Friday, September 28, 2012

ဆင်ခြေမှုအခြေခံဖြင့်


မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးလည်းဖြစ် စီးပွားရေးဖွံ့ဖြိုးမှုအမြင့်ဆုံးလည်းဖြစ်သော မြို့တော်ရန်ကုန်တွင် စက်တင်ဘာ ၂၁ ရက်နေ့က လူငယ်များစွာပါဝင်သည့် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပေါ်ခဲ့သည်။ ယင်းဆန္ဒဖော်ထုတ်ပွဲအတွက် သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရခဲ့ခြင်း ကြောင့် ပါဝင်ခဲ့သူကိုးဦးကို အမှုဖွင့်စစ်ဆေးအရေးယူမှုများလည်း ပြုလုပ်လျက်ရှိသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲကို ကြည့်ခြင်းအားဖြင့်

ရှမ်းပြည်နယ်အတွင်း ပြည်သူ့စစ်က အဓမ္မတပ်သားစုဆောင်းနေဟုဆို

ရန်ကုန် စက်တင်ဘာ ၂၇။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့က ယခုလအတွင်း အဓမ္မတပ်သားသစ်များ စုဆောင်းလျက်ရှိကြောင်း သီပေါ မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
"ပြီးခဲ့တဲ့ သုံးလေးရက်က နမ့်လန်နဲ့ မိန်းခေးဘက်မှာ အဓမ္မစုဆောင်းလို့ လာတိုင်ကြသေးတယ်"ဟု ၎င်းက ဆိုသည်။

ရေတပ်စခန်းတစ်ခုအား တရားစွဲဆိုမှု အနောက်ပိုင်းခရိုင်တရားရုံး လက်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၈။
ဧရာဝတီတိုင်း ရေတပ်စခန်းဌာနချုပ် အမှတ် ၃၆ စစ်ရေယာဉ်အုပ်စုက မတရားသိမ်းယူထားသော အောင်သုခ စက်လှေအမှတ် (၁၆၂)ကို ပြန် လည်ရယူလိုမှုဖြင့် စက်လှေပိုင်ရှင်၏ တရားစွဲဆိုမှုအား အနောက်ပိုင်းခရိုင်တရားရုံးမှ စက်တင်ဘာ ၂၇ရက်တွင် စတင်လက်ခံလိုက်ပြီဖြစ်ကြောင်း တရား လိုဖြစ်သူ ဦးလေးနိုင်က ပြောကြားသည်။

နမ့်မော်တိုက်ပွဲတွင် KIA (၃၀) သေ ၊ (၄၀) ဒဏ်ရာရ

Photo: နမ့်မော်တိုက်ပွဲတွင် KIA (၃၀) သေ ၊ (၄၀) ဒဏ်ရာရ

စက်တင်ဘာလ (၂၇)

စက်တင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာစစ်တပ်မှ တပ်ရင်း (၂) ရင်း ချီတက်လာစဉ်၌ KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆) ရင်းနှင့် တပ်ရင်း (၂၆) တို့တပ်စွဲထားသော နန့်မော်နားမှာရှိတဲ့ တောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
တိုက်ပွဲဟာ ညနေ (၃) နာရီလောက်ကနေ ညနေ (၅) နာရီခွဲလောက်ထိ အပြင်းအထန် တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်ခဲ့ကြပြီး လက်နက်ကြီးသံများဆူညံပြီး ညနေ (၆)နာရီလောက်တွင် KIA တို့မှ ကောင်းဆန့်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရပါတယ်။ အဲဒီတိုက်ပွဲမှာ KIA က ဗိုလ်ကြီး ဘရန်နန် အပါအ၀င် အယောက် (၃၀) သေဆုံးပြီး (၄၀) လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရသည်။
KIA မှ ဒဏ်ရာရသူများအား ည (၁)နာရီလောက်တွင် ကား (၄) စီးဖြင့် တင်ပြီးတော့ တပ်ရင်း (၆) သို့ ပို့ဆောင် ခဲ့ကြောင်း ကားများဖြတ်သွားသည့် ဆိုင်တောင်ရွာသားတစ်ဦးမှ ပြောပါတယ်။ သေသွားသောအလောင်း များအားလည်း မြေသယ်ယာဉ်နဲ့တင်ပြီးတော့ ဥရုချောင်းအားဖြတ်ကူးသွားတယ်ဟု ၎င်းရွာသားကပြောပါတယ်။
တိုက်ပွဲနှင့်ပတ်သက်၍ နမ့်မော်ဒေသခံတစ်ဦးအား KDN မှဆက်သွယ်မေးမြန်းခဲ့ရာမှာ “ ဒီတိုက်ပွဲမှာ KIA တွေ အထိနာသွားတယ်။ အကျအဆုံးလည်းများလောက်တယ် ။ တိုက်ပွဲစဖြစ်ကတည်းက လက်နက်ကြီးသံတွေ ဆူညံနေပါတယ်။ ညနေမှောင်လာတော့မှ အသံတွေရပ်သွားပြီး နောက်နာရီဝက်လောက်ကြာတော့ ပေါက်ကွဲသံတွေ ပြန်ကြားရပါတယ်။ နောက်နေ့သိရတာကတော့ KIA အယောက် (၃၀) လောက်ကျသွားတယ်လို့ကြားပါတယ်။ စစ်တပ်ဘက်ကလည်း အကျအဆုံး ရှိတယ်လို့ ပြောကြတယ် ” ဟု KDN သို့ပြောကြားခဲ့ပါသည်။
ဒါပေမယ့် KIA ဘက်ကကျသွားတဲ့လူတွေကို ကြည့်မယ်ဆိုရင် အသက်မပြည်သေးတဲ့ ကလေးတွေရယ် တစ်ရွာဝင် တစ်ရွာထွက်နဲ့ အတင်းအဓမ္မဖမ်းဆီးစုဆောင်းလာပြီး စစ်ပညာကောင်းကောင်းမသင်ရပဲ ရှေ့တန်း လိုက်သွားရတဲ့သူတွေများတယ်လို့ သိရပါတယ်။ပြီးတော့ တပ်ရင်း (၆) မှာ ရှိတဲ့လူတွေရဲ့တစ်ဝက်လောက်က ရှမ်းလူမျိုးတွေ ဖြစ်တဲ့အတွက် သေသွားတဲ့ ထဲမှာ ရှမ်းအများစုပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်ခြေမှာတပ်သားတွေ ဒီလိုသေကြေနေကြပေမယ့်လည်း KIA ခေါင်းဆောင်ပိုင်းကတော့ ဒီအဖြစ်အပျက်တွေကို လျစ်လျူရှု့ပြီးအစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ခုချိန်ထိ ခေါင်းမာစွာ ငြင်းဆန်နေတဲ့အပေါ် ကချင် လူထုမှလည်း မကျေမနပ်ဖြစ်နေကြပါတယ်။
စက်တင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာစစ်တပ်မှ တပ်ရင်း (၂) ရင်း ချီတက်လာစဉ်၌ KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆) ရင်းနှင့် တပ်ရင်း (၂၆) တို့တပ်စွဲထားသော နန့်မော်နားမှာရှိတဲ့ တောင်ကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

KIA မှ ဖားကန့် - မြစ်ကြီးနားလမ်း ပိတ်ထားမှုအား ဗမာစစ်ကြောင်းများ ရှင်းလင်းမည်



KIA အဖွဲ့သည် စက်တင်ဘာလ(၂၅)ရက်နေ့မှစတင်၍ ဖားကန့်မြို့သို့သွားလာနိုင်သည့် အဓိကလမ်းဖြစ်သော မိုးကောင်း - ဖားကန့်လမ်းရှိ ကားအသွားအလာကို ဖားကန့်နဲ့(၁၀)မိုင်ခန့်ဝေးတဲ့ နန့်တိန်တွင် ဖားကန့်မှ ဆင်း လာမည့် ကားများအား ပိတ်ထားကြောင်း သိရပါတယ်။ဖားကန့်မြို့ဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်ရာ အဓိကမြို့တော်ဖြစ်ပြီး ပွင့်လင်းရာသီတွင် လူဦးရေ(၅) သိန်းခန့် နေထိုင်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

မြန်မာ ဒီမိုကရေစီယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရမည်

မြန်မာနိုင်ငံမှာ ကာလတော်တော်ကြာက ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီယဉ်ကျေးမှု တရပ်ကို ပြန်အသက်သွင်းနိုင်မှသာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်မယ် လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက် ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း လာတာဟာ ဆယ်စုနှစ် ၂ ခုလောက် အချိန်ယူလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အာရှ လူ့အဖွဲ့အစည်း Asia Society

ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်းပြော

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်မှာ ရှိတဲ့ ကမ္ဘာ့အကျော်အမော် တက္ကသိုလ်ကြီးတွေဖြစ်တဲ့ Yale တက္ကသိုလ်ကြီးမှာ မိန့်ခွန်းပြောကြားခဲ့သလို မကြာသေးခင်အချိန်ပိုင်းလေးကပဲ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Harvard တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီ့အထဲက အဓိက ပြောသွားတဲ့အချက်တွေကို ဦးကျော်ဇံသာ ထုတ်နှုတ်ပြောပြပေးထားပါတယ်။

“ အလောင်းမင်းတရား၏ ပြည်ပရောက်နေသော နှစ်ပေါင်း ၂၅၀ကျော်သက်တမ်းရှိရွှေပေလွှာပုံစံတူ နေပြည်တော်အမျိုးသားပြတိုက်တွင်ထားရန် ဂျာမနီကူညီမည်”

ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင်ရှိသော အလောင်းမင်းတရားကြီး၏ ရွှေပေလွှာပုံစံတူကို နေပြည်တော်ရှိ
အမျိုးသားပြတိုက်၌ထားရှိနိုင်ရေးအတွက် ဂျာမနီနိုင်ငံမှ ကူညီသွားမည်ဟု သိရသည်။
အဆိုပါရွှေပေလွှာကို အလောင်းမင်းတရားကြီးက ဒုတိယမြောက်ဂျော့ဘုရင်ထံသို့ ၁၇၅၆ ခုနှစ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၂၅၆နှစ် သက်တမ်းရှိနေပြီး မူရင်းစာမှာ ဟန်နိုဗာမြို့တွင် ရှိသည်ဟုသိရသည်။

ငြိမ်းချမ်းရေးနေ့ ဆန္ဒပြခေါင်းဆောင်များကို စတင်ကြားနာ စစ်ဆေး


ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆန္ဒထုတ်ဖော်ပွဲ မြင်ကွင်းတရပ် (ဓာတ်ပုံ- ဧရာဝတီ)
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်ခဲ့သူ ၁၂ ဦးကို သက်ဆိုင်ရာ ရဲအာဏာပိုင်များ က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အမှုဖွင့် အရေးယူထားခဲ့ရာမှ ယနေ့တွင် ဆန္ဒပြပွဲဦးဆောင်သူ ကိုဂျော်ဂွန်းနှင့်မမေစပယ်ဖြူ တို့နှစ်ဦးကို ဒဂုံမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ရုံးတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အယ်ဒီတာ့အာဘော် မြန်မာပြည် အရင်အတိုင်း မဟုတ်တော့

မြန်မာပြည်တွင် ကျက်သရေဂုဏ်ရောင် မှေးမှိန် ပျောက်ကွယ်ခဲ့သည်မှာ ကြာခဲ့ပြီ။ စစ်အာဏာရှင် စနစ်အောက်တွင် မြန်မာပြည် အကြောင်း ပြောမည်ဆိုလျှင် မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းမှလွဲ၍ ဂုဏ်ယူချင်စရာ အကြောင်း ရှားပါးလွန်းခဲ့သည်။ မတရားမှု၊ မညီမျှမှု၊ ကြမ်းကြုတ်ရက်စက်မှု၊ ဖိနှိပ်ညှဉ်းပမ်းမှု၊ ဆင်းရဲမွဲတေမှု၊ အထီးကျန်မှု၊ ဒဏ်ခတ်ပိတ်ဆို့ ခံရမှုများအကြောင်းများဖြင့်သာ စိတ်မချမ်းမြေ့စရာများနှင့် ပြည့်နေခဲ့ရသည်။

ဆက်ဆံရေးရုံး ကိစ္စ KNU သဘောကွဲ

ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်း။ ၀န်ကြီး ဦးအောင်မင်း ၏ ဘေး၌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဘယ်ဘက်မှ ဒုတိယ) ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)
ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟို အဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အကြား သဘောထား အမြင် ကွဲလွဲမှုများ ရှိနေကြသည်။

ပဲခူးမြို့ပေါ်တွင် လိုင်စင်မဲ့ကားများ အရောင်းအ၀ယ်ဖြစ်နေ

ပဲခူးတိုင်းဒေသကြီး၏ မြို့ တော်ဖြစ်သော ပဲခူးမြို့ပေါ်တွင် လိုင်စင်မဲ့ကား အရောင်း အ၀ယ် လုပ်ငန်းကို ပဲခူးမြို့လိပ်ပြာကန် အနီးဝန်းကျင်ရှိ လမ်းကြားများ တွင်  အရောင်းအ၀ယ်ဖြစ်နေ ကြလျက်ရှိသည်။ ယခုအခါ ပဲခူး မြို့ပေါ်တွင် လိုင်စင်မဲ့ကားစီးရေ (၅၀)မျှ ရှိနေပြီဖြစ်ကြောင်း ကား အရောင်းအ၀ယ် ပြုလုပ်နေသူ အမည်မဖော်လိုသူ တစ်ဦးထံမှ သိရသည်။

အမျိုးသမီးထုအတွက် လမ်းစလေလား

စစ်အစိုးရမှ အရပ်သားအစိုးရသို့ ကူးပြောင်းပြီးနောက် နိုင်ငံ၏ အမြင့်ဆုံးအုပ်ချုပ်ရေး အစိုးရအဖွဲ့အတွင်း အမျိုးသမီး ပြည်ထောင် စုဝန်ကြီးနှင့် ဒုဝန်ကြီး ခြောက်ဦးတို့အား ခန့်အပ်လိုက်ခြင်းက အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုလိုက်ခြင်း၏ ခြေလှမ်းသစ်ဖြစ်ကြောင်း သုံးသပ်သူတို့က ဆို သည်။
    မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ အစိုးရအဖွဲ့တွင်း၌ ပထမဆုံးဖြစ် လာသည့် ပြည်ထောင်စု အဆင့် အမျိုးသမီး ၀န်ကြီးတစ်ဦး စက် တင်ဘာ (၇)ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြည်ထောင်စုဝန် ကြီးများ ကတိသစ္စာပြုသည့် အ ခမ်းအနားမှစ၍ တွေ့မြင်ခဲ့ရကာ ထိုမတိုင်မီကလည်း ပြည်ထောင် စု၏ ဒုတိယဆင့် အစိုးရအဖွဲ့ဖြစ် သော ဒုတိယ၀န်ကြီးအဆင့်တွင် အမျိုးသမီးဦးရေ ငါးဦးထိ ပါဝင် လာခဲ့သည်။

ငြိမ်းချမ်းရေးကိစ္စ သမ္မတကြီးထံ UNFC စာပေးပို့

  အစိုးရမှ လက်တွေ့အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးေ ဖ်ာဆောင်ရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာသည့် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က နိုင်ငံရေးပြဿနာများကိုဆွေးနွေးဖြေရှင်းနိုင်ရေးကိစ္စ ပန်ကြားသည့်ပေးစာတစောင်ကို သမ္မတကြီးဦးသိန်းစိန်ထံ ယမန်နေ့က ပေးပို့လိုက်ပါသည်။ အပြည့်အစုံဖ တ်ရှုနိုင်ရန်ေ အာက်ပါအ တိုင်း ဖော်ပြလိုက်ရပါသည်။

RCSS/SSA စစ်ကြောင်းနောက် အစိုးရတပ်နောက်ယောင်ခံလိုက်နေ

RCSSSSA_soldiersသျှမ်းပြည်တောင်ပိုင်းအတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA သွားလာလှုပ်ရှားရာလမ်း တလျှောက် အစိုးရတပ်က နောက်ယောက်ခံ လိုက်နေကြောင်း ဒေသအတွင်းတပ်မှူးတဦးများက ပြောပါသည်။

၂၀၁၂ မော်ဒယ် ကားအမျိုးအစားများ တင်သွင်းခွင့်ရတော့မည်ဟု သတင်းများထွက်ပေါ်

၂၀၁၂ မော်ဒယ်ကားအမျိုးအစားများ တင်သွင်းခွင့်ရတော့မည်ဟု ကာအကျိုးဆောင်အသိုင်းအ၀ိုင်း တွင် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း ကားပွဲစားများထံက သိရသည်။
 
ယခင်က ကားတင်သွင်းရာတွင် ၂၀၀၇ မော်ဒယ်မှ ၂၀၁၁ မော်ဒယ်အထိသာ တင်သွင်းခွင့်ရခဲ့ပြီး၊ ယခု ၂၀၁၂ မော်ဒယ်များတင်သွင်းခွင့်ရလျှင် အသစ်ဈေးနှုန်းဖြင့် တင်သွင်းခွင့်ရမည်ဖြစ်ကြောင်းကိုလည်း ပြောဆိုနေကြသည်။

ဆက်ကြေးတိုးကောက်၍ ထုံးဈေးမြောက်နေ

ရှမ်းမြောက်တွင် တောတွင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်ကြေးအခွန် တိုးမြှင့်ကောက်ခံမှုများ နှင့် လောင်စာ ထင်းဈေး မြင့်တက် လာမှုများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးထုံးဈေးမှာ မြင့်တက်လာ ကြောင်း ထုံးလုပ်ငန်းရှင်များထံက သိရသည်။

အာစီယံနိုင်ငံများတွင်နေထိုင်သော သတင်းထောက်များ အလိုရှိ

အာစီယံနိုင်ငံများမှ သတင်းများကို  ဖော်ပြနိုင်ရေးအတွက် မြစ်မခ မီဒီယာမှ အာစီယံနိုင်ငံများ တွင်နေထိုင်သော သတင်းထောက်များ အလိုရှိ လျက်ရှိပါသည်။
( အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူ များ၊ အလွတ်သတင်းထောက်အဖြစ် သတင်းရေးသားေ ပးပို့နိုင်သူများ…)

ဖားအံမြို့တွင် ဖွင့်လှစ်မည့် ဆက်ဆံရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ကြေညာချက်ထုတ်။

မြန်မာအစိုးရနှင့် တွေ့ဆုံရန် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ အပါအ၀င် အဖွဲ့ဝင် ၃၁ဦးနှင့်အတူ ကရင်ပြည်နယ်၊ဖားအံမြို့သို့ ထွက်ခွာသွားသည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ခရီးစဉ်နှင့် ပတ်သက်၍ တစုံတရာ မသိရှိကြောင်း ကေအဲန်ယူ ဗဟိုဌာနချုပ်က စက်တင် ဘာလ ၂၇ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်တွေတွင် ရခိုင်ကလေးငယ် ပျောက်ဆုံးရာမှ အခြေအနေ တင်းမာ(ဓါတ်ပုံ-TheVoiceWeekly)-


မိမိသည် ပြယုဂ်တစ်ခု မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မန်ဆာချုးဆတ်၊ စက်တင်ဘာ - ၂၈
အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာအလည်အပတ်ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နာမည်ကျော် ဟားဗတ်တက္ကသိုလ်ရှိ Kennedy School of Government ကျောင်းသို့သွားရောက်၍ တက္ကသိုလ်ကျောင်းသားများအားမိန့်ခွန်းပြောကြားရာတွင် မိမိသည် ပြယုဂ်တစ်ခု မဟုတ်ဟု ပြောကြား လိုက်ကြောင်း ရိုက်တာသတင်းတွင
်ဖော်ပြထားသည်။

စစ်တွေ နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်၊ စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီရပ်ကွက်အတွင်းသို့ ရောက်ရှိပြီး ပျောက်ဆုံးသွားသည်ဟု သတင်းထွက်ပေါ်ခဲ့သော ကလေး၏ အမည်မှာ မောင်အောင်နိုင်ဦး၊ (အဘ ဦးစောမောင်) အသက် ၁၂ နှစ် ခန့်ဟု သိရပြီး လက်ရှိအချိန်တွင် ၄င်းနေထိုင်ရာ ကျေးရွာဖြစ်သော ကျေးတောပိုက်ဆိပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိနေပြီဟု တာဝန်ကျရဲများက ပြောကြားထားပြီး ကလေးကို ပြည်သူများရှေ့သို့ ခေါ်လာပြရန် သွားရောက်ခေါ်ဆောင်နေသည်ဟု ပြောဆိုထားကြောင်း သိရသည်။

-------------------------------------------- 
မောင်အောင်နိုင်ဦးအား မိခင်ဖြစ်သူနှင့်အတူ ခေါ်၍ ပြသခဲ့သဖြင့် လူအုပ်စု ကွဲသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။
From-Hmuu zaw Facebook

အမျိုးသားများ အတွက် သီးသန့်

ယောက်ကျာင်္လေးများ ဖတ်ဖြစ်အောင်ဖတ်ပါ ဒီဗေဒင်ဟောကိန်းလေးက အမျိုးသားတွေအတွက် သီးသန့်ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတဲ့ မေးခွန်းလေးက အမျိုးသား လူလွတ်တို့ အသိချင်ဆုံး မေးခွန်းလေးပါ။

မြန်မာကားတွေမှာ သရုပ်ဆောင်တဲ့ စပါးကြီးမြွေမောင်နှမ

ရန်ကုန်ကနေ သံလျင်သွားရင် သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်မှာ ထူးခြားတဲ့မြင်ကွင်း တခု တွေ့ရတတ်ပါတယ်။
အဲဒါကေ တာ့ ဆံပင်ရှည်ရှည် လူတယောက်နဲ့ သူ့ရဲ့ စပါးကြီးမြွေတွေပါပဲ။

အစိုးရနှင့် UNFC ဒီဇင်ဘာတွင် တွေ့ဆုံရန်ရှိ

ညီညွတ်သောတိုင်းရင်းသားများလူမျိုးများကောင်စီ(UNFC) နှင့် အစိုးရ၏ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းတို့လာမည့်ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် တွေ့ဆုံရန်ရှိသည်ဟု UNFC ကပြောသည်။

၂၇ - ၀၉- ၁၂ မှ ၃- ၁၀ - ၁၂ အထိ ၇ ရက်သားသမီးဗေဒင် ဒေါက်တာထွန်းလင်း ( ဘုတလင်)

တနင်္ဂနွေ
     မပြီးပြတ်သောကိစ္စများပြီးပြတ်မည်။မျှော်လင့်ချက်များအောင်မြင်မည်။ရည်ရွယ်ချက်ရှိပြီး မဆောင်ရွက်ရသေးသောအလုပ်များလုပ်ဖြစ်မည်။အတိုက်အခံတခုပေါ်မည်။ကျော်လွှားနိုင်မည်။တွေးခေါင်ပူပင်မှုတို့ ရှိမည်။မင်္ဂလာဆောငလက်ထပ်ရန်စီစဉ်မှုတို့ရက်ရွေးမှုတို့ရှိမည်။စက၊ရွှေမြေတို့ရမည်။ အလုပ်ပြောင်းလဲမှု ဖြစ်မည်။ ရာထူးတိုး လစာတိုးမည်။
 
အကျိုးပေးဂဏန်း         - ၁၊ ၅၊ ၃။
အထူးဟော               - မင်္ဂလာသတင်းတခုကြားရမည်။
ယတြာ                     - အိမ်ဘုရားကို တနင်္ဂနွေနေ့တွင် အအေးလှူ၍ ဆုတောင်းပါ။

လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှုခံနေရသည့် ဧရာဝတီတိုင်း

ဧရာဝတီတိုင်းလွှတ်တော်အတွင်း အဆိုတင်သွင်းမေးမြန်းခဲ့သော လွှတ်တော်ကိုယ်စားလှယ်အချို့မှာ စစ်ဆေးမေးမြန်းမှုများနှင့်ကြုံတွေ့ ခဲ့ရသည်ဟု တိုင်းလွှတ်တော်ဥက္ကဌဦးဆန်းဆင့်က ဆိုသည်။
စက်တင်ဘာလ(၂၄)ရက်နေ့ ဧရာဝတီတိုင်းတိုင်း လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းလွှတ်တော် အထူးကိစ္စ ရပ်များဆိုင်ရာအစည်းအဝေးတွင် တိုင်းလွှတ်တော်ဥက္ကဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ အမေရိကန်နိုင်ငံရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉ရက်တွင် ကွင်းစ်ကောလိပ်ရှိ Rosenthal စာကြည့်တိုက် တွင် ပြုလုပ်သွားမည်ြ

နိုင်ငံတော်သမ္မတနှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင်ရောက်ရှိနေ သည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် အမေရိ ကန်နိုင်ငံရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉ရက်တွင် ကွင်းစ်ကောလိပ်ရှိ Rosenthal စာကြည့်တိုက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးထံမှ သိရသည်။

လျှပ်စစ်စွမ်းအင် အမြန်ပြင်ဟု ADB တိုက်တွန်း

ဒီနှစ်လယ်လောက်တုန်းက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ လျှပ်စီးမီးပုံမှန်ရဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ် (ဓာတ်ပုံ- Reuters)
နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကလိုအပ်ချက် တခုဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံထဲ မှာ အဆီအငေါ် မတဲ့ဖြစ်နေတာတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank – ADB) က ထောက်ပြ ပြောဆိုလိုက်ပါပြီ။

တရုတ်နိုင်ငံလုပ် မီးပုံးဈေးကွက် ကောလင်းမှာနေရာယူပြီ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တွင် သီတင်းကျွတ် နီးလာသည်နှင့် ပွဲတော်ကာလ အတွင်း ထွန်းညှိပူဇော်ကြရန် ဈေးကွက်မှာ မီးပုံးပျံ၊ မီးပုံးများ နေရာယူလာကြသည်။ ယခင်က နေအိမ်အဆောက်အဦ များတွင် ဆီမီးရောင်စုံ လျှပ်စစ်မီးလုံးကလေး များ၊ ဆီမီးဖယောင်းတိုင်များဖြင့် သာ မီးပူဇော်ကြေ လ့ရှိသည်။ နှစ် စဉ် မြို့တွင်းလှည့်လည်ကြသော လက်ပန်ကွေ့၊ ခွင်တောင်း ဆီမီး

တရုတ်နိုင်ငံလုပ် ပျားရည်အတုများ၏ အန္တရာယ်

မြန်မာနိုင်ငံ ပျားလုပ်ငန်း အသင်းက အိမ်နီးချင်းတရုတ်နိုင်ငံ  မှ တင်သွင်းသော ပျားရည်အတု  များတွင် တားမြစ်ဆေးများပါဝင် နေကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။
ဤကိစ်္စနှင့်ပတ်သက်၍ မွေး မြူရေးနှင့်ရေလုပ်ငန်းကြီးဌာနက   စိစစ်နေဆဲတွင် တစ်ဖက်နိုင်ငံမှ ထိုးဖောက်ဝင်ရောက်လာသော ပျားရည်အတုများပြဿနာကို မကြီးထွားမီ သူ့စည်းကိုယ့်စည်း  ကြပ်မတ်ဆောင်ရွက်သင့်ပါသည်။

ဆက်သွယ်ရေးလုပ်ငန်း ကျေးလက်ဒေသအထိ ကွန်ရက်ဖြန့်ကျက်ဖို့လို

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ ဆက်သွယ်ရေး   စာတိုက်တစ်ခု၊စာတိုက်ရှေ့ရှိ စာ တိုက်ပုံးတစ်လုံး ၊မြန်မာ့မီးရထား ဆက်သွယ်ရေးစာတိုက်(ဘူတာ)   နယ်မြေတွင် စာတိုက်တစ်ခု၊ည  (၆)နာရီထိ သိမ်းဆည်းသော စာ တိုက်ပုံးတစ်ပုံးသာရှိသည်။

နိုင်ငံတော် သမ္မတကြီး၏ (၆၇) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်း

အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား -
အဆွေတော်အား ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ် တင်မြှောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ဆားဘီးယား နိုင်ငံနှင့် မြန်မာနိုင်ငံ တို့ ဟာ ကာလရှည်ကြာ စွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းအကြောင်း ပါတဲ့ ဟောပြောပွဲ

အမေရိကန် ပြည်ထောင်စုကို ရောက်နေ သည့် မြန်မာ့ဒီမိုကရေစီေ ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယေး တက္ကသိုလ်မှာ တရားဥပဒေ စိုးမိုးရေးအကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ဟောပြောခဲ့ ပါတယ်။ 
ဒီဟောပြောမှုထဲမှာ ဒီပဲယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်တော် ပြောဆိုသွားခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတ ခု ဖြစ်နေမှာမို့ ဖော်ပြပေးလိုက်ပါတယ်။ 

ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်က ရှားခဲရွာ ဆားကင်ချောင်လမ်းနေ ကိုတလုပ်သည် ရှာခဲကြီး၊ ရှားခဲလေးအင်းအနီး မိသားစုဝင်များဆီအသွား ၀ိုင်းဝိုင်းလည်ဝါးကုန်ထုတ်သမအသင်းဘက်မှ လူ ၂၀ ခန့်သည် ၀ိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ထိုးရာ ဒဏ်ရာရရှိခဲ့ပြီး မိသားစုဝင်များမှ ဟင်္သာတဆေးရုံသို့ တင်ပို့ရန်အသွားတွင် နိဗ္ဗာန်ကျေးရွာအနီးတွင် သေဆုံးသွားကြောင်း သိရသည်။

အီတလီနိုင်ငံ Crotone ကမ်းခြေသို့ လူဦးရေ ၄ဝ ပါ ရွက်သင်္ဘောတစင်း တရားမဝင် ဆိုက်ကပ်ရောက်ရှိလာပြီး ထိုအထဲတွင် မြန်မာမိသားစု တစု ပါဝင်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အီတလီနိုင်ငံ Crotone ကမ်းခြေသို့ လူဦးရေ ၄ဝ ပါ ရွက်သင်္ဘောတစင်း တရားမဝင် ဆိုက်ကပ်ရောက်ရှိလာပြီး ထိုအထဲတွင် မြန်မာမိသားစု တစု ပါဝင်သည်ဟု အီတလီ အခြေစိုက် AGI သတင်းတရပ် တွင် ရေးသားထားသည်။ ကြာသပတေး နံနက် အရုဏ်ဦးအချိန်တွင် ဆိုက်ကပ်လာသော အဆိုပါလှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစု ပါဝင်ပြီး ဆီးရီးယားနိုင်ငံမှ တဦး၊ ကာဒ်လူမျိုး နှစ်ဦးနှင့်အတူ မိခင်၊ ဖခင်နှင့် ကလေးနှစ်ဦး ပါဝင်သည့် မြန်မာမိသားစု တစုလည်း ပါဝင်သည်ဟု ဆိုသည်။ ၎င်းတို့အား အီတလီရဲတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများက တွေ့ရှိခဲ့ပြီး Sant'Anna ကြိုဆိုရေးဌာနသို့ ပို့ဆောင်ထား
ကြောင်း သိရှိရသည်

မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှု လတ်တလောအမောများ


စိတ်စောခြင်းလော၊ လူနှေးခြင်းလော
အစိုးရသစ်တာဝန်ယူသည့်ကာလမှ ယခုအချိန်ထိဆိုလျှင် တစ်နှစ်ခွဲနီးပါးအချိန်ရှိခဲ့ပြီ။ အတိတ်ကာလများက အကျပ်အတည်းပေါင်းများစွာနှင့် တုံ့ဆိုင်းနေခဲ့သော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများသည် အချိန်တိုအတွင်းမှာပင် အပြောင်းအလဲများစွာဖြင့် လှုပ်လှုပ်ရှားရှားရှိနေခဲ့သောကြောင့် စိတ် ဝင်စားဖွယ်ကောင်းသည်ဟု ဆိုရမည်။
နိုင်ငံတကာအစိုးရများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ပြုပြင်ပြောင်းလဲမှုအောက်တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအခွင့်အလမ်းများကို မျက်လုံးဒေါက်ထောက် ကြည့်နေကြသည်။

လက်သမားနှင့် ပန်းရံများအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များပေးရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၂၆။
နိုင်ငံတကာ ရင်းနှီးမြှပ်နှံမူများ ဝင်ရောက်လာပါက အခြေခံအလုပ်သမားများ ထိုက်သင့်သော လစာနှုန်းထားများရန်အတွက် လက်သမားနှင့် ပန်းရံများအတွက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိအောင် နိုင်ငံတကာ အလုပ်သမားကိုယ်စားလှယ်များက အောက်တိုဘာလတွင် လာရောက် စီစဉ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားများအရေးဆောင်ရွက်နေသူ ဦးအေးချိုက ပြောကြားသည်။

မိုးသီးဇွန်အဖွဲ့ တစ်ပတ်ထပ်မံနေထိုင်ရန် သက်ဆိုင်ရာဝန်ကြီးများအား တောင်းဆိုထား

မိုးသီးဇွန်နှင့် ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင် ၉ ဦးတို့ မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၅ ရက်နေ့ထိ ဆက်လက်နေထိုင်မည်ဖြစ်ကြောင်း မိုးသီးဇွန် က ပြောသည်။
မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၈ ရက်နေထိုင်ခွင့်ရရှိခဲ့ကြောင်းနှင့် ၁ပါတ် ထပ်မံနေထိုင်နိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးများသို့တောင်းဆိုထားကြောင်း သိရသည်။

ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးတွင် ဒေသခံ အချို့နှင့် သမအဖွဲ့ဝင်အချို့ တို့ ပဋိပက္ခ ဖြစ်ပွား

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးတွင် ဒေသခံ အချို့နှင့် သမအဖွဲ့ဝင်အချို့ တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများနှင့် အတူ သေဆုံးမှုအချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့များမှ ထိန်းသိမ်းလျက်ရှိနေပါသည်။

“အာဏာဆန်တဲ့ တရားစီရင်ရေး မဖြစ်ဖို့ အရမ်း အရေးကြီး လာပြီ”

စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့သော တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရေး အတွက်
ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီက ရန်ကုန်မြို့ရှိ တရားရုံးများနှင့် အချုပ်ခန်းများအား လိုက်လံစစ်ဆေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အတွက် လက် တွေ့ ကျသော လုပ်ဆောင်ချက် တချို့ကို ဆောင်ရွက်လာပြီ ဖြစ်သည်။

ငယ်ရွယ်သူများကို NLD ပါတီတွင် ခေါင်းဆောင် စေချင်ကြောင်း ဦးဝင်းတင်ပြော

NLD ပါတီခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင် (ဓာတ်ပုံ – NLD ဝက်ဘ်ဆိုက်)
အနာဂတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များ၏ အသက်အရွယ်ကို အကြီးဆုံး ၅၀ နှစ်အထိ သတ်မှတ်ရန် အစီအစဉ်ရှိကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်က ပြောကြားလိုက်သည်။
“အနာဂတ် ပါတီခေါင်းဆောင် တွေရဲ့ အသက်အပိုင်း အခြားကို အောက်ချပြီး သတ်မှတ်ဖို့ရှိတယ်။ လက်တွေ့ ဘယ်လောက် ဖြစ်လာမလဲ ဆိုတာတော့ ကျနော်တို့ ညီလာခံ အပြီးမှ သိမယ်” ဟု သူက ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ စာအုပ် ပြန်လည် ထုတ်ဝေ

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော (ဓာတ်ပုံ-ဗမာပြည် ကွန်မြူနစ် ပါတီက ထုတ်ဝေသည့် အရေးတော်ပုံ ဂျာနယ် မှ)
မြန်မာနိုင်ငံတွင်း၌ နှစ်ပေါင်းများစွာ ပိတ်ပင်ထားသည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ စာအုပ်များ ပြန်လည် ၍ စတင် ထုတ်ဝေခွင့်ရပြီ ဖြစ်သည်။
ပထမဆုံး ထုတ်ဝေလိုက်သည့် စာအုပ်သည် “အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ” ဖြစ်ပြီး နေရီရီ စာအုပ်တိုက်မှ ဖြန့်ချိ ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

“ကန်-မြန်မာဝန်ကြီးအဆင့် ဆွေးနွေးပွဲ အောက်တိုဘာလအတွင်း ကျင်းပရန်ရှိကြောင်း သိရ”

အမေရိကန်-မြန်မာ ၀န်ကြီးအဆင့် အပြန်အလှန် ဆွေးနွေးပွဲတစ်ခု ကို အောက်တိုဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်တွင် ကျင်းပပြုလုပ်
မည်ဟု သတင်းရရှိသည်။

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ အမေရိကန်သူဌေးကြီး ဂျော့ ဆိုးရော့

From-BBC

KIA မှ ဖားကန့် - မြစ်ကြီးနားလမ်း ပိတ်ထားမှုအား ဗမာစစ်ကြောင်းများ ရှင်းလင်းမည်

စက်တင်ဘာလ(၂၈)
KIA အဖွဲ့သည် စက်တင်ဘာလ(၂၅)ရက်နေ့မှစတင်၍ဖားကန့်မြို့သို့သွားလာနိုင်သည့် အဓိကလမ်းဖြစ်သော မိုးကောင်း - ဖားကန့်လမ်းရှိ ကားအသွားအလာကို ဖားကန့်နဲ့(၁၀)မို
င်ခန့်ဝေးတဲ့ နန့်တိန်တွင် ဖားကန့်မှ ဆင်း လာမည့် ကားများအား ပိတ်ထားကြောင်း သိရပါတယ် ။ဖားကန့်မြို့ဟာ ကျောက်စိမ်းတူးေ ဖ်ာရေး လုပ်ငန်းများလုပ်ကိုင်ရာ အဓိကမြို့တော်ဖြစ်ပြီး ပွင့်လင်းရာသီတွင် လူဦးရေ(၅) သိန်းခန့် နေထိုင်တဲ့မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ကြွေးဟောင်းများဆပ်ရန် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ဂျပန်ချေးမည်

တိုကျို၊စက်တင်ဘာ ၂၇
ယခင်က အထီးကျန်နိုင်ငံအဖြစ်မှ အရပ်သားအစိုးရသစ်လက်ထက်တွင် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြှင့်ရရှိလာသော မြန်မာနိုင်ငံအနေဖြင့်ကြွေးဟောင်းများဆပ်နိုင်ရန် ဂျပန်ဘဏ်များက အမေရိကန်ဒေါ်လာ သန်း ၁ ထောင်ချေးငွေများပေးအပ်မည်ဟု ကတိပြုလိုက်ကြောင်း အစီရင်ခံစာတစ်ခုကို ကိုးကား၍ CNA သတင်းတွင်ဖော်ပြထားသည်။

စစ်တွေက အကျင့်ပျက် ဆက်သွယ်ရေးဝန်ထမ်းများ အင်တာနက်လျှောက်ခ ပိုတောင်းယူနေ

စစ်တွေမှာ အင်တာနက်လိုင်းလျှောက်ရင် ငွေ ၁၂၀၀ ကျပ်ပေးရပြီး တစ်ချို့ကို ၁၃၀၀၀ ကျပ်တောင်ယူတယ်လို့သိရပါတယ်။ တကယ်တော့ နိုင်ငံတော်က သတ်မှတ်ထားတာကတော့ ၁၀၀၀၀ ကျပ်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေက နောက်နေ့ကျ ရင် လိုင်းပွင့်အောင်လုပ်ပေးမယ်ဆိုပြီး တောင်းယူထားတာပါ။ တစ်ချို့ကတော့ ဘာမှ မသိဘူး ပေးရမယ်ဆိုတာနဲ့ပေးလိုက်ရတာရှိပါတယ်။

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

ထိုင်းမူဆလင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Shopping Mall တခုရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်
 အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

မြန်မာ သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြုပြင်ပြောင်းလဲရေး အလေးပေးပြော

ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်ဟာ မြန်မာအစိုးရအကြီးအကဲတဦး အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အခု မကြာခင်အချိန်အတွင်းမှာ မိန့်ခွန်း စကား ပြောခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာ ဘယ်အချက်တွေ ဘယ်အကြောင်းအရာတွေကို အဓိကထား ပြောသွားသလဲ စောင့်ကြည့် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန် အမေရိကန် စီးပွားရေးအသိုင်းအဝိုင်းနဲ့တွေ

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလမိန့်ခွန်းပြောခဲ့ပြီး နောက်ပိုင်း အစီအစဉ်တွေကို နယူးယောက်မြို့မှာ ဗွီအိုအေမြန်မာပိုင်း ဌာနမှုး ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ပါတယ်။
စက်တင်ဘာလ ၂၇ရက်နေ့ မနက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောခဲ့ပြီးတဲ့နောက်ပိုင်းမှာ နောက်ထပ် ဘာအစီအစဉ်တွေ လုပ်ခဲ့သလည်း ဆိုတာကို နယူးယောက်မြို့မှာ ကိုယ်တိုင် သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်းကို အခုလိုဆက်သွယ်မေးမြန်းထားပါတယ်။