Friday, March 22, 2013

၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၅၀၀၀ ခန့် ပျက်ကွက်

Photo: ၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ
၁၅၀၀၀ ခန့် ပျက်ကွက်
Friday, March 22, 2013

အောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မ
ဖြေသူ ၁၅၀၀၀ ကျော်ခန့် ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီးဌာန အောက်မြန်မာပြည်မှ သိရသည်။

ယင်းကဲ့သို့ လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲ
တွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာတွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦး
ရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရ
သည်။

၂၀၁၁-၂၀၁၂နှစ်က အောက်မြန်မာပြည်တွင် စာရင်းရှိ ၁၅၁၁၉၆ ဦးတွင် ဖြေဆိုရန်ပျက်ကွက်သူ ၁၆၄၄၈ ဦး ရှိပြီး ပျက်ကွက်သူ ၉.၂ ရာခိုင်နှုန်းခန့်ရှိပြီး၂၀၁၂-၂၀၁၃ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက
ယခုနှစ်တွင် စာမေးပွဲလာရောက်မဖြေဆိုသူ ပိုများကြောင်း
သိရသည်။

အောက်မြန်မာပြည်တွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊
မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်ပြီး
ပဲခူးတိုင်းတွင် ပဲခူးတိုင်း အရှေ့နှင့် ပဲခူးတိုင်းအနောက်ဟူ၍
အုပ်စုနှစ်ခု ခွဲထားကြောင်း သိရသည်။

ရည်မွန်
The Myanma Ageအောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မ ဖြေသူ ၁၅၀၀၀ ကျော်ခန့်ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီး ဌာန အောက်မြန်မာပြည်မှ သိရသည်။
ယင်းကဲ့သို့လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲတွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာ တွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦးရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနေ အစ္စလမ်ဘာသာဝင်များ လုံခြုံရေးအတွက် သမ္မတထံ တိုင်ကြား

Photo: မြန်မာနိုင်ငံနေ အစ္စလမ်ဘာသာဝင်များ လုံခြုံရေးအတွက် သမ္မတထံ တိုင်ကြား
Friday, March 22, 2013

မြန်မာနိုင်ငံတွင်းတွင် နေထိုင်သော အစ္စလမ်ဘာသာဝင်များ၏ အသက်အိုးအိမ် လုံခြုံမှုနှင့် စိုးရိမ်သောကများ ကင်းဝေးစေရန် အတွက် တရားဥပဒေ၏ အကာအကွယ် ပြည့်ဝစွာ ဖြည့်စည်းပေးစေ လိုကြောင်း
မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့က မတ်လ ၂၁ ရက်နေ့
နေ့စွဲဖြင့် နိုင်ငံတော် သမ္မတထံ တိုင်ကြားစာ ပေးပို့ထားခဲ့သည်ဟု သိရသည်။

“အဓိကကတော့ နိုင်ငံတော် အေးချမ်းသာယာရေးကို လိုချင်တယ်။ ကျနော်တို့ လူနည်းစုတွေအပေါ်မှာ ဥပဒေရဲ့ အကာအကွယ် ထိထိရောက်ရောက် ရယူချင်တယ်။ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ
နိုင်ငံတော် သမ္မတနဲ့ တကွ တာဝန်ရှိသူတွေကို သိစေချင်လို့ စာတင်ရတာပါ” ဟု မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်မောင်က ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလမ်ဘာသာရေး အဖွဲ့ကြီး၏ နိုင်ငံတော် သမ္မတထံ တင်ပြစာတွင် သာကေတ မြို့နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဘီးလင်းမြို့နယ်များတွင် ဖျက်ဆီးခံခဲ့ရသော အစ္စလမ် ဘုရားကျောင်းများနှင့် ဗလီများအကြောင်းကို ထည့်သွင်း
ဖော်ပြထားသည်ဟု သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လည်းကောင်း၊ တည်ဆဲ ဥပဒေများအရ လည်းကောင်း၊ နိုင်ငံတကာ ကျင့်ထုံးများအရ လည်းကောင်း လူနည်းစုများအား ဥပဒေနှင့် အညီ ပြည့်ဝသည့် အကာအကွယ်များ
ပြုပေးမည်ဟု ယုံကြည်မိပါကြောင်း ဖော်ပြထားသည်။

“အခု ကိစ္စတွေက စဉ်းစားရခက်တယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေသလားလို့ သံသယဖြစ်မိတယ်။ ကျနော်တို့ အနေနဲ့ အားကိုးရာမဲ့ အခြေအနေကြုံတွေ့နေရတယ်။ ဘာသာရေး လူမှုရေးကို ခုတုံးလုပ်ပြီးတော့ ပဋိပက္ခဖြစ်အောင် ဖန်တီး လုပ်ဆောင်နေတာကို၊ နေရာတော်တော် များများမှာ ဥပဒေမဲ့ လုပ်နေတာကို ကျနော်တို့ တွေ့နေရတယ်။ ဒီလို ဖြစ်ရပ်တွေဟာ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာမှာကိုလည်း ကျနော်တို့ ကြောက်ရွံ့နေပါတယ်” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ဧရာဝတီကို ပြောသည်။

မတ်လ ၂၀ ရက်နေ့တွင် မိတ္ထီလာ မြို့မဈေးကြီးအတွင်း ရွှေအရောင်းအ၀ယ် ကိစ္စနှင့် ပတ်သတ်ပြီး ပဋိပက္ခစတင် ဖြစ်ပွားခဲ့ရာမှ ယနေ့ ၂၂ ရက်နေ့ ညနေပိုင်းအထိ ရရှိသော စာရင်းများအရ လူ ၉ ဦးအထိ သေဆုံးခဲ့ကာ အစ္စလမ် ဘာသာရေးဆိုင်ရာ အဆောက်အဦးများနှင့် လူနေရပ်ကွက်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

မိတ္ထီလာ အကြမ်းဖက်မှုများနှင့် ပတ်သတ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ၊ ရွှေဝါရောင် သံဃာတော်များ ကွန်ယက်၊  ဗမာ နိုင်ငံလုံးဆိုင်ရာ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း လူမျိုးရေး ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများနှင့် အကြမ်းဖက်မှုများအတွက် ထိရောက်စွာ အရေးယူပေးရန် ကြေငြာချက်များ ထုတ်ပြန်ထားသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ထိန်းသိမ်းရန် မတ်လ ၂၀ ရက် နေ့က တိုက်တွန်း ပြောကြားထားသည်။

ယနေ့ ညနေပိုင်းတွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည် မြို့နယ်များကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီ ရယူရမည်ဖြစ်ကြောင်း
နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယင်းအရေးပေါ် အခြေအနေ ကြေညာပြီးနောက်တွင် မိတ္ထီလာ အနီးအနားရှိ တောထဲသို့ ထွက်ပြေးနေကြသော အစ္စလမ် ဘာသာဝင် ၁၅၀၀ ကျော်ကို လုံခြုံရေးများက ပြန်လည်ခေါ်ယူလာပြီး မိတ္ထီလာ ခရိုင် အားကစားကွင်းသို့ ပြောင်းရွှေ့ နေရာချထားကာ ကယ်ဆယ်ရေး စခန်း ဖွင့်ပေးထားမည် ဖြစ်ကြောင်း မိတ္ထီလာသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က ပြောသည်။

ဓာတ်ပုံ - မိတ္ထီလာမြို့တွင် မတ်လ ၂၂ ရက်နေ့က မီးလောင်နေသည့်
မြင်ကွင်း (တေဇလှိုင် / ဧရာဝတီ)

နန်းသီရိလွင်
ဧရာဝတီ မြန်မာနိုင်ငံတွင်းတွင် နေထိုင်သော အစ္စလမ်ဘာသာဝင်များ၏ အသက် အိုးအိမ် လုံခြုံမှုနှင့် စိုးရိမ်သောကများ ကင်းဝေးစေရန် အတွက် တရား ဥပဒေ၏ အကာအကွယ် ပြည့်ဝစွာ ဖြည့်စည်းပေးစေ လိုကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့က မတ်လ ၂၁ ရက်နေ့နေ့စွဲဖြင့် နိုင်ငံတော် သမ္မတထံတိုင်ကြားစာ ပေးပို့ထား ခဲ့ သည်ဟုသိရ သည်။

ကရင်ပြည်နယ်ရှိ လယ်သမားများကို လယ်ယာလုပ်ခွင့် ရရှိရန် ပြန်လည်လျှောက်ခွင့်ပြု

Photo: ကရင်ပြည်နယ်ရှိ လယ်သမားများကို လယ်ယာလုပ်ခွင့် ရရှိရန် ပြန်လည်လျှောက်ခွင့်ပြု
Friday, March 22, 2013

ကရင်ပြည်နယ်အတွင်းရှိ လယ်သမားများအနေဖြင့် မိမိပိုင် လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယခုနှစ် ဆန်းပိုင်းမှစ၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ လျှောက်လွှာများ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

၎င်းလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တဆင့်ပြီးတဆင့် လျှောက်ထားကြခဲ့ရာ လက်ရှိ လျှောက်လွှာလာတင်သူမှာ ၁၀၀ဦးကျော်ရှိလာပြီး
ကျေးရွာအုပ်ချုပ်ရေးမှူးများက နိုင်ငံတော်၏ အထက်တာဝန်ရှိသူများ
ထံသို့ တင်ပေးသွားမည်ဟု သိရကြောင်း ဒေသခံလယ်သမားများက
ပြောဆိုနေကြသည်။

ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောတာမိုက်က “ကျနော်တို့ကို အထက်က မြို့နယ်ရုံးက ညွန်ကြားလို့ အခုလို လုပ်ပေးရတာပါ။ သူတို့ ညွန်ကြားချက်များအရဆိုရင် တနိုင်ငံလုံးပဲလို့ သိရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသခံလယ်သမားများသည် ပြေစာပေါက်သည့် လယ်မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေး အပါအ၀င် ၂၀၁၀ခုနှစ်မတိုင် ခင်ကာလက အသိမ်းခံ လယ်မြေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောင်းခဲ့ရသည့် လယ်မြေ များကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိ ရန် လုပ်ဆောင်နေခြင်းဖြစ်သည် ဟု စောတာမိုက်က ဆိုသည်။

ယင်းသို့ လုပ်ဆောင်ရာတွင် လယ်သမားများဘက်က လျှောက်လွှာတင် စရိတ်များအတွက် ငွေပေးဆောင်ရန် မလိုကြောင်းနှင့် ဖြေရှင်း၍ ရနိုင်သည့် လယ်မြေများကို ဖြေရှင်းပေးပြီး ရှုတ်ထွေးမှုများရှိသည့် လယ်မြေများကို သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြ လုပ်ဆောင်သွားရန်ရှိသည်ဟုလည်း သိရသည်။

ဘားအံမြို့နယ်၊ မိန်းမရှာရွာသား လယ်သမားတစ်ဦးကလည်း “ကျနော်တို့ရဲ့ လယ်မြေကိစ္စတွေကို နိုင်ငံတော်က တရားမျှတစွာ ဆုံးဖြတ်လုပ်ကိုင် သွားမယ်လို့ ယုံကြည်တယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်များကိုလည်း
လေးစားလိုက်နာမယ်။ နောက် မျှော် လင့်ချက်နဲ့ ကျနော်တို့ အခုလို လျှောက်လွှာတွေ လာရောက်တင်ရတာပါ”ဟု ကေအိုင်စီသို့
ပြောသည်။

ယခုလ ၅ရက်နေ့က နယ်စပ်အခြေစိုက် ကရင်လူ့အခွင့်အရေး အဖွဲ့အစည်း KHRG က အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ကရင် ပြည်နယ် အပါအ၀င်
မြန်မာပြည်အရှေ့ဘက်ခြမ်းဒေသများ၌ မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်ကြေ ညာခဲ့သည်။

သို့သော် မြန်မာအစိုးရမှ လယ်သမားများအတွက် ယခုလို လယ်ယာမြေ လုပ်ကိုင်ခွင့် ပြန်လည်ရရှိရန် ဆောင်ရွက်ပေးနေမှုများ ကို ကရင်ပြည်နယ်ရှိ
ဒေသခံ တောင်သူလယ်သမားများနှင့် ပြည်သူလူထုများ ကျေနပ်အားရ
နေကြသည်။

စောညွန့်သောင်း (ကေအိုင်စီ)
KIC (Karen Information Center) ကရင်ပြည်နယ်အတွင်းရှိ လယ်သမားများအနေဖြင့် မိမိပိုင် လယ်ယာမြေ များကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယခုနှစ် ဆန်းပိုင်းမှ စ၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ လျှောက်လွှာများ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
၎င်းလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တဆင့်ပြီးတဆင့် လျှောက်ထားကြခဲ့ရာ

မိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့အထိ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရသူ (၃၉) ဦးရှိ မတ်လ (၂၂) ရက်မှစ၍ မိတ္ထီလာခရိုင်၌ အရေးပေါ်အခြေအနေကြေညာထား ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာအောင် ပြည်သူများက တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထား

မိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့အထိ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရသူ (၃၉) ဦးရှိ မတ်လ (၂၂) ရက်မှစ၍ မိတ္ထီလာခရိုင်၌ အရေးပေါ်အခြေအနေကြေညာထား ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာအောင် ပြည်သူများက တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထား
Friday, March 22, 2013

မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့ ညနေပိုင်းအထိရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှု အနေဖြင့် နေအိမ် (၁၅၂) လုံး၊ မော်တော်ယာဉ် (၂) စီး၊ ပညာရေးမှူးရုံး (၁)လုံး၊ ဆိုင်ကယ် (၁) စီး၊ သုံးဘီးဆိုင်ကယ် (၂) စီး၊ ဘာသာရေး အဆောက်အအုံ (၁၃) လုံးရှိကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပြီး ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်းအေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေး အတွက် မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်အပါအဝင် မြို့နယ်
လေးမြို့နယ်အား ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာထား သည်။

ပြည်သူများအနေဖြင့် ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန်အတွက် ယခုဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင်ပြု လုပ်ခဲ့သူများ၊ ထပ်မံ၍ အလားတူလုပ်ဆောင်ရန် ကြံစည်သူ မျာအား တွေ့ရှိပါက အရေးယူနိုင်ရေးအတွက် သတင်းပေးပို့ ကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။


ပြန်ကြားရေးဝန်ကြီးဌာန

http://www.ministryofinformation.gov.mm/index.php/announcement/2395-2013-03-22-00-07-12.html မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်း ဖက်မှုကြောင့် ယနေ့ ညနေပိုင်းအထိရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှု အနေဖြင့် နေအိမ် (၁၅၂) လုံး၊ မော်တော်ယာဉ် (၂) စီး၊ ပညာရေးမှူးရုံး (၁)လုံး၊ ဆိုင်ကယ် (၁) စီး၊ သုံးဘီးဆိုင်ကယ် (၂) စီး၊ ဘာသာရေး အဆောက်အအုံ (၁၃) လုံးရှိကြောင်း သိရှိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း အထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ်

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေ အနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

အစ္စရေး နိုင်ငံသို့ အမေရိကန် သမ္မတ ရောက်ရှိနေစဉ် ဟားမတ်စ် စစ်သွေးကြွ များက ဒုံးကျည်ဖြင့် ပစ်ခတ်

Photo: အစ္စရေး နိုင်ငံသို့ အမေရိကန် သမ္မတ ရောက်ရှိနေစဉ် ဟားမတ်စ် စစ်သွေးကြွ များက ဒုံးကျည်ဖြင့် ပစ်ခတ်
Friday, March 22, 2013

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ အစ္စရေး နိုင်ငံ ခရီးစဉ် ဒုတိယ မြောက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွ များက အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ မတ် ၂၁ ရက်တွင် ဒုံး ကျည်လေးစင်း
ပစ်ခတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ ဆဒီရော့တ် နယ်စပ်မြို့ရှိ အိမ်တစ်အိမ်၏ ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် နေအိမ် ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရို စန်ဖယ်တ်က ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ပြုလုပ်စဉ်တွင် သမ္မတ အိုဘားမားသည် ဂျေရုဆလင်
သို့ ရောက်ရှိနေပြီး ၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက
မှ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ အိုဘားမားသည် မတ် ၂၂ ရက်တွင် အနောက်ဘက် ကမ်းဒေသ ရာမာလာမြို့သို့ သွားရောက်ရန် စီစဉ် ထားကြောင်း သိရသည်။

မြ၀တီ အမေရိကန် သမ္မတဘားရတ်အိုဘားမား၏ အစ္စရေး နိုင်ငံခရီးစဉ် ဒုတိယ မြောက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွ များက အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ မတ် ၂၁ ရက်တွင် ဒုံး ကျည်လေး စင်းပစ်ခတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ ဆဒီရော့တ် နယ်စပ်မြို့ရှိ အိမ်တစ်အိမ်၏ ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် နေ အိမ် ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရို စန်ဖယ်တ်က ပြောကြားခဲ့သည်။

သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်

Photo: သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်
Friday, March 22, 2013

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များကိုဆောင်ရွက်ရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

ဓာတ်ပုံ - Eleven Media Group
RFA နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက် များကိုဆောင်ရွက်ရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ တစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြား သည်။

ဓာတ်ပုံ - Eleven Media Group

Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ်

Photo: Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ် 
Friday, March 22, 2013

မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိကထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းက အရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ်ဆိုရင်
မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြောသည်။

ထို့ပြင် ဂူးဂဲလ်မှ အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေးရှင်း စတိုးအား အွန်လိုင်း၌ တရားဝင် ဖွင့်လှစ်ပေးနိုင်ချေရှိပြီး ပြည်တွင်းမှ မိုဘိုင်း အယ် ပလီကေးရှင်းရေးဆွဲသူ များအတွက် အလားအလာကောင်းများ ရှိလာနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်လူငယ်များက ဆိုသည်။

ဂူးဂဲလ် အနေဖြင့် မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာ ကဏ္ဍ၌သာမက ပညာရေး ကဏ္ဍပိုင်း၌ပါ ကူညီပေးလိုပြီး မြန်မာနိုင်ငံအစိုးရနှင့်
တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ရာ၌လည်း ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နိုင်မည့် ကဏ္ဍအပိုင်းများ ပိုမိုဖြစ်ထွန်း လာစေရေးကို
ဦးစားပေး ပြောကြားသွားမည် ဖြစ်ကြောင်း ဂူးဂဲလ် အမှုဆောင်
အရာရှိချုပ်Mr. Eric Schmidt ကဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဂူးဂဲလ် အမှုဆောင်
အရာရှိချုပ်နှ င့် ဆွေးနွေးပြောဆိုမှုများ မပြုလုပ်ရသေးကြောင်း၊ ယင်းအတွက် အသင်းချုပ်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်
သွားမည်ကိုမူ ပြောကြားနိုင်သေးမည် မဟုတ်ကြောင်း
အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

Google အမှုဆောင် အရာရှိချုပ်Mr. Eric Schmidt မှာ မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်နေ့တွင် လာရောက်ခဲ့ပြီး MICT Park အစည်းအဝေး ခန်းမ၌ မြန်မာ့အနာဂတ် လူငယ်ခေါင်းဆောင်များ၊ နည်းပညာ စိတ်ဝင်စားသူလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စကားဝိုင်းပုံစံ ဆွေးနွေးပွဲ တစ်ခုအား ၂ နာရီနီးပါးခန့် ပြုလုပ်ခဲ့သည်။

သုတလင်း
Popular Myanmar News Journal မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိက ထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းကအရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ် ဆိုရင် မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြော သည်။

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း
=================================

နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
--------------------------------------------------------------

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ
-မိတ္ထီလာမြို့နယ်
-ဝမ်းတွင်းမြို့နယ်
-မလှိုင်မြို့နယ် နှင့်
-သာစည်မြို့နယ်များအတွင်း

ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

(Source- နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)

Hmuu Zaw
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
--------------------------------------------------------------

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့ ဈေးကုန်း ဘုန်းတော်ကြီးကျောင်းတွင် ပိတ်မိနေသော AFP, Messenger, RFA အစရှိသည့် သတင်းထောက်(၉)ဦးအား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ စာနယ်ဇင်းသမဂ္ဂမှ မတ်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန် လိုက်ပါသည်။

မိတ္ထီလာ ပဋိပက္ခအရေး ကုလသမဂ္ဂ ကြေညာချက် ထုတ်


မိတ္ထီလာမြို့တွင် မတည်မငြိမ် ဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် မစ္စတာ အာရွှတ် နီဂမ်က ကြေညာချက်တစောင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်စေရန် နီးစပ်ရာစာစစ်ဌာနများတွင်ပြောင်းလဲဖြေဆိုခွင့်ပြုခဲ့

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မိတ္ထီလာမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေသူများ အနှောင့်အယှက် မဖြစ်စေရန်အတွက် စာမေးပွဲဖြေဆိုသူများအား မိမိတို့နှင့် နီးစပ်ရာ စာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

NLD တွင်နေရာမရလိုက်သူများအတွက် စိတ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: NLD တွင်နေရာမရလိုက်သူများအတွက် စိတ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Friday, March 22, 2013

NLD တွင် အနှစ် ၂၀ခန့်တာဝန်ထမ်းဆောင်လာခဲ့ပြီး နေရာ မရခဲ့သူများ အတွက် စိတ်မကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

" NLD မှာ အနှစ် ၂၀ လောက်လုပ်လာပြီး နေရာမရလိုက်တဲ့သူတွေအတွက် စိတ်မကောက်းပါဘူး။ သူတို့ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သစ္စာရှိတိုင်း လုပ်ရည်ကိုင်ရည်နဲ့ တခြားစီပါပဲ။ သူတို့က အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ မကျွမ်းကျင်လို့ပါ။ သူတို့ရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဓာတ်ပုံ - NLD Congress
Messenger News Journal
NLD တွင် အနှစ် ၂၀ခန့်တာဝန်ထမ်းဆောင်လာခဲ့ပြီး နေရာ မရခဲ့ သူများအတွက် စိတ်မကောင်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
" NLD မှာ အနှစ် ၂၀ လောက်လုပ် လာပြီး နေရာမရလိုက်တဲ့ သူတွေ အတွက် စိတ်မကောက်းပါဘူး။ သူတို့ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြု ပါတယ်။ ဒါပေမဲ့ သစ္စာရှိတိုင်း လုပ်ရည်ကိုင်ရည်နဲ့ တခြားစီပါပဲ။

ဂျပန်က စားနပ်ရိက္ခာအတွက် မြန်မာသို့ ဒေါ်လာ ၂၁ သန်းလှူ

ဂျပန်က စားနပ်ရိက္ခာအတွက် မြန်မာသို့ ဒေါ်လာ ၂၁ သန်းလှူ
Friday, March 22, 2013

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ယန်းငွေ ၂ ဘီလီယံ (ဒေါ်လာ ၂၁ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတဆင့် လှူဒါန်းကြောင်း သိရသည်။ သံအမတ်ကြီး မီကီအို နုမာတာ က နေပြည်တော်တွင် WFP သို့ လှူဒါန်းခြင်း ဖြစ်သည်။

WFP မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ကားလို့စ် ဗယ်လိုဆိုက ဂျပန်၏ ထောက်ပံ့လှူဒါန်းငွေသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်နှင့် ကချင်ပြည်နယ်ကဲ့သို့သော ဒေသများရှိ ဒုက္ခသည် ၂ သိန်းခွဲအတွက် ၆ လစာ ရိက္ခာ ဖူလုံစေမည်ဟု DPA သတင်းဌာနသို့ ပြောဆိုထားသည်။ ယမန်နှစ်တွင်လည်း ဂျပန်က စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက်
မြန်မာသို့ ဒေါ်လာ ၁၀ သန်း လှူခဲ့သေးသည်။

ဧရာဝတီ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ယန်းငွေ ၂ ဘီလီယံ (ဒေါ်လာ ၂၁ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတဆင့် လှူဒါန်းကြောင်း သိရသည်။ သံအမတ်ကြီး မီကီအို နုမာတာ က နေပြည်တော်တွင် WFP သို့ လှူဒါန်းခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် စကတ်အတိုအပြတ်များမ၀တ်ဆင်ရ ဥပဒေထုတ်ပြန်...

Photo: တောင်ကိုရီးယားနိုင်ငံတွင် စကတ်အတိုအပြတ်များမ၀တ်ဆင်ရ
ဥပဒေထုတ်ပြန်...
Friday, March 22, 2013

တောင်ကိုရီးယားနိုင်ငံတွင် မတ်လ(၂၂)ရက်နေ့မှ စတင်ကာ စကတ်အတို
အပြတ်များအား ၀တ်ဆင်ခွင့်မပြုတော့သော ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း
သိရသည်။ ယခုအခါ၌ ကိုရီးယားနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်
များသည် သရုပ်ပျက်လောက်သော စကတ်အတိုများကို ၀တ်ဆင်လာ
သဖြင့် အမြင်မတင့်တယ်မှုများကို ကြုံတွေ့နေရသဖြင့် ၎င်းဥပဒေအား
ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုဥပဒေအား ဖောက်ဖျက်ပါက
အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာ ဒဏ်ငွေပေးဆောင်ရန် ပြဋ္ဌာန်း
ထားကြောင်း သိရသည်။

SkyNet TV Browser တောင်ကိုရီးယားနိုင်ငံတွင် မတ်လ(၂၂)ရက်နေ့မှ စတင်ကာ စကတ် အတို အပြတ်များအား ၀တ်ဆင်ခွင့်မပြုတော့သော ဥပဒေ ကို ပြဋ္ဌာန်း လိုက်ကြောင်း သိရသည်။ ယခုအခါ၌ ကိုရီးယားနိုင်ငံ၏ နာမည်ကျော် အနုပညာရှင်များသည် သရုပ်ပျက်လောက်သော စကတ်အတိုများကို ၀တ်ဆင်လာသဖြင့် အမြင်မတင့်တယ်မှုများကို ကြုံတွေ့နေရသဖြင့် ၎င်းဥပဒေအားပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုဥပဒေ အား ဖောက်ဖျက်ပါက အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာ ဒဏ်ငွေပေးဆောင် ရန် ပြဋ္ဌာန်းထားကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းရန် အမိန့်မထုတ်သေး

မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းရန် အမိန့်မထုတ်သေး

FRIDAY, MARCH 22, 2013


မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။

"သူတို့ကို ဖမ်းလို့မရဘူး၊ပစ်ခတ်လို့မရဘူး။ဘယ်သူမှ ပစ်ခတ်ဖို့ အမိန့်မပေးဘူး။တိတိကျကျ အမိန့်မပေးဘူး"ဟု အဆိုပါရဲအရာရှိက ပြောပါတယ်။

ယမန်နေ့က မတ်လ ၂၁ ရက်နေ့မှာ မင်္ဂလာဇေယျုံနယ်မြေမှာ ဆူပူအကြမ်းဖက်နေတဲ့ လူအုပ်ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းရတာကတော့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အန္တာရာယ်ပြုတဲ့ အတွက် ပစ်ခတ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။

ဒီကနေ့ မနက်မှာတော့ မိတ္ထီလာမြို့တွင်းနေရာအနှံ့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ မင်္ဂလာဇေယျုံနယ်မြေထဲက နေအိမ်၊အဆောက်အဦးတွေ မီးလောင်ကုန်တဲ့အတွက် အဲဒီဒေသမှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို အမှတ်(၁)ရဲစခန်းနဲ့မိတ္ထီလာခရိုင်အားကစားကွင်းမှာ ယာယီနေရာချထားတယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

ဒီကနေ့မနက်က မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ဒေသခံလေးဦးသေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က ဆေးရုံက တရားဝင်ရတဲ့ စာရင်းကိုသာ အမှန်အတည်ပြုရတာပါ၊လမ်းပေါ်က စာရင်းကို အတည်ပြုလို့ မရပါဘူး"ဟု ယင်းရဲအရာရှိ တစ်ဦးက ပြောပါတယ်။

မိတ္ထီလာမြို့မှာ သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။

MYANMAR EXPRESS

http://www.facebook.com/ZinYawNews မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။

ပန်းသီး စားခါနီးရင် သတိထားပါ

ပန်းသီး အခွံတွေပါ စားတတ်တဲ့ သူတွေအဖို့ သတိထား ရမယ့် အချက် ဖြစ်ပါတယ် ပန်းသီးတွေရဲ့အခွံကို ဖယောင်းတွေ သုတ်ထားလေ့ရှိတယ် ဒါကြောင့် ဘယ် အသီးပဲစားစားမစားခင် အရင် စစ်ဆေးကြည့်ပါ ။
ဖယောင်းကို အအေး ခံနိုင်အောင်နဲ့ Preservation ( တာ ရှည်ခံ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ) အနေနဲ့ အသုံးပြု ကြပါတယ် ။
အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ သိပ်မသိ သာ ပေမယ့် အနောက်နိုင်ငံ တွေမှာ တစ်နှစ်ထက် ခံအောင်ဆိုပြီး အသီးတွေကို ဒီလိုနည်းတွေနဲ့ အသုံးပြု

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်

မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်

မိထ္ထီလာမြို့၏ လက်ရှိ အခြေအနေသည် မီးရှို့ဖျက်ဆီးမှု အခြေအနေမှ ဖောက်ထွင်း လုယက်မှုများ လုပ်ဆောင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မိထ္ထီလာမြို့ရှိ အမည်မဖော်လိုသူ လုံခြုံရေး အရာရှိတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား

မိတ္ထီလာခရိုင်အတွင်းလက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအဓိကရုဏ်း ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လတ်တလော ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများ သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှ အဓိကရုဏ်းအသွင်များ ကူးစက်မှုမရှိစေရန် ကြိုတင်စီမံ ထားကာ လုံခြုံရေး အင်အားကို တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ
မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်း ကျောင်းပန်းတောင်ဘက်က ၀င်လာသူများ အားလုံးကို ရဲတပ်ဖွဲ့ ၀င်များမှ စစ်ဆေးလျက်ရှိပြီး တုတ်၊ ဓားလက်နက်ကိုင်ဆောင် လာသူမှန်သမျှကို ဖမ်းဆီးစစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် သဲတော - ၀မ်းတွင်း ဘက်တွင်လည်း လမ်းပေါ်တွင် သွားလာလှုပ်ရှားနေသူ အားလုံးမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး သွားလာနေကြောင်း မိထ္ထီလာမြို့သို့ ထပ်မံ ရောက်ရှိသွားသော Eleven Media Group သတင်းထောက်ကပြောပါသည်။

၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ ဒေါသထွက်

Photo: ၈၈ မျိုးဆက်မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ စည်းကမ်းမဲ့ ပုတ်ခတ်ပြောဆိုမှုများအား တပ်မတော်အရာရှိကြီးများ
ဒေါသထွက်
Friday, March 22, 2013

မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီ အမတ် ဦးဝင်းထိန် တို့၏ လက်လွတ်စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိကြီးများ
ပြင်းထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

မင်းကိုနိုင်မှ မိထ္တီလာအရေးအခင်းပြီးဆုံးသွားရင်တောင် နောက် ထပ် ပြည်ထောင်စုရဲ့ တနေရာမှာ ပုံစံတမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှု၊
ပြီးတော့ အဓိကရုန်းတွေ ဖန်တီးမယ့်ခြေရာ လက်ရာတွေ အစောကြီးကတည်းက တွေ့ထား ကြောင်း၊ ယခု ဖြစ်စဉ်များတွင် အကြမ်းဖက်သူများကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း၊ 
စစ်တပ်က ကယ်တင်ရှင် ၀င်လုပ်နေချင်ေ ကြာင်း၊ ကျွန်တော်တို့ 
ကယ်ခွင့် မပေးသင့်ကြောင်း များ ပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် အန်အယ်ဒီအမတ် ဦးဝင်းထိန်မှ တပ်မ-၉၉ အပါအ၀င် တပ်တွေ အများကြီးရှိနေရဲ့သားနဲ့ ၀င်မထိန်းဘူး ဆိုတဲ့ သဘောမျိုးတွေနဲ့ လည်း ပြောဆိုခဲ့ပါသည်။

၎င်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ ကြီး တစ်ဦးမှ အခု ဖြစ်တဲ့ ပြဿနာ ဟာ စစ်တပ်နှင့် ဘာမှ မဆိုင်ပါဘူး။ ညတွင်းချင်း ကြေငြာချက် ထုတ်တာတွေကို နားထောင်ကြည့်လိုက်တော့ စစ်တပ်ကို တော်တော် ဝေဖန်ထားတာ ကြားလိုက်တယ်။ တော်တော် တရားလက်လွတ် ပြောလိုက်တာပဲ။ လက်ရှိ အချိန်ဟာ အစိုးရနဲ့ တပ်မတော် လက်တွဲပြီး လုပ်ဆောင်နေကြတဲ့ အချိန်ပါ။ သမ္မတကြီး သွားလေရာ မှာ တပ်မတော်က အကြီးဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ အတူပါပြီး လက်တွဲ
ဆောင်ရွက် နေကြတဲ့ အချိန်ပါ။ အတိုက်အခံလို့ ပြောတဲ့
ဒေါ်အောင်ဆန်း စုကြည် တောင်မှ တပ်မတော်နဲ့ အတူ ပူးပေါင်း
ဆောင်ရွက်ပြီး နောက်ကြောင်း ပြန်လှည့်တဲ့စကား၊ စစ်အာဏာရှင် စကားတွေ မပြောဘူး။ အခုတော့ တပ်မတော် ကပဲ ဖန်တီးသ လို မျိုး ဖြစ်အောင် ပြောတဲ့စကားကတော့ လွန်ပါ တယ်ဟု ပြောခဲ့ပါတယ်။

ပုံနှိပ်တိုက် လုပ်ငန်းရှင် တစ်ဦးမှလည်း ကျွန်တော်တို့လည်း မင်းကိုနိုင်ပြောတဲ့ စကားအပေါ် လက်မခံနိုင် ပါဘူး။ သူသာ တိုင်းပြည်အတွက် စေတနာရှိတယ် ဆို ရင် ဒီအချိန်မှာ ဒီလို စကားတွေ မပြောသင့်ဘူး။ ၈၈ တုန်း က မျက်နှာဖုံး စီးပြီး ဆူပူခဲ့တာ သူတို့ပဲ။ 
ရဲစခန်းက လက်နက်တွေကို ၀င်စီးခဲ့တာလဲ သူတို့ပဲ။ အခု တိုင်းပြည်ကို ဖျက်နေကြတာလဲ သူတို့ပဲ ဟု ပြောဆိုခဲ့ပါသည်။

လွှတ်တော် အမတ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ အထက်ပါ အရာရှိကြီးမှ မိထ္ထီလာတွင် ခြေလျင် တပ်အင် အား မရှိကြောင်း၊ တပ်မ ၉၉ သည် စစ်ဆင်ရေးထွက်နေသော တပ်ဖြစ်၍ နောက်ချန်အင်အား သာ ရှိကြောင်း၊ တပ် တော် အနေဖြင့် အစိုးရသစ် လက်ထက်တွင် ပြည်တွင်း ဆူပူမှုများကို နှိမ်နှင်းရန်ထက် နယ်စပ်ဒေသ များတွင် ငြိမ်းချမ်းရေး ရရှိ စေရန် ဦးစားပေး ဆောင်ရွက်လျှက် ရှိကြောင်း၊ ပြည်တွင်း ဆူပူမှုများကို ရဲတပ်ဖွဲ့များကသာ နှိမ်နှင်းရကြောင်း တို့ကို ပြောပြခဲ့သည်။

၎င်းမှ ဆက်လက်၍ ပြည်တွင်းမှာ သမ္မတကြီးနဲ့ အစိုးရအဖွဲ့တွေက တိုးတက်အောင် လုပ်ဆောင်နေတယ်။ နယ်စပ်မှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က လုပ်နေ တယ်။ မင်းကိုနိုင်တို့ ဘာလုပ်တယ် ဆိုတာ အားလုံးသိကြပါတယ်။ ယခုလို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နေ ချိန်မှာ ဒီလို စကားမျိုး လုံးဝ မပြောသင့်ဘူး ဟု ပြောခဲ့ပါသည်။

၂၀၁၃ ခုနှစ် အစောပိုင်းမှ စ၍ တပ်မတော်သား အများစုသည် ဒီမိုကရေစီ ဆန်သော တပ်မတော် ဖြစ်လာရေး၊ အခြား ပြည်ပနိုင်ငံမှ စစ်သားများကဲ့သို့ အခွင့်အရေးများ ရရှိရေး တို့အတွက် လက်ရှိ အစိုးရနှင့် လွှတ်တော် အမတ်များ အပေါ်တွင် ယုံကြည် အားထားမှုများ ရှိနေကြောင်း သိရသည်။ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပြင် အခြား လွှတ်တော် အမတ် အချို့ က တပ်မတော်သားများ အကျိုးအတွက် အဆိုများ တင်သွင်းခဲ့ဖူးကာ ၄ နှစ်မှ တစ်ခါ ရသည့် ၀တ်စုံစရိတ်ကဲ့သို့ ခေတ်နှင့် မလျော်ညီသော စရိတ်များ တိုးမြှင့် ရရှိစေရေး အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ
တိုင်းပြည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အား အမှားအယွင်း မခံဘဲ လုပ်ဆောင်နေချိန်တွင် ၈၈ မျိုးဆက် မင်းကိုနိုင်နှင့် လွှတ်တော်အမတ် တို့၏ ပြောဆိုချက် သည် တရားလက်လွတ် ဖြစ်နေသဖြင့် ဒေါသ
ထွက်ကြခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ။ ပြည်တွင်း ဆူပူစေယုံသာမက တိုင်းရင်းသား လက်နက်ကိုင်များအား သွေးထိုးနေသော ၈၈ များ

အသံဖိုင်==> http://realaudio.rferl.org/voa/BURM/manual/2013/03/21/2a3f1395-30f5-4069-aa76-c3e50f13dc90.mp3

Opposite Eye မိထ္ထီလာ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် အန်အယ်လ်ဒီအမတ် ဦးဝင်းထိန်တို့၏ လက်လွတ် စပယ် စွပ်စွဲ ပုတ်ခတ် ပြောဆိုမှုတွေကြောင့် တပ်မတော်မှ အရာရှိ ကြီးများပြင်းထန် စွာ ဒေါသထွက်ခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရားဝင်ဆန္ဒပြရန် 
ခွင့်ပြုလိုက်ပြီ
Friday, March 22, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင်ကန့်ကွက်ဆန္ဒပြရန် တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်းသို့ရောက်ရှိနေသော Hot News သတင်းထောက်မှ သတင်းပေးပို့သည်။ 

တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ 

မတ်လ ၂၃ ရက်နေ့တွင် တုံရွာထိပ်မှ စတင်ကာ ပုသိမ်မုံရွာ လမ်းဆုံအထိ အင်အား (၅၀၀ )ခန့်ဖြင့် စီတန်းဆန္ဒပြခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 

မွန်းလွဲ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့်ရပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ၊ မီးလောင်ဗုံးဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူ ဖော်ထုတ်အရေးယူရေး ၊ 
ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ကြွေးကြော်သံများ ဖြင့် စီတန်းလှည့်လည် မည်ဖြစ်ကြောင်းသိရသည်။ 

စီတန်းလှည့်လည်ခြင်းကို ဦးဆောင်မည့် သူ ၂ ဦးနက် မဌေးနွယ်ဆိုသူမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော ဒေသခံ ဦးဘိုဌေး ၏ သမီးဖြစ်ကြောင်းသိရသည်။ ယင်းခွင့်ပြုချက်ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး လက်မှတ်ရေးထိုးကာ စာအမှတ် ၁၀၀၂(၀၆)/၁၀၃/ဦး ၁ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Hot News လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရားဝင် ကန့်ကွက် ဆန္ဒပြ ရန်တင်ပြမှုကို မတ်လ (၂၁) ရက်နေ့တွင် ဆားလင်းကြီးမြို့ နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လက်ပံတောင်း သို့ရောက် ရှိနေသော Hot News သတင်းထောက်မှ သတင်းပေး ပို့ သည်။
တုံရွာသူ မဌေးဦး နှင့် မဌေးနွယ်တို့ က ဦးဆောင်ကာ မတ်လ (၁၈) ရက်နေ့တွင် စာဖြင့်တင်ပြခဲ့ခြင်းဖြစ်ပြီး ၊ ၃ ရက်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မိထ္တီလာမြို့လယ် ဈေးဆိုင်ခန်းများနှင့် အဆောက်အအုံများ မီးလောင်

မနက် ၁၀ နာရီ ၃၀ မိနစ်
မိထ္တီလာမြို့လယ်ဈေးပတ်လမ်းနား၊ နာရီစင်အနီးအနားပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများ၊ အဆောက်အအုံများ မီးလောင်ကျွမ်းနေပြီး အာဏာပိုင်များက မီးကို ကြိုးစားငြိမ်းသတ်နေရကြောင်း ဧရာဝတီသတင်းထောက်က သတင်းပေးပို့သည်။

UEFA အား သူရဲဘောကြောင်လွန်းကြောင်း ဗန်ပါစီ ဝေဖန်


မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက UEFAသည် အမှန်ကို ထုတ်မပြောရဲသည့် သူရဲဘောကြောင်သူ များဟု ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်သည်။
ချန်ပီယံလိဂ်ပွဲစဉ်တွင် အငြင်းပွားဖွယ်အခြေအနေဖြင့် မန်ယူ အသင်း တောင်ပံလူ လူးဝစ်နာနီ ထုတ်ပယ်ခံရသော ကိစ္စတွင် UEFAက ဒိုင်လူကြီးဘက်မှ အကာအကွယ်ပေးခဲ့ခြင်းအပေါ်၌ နယ်သာလန် လက်ရွေးစင် ကစားသမားက မကျေမနပ် ဖြစ်နေသည်။ မန်ယူသည်

Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် ရန်ကုန်မြို့သို့ ရောက်ရှိ၊ ပြည်တွင်းအိုင်တီ လုပ်ငန်းရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICT Park ၌ တွေ့ဆုံဆွေးနွေးနေ

Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် ရန်ကုန်မြို့သို့ ရောက်ရှိ၊
ပြည်တွင်းအိုင်တီ လုပ်ငန်းရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် 
MICT Park ၌ တွေ့ဆုံဆွေးနွေးနေ
Friday, March 22, 2013 
    
Google ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်သည် မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဲရစ်ရှမစ်သည် ၄င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် အိုင်တီနယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အိုင်တီဝါသနာရှင်များနှင့် MICTDC ရှိ Conference Hall တွင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၂၂ ရက်(ယနေ့) နံနက် ၉နာရီ ခွဲခန့်တွင် စတင်ပြုလုပ်လျှက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အခြားနယ်ပယ် အသီးသီးမှ စိတ်ပါဝင်စား သူများလည်း တက်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် အင်တာနက်ကို အသုံးချ၍ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီး အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အဲရစ်ရှမစ်သည် ၂၀၁၃၊ ဇန်န၀ါရီလ အတွင်းက မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

Google သည် အင်တာနက် ရှာဖွေရေး အင်ဂျင်အဖြစ်သာမက Gmail, Google+ စသည့် အခြားဝန်ဆောင်မှုများနှင့် Google Nexus စသည့် ထုတ်ကုန်များပါ ကျော်ကြားမှုရှိနေပြီး ယင်းဝန်ဆောင်မှုများကို ပြည်တွင်း၌ သုံးစွဲမှုများစွာ ရှိနေကြောင်း သိရသည်။

Google Company ကို ၁၉၉၈ ခုနှစ်တွင် Larry Page နှင့် Sergey Brin တို့က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် Larry Page က စီအီးအိုအဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။ အဲရစ်ရှမစ် အနေဖြင့် Google တွင် စီအီးအိုအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် Larry Page က စီအီးအိုအဖြစ် ပြောင်းလဲတာဝန်ယူ လုပ်ကိုင်ခဲ့သည်။

Google အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလို မတ်လ ၂၁ ရက်နေ့၌ Google ၀က်ဘ်ဆိုက်ကို www.google.com.mm ဟူသော မြန်မာနိုင်ငံ ကိုယ်စားပြု ဒိုမိန်းဖြင့် စတင်အသုံးပြု လာနိုင်ကြောင်း သိရသည်။

Eleven Media Group
 Google ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ်သည် မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဲရစ်ရှမစ်သည် ၄င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး အဖြစ် အိုင်တီနယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အိုင်တီဝါသနာ ရှင်များနှင့် MICTDC ရှိ Conference Hall တွင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၂၂ ရက်(ယနေ့) နံနက် ၉နာရီ ခွဲခန့်တွင် စတင်ပြု လုပ်လျှက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အခြားနယ်ပယ်အသီးသီးမှ စိတ်ပါဝင်စား သူများလည်း တက်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့ မြင်ကွင်းများ


ဓာတ်ပုံ - Eleven Media Group

မိတ္ထီလာ အရေးအခင်းနှင့် ပတ်သက်၍ ၈၈ တို့၏ ကြေငြာချက်အပေါ် သုံးသပ်မိသမျှ

Photo: မိတ္ထီလာ အရေးအခင်းနှင့် ပတ်သက်၍ ၈၈ တို့၏ ကြေငြာချက်အပေါ် သုံးသပ်မိသမျှ
Friday, March 22, 2013 

ဒီရက်ပိုင်း သတင်းစုံလင် ဖေ့စ်ဘုတ် တစ်ခွင်ကတော့ ပြောမဆုံးပေါင်
တောသုံးထောင် ဆိုသလိုဘဲတစ်မျိုးပြီး တစ်မျိုး ဆက်တိုက် 
ဆိုသလို စိတ်မချမ်းမြေ့စရာ သတင်းတွေနဲ့ ပြည့်နှက်လို့ နေပါတော့တယ်။

၇၈၆ / ၉၆၉ မှသည် လက်ပံတောင်း ဆန္ဒပြမှု ၊ ဒေါ်အောင်ဆန်းစုကြည်ကို အချီကြီးဆော်မယ်ဆိုပြီး တစ်ပွဲတိုးပွန်း (နယ်) ရုပ်ကလေးတွေဖြစ်တဲ့ ဟန်ဝင်းအောင် ၊ သွဲ့သွဲ့ဝင်းတို့ကို ထုတ်သုံးခဲ့ပေမယ့် တွက်ထား တာရဲ့ပြောင်းပြန် တပ်မတော်နဲ့ အတိုက်အခံခေါင်းဆောင်ကြား ပိုပြီး သွေးနီးသွားစေခဲ့သလို ၈၈ ဘာလဲ ၊ ဘယ်လဲ ဆိုပြီး ဝေဖန်
လာတာတွေရှိလာခဲ့တဲ့အတွက် မင်းကိုနိုင်တို့ အုပ်စု ကြေငြာချက်တွေ အသည်းအသန်ထုတ်ပြီး ဖာခဲ့ ထေးခဲ့ရပါတယ်။

အဲဒီ ကြေငြာချက်တွေမှာလည်းတစ်ယောက်တစ်မျိုးရှေ့နောက် 
စကားမညီတာတွေ ရှိနေခဲ့ပြီး ၈၈ ရဲ့ ပုံရိပ်အတွက် မေးခွန်း ထုတ်စရာတွေ ဖြစ်လာနေခဲ့ပါတယ်။

တစ်ဆက်တည်းဆိုသလို ၈၈ အဖွဲ့ရဲ့ နိုင်ငံရေးပါတီအသွင်ပြောင်းမယ် 
ဆိုတဲ့ အကြောင်းတစ်ရပ်လဲ သတင်းစာမျက်နှာတွေထက်မှာ ဖော်ပြလာခဲ့ပြီး တစ်ဦးချင်းစီရဲ့သဘောထားကို မှတ်ချက်မပေးလိုဘူးဆိုတဲ့ ၈၈ အဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့တဲ့ စကားအသွားအလာတွေကို ကြည့်ခြင်းအားဖြင့် ၈၈ အတွင်းမှာလည်း ပါတီထောင်ရေး ၊ မထောင်ရေး အပေါ်မှာသဘောထားကွဲလွဲနေတဲ့ ကိစ္စရပ်တွေ ရှိနေတယ်လို့ သုံးသပ်မိရင်း ၈၈ အဖွဲ့တွေ ထောင်က လွတ်လာစက “ ကျွန်တော်တို့ ပါတီမထောင်ဘူး။
ပါတီပြင်ပ နိုင်ငံရေးပဲလုပ်မယ်။ ဒေါ်စုကို ၀န်းရံမယ်” လို့ ၈၈
ခေါင်းဆောင်တစ်ယောက် ပြောဖူးတဲ့စကားတစ်ခွန်းကို
ပြန်အမှတ်ရမိစေပါတယ်။

အဲဒီလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့ စပ်ကူးမတ်ကူးကာလကြီးမှာ မိတ္ထီလာ အရေးအခင်း ဖြစ်လာတော့ ၈၈ အဖွဲ့အတွက် အဖတ်ဆယ်စရာ၊
ဂုဏ်တင်စရာ နိုင်ငံရေးရွှေ့ကွက်တစ်ကွက်အနေနဲ့ ကြေငြာချက်တွေ ထုတ်၊ အခင်းဖြစ်နေရာကို ချက်ခြင်းသွား စတဲ့ နိုင်ငံရေးဆယ်လီဗရစ်တီတို့
လုပ်ကွက်တွေနဲ့ ကစားကွက် ပြန်ဖော်လာခဲ့တာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာကို ရောက်ရှိပြီးနောက်ပိုင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် စုဆောင်းဆဲ ဖြစ်သလို ဘာဆက်ဖြစ်မလဲ မသိနိုင်သေးတာကြောင့် ဝေဖန်သုံးသပ်ချက် မပေးလိုပေမယ့် မိတ္ထီလာ မသွားခင် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် အပေါ်မှာတော့ ဖေ့စ်ဘုတ်မှာ ဝေဖန်သံတွေ သောသောညံသွားခဲ့ပြီး “မင်းကိုနိုင် ၊ ကုလားကိုမနိုင်” လို့ ရယ်တောင်မှပြောဆိုလာကြတာကို
တွေ့လာရပါတယ်။

ဒါကြောင့် ၈၈ တွေရဲ့ သဘောထားကြေငြာချက်အပေါ် အသေးစိတ် လေ့လာကြည့်မိတဲ့အခါမှာတော့ အောက်ပါအတိုင်း ရှုမြင်သုံးသပ်မိပါတော့တယ်။

- ကြေငြာချက်ကို ကြည့်မယ်ဆိုရင် / ခရီးသွားကာနီး ကမန်းကတန်း ထုတ်ရတာ ဖြစ်တဲ့အတွက် အသေးစိတ် ပြင်ဆင်ဖို့ အချိန်မရခဲ့ဘူးလို့ ယူဆရပါတယ်။
ဒါကြောင့် ၈၈ ရဲ့ ကြေငြာချက်မှာ ထောက်ကွက် ၊ ဟာကွက် တွေ ရှိနေတာကို တွေ့နေရပါတယ်။

- အခု ဖြစ်တဲ့ အရေးအခင်းမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး ယန္တရားကို အပြင်းအထန် စွပ်စွဲ ပြောဆိုထားတာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာမှာ ရဲတပ်ဖွဲ့တွေ ရှိနေရက်နဲ့ တားဆီးမှု ဘာမှ မလုပ်ဘူး ၊ ဒီအတိုင်း ရပ်ကြည့်နေတယ်ဆိုပြီး အပြစ်တင်ထားတာကို တွေ့ရပါတယ်။

ကိုမင်းကိုနိုင်အနေနဲ့ စဉ်းစားသင့်တာက ကျွန်တော်တို့ နိုင်ငံရဲ့ 
အနေအထား ၊ နယ်မြို့တွေမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေး ၊ အထိကရုန်းနှိမ်နှင်းရေးအတွက် လေ့ကျင့်သင်ကြားပေးထားမှု
ပြည့်စုံပြီလား ၊ စတဲ့အချက်တွေ အသင့်ဖြစ်နေပြီလား။

ကိုမင်းကိုနိုင် ရောက်ဖူးခဲ့တဲ့ ဥရောပ တိုင်းပြည်တွေက ရဲတပ်ဖွဲ့တွေရဲ့ အရည်အသွေးနဲ့ တန်းညှိလို့ လုံးဝ(လုံးဝ) မရသေးဘူးဆိုတာကို သဘောပေါက်သင့်ပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ နယ်မြို့တွေမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ( ရဲ ၊ စစ်တပ် အပါအ၀င် ) တွေဟာရှေးရိုးမြန်မာ စိတ် ရှိနေကြသေးတယ်ဆိုတာကို သိထားသင့်ပါတယ်။ ရှေးရိုးမြန်မာစိတ် ဆိုတာက ဒေသခံတစ်ယောက်ဟာ အဲဒီဒေသမှာပဲ ရဲမှူးဖြစ်မယ်။ မြို့နယ်အုပ်ချုပ်ရေးမှုး ဖြစ်လာမယ်ဆိုရင် အခုလို ကိစ္စမျိုးတွေ
ဖြစ်လာတဲ့အချိန်မှာ ဒေသခံတိုင်းရင်းသားတွေဖက်က အပြည့်အ၀ ရပ်တည်နေမှာ ဖြစ်ပါတယ်။

ဒါဟာ လာဘ်စားထားလို့ မဟုတ်ပါဘူး။ အထိကရုန်းဖြစ်ပါစေတော့ဆိုပြီး ဆူပူလှုံ့ဆော်နေတဲ့ နိုင်ငံရေးကလပ်စည်းတွေမဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ ငါတို့ဟာ ဒေသခံ ဆိုတဲ့ စိတ်က ၀င်နေပြီး အုပ်ချုပ်သူ လူတန်းစားစိတ်မျိုး
ဝင်မနေကြတာပဲ ဖြစ်ပါတယ်။

ပြောရရင် ကိုမင်းကိုနိုင်တို့ လိုချင်တဲ့ ဘက်မလိုက်တဲ့ အစိုးရ အဖွဲ့ဝင်တွေ ဖြစ်လာဖို့ အချိန်မကျသေးပါဘူး။ သူတို့ ဘက်လိုက်ပါတယ်။

ဘယ်သူ့ဖက်ကို လိုက်သလဲမေးရင် ဌာနေတိုင်းရင်းသားတွေဖက်က ဘက်လိုက်ကြပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စ ၊ အစိုးရ၀န်ထမ်း
ကောင်းတွေရဲ့ လက္ခဏာမဟုတ်ဘူး ဆိုပေမယ့်လဲဘာသာရေး 
ယှက်နွယ်နေတဲ့ မဆုံးနိုင်တဲ့ အရှုပ်ထုပ်ဖြစ်နေတဲ့အတွက် ဘယ်သူမှားတယ် ၊ မှန်တယ်ဆိုတာကို အခု သုံးသပ်ချက်မှာ ထည့်သွင်း မပြောကြားလိုပါ။

- အရေးကြီးတဲ့ နောက်တစ်ချက်က အခင်းဖြစ်ဖြစ်ချင်းနေရာမှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ ၀င် အရေအတွက် ကို ထည့်သွင်းပြောကြားထားခြင်း မရှိတာကို တွေ့ရပါတယ်။

မိတ္ထီလာလို နယ်မြို့တစ်မြို့မှာရှိနိုင်မယ့် ရဲတပ်ဖွဲ့ဝင် အရေအတွက်နဲ့
ဒေါသဖြစ်သွေးဆူနေတဲ့ လူအုပ်ကြီးအရေအတွက်မှာ တကယ်တန်း အထိကရုန်းတားဆီးကြပြီဟေ့ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေပဲ အစအန ရှာမရအောင် ထိခိုက်မှာအသေအချာပါဘဲ။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ ရဲအရေအတွက် (စစ်ကူ) ရောက်မလာမခြင်းမှာ ဘာမှဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဖို့နဲ့ အဟန့်သဘောလောက်ပဲ နေပြဖို့ ညွှန်ကြားထားတယ်လို့ ယူဆရပါတယ်။

မျက်စိရှေ့မှာ လူသတ်နေရင်တော့ တစ်မျိုးပေါ့ဗျာ။ အဆောက်အဦးတွေ ဖျက်တာလောက်က လူသတ်ပွဲဖြစ်လာမှာထက်စာရင် အဆပေါင်းများစွာ သက်သာပါတယ်။

နောက်တစ်ချက်က ဒေသခံရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ၊ ဒါမှမဟုတ် ရိုသေလေးစားရတဲ့ ရပ်ဆွေရပ်မျိုးတွေ က လူအုပ်ထဲမှာ ပါနေရင်လဲ အထိကရုန်း နှိမ်နင်းရေးကို ထိန်းသိမ်းရ ခက်စေပါလိမ့်မယ်။

ရန်ကုန်လို့ မြို့ကြီးမှာ အဓိကရုန်းနှိမ်နင်းတာ အမျိုးသောဘာသော နားမလည်ဘူး အမိန့်အရ ဆိုပြီး လုပ်လို့ ရပေမယ့်
နယ်မြို့တစ်မြို့မှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ရ ၊ အိမ်ထောင်ရက်သားကျနေတဲ့ အစိုးရ၀န်ထမ်းတွေအဖို့ အလုပ်လုပ်ရတဲ့နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်ပါတယ်။

ဒီလိုအကြောင်းအရာတွေ အပေါ်မှာ ၈၈ အဖွဲ့ဝင်တွေအနေနဲ့ ခြုံငုံသုံးသပ်ခြင်းမျိုး မရှိပဲ အစိုးရ မကောင်းဘူး၊ ရဲတွေ
ဒီတိုင်းကြည့်နေတယ်ဆိုပြီး ခပ်ပေါပေါ စွဲချက်တင်ခဲ့တဲ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

ယုတ်စွအဆုံး ဖေ့စ်ဘုတ်ပေါ်က လူတော်တော်များများ သုံးသပ်ကြသလို ရဲတွေ ၀င်ပြီး တားဆီးခဲ့တယ်ဆိုရင်လည်း အစိုးရက ကုလားတွေဖက်က လိုက်ပြီး ဗမာတွေကို ရိုက်နေပါပြီ။ ဒီရဲတွေက ကုလားပေးစာကမ်းစာ စားလို့ ငါတို့ ဗမာတွေကို ရိုက်တာ စသည်ဖြင့် ဇာတ်လမ်းပိုရှုပ်သွားမယ်ဆိုတာကို ၈၈ လို အဖွဲ့မျိုးက စဉ်းစားမိသင့်ပါတယ်။

မစဉ်းစားမိတာလား .. ဒါမှမဟုတ် မစဉ်းစားတာလားဆိုတာကိုတော့
၈၈ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

- နောက်တစ်ချက်က စစ်အစိုးရကို လက်ယပ်ခေါ်နေတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြည်သူကို ခြိမ်းခြောက်စော်ကားသွားတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်သူကို စော်ကားတာ ၊ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
စော်ကားတာပါဘဲ။

ငါ ၈၈ ထောင်ထွက် ၊ ဘယ်အစိုးရမှ မကြောက်ဘူးဆိုတဲ့ မိုက်ကန်းကန်း အသုံးအနှုန်းမျိုး သုံးနှုန်းသွားတဲ့အတွက် အလွန်ပဲ အံ့သြမိပါတယ်။

အခုဖြစ်နေတဲ့ အရေးအခင်းဟာ နောက်ကွယ်ကကြိုးကိုင်မှု၊
နိုင်ငံရေးကစားကွက်ဖော်တာတွေ ရှိချင်လဲ ရှိနေနိုင်ပါတယ်။ 
AB တွေ ဘယ်လို အကွက်ဖော်ခဲ့တယ်၊ NCGUB စိန်ဝင်းတို့ ဘယ်လို အကွက်ဖော်ခဲ့တယ်။ မိုးသီးဇွန် ၊ နိုင်အောင် ဘယ်လို အကွက်ဖော်ခဲ့တယ်ဆိုတာကို ကိုမင်းကိုနိုင်တို့ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ကြေငြာချက်ထဲမှာလဲ ကိုမင်းကိုနိုင် ကိုယ်တိုင်ပြောခဲ့တာကို ကြည့်ရပါတယ်။ တစ်ချို့အကြောင်းအရာတွေကိုအချိန်တန်ရင်ဖော်ထုတ်မယ်ဆိုပြီး ပြောတာကို ကြည့်ရပါတယ်။

မေးချင်တာက အချိန်တန်ရင် ဆိုတဲ့ အချိန်ဟာ ဘယ်အချိန်ပါလဲ။ 
၂၀၁၅ မှာ ၈၈ အာဏာရမှ ဖော်ထုတ်မှာလား။ လက်ရှိဖြစ်ခဲ့တဲ့ မိတ္ထီလာ အရေးအခင်းဟာ ဘာသာရေး အခြေခံဖြစ်ခဲ့တာပါ။

ဘယ်ဒေသခံမှ စစ်အစိုးရကို လက်ယပ်ခေါ်ချင်လို့ ဒီဆူပူမှုကြီးကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ဒေသခံ၉၀ ရာခိုင်နှုန်းက နိုင်ငံရေး အရောင်အသွေး ကင်းရှင်းပါတယ်။

နိုင်ငံရေး အရောင်းအသွေး မကင်းရှင်းတဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ကစားကွက်တစ်ချို့ကသာစစ်အစိုးရကိုလက်ယပ်ခေါ်သလို
ဖြစ်နေစေတယ်ဆိုတာ ပြည်သူတွေကိုယ်စား ကျွန်တော် တုံ့ပြန်ပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောရရင် ၈၈ အဖွဲ့ရဲ့ မိတ္ထီလာ အရေးအခင်း အပေါ် ကြေငြာချက်ဟာ တရားမျှတမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။

စစ်အစိုးရ ဆိုတဲ့ စကားလုံးကို သုံးပြီး ပြည်သူကို ခြိမ်းခြောက် သွားတယ်လို့ မြင်ပါတယ်။ ဒေသဆိုင်ရာ အစိုးရနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အပြစ်ပုံချထားတယ်လို့ မြင်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ၈၈ အဖွဲ့ရဲ့ ကြေငြာချက်ဟာ တရားမျှတမှု မရှိပါဘူးဆိုတဲ့အကြောင်း သုံးသပ်ရင်း အလုပ်မရှိသော ထောင်ထွက် လူပျိုကြီးများ အဲလ်ဖရက် ဇိမ်ခံကားကို ရုံးသုံးအနေနဲ့ ထသွား ၊လာသွား စီးနိုင်သော အနေအထားမှသည် မာစီဒီးစ် ၊ ရိုးလ်ရွိုက်စ် ကားများအထိ ရုံးသုံးအနေနှင့် သုံးနိုင်ပါစေကြောင်း။ ဘင်္ဂလီမြအေးကျော့ကွင်းမှ ရုန်းထွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

ဓာတ်ပုံ - ၈၈ မျိုးဆက်ကျောင်းသားများ မိထ္တီလာသို့ သွားရောက်
ရာတွင် စီးနင်း အသုံးပြုခဲ့သော Toyota Alphard  ဇိမ်ခံကား
(88 Generation Students)

Helios Htet Nay
ဒီရက်ပိုင်း သတင်းစုံလင် ဖေ့စ်ဘုတ် တစ်ခွင် ကတော့ ပြော မဆုံးပေါင် တောသုံးထောင် ဆိုသလိုဘဲတစ်မျိုးပြီး တစ်မျိုး ဆက်တိုက်
ဆို သလို စိတ်မချမ်းမြေ့စရာ သတင်းတွေနဲ့ ပြည့်နှက်လို့ နေပါတော့ တယ်။
၇၈၆ / ၉၆၉ မှသည် လက်ပံတောင်း ဆန္ဒပြမှု ၊ ဒေါ်အောင်ဆန်း စုကြည်ကို အချီကြီးဆော်မယ်ဆိုပြီး တစ်ပွဲတိုးပွန်း (နယ်) ရုပ်ကလေးတွေဖြစ်တဲ့ ဟန်ဝင်းအောင် ၊ သွဲ့သွဲ့ဝင်းတို့ကို ထုတ်သုံး

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက် နံနက် ၉ နာရီ

မိထ္ထီလာမြို့၏ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း အခြေအနေမှာ သီရိမင်္ဂလာရပ်ကွက်ရှိ ကားကြီးဝင်းအနီးတွင် မီးလောင်မှု အချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

ကာမိုင်းရဲစခန်းအား တိုက်ခိုက်ခဲ့သူအား ပြင်းထန်စွာအရေးယူတော့မည်

Photo: ကာမိုင်းရဲစခန်းအား တိုက်ခိုက်ခဲ့သူအား ပြင်းထန်စွာအရေးယူတော့မည်

မတ်လ ၂၁ ရက်၊ ၂၀၁၃

လိုင်ဇာရှိ KIA ဌာနချုပ်အနေဖြင့် KIAတပ်ရင်း(၆)မှတပ်ရင်းမှူး အင်ခွန်ဇော်ဒွဲအား ကာမိုင်းရဲတပ်ဖွဲ့စခန်းငယ် လေးအား အင်အားသုံးဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူရန်စီစဉ်နေပါသည်။ 

အင်ခွန်ဇော်ဒွဲအား KIA ဗဟိုမှ တပ်မတော်စစ်ကြောင်းများအား တိုက်ခိုက်ရန်သာ အမိန့်ပေးထားခြင်းဖြစ်ပြီး ကာမိုင်းရဲစခန်းအား တိုက်ခိုက်ရန် အမိန့်ပေးထားခြင်းမရှိကြောင်း လိုင်ဇာဌာနချုပ်မှ ဖြေရှင်းချက်ထုတ်ပြန်ထားသည်။ အင်ခွန်ဇော်ဒွဲ အနေဖြင့် ခိုင်းတာ တစ်ခြား၊လုပ်ဆောင်တာတစ်ခြား ဖြစ်နေသည့်အတွက် လိုင်ဇာဌာနချုပ်သို့ ခေါ်ဆောင်ထား ခဲ့သည်။

ကာမိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းအား KIA အင်အား(၁၀၀)ကျော်ဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့သည့်အ တွက် ဒေသခံကချင်လူမျိုးများအပါအ၀င် လူထုမှပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချ ခဲ့သည်။ အင်ခွန်ဇော်ဒွဲအနေဖြင့် ကာမိုင်းရဲစခန်းအား နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည့်အပြင် အဆိုပါတိုက်ပွဲအောင် မြင်ခဲ့မှုများနှင့်ပတ်သက်၍ မီဒီယာများသို့ဆက်သွယ်ပြောကြားခဲ့ခြင်းအတွက် KIA ဗဟိုမှ မကျေမနပ်ဖြစ်ကာယခု ကဲ့သို့လိုင်ဇာသို့ ခေါ်ယူထား ခြင်းဖြစ်သည်။ 

ထို့အပြင် အင်ခွန်ဇော်ဒွဲအနေဖြင့် ၄င်းစိုးမိုးရာနေရာဒေသရှိ လုပ်ငန်းရှင်များ ဈေးဆိုင်များအား KIA ဗဟိုမှကောက်ခံသော ရန်ပုံငွေနှုန်းထားများအား မီဒီယာသို့ အတိအလင်း ဖွင့်ပြောခဲ့သည်အတွက် KIA ဗဟိုအနေဖြင့် လက်ရှိတွင် တပ်ရင်းမှူးရာထူးမှ ချထားသည့်အပြင် စခန်းအတွင်း ချုပ်နှောင်ထားကြောင်း သိရှိရပါသည်။ အင်ခွန်ဇော်ဒွဲကို ဗဟိုမှ ဘယ်လို အပစ်ပေးမလိုဆိုတာမသိရကြောင်း သေဒဏ်ပေးရန်ရှိကြောင်း ၎င်းတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြခဲ့ပါသည်။ လိုင်ဇာရှိ KIA ဌာနချုပ်အနေဖြင့် KIAတပ်ရင်း(၆)မှတပ်ရင်းမှူး အင်ခွန်ဇော်ဒွဲအား ကာမိုင်းရဲတပ်ဖွဲ့စခန်းငယ် လေးအား အင်အားသုံးဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ် သက်၍ အရေးယူရန်စီစဉ်နေပါသည်။
အင်ခွန်ဇော်ဒွဲအား KIA ဗဟိုမှ တပ်မတော်စစ်ကြောင်းများအား တိုက်ခိုက်ရန်သာ အမိန့်ပေးထားခြင်းဖြစ်ပြီး ကာမိုင်းရဲစခန်းအား တိုက်ခိုက်ရန် အမိန့်ပေးထားခြင်း မရှိကြောင်း လိုင်ဇာဌာနချုပ်မှ ဖြေရှင်းချက်ထုတ်ပြန်ထားသည်။ အင်ခွန်ဇော်ဒွဲ အနေဖြင့်ခိုင်းတာတစ်ခြား၊လုပ်ဆောင်တာတစ်ခြား ဖြစ်နေသည့်အတွက် လိုင်ဇာ ဌာနချုပ်သို့ ခေါ်ဆောင်ထားခဲ့သည်။

ကမ္ဘာ့အရှုပ်ထွေးဆုံးကားလမ်း

Photo: ကမ္ဘာ့အရှုပ်ထွေးဆုံးကားလမ်း

မတ်လ ၂၁ ရက်၊ ၂၀၁၃

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့အိမ်ဂျလစ်မြို့ က မြို့ လယ်ခေါင် ကားလမ်း မြင်ကွင်းဖြစ်ပါတယ်။

မိုးပျံကားလမ်း၊ တံတားများနဲ့ ရှုပ်ထွေးနေပေမယ့် ယာဉ်လမ်းကြောပိတ်ဆို့မှု မရှိပါဘူး။ သူ့လမ်းကြောနဲ့သူ သတ်မှတ်ထားတဲ့ ယာဉ်မောင်းမိုင်နှုန်းကို ပုံသေ သတ်မှတ်ထားပါတယ်။ အဲ့ထက်ပိုမောင်းမယ် သို့မဟုတ် လျော့မောင်း မယ်ဆိုရင် လမ်းဒေသတွင်း CCTV ကင်မရာနဲ့ ဂြိုလ်တု ကင်မရာက Track လုပ်ပြီး ယာဉ်စည်းကမ်းထိန်းသိန်းရေး Admin Server ကိုလှမ်း အကြောင်းကြားပါတယ်။
...

တစ်ရက်တစ်ရက် ကားအစီးရေသွားလာမှုနှုန်း သိန်းချီရှိတဲ့ ယင်း နေရာကို ကမ္ဘာ့ အရှုပ်ထွေးဆုံး ကားလမ်းများ တည်ရှိရာ နေရာများမှ တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: autoblog အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့အိမ်ဂျလစ်မြို့ က မြို့ လယ်ခေါင် ကားလမ်း မြင်ကွင်းဖြစ်ပါတယ်။
မိုးပျံကားလမ်း၊ တံတားများနဲ့ ရှုပ်ထွေးနေပေမယ့် ယာဉ်လမ်းကြော ပိတ်ဆို \့မှု မရှိပါဘူး။ သူ့လမ်းကြောနဲ့သူ သတ်မှတ်ထားတဲ့ ယာဉ်မောင်း မိုင်နှုန်း ကို ပုံသေ သတ်မှတ်ထားပါတယ်။ အဲ့ထက်ပိုမောင်းမယ် သို့မဟုတ် လျော့မောင်း မယ်ဆိုရင် လမ်းဒေသတွင်း CCTV ကင်မရာ နဲ့ ဂြိုလ်တု ကင်မရာက Track လုပ်ပြီး ယာဉ်စည်းကမ်း ထိန်းသိန်းရေး Admin Server ကိုလှမ်း အကြောင်းကြားပါတယ်။

နိုင်ငံ့ ဝန်ထမ်းဘဝ သမိုင်းကြောင်း ကောင်းအောင် ကြိုးစားကြ

တာဝန် ကျေပွန်မှုနှင့် သစ္စာ စောင့်သိမှုသည် လုပ်ငန်းတစ်ခု အောင်မြင်ရေး အတွက် လိုအပ်ချက် နှစ် ရပ်ဖြစ် သည်။ လူတိုင်းလူတိုင်းသည် လောကီနယ်ပယ်၌သော်လည်းကောင်း၊ လောကုတ္တရာ နယ်ပယ်၌သော် လည်းကောင်း တာဝန်ကိုယ်စီ ရှိကြသည်။

ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦး စာရင်းတွင် တရုတ် မင်းသမီးချော ကျန်းကျိယီ ပါဝင်


ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦး စာရင်းတွင် တရုတ် မင်းသမီးချော ကျန်းကျိယီ ပါဝင်

ငယ်စဉ် ကတည်းက အနု ပညာကို ဝါသနာ ပါပြီး အာရှမှာ သာမက ကမ္ဘာ မှာပါ အောင်မြင်မှု များစွာကို သိမ်းပိုက် ထားသည့် တရုတ် မင်းသမီးချော ကျန်းကျိယီသည် Los Angeles Times
မဂ္ဂဇင်းက ရွေးချယ်သော ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦးစာရင်းတွင် ဖော်ပြ ခံရကြောင်း သိရသည်။

အော်စကာဆုနှင့် Golden Globe ဆုများကို လျာထား ခံရသည့် ကျန်းအား Crouching Tiger, Hidden Dragon ဇာတ်ကားတွင် သရုပ် ဆောင်ပြီး နောက်ပိုင်း အနောက် နိုင်ငံများ၏ အားပေး မှုကိုပါ ရရှိ လာခဲ့သူ ဖြစ်သည်။

Hero ဇာတ်ကားသည် အင်္ဂလိပ် ဘာသာဖြင့် ရိုက်ကူး ပြသသည့် ကျန်း၏ အအောင်မြင်ဆုံး ဇာတ်ကား ဖြစ်သည်။ ကမ္ဘာကျော် အလှကုန်များ ဖြစ်သည့် Maybelline နှင့် Garnier တို့တွင်လည်း ကျန်းသည် ပင်တိုင် မော်ဒယ်လ် တစ်ဦး ဖြစ်လာ ခဲ့သည်။ အိုလံပစ် အားကစား ပွဲတွင် အထူး သံတမန် အဖြစ် ဆောင်ရွက် ခဲ့သူ ဖြစ်ပြီး ကလေး သူငယ် စောင့်ရှောက်ရေး အဖွဲ့ အစည်း တစ်ခုမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သည့် ကျန်းသည် ကိန်းရုပ်ရှင် ပွဲတော်တွင် အဆုံး အဖြတ် ပေးရသည့် အသက် အငယ်ဆုံး အနု ပညာရှင် ဖြစ်ခဲ့သည်။

ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦးစာရင်း၌ ကျန်းကျိယီ နှင့်အတူ အမေရိကန် သမ္မတ အိုဘားမား ကတော်  မီချဲလ်အိုဘားမား၊ အဆိုတော် ကေတီပယ်ရီ၊ ဘီယွန်းစေး၊ ဆားဘီးယား တင်းနစ် အကျော် အမော် အန်နာ အီဗာနိုဗစ် တို့လည်း ပါဝင်ကြောင်း သိရသည်။


http://bit.ly/WFsP3Zငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါပြီး အာရှမှာ သာမက ကမ္ဘာ မှာပါ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားသည့် တရုတ်မင်းသမီးချော ကျန်းကျိယီသည် Los Angeles Timesမဂ္ဂဇင်းက ရွေးချယ်သော ကမ္ဘာ့ အလှဆုံး အမျိုးသမီး ၅ဝ ဦးစာရင်းတွင် ဖော်ပြခံရကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ မတ်လ ၂၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ကEleven Media Group မှ မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန် ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက"လက်ရှိအချိန်မှာ အခြေအနေက တည်ငြိမ်အေးချမ်း နေ ပါတယ်။ ဒေသ ခံတွေ

လူကို သွေးစုပ်ဖုတ်ကောင်လို ပြောင်းလဲမည့် လက်နက် ရုရှားတွင် ရှိ

လူကို သွေးစုပ်ဖုတ်ကောင်လို ပြောင်းလဲမည့် လက်နက် ရုရှားတွင် ရှိ

နောက်တယ်ထင်နေတာ၊ Daily mail နဲ့ nbc တို့လို သတင်းဌာန ကြီးတွေက တောင် အတိအလင်းရေးသားဖော်ပြထားပါတယ်။ ရုရှား အစိုးရအဖွဲ့ကလည်း မဖုံးကွယ်ပဲ တရားဝင်ကြေညာပါတယ်။ 

တကယ်ပဲ လူကို သွေးစုပ်ဖုတ်ကောင် လိုပြောင်းလဲသွားစေမယ့် ကြောက် မက်ဖွယ် လက်နက်ကို ရုရှားတို့ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ စတင်ကြေညာတုန်းက ၂၀၁၂ ခုနှစ် မတ်လကဖြစ်ပြီး ယခုဆိုရင် တစ်နှစ်ပြည့်ပါပြီ။ သေနတ်ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။ 

ပစ်လိုက်တဲ့အခါ မိုက်ခရိုဝေ့တစ်မျိုးကို ကိုယ်တွင်းကို စီးဆင်းသွားပြီး ကိုယ် အပူချိန်ကို မြင့်တက်စေပါတယ။် သူ့အတွက်တော့ တကယ်ငရဲပါပဲ။ ဒါကြောင့် အာရုံကြော အလုပ်လုပ်မှုလည်းပုံမှန် မဟုတ်တော့ပဲ ကိုယ်တိုင် ဟာလည်း ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ 

ယင်းသေနတ် အပစ်ခံရပြီးရင် အားလုံးက တစ်နည်းမဟုတ် တစ်နည်း သေကြောင်းကြံပါတယ်။ သွေးစုပ်ဖုတ်ကောင်ဆိုလို့ လိုက်ပြီး သွေးစုပ်နေမှာတော့ မဟုတ်ပါဘူး။ Body လုပ်ဆောင်ချက် ပြောင်းလဲပြီး နီးစပ်ရာ ပစ္စည်းတစ်ခုခုနဲ့ ကိုယ့်ကိုယ်ကို သက်သေမှာပါ။ Happening ရုပ်ရှင်ထဲကလို အဆိပ်ငွေ့ လိုတောင် ဖြစ်နေပါတယ်။ 

လက်နက်က နျူကလိယစွမ်းအင်သုံး တိုက်ခိုက်ခြင်း မပြုရန် တိုက်ပွဲတွေမှာ အသုံးပြုတယ်လို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ နျူကလိယ စွမ်းအင်သုံး လက်နက်တွေထက်တောင် ပိုမို ထိရောက်စွာ အသုံးပြုနိုင်မယ်လို့ သမ္မတ ပူတင်ကိုယ်တိုင် ပြောကြားခဲ့ကြောင်း သိရပါတယ်။ 

မူရင်း သတင်း - 

http://www.dailymail.co.uk/news/article-2123415/Putin-targets-foes-zombie-gun-attack-victims-central-nervous-system.html

http://cosmiclog.nbcnews.com/_news/2012/04/06/11061093-reality-check-on-russias-zombie-ray-gun-program?lite
--
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/blog-post_21.html

-
နောက်တယ်ထင်နေတာ၊ Daily mail နဲ့ nbc တို့လို သတင်းဌာန ကြီးတွေက တောင် အတိအလင်းရေးသားဖော်ပြထားပါတယ်။ ရုရှား အစိုးရအဖွဲ့ကလည်း မဖုံးကွယ်ပဲ တရားဝင်ကြေညာပါတယ်။
တကယ်ပဲ လူကို သွေးစုပ်ဖုတ်ကောင် လိုပြောင်းလဲသွားစေ မယ့် ကြောက် မက်ဖွယ် လက်နက်ကို ရုရှားတို့ ပိုင်ဆိုင်ထားပြီ ဖြစ် ပါ တယ်။ စတင်ကြေညာတုန်းက ၂၀၁၂ ခုနှစ် မတ်လကဖြစ်ပြီး ယခုဆိုရင် တစ်နှစ်ပြည့်ပါပြီ။ သေနတ်ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။