Monday, August 27, 2012

ဂျိမ်းစဘွန်းဖုန်း (သို့မဟုတ်) ကမ္ဘာ့လုံခြုံရေး အဆင့်မြင့်ဆုံး ဖုန်း



ဂျိမ်းစဘွန်းရယ်လို့မဟုတ်ပဲ စပိုင်တွေအတွက် အသုံးတည့်မယ့် ဖုန်း ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ရည်ရွယ်ချက် ကတည်းကို က ထောက်လှမ်းရေးအဖွဲ့အစည်း (intelligence organizations) များကို Target လုပ်ထားတယ်လို့ဆိုပါတယ်။

မြန်မာကို ခြိမ်းခြောက်ခဲ့တဲ့ တာလီဘန်ခေါင်းဆောင် ဒုံးကျည်မှန်


မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည်ထိမှန်သေဆုံးဆုံးခဲ့သည်ဟု နေတိုးက အတည်ပြုပြောကြား လိုက်သည်။

မြန်မာ လွှတ်တော်ကို စားလှယ်များ ထိုင်းပါလီ မန်သို့ သွားရောက်လေ့လာ

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင် အချို့ဟာ ဒီကနေ့ မနက်ပိုင်းက ထိုင်းပါလီမန်ကို သွားရောက်လေ့လာခဲ့ကြပါတယ်၊ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်စတဲ့ တိုင်းရင်းသားပါတီတချို့နဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) တို့က အဖွဲ့ဝင်(၂၂)ဦး ပါဝင်တဲ့လေ့ လာရေး အဖွဲ့ဟာ ဒီကနေ့မနက် ထိုင်းပါလီမန်ကျင်းပပုံကို သွားရောက်ေ လ့လာခဲ့ရာမှာ ထိုင်းအမတ်တွေအနေနဲ့ လွပ်လပ်မှု အများကြီး ရှိတယ်လို့ ပြောဆိုကြပါတယ်။

မွန်ပြည်နယ်အတွင်း လေအားလျှပ်စစ်ထုတ်နိုင်ရေး ထိုင်းနိုင်ငံကုမ္ပဏီမှ စူးစမ်းလေ့လာမှုများဆောင်ရွက်လျှက်ရှိ

မွန်ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှတ်(၂)လျှပ်စစ်ဓါတ် အားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd တို့ပူးပေါင်း၍ မွန်ပြည်နယ် အတွင်း ၌ လေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်(၁၀၀၀) ထုတ်လုပ်နိုင်ရေး

ရဲဘော်…ဟူသည်

ကရင်နီတပ်မတော်များ (ဓါတ်ပုံ-ကေတီ)
မနက်ခင်းရဲ့ ဝေလီဝေလင်းအချိန် မနက် ၅ နာရီခွဲရောက်ပြီဆိုရင် ကရင်နီရဲဘော်တွေဟာ ၀ီစီ(ခရာ) မှုတ်သံကြားတာနဲ့ တန်းစီကြရ ပါတယ်။ တကယ်လို့များ တန်းစီချိန်ကို နောက်ကျပြီးရောက် လာရင်ေ တာ့ ဒိုက်ထိုးတဲ့ ဒဏ်ပေးစနစ်ကို ခံရပါတယ်။

ကရင်နီတပြည်လုံး ဆိုင်ကယ်လိုင်စင် လုပ်နိုင်ရန် လေးလစီမံကိန်း စတင်


ပြီးခဲ့တဲ့ ဇွန်လ မှ စပြီး လာမည့် စက်တင်ဘာလ လကုန်အထိ ကရင်နီပြည်နယ် တပြည်လုံးမှာရှိတဲ့ မော်တော် ဆိုင်ကယ်တွေ အားလုံး ယာဉ်လိုင်စင်များ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

လွတ်မြောက်သွားသော ခြင်္သေ့အား လန်ဒန်ရဲတပ်ဖွဲ့အပူတပြင်းရှာဖွေ


လန်ဒန်အနီးတွင် လွတ်မြောက်သွားသည်ဟု ယုံကြည်ရသော ခြင်္သေ့တစ်ကောင်ကို ရဲတပ်ဖွဲ့ က မြေလှန်ရှာဖွေနေကြောင်း သိရှိရသည်။ လန်ဒန်မြို့ပြင်ဘက် ဆင်ခြေဖုံး တောတန်းများ တွင် ခြင်္သေ့ဟိန်းသံများ ကြားနေရပြီးနောက် လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ရဲများသည် အဆိုပါ သားရဲ တိရစ္ဆာန်ကြီးအား ရှာဖွေရေးလုပ်ငန်း စတင်လာခဲ့သည်။

ရောဘတ်ပက်တင်ဆန်နှင့် ကေတီပယ်ရီ ဇာတ်လမ်းဖြစ်နေပြီဟုဆို


အသည်းကွဲနေသူ နှစ်ဦးဖြစ်သည့် ရောဘတ်ပက်တင်ဆန်နှင့် ကေတီပယ်ရီတို့ နှစ်ဦးသား စုံတွဲခုတ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ရောဘတ်သည် Twilightတွင် အတူတွဲ သရုပ်ဆောင်ရင်း ချစ်သူဖြစ်လာသည့် ခရစ္စတန် စတီးဝပ်၏ သစ္စာဖောက်မှုကို ခံခဲ့ရသလို ကေတီကလည်း ခင်ပွန်းဖြစ်သူ ရက်ဆဲလ်ဘရန်းနှင့် ကွာရှင်းခဲ့သည်။

သေနတ်ပစ်လေ့ကျင့်နေသည့် ဂျက်ဆီကာ အယ်လ်ဘာ


ဂျက်ဆီကာအယ်လ်ဘာတစ်ယောက် လော့စ်အန်ဂျလိစ်တွင် သေနတ်ပစ် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

Samsung ရှယ်ယာဈေးနှုန်း ထိုးကျ

Samsung အား Apple၏ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံးက ဆုံးဖြတ်ချက်ချပြီးနောက် ယနေ့ စတော့ဈေးကွက်တွင် Samsung ၏ ရှယ်ယာဈေးနှုန်းများမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။

ခုံရုံးကိစ္စ အငြင်းအခုံကို စိတ်ပျက်စရာ မလိုဟု ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


မြန်မာနိုင်ငံ သမ္မတနှင့် လွှတ်တော် တို့ကြား ယခုရက်ပိုင်း တွင်ဖြစ်ပေါ်နေသည် အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက် အငြင်းအခုံနှင့် ပက်သက် ၍ သဘောထားကြီးကြီးနဲ့ အမြော်အမြင် ရှိရှိဖြင့် ဖြေရှင်းရန် လိုအပ်ပြီး စိတ်ပျက်စရာ မလိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၂၂/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည် -

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၁/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပေ ဒပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့အရ အောက်ပါ ပုဂ္ဂိုလ် များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်  - 

တစ်ဖက်နှင့် တစ်ဖက် အပြန် အလှန် လေးစားရန် ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ဓာတ်ပုံ- သီဟသွယ် (NHK)
တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လေးစားရန် လိုအပ်ပြီး ပြဿနာများ ဖြေရှင်းရာတွင် နှစ်ဖက်စလုံးမှ သဘော ထားကြီးစွာဖြင့် ပြေပြေ လည်လည် ညှိနှိုင်း ဖြေရှင်းရန် မေတ္တာရပ် ခံကြောင်း ကော့မှူး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အရေးကြီး အဆိုအား ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ---

ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားလမ်းချော်မှု ဖြစ်ပွား

ရထားဘီးချော်မှုကို ပြင်ဆင်မှုများ ပြုလုပ်နေစဉ်
ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ တွင် ရန်ကုန် -နေပြည်တော် ပြေးဆွဲသည့် ၃၁ အဆန် ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီတွင် ထွက်ခွာလာရာ တိုးကြောင်ကလေးဘူတာနှင့် ငမိုးရိပ် ဘူတာကြား အရောက်တွင် ရထားလမ်းချော်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုလွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် အပြည့်အစုံ

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်၌ ခုံရုံးကိစ္စ ဆွေးနွေးနေစဉ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဆိုင်ရာအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်း စုကြည်(ကော့မှူးမဲဆန္ဒနယ်) ၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံခုံရုံးက ကြေငြာချက်ထုတ်ပြန်ရန် အဆို ပြည်ထောင်စု လွှတ်တော်က အတည်ပြု

မန္တလေးတွင် ကြေးဆင်းတု လုပ်ငန်းရှင် တဦး အသတ်ခံရ

ချမ်းမြသာစည် မြို့နယ် တမ္ပပ၀တီရပ် ခတ္တန်းရပ်ကွက်ရှိ 
အခင်းဖြစ်ပွားရာ သေဆုံးသူ ဦးတင်မောင်မြင့်၏ နေအိမ်
မန္တလေးမြို့  ချမ်းမြသာစည် မြို့နယ် တမ္ပပ၀တီရပ် ခတ္တန်းရပ် ကွက်၌ ကြေးဆင်းတုတော် လုပ်ငန်း လုပ်ကိုင်နေသည့် ဦးတင်မောင်မြင့် ဆိုသူကို ဓားဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတခု လွန်ခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

PNLO ပထမဆုံးအကြိမ် အပစ်ရပ် လက်မှတ်ထိုး

စံခလပူရီ (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံခဲ့သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က စနေနေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲလိုက်သည်ဟု PNLO က ပြောသည်။

UWSA ဖမ်း SSA-S တပ်ဖွဲ့ဝင်များ ပြန်မလွတ်သေး

စံခလပူရီ (မဇ္ဈိမ) ။      ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရ သည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ တလခန့် ကြာပြီ ဖြစ်သော်လည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။

မြန်မာ ဘတ်စ်ကက်ဘော တိုးတက်ရေး အမေရိကန် ကူမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး
 Derek Mitchell (၀ဲဘက်) နှင့် NBA Los 
Angeles Lakers အသင်း လက်ထောက်နည်းပြ
 Darvin Ham တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်။ 
အလယ်ကလူမှာ မြန်မာပြည်ဖွား အမေရိကန် ဘတ်စ်ဘော
 မန်နေဂျာ ရစ်ချတ်ချို ဖြစ်သည်
အရှေ့တောင်အာရှ ပြိုင်ပွဲများနှင့် ၁၆ နှစ်ကြာ ကင်းဝေးနေ သည့် မြန်မာဘတ်စ်ကက်ဘော အားကစား တိုးတက်ရေး အကူ အညီ ပေးရန် အမေရိကန် ဘတ်စ်ကက်ဘော အဖွဲ့(NBA)မှ အားကစားသံတမန် အဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေ သည်။

ဖားကန့်မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည်များ အဆက်မပြတ် တက်လာ

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် 
(KIA) တို့အကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် 
ထွက်ပြေးနေရသည့် ကချင်ဒုက္ခသည်များ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နှင့် ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် ဒေသခံများသည် အိုးအိမ်များကို စွန့်ခွာ၍ မြို့ပေါ်သို့ နေ့စဉ် အဆက်မပြတ် တက်လာနေကြကြောင်း ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့များနှင့် အာဏာပိုင်များက ပြောသည်။

ပရီးမီယားလိဂ် ဘောလုံးပွဲပြိုင်ပွဲ ဒုတိယပတ် ပွဲစဉ်များ သုံးသပ်ချက်

မန်းစီးတီး တိုက်စစ်မှူး ဒီဇစ်ကိုနှင့် 
လီဗာပူး ခံစစ်မှူး စကာတယ်တို့
 ဘောလုံးယှဉ်လုနေစဉ်
ယခုတပတ်မှာတော့ ပရီးမီးယားလိဂ် ဒုတိယပတ် ပွဲစဉ်များကို ဆက်လက်ကျင်းပရာ ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ လစ်ဗာပူး-မန်စီးတီး၊ မန်ယူ-ဖူဟမ်၊ ချယ်ဆီး-နယူးကာဆယ်နဲ့ အိမ်ကွင်းမာတဲ့ စတုတ်-အာဆင်နယ် ပွဲစဉ်တို့ဟာ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေဖြစ်ခဲ့ပါ တယ်။ ပထမပတ်မှာ ရှုံးပွဲကိုယ်စီတွေ့ခဲ့ကြတဲ့ မန်ယူနဲ့ လစ်ဗာပူး အသင်းတို့ဟာ ပွဲကြပ်တွေ ထပ်မံကစားခဲ့ရပါတယ်။

ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၁)

ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည်မဟုတ်ဘူး။ ခေါ်ဝေါ် စရာ နာမည်သက်သက်ပါပဲ။
ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။

“ပဋိပက္ခကအသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိ ရောက် သွားတယ်”
 
မကြာသေးခင်က  ရခိုင်ပြည်နယ်မှာ အုပ်စုလိုက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ရသည်။ အစိုးရစာရင်းဇယားများအရ လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုဆိုသည်။ ယင်းပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကျယ်ကျယ်လောင်လောင် ဝေဖန်မှုများ လည်း ပေါ်ထွက်လာခဲ့ပါသည်။

အကျိုးပေးကောင်းချင်လျှင် စာဖတ်ပါ

ကမ္ဘာ့ပညာရပ်အားလုံးသည် ယေဘုယျအားဖြင့် စာအုပ်များထဲတွင် ရှိကြသည်။ မည်သူတစ်ဦး တစ်ယောက်မျှအသစ်အသစ် ထွက်ပေါ် လာသော စာအုပ်များအားလုံးဖတ်နိုင်သည် မဟုတ်ပါ။ သို့သော် များများဖတ်နိုင်လျှင်မှန်ကန်၍ အသုံး ၀င်သော အသိပညာများ တိုးပွားကြွယ်ဝလာမည်မှာ အမှန်ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သွေးလှူပွဲ ကျင်းပ



နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ 
အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်
တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ

နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးအပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်စူးပြီး သွေးလှူဒါန်းပွဲ တစ်ခုကို မန္တလေးမြို့ ၅၅လမ်း၊ ၄၀-၄၁လမ်းကြား ရဲမွန်တောင်ရပ်ကွက် မှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မြင့်မြတ်ဧရာဝတီလူငယ် လူမှုကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

၈၈ မျိုးဆက် အများစု နိုင်ငံကူးလက်မှတ် ထုတ်မပေးသေး

Photo courtesy of 88 Generation Students Group
၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ပါသည်။


၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပခရီးသွားလာဖို့ အတွက် နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။

ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ကချင်စစ်ဘေးဒုက္ခသည် ပိုမိုထွက်ပြေး



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် 
တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး 
တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို 
ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား 
တချို့၏ မှတ်တမ်းပုံ ဖြစ်ပါသည်။
ကချင်ပြည်နယ် ဖားကန့် မြို့ နယ်မှာ အစိုးရ စစ်တပ်စစ်ေ ကြာင်းတွေ နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ ဖါးကန့် မြို့ ပေါ်ကို ထွက်ပြေးလာတာ အခုဆိုရင် အနည်းဆုံး သုံးသောင်းကျော် ရှိပြီလို့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NGO အဖွဲ့ဝင်တဦး က ပြောပါ တယ်။"ပြီးခဲ့ တဲ့ စနေနေ့ကတည်းက ဖြစ် တာ။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ ရောက်မည်


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ လာမယ့် နိုဝင် ဘာလအတွင်း မြန်မာနိုင်ငံ ကို ရောက်ရှိနေ မှာ ဖြစ်ကြောင်း Pheu Thai ပါတီ လွှတ်တော်အမတ် တစ်ဦးက မနေ့က ထုတ်ဖော် ပြောဆိုပါတယ်။

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စက်တင်ဘာတွင် လုပ်ငန်းစမည်

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း စစ်တွေမြို့တွင် 
မီးလောင်နေသော အိမ်များကို ဝိုင်းဝန်းငြိမ်း
သတ်နေသည့် ဒေသခံများ
ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများ စတင်ဖြစ်ပွားရာ ဒေသများသို့ သွားရောက် စုံစမ်းစစ်ဆေးမှုများ စတင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန် ထောက်ခံ ဆန္ဒပြပွဲ မန္တလေး၌ ကျင်းပမည်

လျှပ်စစ်မီး ပုံမှန်ရရှိရေး အတွက်လည်း မေလ ၂၀ ရက် ညက 
 မန္တလေး ဒေသခံများ ဖယောင်းတိုင်မီးများဖြင့် ဤသို့ 
ဆန္ဒပြခဲ့ကြသည် 

ဆရာတော် ဦးဝီရသူ ခေါင်းဆောင်သည့် မန္တလေးလူထုက စက်တင်ဘာလ ၁ ရက်နေ့တွင် မန္တလေး မြို့နယ် ၆ မြို့နယ်၌ သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ရပ်တည် ချက်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် သွားမည်ဟု သတင်း ရသည်။

အထည်ချုပ် လုပ်ငန်းများ အကျပ်အတည်း ကြုံ


ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခု
ကျွမ်းကျင် အလုပ်သမား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒ တချို့ကြောင့် အထည်ချုပ် လုပ်ငန်းရှင်များ အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဆီးရီးယား ဒုသမ္မတ ဘက်မပြောင်း

ဆီးရီးယား ဒုသမ္မတ Farouq Al-Sharaa (ယာ) အီရန် ထိပ်ပိုင်း အစိုးရ အရာရှိတဦးနဲ့ တွေ့ဆုံနေစဉ်။
ဆီးရီးယားနိုင်ငံ ဒုတိယသမ္မတ Farouq Al-Sharaa ဟာ သီတင်းပတ် အတန်ကြာ လူမြင်ကွင်း ကနေ ပျောက်နေပြီး ပထမဦးဆုံးအကြိမ် အဖြစ် ထွက်လာတဲ့အတွက် သူဟာ Bashar al-Assad အစိုးရဘက်ကနေ ဘက်ပြောင်းသွားပြီ ဆိုတဲ့ ခန့်မှန်း တွက်ဆမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှု အမြန်လုပ်ဖို့ KNU တိုက်တွန်း

KNU နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မြ၀ တီမြို့ မှာ တွေ့ ဆုံခဲ့စဉ်။

KNU ကရင်အမျိုးသားအစည်းအရုံး နဲ့ မြန်မာအစိုးရ တပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး အတွက် နောက်ထပ် တွေ့ဆုံမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ KNU က ပြောလိုက်ပါတယ်။

ဘက်မလိုက်နိုင်ငံများညီလာခံ အီရန်တွင် ကျင်းပ

Iran Hosts Non-aligned Summit Despite Sanctions
အီရန်နိုင်ငံ တဟီရန်မြို့မှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု ညီလာခံကို နိုင်ငံ ဒါဇင်ပေါင်း များစွာက နိုင်ငံခေါင်းေ ဆာင်တွေ အပါအ၀င်၊ နိုင်ငံပေါင်း ၁၂၀ နီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ကျင်းပမည့် ပြည် ထောင်စု လွှတ်တော်၌ အပြီးအပြတ်ဆွေးနွေးမည်

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ အပြီးအပြတ်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ သတင်းရယူနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

လယ်ယာ စီးပွား ကော်ပိုရေးရှင်း အစုရှယ်ယာများ စတင် ရောင်းချ


မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ယူ ထူထောင်ခဲ့သော မြန်မာ့ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) ၏ ရှယ်ယာများကို သြဂုတ်လ ၂၆ ရက်မှ စတင်၍ အများပြည်သူသို့ စတင် ရောင်းချလျှက် ရှိကြောင်း အဆိုပါ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲ ပြန်လည်စတင်မည်

ထိုင်း-မြန်မာ နယ်စပ်ပြဿနာ ဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ မြန်မာ အစိုးရဘက်က သဘောတူလိုက်ပြီလို့ ထိုင်းတာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုပါတယ်။