Wednesday, April 17, 2013

ဦးမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်များ ဇွန်လအတွင်း ဗြိတိန်သွားမည်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင် ရှစ်ဦးသည် ဇွန်လအတွင်း ဗြိတိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာမှာ သြဇာကတ္တိမအရှိဆုံး ဒေါ်အောင်ဆန်းဆုကြည်

TIME 100 ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၁၀ နှစ်တာကာလအတွင်း  ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်ကို အင်တာနက်မှ 
မဲပေးရွေးချယ်စေရန် TIME မဂ္ဂဇင်းကက စီစဉ်ခဲ့ပြီး၊ ဧပြီ ၁၇ရက်နေ့က နောက်ဆုံးရွေးချယ်မှုပြုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတစ်ဝန်းရှိ အင်တာနက်ပရိသတ်၏ ထောက်ခံရွေးချယ်မှု ၆၁ % ရရှိပြီး ၁၀ နှစ်တာကာလအတွင်း  ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့သော လေဒီဂါဂါမှာ မူ ထောက်ခံရွေးချယ်မှု ၃၉% ရရှိခဲ့သည်။

TIME 100 ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၁၀ နှစ်တာကာလအတွင်း ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်များစာရင်း ရလာဒ်ကို TIME မဂ္ဂဇင်းမှ အယ်ဒီတာအဖွဲ့က မကြာမီတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းသိရသည်။
TIME 100 ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၁၀ နှစ်တာကာလအတွင်း ကမ္ဘာပေါ်တွင် လွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ်ကို အင်တာနက်မှ မဲပေးရွေးချယ်စေရန် TIME မဂ္ဂဇင်းကက စီစဉ်ခဲ့ပြီး၊ ဧပြီ ၁၇ရက်နေ့ က နောက်ဆုံးရွေးချယ်မှုပြုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတစ်ဝန်းရှိ အင်တာနက် ပရိသတ် ၏ ထောက်ခံရွေးချယ်မှု ၆၁ % ရရှိပြီး ၁၀ နှစ်တာကာလအတွင်း ကမ္ဘာပေါ်တွင် လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

မဲဆောက် မြန်မာပြည့်တန်ဆာမိန်းကလေးများဘ၀ တစေ့တစောင်း


  
သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကိုသွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီးဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ

မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ မြင်ကွင်း

မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့(ဧပြီ ၁၇ ရက်) မြင်ကွင်း

လေဖိအားနည်းဆဲလ် INVEST-91W ကော့သောင်းမြို့ပေါ်တွင် ဆက်လက် တည်ရှိ

လေဖိအားနည်းဆဲလ် INVEST-91W ကော့သောင်းမြို့ပေါ်တွင် ဆက်လက် တည်ရှိ - By mmweather.ygn, on April 17th, 2013

ထိုင်းပင်လယ်ကွေ့တွင် ဧပြီလ ၁၃ ရက်နေ့၌ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် (INVEST 91W)သည် ကပ္ပလီပင်လ်ပြင်တောင်ပိုင်းမှ မြန်မာနိုင်ငံ တနင်္သာရီတိုင်းတောင်ပိုင်ကို ဖြတ်ကျော်ခဲ့ပြီး ဧပြီလ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ ကော့သောင်းမြို့ ပေါ်သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။ လေဖိအားနည်းဆဲလ် INVEST 91W သည် တောင်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ဆက်လက်ရွေ့လျားနိုင်မည်ဟု ခန့်မှန်းရပါသည်။

91W – 17 Apr 2013 0000Z
Location: 10.2 98.6
Winds: 20 knots
Central Pressure: 1005 hPa

MMweather Page

ထိုင်းပင်လယ်ကွေ့တွင် ဧပြီလ ၁၃ ရက်နေ့၌ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် (INVEST 91W)သည် ကပ္ပလီပင်လ်ပြင်တောင်ပိုင်းမှ မြန်မာနိုင်ငံ တနင်္သာရီတိုင်းတောင်ပိုင်ကို ဖြတ်ကျော်ခဲ့ပြီး

ပြည်မြို့တွင် လေပြင်းတိုက်၊ အိမ်ခြေ ၂၀ ကျော် ပျက်စီး


ပြည်မြို့တွင် လေပြင်းတိုက်၊ အိမ်ခြေ ၂၀ ကျော် ပျက်စီး
Wednesday, April 17,2013 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဧပြီ ၁၆ ရက် ညနေ ၃း၁၅ ကနေ ၃ နာရီခွဲအထိ လေပြင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အိမ်ခြေ ၂၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။လေပြင်းဒဏ်ခံရတဲ့ နေရာတွေကတော့ ပြည်မြို့ရှိ ဖိုးခေါင်၊ န၀င်းမြောက်၊ အနောက်လက်ခုပ်ပင်၊ ရှမ်းစု၊ မလကာကုန်း၊ ဘောဂရပ်ကွက်အပါအ၀င် ရပ်ကွက် ၁၀ ခုလောက်လို့ သိရပါတယ်။
လေပြင်းကြောင့် အိမ်ခြေ ၂၀ ကျော် ပျက်စီးသွားပြီး လူအသေအပျောက် ဒဏ်ရာရမှုတော့ မရှိဘူးလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်မြို့ န၀င်းမြောက် ကျေးရွာခံ ကိုကျော်ကျော်ဦးက ပြောပါတယ်။“ပြိုတာက အိမ်ခြေ ၂၇ လုံး၊ သွပ်တွေလန်ထွက်တာက  ၁၂၂ လုံး၊ ရွာပေါင်းက ၁၀ ရွာလောက်ရှိတယ်။ ဓမ္မာရုံတွေလည်း ပါတယ်။ ဘုန်းတော်ကြီး စာသင်ကျောင်းတွေလည်း ပြိုသွားတယ်။ သာသနိကအဆောက်အအုံတွေလည်း ပါတယ်။ လူအသေအပျောက်တော့ လုံးဝ မရှိဘူး။”
န၀င်းမြောက် ကျေးရွာမှာ လေပြင်း စတင်တိုက်ခတ်ခဲ့ပုံကို ကိုကျော်ကျော်ဦးက “လေက ၀ုန်းဝုန်းနဲ့ တိုက်တယ်ဗျ။ လူတွေက အမှတ်တမဲ့ကျတော့ ဘာမှန်းမသိဘဲနဲ့ ခံလိုက်ရတာ။ လူတွေက ကျနော့်အိမ်ထဲကို ပြေးဝင်လာတယ်။ ပြေးဝင်လာတဲ့ အချိန်မှာ အိမ်ကလည်း အတော်လှုပ်နေတယ်။ ပြေးဝင်လာတဲ့သူတွေရဲ့ အိမ်တွေက ပြိုကုန်ပြီ။ တချို့အိမ်တွေက သွပ်တွေ လန်ကုန်ပြီ။ မွေးခါစ ကလေးလည်းပါတယ်။ တချို့က ကျမတို့ အိမ်တွေတော့ ကုန်ပါပြီ၊ ပစ္စည်းတွေလည်း ဘယ်ပြန်ရှာရမှန်းမသိတော့ဘူးဆိုပြီး ပြောကြတယ်။ နောက် ကြောင်တောင်တောင်ဖြစ်ပြီးတော့ ထွက်ပြေးဖို့လုပ်ကြတယ်။ တားထားရတယ်” လို့ ပြောပါတယ်။
လေငြိမ်သွားပြီးနောက် မြင်တွေ့ရတဲ့ အခြေအနေကိုလည်း အခုလို ပြောပါတယ်။
“အပြင်ထွက်ကြည့်တော့ သွပ်တွေဆိုတာ ရစရာကို မရှိတော့ဘူး။ အကုန်လုံး ပျက်စီးသွားတယ်။ ကျနော့်အိမ် အနောက်ဘက်မှာ ရှိတဲ့ အိမ်တွေဆို အကုန်လုံး လန်ကုန်တယ်။ တချို့အဆောက်အအုံ အကြီးတွေဆိုရင် ကျိုးပြီး ပျက်စီးသွား ကြတယ်။ တချို့အိမ်တွေက သစ်ပင်ကြီးတွေအောက်မှာ ပိပြားနေတယ်။”
အပျက်အစီးစာရင်းကို လိုက်လံကောက်ခံနေဆဲဖြစ်ပြီး လေပြင်းဒုက္ခသည်တွေကို အခုလောလောဆယ် ဆန် ၁၀ အိတ်နဲ့ ကူညီထောက်ပံ့နေတယ်လို့ ကိုကျော်ကျော်ဦးက ပြောပါတယ်။

DVB

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဧပြီ ၁၆ ရက် ညနေ ၃း၁၅ ကနေ ၃ နာရီခွဲအထိ လေပြင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အိမ်ခြေ ၂၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။လေပြင်းဒဏ်ခံရတဲ့ နေရာတွေ ကတော့ ပြည်မြို့ရှိ ဖိုးခေါင်၊ န၀င်းမြောက်၊ အနောက်လက်ခုပ်ပင်၊ ရှမ်းစု၊ မလကာကုန်း ၊ ဘောဂရပ်ကွက် အပါအ၀င် ရပ်ကွက် ၁၀ ခုလောက်လို့ သိရပါတယ်။

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး



အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှမရောက်၊ ဘယ်နားမှာရှိမှန်း မသိ တာလဲပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
===================================

ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

ဖုန်းအချင်းချင်း ငွေဖြည့်ပေးနိုင်သည့် နည်းလမ်းများ

ဖုန်းအချင်းချင်း ငွေဖြည့်ပေးနိုင်သည့် နည်းလမ်းများ
============================

GSM Phone အချင်းချင်း ငွေဖြည့်ပေးချင်တယ်ဆိုရင်

GSM Phone တစ်လုံးကနေ နောက် ဖုန်းတစ်လုံးကို Prepaid Top Up ငွေကို လက်ဆောင် အဖြစ် ဖြည့်ပေးချင်တယ်ဆိုရင်

*123*TOPUPPassword*PhoneNumber#

Example: *123*458707176054929678*095099999#

ဆိုပြီး နှိပ်ယူနိုင်ပါတယ်။

ပုံမှန် ဖြည့်သွင်းတဲ့ ပုံစံရဲ့ နောက်မှာ *Phone Number# ကို ထည့်သွင်းရန်ပဲ ဖြစ်ပါတယ်။
Message အနေနဲ့ Successfully Gifted ဆိုပြီးဖော်ပြသွားမှာ ဖြစ်ပါတယ်။

CDMA 800 Phone အချင်းချင်း ငွေဖြည့်ပေးချင်တယ်ဆိုရင်

166 Call
Language Eng: 2,
ငွေဖြည့်ရန်: 1,
ထည့်ပေးလိုသည့်phumber#,
Confirm: 1,
TopUppincode#

ဖုံးနံပါတ် ၁၆၆ ကိုခေါ်ပြီး Instruction ပေးတဲ့အတိုင်း လုပ်ဆောင်ပြီး ဖုန်းငွေ ထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

CDMA နံပါတ်တူအချင်းချင်းသာ ထည့်သွင်းပေးနိုင်ပါလိမ့်မယ်။
GSM ကနေ CDMA ကို ထည့်သွင်းပေးလို့ မရနိုင်သလို Prepaid မပြောင်းရသေးတဲ့ PostPaid GSM ဖုန်းတစ်လုံးကနေ TopUpCard ကို တစ်ခြားဖုန်းဆီကို ဖြည့်ပေးလို့ မရနိုင်ပါဘူး။

Credit:
MTHN(UNIM) 
Ref : TechSpace Journal 

For more details, Please call 1876~11

GSM Phone အချင်းချင်း ငွေဖြည့်ပေးချင်တယ်ဆိုရင်GSM Phone တစ်လုံးကနေ နောက် ဖုန်းတစ်လုံးကို Prepaid Top Up ငွေကို လက်ဆောင် အဖြစ် ဖြည့်ပေးချင်တယ်ဆိုရင်

ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ပွဲတော် အေးချမ်းစွာ ပြီးဆုံး၊ တရားဝင် ထုတ်ပြန်ချက်များအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှု ယခင်နှစ်ထက် နည်းပါး

ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ပွဲတော် အေးချမ်းစွာ ပြီးဆုံး၊ တရားဝင် ထုတ်ပြန်ချက်များအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှု ယခင်နှစ်ထက် နည်းပါး
Wednesday, April 17,2013 

 

သင်္ကြန်အကြတ်နေ့တွင် လသာမြို့နယ်တွင် ရေပက်ခံကားများ ပိတ်နေသည်ကို တွေ့ရစဉ်

၁၃၇၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှုမှာလည်း ယခင်နှစ်ကထက် နည်းပါးခဲ့ကြောင်း သိရှိရသည်။

 သင်္ကြန်ပွဲတော်မတိုင်မီက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော ဆူပူလုယက်မှုများ၏ နောက်ဆက်တွဲ ဂယက်များကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများပေါ်ထွက်ခဲ့သည်။ သို့သော်လည်း လုံခြုံရေးအစီအမံများ တိုးမြှင့်ချထားခဲ့မှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်စွာဖြင့် သင်္ကြန်ပွဲတော်အား ဆင်နွှဲနိုင်ခဲ့ကြသည်။

သို့ရာတွင် ယခုနှစ် သင်္ကြန်ပွဲတော်သည် ယခင်နှစ်များကနှင့် နှိုင်းယှဉ်မည် ဆိုပါက စည်းကားမှု လျော့နည်းခဲ့ကြောင်း၊ ကောလာဟလ သတင်းများကြောင့် ရေကစားသူများ နည်းပါးသွားခဲ့သလို ရာသီဥတု ပြင်းထန်မှုကြောင့် ရေကစားမဏ္ဍပ်များတွင် လာရောက် ရေကစားသူ အရေအတွက် လျော့နည်းသွားခဲ့ပြီး ခဏတာ လာရောက်လည်ပတ်သူ များပြားခဲ့ကြောင်း ရေကစားသူများ၏ ပြောကြားချက်အရ သိရပါသည်။
ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ် . . . .

ယခင်နှစ်က ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ် အများအပြား ရှိခဲ့ပြီး အများဆုံး လာရောက်ရေကစားခဲ့သည့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၇ ခုသာ ရှိခဲ့ပြီး ရေကစားသူထက် လမ်းလျှောက်ပြီး ရေပက်ခံထွက်သူသာ များခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ပြည်လမ်းတွင် ရေကစားမဏ္ဍပ် သုံးခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၁၀ ခု၊ ဆရာစံလမ်းတွင် တစ်ခုရှိခဲ့ပြီး စုစုပေါင်း ရေကစားမဏ္ဍပ်ကြီး ၄၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ်များအတွက် ထုတ်ပြန်သော စည်းကမ်းပိုင်းတွင် တင်းကျပ်မှုများ ရှိခဲ့ပြီး ပေးသွင်းရသည့် စပေါ်ငွေနှင့် ရေဆက်သွယ်ခ နှုန်းထားများ ယခင်နှစ်ကထက် များပြားခဲ့သည်။ သို့သော်လည်း လက်မှတ်ခ ဈေးနှုန်းများမှာမူ ယခင်နှစ်က အတိုင်းသာ ရောင်းချခဲ့ရကြောင်း ရေကစားမဏ္ဍပ်များ ဦးဆောင်လုပ်ကိုင်သူများက ပြောကြားကြပါသည်။

"ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ်။ ရာသီဥတုက အရမ်းပူတဲ့အတွက် ရေကစားသူ နည်းသွားတာလည်း ဖြစ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့်လည်း အခုလို ရေကစားသူ နည်းခဲ့တာ ဖြစ်နိုင်ပါတယ်" ဟု ရေကစားမဏ္ဍပ် တစ်ခုအား ဦးဆောင်သူ တစ်ဦးက ပြောပါသည်။

Thingyin-april17

ဧပြီလ ၁၆ ရက်နေ့က ပြည်လမ်းမပေါ်ရှိ မဏ္ဍပ်များမှ ဖျော်ဖြေမှု အစီအစဉ်များကို ကြည့်ရှုနေသူများအား တွေ့ရစဉ်

အနုပညာရှင် အသိုင်းအ၀ိုင်းမှ ဦးဆောင်ပြီး ဖွင့်လှစ်သည့် ရေကစားမဏ္ဍပ် အချို့တွင်သာ ရေကစားသူ များပြားခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် ရေကစားမဏ္ဍပ် လက်မှတ်ဈေး အများဆုံးဖြစ်ကြောင်း သိရသည်။

နာမည်ကြီး တေးသံရှင်များဖြင့် ဖျော်ဖြေခဲ့သော ပြည်လမ်းရှိ AGB Bank မဏ္ဍပ်တွင် လာရောက်ကြည့်ရှုသူ ပရိသတ် အများဆုံးရှိခဲ့ကြောင်း သိရပြီး ကျုံးကြီးလမ်းနှင့် ၁၉ လမ်းထောင့်ရှိ Sky Net မဏ္ဍပ်မှာလည်း နာမည်ကြီး အနုပညာရှင်များ လာရောက်ဖျော်ဖြေခဲ့ခြင်းကြောင့် ပရိသတ်များဖြင့် အထူးစည်ကားခဲ့ကြောင်း သိရပါသည်။

"နာမည်ကြီး အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ ရှိတဲ့ မဏ္ဍပ်တွေမှာ လာကြည့်တဲ့ ပရိသတ်တွေနဲ့ လမ်းတွေပိတ်ကုန်တာကြောင့် တစ်နေရာနဲ့ တစ်နေရာ သွားဖို့မလွယ်အောင် လမ်းတွေပိတ်ကုန်တယ်။ ရန်ကုန်မှာ သင်္ကြန်ရက် မဟုတ်ဘဲတောင် လမ်းတွေက ပိတ်နေတာ။ သင်္ကြန်တွင်းမှာတော့ လမ်းတွေ အရမ်းပိတ်တယ်။ အဲဒါကြောင့် အများစုကတော့ အပြင်မထွက်ဘဲ တီဗွီက တိုက်ရိုက်ပြနေတဲ့ သင်္ကြန်ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ကြတာ များပါတယ်။ သင်္ကြန်တွင်းမှာ လိုင်းကားက နေရာတိုင်းမရောက်သလို Taxi တွေက အရမ်းဈေးကြီးတော့ အပြင်ထွက်လည်သူ နည်းပါတယ်" ဟု ရန်ကုန်မြို့ခံ တစ်ဦးကလည်း ပြောပြခဲ့သည်။

ယခုကဲ့သို့ သွားလာရေး အခက်အခဲကြောင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ်သူထက် မိမိတို့ နေထိုင်ရာ မြို့နယ်များအတွင်း၌သာ ရေကစားသူ များပြားခဲ့ပြီး ဆင်ခြေဖုံး မြို့နယ်များတွင် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သင်္ကြန်အကြိုနှင့် အကျနေ့များတွင် ရေကစားမဏ္ဍပ်များသို့ လာရောက်ရေကစားသူ များပြားခဲ့ခြင်း မရှိသော်လည်း သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့များတွင်မူ ကောလာဟလ သတင်းများ မှန်ကန်မှု မရှိခြင်းကြောင့် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်းလည်း ရေပက်ခံထွက်သူများ၏ ပြောကြားချက်အရ သိရပါသည်။ နံနက်ပိုင်းထက် မွန်းလွဲပိုင်းတွင် ရေကစားသူ ပိုမိုများပြားသည်ဟု သိရပြီး Iron Cross တေးဂီတအဖွဲ့ ဖျော်ဖြေသည့် AGB Bank ရေကစားမဏ္ဍပ်နှင့် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ရေကစားမဏ္ဍပ်ရှိရာ အင်းလျားကန်ပေါင်အနီးရှိ ပြည်လမ်းမတစ်လျှောက်တွင် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရသည်အထိ လာရောက်ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

Thingyin2-april17

ဧပြီလ ၁၄ ရက်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းသို့ ရေကစားနေသူများအား တွေ့ရစဉ်

ယခုနှစ် သင်္ကြန်တွင် ၈၈ မျိုးဆက်အဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းဖွဲ့စည်းထားသည့် "ဒေါင်းမျိုးဆက်" သံချပ်အဖွဲ့ အပါအ၀င် သံချပ်အဖွဲ့ အများအပြားသည် ရန်ကုန်မြို့တွင်းရှိ ဖျော်ဖြေရေး မဏ္ဍပ်များသို့ လှည့်လည် ဖျော်ဖြေခဲ့ရာ အားပေးသူ ပရိသတ်များဖြင့် စည်ကားခဲ့သည်ကိုလည်း တွေ့ရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖွဲ့စည်းထားသည့် "ပေးဆပ်သူများ" သံချပ်အဖွဲ့မှ ဒေါ်သန်းမြင့်အောင်က "ပြည်သူလူထုကိုယ်စား ရင်ဖွင့်နေကြခြင်း ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပဋိပက္ခ ဖြစ်နေကြသူတွေ အားလုံး ငြိမ်းချမ်းစေချင်ပါတယ်၊၊ တစ်နေ့ကျရင် လူတွေအားလုံး သေကြရမှာပဲ။ မသေခင်မှာ အများအကျိုး လုပ်ကြစေချင်ပါတယ်။ နာရေးကူညီမှု အသင်းက အများရဲ့ ဒုက္ခတွေကို ကူညီသွားမယ့် ပေးဆပ်သူများသာဖြစ်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံချပ်အဖွဲ့ကို အခုလို အမည်ပေးခဲ့တာပါ။ ဘယ်လိုအဟန့်အတားတွေ ရှိနေပါစေ အမှန်တရားကို လက်ကိုင်ထားပြီး ရှေ့ဆက်သွားမှာပါ" ဟု ပြောပါသည်။

မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့သော ဆူပူလုယက်မှုများကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဆက်လက်မဖြစ်ပွားစေရန် လူမှုရေး အသင်းအဖွဲ့များမှ တီရှပ်များဝေကာ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သလို လုံခြုံရေးတာဝန် ယူထားသော ရဲတပ်ဖွဲ့ဝင်များကလည်း ရန်ကုန်မြို့တွင် အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ခဲ့သောကြောင့် ယခုနှစ် သင်္ကြန်တွင် မှုခင်းဖြစ်စဉ်များ လျော့ကျသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြပါသည်။

"ဒီနှစ် သင်္ကြန်ကာလမှာ မှုခင်းဖြစ်စဉ်တွေ ပြီးခဲ့တဲ့နှစ်ကထက် လျော့ကျသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ခိုက်ရန်ဖြစ်ပွားပြီဆိုရင် အသုံးပြုတဲ့ လက်နက်တွေကို အရင်သိမ်းဆည်းပါတယ်။ သောက်စားပြီးမောင်းတဲ့ ယာဉ်မောင်းတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး အရေးယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ၀တ်စုံလက်နက် အပြည့်အစုံနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မူးယစ်ပြီး ခိုက်ရန်မဖြစ်ပွားအောင် အရက်သေစာ ရောင်းချတဲ့ ဆိုင်တွေကိုလည်း ထိရောက်စွာ တားဆီး အရေးယူခဲ့ပါတယ်။ မဏ္ဍပ် အ၀င်အထွက်တွေမှာလည်း ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ရဲမှူးသက်ထွန်းက ပြောကြားပါသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၈၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ယာဉ်တိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကြောင်း၊ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ယာဉ်တိုက်မှု ခုနစ်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ခုနစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦး ရှိခဲ့ကြောင်း၊ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ယာဉ်တိုက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ကြောင်း၊ အခြားသေမှုသေခင်းများ အနေဖြင့် သေဆုံးသူ ခြောက်ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်မြို့နည်းတူ အခြား နယ်မြို့ကြီးများတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့ကြောင်း သိရပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သင်္ကြန်နောက်ဆုံးနေ့က မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် ရေကစားခြင်း ခေတ္တရပ်ခဲ့ရသည်မှလွဲပြီး ထူးခြားဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့၌ ပထမဆုံး ကျင်းပသော မိုင်ဒါကွင်း သင်္ကြန်ပွဲတော်မှာ အထူးတလည် စည်ကားမှု မရှိခဲ့ဘဲ လည်ပတ်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရပြီး ကန်တော်ကြီး ကရ၀ိတ် ဥယျဉ်အတွင်း ကျင်းပခဲ့သော သင်္ကြန်ပွဲတော်မှာ ဖျော်ဖြေရေး အစီအစဉ်များကြောင့် စည်ကားမှု ရှိခဲ့သည်ဟု သွားရောက်လည်ပတ်ခဲ့သူများ၏ ပြောကြားချက်များအရ သိရပါသည်။

နေပြည်တော် (ပျဉ်းမနား) တွင် သင်္ကြန်နောက်ဆုံးနေ့ (အတက်နေ့) ညနေပိုင်း၌ မိုးသက်လေပြင်းများ ကျရောက်ခဲ့သော်လည်း သင်္ကြန်ပွဲတော်အား စည်ကားစွာဖြင့် ကျင်းပပြီးစီးသွားခဲ့ကြောင်း အခြားနယ်မြို့ကြီးများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာဖြင့် ဆင်နွှဲနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
Eleven Media Group

၁၃၇၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှုမှာလည်း ယခင်နှစ်ကထက် နည်းပါးခဲ့ကြောင်း သိရှိရ သည်။

နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများသည် တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

thuraushweman-april17ဧပြီ ၁၀ ရက်က UMFCCI တွင် ပြုလုပ်သော တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ ထွက်ပေါ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ကြိုဆိုနေကြစဉ်
ယနေ့ခေတ်ကာလနှင့် လျော်ညီမှု မရှိတော့သည့် ဆိုရှယ်လစ်ခေတ်၊ န၀တခေတ်နှင့် နအဖခေတ်များတွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ခေတ်များ၏ အကျိုးစီးပွား ကာကွယ်နိုင်ရေး ရေးဆွဲခဲ့သည့် ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို ပယ်ဖျက်ရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧပြီ ၁၀ ရက်က ပြောသည်။

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ

အိမ်စာမလုပ်နိုင်သည့်သမီးကို လက်စွမ်းပြသည့် မိဘများ အဖမ်းခံရ
Wednesday, April 17,2013 
အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများက အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

ရန်ဒီ စမစ်နှင့် သူ၏ဇနီးဖြစ်သူ မစ္စတီ တေလာတို့သည် သမီးဖြစ်သူ အိမ်စာလုပ်နေသည်ကိုကြည့်ပြီး ဒေါသထွက်သဖြင့် ရိုက်နှက်ဆုံးမကြသည်။ ထိုသို့ရိုက်နှက်ရာတွင် စမစ်က သမီးဖြစ်သူကို ခါးပတ်ချွတ်ကာ ရိုက်ခြင်း၊ လည်ပင်းကိုညှစ်ပြီး နံရံတွင်ကပ်ကာ မျက်နှာကို လက်သီးဖြင့်ထိုးခြင်း၊ မိခင်ဖြစ်သူက ကြိုးဖြင့် တုတ်ကာ ရိုက်နှက်ခြင်းတို့ကို ပြုလုပ်သောကြောင့် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သည်။

သမီးဖြစ်သူသည် ကျောင်းသို့သွားသောအခါ ဒဏ်ရာများဖြင့် မြင်မကောင်းအောင် ဖြစ်နေသောကြောင့် ကျောင်းရှိ ဆရာများက စုံစမ်းပြီး ရဲကိုတိုင်ကြသည်။ ရဲများက စစ်ဆေးရာတွင် မျက်နှာ၊ ကျောနှင့် ခြေထောက် တို့တွင် ဒဏ်ရာများကို တွေ့ရှိခဲ့ကြရသည်။

“တော်တော်ရက်စက်တယ်ဗျာ။ တစ်ကိုယ်လုံးလည်း အညိုအမည်းစွဲနေတယ်။ ခြေထောက်မှာဆိုရင် ကြိုးရာတွေကြောင့် သွေးခြည်တောင် ဥနေတယ်။ ပြတ်ရှဒဏ်ရာတွေကလည်း အနှံ့ပဲ” ဟု ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ယခင်က စီးကရက်မီးဖြင့်ထိုးထားသည့် ဒဏ်ရာဟောင်းများကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရဲများက လင်မယားနှစ်ယောက်ကို ဖမ်းလိုက်ပြီး ကလေးသူငယ်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြင့် အရေးယူသွားမည်ဟု ဆိုသည်။ စမစ်သည် ကာလီဖိုးနီးယားတွင် ရန်ဖြစ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးမိန့်အထုတ်ခံထားရသူ တစ်ဦး လည်းဖြစ်သည်။ 
မောက္ခနိုင်ငံတကာသတင်း အသက် ၇ နှစ်အရွယ် သမီးဖြစ်သူသည် ကျောင်းမှ အိမ်ပြန်လာပြီး အိမ်စာမလုပ်နိုင်သဖြင့် မိဘများက အလွန်အကျွံရိုက်နှက်သောကြောင့် ရဲကဖမ်းဆီး အရေးယူအပြစ်ပေးခဲ့ရသော ဖြစ်ရပ်တစ်ခု အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် ဖြစ်ပွားခဲ့သည်။

မြန်မာနဲ့ ဒေသတွင်း ရာဇ၀တ်ဂိုဏ်းတွေရဲ့အန္တရာယ် ကုလသတိပေး

မြန်မာနိုင်ငံ အပါအ၀င် အာရှ-ပစိဖိတ် ဒေသတွင်း တရားမ၀င် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လူမှောင်ခိုကူးမှု၊ ကုန်ပစ္စည်းအတုတွေ ကူးသန်းရောင်းဝယ်မှုနဲ့ ဆေးဝါး အတု ထုတ်လုပ် ရောင်းချမှုတွေကနေ နှစ်စဉ် ရရှိတဲ့ ငွေပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ လောက် ရှိတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုလို တရားမ၀င် ရာဇ၀တ်မှု ကျူးလွန်မှုတွေဟာ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ အဓိက ဖြစ်ပွားနေတယ်လို့ အစီရင်ခံစာမှာ အလေးပေး ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်

ကျောင်းသားကို စာရွက်စားခိုင်းသည့်ဆရာအား အလုပ်ဖြုတ်
Wednesday, April 17,2013 
   

စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ်ပွားခဲ့သည်။

စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမတစ်ဦးအား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရသည်။

ပတ်နမ်းအမျိုးသားအထက်တန်းကျောင်းမှ မိဘ ၃၀ တို့သည် ကျောင်းသားဖြစ်သူ စာရွက်များ ဝါးစားနေရသည့် ဗီဒီယိုပြကွက်များကို တွေ့မြင်ကြရပြီးနောက် ကျောင်းကိုအပြင်းအထန်လာရောက် ကန့်ကွက်ဆန္ဒပြမှုများပြုလုပ် ခဲ့ကြသည်ဟု ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနမှ ဘင်ဂျမင် တိုင်ဇုန်ကဆိုသည်။

ကျောင်းသူတစ်ဦးကလည်း ဆရာမသည် သူ့ကို ထိုင်ခုံဖြင့် ပစ်ပေါက်ခဲ့ဖူးကြောင်း ဖွင့်ဆိုသည်။ “ဆရာမက သမီးကို ပုစ္စာတစ်ပုဒ်မေးတယ်။ မဖြေနိုင်တော့ စာရွက်စားခိုင်းတယ်။ သမီးက မစားနိုင်ဘူးလို့ပြန်ပြောတော့ ခုံနဲ့ပေါက်တယ်” ဟု ထိုကျောင်းသူကပြောပြသည်။

ဆရာမသည် မိမိ၏လုပ်ရပ်ကြောင့် မိဘများကို တောင်းပန်ထားသော်လည်း ဌာနဆိုင်ရာ အရေးယူစုံစမ်းမှုများ ပြူလုပ်နေစဉ်အတွင်း ရာထူးမှချထားကြောင်း ပညာရေးဝန်ကြီးဌာနကဆိုသည်။ 
(ရွှေမောင်)မောက္ခနိုင်ငံတကာသတင်း စကားများသည်ဆိုသော စွပ်စွဲချက်ဖြင့် ကျောင်းသားကို စာရွက်များ ဝါးခိုင်းထားသည့် ဖြစ်ရပ်တစ်ခု ဖိလစ်ပိုင်နိုင်ငံ၊ မန်ဒူးမြို့တွင်ဖြစ် ပွားခဲ့သည်။
စီဘူးပြည်နယ်၊ မန်ဒူးမြို့ အထက်တန်းကျောင်းရှိ သင်္ချာဆရာမ တစ်ဦး အား လူသားမဆန်စွာ ပြုကျင့်မှုအတွက် ဖိလစ်ပိုင်ပညာရေး ဝန်ကြီး ဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေကြကြောင်း ဒေသဆိုင်ရာသတင်းစာများ၏ ဖော်ပြချက်အရ

ငြိမ်းချမ်းရေး လိုလားသူ ကျောင်းသားလေး ကောင်းရာသုဂတိလားပါစေ


လွန်ခဲ့သော တစ်နှစ်ခန့်ကာလတွင် အသက် ၈ နှစ်အရွယ် မာတင်ရစ်ချဒ်သည် ရိုးစင်းသော စကားလုံး ၄ လုံးကို ကျောင်းပိုစတာတွင် ရေးသားခဲ့ပါသည်။
“No More Hurting People လူတွေကို နောက်ထပ်ပြီး မနာကျင်ပါစေနဲ့တော့။”
ဒီပိုစတာလေးနှင့်သူ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။ အသည်းနှလုံးပုံလေးတွေ ၀ိုင်းရံထားတဲ့ Peace ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးလေး ပါရှိတဲ့ အပြာရောင်းပိုစတာတစ်ခုပါ။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သူ၏ ဇနီး မီရှယ် ရိုဘင်ဆင် အိုဘားမားတို့၏ ပညာရေးခရီး အကြောင်း


ဘားရက်အိုဘားမားသည် ငယ်စဉ်တောင်ကျေး ကလေးဘဝက အခြားကလေးများကဲ့သို့ပျော်ပျော် ရွှင်ရွှင်နေခဲ့ရသည်။ သူ ၂ နှစ် အရွယ်တွင် အမေရိကန်နိုင်ငံ ကင်ဆက်ပြည်နယ် မွေးမိခင် စတင်လီ အန်းဒန် ဟမ် Stanley Ann Dunham နှင့် အာဖရိကတိုက် ကင်ညာနိုင်ငံဖွား ဖခင် ဘားရက် အိုဘားမား စီနီယာ Barack ObamaSr.တို့သည်ကွာရှင်းပြတ်စဲခဲ့ကြသည်။

ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆုကို သမ္မတ ကိုယ်စား ဝန်ကြီး ဦးအောင်မင်း လက်ခံရယူမည်

ဧပြီလ ၂၂ ရက်နေ့မှာ နယူးယောက်မြို့ အခြေစိုက် နိုင်ငံတကာပဋိပက္ခများ ဖြေရှင်းရေး အဖွဲ့က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ချီးမြှင့်တဲ့ ၂ဝ၁၂ ခုနှစ် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆုကို သမ္မတကိုယ်စား ဝန်ကြီးဦးအောင်မင်းက လက်ခံရယူမယ်လို့ သိရပါတယ်။

ဘော်စတွန်ဗုံးကွဲမှု ဆက်စပ်ဓာတ်ပုံ FBI ထုတ်ပြန်


 ဘော်စတွန်မြို့ ပေါက်ကွဲမှုများမှာ သုံးသွားတဲ့ဗုံးတွေထဲက တခုအကြောင်းကို အမေရိကန် ထောက်လှမ်းရေးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

သံတိုသံစလေးတွေရှိတဲ့ ပေါင်းအိုး (pressure cooker) ထဲကို ဗုံးထည့်ထားတယ်၊ ပေါင်းအိုးကိုတော့ ကျောပိုးအိတ်ထဲ ထည့်ထားတယ် ဆိုပြီး ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ် တဲ့။

Mississippi အထက်လွှတ်တော်အမတ် အဆိပ်ပါ စာအိတ်အပို့ခံရ

Mississippi အထက်လွှတ်တော်အမတ် အဆိပ်ပါ စာအိတ်အပို့ခံရ 
Wednesday, April 17,2013

Mississippi ပြည်နယ် Republican အထက်လွှတ်တော်အမတ် ရော်ဂျာ ၀စ်ကာ (Roger Wicker) ထံကို ပေးပို့တဲ့ စာအိတ်မှာ လူကိုသေစေတဲ့ ကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ကို စစ်ဆေး တွေ့ရှိရတယ်လို့ လွှတ်တော်ရုံး အရာရှိတွေက ပြောပါတယ်။
 
စာကို အမေရိကန် လွှတ်တော်ရုံးကို လွှဲပြောင်းပေးပြီးတဲ့ စာတိုက်တခုမှာ တွေ့ရတာပါ။ စာအိတ်ကို နှစ်နေရာ စစ်ဆေးပြီး ricin အဆိပ် တွေ့ရတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ စစ်ဆေးမှုတွေကိုတော့ ဆက်လုပ်နေဆဲပါ။

ဒီကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ဟာ အလွန်ပြင်းထန်တဲ့ အဆိပ်မျိုးဖြစ်ပြီး၊ သေးငယ် တဲ့ အစက် တစက်နဲ့တင် လူကြီးတဦးကို သေစေနိုင်ပါတယ်။
VOA
Mississippi ပြည်နယ် Republican အထက်လွှတ်တော် အမတ် ရော်ဂျာဝစ်ကာ (Roger Wicker) ထံကို ပေးပို့တဲ့ စာအိတ်မှာ လူကိုသေစေတဲ့ ကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ကို စစ်ဆေး တွေ့ရှိ ရတယ်လို့ လွှတ်တော်ရုံး အရာရှိတွေက ပြောပါတယ်။

Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ

ဗုံးပေါက်ကွဲပြီးနောက် သဲလွန်စရှာဖွေနေစဉ် (၁၆ ဧပြီ ၂၀၁၃)
ဗုံးပေါက်ကွဲပြီးနောက် သဲလွန်စရှာဖွေနေစဉ် (၁၆ ဧပြီ ၂၀၁၃)
Boston မာရသွန်ပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးမကွဲခင်လေးမှာ အလွန်လေးလံတဲ့ အထုပ် သယ်လာတဲ့ လူတဦးကို တွေ့မိတဲ့သူတွေထံကနေ FBI အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုကနေ သတင်းအချက်အလက်တွေ စုဆောင်းရှာဖွေနေပါတယ်။

ဘာသာတရား၏ အကာနှင့် အနှစ်

ကမ္ဘာ့ပေါ်တွင် ကိုးကွယ်သည့် ဘာသာကြီးအသီးသီးကို အကာနှင့် အနှစ်ဆိုပြီး ၂ ပိုင်းခွဲကြည့်မိသည်။ ဘာ သာတရား အဆောက်အဦများ၊ ကိုးကွယ်သူများ၊ ကိုးကွယ်သူများ၏ ပြုမူဆောင်ရွက်ပုံများကို အကာပိုင်းဟု သတ် မှတ်ပြီး အနှစ်ပိုင်းတွင်တော့ ဘာသာတရား၏ အဆုံးအမသြ၀ါဒ၊ ကျင့်ကြံပုံများကို သတ်မှတ်နိုင် သည်။

သင်္ကြန် အတတ်နေ့ မှာ မန္တလေးမြို့ Alpine မဏ္ဍပ် ရန်ပွဲဖြစ်၊ သင်္ကြန်ကာလအတွင်း လူ ၁၆ ဦးသေ၊ ၈၃ ဦး ဒဏ်ရာရ


တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ်


Photo: တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် စာရင်းကို ပရိသတ်တွေ မဲပေးရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ မဲပြိုင်နေကြပါတယ်။

 မြန်မာစံတော်ချိန် ည၈း၃၀ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၆၅%)၊ လေဒီဂါဂါက (၃၅%)နဲ့ မဲအသာရနေပါတယ်။ (မဲအရေအတွက်ဟာ နောက်ဆုံးမိနစ် မဲပိတ်ချိန်အထိ အတက်အကျ အပြောင်းအလဲ ရှိနိုင်ပါတယ်။)
 
အခုနောက်ဆုံးအဆင့်မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂူဂယ်တည်ထောင်သူ လယ်ရီပေ့ခ်ျကို မဲအနိုင်ရခဲ့သလို၊ လေဒီဂါဂါကလည်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားကို ကျော်လွန်ခဲ့တာပါ။

တိုမ်းမဂ္ဂဇင်းက ဧပြီ ၁၇ရက်နေ့မှာ ဆယ်စုနှစ်တစ်ခုစာရဲ့ ကမ္ဘာကိုသြဇာအရှိဆုံးပုဂ္ဂိုလ် အဖြစ်ရွေးချယ်ခံရသူကို ကြေညာမှာ ဖြစ်ပါတယ်။

 မြန်မာ အင်တာနက် သုံးစွဲသူတွေကြားမှာ အောက်ပါလင့်ကနေ မဲပေးဖို့ကိုလည်း အချင်းချင်းတိုက်တွန်းနေကြပါတယ်။

http://time100.time.com/2013/04/11/face-off-whos-the-most-influential/
တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် စာရင်း ကို ပရိသတ်တွေမဲပေးရာမှာ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ မဲပြိုင်နေကြပါတယ်။
မြန်မာစံတော်ချိန် ည၈း၃၀ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၆၅%)၊ လေဒီဂါဂါက (၃၅%)နဲ့ မဲအသာရနေပါတယ်။ (မဲအရေ အတွက်ဟာ နောက်ဆုံးမိနစ် မဲပိတ်ချိန်အထိ အတက်အကျ အပြောင်း အလဲ ရှိနိုင်ပါတယ်။)

စိုးရိမ်မှုအချို့ရှိခဲ့သော်လည်း နှစ်ကူးအတာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာဖြင့် ပြီးဆုံးခဲ့


Eleven Media Group