Tuesday, November 4, 2014

ကော်သူးလေတပ်မတော် မည်သည့်အဖွဲ့အစည်း၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင်မျှ မရှိဟုဆို

ကော်သူးလေတပ်မတော်သည် မည်သည့်အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှု အောက်တွင်မျှ မရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုးရှေးက ပြောကြားသည်။

နိုဝင်ဘာ ၂ ရက်နေ့တွင် ကော်သူးလေတပ်မတော် (KAF) အဖွဲ့ဝင် DKBA ၏ သဘောထား ရပ်တည်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ကော်သူးလေတပ်မတော်သည် မည်သည့်ပါတီ အဖွဲ့အစည်း၏ နိုင်ငံရေး ဦးဆောင်ဝါးမျိုမှုအောက်တွင်မျှ မရှိဘဲ ကရင်လူမျိုးတို့၏ လိုလားတောင်းတမှုနှင့် ပြည်သူ့ဆန္ဒအရ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအချိန်ဆွဲရန် UNFC နှင့် NLD လျှို့ဝှက်ပူးပေါင်းကြံစည်

Photo: တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအချိန်ဆွဲရန် UNFC နှင့် NLD လျှို့ဝှက်ပူးပေါင်းကြံစည်

Tuesday, November 4, 2014

သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ရန် ကြိုးစားနေချိန်တွင် ကေအိုင်အို ဦးဆောင်သည့် UNFC နှင့် NLD ခေါင်းဆောင်အချို့က အပစ် အခတ်ရပ်စဲရေး ကို ၂၀၁၆ အစိုးရသစ်တက်လာသည့်ကာလအထိ အချိန်ဆွဲထားရန် လျှို့ဝှက် အပေးအယူလုပ် ပူးပေါင်းကြံစည်နေကြောင်း ထိုင်းနယ်စပ်ရှိ အမည်မဖော်လို သည့် အလွတ်တမ်းသတင်းထောက် တစ်ဦးက ပြောကြားသည်။

UNFC အဖွဲ့ဝင် အများစုအနေဖြင့် တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထက် ယခု လို တိုက်ပွဲလည်း ကြီးကြီးမားမားလည်းမဖြစ်၊ စီးပွားလည်းရှာ၍ ကောင်းသည့်အနေအထားကို သဘောကျ နေသည့်အတွက် အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ အချိန်ဆွဲထားလိုကြောင်း၊ NLD ခေါင်းဆောင် အချို့ကလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်လျှင် ဦးသိန်းစိန် အစိုးရနာမည်ကောင်း ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကို ထောက်ခံမှု မြင့်တက် လာမည်ကို စိုးရိမ်နေကြောင်း၊ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ် ရပ်စဲရေး ကို လက်ခံသဘောတူညီခြင်းမပြုရန်၊ ၂၀၁၆ တွင် NLD အစိုးရဖွဲ့နိုင်ပါက UNFC ကတောင်းဆိုသည့်အတိုင်း ဖက်ဒရယ်တပ်မတော်ကို လက်ခံမည်ဟု လျှို့ဝှက်အပေးအယူလုပ်ထားသည်ဟု NLD နှင့်ရော UNFC နှင့်ပါ နီးစပ်သူ ၄င်းသတင်းထောက်က ပြောကြားသည်။

"ကျွန်တော့အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၆ အထိ အချိန်ဆွဲချင် တာကို ဘာမှ မပြောလို ပါဘူး၊ ဒါပေမယ့် ဖက်ဒရယ်တပ်မတော်ကို လက်ခံမယ်ဆိုတဲ့ ကတိက အန္တရာယ်များလွန်းတယ် လို့ မြင်တယ်။ တောင်ပိုင်းတပ်မတော်၊ မြောက်ပိုင်းတပ်မတော်ဆိုတာ အန္တရာယ်များလွန်း လှတယ်။ နိုင်ငံကို အစိတ်စိတ်ပြိုကွဲသွားစေနိုင်တယ်။ ဒီလို လျှို့ဝှက် သဘောတူညီချက်တွေ လုပ်ထားတာ ကျွန်တော်တို့ တော့ လက်မခံနိုင်ဘူး " ဟု NCCT အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး မဖြစ်နိုင်စေရန်အတွက် အစိုးရဖက်မှ လုံးဝလက်ခံ မည်မဟုတ်သော ဖက်ဒရယ်တပ်မတော်ကို UNFC က မလျော့တမ်းတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အကြောင်းပြုကာ လူထု လှုပ်ရှားမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးနှင့် နိုင်ငံရေး ညှပ်ပူးညှပ်ပိတ်တိုက်ပြီး အစိုးရမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လည်း မည်မည်ရရ ရလာဒ်ကောင်းပြစရာမရှိ၊ ပြည်သူလူထုအမြင်တွင်လည်း လူထုကိုဖိနှိပ်သော ၊ ပြုပြင်ပြောင်းလဲရေးကို မလိုလားသော အစိုးရဟု မြင်သွားစေပြီး အာဏာရပါတီ ဖြစ်သော ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှု အနိမ့်ဆုံး ဖြစ်စေကာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ တောင်ပြို၊ ကမ်းပြို အနိုင်ရရေး မဟာဗျူဟာ ချမှတ်ကြောင်း သိရှိရသည်။

ပြည်မြန်မာ
သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၄ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ရန် ကြိုးစားနေချိန်တွင် ကေအိုင်အို ဦးဆောင်သည့် UNFC နှင့် NLD ခေါင်းဆောင်အချို့က အပစ် အခတ်ရပ်စဲရေး ကို ၂၀၁၆ အစိုးရသစ်တက်လာသည့်ကာလအထိ အချိန်ဆွဲထားရန် လျှို့ဝှက် အပေးအယူလုပ် ပူးပေါင်းကြံစည်နေကြောင်း ထိုင်းနယ်စပ်ရှိ အမည်မဖော်လို သည့် အလွတ်တမ်းသတင်းထောက် တစ်ဦးက ပြောကြားသည်။

တောင်ကုတ်လုံခြုံရေးတင်းကျပ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရဲတာဝန်ရှိသူ ငြင်းဆို

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဗုံးသတင်းကြောင့် လုံခြုံရေး တိုးမြှင့်ခဲ့ သည်ဟု ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း ရဲတာဝန်ရှိသူ က ငြင်းဆို သည်။

တောင်ကုတ်မြို့ဒေသခံ တစ်ဦးက တောင်ကုတ်မြို့တွင် ယမန်နေ့က ညနေက ဗုံးခွဲမည်သော သတင်းကြောင့် လုံခြုံရေး တင်းကျပ်ခဲ့သည်ဟု နိရဉ္စရာသို့ သတင်းပေးပို့ခဲ့သည်။

“ အခု တောင်ကုတ်မြို့ကို အကြမ်းဖက်သူတွေက တိုက်ခိုက်မယ်ဆိုတဲ့ အတွက် လုံခြုံရေး တင်းကျပ်ထားပြီး စစ်တပ်၊ရဲနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက ပတ်တရောင်လှည့်နေပါတယ်။ သတင်းကတော့ ဘူးသီးတောင် ဘက်က လာတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

အီဘိုလာဗိုင်းရပ်စ်

ဘိုလာဗိုင်းရပ်စ်(Ebolar Virus) ဟာ အ နောက်အာဖရိကမှာ ကူးစက်ဖြစ်ပွားနေပြီး ကူးစက်နှုန်းလျင်မြန်တဲ့ ရောဂါဖြစ်တဲ့အပြင် အချိန်တိုအ တွင်း သေဆုံးနိုင်ပြီး ထိန်းချုပ်ဖို့ခက်ခဲတာတွေ့နေရတဲ့ ကူးစက်ရောဂါဖြစ် တယ်။
၂ဝ၁၄ ခုနှစ်ဦးပိုင်းက စတင်ဖြစ်ပွားတဲ့ ဂီနီ နိုင်ငံမှတစ်ဆင့် ဆီယာရာလီယွန်၊ လိုက်ဘေးရီးယားနဲ့ နိုက်ဂျီးရီးယားနိုင်ငံတို့မှာပျံ့နှံ့ပြီး ၂ဝ၁၄ ခုနှစ် မတ်လ ကနေ အောက်တိုဘာလအထိကူးစက်ခံရသူ ၁ဝဝဝဝ ကျော်ရှိကာ သေဆုံးသူ ၅ဝဝဝကျော်ရှိပြီးဖြစ်တယ်။

ကျပ် သိန်း ၁၉၀ တန် စိန်နားကပ် ခိုးယူသောနိုင်ငံခြားသားနှစ်ဦး ဖမ်းမိရေး ပြည်သူများကူညီရန် ရဲတပ်ဖွဲ့ မေတ္တာရပ်

ရတနာဆိုင်မှ စိန်ထည်ပစ္စည်းခိုးယူခဲ့သော နိုင်ငံခြားသား နှစ်ဦးကို ပြည်သူများပူးပေါင်းပါဝင် ဖော်ထုတ်ရန် နိုဝင်ဘာ ၂ ရက်ကမေတ္တာရပ်ခံထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သမ္မတ၏ ရေဒီယိုမိန့်ခွန်း နိုဝင်ဘာ ၅ ရက်ထုတ်လွှင့်မည်

ထိပ်သီးဆွေးနွေးပွဲ ကြောင့် သမ္မတ၏ လစဉ်ရေဒီယို မိန့်ခွန်း ရက်နောက်ကျခြင်းဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် သမ္မတ၏ မိန့်ခွန်းကို ထုတ်လွှင့်ပေးမည်ဖြစ် ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောကြား သည်။

အောက်တိုဘာလ ၃၁ ရက် က ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေး နွေးပွဲတွင် ဆွေးနွေးမှုများကို ရေဒီ ယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြား နိုင်ရန် ပြင်ဆင်ရသည့်အတွက် အချိန်အနည်းငယ်နောက်ကျခြင်း သာဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ဆီယာရာလီယွန် နိုင်ငံ၏ ကျေးလက် ဒေသ များတွင် အီဘိုလာ ကူးစက် ပြန့်ပွါးမှု တစ်ဟုန်ထိုး မြင့်တက်လာ

ဖရီးတောင်း၊ နိုဝင်ဘာ ၃။ ဆီယာရာလီယွန်နိုင်ငံ၏ အချို့ဒေသများတွင် အီဘိုလာရောဂါ ကူးစက်ပြန့်ပွါးမှု နှုန်းမှာ လွန်ခဲ့သောနှစ်လခန့် ကထက် ကိုးဆအထိ ပိုမိုလျင်မြန်စွာ ကူးစက်လျက်ရှိကြောင်း အာဖရိက အုပ်ချုပ်ရေး တပ်ဦး(အေဂျီအိုင်) အဖွဲ့ကနိုဝင်ဘာလ ၂ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်ကဆိုသည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။“လိုင်ဘီးရီးယားတွင် အီဘိုလာ ထပ်မံ ကူးစက်ပြန့်ပွါးမှုများ နှေးကွေးသွားပုံ ရသော်လည်း ဆီယာရာလီယွန်၏ အချို့ဒေသများတွင် အီဘိုလာ မှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ဆက်လက်ကူးစက်ပြန့်ပွါးလျက်ရှိသည်” ဟု အေဂျီအိုင်၏ အစီရင်ခံစာက ဆိုသည်။

အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွား

Photo: အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွား
Tuesday, November 4, 2014

အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံအနီးရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က အတည်ပြုပြောကြားသည်။

အနုကြမ်းစီးကာ ပစ္စည်းများယူဆောင်ထွက်ပြေးသွားမှုကျူးလွန်ရာတွင် အမျိုးသားလေးဦးပါဝင်ပြီး ၎င်းတို့သည် ကျူးလွန်စဉ်အတွင်း ဓားကိုင်ဆောင်ထားကြောင်း သိရသည်။ 

အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြားစားသောက်ဆိုင်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ကြောင်း 
"စားသောက်ဆိုင်မှာ အနုကြမ်းစီးမှုဖြစ်ပွားတာပါ။ ငွေနဲ့ရွှေတွေပါသွားတယ်လို့ သိရတယ်။ ကျူးလွန်သူတွေကိုတော့ လိုက်လံဖမ်းဆီးနေဆဲဖြစ်ပါတယ်" ဟု အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခန့်က ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြားစားသောက်ဆိုင်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ကြောင်း ယင်းပတ်ဝန်းကျင်အနီး နေထိုင်သူများထံမှ သိရသည်။

အနုကြမ်းစီးမှုအားကျူးလွန်ခဲ့သည့် အမျိုးသားလေးဦးကို နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီခန့်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း အင်းစိန်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အဆိုပါအနုကြမ်းစီးမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အင်းစိန်မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို လုယက်မှုအဖြစ် (ပ) ၁၁၄၂/၂၀၁၄ ပုဒ်မ- ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်းမှ သိရသည်။

အနုကြမ်းစီးမှုဖြစ်ပွားခဲ့သည့် အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်အား နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခွဲက တွေ့ရစဉ်
Eleven Media Group
အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံ အနီးရှိ ဆုံဆည်းရာ စားသောက် ဆိုင်တွင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က အတည်ပြုပြောကြား သည်။

အနုကြမ်းစီးကာ ပစ္စည်းများယူဆောင်ထွက်ပြေးသွားမှုကျူးလွန်ရာတွင် အမျိုးသားလေးဦးပါဝင်ပြီး ၎င်းတို့သည် ကျူးလွန်စဉ်အတွင်း ဓားကိုင်ဆောင်ထားကြောင်း သိရသည်။

ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုယူထွက်ပြေးသူအား ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီး အရေးယူထား

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် (၃၃-၄၄)လမ်းကြား၊ ၇၁ လမ်းအရောက် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်အား အရှိန်ဖြင့် မောင်းနှင်လာပြီး ၎င်း၏နောက်မှ စူပါကပ်ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသမီးက ပိုက်ဆံအိတ်အား လုယူသွားကြောင်း အော်ဟစ်အကူအညီ တောင်းသံကြားရ၍ လုယူသွားသူအား ရပ်ကွက်နေပြည်သူ များနှင့်အတူ လိုက်လံဖမ်းဆီးခဲ့ရာ (၃၁-၇၁)လမ်းထောင့်၌ ဖမ်းဆီးရမိခဲ့သည်။

ကမ္ဘာ့ အကောင်းဆုံး ၀ီစကီ စာရင်းတွင် စကော့ဝီစကီများ အဆင့်ငါးပင် မချိတ်~ဂျပန်နိုင်ငံထုတ် Yamazki ၀ီစကီကို အကောင်းဆုံးအဖြစ် ရွေးချယ်

Photo: ကမ္ဘာ့ အကောင်းဆုံး ၀ီစကီ စာရင်းတွင် စကော့ဝီစကီများ အဆင့်ငါးပင် မချိတ်~ဂျပန်နိုင်ငံထုတ် Yamazki ၀ီစကီကို အကောင်းဆုံးအဖြစ် ရွေးချယ် 
Tuesday, November 4, 2014

လန်ဒန်၊ နိုဝင်ဘာ ၃။ ကမ္ဘာ့အကောင်းဆုံး ၀ီစကီအဖြစ် ဂျပန်နိုင်ငံမှ ထုတ်လုပ်သော Yamazki Single Malt Sherry Cask 2013 အား ဂျင်မူရေး၏ ၀ီစကီဘိုင်ဘယ်လ်မှ သတ်မှတ်ခဲ့သည်ဟု နိုဝင်ဘာ ၃ ရက်က ဒေးလီးမေးလ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂျင်မူရေး၏ ၀ီစကီဘိုင်ဘယ်လ်သည် တစ်ကမ္ဘာလုံးရှိ ၀ီစကီများ၏ အရသာနှင့် အရည်အသွေးကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးသည့် ၀ီစကီ အညွှန်းအဖွဲ့ဖြစ်သည်။ကမ္ဘာ့လူသိအများဆုံး ၀ီစကီထုတ်လုပ်သူများပါဝင်သည့် ၂၀၁၅ ခုနှစ် အကောင်းဆုံး ၀ီစကီရွေးချယ်မှုတွင် ပထမဆုံးအကြိမ်အဖြစ် စကော့ဝီစကီများသည် ထိပ်ဆုံး ငါးနေရာပင် မချိတ်ခဲ့ကြောင်း ဂျင်မူရေး ၀ီစကီဘိုင်ဘယ်လ်ကဆိုသည်။ ထို့နောက် စကော့ဝီစကီများ အတွက် ထိုးနှက်တစ်ရပ်သည် တစ်နှစ်အတွင်း ဥရောပအကောင်းဆုံး ၀ီစကီအဖြစ် အင်္ဂလန် ၀ီစကီကုမ္ပဏီမှ ထုတ်လုပ်သော Chapter 14 Not Peated ကို ရွေးချယ်ခဲ့ခြင်းသည်။

ဆုရရှိခဲ့သော ဂျပန်ဝီစကီသည် ဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး အရက်ချက်စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်သည်။ ၁၉၂၃ နှစ်တွင် စတင် တည်ထောင် ခဲ့သော ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ၀ီစကီအား ဂျင်မူရေးမှ ပေါ့ပါးသွက်လက်သော အရသာ၊ ထူးကဲသော အနံ့တို့ရှိကြောင်း ချီးကျူးပြောဆိုခဲ့ပြီး ရမှတ် ၁၀၀ တွင် ၉၇ ဒသမ ၅ ရရှိခဲ့သည်ဟုဆိုသည်။

လွန်ခဲ့သောသုံးနှစ်အတွင်း စကော့ဝီစကီပေါင်းများစွာအား ကမ္ဘာ့အကောင်းဆုံး ၀ီစကီအဖြစ် မူရေးမှ သတ်မှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Old Pulteney's 21 year old နှင့် ၂၀၁၄ ခုနှစ်တွင် Glenmorangie Ealanta ၀ီစကီတို့က ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်းယခုကဲ့သို့ မမျှော်လင့်သည့် နေရာမှ အကောင်းဆုံး အရည်အသွေးကို ပေးစွမ်းထားသည့် ၀ီစကီထွက်ရှိလာခြင်းသည် စကော့ ၀ီစကီ လုပ်ငန်းများ ကျဆုံးလာခြင်းကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ဝေဖန်ထားသည်။

၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ၀ီစကီအတွက် စကော့ဝီစကီအမျိုးအစားပေါင်း ၄၇၀၀ ကိုမြည်းစမ်းခဲ့သည်ဟု မူရေးကဆိုသည်။ ဆုရရှိ ခဲ့သော Yamazaki ၀ီစကီအား ပုလင်းပေါင်း ၁၈၀၀၀ သာထုတ်လုပ်ထားပြီး ဗြိတိန်ရှိ အကောင်းဆုံး အရက်ဆိုင်များနှင့် အရက်လက် ကားရောင်းချသော ဆိုင်များတွင် စတာလင်ပေါင် ၁၀၀ ဖြင့်ရောင်းချလျက်ရှိသည်။

Mizzima
လန်ဒန်၊ နိုဝင်ဘာ ၃။ ကမ္ဘာ့အကောင်းဆုံး ၀ီစကီအဖြစ် ဂျပန်နိုင်ငံမှ ထုတ်လုပ်သော Yamazki Single Malt Sherry Cask 2013 အား ဂျင်မူရေး၏ ၀ီစကီဘိုင်ဘယ်လ်မှ သတ်မှတ်ခဲ့သည်ဟု နိုဝင်ဘာ ၃ ရက်က ဒေးလီးမေးလ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂျင်မူရေး၏ ၀ီစကီဘိုင်ဘယ်လ်သည် တစ်ကမ္ဘာလုံးရှိ ၀ီစကီများ၏ အရသာနှင့် အရည်အသွေးကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးသည့် ၀ီစကီ အညွှန်းအဖွဲ့ဖြစ်သည်။ကမ္ဘာ့လူသိအများဆုံး ၀ီစကီထုတ်လုပ်သူများပါဝင်သည့် ၂၀၁၅ ခုနှစ် အကောင်းဆုံး ၀ီစကီရွေးချယ်မှုတွင် ပထမဆုံးအကြိမ်အဖြစ် စကော့ဝီစကီများသည် ထိပ်ဆုံး ငါးနေရာပင် မချိတ်ခဲ့ကြောင်း ဂျင်မူရေး ၀ီစကီဘိုင်ဘယ်လ်ကဆိုသည်။ ထို့နောက် စကော့ဝီစကီများ အတွက် ထိုးနှက်တစ်ရပ်သည် တစ်နှစ်အတွင်း ဥရောပအကောင်းဆုံး ၀ီစကီအဖြစ် အင်္ဂလန် ၀ီစကီကုမ္ပဏီမှ ထုတ်လုပ်သော Chapter 14 Not Peated ကို ရွေးချယ်ခဲ့ခြင်းသည်။

အမျိုးသား စာပေဆု တစ်ခေတ်ဆန်းသင့် ပါပြီ

မြန်မာနိုင်ငံတွင် စာပေဆုများ အမျိုးမျိုးအစားစား ရခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီးခေတ်၊ ဖဆပလ အစိုးရခေတ်ကဆိုလျှင် ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းသည့် ဘာသာပြန်စာပေ အသင်းကြီးကပေးသော စာပေဆုမှာ တစ်စုံတစ်ရာ ခန့်ငြားလေးစားထိုက်ဖွယ် ဆုဖြစ်ခဲ့သည်။ မြန်မာ့ ခေတ်ပေါ်စာပေဆု၏ နိဒါန်းဟူ၍လည်း သတ်မှတ်နိုင်သည်။ ယင်းဆုကို ၁၉၄၈ ခုနှစ်ကတည်းက ပေးခဲ့ပြီး

ရန်ကုန်ဆေးရုံကြီး ၀န်ထမ်းအင်အားတိုးမြှင့်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထား

ရန်ကုန်ဆေးရုံကြီး၌ လူနာဦးရေနှစ်ဆကျော် မြင့်တက် လာမှုကြောင့် လာမည့်နှစ်တွင် ၀န်ထမ်းအင်အား တိုးမြှင့်ပေးနိုင် ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့သို့ တင်ပြတောင်းဆို ထားကြောင်း သတင်းရရှိသည်။

ယင်းဆေးရုံကြီးတွင် ယခုအ ခါ စက်ပစ္စည်းနှင့် ဓာတ်ခွဲစမ်းသပ် မှုအချို့ကို အခမဲ့ပြုလုပ်ပေးနေ ခြင်းကြောင့်    လူနာတိုးပွားလာ သည်။ လူနာဦးရေနှင့် ရှိနေသည့် ဆရာဝန်၊ သူနာပြု၊ စက်ပစ္စည်း များ ကိုင်တွယ်သော ကျွမ်းကျင် ပညာရှင်နှင့် အလုပ်သမားအင် အား    မမျှတခြင်းတို့ကြောင့် ယခုကဲ့သို့ ၀န်ထမ်းအင်အားကို တိုးချဲ့ရခြင်းဖြစ်သည်ဟု ရန်ကုန် ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြား သည်။

ဖယ်ရှားခံရမည့် စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ နေအိမ်ကိုးလုံးတွင် ဆက်လက်နေခွင့်ပြုရန် အသနားခံ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက  စစ် ကိုင်း-မန္တလေးလမ်းမပေါ်ရှိ ကျူးကျော်   အဆောက်အအုံများ အနက် နေအိမ်ကိုးလုံးကို ဖယ်ရှား ခိုင်းသည့်အပေါ် သက်ညှာပေးရန် နှင့် ဆက်လက်နေထိုင်ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ အသနားခံ တင်ပြထားကြောင်း သတင်းရရှိ သည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် ကွက် အကွက်အမှတ်(၄၀၈)နှင့် (၅၁၀) တို့တွင် ဆောက်လုပ်ထား သော နေအိမ် ကိုးလုံးသည် စစ် ကိုင်း-မန္တလေးလမ်းမြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသ ဖြင့် ဖယ်ရှားပေးရန် မဖယ်ရှားပါ က ဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ   အင် အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ညွှန်ကြားထား သည်။

မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

Photo: မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး
Tuesday, November 4, 2014

 နှစ်ပေါင်းခြောက်ဆယ် အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး၏   ပထမဆုံး ဥရောပခရီးစဉ်အဖြစ်     ဘီလာ ရုစ်သမ္မတနိုင်ငံခရီးစဉ်စတင်ခဲ့ သော ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ရုရှားနိုင်ငံတွင် ခရီးတစ်ထောက်နားစဉ် ရုရှား-မြန်မာစစ် ဘက်နည်းပညာပူးပေါင်းဆောင် ရွက်ရေးပူးတွဲကော်မရှင် ဥက္ကဋ္ဌ မစ္စတာအလက်ဇန်းဒါးဖိုမင်နှင့် တပ် မတော်နှစ်ရပ်ကြား စစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။

ဘီလာရုစ် သမ္မတနိုင်ငံသို့ နိုဝင်ဘာ ၁ ရက်တွင်    ရန်ကုန်မှ ထွက်ခွာခဲ့သော   ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် နိုဝင်ဘာ ၂ ရက်က   ရုရှားနိုင်ငံတွင်   ခရီးတစ် ထောက်နားစဉ် ယင်းသို့တွေ့ဆုံ ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာက သ တင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်    ဘီလာရုစ်သမ္မတနိုင်ငံခရီးစဉ်အတွင်း ဘီ လာရုစ် သမ္မတနိုင်ငံအစိုးရအဖွဲ့ မှ တာဝန်ရှိသူများ၊ တပ်မတော် ပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား အကျိုးတူကိစ္စရပ်များဆွေးနွေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများကို လေ့လာမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဥရောပနိုင်ငံတွေဘက်ကို သွားတာ ဒါပထမဆုံးပဲ။ ဘာပဲဖြစ်ဖြစ် တပ်မတော်ခေါင်းဆောင်ပိုင်း အနေနဲ့ အခုလို ပြည်ပခရီးစဉ်တွေကို သွားလာတာဟာ နိုင်ငံတကာ ဆက်ဆံရေးကို စိတ်ဝင်စားမြှင့် တင်ရာလည်း ရောက်တာပေါ့။ အခုခရီးစဉ်ကတော့ လေ့လာရေး ပါ။ လေးငါးရက်ပဲ ကြာမယ်။ ဒါက ဥရောပခရီးစဉ်ဆိုတော့ကြားမှာ လေယာဉ်စီးတာ ဘာညာကပဲ တစ်ရက်ခွဲလောက်ကုန်သွားတာ ကိုး’’ဟု တပ်မတော်အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားတွင် ခရီးတစ်ထောက်နားစဉ် ရုရှားတွင် စစ်ပညာသင်ကြားနေ သည့် ပညာတော်သင်စစ်ဗိုလ်များ အား မြန်မာ့ရိုးရာစားသောက်ကုန် များကို တကူးတကသယ်ယူကျွေး မွေးခဲ့သည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ကို ကျေးဇူးတင်ကြောင်း ရုရှားရောက် စစ်ဗိုလ်ကျောင်း သားတစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။ ကာချုပ်သည် ယခင်တစ်ခေါက် ရုရှားခရီးစဉ်တွင်လည်း ယင်းသို့ ဒေသထွက်စားသောက်ကုန်များ ကို ပညာတော်သင်ကျောင်းသား များအတွက် ပေးအပ်ခဲ့ဖူးသည်။

နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်း (ဘီလာရုစ်ဒေသစံတော်ချိန်) တွင် ဘီလာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဒုတိယကာကွယ် ရေးဝန်ကြီး Major General Lotenkov ၊ နိုင်ငံတော်ကာကွယ် ရေးနှင့် စက်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mr. Bykor Lgor ၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ချုပ် Mr. Andrey Grenkivich နှင့်မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ် နိုင်ငံဂုဏ်ထူးဆောင် ကောင်စစ် ၀န် ဒေါက်တာ အောင်မိုးမြင့်တို့ က ကြိုဆိုနှုတ်ဆက်ကြောင်း ကာ ကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဖော်ပြသည်။

ယခင်က တပ်မတော်ကာ ချုပ်အပါအ၀င် ကြည်းရေလေတပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များအနေဖြင့် အဓိကဆက်ဆံဖက်အဖြစ် တရုတ်နိုင်ငံ၏ စစ်ရေးနည်းပညာနှင့် ဆက်ဆံရေးသာရှိခဲ့ရာမှ ယခုကာကွယ်ရေးဦးစီးချုပ် ခရီး စဉ်မတိုင်မီကလည်း ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြုလုပ်ခဲ့သည့် အ ပြည်ပြည်ဆိုင်ရာ ရေတပ်စက်ကိ ရိယာပစ္စည်းနှင့် နည်းပညာပြပွဲသို့ မြန်မာ့ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး သူရသက်ဆွေနှင့် ကိုယ်စား လှယ်အဖွဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြသည်။

‘‘အရင်က တရုတ်ပစ္စည်း လောက်ပဲ လေ့လာခွင့်ရခဲ့တယ်။ ဥရောပဆိုတာကတော့ စက်မှု ထွန်းကားတဲ့ နိုင်ငံတွေဆိုတော့ သူတို့နည်းပညာတွေက အဆင့် မြင့်တယ်။ ဘာပဲဖြစ်ဖြစ် ရေတပ် ဆိုတာ နည်းပညာက အသက်ပဲ။ ဒါတွေ တပ်မတော်အကြီးအကဲ တွေ လေ့လာခွင့်ရတာလည်း ကောင်းတဲ့လက္ခဏာပါ’’ဟု အဆို ပါ တပ်မတော်အရာရှိကြီးက ပြောကြားသည်။

အီးယူကသာ မြန်မာ့တပ်မ တော်အပေါ် အမြင်ကြည်လာ၍ နောင်တွင် ဥရောပနှင့်အမေရိ ကန်မှ နည်းပညာအကူအညီများ ပိုမိုရရှိလာမည်ဟု တပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦးကပြောသည်။

7Day DAILY 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား-မြန်မာစစ်ဘက်နည်းပညာ ပူးပေါင်းဆောင် ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ မစ္စတာအလက်ဇန်းဒါးဖိုမင်နှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ− Senior General Min Aung Hlaing' FB)
နှစ်ပေါင်းခြောက်ဆယ် အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး၏ ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ဘီလာ ရုစ်သမ္မတနိုင်ငံခရီးစဉ်စတင်ခဲ့ သော ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ရုရှားနိုင်ငံတွင် ခရီးတစ်ထောက်နားစဉ် ရုရှား-မြန်မာစစ် ဘက်နည်းပညာပူးပေါင်းဆောင် ရွက်ရေးပူးတွဲကော်မရှင် ဥက္ကဋ္ဌ မစ္စတာအလက်ဇန်းဒါးဖိုမင်နှင့် တပ် မတော်နှစ်ရပ်ကြား စစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။

အဝေးသင်စာမေးပွဲတွင် မသမာသောနည်းဖြင့် ဖြေဆိုမှုများ အစီရင်ခံ စာ နေ့ချင်းပို့ရန် ကြီးကြပ်သူများအား ညွှန်ကြား

အဝေးသင်တက္ကသိုလ် များတွင် မသမာသောနည်းဖြင့် စာမေးပွဲဖြေဆိုသော အထောက် အ ထားတွေ့ရှိပါက ဖြေဆိုသူမသိစေဘဲ သိမ်မွေ့စွာဖြင့် အစီရင် ခံစာနေ့ ချင်းပေးပို့ရန် စာမေးပွဲကြီးကြပ်သူ များကို ညွှန်ကြားထား ကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ်စာ မေးပွဲဖြေဆိုသော ကျောင်းသား များတွင် မသမာသောနည်းဖြင့် ဖြေဆိုသူများကို ၎င်းတို့၏ အဖြေ လွှာစာအုပ်၊ ပေတံ၊ မှတ်စုစာရွက်စာတမ်းစသည့် အထောက်အ ထားများ သက်သေ များနှင့်တကွ အစီရင်ခံစာကို မော်ကွန်းထိန်းရုံး သို့ စာမေးပွဲကြီးကြပ်သူများက နေ့ချင်း ပေးပို့အကြောင်းကြားရမည် ဖြစ်သည်။