Saturday, October 3, 2015

မသေဆေး ရှာဖွေ တွေ့ရှိခဲ့ဟု ရုရှား သိပ္ပံပညာရှင် တစ်ဦး ပြောကြား

ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်ကြီး တစ်ဦးသည် ထာဝရ အသက်ရှင်မှုကို ပေးအပ်နိုင်သည့် နှစ်သန်းပေါင်း ၃ ဒသမ ၅ သန်းရှိ ဗက်တီးရီးယား တစ်မျိုးကို ၎င်း၏ ကိုယ်ခန္ဓာအတွင်းသို့ ထိုးသွင်းခဲ့ပြီးနောက် ယခင်ကထက် ပိုမို သန်စွမ်းလာ သည့်အပြင် ဖျားနာခြင်းလည်း မရှိကြောင်း ပြောကြားထားသည်။ Bacillus F အမည်ရှိ အဆိုပါ ဗက်တီးရီးယားပိုးကို ခန္ဓာကိုယ်အတွင်း သို့ ထိုးသွင်းခဲ့သော သိပ္ပံပညာရှင်ကြီးဖြစ်သူ အန်နာတိုလီဘရောက်ခ်ျကော့ဗ်သည် ၎င်းပိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက ဆိုက်ဘေးရီးယား ဒေသအတွင်းရှိ အကြီးဆုံး ပြည်နယ်ဖြစ်သော ဆာခါ ပြည်နယ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လုံခြုံရေးပေးရန် ရဲတပ်ဖွဲ့ စီစဉ်

နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လုံခြုံရေးပေးရန် စီစဉ်ထားကြောင်း နေပြည်တော် တိုင်း၊ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှုးကြီးဇော်ခင်အောင်က နေပြည်တော်ရှိ တိုင်းရဲတပ်ဖွဲ့ မှူး ရုံးတွင် အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ်္စနှင့် ပတ်သက်သော ရှင်းလင်းပွဲတွင် ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ကိုယ်စားလှယ်လောင်းများမဲဆွယ်နေသည့် လက်ရှိအချိန်တွင် လုံခြုံရေးအတွက် ၄၀ဦးတာဝန်ချထားပြီး ဆက်လက် တာဝန်ချထားပေးရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ရိုဟင်ဂျာအရေးစွဲချက်များဖြင့် နိုင်ငံတော်သမ္မတအား အမေရိကန်တရားရုံးကဆင့်ခေါ်မှု အခြေအမြစ်မရှိ၍ လုံးဝဖြေရှင်းရန်မလိုကြောင်း နိုင်ငံတော်သမ္မတရုံး တုံ့ပြန်

တပ်မတော်သား ရှစ်ထောင်ခန့်အား တစ်ဆင့်မြင့်ရာထူးများ ပထမဆုံး တိုးမြှင့်

နိုင်ငံတစ်ဝန်းရှိ တပ်မ တော်သား၇,၇၀၀ ကျော်အားတစ် ဆင့်မြင့်ရာထူးများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှတစ် ဆင့် အသီးသီးတိုးမြှင့်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁ရက်မှစ တင်၍ ယင်းသို့ ရာထူးတိုးမြှင့်ပေး ခဲ့ခြင်းဖြစ်ပြီး အရာရှိတစ်ရာကျော် နှင့် အခြားအဆင့် ၇,၆၀၀ ကျော် တို့ကို တိုးမြှင့်ခြင်းဖြစ်သည်။ တပ် သားအဆင့်အား ဒုတိယတပ်ကြပ် အဆင့်၊ ဒုတိယတပ်ကြပ်အဆင့် အား တပ်ကြပ်အဆင့်၊ တပ်ကြပ် အဆင့်အား တပ်ကြပ်ကြီးအဆင့် နှင့် ဗိုလ်ကြီးအဆင့်အား ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်သို့ အသီးသီး တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။တပ်မတော်တွင် နှစ်ကာလ ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ ကြသည့် ပြစ်မှုကင်းရှင်းသော တပ်မတော်(ကြည်း၊ရေ၊ လေ) မှ လုပ်သက်ရင့် အရာရှိ၊ စစ်သည် များအား ဂုဏ်ပြု၍ ရာထူးတိုးမြှင့် ခဲ့ခြင်းဖြစ်သည်။