အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင် နဲ့ မေးခွန်းများအင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေရဲ့ စည်းရုံးရေး အတော် ခရီးရောက်နေပြီလား။ ညီလာခံလုပ်မယ်ဆိုကာမှ အချင်းချင်းတွေကြား ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ ကြားနေရတယ်။၁၉၈၈ နောက်ပိုင်း၊ ပါတီကို ထူထောင်ပြီးနောက်မှာ ပါတီညီလာခံတွေ လုပ်ဖို့ ကျိုးစားခဲ့တယ်။ အဲဒီလုပ်ငန်းတွေကို စစ်အစိုးရက ဖြိုခွဲတားဆီးခဲ့တယ်။ ပါတီ ညီလာခံလိုင်းတွေ မအောင်မြင်ခဲ့တော့ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ပဲ ဆက်ပြီး ဦးဆောင် မှုပေးပြီးလုပ်ခဲ့ရတယ်။ အဲသည်နောက်က ပါတီဝင်တွေက ရှိပြီးသား စုဖွဲ့မှုနဲ့ပဲ နောက်ကလိုက်ကြရတယ်။