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ အမျိုးသားအချို့မှာလည်း လူမြင်ကွင်းအတွင်း အမျိုးသမီးများနှင့် ပွေ့ဖက်နမ်းရှုံ့ခြင်း၊ မူးယစ် ရမ်းကားခြင်းများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အကျည်းတန် စေခဲ့သည်။

““မနှစ်က သင်္ကြန်မှာ ဘယ်လောက်ထိ သရုပ်ပျက်ခဲ့သလဲဆိုတာ အင်တာနက်ပေါ်မှာ သင်္ကြန်လို့ ရိုက်ရှာ လိုက်တာနဲ့ကို တွေ့နိုင်တယ်ဗျာ။ ကျွန်တော်တို့လည်း လူငယ်တွေပါပဲ။ ဒါပေမဲ့ အခု ဖြစ်ပျက်နေပုံတွေက တအားကို သရုပ်ပျက်လွန်းတယ်။ ကျွန်တော်တို့ ကြားထားတာ တစ်ခုဆိုရင် မဏ္ဍပ်တချို့ဆိုရင် သူတို့မဏ္ဍပ် လူစည်အောင်ဆိုပြီး အဲဒီလို ဖြစ်အောင်ကို လုပ်ထားတာတဲ့။ ဒီတော့ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်မှုကိုတော့ ကျွန်တော်တို့လည်း လက်ခံပါတယ်။ မောင်နှသားချင်းတောင် မကြည့်ရဲအောင် ၀တ်နေတာတွေ မြင်နေရတော့ ဒါတွေကို တင်းတင်းကျပ်ကျပ် လုပ်စေချင်တယ်””ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ကိုဘိုဘိုထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““အားလုံးက သင်္ကြန်ဆိုတော့ မိန်းကလေးတွေက ကာလာစုံတဲ့ မိန်းကလေးတွေချည်းပဲ ရှိမှာလေ။ အခုလိုမျိုး ကန့်သတ်တာတော့ မကောင်းပါဘူး။ အားလုံးက အဆင်ပြေနေတာပဲ။ အရေးယူမယ် ဆိုတာတော့ မကောင်းဘူး”” ဟု မြောက်ဥက္ကလာပ၌ နေထိုင်၍ မော်ဒယ်လ်သင်တန်း တက်ရောက် နေသူ ကိုကောင်းမြတ်က ပြောသည်။

လက်ရှိတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် သင်္ကြန်ကဏ္ဍပ်များတွင် စောင့်ကြည့်ရေးကင်မရာ (CCTV) များ တပ်ဆင်၍ စောင့်ကြည့်မှုများ ပြုလုပ်သွားရန် အတွက်လည်း ရန်ကုန်တိုင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ စီစဉ်ထား ပြီး ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

““မဏ္ဍပ်တိုင်းမှာ သရုပ်မပျက်စေဖို့ စောင့်ကြည်သူတွေကို ထားရှိမယ်။ မနှစ်က သင်္ကြန်မှာ အင်တာနက်တွေ ပေါ်အထိ သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ ဖော်ပြတာ ခံရလို့ ဒီနှစ်မှာ အခုလို သတိပေးရတာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေအားလုံး ခေတ်နဲ့အညီ လိုက်လျာညီထွေစွာ ၀တ်တာကို မပြောလိုပါဘူး။ သို့သော် ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ သရုပ်ပျက် ၀တ်ဆင်မှုတွေကိုတော့ တားမြစ်ရမှာ ဖြစ်ပါတယ်။ မဏ္ဍပ်ကြီး တွေမှာ စီစီတီဗွီကင်မရာတွေ ရှိပါတယ်။ အဲဒီကနေတစ်ဆင့်လည်း သရုပ်ပျက် ၀တ်စားသူတွေကို ခေါ်ယူ သတိပေးတာမျိုး၊ လဲလှယ်စေတာမျိုး ပြုလုပ်သွားမှာပါ။ အဲဒီအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မဆီလျော်သော ၀တ်စားဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီကို ဆပ်ကော်မတီအနေနဲ့ ဖွဲ့စည်းထားပြီးသား ဖြစ်ပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်း စန်းနွယ်၏ ပြောစကားကို ကိုးကား၍ နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

ယင်းသို့ စောင့်ကြည့်နေရုံဖြင့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများအား ထိန်းသိမ်းနိုင်မည် မဟုတ်ဘဲ ဥပဒေအရ ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းလည်း ဥပဒေပညာရှင်များက သုံးသပ်လျက် ရှိသည်။

““အရေးယူလို့ ရတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေမှာ အများကြီး ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဥပဒေပုဒ်မတွေ အများကြီးရှိတယ်။ သင်္ကြန်ယဉ်ကျေးမှုကို ဖျက်ဆီးတာ။ အဲဒီလိုမှ အရေးမယူရင် ကျွန်တော်တို့ သင်္ကြန်က ပြောစရာကြီး ဖြစ်လာမယ်”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပေးသည်။

ယခုကဲ့သို့ ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများအား မပြုလုပ်ကြရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တားမြစ် နေချိန်မှာပင် တည်ဆောက်ဆဲ သင်္ကြန်မဏ္ဍပ်များ၌ အ၀တ်လဲခန်းမှအပ အခြားသော မလိုအပ်သည့် အခန်းများ ထည့်သွင်း တည်ဆောက်မှုများ မပြုလုပ်ရန်အတွက်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တားမြစ်ထားသည်။

ယင်းတားမြစ်ချက်များအား လိုက်နာခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ဧပြီလ ၁၁ နှင့် ၁၂ ရက်များတွင် စစ်ဆေး သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

အစိုးရဘက်မှ တားမြစ်ထားသော်လည်း ရန်ကုန်မြို့ရှိ အချို့သော မဏ္ဍပ်များတွင် အ၀တ်လဲခန်း မဟုတ်သည့် အထူးခန်းများ တည်ဆောက်မှုများ ရှိနေပြီး ယင်းအခန်းသို့ VIP လက်မှတ် ၀ယ်ထားသူများသာ ၀င်ရောက် နားနေခွင့်ပြုကြောင်း သိရသည်။

မဏ္ဍပ် လက်မှတ်များ ရောင်းချရာ၌ ရိုးရိုးတန်းနှင့် VIP တန်း ဟူ၍ ခွဲခြားထားပြီး VIP တန်း လက်မှတ် တစ်စောင်လျှင် သင်္ကြန်ရက်အားလုံး ရေကစားရန် ကျပ် ငါးသိန်းခန့် ဈေးပေါက်နေပြီး မဏ္ဍပ်ပေါ်သို့ အရက်ပုလင်း ယူဆောင်ခွင့်၊ အထူးနားနေခန်းအတွင်း အနားယူခွင့် စသည်တို့ ရရှိမည် ဖြစ်သည်။

““အဲဒါကျတော့ မိန်းကလေးနဲ့ ယောက်ျားလေး အလုံပိတ်ခန်းတွေမှာ မဟုတ်တာတွေ ဖြစ်မှာစိုးလို့ အ၀တ်အစား လဲတာလောက် ဘာညာ ပြဿနာ မရှိပါဘူး။ အလုံပိတ် အခန်းတွေ မဖြစ်အောင် လိုက်ပြီးတော့ ဖျက်ခိုင်းတာ။ ဘယ်မဏ္ဍပ်ရယ်လို့တော့ Target မထားဘူး။ အဘတို့က လိုက်မစစ် သေးဘူးလေ။ စစ်ဆေးမယ့် အဖွဲ့တွေ လာရင်လည်း အဲဒါမျိုးမဖြစ်ပါစေနဲ့။ သတင်းရမယ်ပေါ့။ အဲဒီ အခန်းတွေ ပါတဲ့မဏ္ဍပ်ကို လိုက်ကြည့် ခိုင်းပြီးတော့ အဲဒီလိုဟာတွေ လုပ်ထားရင် ဖြုတ်ပါ။ သွားပြီးတော့ စစ်မယ့်အဖွဲ့ကို ပြောထားပြီးသားပါ””ဟု ရဲမှူးကြီးမြင့်အေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

မည်သို့ပင်ဖြစ်စေ မကြာခင် ကျရောက်တော့မည့် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းအတွင်း၌ မဏ္ဍပ်အကြီး အသေးပေါင်း ၁၄၀ ကျော် ခွင့်ပြုထားပြီးဖြစ်ရာ အစိုးရအနေဖြင့် လိုက်လံစစ်ဆေးရာ၌ အခက်အခဲများ ရှိနိုင် ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တားမြစ်ထားသော စည်းကမ်းများအား ချိုးဖောက်ပါ ဒေသဆိုင်ရာ အာဏာပိုင်၏ လိုအပ်၍ ထုတ်ပြန်ထားသော အမိန့်ကို ဆန့်ကျင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူနိုင်ကြောင်းလည်း တရားရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးသောင်းမြင့်က မြန်မာ သံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာထားသော အမိန့်အား ဖီဆန်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် တစ်လဖြစ်စေ၊ ငွေဒဏ် ၂၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်သည်။ ထို့ပြင် ယင်းဖီဆန်မှုသည် လူ့အသက်ကိုသော်လည်းကောင်း၊ ကျန်းမာရေးကိုသော်လည်း ကောင်း၊ လုံခြုံရေးကိုသော်လည်းကောင်း ဘေးဖြစ်စေခဲ့ပါက ထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်ပြီး ငွေဒဏ် ကိုလည်း ၁၀၀၀ ကျပ်အထိ တိုးမြှင့်နိုင်သည်။ သို့မဟုတ်ပါကလည်း ပြစ်ဒဏ်နှစ်ရပ်စလုံးအား ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

““ဒီလိုမျိုးကြေညာချက် ထုတ်တာကျတော့ ၁၈၈ နဲ့ ဆွဲလို့ မရဘူး။ ဒါက အမိန့်မဟုတ်ဘူးလေ။ သူတို့အားလုံးကို ကန့်သတ်ပြီးတော့ သတိပေးတာပဲ ရှိတယ်။ ထိန်းသိမ်းဖို့ဆိုတာက မိန်းကလေးကလည်း ထိန်းသိမ်းမယ်၊ ယောက်ျားလေးကလည်း ဆင်ခြင်မယ် ဆိုလို့ရှိရင် အဆင်ပြေသွားမှာပဲ။ ညင်သာစွာပဲ ကိုင်တွယ်ကြမှာပဲ။ အရေးယူမှု မရှိဘူး မဟုတ်ဘူး။ လွန်ကဲတာတွေကျတော့ ရာဇ၀တ်မှုနဲ့ ငြိစွန်းရင်တော့ ငြိမှာပဲ။ သာမန်ဖြစ်တဲ့ ဟာတော့ သတိပေး ဆုံးမတဲ့ အဖွဲ့တွေ ရှိတာပဲ။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွေ ရှိတယ်။ သူတို့တွေက ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ရဲတပ်ဖွဲ့ကတော့ ဥပဒေနဲ့ ငြိစွန်းလာရင်တော့ အရေးယူသွားမှာပဲ။ ယဉ်ကျေးမှုဌာနက ခေါ်ယူပြီး သတိပေးတယ် ဆိုတာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဥပဒေနဲ့ ငြိရင်တော့ အရေးယူမှာပဲ။ ကိုယ့်ဘက်က ကြည့်မယ်။ သူတို့ဘာသာသူတို့ သာမန်လောက် နမ်းတာ ရှုံ့တာလောက်ကို ရဲက သွားပြီးတော့ ပြဿနာ မရှာပါဘူး။ အဲဒါကို သတိပေးသင့်တဲ့အဖွဲ့က သတိပေးမှာပေါ့”” ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်အေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

Myanmartandawsint Newspaper
မကြာခင် ကျရောက်မည့် မြန်မာအတာသင်္ကြန် ပွဲတော်အတွင်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်း သိမ်း မြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေ သည့် မြန်မာ့ ယဉ်ကျေး မှု လွန် ၀တ်စားဆင်ယင်မှုများ မဖြစ်စေရေး ရှောင်ကြဉ်ကြရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ထုတ်ပြန် ထားမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

KIA, ထိန်းချုပ်နယ်မြေမှ ရွာလေးရွာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူခွင့် တောင်းခြင်း ငြင်းပယ်ခံရ

Photo: KIA, ထိန်းချုပ်နယ်မြေမှ ရွာလေးရွာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူခွင့် တောင်းခြင်း ငြင်းပယ်ခံရ
Thursday, April 10, 2014

ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင် ၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချူပ် နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီ ၈ရက် တွင် အစိုးရဘက်က တောင်းဆိုခဲ့ရာ KIA က ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီ ၄ရက်ကလည်း တနိုင်မြို့နယ်အတွင်း ပယင်းမှော်လုပ်ငန်းခွင်မှ လူများကို သန်းခေါင်စာရင်ကောက်ယူမည်ဟု ဆို၍ KIA ကို ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ တဆင့် ညှိနိုင်းပေးရန် အစိုးရဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဦးလမိုင်ဂွန်ဂျာက “KIA နဲ့ အစိုးရရဲ့ အနေအထားက လုံးဝကြီးကို အပစ်ရပ်လုပ်ထားတာလဲ မဟုတ်ဘူး။ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတော့ KIA က ခွင့်မပြုဘူး။ ဒါကို အတင်း စစ်ကြောင်းနဲ့ဝင်ပြီး ကောက်မယ်ဆိုရင်တော့ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲတွေဖြစ်လာမှာပါဘဲ” ဟု ပြောသည်။

KIA တပ်မဟာ ၂ ၏ နယ်မြေ တနိုင်းမြို့တွင် ဧပြီ ၃ရက်မှစ၍ သန်းခေါင်းစာရင်းကောက်ယူမည်ဟု ဆိုကာ အစိုးရတပ်အင်အားများ တိုးမြှင့်ချထားပြီး ၊ ယင်းနယ်မြေအတွင်း သန်းခေါင်စာရင် ကောက်ယူခွင့် ပေးရန် အချက်နှစ်ချက်ဖြင့် အစိုးရဘက်က တောင်းဆို ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

အစိုးရဘက်မှ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းများပေးထားပြီးဖြစ်သော ဆရာ၊ ဆရာမှများ မှ ၎င်းရွာလေးရွာတွင် ၀င်ရောက်ကောက်ခံခွင့်ပြုရန် သို့မဟုတ် သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူး များက ရွာသားများ၏ လူဦးရေစာရင်းနှင့် အချက်အလက် များကို တနိုင်းမြို့တွင်ရှိသော သန်းခေါင်စာရင်း ရုံးများတွင် လာရောက်ပေးပို့ရန်ဆိုသော အချက်နှစ်ချက်ဖြင့် တောင်းဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်း KIA တပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူခွင့် မရှိခဲ့ သော ရွာပေါင်း ၂၃၁ရွာကို တပ်မတော်စစ်ကြောင်းများဖြင့် ဧပြီလ ၂ရက်က စတင်ကောက်ခံခဲ့ရာ ရွာပေါင်း ၁၇၅ ရွာ ကျန်ရှိနေသေးကြောင်း နှင့်KIA ထိန်းချူပ် နယ်မြေ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်တွင်း ရွာပေါင်း ၅၄ရွာကိုလည်း တပ်မတော်စစ်ကြောင်းများဖြင့် ကောက်ယူ ခဲ့ခြင်း ကြောင့် ယခုအခါတွင် ၁၇ရွာသာ ကောက်ခံရန် ကျန်ရှိတော့ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဧပြီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် ကချင်ပြည်နယ် တွင် အိမ်ထောင်စုပေါင်း ၁၈၀၆၀၂စုကို ကောက်ယူပြီးဖြစ်သည်။

မဇ္ဈိမ
ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင် ၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချူပ် နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီ ၈ရက်တွင် အစိုးရဘက်က တောင်း ဆိုခဲ့ရာ KIA က ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

သင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် ယာဉ်တန်းအဆင်း နေ့တိုင်း နေရပ်ပြန်လာသူ ၃၀၀၀ အထက်ရှိ

Photo: သင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် ယာဉ်တန်းအဆင်း နေ့တိုင်း နေရပ်ပြန်လာသူ ၃၀၀၀ အထက်ရှိ
Thursday, April 10, 2014

နှစ်သစ်ကူးသင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှ တစ်ဆင့် နေရပ်ရင်း မြန်မာနိုင်ငံသို့ ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာ သူ မြန်မာအလုပ်သမား ၃၀၀၀ အထက်တွင်ရှိကြောင်း သောင်ရင်းမြစ်ကမ်း စပ်နေသူ များထံမှ သိရသည်။

“ခုရက်ပိုင်း ပြန်လာသူတွေ အရမ်းများပါတယ်။ အလုပ်သမား ယာယီနယ်စပ်ဖြတ်သန်းခွင့် ပတ်စ်စပို့ စာအုပ်နဲ့  တံတားပေါ်မှ ပြန်လာနေကြလာတာ ထောင်ကျော်ရှိရင် သောင်ရင်းမြစ်ကို ဖြတ်ကူးသွားလာသူက သုံးဆခန့် ပိုပါတယ်။ ဒီရက်တွေမှာ အဆင်းရက်လည်း ပြန်လာကြပါတယ်”ဟု ချစ်ကြည်ရေးတံတားမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

မြ၀တီ ဒေါနတောင်ကျော်ကားလမ်းမှာ မော်တော်ယာဉ်များ အဆင်းတစ်ရက် အတက်တစ်ရက်သာ သွားလာနိုင်၍ ယာဉ်တန်းအတက်နေ့ ပြန်လာသူများ အနေဖြင့် မြ၀တီမှ ကော့ကရိတ်ဆိုင်ကယ်ဖြင့် ဆင်းပြီးမှ နေရပ် သို့ ပြန်နေကြရကာ ငွေကုန်ကြေးကျ များပြားလျက်ရှိသည်ဟု ဆိုသည်။

ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာသူ ထောင်ပေါင်းများစွာ ရှိခြင်းကြောင့် မြ၀တီ -ရန်ကုန် တိုက်ရိုက်ခရီးသွား မော်တော်ယာဉ်လက်မှတ်ခ ဈေးတက်သော်လည်း လက်မှတ်ဝယ်ယူရရှိဖို့  အခက်အခဲရှိကြောင်း။ နေရပ်ပြန် များပြားပြီး လိုင်းတိုမော်တော်ယာဉ်များကြောင်းလည်း ယခုရက်ပိုင်းအတွင်း ချစ်ကြည်ရေးတံတားထိပ်တွင် အဆင်းနေ့ နံနက်တိုင်း မော်တော်ယာဉ်ရှုပ်ထွေးမှု မြင့်တက်လျက်ရှိသည်။

ထို့ပြင် သင်္ကြန်မတိုင်မီ ထိုင်းဘက်ကို ပြန်လည်ထွက်ခွာကြသည့် မြန်မာအလုပ်သမားများလည်း အမြောက်အမြားရှိသည်။

မဲဆောက်-မြ၀တီလမ်းကြောမှ ရောက်ရှိလာပြီး ဒေသစိမ်းနေသူများမှာ နှစ်နိုင်ငံသောင်ရင်း နယ်ခြားမျဉ်းနှစ်ဖက်တွင် ဖြားယောင်းသွေးဆောင်ကာ ပါလာသောငွေကြေးများကိုလည်း လိမ်လည်ခံနေရကြောင်း ချစ်ကြည်ရေးတံတားနေသူများက ပြောကြားသည်။

“ထိုင်းကနေ နေရပ်ပြန်လာကြသူတွေအနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။ ကိုယ့်ကိုအမြတ်ထုတ်မယ့် လူတွေထဲမှာ ကိုယ့်နိုင်ငံသားတွေ ပါဝင်တာရှိသလို ကိုယ့်နိုင်ငံသား မဟုတ်သူတွေလည်း ပါတယ်။ လက်ရှိအနေအထားအရကတော့ လိမ်ညာခံနေရသူတွေ နေ့စဉ်ဆိုသလိုပဲ အနည်းနဲ့အများရှိနေတယ်” ဟု သောင်ရင်းကမ်းစပ်မှာ ကော်ဖီဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။

မြ၀တီ-ရန်ကုန် တိုက်ရိုက်ပြေးဆွဲနေသော ခရီးသွားယာဉ်လိုင်း ၂၀ ခန့် ရှိပြီး မြ၀တီ -တောင်ငူ၊ မြ၀တီ- သံတောင်၊ ပဲခူး၊ ဖြူး စသည်ဖြင့် အဝေးပြေးယာဉ်လိုင်းများ သင်္ကြန်မတိုင်မှီ ယာဉ်စီးခ မြင့်တက် သလို မြ၀တီ-မော်လမြိုင်၊ မြ၀တီ-ဘားအံ ပြေးဆွဲနေသော ယာဉ်ငယ်များလည်း ယာဉ်စီးခ မြင့်တက်နေပြီဖြစ်၍ နှစ်သစ်ကူး သင်္ကြန်ကာလကို ကားသမားရာသီဟု မြ၀တီဒေသခံများက ပြောဆိုကြသည်။

Eleven Media Group

ထိုင်းနိုင်ငံမှ သောင်းရင်းမြစ်ကိုဖြတ်၍ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား တွေ့ရစဉ်
ထိုင်းနိုင်ငံမှ သောင်းရင်းမြစ်ကိုဖြတ်၍ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား တွေ့ရစဉ်

နှစ်သစ်ကူးသင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှ တစ်ဆင့် နေရပ်ရင်း မြန် မာနိုင် ငံ သို့ ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာ သူ မြန်မာအလုပ်သမား ၃၀၀၀ အထက်တွင် ရှိကြောင်း သောင် င်းမြစ်ကမ်း စပ်နေသူ များထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ ကန့်သတ်မည်

Photo: ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ ကန့်သတ်မည်
Thursday, April 10, 2014

လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့အခါ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဝင်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ် လောင်းတွေကိုသာ စည်းရုံး ဟောပြောခွင့် ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီလ ၇ ရက်နေ့ကပြုလုပ်တဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ခရိုင်-မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားတာဖြစ်ကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD ပါတီရဲ့ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

"သူကပြောခဲ့တဲ့ စကားလုံးအတိအကျက အချိန်၊ နေရာနဲ့ လူပုဂ္ဂိုလ်ကို ကန့်သတ်လို့ရတယ်၊ ကန့်သတ်ပိုင်ခွင့်လည်းရှိတယ်၊ လူပုဂ္ဂိုလ်ဆိုတာကတော့ အရွေးခံမယ့် လူပုဂ္ဂိုလ်ကပဲ သူဘယ်လိုအရည်အချင်းရှိပါတယ်၊ ဘယ်လိုလုပ်ပါမယ်၊ ဒါတွေကို ပြောသင့်တယ်ပေါ့၊ တခြားလူက ဝင်ပြောလို့မရဘူးဆိုတဲ့ သဘောမျိုးပြောသွားတယ်၊ အချိန်အနေနဲ့ကျတော့ မလေးရှားမှာဆိုရင် campaign ရက်ကို ၁၅ ရက်ပဲပေးတယ်လို့ သူပြောတယ်၊ အဲဒီလိုမျိုး ကန့်သတ်လို့ရတယ်၊ ဘယ်နေရာပဲ campaign လုပ်ပါဆိုပြီး ကန့်သတ်လို့ရတယ်၊ နေရာရယ်၊ အချိန်ရယ်၊ လူရယ်ကို ကန့်သတ်မယ်လို့ ပြောပါတယ်"

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ဒီပြောကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်လို့ ယူဆကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ အခုလို မဲဆန္ဒနယ်အလိုက် ဟောပြောမယ့်သူ၊ ဟောပြောမယ့်အချိန်နဲ့ နေရာတွေကို ကန့်သတ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာပဲ လွှတ်တော်ထဲမှာ တပ်မတော် ပါဝင်နေတာဟာ အာဏာလိုချင်လို့မဟုတ်ဘဲ၊ အာဏာမသိမ်းချင်တဲ့အတွက် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့အခါ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဝင်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ် လောင်းတွေကိုသာ စည်းရုံး ဟောပြောခွင့် ပြုမယ် လို့ ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ

Photo: ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
Thursday, April 10, 2014

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

အဲ့ဒီကျောက်စိမ်းကား ၁၁ စီးကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးလိုက်တာဖြစ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဦးဗညားဦးက ပြောပါတယ်။

"တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅က ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ တရားမဝင် ကျောက်စိမ်းကား ၁၁ စီးကိုဖမ်းမိပါတယ်၊ ကျနော်တို့ အမှုဖွင့်မှာပေါ့နော်"

ဒီတရားမဝင် ကျောက်စိမ်းကား ၁၁ စီး ဖမ်းဆီးရမိကြောင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောပါတယ်။

အဲဒီ ကျောက်စိမ်းကား ၁၁ စီးပေါ်က ကျောက်စိမ်းတုံးတွေရဲ့ ကာလတန်ဖိုးပမဏကို မသိရှိရသေးကြောင်းနဲ့ မနေ့က ဖမ်းဆီးမိတာဟာ ဒီနှစ်ပိုင်းအတွင်း အများဆုံးလို့ ပြည်နယ်အစိုးရက ပြောပါတယ်။

RFA Burmese
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ကား အစင်း ၆ သန်းခွဲ ပြန်အပ်ဖို့ တိုယိုတာ ကြေညာ

တိုယိုတာ ကုမ္ပဏီက ကားအစင်းရေ ၆ သန်းခွဲ နီးပါးကို လုံခြုံရေး စိတ်မချရလို့ ကားတွေ ပြန်အပ်ပေး ဖို့ ကြေညာလိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်

Photo: ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
Thursday, April 10, 2014

လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အခုလို ရွေးကောက်ပွဲကော်မရှင်က ပြောဆိုမှုအပေါ်မှာ အတိုက်အခံပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အခြားပါတီတွေက ဘယ်လို သဘောထားကြပါသလဲ။ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဒီ ၂၀၁၄ မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်မှာ သက်ဆိုင်ရာ ကိုယ်စားလှယ် ကိုယ်တိုင်ကပဲ မဲဆွယ်ရမယ်ဆိုတဲ့အချက်ကို ကန့်သတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးသောင်းလှိုင် က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ဥက္ကဌကြီးကတော့ သူက ဒီ Campaign နဲ့ပတ်သက်လို့ပေါ့ သူ အဲ့ဒီမှာပြောတဲ့ဥစ္စာကတော့ လောလောဆယ်ဆယ် သူ အကြမ်းမျဉ်းပေါ့နော် ကျနော်တို့ ကော်မရှင်က ဒီလိုဒီလို ဆောင်ရွက်မယ်ဆိုတဲ့သဘော၊ အဲ့ဒါနဲ့ပတ်သက်လို့ရှိရင် လက်ရှိ Election Campaign နဲ့ပတ်သက်တဲ့ စာ ထပ်ထွက်စရာရှိတယ်။ အဓိကတော့ ညွှန်ကြားချက်ပေါ့နော်။ လောလောဆယ်မှာတော့ မထွက်သေးဘူးပေါ့နော်။ သူက အဲ့ဒီအပေါ်မှာလည်း ဟိုဒင်းဖြစ်တယ်။ နောက်တခါ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဖို့ရှိတယ်။ ဒါပေမဲ့ အဓိကပြောချင်တာကတော့ဗျာ ဟို Election Campaign ကတော့ ဟို ကာယကံရှင်က မဲဆွယ်စည်းရုံးတာ ပိုပြီးတော့ သင့်မြတ်တယ်ပေါ့နော်။ အဲ့ဒါတော့ ဥက္ကဌကြီးက ဒီခရီးစဉ်ထဲမှာသွားရင်းနဲ့ သူ ကျနော်တို့ ကော်မရှင်အနေနဲ့ လှည့်ရင်းနဲ့ ဒါကို နှုတ်အားဖြင့်တော့ ထုတ်ပြောတာပေါ့နော်။”

ဒီအချက်နဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း ဧပြီလ ၇ ရက်နေ့တုန်းက ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါသေးတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုလို ကန့်သတ်မယ့်အချက်ဟာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေကို ကန့်သတ်မယ့်သဘော ရှိနေတယ်လို့လည်း အများက ရှုမြင်ကြပါတယ်။

ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်အရဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုမျိုး NLD ပါတီ အမတ်လောင်းတွေအတွက် လှည့်လည် မဲဆွယ်စည်းရုံးခွင့် ရတော့မှာ မဟုတ်ပါဘူးလို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်အချို့က သုံးသပ်နေကြပါတယ်။

ဒီအချက်နဲ့ မဲဆွယ်စည်းရုံးမှုကို ပြောင်ပြောင်တင်းတင်း ကန့်သတ်မယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံက ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိဘူးတဲ့ ကန့်သတ်မှုမျိုး ဖြစ်လာမယ်လို့ ရှုမြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း ဖြစ်ပါတယ်။

“အဲ့ဒါကတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံ သမိုင်းမှာ အစဉ်အလာ လုံးဝ မရှိဘူး အဲ့ဒါ။ ဒီစကားကြားရတာ ကျနော့်အတွက်တော့ အထူးအဆန်းပဲ။ ဘာလို့လဲဆိုတော့ ၄၈ လွတ်လပ်ရေးရပြီးရော၊ တောက်လျှောက်လုပ်လာတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ တောက်လျှောက်ရှိတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ၄၇ မှာလုပ်တယ်။ နောက်ပြီးတော့တခါ လွတ်လပ်ရေး ရပြီးတော့လည်း ဖ.ဆ.ပ.လ အစိုးရလက်ထက်မှာ ၅၂ ခုနှစ်မှာ တခါ လုပ်တယ်။ ၅၆ ခုနှစ်မှာ တခါလုပ်တယ်။ နောက်ပြီးတော့ ၁၉၆၀ မှာလည်း ရွေးကောက်ပွဲလုပ်တယ်။ ၉၀ ခုနှစ်မှာလည်း လုပ်တယ်။ တခါမှ အဲ့လိုကန့်သတ်တာမျိုး မရှိဘူး။ အဲ့လိုကန့်သတ်တာဟာ သဘာဝမကျဘူးလို့ ကျနော် မြင်တာပဲ။ ဒါကတော့ အစဉ်အလာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီ တခုနိုင်ဖို့ဆိုတာက သူ့ခေါင်းဆောင်က အဓိကပဲလေ။ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်တာကိုး။ ဟိုတုန်းကလည်း သန့်ရှင်း ဖ.ဆ.ပ.လ ဦးနုကို ကြိုက်လို့ တပြည်လုံး မဲ ပေးတာပဲ။ 90 Election မှာလည်း ဒေါ်စုကို ကြိုက်လို့ ပေးတာပဲ။ ကျနော်တို့ 2010 မှာလည်း ကျနော်တို့ဝင်တာ ခမောက်ဝင်တာ။ ဒေါ်စုအရှိန်နဲ့ နိုင်တာပဲလေ။ ဒါကတော့ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်မှာပေါ့ဗျာ။ ပါတီရဲ့မူဝါဒကိုလည်း ကြိုက်မယ်။ ခေါင်းဆောင်ကိုလည်း ကြိုက်ရမှာပေါ့။ ခေါင်းဆောင်က အဓိက Main ပဲလေ။”

ပါတီပိုင်းက ဟောပြောသလို၊ ကိုယ်စားလှယ်လောင်းကလည်း ဟောပြောခွင့်ရှိမှသာ ပါတီမူဝါဒတွေကို  ပြည်သူသိအောင် ချပြနိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒု ခေါင်းဆောင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင် က ရှုမြင်သုံးသပ်ပါတယ်။

“မဲဆွယ်စည်းရုံးတာကတော့ နှစ်ပိုင်းရှိတာပေါ့လေ။ ပါတီအပိုင်းဆိုတာ ရှိတယ်ဗျ။ နောက် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်တဲ့အပိုင်း ရှိမှာပေါ့။ အဲတော့ မဲဆန္ဒနယ် တခုကို သတ်မှတ်တာက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သလို၊ သက်ဆိုင်ရာ ပြိုင်တဲ့ပါတီကလည်း သတ်မှတ်ပေးရတာကိုး။ ဒီမဲဆန္ဒနယ်မှာ ဘယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ၀င်ပြိုင်တယ်ဆိုတာမျိုး၊ အဲတော့ ပါတီပိုင်းက ဆွေးနွေးပိုင်ခွင့် ပြည်သူလူထုကို တင်ပြပိုင်ခွင့်ကတော့ ရှိတယ်။ ဟုတ်ပြီနော်။ ပါတီပိုင်းက မပါဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ မဖြစ်လာနိုင်ဘူး။ မဟုတ်ရင် တသီးပုဂ္ဂလဖြစ်သွားမှာပေါ့။ အဲတော့ ပါတီပိုင်းကို မေ့ထားခဲ့လို့ မရဘူး။”

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ NLD  လွှတ်တော် ကိုယ်စားလှယ်လောင်း တွေအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် အခု ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုတွေ လုပ်လာသလားလို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှ ပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဟာဆိုရင် လွတ်လပ်လွန်း၍ တရားမမျှတသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်လို့တောင် ပြောဆိုခဲ့ဖူးပါတယ်။

ဗွီအိုအေ မြန်မာပိုင်း
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ

Photo: အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ
Thursday, April 10, 2014

အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေ ယာဉ်တင် သင်္ဘော ကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ မှ ၁၉၅၇ ခုနှစ်က ၀ယ်ယူ ခဲ့သော ၄င်းသင်္ဘောကို အိန္ဒိယနိုင်ငံ က ၁၉၇၁ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အင်ဒို - ပါကစ္စတန် စစ်ပွဲအတွင်းက ပါကစ္စတန် အရှေ့ပိုင်းရှိ ရေကြောင်း ပိတ်ဆို့မှုများ လုပ်ဆောင် ရာတွင် အဓိကကဏ္ဍ တစ်ရပ်အဖြစ် အသုံးပြု ခဲ့ကြောင်း သိရသည်။

အိန္ဒိယ ရေတပ်မှ ရောင်းချခဲ့သော ၄င်း သင်္ဘောကို I.B Commercial Pvt ကုမ္ပဏီက ၀ယ်ယူခဲ့ပြီး ရက်ပေါင်း ၃၀ အတွင်း ငွေပေးချေ သွားမည် ဖြစ်ကြောင်း သိရသည်။

INS Wikrant သင်္ဘောသည် ၁၉၉၇ ခုနှစ် ဇန်န၀ါရီလ ပိုင်းက ၄င်း ထမ်းဆောင် ခဲ့သည့် တာဝန်များကို အဆုံးသတ် ခဲ့ပြီးနောက် သင်္ဘောကို အာဏာပိုင် များက မွမ်ဘိုင်းမြို့ Cuffe Parade ရှိ သင်္ဘောပြတိုက် တစ်ခု၌ ၂၀၁၂ ခုနှစ်တိုင်အောင် ပြသခဲ့ပြီး လုံခြုံမှု မရှိသောကြောင့် နောက်ပိုင်းတွင် ယင်းကဲ့သို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua )

Themyawadydaily
အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေ ယာဉ်တင် သင်္ဘော ကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည် ထက် ပိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေး မှုများ ဖြစ်လာနိုင်ကြောင်း ယူဆနေကြ

Photo: မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည် ထက် ပိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေး မှုများ ဖြစ်လာနိုင်ကြောင်း ယူဆနေကြ
Thursday, April 10, 2014

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက် ပိုမိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်သည်ဟု ယူဆမှု များရှိနေကြောင်း သိရှိရသည်။

ဈေးကွက်စီးပွားရေးစနစ်အား အောင်မြင်စွာ ကျင့်သုံးလာသည်ဟု ဆိုနိုင်သည့် မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာ အစဉ်အလာ မဟုတ်ဘဲ ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသည့် မဟာသင်္ကြန် ပွဲတော်အတွက် အစိုးရရုံးဌာနများနှင့် နိုင်ငံတကာနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းကာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးနေသည့် မြန်မာနိုင်ငံအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြောင်းလည်း သိရှိရသည်။

“လူတစ်ယောက်ကို တစ်နှစ်ကို ရှောင်တခင်ခွင့် ၁၀ ရက်က ရှိပြီးသား။ ဒါ့ပြင် တစ်ပတ်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်ပေးတယ်။ တစ်ပတ်မှာ ငါးရက်အလုပ်လုပ်၊ နှစ်ရက်နားခိုင်းတဲ့ သဘောပေါ့။ အဲဒီရက်မှာနားပြီး အားပြန်ဖြည့်တဲ့ သဘောပေါ့။ အခု ၁၀ ရက် ပိတ်ပေးတယ် ဆိုတာလည်း စိတ်ရောကိုယ်ရော နားခိုင်းတဲ့ သဘောပါပဲ။ တရုတ်တွေကတော့ တရုတ်နှစ်သစ်ကူးမှာ နားကြတယ်။ နိုင်ငံခြားသားတွေကတော့ vacation ရက်တွေကို တန်ဖိုးထားကြတယ်။ ဒါပေမဲ့ အခုလို ၁၀ ရက်ပိတ်တဲ့အတွက် တချို့အလုပ်တွေ pending ဖြစ်တာတွေတော့ ရှိတာပေါ့” ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလတွင် အစိုးရရုံးဌာနများ၏ တရားဝင်ရုံးပိတ်ရက်မှာ စနေ၊ တနင်္ဂနွေပိတ်ရက်များနှင့် မဟာသင်္ကြန် ပိတ်ရက်များအပါအ၀င် ၁၄ ရက်အထိ ရှိနေသည်။ မြန်မာနိုင်ငံတွင် ဧပြီလ၏ ရုံးပိတ်ရက်များသည် မဟာသင်္ကြန်ပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်များ ပေါင်းပါက နှစ်စဉ် ၁၃ ရက်နှင့် ၁၇ ရက်ကြားတွင် ရှိနေသည်။

ထိုသို့ ပိတ်ရက်များ များပြားသည့်အတွက် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများသည် ဘဏ္ဍာနှစ်တစ်နှစ်၏ အစဖြစ်သော ဧပြီလအတွက် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် အချို့က သုံးသပ်မှုများ ရှိနေသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် သာမန်လုပ်သား ပြည်သူများအတွက် နားရက်ရရှိ၍ ကောင်းမွန်စွာ နားနေနိုင်သည့် အခြေအနေတွင် ရှိသော်လည်း နှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည့် မြန်မာနိုင်ငံအနေနှင့် လက်ရှိကာလသည် နိုင်ငံတကာအား အမီလိုက်နိုင်ရန် စီးပွားရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် လုပ်ကိုင်သင့်သည့် အချိန်ဖြစ်ပြီး ပိတ်ရက်ရှည်ကြာမှုသည် လက်ရှိကာလတွင် မဖြစ်သင့်တော့ကြောင်း ကုန်သည်စက်မှု အသင်းချုပ် တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် မဟာသင်္ကြန် ပိတ်ရက်အဖြစ် သတ်မှတ်သည့် အစိုးရရုံးပိတ်ရက် ကာလအတွင်း မဖြစ်မနေ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း အများစုမှာ ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများ အပါအ၀င် ၀န်ထမ်းများ၊ အကျဉ်းထောင်၊ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ တပ်သားများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စသည့်ဝန်ထမ်းများဖြစ်ပြီး အများသူငါ ရုံးပိတ်ရက်တွင်ပါမကျန် တာဝန်ထမ်းဆောင်ရသည့် နိုင်ငံဝန်ထမ်းများ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်သည် မညီမျှသော နိုင်ငံတော် ရုံးပိတ်ရက်များ ဖြစ်ပေါ်စေကြောင်း သိရသည်။

“ကျွန်မတို့အလုပ်က ပိတ်လို့ရတဲ့ အလုပ်မှ မဟုတ်တာ။ သင်္ကြန်ရက်နားနီးလေ လူနာများလေပဲ။ ဒီအလုပ်ကိုပဲ ကျွန်မတို့ ရွေးချယ်ခဲ့တာ” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု ၀န်ထမ်းတစ်ဦးက ဆိုသည်။

အများသူငါ ပျော်ပါးချိန်တွင် ပျော်ပါးချင်သော်လည်း ထိုကဲ့သို့ ပြည်သူများ ပျော်ပါးနေမှုအား ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ရှိနေသည့်အတွက် အများသူငါကဲ့သို့ ပျော်ရွှင်နိုင်မှု မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ငွေကြေးကြွယ်ဝသူများနှင့် လုပ်ခလစာ အာမခံချက်ရှိသည့် အစိုးရ၀န်ထမ်းများ ပုဂ္ဂလိက ၀န်ထမ်းများအတွက် ပိတ်ရက်များနှင့်အတူ လစာငွေထုပ်မှ လကုန်လျှင် စောင့်ကြိုနေမည် ဖြစ်သော်လည်း သာမန်ကျပန်း လုပ်ကိုင်သူများနှင့် တစ်နေ့လုပ်တစ်နေ့ စားရသူများအတွက် သင်္ကြန်ပိတ်ရက်များပြားမှုမှာ ခက်ခဲသည့်နေ့ရက်များ ဖြစ်ပေါ်စေကြောင်းလည်း သိရှိရသည်။

“ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပန်းရန်လုပ်ပါတယ်။ သင်္ကြန်ကာလမှာ စုဆောင်းထား တာလေးတွေ နဲ့ပဲ ချွေတာ စားသောက်ရမှာပေါ့။ အိမ်မှာက မိသားစု လေးယောက်ရှိတယ်။ ကျွန်တော်ရယ် ကျွန်တော့်သားအကြီးရယ်က နေ့စားပန်းရန် လုပ်တယ်။ နှစ်ယောက်စလုံး အလုပ်မလုပ်တော့ တစ်ရက်ဆိုတစ်ရက် ၀င်ငွေထိခိုက်တာပေါ့။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေအတွက်ကတော့ သင်္ကြန်ဆိုတာ ပျော်စရာကောင်းပေမယ့် ကျွန်တော်တို့လို လက်လုပ်လက်စားတွေကတော့ သင်္ကြန်ဆိုရင် စားဝတ်နေရေး အတွက်ကတော့ ခေါင်းခဲရတယ်” ဟု မလွှကုန်းရပ်ကွက်၊ တာမွေမြို့နယ်နေ ဦးကျော်အုန်းက ဆိုသည်။

“သင်္ကြန် ၁၀ ရက် ပိတ်တဲ့အတွက် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့ရုံးတွေက ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးတဲ့ ဌာနတွေဆိုတော့ လိုင်စင်အတွက်က သင်္ကြန်ပိတ်ရက်အတွက် ကြိုပြီးလုပ်ထားလို့ ရတယ်လေ။ ကုန်သွယ်ရေးစာချုပ် ချုပ်ဖို့ရှိတာတွေဆိုလည်း ကြိုလုပ်ထားလို့ ရပါတယ်။ အရေးကြီးတာက custom လို ဟာမျိုးတွေမှာတော့ ကြိုလုပ်ထားဖို့ ခက်တယ်။ ပို့ကုန်သွင်းကုန်နဲ့ ကုန်စည်စီးဆင်းနေတဲ့ အပိုင်းကို အကောက်ခွန် စည်းကြပ်ရတာ ဖြစ်တဲ့အတွက် တကယ်လို့သာ custom လိုဌာနမျိုးကို ၁၀ ရက်ပိတ်ရင် နည်းနည်းတော့ ပြဿနာရှိနိုင်ပါတယ်။ ကုန်သွယ်မှု ရပ်ဆိုင်းတာတွေ နှောင့်နှေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲလိုမျိုးတွေ မဖြစ်အောင် ရက်အလိုက် တာဝန်ချထားမှုတွေကိုလည်း ကြိုတင်စီစဉ် ထားကြပါတယ်” ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်နွှယ်လုပ်ကိုင်နေ ရသည့် မြန်မာနိုင်ငံရှိ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်တွင် အစိုးရရုံးပိတ်ရက် ကာလအတွင်း ၀န်ထမ်းရုံးပိတ်ရက်များ ပိတ်ထားသော်လည်း အခြားနိုင်ငံများမှ ကုန်မှာယူမှုများ ရှိသည့်အတွက် ကုန်တင်ပို့မှုများ လုပ်ဆောင်ရခြင်းကြောင့် အစိုးရဌာန တစ်ခုဖြစ်သည့် အကောက်ခွန် ဦးစီးဌာနသည်လည်း အစိုးရ ရုံးပိတ်ရက်တွင် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အဆင်ပြေစွာ နိုင်ငံတကာ ကုန်သွယ်မှု ပြုလုပ်နိုင်စေရန် ယခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်၌ ရုံးဖွင့်ရက် လေးရက်အထိ သတ်မှတ်ထားရသည်။

“ရုံးပိတ်ရက်များတော့ ၀န်ထမ်းတွေ ပျော်တာပေါ့။ လုပ်ငန်းရှင်တွေ ဘက်ကတော့ ရုံးပိတ်ရက်များတော့ အရှုံးတော့ ရှိတယ်။ နေ့စဉ် Cost ကရှိနေတော့ အရှုံးက ရှိတယ်။ ရုံးပိတ်ရက်များတော့ ၀င်ငွေမရှိတဲ့ ဧပြီလကတော့ ပို့ကုန်လုပ်ငန်းတွေ အတွက်ကတော့ အရှုံးရှိတာပေါ့။ နိုင်ငံခြားကို တင်ပို့နေတဲ့ ရေထွက်ကုန်တွေကတော့ ၁၀ တန်မှာရင် ရှစ်တန်လောက်ပဲ တင်ပို့ရတယ်။ အဲဒီကြားရက်မှာက ရသလောက် ကုန်ကိုပဲ တင်ပို့ရတယ်။ ဧပြီလကတော့ ပို့ကုန် Volume ကျမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ရက်များတာကိုး။ ပို့ကုန်ကတော့ နည်းနည်းတော့ ကျသွားနိုင်တယ်။ ရုံးပိတ်ရက် ရှည်တော့လည်း နိုင်ငံခြားနဲ့ ဆက်သွယ်ပြီး လုပ်ရတဲ့ လုပ်ငန်းတွေက အခက်အခဲ ဖြစ်တာပေါ့။ ၀န်ထမ်းတွေ အကုန်လုံးကို ပေးနားရတယ်။ ပေးနားရတော့ နိုင်ငံခြားမှာက ပိတ်ရက်ဒီလောက်မရှိတဲ့ အခါကျ သူတို့နဲ့ ဆက်သွယ်တဲ့ အခါကျတော့ ဒီကပိတ်ရက်ဖြစ်တော့ အရောင်းအ၀ယ် နည်းနည်းတော့ တန့်သွားတာပေါ့။ အမှန်ကတော့ ၁၀ ရက်ကျော်ကြီးက နည်းနည်းတော့ များတယ်။ နိုင်ငံတော်က အခုမှ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ အချိန်လေ။ ရုံးပိတ်ရက် များတဲ့အတွက် ထိခိုက်မှုတော့ ရှိတယ်။ ဒီအချိန်မှာ သူများတစ်လှမ်းလှမ်းရင် ကိုယ်ကနှစ်လှမ်းလောက် လှမ်းရမယ့် အချိန်လေ။ ဒီအချိန်မှာ ပိတ်ရက်တွေ များတဲ့အခါကျတော့ လုပ်နေတဲ့စွမ်းအားတွေ လျော့တာပေါ့” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။

အကောက်ခွန် ဦးစီးဌာန အနေဖြင့် တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာ ရသည့် ရုံးဖွင့်ရက် လေးရက်အပြင် ရုံးမဖွင့်သည့် ရက်များ၌ အရေးတကြီး တင်သွင်းတင်ပို့လုပ်ငန်း လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအတွက်ပါ ပိတ်ရက်များတွင် ပြည်ပသို့ တင်သွင်းတင်ပို့မှုများ ပြုလုပ်နိုင်ရန် လုပ်ငန်းရှင်များအား ကြိုတင်သတိပေးမှုများ ပြုလုပ်ထား ရပြီး လေကြောင်း ပို့ကုန် လုပ်ငန်းများကိုမူ မဟာသင်္ကြန် ရုံးပိတ်ရက်တွင်ပါ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ဆိုင်သော ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုတန်ဖိုး ကျပ် ၄၆ ဒသမ ၃၀၇ ထရီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၁ ဒသမ ၀၆၀ ထရီလျံ ရရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၉ ဒသမ ၂၄၈ ထရီလျံ ရရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ပထမ ခြောက်လပတ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့ကာ စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့ကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ မဟာသင်္ကြန် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နယ်၌ ရေကစားနေကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
၂၀၁၃ မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ရေကစားနေကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ -အောင်ဇော်ထွန်း)

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက် ပိုမိုနေပြီး စီးပွားရေး လည်ပတ်မှု ဆိုင် ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်သည်ဟု ယူဆမှု များရှိနေကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ အိမ်ထောင်စု ၁၀ သန်းကျော် ကောက်ယူပြီးစီးခဲ့ပြီဖြစ်

မတ်လ ၃၀ ရက်မှ စတင်၍ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဧပြီလ ၈ ရက်အထိ အိမ်ထောင်စု ၁၀၀၇၈၈၅၅ စု ကို ကောက်ယူ ပြီးစီး ခဲ့ကြောင်း သိရသည်။

ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ

ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါအထူးစီးပွားရေးဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာ မြေစိုက်တဲ အချို့တွင် ကားပစ္စည်းအဟောင်းအချို့ကို ချိတ်ဆွဲထားသည်။ ကားစုတ်ကားဟောင်းအချို့ကို လည်း ပြင်ပ တွင် ပိုင်ရှင်မဲ့တွေ့ရသည်။