Friday, September 7, 2012

၇-၉-၂၀၁၂ ရက်နေ့သတင်းများ

- တူရကီနိုင်ငံတွင် လှေနစ်မြုပ်၊ ရွှေ့ပြောင်းအလုပ်သမား ၆၀ ခန့် သေဆုံး click
- အာမခံလုပ်ငန်း ပုဂ္ဂလိကလက် ချပေးပြီ click
- ကျပ်ငါးထောင်တန် ဖုန်းငွေဖြည့်ကတ်များ ထွက်ရှိလာတော့မည် click
- နေပြည်တော်တွင် ခိုးကူးခွေများ ဖျက်ဆီး click 
- ဧရာဝတီတိုင်း ပျက်စီးစပါးဧက ၆ သောင်းအတွက် မျိုးစပါး ဖြန့်ဝေရန် စီစဉ် click
- ပုပ္ပါးတောင် ထိန်းသိမ်းရေး ဖွဲ့စည်း click 
- လျှပ်တစ်ပြက် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို တရားရုံး စွဲချက်တင် click 
- ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် စစ်တွေသို့ ရောက်ရှိ click
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းဝေးပွဲ ပြန်စ click 
- ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များ နုတ်ထွက် click 
- နှစ်ခြောက်ဆယ်ကျော်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် click 
- ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန် click 
- အစိုးရနှင့် KIO တိုက်ပွဲများ ပြင်းထန်ဆဲ click
- မိုင်းဖောက်ခွဲမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ် ရပ်တန့် click 
- ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တွေ့ဆုံဆွေးနွေး click 
- NCGUB ၀န်ကြီးချုပ်နဲ့ တွေ့ဆုံမေးမြန်းခန်း click 
- မူးယစ်ဆေးဝါးအရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူးအဆင့် ဆွေးနွေးမည် click 
- ၈၈ မျိုးဆက် ကိုဂျင်မီရဲ့ ၀တ္ထုမိတ်ဆက်ပွဲ ကျင်းပ click 
- ဒီမိုကရက်တစ်ညီလာခံအတွင်း အိုဘားမားကို သမ္မတလောင်း အဆိုပြု click
- အိုဘားမား ပါတီ မိန့်ခွန်းပေးဖို့ ပြင် click
- သမ္မတ အိုဘားမားကို ဘီကလင်တန် ထောက်ခံမှုပေးလိုက် click
 

ကိုကာကိုလာ အသုံးပြုသည့် ဆဲလ်ဖုန်း - ကိုကာကိုလာဖုန်း

From - TechSpace  Journal
ဒီဇိုင်နာ Daizi Zheng က တီထွင်ဖန်တီးထားတာ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ဇွန်လ ကတည်းက ရေပန်းစားခဲ့တဲ့ ဖုန်းဒီဇိုင်း ဖြစ်ပါတယ်။

ဓာတ်ခဲအနေနဲ့ ကိုကာကိုလာအချိုရေကို အသုံးပြုမှာ ဖြစ်ပြီး သဘာဝစွမ်းအင် ဆုံးရှုံးမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ထည့်လိုက်တဲ့ ကိုကာကိုလာမှာ ပါဝင်တဲ့ ကာဘွန်ဟိုက်ဒရိုက်တွေကနေ လျှပ်စစ်ဓာတ်ကို ထုတ်ယူမှာ ဖြစ်ပါတယ်။ ကိုကာကိုလာရယ်လို့မဟုတ်ပဲ သကြားဓာတ်များ တဲ့ ဘယ်အချိုရည်တွေမဆို ထည့်သွင်းအသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။

ဖားကန့်ပြဿနာ ကူညီဖြေရှင်းပေးဖို့ ၈၈ ကျောင်းသားများကို အကူအညီတောင်းခံ

From- KDN
ကချင်ပြည်နယ်၊ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာလတ်တလောဖြစ်ပေါ်နေ
တဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေ အနေတွေကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ကူညီဖြေ ရှင်းပေး ဖို့  ဖားကန့်ဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ၊  လူမှုရေးအသင်း အဖွဲ့တွေက ဒီကနေ့ အရေးပေါ်အစည်း အဝေးကျင်းပပြီး တောင်းဆိုလိုက်ကြပါတယ်။

မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ

From- Yangon Press International

နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာ တွင် ပြည်သူ့ အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနို င်ပြီဖြစ်သည်။ 

“ကိုရီးယား၊ဂျပန်၊ဗီယက်နမ် နိုင်ငံများက မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား”

 From- Popular Myanmar News Journal
အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတော်မှချမှတ်ထားသောစီးပွားရေး မူဝါဒ (၄)ချက်ကို အကောင်အထည်ဖော်ဆောင်ရန်စီမံကိန်းများ ရေးဆွဲလျှက်ရှိကြောင်း ယင်းဝန်ကြီးဌာန ၏ ဒုတိယ၀န်ကြီးဒေါက်တာကံဇော်ကပြောသည်။

KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

From- Eleven Media Group

IO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၇ရက်နေ့တွင် နေပြည်တော်၌ ပြောကြား ခဲ့ပါသည်။

အလဲဗင်း မီဒီယာဂရု သတင်းမှားယွင်း ဖော်ပြကြောင်း ပြန်ကြားရေး ဒုဝန်ကြီးဆို

အလဲဗင်းမီဒီယာဂရု၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် “ယခုအခြေအနေမျိုး၌ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆို သည့် ဆောင်းပါးကို ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်ကြားရေး ဒုဝန်ကြီးကို လွှတ်တော်တွင် မေးမြန်း” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို စက်တင်ဘာလ ၆ ရက် ၂၀၁၂ နေ့စွဲဖြင့် ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများအား တွေ့ ဆုံ အမှာစကားပြောကြား

 From- Popular Myanmar News Journal 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ (၂)နာရီ (၁ဝ)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ်မတအိမ်တော် အစိုးရအဖွဲ့ ရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တွေ့ ဆုံ၍အမှာစကားပြောကြား ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ တွေ့ ဆုံပွဲအခမ်းအနားသို့

UWSA “၀”တပ်ဖွဲ့၏ မူးယစ်ဆေးဝါးလုပ်ဆောင်မှုများကြောင့် RCSS/SSA ကို ထိခိုက်စေလျက်ရှိ

From-  thanlwinriver

ထိုင်း၊ လာအိုတို့မှတစ်ဆင့် အမေရိကန်အပါအ၀င် ကမ္ဘာအနှံ့သို့ပျံ့နှံ့ရောက်ရှိနေသော မူးယစ်ဆေး ၀ါး များ၏ အဓိကအရင်းအမြစ်ကို ရှာဖွေဆန်းစစ်ကြည့်ရာ ၁၉၈၉ ခုနှစ်က  မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သော UWSA ခေါ် “၀”တပ်ဖွဲ့ကို တွေ့ရှိရကြောင်း RCSS /SSA သတင်းရပ်ကွက်က ဆိုပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းအရေး တင်းမာဆဲ

From- irrawaddy

ဆားလင်းကြီးမြို့နယ် သိမ်းခံထားရသည့် 
လယ်ယာမြေများအား ပြန်လည် ရရှိရေးအတွက်
 တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲတွင်
 ကျောင်းသားများလည်း ပါဝင်သည်
စစ်ကိုင်းတိုင်း၊ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆန္ဒပြနေသည့် လယ်သိမ်းခံ တောင်သူများနှင့် ကုမ္ပဏီအကြား ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး ဒေသခံ အာဏာပိုင်များက လုံခြုံရေးများ ပိုမို ချထားလာနေကြောင်း ဒေသခံများက ပြောသည်။

တပ်ပိုင်လယ်တွေ အခမဲ့ ပြန်လည်လုပ်ကိုင်ခွင့်ပေး

From- ktimes
 
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအနီးရှိ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ - ၇) လက်အောက်ခံ ခလရ ၁၀၂ တပ်ရင်းပိုင်လယ်တွေကို ဒေသခံလူထုအား ယခုနှစ်အတွင်း အခမဲ့စိုက်ပျိုး လုပ်ကိုင်ခွင့် ပေးထားတယ်လို့ သိရပါတယ်။

ဒုတိယ ကာကွယ်ရေး ၀န်ကြီး၏ ရှင်းလင်းချက် အပေါ် လွှတ်တော်မှ စုံစမ်းရန်လို

K_M_334အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေး ဆွေးနွေး ကြမည် ဆိုသည့် အစိုးရ ၏ ငြိမ်းချမ်းရေး မူဟောင်းသည် လက်တွေ့ မကျ သဖြင့် နိုင်ငံရေးေ ဆွးနွေး မှုဖြင့်သာ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးသင့်ကြောင်း အဆိုပြုခြင်း ဖြစ်သည်ဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ( KIO) ပြော ခွင့်  ရသူ ဦးလာနန်းက ဆိုပါသည်။ 

တရုတ် တပ်မတော် PLA ဒုတိယ ဦးစီးချုပ်၏ နေပြည်တော် ခရီးစဉ်

Min_Ag_Hling__Chinaတရုတ်ပြည် လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ဒုတိယ စစ်ဦးစီး ချုပ် General Ma Xiaotian ၏ နေပြည်တော် ခရီးစဉ် သည်  နှစ်ဖက် နယ်စပ် တပ်ဖွဲ့များ ဆက်ဆံရေး တိုးမြှင့်ရေး အစီစဉ် သည်ရှိ ဟု နေပြည်တော် သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါ သည်။

မြန်မာ၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်အပေါ် ထိုင်းဝေဖန်

Hero_1_aasထိုင်းနိုင်ငံ ပရထွမ်ဌာနီ ခရိုင်၊ ဖုစ်ထမွန်ထွန် အရပ်၌ အက်ဖီတမင်း စိတ်ကြွ ဆေးပြား (မြင်းဆေး) အလုံးရေ (၃ ဒသမ ၂၉) သန်းခန့်ဖမ်းဆီး ရရှိခဲ့ မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့အား ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ချလိမ်ယူ ဗန်ရွန်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ၌ ပြစ်တင် လိုက်ပါသည်။

လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ များ လက်မှတ်ရေးထိုး

From- The Voice Weekly
မုံရွာမြို့ ချင်းတွင်းမြစ် ကမ်းနားလမ်း တာရိုးပေါ်မှ လက်ပန်းတောင်းတောင်ကြည့်ပွဲနှင့် ယင်းတောင်ကြီး မပျောက်ပျက်စေရန် ပြည်သူလူထု၏ လက်မှတ် ရေးထိုးပွဲကိုယနေ့ ညနေ ၄ နာရီ အချိန်မှ စတင် ကျင်းပခဲ့ရာ ၅နာရီ ၄၅မိနစ် အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သွားရောက် ကြည့် ရှုခဲ့ သူများကပြောကြားသည်။

“နေပြည်တော် ၏ဒုတိယမြောက် ILBC ကျောင်း ၅နှစ်တွင်း အပြီးဆောက်၊ILBC ကျောင်းအားလုံးအနက် တစ်နေရာတည်း ပြည့်အစုံပါဝင်း သောကျောင်းတစ်ကျောင်းဖြစ်လာမည်ဟုသိရ”

 From- Popular Myanmar News Journal

နေပြည်တော်ကောင်စီနယ်မြေတွင်းရှိ ILBC ၏ဒုတိယမြောက်ကျောင်းအဆောက်အအုံကို နောင်ငါးနှစ်
အတွင်းအပြီးသတ်တည်ဆောက်သွားမည်ြ ဆောင်အဆောက်အဦးများ၊အိုလံပစ်စံချိန်မှီ အားကစား ကွင်းများ၊ စာကြည့်တိုက်၊ဖစ်ကြောင်း သတင်းရရှိသည်။တည်ဆောက်ပြီးစီးသွားပါ က မြန်မာနိုင်ငံအတွင်းရှိ ILBC ကျောင်းများအနက် တစ်နေရာတည်းတွင် ကျောင်းကန်တင်း၊စသည်တို့ပါ ၀င်သော အပြည့်စုံ ဆုံးသောကျောင်း တစ်ကျောင်းဖြစ်လာမည်ဟုသိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ ပါဝင်ခွင့်ရတော့မည်

 From- 7Day News Journal
တိုင်းရင်းသားရေးရာဝန်ကြီးများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သမ္မတက တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း ရှမ်းပြည်နယ်၊ ကချင်တိုင်းရင်း သားရေးရာဝန်ကြီး ဒူးဝါးဇုတ်ဒေါင်က ပြောသည်။

အလုပ်သမားဆန္ဒထုတ်ဖော်မှုမြင်ကွင်းများ

From- Yangon Media Group
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်(၃)ခု၌ယနေ့မနက်မှစတင်ကာအလုပ်သမား ဆန္ဒပြမှုမြင်ကွင်းများ 

Suzuki Wagon R+ ယာဉ်တစ်စီး မတော်တဆမီးလောင်ကျွမ်း

 From- 7Day News Journal 
ယနေ့(စက်တင်ဘာ၇ရက်) ညနေ ၅ နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်တွင် Suzuki Wagon R+ ယာဉ်တစ်စီး မတော်တဆမီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဒေါက်တာနိုင်အောင်တို့နှင့် ဒီမိုမိတ်ဆွေပါတီအချို့တွေ့ ဆုံ

 From- Popular Myanmar News Journal
 မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းတို့သည် ယနေ့ မွန်းလွဲ ၁ နာရီ က ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ဒီမိုမိတ်ဆွေပါတီ အချို့နှင့်တွေ့ဆုံ ကာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် တွင် ပါဝင်လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက် ၍ ဆွေးနွေးမေးမြန်းအကြံဥာဏ်ရယူခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့နယ်၊ဈေးပိုင်းရပ်ကွက် အမျိုးသားဒီမိုကရေစီရုံးခန်းဖွင့်ပွဲ

From- 88 Generation Students

၇၊၉၊၂ဝ၁၂ နေ့၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၊သနပ် ပင်မြို့နယ်၊ဈေးပိုင်းရပ်ကွက် အမျိုးသားဒီမိုကရေစီရုံးခန်းဖွင့်ပွဲ သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသား များဖြစ်ကြသော ကိုမာကီ၊ကိုသိန်းသန်းထွန်း(စမ်းချောင်းကိုကိုကြီး)၊ ကိုဇော်ဇော်မင်း၊မသက်သက်အောင်နှင့်လူ့အခွင့်အရေး လှုပ်ရှားေ ဆာင်ရွက် သူမစုစုနွေးတို့ တက်ရောက်ခဲ့ကြသည်။

တနိုင်း - ၀မ်းပလာ - ဒလူး သို့ပြေးဆွဲလျှက်ရှိသော စက်လှေများအား KIA မှဆက်ကြေး အဓမ္မ ကောက်ခံ

From- KDN
ကေအိုင်အို ဒိုက်ဖားမြို့နယ် အုပ်ချုပ်ရေးရုံး ဒလူးမှ မြို့နယ်မှူး လဂျာ သည် သြဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး တနိုင်း - ၀မ်းပလာ - ဒလူး သို့ပြေးဆွဲနေသော စက်လှေများအား တပ်မဟာ (၂) ကေအိုင်အို စီးပွား ရေးဌာနအတွက် (၂၀၁၂ / ၂၀၁၃) ခုနှစ် ဆက်ကြေးငွေ အဖြစ် စက်လှေတစ်စီးလျှင် ငွေ (၁) သိန်းကျပ်နှုန်းနှင့် ရင်း (၁၄) ရံပုံငွေအဖြစ် စက်လှေ တစ်စီးလျှင် တစ်နှစ်စာ ငွေ (၆၅၀၀၀) ကျပ်နှုန်းဖြင့် အဓမ္မကောက်ခံ နေတယ်လို့ စက်လှေသမားတစ်ဦးမှ ပြောကြား ခဲ့ပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း ပျက်စီးမှုမြင်ကွင်း

From- Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့သို့သွားရောက်

ပြည်ထောင်စုစာရင်းစစ်ချုပ် ပြောင်းလဲတာဝန်ပေးခြင်း

အသွင်သစ်အစိုးရနှင့် အားလုံးပါဝင်သော နိုင်ငံတည်ဆောက်ရေး

From- The Voice Weekly

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

 From- Popular Myanmar News Journal

ပြည်ထောင်စုဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေးခြင်း

 From- Popular Myanmar News Journal

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

 From- Popular Myanmar News Journal

ဲမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (မကဒတ)မြောက်ပိုင်းအဖြစ်အပျက်နှင့် ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီမှ ကြေညာချက် ထုတ်ပြန်

From- The Voice Weekly
 
ဲမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (မကဒတ)မြောက်ပိုင်းအဖြစ်အပျက်နှင့် ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီမှ ကြေညာချက်ကို ယနေ့ ထုတ်ပြန်သည်။

ရန်ကုန်မြို့လမ်းမတော်၁လမ်းဂက်စ်ဆိုင်မီးလောင်မှုမြင်ကွင်း

From- Yangon Media Group

မရန်းကုန်းတွင် အလုပ်သမား ဆန္ဒပြ

From- The Voice Weekly

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အချက်အလက်ရှာဖွေရေးအဖွဲ့ မြန်မာနိုင်ငံသို့ ၁၀ ရက်ကြာ ခရီးရောက်ရှိ

From- 7Day News Journal
  
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဒေသ ၌ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာဝင်များအကြား အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးမည့် အချက်အလက်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

အဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ထပ်မံသွားရောက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၂ခု၊စက်တာ ဘာလ(၆)ရက်နေ့နံနက်(၈)နာရီခွဲကကော့မှူးမြို့နယ်သို့ရောက်ရှိခဲ့သည်။ရှေးဦးစွာဥက္ကဌသည်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှဝယ်ယူထားသောမြေကွက်အားသွားရောက်ကြည့်ရှုခဲ့သည်။ထိုနောက်ကော့မှူးမြို့နယ်အဖွဲ့ချုပ်ရုံးသို့သွားရောက်ကာဥပဒေ ပညာရှင်များ၊အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီးမြေယာကိစ္စ၊စားကျက်မြေကိစ္စများကိုဆွေးနွေးအကြံပြုခဲ့သည်။ဆက်လက်ပြီးကော့မှူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ပြီးတာဝန်ရှိသူများနှင့် လည်းတွေ့ ဆုံဆွေးနွေးခဲ့သည်။


ဂတ်စ်အရောင်းဆိုင် မီးလောင်

From- mizzima

ရန်ကုန် (မဇ္ဈိမ)။    ။ ရန်ကုန်မြို့ လမ်းမတော်(၁)လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ချိုဂက်စ်ဆိုင်(အိမ်သုံးမီးဖို များတွင် ထည့်သွင်းသည့် ဂက်စ်ဖြည့်သွင်းသည့်ဆိုင်) မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားလျှက်ရှိသည်။ ဆိုင်အတွင်း ရှိနေသော ဂက်စ်အိုးများဆက်တိုက်ပေါက်ကွဲနေဆဲဖြစ်ပြီး နံဘေးရှိတိုက်ခန်းများသို့ မီးကူး စက်ခြင်းမရှိသေးပေ။ မီးသတ်ကား ၂၅စီးခန့်ရောက်ရှိနေပြီး ငြိမ်းသတ်မှုများပြုလုပ်လျှက်ရှိသည်။ ဂတ်စ်အရောင်းဆိုင်ဝန်ထမ်းတဦး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည်ဟု သတင်းရရှိထားသည်။ ဓာတ်ငွေ့အိုး ယိုစိမ့်မှုက စတင်သည်ဟု မီးသတ်အရာရှိတဦးက ခန့်မှန်းထားသည်။

ဥရောပဒုံးကျည် ကာကွယ်ရေး စနစ် အမေရိကန် ရှေ့တိုးလုပ် ဆောင်မည်

From- မြ၀တီ

အမေရိကန် ဦးဆောင်ပြီး ဖြန့်ချမည့် ဥရောပ ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် ပတ်သက်၍ အမေရိကန် နှင့်ရုရှားတို့ ပူးပေါင်းလုပ် ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား ခဲ့ပြီး ရုရှား နိုင်ငံ၏ ရပ်တည်ချက် မည်သို့ ပင်ရှိစေ ဒုံးကျည် ကာကွယ်ရေး စနစ် အစီအစဉ်ကိုရှေ့တိုး လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဒီမိုကရက်တစ် ပါတီ၏ ကြေညာ ချက် တွင်   ဖော်ပြထား ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်က ပြန်လည်ဖြေကြားခြင်း

"ယခုအခါ လွှတ်တော်က ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အဖြစ်မှန် အချက်အလက်များပေါ်တွင် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ဝေဖန်သုံးသပ်မှုများ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည့် ဖော်ပြချက်များ၊ ဝေဖန်သုံးသပ်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ခံစားရသကဲ့သို့ ခံစားခွင့်များ ရရှိနေလို သည့် ပုံစံမျိုးများဖြင့် နိုင်ငံပိုင် သတင်းစာများ၊ သတင်းမီဒီယာများ၊ Internet Website များမှ

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

နိုင်ငံတော်သမ္မတရုံးမှ ယနေ့(စက်တင်ဘာ ၇ ရက်နေ့)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ပြည်ထောင်စု ၀န်ကြီးများ အဖြစ် တာဝန်ပေးအပ်ခံရသူများစာရင်း -

အာမခံလုပ်ငန်း ပုဂ္ဂလိကလက် ချပေးပြီ

မြန်မာ့ အာမခံ လုပ်ငန်းသို့ လုပ်ငန်း လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ကြသည့် ပုဂ္ဂလိက ပိုင်ကုမ္ပဏီ ၂၀ အနက် ၁၂ ခု ကို လုပ်ကိုင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဦးအေးမင်းသိန်းက ပြောသည်။

“ လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်ကျွမ်းနေ”

 From- Popular Myanmar News Journal
ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ် အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ်ဝန်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ လက်ရှိအချိန်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ကြောင်းသိရသည်။

မာစတာကဒ် ပရိုမိုးရှင်းကာလအား ဘဏ်ဝန်ထမ်းများဖြင့် စတင်


မြန်မာနိုင်ငံအဝှမ်းရှိ ဈေးဝယ်စင်တာကြီးများနှင့် ကုမ္ပဏီကြီးများတွင် မာစတာကဒ်များ အသုံးပြုပုံနှင့် အသုံး ဝင်ပုံ အကြောင်းကို CB ဘဏ်ဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းရှင်းလင်းပြောဆိုမှုများ စတင်ေ နပြီဖြစ်ကြောင်း အဆိုပါ ဘဏ်က သိရသည်။ အမေရိကန်အခြေ စိုက် ငွေပေးချေရေး ကဒ်ကုမ္ပဏီ မာစတာကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအတွင်းတွင် ၄င်းကဒ်များ အသုံးပြုနိုင် ရေး အတွက် မြန်မာနိုင်ငံ မှသမဝါယမဘဏ်(Co-Operative Bank) CB ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ချက်ရခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြု

From- Eleven Media Group

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြု.....
Eleven Media Group

ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြုခဲ့ပါသည်။
အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ပြင်ဆင်ရန်မရှိပါက အပြီးသတ် အတည်ပြုထောက်ခံမည် ဖြစ်ပါသည်။

ယခုကဲ့သို့ အတည်ပြုခဲ့သည့် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို ကန့်သတ်သည့် (သို့မဟုတ်) တားမြစ်သည့်လုပ်ငန်းများ လျော့ချခြင်း၊ နိုင်ငံခြားသားက ရင်းနှီးမြှပ်နှံမှုပြုလုပ်ရာတွင် ကနဦး ရင်နှီးမြှပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း နိုင်ငံခြားသုံးငွေ ပါဝင်ရမည်ဆိုသည့်အချက်ကို ပယ်ဖျက်ခြင်း၊ နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းအပြည့် လုပ်ကိုင်ခွင့်မရှိသော ကန့်သတ်ထားသည့်လုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့သည်းခွင့်ရပါက နိုင်ငံခြား မတည်ငွေရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းဖြစ်ရမည့်အချက်အစား နိုင်ငံခြားသားသည် နိုင်ငံသားနှင့် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ပါက စ
ုစုပေါင်း နိုင်ငံခြား မတည်ငွေရင်း၏ ၅၀-၅၀ အချိုးအတိုင်း ဆောင်ရွက်ရန်ဖြစ်သည် ဆိုသည့်အချက်ကိုပြင်ဆင်ခြင်း၊ ကော်မရှင်ဖွဲ့စည်းရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ စီးပွားရေးနယ်ပယ်အသီးသီးရှိ စီးပွားရေးကျွမ်းကျင်သူများထဲမှ သင့်လျောသော ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းရမည်ဆိုသည့်အချက်ကို လည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား မြန်မာနိုင်ငံသားများက ပြန်လည်ဝယ်ယူနိုင်မည့်အခြေအနေရှိလျှင် ကမ်းလှမ်းပိုင်ခွင့်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ၏ မူလစာချုပ်ပါသက်တမ်း (သို့မဟုတ်) ယင်းသက်တမ်းကို တိုးမြှင့်ပေးလျှင် ယင်းသို့တိုးမြှင့်ပေးသည့်သက်တမ်းအတွင်း တန်ဖိုးသင့် လျော်ကြေးပေး၍ ဆောင်ရွက်ခြင်း(နိုင်ငံပိုင်သိမ်းယူသည့်သဘော)ကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးများ ပြီးဆုံးကြောင်းနှင့် ပဉ္စမအကြိမ်လွှတ်တော်အစည်းအဝေးများကို အောက်တိုဘာလ တတိယအပတ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရှိရသည်။ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြုခဲ့ပါသည်။
အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကမှ တစ်ဆင့် နိုင်ငံတော် သမ္မတထံ ပေးပို့သွား မည်ဖြစ်ပြီး နိုင်ငံတော် သမ္မတမှ ပြင်ဆင်ရန်မရှိပါက အပြီးသတ် အတည်ပြုထောက်ခံ မည် ဖြစ်ပါသည်။

လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြု

ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်း ကို အတည်ပြုခဲ့ပါသည်။
အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် နိုင်ငံတော်သမ္မတ ထံ ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ပြင်ဆင်ရန်မရှိပါက အပြီးသတ် အတည်ပြုထောက်ခံ မည် ဖြစ်ပါသည်။

ကိုကာကိုလာကုမ္ပဏီက လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွာမည်

From- 7Day News Journal

ကိုကာကိုလာကုမ္ပဏီက လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး၊ မြန်မာပြည်သူ နှစ်ထောင်ခန့်အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း အာဆီယံဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. David L Carden နှင့် အာဆီယံ-အမေရိကန် ထင်ပေါ်ကျော်ကြားသူများအဖွဲ့ဝင်များက စက်တင်ဘာ ၆ ရက် တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လှိုင်သာယာစက်မှုဇုန် (၄)ရှိ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ

 From- Popular Myanmar News Journal
 
 လှိုင်သာယာစက်မှုဇုန် (၄)ရှိ myue & sue အထည်ချုပ်စက်ရုံမှ အလုပ်သမား၁၂၀၀ ခန့်တို့သည် အခြေခံ လစာနည်းပါးမှုနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ရန် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်မှစတင်၍ မရမ်းကုန်းမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ ရောက်ရှိလာခဲ့ကြစဉ် မှတ်တမ်းဓာတ်ပုံများ။

မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား တူရကီအမျိုးသမီး သတ်ဖြတ်

From- Planet

(နာဗင် ယီလ်ဒါရင်မ်နှင့် သူမ သတ်ဖြတ်ခဲ့သည့် နာရက်တင် ဂီဒါ)

တူရကီနိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် မိမိကို မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား သေနတ်ဖြင့် ပစ်သတ်ကာ ခေါင်းဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၂၆)နှစ်ရှိ နာဗင် ယီလ်ဒါရင်မ်သည် ယခုအခါတွင် လူသတ်မှုဖြင့် စွဲချက်တင်ခြင်း ခံထားရပြီ ဖြစ်သည်။ သူမက မုဒိမ်းသမားဟု စွပ်စွဲထားသူကို ပြီးခဲ့သည့် သီတင်းပတ်က တူရကီ အနောက်တောင် ပိုင်းရှိ ကျေးရွာတစ်ခုမှ နေအိမ်တွင် သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄ နှစ်အရွယ် မိန်းကလေး အလောင်းများအောက်တွင် ၈ နာရီကြာပုန်းအောင်းနေခဲ့ရ

From- Planet

ပြင်သစ်နိုင်ငံတွင် ရာဇဝတ်မှုခင်း ဖြစ်ပွားခဲ့သည့် နေရာတစ်ခု၌ အသက်(၄)နှစ်အရွယ် မိန်းကလေး တစ်ဦးသည် အလောင်း များအောက် (၈)နာရီကြာ ပုန်းအောင်းနေခဲ့ရကြောင်း သိရှိရသည်။ အဲ့ပ်စ်တောင်တန်းများ ဒေသတွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မှုခင်းဆေးပညာရှင်များက အလောင်းများကို စစ်ဆေးရန် လာရောက်ချိန်ကျမှ မိန်းကလေးကို တွေ့ရှိရခြင်း ဖြစ်သည်။ အစောပိုင်းက မိန်းကလေးကို ရဲများက လိုက်လံ ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေခဲ့သည်။

iPhone အသစ် မိတ်ဆက်ခြင်းမပြုမီ Nokia နှင့် Motorola ဖုန်းများ မိတ်ဆက်ပြသ

From- Planet




(Nokia က မိတ်ဆက်လိုက်သည့် Lumia 920)
Appleကုမ္ပဏီက ဆဋ္ဌမမျိုးဆက် iPhoneကို စက်တင်ဘာ (၁၂)ရက်နေ့ တွင် မိတ်ဆက်တော့မည်ဆိုသော သတင်းများ ထွက်ပေါ် လာပြီးနောက် Nokiaနှင့် Motorolaတို့သည် ၎င်းတို့၏ ဈေးကွက်ဝေ စုကို ထိန်းသိမ်းရန် မိုဘိုင်းလ်ဖုန်း အမျိုးအစားသစ်များကို မိတ်ဆက် ပြသလာခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့စမတ် ဖုန်း ဈေးကွက် ကို Samsungနှင့် Appleတို့က အဓိက ဦးဆောင်နေပြီးနောက် Nokiaနှင့် Motorolaတို့မှာ ပိုမို ရုန်းကန်လာရသည်။

Dr. Dre နားကြပ်ရောင်းချရမှုဝင်ငွေ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ သန်း ၁၁၀ ကျော်ရှိ

From- Planet

Dr. Dre နားကြပ်ရောင်းချရမှုဝင်ငွေ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ သန်း ၁၁၀ ကျော်ရှိ
Hip Hopဂီတ အဆိုတော် Dr. Dreသည် ၎င်း၏ အမည်ဖြင့် ထုတ်လုပ်သော နားကြပ်များ ရောင်းချမှုကြောင့် (၂၀၁၁)ခုနှစ်အတွင်း ဒေါ်လာ သန်း(၁၁၀)ကျော် ဝင်ငွေရခဲ့ကြောင်း သိရှိရသည်။ Dr. Dreသည် HTC ကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ သုတေသနပြုပြီး Beats by Dr. Dre နားကြပ်များကို ရောင်းချခဲ့သည်။ ထိုနားကြပ်များသည် ဂီတလောကတွင် အလွန်နာမည်ကြီး လူကြိုက်များခဲ့ပြီး အောင်မြင်သော ထုတ်ကုန် တစ်ခု ဖြစ်လာခဲ့ရာ Dr. Dreလည်း ဝင်ငွေ တိုးလာခဲ့ခြင်း ဖြစ်သည်။

အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး

From- Planet

အောင်မြင်တဲ့ ဓာတ်ပုံမော်ဒယ်လ်သာဖြစ်ချင်တဲ့ ယွန်းဝတီလွင်မိုး
သရုပ်ဆောင်လွင်မိုး၏ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက သူမကို ဆယ်ကျော်သက် မိန်းကလေး ဓာတ်ပုံမော်ဒယ်လ်တစ်ယောက်အဖြစ်သာ ပရိသတ်ကမြင်စေ ချင်ကြောင်း ယွန်းဝတီလွင်မိုးကပြောသည်။ "ဆယ်ကျော်သက်တစ်ယောက်ပေါ့။ သူဝါသနာပါတာကို အောင်မြင်အောင်လုပ်ချင်တဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို့ပဲ မြင်စေချင်တယ်။ ဓာတ်ပုံမော်ဒယ်လ်တစ်ယောက် လို့ပဲ မြင်စေ ချင်တယ်။ အမှန်တိုင်းပြောရရင် ဓာတ်ပုံမော်ဒယ်လ် ယွန်းဝတီလို့ပြောပေမယ့် ဦးလွင်မိုးသမီး ယွန်းဝတီလို့ပြောတာ ပိုကြိုက်ပါတယ်" ဟု ယွန်းဝတီလွင်မိုး ကပြောသည်။

ပြည်ထောင်စုဝန်ကြီးသစ်များ ကျမ်းသစ္စာဆို

ကျူးကျော် နေသူများကို အင်အားသုံးရှင်းမည်ဟု စည်ပင်အရာရှိ ပြော

From- irrawaddy

ရဲက ဝင်မဖမ်းမီ ကျူးကျော်နေထိုင် သူများကို တွေ့ရစဉ်
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို သက်ဆိုင်ရာ အထက် ခွင့်ပြုမိန့် ကျသည်နှင့် ရှင်းလင်းသွားမည် ဖြစ်ပြီး တစုံတရာ ခုခံ ကာကွယ်ပါက အင်အားသုံး ဖြေရှင်းသွားမည်ဟု မန္တလေး စည်ပင် သာယာေ ရး ကော်မတီ မြေယာ စီမံခန့်ခွဲရေး ဌာနမှူး ဦးတင်ထွဋ်ကျော် က ပြောဆိုလိုက်သည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း

From- KDN

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မန္တလေးမြို့နှင့် မြစ်ကြီး နားမြို့အကြား ပြေးဆွဲသော ရထားခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိ ပါသည်။၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ကာလူနှင့် မော်ဟန်အကြား မိုင် တိုင်အမှတ် ၆၂၂/၈၉ အကြား တွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်း နှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့် အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်း အသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့ တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။

စစ်ပြေးဒုက္ခသည် အမျိုးသမီးငယ်များ လူကုန်ကူးခံနေရ

From- KDN
အစိုးရစစ်တပ်နဲ့ KIA ကချင်တပ်တွေအကြား စစ်ရေးတင်းမာမှုကြောင့် ကချင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဒေသခံ ကချင်အမျိုးသမီးငယ်တွေဟာ လူမှောင်ခို ပွဲစားတွေရဲ့ ပစ်မှတ်ထားပြီး တရုတ်ပြည်ဘက်ကို ရောင်းစား ခံနေရတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

စပ်မျိုးစပါးအစား စိုက်ပျိုးစရိတ်သာ ချပေးရန်ဧရာလယ်သမား များ တောင်းဆို

ဧရာဝတီတိုင်းအတွင်း မိုးများ၍ လယ်ယာမြေများ ရေနစ်မြှုပ် မှုကြောင့် ပြန်လည်စိုက်ပျိုးရန် အတွက် စိုက်ပျိုးရေးဌာနမှ ပေးဝေ မည့် မျိုးစပ် စပါးများကို စိုက်ပျိုးရန် အဆင်မပြေသဖြင့် စိုက်ပျိုး စရိတ် ငွေကြေးသာ ချပေးပါရန် ကျောင်းကုန်း မြို့နယ် လယ်သမားများ က ယနေ့ တောင်းဆိုခဲ့ကြသည်။

မဲဆောက်တရုတ်ရိုးရာ အလှူကြီးပေးပွဲ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သောင်းကျော် အလှူခံ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ယနေ့ တရုတ်လူမျိုး များကျင်းပ ပြုလုပ်သည့် ၄၃ကြိမ်မြောက် ရိုးရာ အလှူကြီး ပေးပွဲ သို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်သောင်းကျော် သွားရောက်အလှူခံခဲ့ကြသည်။

အစိုးရနှင့် KIO တိုက်ပွဲများပြင်းထန်ဆဲ

From- KDN 

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်သွားလမ်း ဒေါဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) တောင်ခြေတွင် မြန်မာအစိုးရတပ် ခမရ (၄၃၈)နှင့် (၃၈၇) တပ်ပေါင်းစုနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) တပ်ဖွဲ့များသည် ယနေ့နံနက် ၁၀ နာရီခွဲမှစ၍ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။

လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး


စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းေ တာင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်း ခံ တောင်သူလယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက် က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။

မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်

From-  နိရဉ္စရာ 

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ညွှန်ကြားရေးမှူး အဆင့်  အစည်းအဝေး တစ်ခုကို ဒက္ကားမြို့ တွင် ယနေ့  ပြုလုပ်ကြမည် ဖြစ်သည်ဟု ဘင်္ဂလာဒေ ခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ဖေါ်ပြောကြား သည်။

နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံမည်

From- The Voice Weekly

နိုင်ငံတော် သမ္မတကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်းသား ရေးရာ ဝန်ကြီးများ စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ယင်းဝန်ကြီးများ ထံမှ သိရှိ ရသည်။

ယနေ့ (စက်တင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများ

From- Eleven Media Group
ယနေ့ (စက်တင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေး ကြမည် ဖြစ်ပါသည်။