Monday, September 2, 2013

ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

ရွှေပြည်သာတံတား လုံခြုံရေးရဲကင်းတွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ


လှိုင်သာယာမြိုနယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ပေးထားသော ရွှေပြည်သာတံတား၏ လုံခြုံရေးရဲကင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၃ နာရီခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘနေအိမ်သို့ တစ်ဦးတည်း ပြန်လာသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ ဆွေမျိုးသားချင်း များက ပြောကြားသည်။

ဧရာဝတီတိုင်းမှ ထိုင်းသို့ လူကုန်ကူးသူများကို ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို လူကုန်ကူးသည်ဆိုသည့် ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ ချောင်းသာကျေးရွာ နေထိုင်သူ ဇနီးမောင်နှံအား လူကုန်ကူးမှုဖြင့် သြဂုတ်လ ၂၈ ရက်နေ့က ပုသိမ်မြို့ အမှတ် (၁) ရဲစခန်း (အသည်ကြီးရဲစခန်း) တွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ပုသိမ်မြို့ လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စုထံမှ သိရသည်။

ဒေါ်စိုးစိုးခိုင်အတွက် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက် တက္ကသိုလ်ဆရာ/ဆရာမအသင်းများ အပြင်းအထန်ကန့်ကွက်

ရှစ်လေးလုံးငွေရတုအခမ်းအနားအကြို သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်မှထုတ်ပယ်ခြင်းနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်ကို တက္ကသိုလ် ဆရာ/ဆရာမအသင်းများမှ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်သည်ဟု အဆိုပါအသင်းများက သြဂုတ် ၃၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန် လိုက်သည်။

မလေးရှားရောက် တရားမဝင် မြန်မာများကို စတင်ဖမ်းဆီး

မလေးရှားရောက် တရားမဝင် မြန်မာများကို စတင်ဖမ်းဆီး
အဖမ်းအဆီး ကြမ်းမည်ဟု သတိပေး ထားသည့် မလေးရှား နိုင်ငံရောက်  တရားမဝင် မြန်မာနိုင်ငံ သားများ အပါအဝင် နိုင်ငံခြား သားများကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖမ်းဆီး နေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ထံမှ သိရှိရသည်။

ငါးပိ ဓာတ်ခွဲစမ်းသပ်မှု ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

ဈေးကွက်အတွင်းမှ ဓာတ်မြေသြဇာ အသုံးပြုထားသည်ဟု ယူဆရသော ငါးပိများကို စစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေး ဦးစီးဌာနသို့ သြဂုတ်လ ၂၆ ရက်နေ့တွင် ပေးပို့ထားရာ ဓာတ်ခွဲခန်းအဖြေကို ရက်ပိုင်းအတွင်း ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော်ပိုင်မြေကို တလွဲသုံးသည့် နိုင်ငံရေးပါတီကို ဖျက်သိမ်းသည်အထိ အရေးယူနိုင်ဟုဆို

နိုင်ငံတော်ပိုင်မြေကို ပုဂ္ဂလိကပိုင် ပစ္စည်းအဖြစ် တလွဲအသုံးပြုသည့် နိုင်ငံရေးပါတီကို ပါတီဖျက်သိမ်း သည်အထိ အရေးယူနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။

ကိုးကွယ်သည့် ဘာသာမတူညီမှုအပေါ် အခြေခံကာပဋိပက္ခများ မဖြစ်သင့်ဟု ပဲခူးတိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်မိန့်ကြား

ကိုးကွယ်သည့် ဘာသာကွဲပြားမှုအပေါ် အပြစ်မတင်ကြဘဲ အယူအဆမတူညီမှုအပေါ်တွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခများမှ ရှောင်ရှားကြရန် ပြည်မြို့နယ် တပ်လမ်းတော်ဝင်ရတနာ ခမ်းမတွင်ပြုလုပ်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးမိတ်ဆုံစားပွဲတွင် ပဲခူးတိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်ဦးကုမာရက မိန့်ကြားလိုက်သည်။

ပဋိပက္ခများ ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ကုလအထူးအကြံပေးပုဂ်္ဂိုလ် အစိုးရကို တိုက်တွန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်အမြင်မတူသည့် လူမျိုးနွယ်စုနှစ်ခုအကြား အမြင်လွဲမှားဖွယ်ရှိသည့် သတင်း အချက်အလက်များကြောင့် ပဋိပက္ခများတိုးပွားလာနိုင်ပြီး ပဋိပက္ခများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ်္ဂိုလ် မစ္စတာဗီဂျေးနမ်ဗီးယားက သတိပေး တိုက်တွန်းလိုက်သည်။

ဆီးရီးယား ပြည်တွင်းစစ် သေဆုံးသူ တစ်သိန်းတစ်သောင်းကျော်သွားပြီ

Syrian

 ၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့သော ဆီးရီးယား ပြည်တွင်းစစ် အတွင်း သေဆုံးသူ အရေ အတွက်မှာ ၁၁၀၀၀၀ ကျော်သွားပြီဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ တစ်ခုမှ ယမန်နေ့က ထုတ်ပြန်သည်။

မြန်မာတပ်တွေ နယ်စပ်မှာတပ်စွဲဖို့ ကြိုးစားလို့ အိန္ဒိယဘက်ကစိုးရိမ်


အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်ဘက်က ယာယီစစ်စခန်း လာဆောက်နေတာနဲ့ ပတ်သက်ပြီး အိန္ဒိယဖက်က စိုးရိမ်မှုတွေ ရှိနေပါတယ်၊ မိုင် ၂၄၇ မိုင်ရှည်လျားတဲ့ မြန်မာနိုင်ငံနဲ့ မဏိပူရပြည်နယ် နယ်စပ်ကို အတိအကျ နယ်စပ်စည်းသတ်မှတ်နိုင်ဖို့ အတွက်လည်း အိန္ဒိယနဲ့မြန်မာ အစိုးရကြားမှာ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းအပြည့် အစုံကိုဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

မထသ ၃ မီနီဘတ်စ်ပြေးဆွဲသော်လည်း ယာဉ်ငယ်များကို အားထားနေရသေး


မထသ ၃ ယာဉ်လိုင်းတွင် ယခုအခါမီနီဘတ်စ်များ ပြေးဆွဲနေပြီဖြစ်သော် လည်း စီးရေ နည်းခြင်းကြောင့် ယာဉ်ငယ်များကိုသာ အားထားနေရဆဲဖြစ်ကြောင်း သိရသည်။
ယခု ဩဂုတ်လကုန်ပိုင်းမှစ၍ မထသ ၃ (အစိမ်းရောင်)ယာဉ်လိုင်းတွင် မီနီဘတ်စ်ယာဉ် များပြေးဆွဲခဲ့ပြီး နှစ်စီးခန့်သာရှိခြင်းကြောင့် ယာဉ်ငယ်များကိုသာ အားထားနေရ ဆဲဖြစ်ကြောင်း ဒေသ ခံ များ၏ ပြောကြားချက်အရ သိရသည်။

ကမ္ဘောဒီးယား အတိုက်အခံပါတီက ဆန္ဒပြမှုကြီး ပြုလုပ်ရန် စီစဉ်နေစဉ် ရဲတပ်ဖွဲ့ အထူးလေ့ကျင့်မှု ပြုလုပ်လျက်ရှိ

ကမ္ဘောဒီးယား အတိုက်အခံပါတီက ဆန္ဒပြမှုကြီး ပြုလုပ်ရန် စီစဉ်နေစဉ် ရဲတပ်ဖွဲ့ အထူးလေ့ကျင့်မှု ပြုလုပ်လျက်ရှိ
ကမ္ဘောဒီးယား အတိုက်အခံ အမျိုးသား ကယ်တင်ရေး ပါတီသည် ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်သည့် အနေဖြင့် စက်တင်ဘာ ၇ ရက်တွင် ဖနွမ်းပင်မြို့ရှိ Diamond IslandCenter၌ ဆန္ဒပြမှုပြုလုပ်ရန် စီစဉ် ထားသောကြောင့် အဓိကရုဏ်းနှိမ်နင်း ရေးရဲတပ်ဖွဲ့က အဆိုပါ နေရာတွင် တစ်ရက်ကြာ အထူးလေ့ကျင့်မှု တစ်ရပ်အား စက်တင်ဘာ ၁ ရက်တွင် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ပထမဆုံး ပြည်ပတိုက်ရိုက် ခရီးစဉ်အဖြစ် မဲဆောက်မှ မော်လမြိုင်သို့ စင်းလုံးငှားလေယာဉ် ဆင်းသက်

ပထမဆုံး ပြည်ပတိုက်ရိုက် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်မှ မော်လမြိုင်သို့ NOK Air လေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးသည် ၃၃ ဦး တင်ဆောင်လျက် စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် မော်လမြိုင်လေဆိပ်သို့ ဆိုက်ရောက်ပြီး နံနက် ၁၀ နာရီ ၃၈ မိနစ်တွင် ခရီးသည်တစ်ဦး တင်ဆောင်လျက် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

လက်ပံတောင်း ဒေသခံတွေ လုံခြုံရေးတိုးမြှင့်ချထား

burma copper mine
လက်ပံတောင်းတောင် ​စီမံကိန်း ​ရပ်ဆိုင်းဖို့ ​တောင်းဆိုနေတဲ့ ​ကျေးရွာတွေမှာ ​အာဏာပိုင်တွေက ​ဖမ်းဝရမ်း ​ထုတ်ခံထားရသူတွေကို ​လိုက်လံဖမ်းဆီးဖို့ ​ကြိုးစားနေတဲ့အတွက် ​ရွာသားတွေက ​လုံခြုံရေး ​တိုးမြှင့်ချထား ​တယ်လို့ ​သိရပါတယ်။လက်ပံတောင်းတောင် ​စီမံကိန်း ​ရပ်ဆိုင်းရေး ​အတွက် ​သြဂုတ်လ ​၂၉ ​ရက်နေ့က ​တရားဝင် ​ဆန္ဒပြမှု ​ပြုလုပ်ပြီးတဲ့ ​အချိန်မှာ ​ယခုလို ​လိုက်လံဖမ်းဆီးဖို့ ​ပြုလုပ်နေတာဖြစ်ပါတယ်။
သြဂုတ်လ ​၃၀ ​ရက်နေ့ ​ညကတည်းက ​ထောက်လှမ်းရေးရဲတွေ ​ဝင်ရောက်ဖမ်းဆီးဖို့ ​ကြိုးစားခဲ့တဲ့ ​အကြောင်း ​လက်ပံတောင်း ​အရေး ​တက်ကြွလှုပ်ရှားသူ ​ကိုဟန်ဝင်းအောင်က ​ယခုလိုပြောပါတယ်။

တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့လွှတ်နိုင်မည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်

အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း သွယ်တန်းမှုမှာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား သက်ဆိုင်ရာက စီမံချက်များဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်နေ

H-2-9
ရထားသံလမ်းဘေးတွင် ရေသန့်ဘူးနှင့် ငွေကြေးလိုက်လံ တောင်းခံနေသည့် ကလေးများအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား စီမံချက်များဖြင့် လိုက်လံဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်နေ သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

မလိုအပ်သော ဥပဒေများကို ပယ်ဖျက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်နိုင်မည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ပြောကြား

Photo: မလိုအပ်သော ဥပဒေများကို ပယ်ဖျက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်နိုင်မည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ပြောကြား
Monday, September 2, 2013

မလိုလားအပ်သော စည်းမျဉ်းစည်းကမ်း ဥပဒေများကို ပယ်ဖျက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုမြှင့်တင်ရာ ရောက်မည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအပြင် တရားစီရင်ရေး မဏ္ဍိုင်သည်လည်း အဓိကဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတည်ဆဲ ဥပဒေအချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေ ချိုးဖောက်သကဲ့သို့ ဖြစ်သွားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"တချို့ ဥပဒေတွေဆိုရင် ပြည်သူတွေက ချိုးဖောက်နေတာဟာ ဥပဒေတွေကိုက သိပ်ပြီးတော့ ဆီလျော်မှုမရှိလို့၊  ဥပဒေတွေကိုက ပြည်သူတွေအတွက် မဟုတ်ဘဲနဲ့ ပြည်သူတွေရဲ့ နိစ္စဓူဝ ဘ၀တွေကို ပိုပြီးတော့ ခက်ခဲအောင်လုပ်နေတဲ့ တချို့ဥပဒေတွေ ရှိနေတယ်။ အဲဒါတွေကတော့ လွှတ်တော်က ပြန်ပြီးတော့ သုံးသပ်ရမှာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အန်တီတို့ ကော်မတီကလည်း ပြန်ပြီးတော့ သုံးသပ်နေတယ်။ အန်တီတို့ ကော်မတီအနေနဲ့ အကြံပြုချက်တွေ လုပ်ဖို့။ ဒီလိုမလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ဖယ်ရှားခြင်းအားဖြင့် ဥပဒေ စိုးမိုးရေးကို ပိုပြီးတော့ မြှင့်တင်ပေးရာ ရောက်မယ်ဆိုတဲ့ ကိစ္စတွေ၊ အဲဒါတွေကို လုပ်နေပါတယ်။ တခြားကော်မတီတွေကလည်း ဒီဟာတွေကို လေ့လာနေပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းစွာစုဝေးခွင့် လှည့်လည်ခွင့် ဥပဒေကိုလည်း ပြင်ဆင်ရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။ ယင်းဥပဒေသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးထောင်ချခဲ့သည့် ဥပဒေတစ်ခုလည်းဖြစ်ပြီး ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန်လည်း တောင်းဆိုမှုများ ရှိနေသည်။

လူတိုင်းသည် ဥပဒေဘောင်အတွင်း၌ အေးချမ်းစွာ နေထိုင်လိုကြသူများ ဖြစ်ကြောင်း၊ နိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး မရှိခြင်းမှာ လာဘ်ပေးလာဘ်ယူမှု ဖြစ်ကြောင်း၊ တရားစီရင်ရေး ကဏ္ဍ၌ပင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေ၍ အုပ်ချုပ်ရေး အပိုင်းတွင် လာဘ်ပေးလာဘ်ယူမှု ရှိနေခြင်းမှာ အံ့အားသင့်ဖွယ် မဟုတ်တော့ကြောင်းလည်း လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Eleven Media Group

http://www.myanmaronlinenews.net/2013/09/blog-post_7472.html
မလိုလားအပ်သော စည်းမျဉ်းစည်းကမ်း ဥပဒေများကို ပယ်ဖျက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုမြှင့်တင်ရာ ရောက်မည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားပါသည်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်မသွားရန် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု မကြာခဏ ပြုလုပ်ရန် လိုအပ်


မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး အဆိုပါ အဓိကရုဏ်းများ မဖြစ်ပေါ်စေရန် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ရန် လိုအပ်နေကြောင်း သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှုရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hutanuwatr က ပြောကြားသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ အစိုးရ ထိန်းချုပ်ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိနေ

L-2-9
ကချင်ပြည်နယ် မိုင်းနားစိန့်ဂျိုးဇက် ဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ အစိုးရထိန်းချုပ် ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက "ကျွန်တော်တို့ နောက်ဆုံးရထားတဲ့ စာရင်းတွေအရတော့ ကချင်ပြည်နယ်မှာ ၃၉၀၀၀ ကျော် ရှိပြီးတော့ ရခိုင်ပြည်နယ်မှာ ၁၁၀၀၀၀ ခန့် ရှိပါတယ်" ဟု ပြောကြားသည်။

လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာသူ များစွာတိုးပွားလာနိုင်ပြီး နိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှု ဆက်လက်မြင့်မားနိုင်ခြေ ရှိနေ

O-2-9
ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု မြင်ကွင်းအား တွေ့ရစဉ် (ကြည်နိုင်)
လာမည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာကြွယ်ဝသူဦးရေ ခြောက်ဆအထိ တိုး လာနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာ ဆက်လက်မြင့်မားနိုင်ခြေ ရှိနေသည်ဟု စီးပွားရေး လေ့လာသူများက သုံးသပ်သည်။

လွှတ်တော်ကိုယ်စားလှယ် အချို့၏ အရည်အသွေးကို ဆန်းစစ်ရန် လိုအပ်လာ

R-2-9
လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်အစည်းအဝေး ရပ်နားချိန်အတွင်း တွေ့ရစဉ်
လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကျော် ကာလသို့ ရောက်ရှိလာချိန်တွင် လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြု လုပ်နေသော လွှတ်တော်ကိုယ်စားလှယ် အချို့၏ အရည်အသွေးကို ဆန်းစစ်ရန် လိုအပ်လာကြောင်း သုံးသပ်မှုများ ရှိနေသည်ဟု သိရပါသည်။

မလေးရှား၌ တရားမ၀င် နေထိုင်သူများအား အထူးစီမံချက်ဖြင့် စတင်ဖမ်းဆီးသည့် ပထမနေ့တွင် မြန်မာအပါအ၀င် ၇၁ ဦး ဖမ်းဆီးခံရ

N-2-9
စက်တင်ဘာ ၁ ရက်က တရားမ၀င် အလုပ်သမားများ နေထိုင်သည့် အိမ်တစ်အိမ်ကို မလေးအရာရှိ တစ်ဦးက ၀င်ရောက်ရန် ကြိုးပမ်းစဉ်
မလေးရှား အစိုးရက နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစ၍ အထူးစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာတွင် စတင်ဖမ်းဆီးသည့် ပထမနေ့၌ မြန်မာနိုင်ငံသားများ အပါအ၀င် ၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတ်မှတ်ပညာပေးကာလ ပြည့်သွားသဖြင့် တရားမ၀င် မှောင်ခိုကုန်သွယ် သူများအား ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် စတင်အရေးယူမည်

Z-2-9
ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသော သင်္ဘောတစ်စီးကို တွေ့ရစဉ်
တရားမ၀င် မှောင်ခိုကုန်သွယ်နေမှုများ ယခင်က ဒဏ်ကြေးသာ ပေးဆောင်စေသည့် ပင်လယ်ရေကြောင်း ဥပဒေဖြင့် အရေးယူခဲ့ပြီး ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင် အရေးယူ ဖမ်းဆီးမှုအား စတင်ပြုလုပ်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ စက်တင်ဘာ ၁ ရက်က သိရသည်။

အိမ်ခြံမြေဈေး အဆမတန် မြင့်တက်မှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် တစ်ပေပတ်လည်အပေါ် မြေဈေးသတ်မှတ်ပြီး တံဆိပ်ခေါင်းခွန် ဆောင်ရမည်

အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် တစ်ပေပတ်လည်ပေါ် မူတည်ကာ မြေနေရာဈေးနှုန်းများ သတ်မှတ်ပြီး တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။