Tuesday, October 21, 2014

အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသနပညာနေ့ကို မြန်မာနိုင်ငံတွင် ယခုနှစ် စတင်ကျင်းပ

နိုင်ငံတကာမှာ နှစ်စဉ်အောက်တိုဘာလ တတိယပတ် စနေနေ့တိုင်း ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့ကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ(၁၈)ရက်က ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ရန်ကုန် မြို့မှာသာမက မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှိတဲ့ နေရာအချို့မှာ တပြိုင်တည်းပြုလုပ် ခဲ့တယ်လို့ လည်း သိရပါတယ်။အမေရိကန်နိုင်ငံရှိ ရှေးဟောင်းသုတေသနပညာနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက နှစ်စဉ် အောက်တိုဘာလအတွင်းမှာ ရှေးဟောင်းသုတေသနပညာနေ့ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရာက (၂၀၁၁) ခုနှစ်မှာ စတင်ကာ အောက်တိုဘာလ တတိယပတ်အတွင်း ကျရောက်တဲ့ စနေနေ့ကို အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
MRTV

အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိရန် မြ၀တီကုန်သည်ကြီးများ အသင်းစီစဉ်

ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာမှာ လွယ်ကူဖို့အတွက် မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ပြည်တွင်းမှ ကုန်သေတ္တာလုပ်ငန်းရှင်များအသင်းအပြင် high
way association အသင်းတို့ ပူးပေါင်းပြီး အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိသွားရန် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Trade Fair ကျင်းပခဲ့ရာ O Top စင်တာမှာ ကျင်းပခဲ့ပါတယ်။

မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းနေနဲ့ ဒေသတာဝန်ရှိသူတွေကို တင်ပြကာဦးစွာ အဝေးပြေး ယာယီအဖွဲ့ကို ထားရှိပြီး ထိုအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအဝေးပြေးသယ်ယူ ပို့ဆောင်ရေး အသင်းကို ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြ၀တီနဲ့ မဲဆောက်ကုန်သွယ်ရာမှာ ပို့ကုန်သွင်းကုန်မှန်သမျှကို ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်သယ်ယူနေတယ်လို့ သိရပါတယ်။

စိုက်စရိတ်ဘဏ်ချေးငွေ ပြန်ဆပ်ရက် မရွှေ့ဆိုင်းနိုင်ဟု ဒုတိယဝန်ကြီးပြော

“တောင်သူများကို ငွေချေးပေးရာမှာ အချိန်စေ့ ပေးဆပ်ရန် ငွေကျေပြီးသူ ဖြစ်ရမည် ဟူသော စည်းကမ်းချက် ရှိပါသဖြင့် တောင်သူများ ချေးငွေပြန်ဆပ်ရက်ကို ဖြေလျှော့ပေးရန် မဆောင်ရွက်နိုင်ပါ” ဟု စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နယ်အမတ် ဒေါက်တာ အောင်သန်း၏ အမေးကို တုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူတို့အား အောက်တိုဘာမှ ဇန်န၀ါရီအတွင်း ဘဏ်က ထုတ်ချေးပြီး တောင်သူက ဇန်န၀ါရီလအကုန်တွင် အကျေပြန်ဆပ်ရသည်။ ထိုသို့ချေးငွေ အကျေပြန်ဆပ်သည့် တောင်သူကိုသာ ဘဏ်က မိုးစပါးအတွက် စိုက်စရီတ်ချေးငွေ ထုတ်ချေးပေးသည့် စနစ်အား ဖြေလျှော့ပေးရန် ရှိပါသလားဟု ဒေါက်တာ အောင်သန်းက မေးခဲ့ခြင်းဖြစ်သည်။

ဒေါ်လာသန်းရာချီ ယူဆောင်ထွက်ပြေးသူ တရုတ်အရာရှိများ ဖမ်းမိရေး အကူညီတောင်း

တရုတ်အစိုးရက ဥပဒေအရ ခွင့်မပြုတဲ့ ရန်ပုံငွေ ဒေါ်လာသန်း ရာချီတဲ့ ငွေတွေနဲ့ အတူ ထွက်ပြေးခဲ့တဲ့ တရုတ်အရာရှိ တွေကို လိုက်ဖမ်းရာမှာ တခြားနိုင်ငံတွေရဲ့ အကူအညီ တွေကို တောင်းခံ နေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။

DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အစိုးရတပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူးကြီးစောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင် ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ်များရေချပွဲကျင်းပ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ် နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့အား ရေချပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အနီး ဆိပ်ခံတံတား၌ ကျင်းပရာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရေယာဉ် လုပ်သားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်စဉ်နှင့် ဘေးအန္တရာယ် ကျရောက်မှုတွင် ရှာဖွေ ကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရေယာဉ်များကို ဝယ်ယူခြင်း ဖြစ်ကြောင်း၊

ကိုယ်အလေးချိန်တိုးလာပြီးနောက်ပိုင်းမှာ ဒါတွေ မလုပ်သင့်ပါ

သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီးဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။
၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။
၂။ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခပေးတာမျိုးတွေ မဖြစ်ပါစေနဲ့။

အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

Photo: အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

 တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။

အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

Pistorius ကို ထောင်ဒဏ် ၁၀ နှစ် ချသင့်တယ်လို့ အစိုးရရှေ့နေတွေကပြောပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ရှေ့နေအဖွဲ့ကတော့ Pistorius ကို နေအိမ်အကျယ်ချုပ် သုံးနှစ်နဲ့ လူမှုဝန်ထမ်းအလုပ်တွေလုပ်ဖို့ ချမှတ်သင့်တယ်လို့ လျှောက်လဲကြပါတယ်။

ခြေနှစ်ဖက်စလုံးဖြတ်ထားရတဲ့ Pistorius ဟာ ထောင်ထဲမှာ အခက်အခဲတွေ့ပါလိမ့်မယ်လို့ သူ့ရဲ့ရှေ့နေတွေက လျှောက်လဲပေ မယ့် တရားသူကြီးကတော့ အကျဉ်းဦးစီးဌာနဟာ အထူးလိုအပ်ချက်ရှိသူ အကျဉ်းသားတွေကို ထောင်ထဲမှာ ကောင်းကောင်း ထိန်းသိမ်းဖို့ လုပ်ဆောင်ထားတဲ့အပေါ် သူကျေနပ်တယ်လို့ပြောပြီး အဲဒီလျှောက်လဲချက်ကို ပယ်ချတာပါ။

Pistorius ဟာ ပိတ်ထားတဲ့ သူ့အိမ်ရေချိုးခန်းတံခါးကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက သေနတ်နဲ့ပစ်တာကြောင့် Steenkamp သေဆုံးသွားတဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့လမှာ စီရင်ချချခံထားရပါတယ်။ သူကတော့ အိမ်ထဲကို ညဘက် လူဝင်နေတယ်လို့ထင်ပြီး ပစ်တာလို့ လျှောက်လဲပါတယ်။

အိုလံပစ်အပြေးသမား Pistorius ဟာ ပိုပြီးပြင်းထန်တဲ့ လူသတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရပေမယ့် Steenkamp ကို ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့တယ်ဆိုတာ အစိုးရရှေ့နေတွေက သက်သေမပြနိုင်ဘူးလို့ တရားသူကြီး Masipa က ဆုံးဖြတ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

၂၀၁၅ တွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မပြုဟု ဦးတင်အေးပြော

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီးယင်းပြင်တင်ချက်အရ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ယခင် ခွင့်ပြုထားသည့် အခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံသား စိစစ်ရေး ကတ်ပြား ရှိသူသာလျှင် ပါတီထောင်ခွင့် ရှိတယ်။ နိုင်ငံသားမဟုတ်ဘဲ ပါတီထောင်ထားရင်လည်း အဲဒီလူနေရာလဲနိုင်ဖို့အတွက် အချိန်ပေးရမယ်လို့ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒါကြောင့် အချိန် နှစ်လ ပေးထား ပါတယ်။ နိုင်ငံသား ဖြစ်တယ် ဆိုရင် ပါတီဝင်လို့ ရတယ်။ ပါတီထောင်လို့ ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

လူသတ်မှု၊ လုယက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

၃.၈.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရဲဘော်ဟောင်းလမ်း၊ ဂျိုးဖြူပိုက်လုံးဘေးရှိ စိုက်ခင်းတဲ အတွင်း အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါတဲတွင်နေထိုင်သော ဦးမောင်မောင်၊ (၆၈)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ထောက်ကြန့် နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၈/၂၀၁၄)ဖြင့် ရေးဖွင့်၍ စုံစမ်းစစ်ဆေးခဲ့ပြီး ဆေးစစ်ချက်အရ လည်ဂုတ်တွင် ရရှိသော ထိခိုက်ဒဏ်ရာကြောင့် အမှတ် (၅)လည်ပင်းရိုးကျိုးပြီး သေဆုံးရခြင်း ဖြစ်ကြောင်း၊ ၃.၈.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်ခန့်တွင် ခြံအလုပ် သမားဖြစ်သူ စိုးမင်းဦးမှာ သေဆုံးသူ၏တဲသို့ ရောက်ရှိခဲ့ပြီး သေဆုံးသူပိုင်ဆိုင်သော ဖီလင်း-အမျိုး အစားဆိုင်ကယ်အားစီး၍ယူဆောင်သွားပြီး တိမ်းရှောင်နေကြောင်း မသင်္ကာဖွယ်စုံစမ်း သိရှိခဲ့ရပါသည်။

အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အပြီးသတ် မဖွဲ့နိုင်သေး


ဥပဒေပြဋ္ဌာန်းပြီး ငါးလကျော်ချိန်အထိ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ရမည့် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုဖွဲ့စည်းမှု လုပ်ငန်း အဆုံးမသတ်နိုင်သေးဟု  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်၏ ဖြေကြားချက်က ဆိုသည်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ဇွန်လ ၄ရက်တွင် အတည်ပြုပြီးဖြစ်၍ ဗဟိုအဆင့် အဖွဲ့ ဖွဲ့ရန်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတာဝန်ယူ ပြင်ဆင်နေခြင်းဖြစ်သည်။

"ဗဟိုအဖွဲ့ဖွဲ့ဖို့ အစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ထားပြီးပါပြီ။ အပြီးသတ်ဖွဲ့ဖို့က မကြာတော့ပါဘူး။ အဲဒီအချိန်ကျမှ ဆက်စပ် ကော်မတီတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထပ်ဖွဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ဆက်လုပ်မှာပါ"ဟု ရဲမှုးချုပ် စိုးမြိုင်က ပြောသည်။

အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အပြီးသတ် မဖွဲ့နိုင်သေး


ဥပဒေပြဋ္ဌာန်းပြီး ငါးလကျော်ချိန်အထိ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ရမည့် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုဖွဲ့စည်းမှု လုပ်ငန်း အဆုံးမသတ်နိုင်သေးဟု  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်၏ ဖြေကြားချက်က ဆိုသည်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ဇွန်လ ၄ရက်တွင် အတည်ပြုပြီးဖြစ်၍ ဗဟိုအဆင့် အဖွဲ့ ဖွဲ့ရန်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတာဝန်ယူ ပြင်ဆင်နေခြင်းဖြစ်သည်။

"ဗဟိုအဖွဲ့ဖွဲ့ဖို့ အစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ထားပြီးပါပြီ။ အပြီးသတ်ဖွဲ့ဖို့က မကြာတော့ပါဘူး။ အဲဒီအချိန်ကျမှ ဆက်စပ် ကော်မတီတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထပ်ဖွဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ဆက်လုပ်မှာပါ"ဟု ရဲမှုးချုပ် စိုးမြိုင်က ပြောသည်။

ဘူးသီးတောင်၊ မောင်တောတွင် တိုင်းရင်းသား ကျေးရွာသစ်များ တိုးချဲ့တည်ထောင်တော့မည်

Photo: ဘူးသီးတောင်၊ မောင်တောတွင် တိုင်းရင်းသား ကျေးရွာသစ်များ တိုးချဲ့တည်ထောင်တော့မည် 

အောက်တိုဘာ ၂၁ရက်၊၂၀၁၄

ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နယ်စပ်တိုင်းရင်းသား ကျေးရွာများ ထပ်မံဖော်ထုတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ မှ စတင်လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် နယ်စပ်တိုင်းရင်းသား ဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်ကြီး သန့်ဇင်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် Action Plan တွင်ပါဝင်သော အချက်တစ်ခု ဖြစ်သည့် နယ်စပ်ကျေးရွာများ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ စတင်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

ဗိုလ်ကြီးသန့်ဇင်က "ကျေးရွာတချို့က မနေထိုင်ရဲလို့ ပြောင်းရွှေ့နေထိုင်တဲ့ တိုင်းရင်းသားတွေနဲ့ ရခိုင်ဒုက္ခသည်တွေအတွက် အတည်တကျဖြစ်အောင် ရွာတည်ပေးဖို့ စီစဉ်နေတာပါ" ဟု ဆိုသည်။

ကျေးရွာအသစ်များကို ဘူးသီးတောင်မြို့နယ်အတွင်း စတင်မည်ဖြစ်ပြီး ရှေ့ပြေးစီမံချက်အဖြစ် အိမ်ခြေငါးဆယ်ပါ ကျေးရွာ နှစ်ရွာတည်ထောင်ရန် စီစဉ် ထားသည်။ ထို့ပြင် တိုင်းရင်းသားကျေးရွာများကို ဆက်သွယ်ထားသော လူသွားလမ်းများကိုလည်း ကားလမ်းမများအဖြစ် ပြောင်းလဲဖောက်လုပ်ပေးရန် စီစဉ်နေသည်ဟု ရခိုင်ပြည်နယ်အစိုးရ၊ သတင်းပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

"ကျေးရွာပေါင်းတစ်ရာကျော် အသုံးပြုတဲ့ မေယုတောင်တန်းအရှေ့ဘက်က လမ်းတွေကို ကားလမ်းတွေဖြစ်အောင် ဒီနှစ် ဖောက်မယ်" ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသများဖြစ်သော ဘူးသီးတောင်နယ်စပ်တွင် နယ်စပ်တိုင်းရင်းသားကျေးရွာ ကိုးရွာ၊ မောင်တောင်မြို့နယ်တွင် ကျေးရွာ ၂၇ ရွာနှင့် ရသေ့တောင်မြို့နယ်တွင် ကျေးရွာ နှစ်ရွာတို့ရှိပြီး ဖြစ်သည်။

ယင်းကျေးရွာတို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက် ရှိလာသော မြို၊ ခမီတိုင်းရင်းသား အိမ်ထောင်စုပေါင်း ၅၆၆ စု လူဦးရေ ၂ç၄၉၀ တို့ကို အခြေချနေထိုင်ခွင့်ပြုထားသည်။ 

Mizzima
ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နယ်စပ်တိုင်းရင်းသား ကျေးရွာများ ထပ်မံဖော်ထုတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ မှ စတင်လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် နယ်စပ်တိုင်းရင်းသား ဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်ကြီး သန့်ဇင်က မဇ္ဈိမကို ပြောသည်။

ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်း အုပ်စု ပထမနေရာ ရရှိ

လာအိုနိုင်ငံတွင် ကျင်းပ ပြီးစီးသွားခဲ့ သည့် ၂၀၁၄ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် အုပ်စု ပထမနေရာ ရရှိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ (၂၀)ရက်က ယှဉ်ပြိုင် ကစားခဲ့သော ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက လာအိုအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ယူပြီး အုပ်စုပထမ နေရာရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနှင့် လာအိုတို့သည် ပွဲမကစားမီ ကတည်းက ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်သော်လည်း အုပ်စုပထမ နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြသည်။ မြန်မာအသင်း အတွက် အဖွင့်ဂိုးကို ပွဲချိန်(၄၃) မိနစ်တွင် နန္ဒလင်းကျော်ချစ်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လာအိုအသင်း အနေဖြင့် ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးဝင်အောင် စွမ်းဆောင်နိုင် ခဲ့ခြင်းမရှိပေ။

ထိုင်းနှင့် မလေးရှားတွင်လည်း မြန်မာများ မဲပေးနိုင်တော့မည်

ထိုင်း နှင့် မလေးရှားနိုင်ငံများတွင် တရား ဝင်ရောက်ရှိနေသူအရေအတွက် များပါက ထိုသူများ မဲပေးနိုင်ရန် ယင်းနိုင်ငံများတွင် မဲရုံများ သွား ရောက် ဖွင့်လှစ်ပေးမည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ

Photo: နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ
Tuesday, October 21, 2014

နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံရဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါက အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင် အဲဒီလိုမျိုး မကပြဖြစ်ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကလည်း စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က မကောင်းမှန်းသိသိကြီးနဲ့တော့မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီတုန်းက မရွေးဘူး ဆိုတော့လည်း ၀မ်းမနည်းပါဘူး။ ကိုယ့်ရဲ့ အကျင့်စာရိတ္တ၊ အကျင့်သိက္ခာကို ထိခိုက်စေတဲ့ ပုံစံမျိုးဆိုရင် ဘယ်လိုမက်လုံးပေးပေးလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ကို တကယ်လာပြီး မြေတောင်မြှောက်ပေးမယ့်လူဆိုရင် မကောင်းတာလုပ်ခိုင်းမှာ မဟုတ်ဘူး။ ကောင်းတာပဲခိုင်းမှာ။ ကောင်းသောအမည်နဲ့ ကောင်းသော ကျော်ကြားခြင်းကို ပဲ ဖြစ်အောင်လုပ်ခိုင်းမှာပါ==လို့ ဆိုပါတယ်။ 

ဆက်လက်ပြီးလည်း သူမရဲ့ စိတ်သဘောထားကို အခုလို ပြောပြပါတယ်။ ...ခင်ဝင့်ဝါက မခံချင်စိတ်ရှိတော့ရှိတယ်။ အငြိုးအတေးတော့ မရှိဘူး။ သူကတော့ မင်းသမီးမဖြစ်နိုင်ဘူး ဆိုပြီး ပြောပေမယ့် အခုတော့ မင်းသမီးဖြစ်နေပြီ။ သူက ကိုယ့်ကို မှတ်မိရဲ့လားလို့ တစ်ခါတလေတွေးမိတယ်။ သူအဲဒီပြောတဲ့ အချိန်တုန်းကဒေါသမဖြစ်ခဲ့သလို အခုလည်းဒေါသမဖြစ်ပါဘူး။ ကိုယ်က အဲဒါကိုတွန်းအားအဖြစ် ယူပြီးကြိုးစားခဲ့လို့ ဘာဆုံးရှုံးမှုမျိုးမှ လည်း မဖြစ်ခဲ့ပါဘူး ...။ လို့ ပြောပြခဲ့ပါတယ်။

Sunday Journal
နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံရဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါက အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင် အဲဒီလိုမျိုး မကပြဖြစ်ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကလည်း စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က မကောင်းမှန်းသိသိကြီးနဲ့တော့ မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီတုန်းက မရွေးဘူး

ဘဲခြံပိုင်ရှင် လင်မယား သတ်ဖြတ်ခံရမှု မြန်မာသုံးဦးကို ထိုင်းရဲ သံသယရှိဟုဆို

ထိုင်းနိုင်ငံ ရတ်ချာဘူရီခရိုင်ရှိ ဘဲခြံပိုင်ရှင် လင်မယားကို သတ်ဖြတ်ပြီး ဘတ်ငွေတစ်သိန်း ဓားပြတိုက်မှုအတွက် ဘဲခြံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က သံသယ ဖြစ်နေကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲ အချိန်မီပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအရ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲထက် ၂၀၁၅ ရွေးကောက်ပွဲသည် ပိုမိုအရေးကြီးသောကြောင့် အချိန်မီပြုလုပ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စစ်ကျွန်ပညာရေးစနစ်ဟု ဆိုကာ မျက်နှာဖုံးစွပ် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ပြဋ္ဌာန်းထားသော အမျိုးသားပညာရေး ဥပဒေနှင့် ပညာရေး ဝန်ကြီးဌာန ဗဟိုချုပ်ကိုင်မှုများကို စစ်ကျွန်ပညာရေးစနစ်ဟု ဆိုကာ အောက်တိုဘာလ ၁၉ ရက်နေ့က စမ်းချောင်းမြို့နယ်တွင် ဆန့်ကျင် ဆန္ဒထုတ်ဖော်သော ၁၉၊ ၁၀ အမည်ရှိ မျက်နှာဖုံးစွပ် ဆန္ဒပြသူများကို မြို့နယ်ရဲတပ်ဖွဲ့က စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း စမ်းချောင်း မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာများ ၂၀၁၅ တွင် မဲပေးနိုင်ရန် ၀န်ကြီး (၃)ဦးကို တာဝန်ပေးထား

မလေးရှားနှင့် ထိုင်းနိုင်ငံ တို့တွင် ရောက်ရှိ နေကြသော မြန်မာ နိုင်ငံသားများ အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် ပြည်ထောင်စု ၀န်ကြီး သုံးဦးကို တာဝန် ပေးအပ် ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ မီဆာကို ဟိုတယ်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်း အကြား ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အငြင်းပွားမြေပေါ်တွင် အဆောက်အအုံ ဆောက်နေသော လယ်သမား (၅)ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) ရှိ အငြင်းပွား လယ်ယာမြေပေါ် အဆောက်အအုံ ဆောက်နေသော လယ်သမား ငါးဦးကို သောင်ကြီးရဲစခန်းမှ ခေါ်ယူစစ်ဆေးနေကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးကျော်ကျော်နိုင်က ပြောသည်။

ထိုကဲ့သို့ အဆောက်အအုံ ဆောက်နေသော လယ်သမားများကို ယမန်နေ့ နံနက်က ရဲတပ်ဖွဲ့မှ လာရောက် တားမြစ်ခဲ့ သော်လည်း လယ်သမားများက ဆက်လက် လုပ်ကိုင်နေ သောကြောင့် နေ့ခင်း (၂) နာရီဝန်းကျင်တွင် ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။

““ရဲစခန်းထဲမှာတော့ ခေါ်ထားတယ်။ ဖမ်းတာလား မဖမ်းတာလားလည်း ဘာမှမသိရဘူး””ဟု ၎င်းက ပြောသည်။

ဂုဏ်ယူပါတယ် မြန်မာ ယူ-၁၉၊ ‘‘ဒီလောက်စွမ်းဆောင်ရည်ကို တွေ့ပြီးတဲ့နောက်မှာတော့ မြန်မာအသင်းရဲ့ နည်းပြဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောရဲသွားပါပြီ’’ —မြန်မာအသင်းနည်းပြချုပ်

မြန်မာ ယူ− ၁၉ ဘောလုံးအသင်းသားများ အာရှ ယူ−၁၉ အကြိုဗိုလ်လုပွဲတွင် ရေကုန်ရေခန်း ကစားပြီးနောက် ကာတာအသင်း၏ အချိန်ပိုသွင်းဂိုး ၃−၂ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ပြီးနောက် ပရိသတ်များကို နှုတ်ဆက်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ဝဝဝကျော်ထံမှ ငွေကျပ်သိန်းပေါင်း ၆ဝဝဝကျော်ကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုက လိမ်လည်

ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ဘတ် တစ် သောင်း (မြန်မာငွေ သုံးသိန်းကျပ်) အရင်းပြုထည့်ဝင်ပါက တစ်လလျှင် ဘတ်တစ်သောင်းနှုန်း အမြတ်ရမည် ဟုဆိုခြင်းကြောင့် ဝင်ရောက်ရင်းနှီး မြှုပ်နှံခဲ့သော မြန်မာရွှေ့ပြောင်းအ လုပ်သမား ၂ဝဝဝကျော်တို့ အလိမ်ခံ ခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် MAT
မှ သိရသည်။

မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်

Photo: မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်

အောက်တိုဘာလ ၂၁ရက်၊ ၂၀၁၄

ဇူလိုင်လဆန်းက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာ သာရေး၊ လူမျိုးရေး ပဋိပက္ခအ သွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ အတွင်း အစ္စလာမ်ဘာသာဝင်တို့ ၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် တရား ရင်ဆိုင်နေရသူများကို အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီက အ မှုကျေအေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝါဆိုဆရာတော်ကြီး အမှူး ပြုပြီး သံဃာတော်များ၏ သြ၀ါဒနဲ့ အညီ မန္တလေးမြို့သူမြို့သားများ ၏ ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှုကို ပြသသည့်အနေဖြင့် တရားရင်ဆိုင်နေရသူများအပေါ် ခွင့်လွှတ်ကျေအေးပေးရန် မန္တ လေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက အစ္စလာမ်သင်္ချိုင်း အုပ်ချုပ်မှုကော်မတီထံသို့ မေတ္တာ ရပ်ခံစာပေးပို့ခဲ့ပြီး အမှုကျေအေး ပေးရန် နှစ်ဖက်ညှိနှိုင်းသဘောတူ ညီမှု ရခဲ့ခြင်းဖြစ်သည်ဟု မန္တလေး မြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီမှ သတင်းရရှိသည်။

‘‘နှစ်ဖက်ကော်မတီနဲ့ တရား ရင်ဆိုင်နေရတဲ့ ကာယကံရှင် တို့ရဲ့ မိဘတွေ တွေ့ဆုံပြီး တစ် ဖက်ကလည်း မေတ္တာရပ်ခံတယ်။ တစ်ဖက်ကလည်း အမှုကျေအေး ပေးခဲ့ပါတယ်’’ ဟု မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော် မတီဝင် တစ်ဦးက ပြောသည်။

အမှုကျေအေးပေးရန် နှစ် ဖက်ညှိနှိုင်းပြေလည်မှု ရပြီးဖြစ် ၍ အမှုရုပ်သိမ်းပေးရန် တရားရုံး သို့ တင်ပြသွားမည်ဖြစ်ကြောင်း အမှုရင်ဆိုင်နေရသူများအား အခ မဲ့ရှေ့နေ လိုက်ပေးသည့် မန္တလေး မြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီမှ ဥပဒေအကျိုးဆောင် ဦးသိန်းသန်းဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်း ပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွား ခဲ့သော ဘာသာရေးလူမျိုးရေး ပဋိ ပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေ ဆုံးခဲ့သည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့ သူ ကိုထွန်းထွန်း (ခ) ရောင်ပြန်၏ နာရေးအားလိုက်လံပို့ဆောင်ရာမှ လူ ငယ်အချို့က ကြာနီကန် (အေး ရိပ်ငြိမ်)ရှိ အစ္စလာမ်ဘာသာဝင် တို့၏ သင်္ချိုင်းကို မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုအ တွက် ပုသိမ်ကြီးမြို့မရဲစခန်းမှ အ မျိုးသား ၁၅ ဦးကို ဖမ်းဆီးကာ အ မှုဖွင့် တရားစွဲဆိုခဲ့ပြီး လက်ရှိအ ချိန်တွင် အမျိုးသား ၁၅ ဦးမှာ မီး ရှို့မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၃၆၊ ၄၂၇ တို့ဖြင့် ပုသိမ်ကြီးမြို့နယ်  တရားရုံးတွင် အမှုရင်ဆိုင်နေရ သည်။

‘‘ရဲက တရားလိုလုပ်ပြီး အမှု ဖွင့်ထားတာဆိုတော့ အမှုရုပ် သိမ်းပေး၊ မပေးကတော့ တရား လိုနဲ့ တရားရုံးပေါ် မူတည်ပါ တယ်။ ပြီးခဲ့တဲ့ ရှစ်လပိုင်းကတည်း က တရားရုံးမှာ စစ်ဆေးနေတာ။ အခု တရားခံပြသက်သေတွေကို စစ်ဆေးတဲ့အဆင့် ရောက်နေပါ ပြီ’’ ဟု ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

အစ္စလာမ်သင်္ချိုင်းအုပ်ချုပ် မှုကော်မတီမှ သံဃာတော်များ ဆွမ်းကပ်ခြင်းနှင့် တရားရင်ဆိုင် နေရသူများ၏ ကာယကံရှင် မိ သားစုဝင်များနှင့်တွေ့ဆုံကာ အ မှုကျေအေးပေးသည့်အကြောင်း တရားဝင် အသိပေးပြောကြား ခြင်းကို အောက်တိုဘာ ၂၃ ရက် တွင် မန္တလေးမြို့ ကံတက်ကုန်း ကျောင်းတိုက်၌ ပြုလုပ်မည်ဖြစ် ကြောင်း မန္တလေးမြို့ ငြိမ်းချမ်းမှု ကော်မတီမှ သတင်းရရှိသည်။

7 Day Daily
ဇူလိုင်လဆန်းက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာ သာရေး၊ လူမျိုးရေး ပဋိပက္ခအ သွင် အုပ်စုဖွဲ့ အကြမ်းဖက်မှုများ အတွင်း အစ္စလာမ်ဘာသာဝင်တို့ ၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် တရား ရင်ဆိုင်နေရ သူများကို အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီက အ မှုကျေအေးပေးမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

မွန်ပြည်နယ် တိုက်ပွဲတွေအတွင်း အလွတ်သတင်းထောက် တစ်ဦး ပျောက်ဆုံးနေ

Photo: မွန်ပြည်နယ် တိုက်ပွဲတွေအတွင်း အလွတ်သတင်းထောက် တစ်ဦး ပျောက်ဆုံးနေ

လွန်ခဲ့တဲ့လက မွန်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို အစိုးရစစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကိုပါကြီးရဲ့ဇနီးမသန္တာက RFA ကို ပြောပါတယ်။

ကိုပါကြီးဟာ  ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုက်မရောမြို့နယ်အတွင်း ပျောက်ဆုံးသွားခဲ့တာပါ။  ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ မွန်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့ ကျိုက်မရောမြို့ အမှတ် ၂၀၈ တပ်ရင်းကိုသွားရောက်ပြီး၊ နောက်တန်းမှူး ဗိုလ်ကြီး ဆန်းမြင့်အောင်ကို မေးမြန်းခဲ့တယ်လို့ မသန္တာက ပြောပါတယ်။

"သူတို့ကမေးပါတယ် ကျမ ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး ဇနီးပါ၊ ၂၀၈ တပ်ရင်းက ဗိုလ်ကြီး ဆန်းမြင့်အောင် ခေါ်သွားတယ်လို့ နယ်/လုံ ဝန်ကြီးကိုယ်တိုင်ပြောတဲ့စကားတွေအရ ကျမသိရပါတယ်၊ DKBA လို့ယူဆပြီးဖမ်းတယ်လို့ဆိုပါတယ်၊ ဒါကြောင့် ကျမခင်ပွန်းသည်နဲ့ ပေးတွေ့ပါဆိုတော့ ကျမကပြောတယ်၊ အဲ့ဒါကို သူကကျနော်ဖမ်းစဉ်အခါက ကျနော်ပါပါတယ်တဲ့ ကျနော်မငြင်းပါဘူးတဲ့ ဒါပေမဲ့ အခုဘယ်မှာရှိတယ်ဆိုတာ ကျနော်မသိပါဘူးတဲ့ ကျနော်အထက်မှာ အဆင့်တွေအများကြီး ရှိပါတယ်တဲ့၊ ကျနော်ဘာမှာ မသိပါဘူးတဲ့"

ကိုပါကြီး ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့မရဲစခန်းမှာ အောက်တိုဘာ ၁၉ ရက်နေ့က လူပျောက်မူဖွင့်ခဲ့ပါတယ်။ ရဲစခန်းက တာဝန်ရှိတစ်ဦးက ကိုပါကြီးကို ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတယ်လို့ ပြောဆိုကြောင်း မသန္တာက ပြောပါတယ်။

"ကျိုက်မရော ရဲစခန်းမှာ လူပျောက်သွားတိုင်ပါတယ်၊ လူပျောက်သွားတိုင်တဲ့အခါမှာ အဲ့ဒီ ရဲစခန်းကတပ်ကြပ်ကြီးကပြောပါတယ်၊ သူသိတဲ့အချိန်မှာတဲ့ စစ်တပ်ကခေါ်လာတော့ မျက်နှာတစ်ခုတည်းအကောင်းရှိပြီး တစ်ကိုယ်လုံးဒဏ်ရာဟာ မျော့မျော့ပဲကျန်တော့တယ်၊ သူက စစ်တပ်ကိုမေးလိုက်တဲ့အခါကျတော့ တိုက်ပွဲထဲမှာရလာတဲ့ဒဏ်ရာတွေလို့ ပြောတယ်တဲ့ စစ်တပ်က"

ကိုပါကြီးဟာ အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး သူ့ထံကမှတ်စုတချို့ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး၊ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ နယ်/လုံဝန်ကြီးနဲ့ ကျိုက်မရော ရဲစခန်းကပြောတယ်လို့ မသန္တာ ပြောဆိုပါတယ်။

အခုလို ကိုပါကြီး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အောက်တိုဘာ၂၁ ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ  ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်၊ ရွှေဝါရောင်ပညာဒါနကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့လက မွန်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ်ကိုအောင်ကျော်နိုင်ကို အစိုးရစစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကိုပါကြီးရဲ့ ဇနီးမသန္တာက RFA ကို ပြောပါတယ်။
ကိုပါကြီးဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုက်မရော မြို့နယ်အတွင်း ပျောက်ဆုံးသွားခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ မွန်အမျိုးသားပါတီက တာဝန်ရှိသူ

နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ

Photo: နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ
Tuesday, October 21, 2014

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ မရှိတော့တာကြောင့် အီဘိုလာရောဂါဟာ ထိန်းချုပ်နိုင်တဲ့ရောဂါဆိုတာ ကမ္ဘာကို သက်သေပြလိုက်တာလို့ ပြောဆိုပါတယ်။

ကြောက်ရွံ့စိုးရိမ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားပြည်သူတွေကတော့ ပျော်ရွှင်ကြပေမယ့် သတိနဲ့ ပျော်ကြဖို့ နိုင်ဂျီးရီးယား ကျန်းမာရေးအာဏာပိုင်တွေက သတိပေးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ အနောက်အာဖရိကမှာ  စီးပွားရေးအချက်အချာ၊ ခရီးလမ်း အချက်အချာဖြစ်တာကြောင့် အချိန်မရွေး ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

နိုင်ဂျီးရီးယားဟာ အနောက်အာဖရိကမှာ အီဘိုလာကင်းစင်နိုင်ငံအဖြစ် ဒုတိယ ကြေညာခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ဆီနီဂေါနိုင်ငံမှာ ၄၂ ရက်အတွင်း အီဘိုလာရောဂါ ကူးစက်ခြင်းမရှိတော့တဲ့အတွက် အီဘိုလာကင်းစင်နိုင်ငံအဖြစ် ပထမဆုံးကြေညာခဲ့တာပါ။

အီဘိုလာရောဂါကို ကြိုးစားထိန်းချုပ်ခဲ့တာအတွက်လည်း ဆီနီဂေါနိုင်ငံကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ချီးကျူးခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ လာဂိုစ့်မြို့နဲ့ ရေနံဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဟာကော့မြို့တို့မှာ ဇူလိုင်လက အီဘိုလာရောဂါ ကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့ပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး အီဘိုလာရောဂါ ကူးစက်ခံရသူ ၁ သောင်းလောက်မှာ ၄၅၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပါတယ်။

DVB TV News

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင် သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ

၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ပထမပတ် နောက်ဆုံးထား ပြုလုပ်မည်ဟု ဦးတင်အေး ပြောကြား

၂၀၀၈ အခြေခံဥပဒေဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပထမပတ် နောက်ဆုံးထားပြီး ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မီကာဆာဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာရှင်သန်ဖို့ အထောက်အကူပြုသည့် အစားအစာ ၆ မျိုး

Photo: ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာရှင်သန်ဖို့ အထောက်အကူပြုသည့် အစားအစာ ၆ မျိုး
Tuesday, October 21, 2014

လူတစ်ဦးရဲ့အလှကို တန်ဖိုးဖြတ်ရာတွင် ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးအများစုဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် လက်သည်းအလှအပထိန်းသိမ်းသင့် သည့်အမျိုးသမီးများတွင် လက်သည်းဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ခိုင်ခံ့မှုမရှိခြင်းစတဲ့ အလှပပြသနာများကို ရှင်ဆိုင်ရလျက်ရှိပါတယ်။

ဆံပင်နှင့် လက်သည်းအလှအပပြသနာများကို ဖြေရှင်းဖို့ရန်အတွက် အမျိုးအမည်စုံလင်လှတဲ့ အလှပြင်ပစ္စည်းတွေ စူပါမားကတ် အသီးသီးမှာရှိနေကြပေမယ့် အချို့အလှပြင်ပစ္စည်းများက အသုံးပြုသူများကို အထောက်အပံ့မပြုနိုင်တာကြောင့် သုံးစွဲသူများကိုယ်တိုင် သဘာဝကျကျ မိမိတို့ရဲ့အလှအပများကိုထိန်းသိမ်းနိုင်ဖို့ အရေးကြီးလှပါတယ်။

ယခုတစ်ပါတ် NewsWatch ဂျာနယ်ပရိတ်သတ်များကို ဖော်ပြပေးမည့် အစားစာ ၆ မျိုးက အသားရည်လှပစိုပြေစိုဖို့ ထိရောက်စွာ အထောက်ကူမပြုနိုင်သော်လည်း ဆံပင်နှင့် လက်သည်းကို ကျန်းမာသန်စွမ်းပြီး လှပစိုပြေနေစေဖို့ လိုအပ်သည့်ဓါတ်များမှာ အမျိုးမည်တစ်မျိုးတည်းဖြစ်တာကြောင့် ဖော်ပြပါ အထောက်ကူပြုအစားစာများက ပရိတ်သတ်များ၏ ဆံပင်နှင့် လက်သည်းကျန်းမာရေးကို ထိရောက်စွာ အထောက်ကူပြုပါလိမ့်မယ်။

၁။ ဒိန်ချဉ်
အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ပရိတ်သတ်အများစုလည်းကြိုက်နှစ်သက်ကြတဲ့ ဆံပင်နှင့်လက်သည်း ကျန်းမာရေးကို အထောက်ကူပြုတဲ့အစားစာကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်မှာ ဆံပင် ကျန်းမာစွာရှင်သန်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကာရာတင်(keratin) လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ပါဝင်ပါတယ်။ ဆံပင်ဟာ လုံလောက်တဲ့ ပရိုတိန်းဓါတ်ကိုမရရှိပါက ဆံပင်ကျွတ်ခြင်းဆိုတဲ့ ရလဒ်ဆိုးနှင့်ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိတို့နေ့စဉ်စားသောက် နေတဲ့ မနက်စာထဲမှာ ဒိန်ချဉ်တစ်ဇွန်းခန့် ပါဝင်အောင်စားသောက်နိုင်ပါက ကျန်းမာသန်စွမ်းပြီးလှပတဲ့ ဆံပင်နှင့် လက်သည်းပိုင်ရှင်များဖြစ်လာနိုင်ကြမှာပါ။

၂။ အသား
အနီရောင်အသားလို့ အနောက်တိုင်းမှာခေါ်ဝေါ်ကြတဲ့ အမဲသား၊ ဆိတ်သား အစရှိတဲ့ အသားတွေဟာ ဆံပင်နှင့် လက်သည်းကျန်းမာရေးမှာအရေးပါတဲ့ ပရိုတိန်းဓါတ် နှင့် သံဓါတ်များကွယ်ဝစွာပါဝင်တဲ့ အစားစာတွေဖြစ်တာကြောင့် အခါအားလျော်စွာစားသုံးပေးသင့်ပါတယ်။ လေ့လာဆန်းစစ်ချက်များအရ သံဓါတ်ချို့တဲ့အားနည်းသူများဟာဆံပင်ပါးခြင်းနှင့် ကိုင်လွန်နီချီယား(koilonychia) လို့ခေါ်တဲ့ လက်သည်းရောဂါတစ်မျိုးနှင့်ဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ သို့သော် အမဲသားနှင့် ဆိတ်သားတို့ကို မိမိတို့ ရဲ့နေ့စဉ်ပုံစဉ်အစားသောက်ထဲထည့်သွင်းစားသောက်ဖို့တော့မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၎င်းအသားတွေမှာ ကျန်းမာရေးနှင့် မသင့်တော်သည့် ပြည့်ဝဆီများနှင့် အခြားဓါတ်များပါဝင်တာကြောင့် အလွန်အကျွံစားသုံးပါက နှလုံးရောဂါအန္တရာယ်နှင့်အခြားရောဂါများကိုဖြစ်ပွားစေနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

၃။ မက်မွန်သီး
မက်မွန်သီးဟာ ပရိုတိန်းဓါတ်ကြွယ်ဝသော သဘာဝအသီးတစ်မျိုးဖြစ်ရုံသာမက မဂ္ဂနီဆီယန်ဓါတ်များ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆံပင်နှင့် လက်သည်းကျန်းမာလှပရေးအတွက် အထောက်ကူပြုပါတယ်။ မဂ္ဂနီဆီယမ်ဆိုတာ စိတ်ဖိအားများကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ အဓိကဓါတ်တစ်မျိုးဖြစ်ပြီး ဆံပင်ကျွတ်ခြင်းသည် လူတစ်ဦး၏ခံစားနေရသော စိတ်ဖိအားများပေါ်တွင်အဓိက မူတည်တာကြောင့် မက်မွန်သီးက ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုပါတယ်။ ဒါ့အပြင် လက်သည်းများပေါ်တွင်ဖြစ်ပေါ်တတ်တဲ့ ဒေါင်လိုက်အရေးကြောင်းများဟာ ခန္ဓာကိုယ်အတွင်းမဂ္ဂနီဆီယမ်ဓါတ်မလုံလောက်ခြင်းရဲ့ လက္ခဏာများဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် ဓါတ်ကို အစိမ်းရောင်အရွက်များနှင့် ပဲအချို့မှလည်းရရှိနိုင်ပါတယ်။

၎။ ဘီယာ
ဘီယာကတော့ အမျိုးသားပရိတ်သတ်များအကြိုက် ဆံပင်အထောက်ကူပြုအစားစာဖြစ်ပါလိမ့်မယ်။ အစားသောက်နှင့် သီးနှံဆိုင်ရာ သုတေသနပြုသည့် အဖွဲ့စည်းတစ်ခု၏ ထုတ်ပြန်ချက်အရ ဘီယာသည် ဆီလီကွန်ဓါတ်ကြွယ်ဝသည့် အစားစာတစ်မျိုးဖြစ်ပါတယ်။ ဘီယာမှာပါဝင်သည့် ဆီလီကွန်ဓါတ်ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ဦးရည်ပြား သွေးသားလည်ပတ်မှုစနစ်ကို ကောင်းစွာအထောက်ကူပြုတာကြောင့်ဆံပင်ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်တာကိုတွေ့ရတယ်ဟု ဝါရှင်အခြေစိုက်လေဆာကုထုံးကျောင်းနှင့် ဂျွန်ဟော့ကင်းတက္ကသိုလ်အရေးပြားရောဂါဗေဒဆိုင်ရာဌာန တို့မှ အကြီးကဲဖြစ်သူ ရီဘက်ကာခိုင်ဇင် ကအတည်ပြုပြောကြားထားပါတယ်။ သို့သော်လည်း ဆံပင်ကျန်းမာရေးအကြောင်းပြကာ NewsWatch ဂျာနယ်အမျိုးသားပရိတ်သတ်များဘီယာအလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွမ်းကျင်သူများရဲ့ အဆိုအရ အမျိုးသမီးတစ်ဦးအနေဖြင့် တစ်ရက်လျှင် ဘီယာ တစ်ခွက်နှင့် အမျိုးသားတစ်ဦးလျှင် ဘီယာ ၂ ခွက်ခန့်သောက်သုံးပါက နေ့စဉ်လိုအပ်သော ဆီလီကွန်ဓါတ်များ လုံလောက်စေနိုင်သည်ဟု ထုတ်ပြန်ထားပါတယ်။

၅။ နွားနို့
နွားနို့ဟာ ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုသည်ဆိုသည့်အချက်ကို သိရှိ၍များ သမ္မတကြီးက နိုင်ငံသားများကို နွားနို့သောက်ခိုင်းသည်လားဆိုသည့်အချက်ကတော့ အတွေးပွားစရာပါ။ ဘာကြောင့်လဲဆိုရင် တိကျခိုင်မာသော သက်သေပြချက်များထုတ်ဖော်ပြောဆိုနိုင်ရန်လေ့လာဆန်းစစ်ချက်များပြုလုပ်ရန်လိုအပ်လျက်ရှိနေသေးသော်လည်း အချို့သော လေ့လာမှုများအရ နွားနို့တွင်ပါဝင်သော ဗိုက်တာမင်ဒီ နှင့် ဆံပင်ကျွတ်ခြင်း တို့ဟာ ဆက်စပ်မှုရှိနေတာကြောင့်ပါ။ ဆံပင်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးအများစုတွင် ရှိသော ဗိုက်တာမင် ဓါတ်ပမာဏသည် ဆံပင်ကျန်းမာရေးကောင်းမွန်သည့် အမျိုးသမီးများထက် ချို့တဲ့သည်ဆိုသည့်အချက်ကိုတော့ အရေပြားလေ့လာရေးဆေးအဖွဲ့များက အတည်ပြုချက်ရယူနိုင်ခဲ့ပြီးဖြစ်သော်လည်း နွားနို့အပြင် မိမိတို့၏ဆရာဝန်များနှင့်တိုင်ပင်ကာ အခြားသောဆေးဝါးနှင့် သဘာဝပစ္စည်းများမှလည်း ဗိုက်တာမင်ဒီ ဓါတ်ကို ရယူနိုင်ကြပါတယ်။

၆။ ဥများ
ကြက်ဥ၊ ဘဲဥ အစရှိတဲ့ ဥများမှာ ပရိုတိန်းဓါတ်နှင့် ဗိုက်တာမင်ဒီ ဓါတ်အချို့လည်း ပါဝင်သည့်အပြင် ဘိုင်အိုတင် လို့အမည်ရတဲ့ ဗိုက်တာမင်ဘီ အရောနှောတွေပါဝင်ပါတယ်။ ဘိုင်အိုတင် စဟာ ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာရာတင် ဓါတ်ကို ဖြစ်ထွန်းစေနိုင်ပါတယ်။ ဘိုင်အိုတင်ဓါတ်ချို့ယွင်းသူများဟာလည်း ဆံပင်ကျွတ်ခြင်းကိုခံစားရတတ်တာကြောင့် ဆံပင်ကျန်းမာရေးအတွက် ဥများစားသုံးသင့်ပါတယ်။

အောင်ဟိန်းခိုင်
News Watch
လူတစ်ဦးရဲ့အလှကို တန်ဖိုးဖြတ်ရာတွင် ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးအများ စုဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် လက်သည်းအလှအပ ထိန်းသိမ်းသင့် သည့်အမျိုးသမီးများတွင် လက်သည်းဖွံ့ဖြိုးမှု နှေးကွေးခြင်းနှင့် ခိုင်ခံ့မှုမရှိခြင်းစတဲ့ အလှပပြသနာ များကို ရှင်ဆိုင် ရလျက်ရှိပါတယ်။

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုထိန်းသိန်းရန် ကျပ် ၂၄၁.၉၄ သန်းသုံးစွဲမည်

Photo: ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုထိန်းသိန်းရန် ကျပ် ၂၄၁.၉၄ သန်းသုံးစွဲမည်
Tuesday, October 21, 2014

ဧရာဝတီမြစ်ကူး ဖြတ်ကူးဖို့  ပခုက္ကူတံတား တည်ဆောက်ပြီးနောက် ရေအ၀င် လမ်းကြောင်း ပြောင်းလဲလာတာကြောင့် မြစ်အရှေ့ဘက်ကမ်းမှ သောင်ပိုကြီးလာပြီး ရေစီးကြောင်းဟာ တံတားအောက်ဘက်ကမ်းက ကျေးရွာတွေရဲ့ အောက်ခြေကနေ ကပ်စီးဆင်းလာလို့ ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာမြေတွေ၊ စိုက်ပျိုးမြေတွေ နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါကြောင့် ရေတိုက် စားပြီး ကမ်းပါးပြိုကျ တာတွေ လျော့နည်း သွားအောင် ထိန်းသမ်းဖို့ အတွက် ပြည်ထောင်စု သီးသန့်ရန်ပုံငွေက ကျပ်ငွေ (၂၄၁.၉၄) သန်း အသုံးပြုပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဒုဝန်ကြီး ဦးဟန်စိန်က ပြောပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ  ကမ်းပါးပြိုကျမှု ကာကွယ်ဖို့ကိုပဲ ရည်ရွယ်ပြီး  Steel Basket ကျောက်ဖြည့် ရေကာတာတည်ဆောက်တာဟာ ကုန်ကျစရိတ် ပိုများပြီး ကမ်းပါးပြို ဧရိယာတခုလုံးကို မကာကွယ်နိုင်လို့ ဆောင်ရွက်ခြင်း မပြုဘူးလို့ ပြောပါတယ်။

ပခုက္ကူတံတားအောက်ဘက်က ကျေးရွာတခု ဖြစ်တဲ့  ကြက်တမ်းကုန်းကျေးရွာမှာ  ၂၀၁၂ ခုနှစ်တုန်းက စတင် ကမ်းပါးပြိုကျခဲ့ပြီး ကျေးရွာမြေနဲ့ စိုက်ပျိုးမြေဧက ၁၀၀ လောက် ဆုံးရှုံးခဲ့ပြီး အိမ် ၁၄ လုံးလည်း ရွှေ့ပြောင်းခဲ့ရသလို တခြားကျေးရွာတချို့လည်း ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပါတယ်။
ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲတာကြောင့် ကမ်းပါးပြိုကျတာတွေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူးဆိုရင်  လူနေအိမ်တွေ၊ စိုက်ခင်းတွေနဲ့ ဘုန်းကြီးကျောင်း တော်တော်များများ ဟာ  ပြောင်းရွှေ့ရတော့မှာ ဖြစ်ပါတယ်။

DVB TV News
ဧရာဝတီမြစ်ကူး ဖြတ်ကူးဖို့ ပခုက္ကူတံတား တည်ဆောက်ပြီးနောက် ရေအ၀င် လမ်းကြောင်း ပြောင်းလဲလာတာကြောင့် မြစ်အရှေ့ဘက် ကမ်းမှ သောင်ပိုကြီးလာပြီး ရေစီးကြောင်းဟာ တံတားအောက်ဘက် ကမ်းက ကျေးရွာတွေရဲ့ အောက်ခြေကနေ ကပ်စီးဆင်းလာလို့ ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာမြေတွေ၊ စိုက်ပျိုး မြေတွေ နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး


Photo: ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး
Tuesday, October 21, 2014

ထိုင်းနိုင်ငံရောက်  မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့  ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် နေထိုင်ခွင့်မှတ်ပုံတင်ထားပြီးတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့လည်း သူတို့အထောက်အထားတွေ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်လက်ပေးပို့နိုင်ဖို့ သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးရုံးကို သွားရောက်ဆက်သွယ်ဖို့ လိုအပ်ကြောင်း သူကဆက်ပြောပါတယ်။

တနေရာတည်းအပြီး (၀မ်းစတော့ပ်ဆားဗစ်) နဲ့ မှတ်ပုံတင်ပေးနေတဲ့ အစီအစဉ်မှာ  ၂၀၁၄ ဇွန်လ ၂၆ ရက်ကနေ ၂၀၁၄ အောက်တိုဘာလ ၁၈ ရက်နေ့အထိ  စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမားပေါင်း  ၁ သန်း ၃ သိန်း ၆ သောင်းကျော်  လာရောက်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားက ၅၁၀၈၇၄ ဦး၊ ကမ္ဘေားဒီးယားက ၅၈၅၀၇၉ ဦး၊ လောနိုင်ငံသားက ၁၉၂၈၂၀ ဦး ရှိတယ်လို့  နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

DVB TV News
ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့ ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံ သပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။

အစပိုင်းတော့ ဥရောပခရီးစဉ် အတိုတွေကိုပဲ သပိတ်မှောက်တာဖြစ်ပေမယ့် ဒီနေ့မှာ နိုင်ငံတကာ ခရီးဝေးတွေကိုပါ တိုးချဲ့သပိတ်မှောက်တာကြောင့် ခရီးသည် ၂ သိန်းကျော်ရဲ့ ခရီးစဉ်တွေကို ထိခိုက် မှာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး

မြန်မာယူ-၁၉အသင်း ကာတာအသင်းကို ရှုံးနိမ်ခဲ့သော် လည်း အသင်း၏ပြိုင်ပွဲဝင်စိတ် ဓာတ်နှင့်ခြေစွမ်းအပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။

‘‘Thiha Kyaw Zaw’’အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူကလည်း ‘‘ကျေနပ်တယ်ညီလေးတို့’’ မင်းတို့ လုပ်ပေးနိုင်တာထက် အများကြီး ပိုပေးဆပ်ခဲ့တာပဲ။ ညီလေးတို့ရဲ့ စိတ်ဓာတ်ကိုလေးစားတယ်။ မြန်မာအသင်းဟာ ဆီမီးကိုထိုက်ထိုက်တန်တန်တက်လာခဲ့တယ် ဆိုတာ အာရှတစ်တိုက်လုံးသိအောင် ညီတို့စွမ်းဆောင်နိုင်ခဲ့တယ်’’ဟု ရေးသားခဲ့သည်။

ရွေးကောက်ပွဲစနစ်ရှစ်မျိုးပါဝင်သည့် အစီရင်ခံစာ ယနေ့ပြည်သူ့လွှတ်တော်သို့တင်မည်

ရွေးကောက်ပွဲ စနစ် ရှစ်မျိုးပါဝင်သော အစီရင်ခံစာကို ယနေ့ (အောက်တိုဘာ ၂၁)တွင် ကျင်းပမည့် ပြည်သူ့လွှတ် တော်အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော် မရှင်က တင်သွင်းမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ်လေ့လာသုံးသပ် ရေးအစီရင်ခံစာကို အောက်တို ဘာ ၂၁ ရက်တွင်

ဇော်လင်းနဲ့ ဝင်းဇော်ထွန်း ညှင်းပန်းနှိပ်စက် ခံထားရ

လိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးမှာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ထား သည့် လက္ခဏာများ တွေ့ရှိရတယ်လို့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရဲ့သတင်းရင်းမြစ် တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးထားပါတယ်။ ထိုင်း လူ့အခွင့်အရေး ကော်မရှင် ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့တဖွဲ့ဟာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ကိုအောက်တိုဘာလ ၂ဝ ရက်နေ့က သူတို့ကို ထိန်းသိမ်းထားတဲ့ ကော့စမွေ အကျဉ်းထာင်ကို သွား ရောက်တွေ့ဆုံခွင့်ရခဲ့တာပါ။