Thursday, December 24, 2015

လာမည့်နှစ်တွင် အီးယူနှင့် သဘောတူညီမှုအသစ် ရရှိမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြောကြား



ဥရောပခေါင်းဆောင်များထိပ်သီးဆွေးနွေးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ်နှင့် ဂျာမနီအဓိပတိတို့ကို တွေ့ရစဉ်။(ဓာတ်ပုံ-reuters)
ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ (အီးယူ)ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဗြိတိန်နိုင်ငံအနေဖြင့် ၂၀၁၆ အတွင်း အီးယူ နှင့် ဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲသွားမည်ဟု ပြောကြားလိုက်သည်။
လူထုဆန္ဒခံယူပွဲ ကျင်းပကာ ဗြိတိန်ပြည်သူများသို့ချပြမည့် ၎င်းလိုလားသော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခွင့်ရရေးတစ်ဆင့် နီးလာပြီဟု ဒေးဗစ်ကင်မရွန်း က ပြောသည်။၎င်းမျှော်လင့်ထားသကဲ့သို့ ဖေဖော်ဝါရီတွင် သဘောတူညီမှုရရန် အမှန်တကယ်ခက်ခဲမည်ဖြစ်သော်လည်း လာမည့်နှစ်၌ သဘောတူညီမှုရလိမ့်မည်ဟု ကင်မရွန်းက ပြောသည်။

ကျွန်လုပ်သားပြဿနာများရှိသော်လည်း အောင်ပွဲခံနေသည့် ထိုင်းပင်လယ်စာလုပ်ငန်းများ

အဓမ္မခိုင်းစေခံ ကျွန် လုပ်သားများကို အ သုံးပြုနေကြောင်း ဖော်ထုတ်တွေ့ရှိသဖြင့် အကြီး အကျယ် နာမည်ပျက်ခဲ့သည့်တိုင် ထိုင်းနိုင်ငံ၏ ပင်လယ်စာ ပို့ကုန်လုပ်ငန်းသည် အရှိန်မပျက် ဆက်လက် အောင်ပွဲခံနေဆဲ ဖြစ်သည်။
ထိုင်းငါးဖမ်းလှေများတွင် ကျေးကျွန်သဖွယ် ရက်ရက်စက်စက် ခိုင်းစေခံရသည့် ကျွန်လုပ်သားများ၏ ဘဝကို မီဒီယာများက ဖော်ထုတ် ရေးသားခဲ့သည့်နောက် ထိုကိစ္စသည် တစ်ကမ္ဘာလုံးကို အကြီးအကျယ် ဂယက်ရိုက်ခဲ့သည်။

ဆိုမာလီယာနှင့် ဘရူနိုင်းတို့တွင် ခရစ္စမတ်ပွဲတော် ကျင်းပခွင့် တားမြစ်ပိတ်ပင်

ဆိုမာလီယာနှင့် ဘရူနိုင်းနိုင်ငံများတွင် ခရစ္စမတ်ပွဲတော်ကို အကျဉ်းချုံး အနေအထားမျိုးထက် ပိုမိုစည်စည်ကားကား မကျင်းပရန် ပိတ်ပင်တားဆီးထားကြောင်း သိရသည်။
ဆိုမာလီယာနှင့် ဘရူနိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ၏ နေအိမ်များတွင် ခရစ္စမတ်ပွဲတော်ကို အလွန်ခမ်းနားစွာ ပြင်ဆင်ကျင်းပရန် အစီအစဉ် ရှိမရှိကို ရဲများက လိုက်လံစစ်ဆေးနေကြသည်။ အဆိုပါ နိုင်ငံများတွင် ခရစ်ယာန်ဘာသာရေး၏ အထင်ကရ နေ့တစ်နေ့ဖြစ်သည့် ခရစ္စမတ်နေ့ကိုလည်း အားလပ်ရက်အဖြစ် မသတ်မှတ်ရန် တားဆီးထားသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မြို့ ၁၀ မြို့တွင် လေထုညစ်ညမ်းမှု အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားရ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် မီးခိုးမြူများ ထူထပ်စွာဖုံးလွှမ်းနေခြင်းကြောင့် အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားရကြောင်း သိရသည်။နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့ ၁၀ မြို့တို့တွင် ဒေသခံများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်ထဲမှ မထွက်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ညွှန်ကြားထားသည်။ ပြီးခဲ့သည့် သီတင်းပတ် ကတည်းက တရုတ်နိုင်ငံဒေသအများအပြားတွင် လေထုညစ်ညမ်းမှုများနှင့် ကြုံရနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။

လိပ်ကျွန်းလူသတ်မှု စီရင်ချက် တရားမျှတသည်ဟု ယုံကြည်ကြောင်း သေဆုံးသူ မိသားစု ထုတ်ပြန်

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး တရားရုံး၏ အပြီးသတ် စီရင်ချက်သည် တရားမျှတမှု ရှိသည်ဟု ယူဆကြောင်း သေဆုံးသူ ဒေးဗစ်မီလာ၏ မိသားစုက ကြေညာခဲ့သည်။
တစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် စစ်ဆေးမှုအတွက် အပြီးသတ် စီရင်ချက်ကို ဒီဇင်ဘာ ၂၄ ရက်တွင် ချမှတ်ခဲ့ရာ မြန်မာ ရွှေ့ပြောင်းလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝေဖြိုးတို့တွင် ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပြီး သေဒဏ် ချမှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက လူသတ်မှုတွင် မြန်မာလုပ်သား နှစ်ဦးသည် မီလာကို သတ်ဖြတ်ပြီး ဟန်နာဝစ်သာရစ်ဂ်ျကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့သည်။

မန္တလေးရှိ သဲထုတ်လုပ်ရေး လုပ်ငန်းများ ရောင်းအားကျဆင်း

၂၀၁၅ တွင် ဆောက် လုပ်ရေးလုပ်ငန်းများ၌ အသုံးပြု သည့်သဲများ ရောင်းအားကျဆင်း ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ရောင်းအားကျဆင်း လျက်ရှိကြောင်း မန္တလေးမြို့ ဂေါ ၀ိန်ဆိပ်ကမ်းအနီးရှိ သဲထုတ်ယူ ရောင်းချနေသည့် လုပ်ငန်းများမှ သတင်းရရှိသည်။‘‘အရင်နှစ်တွေက တစ်နေ့ ကို သဲကျင်းလေးဆယ်၊ ငါးဆယ် အထိ ရောင်းရတယ်။ အခုက တစ်နေ့ကို သဲကျင်း နှစ်ဆယ် လောက်ပဲ ရောင်းရတယ်။ ရောင်း အားတွေက ထက်ဝက်နီးပါးကို ကျလာတာ။ ဈေးကတော့ သိသိ သာသာ အတက်အကျမရှိပါဘူး။ ၀ယ်မယ့်သူနည်းလာတာပဲ’’ ဟု မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်း ဂေါဝိန်ဆိပ်ကမ်းအနီးရှိ သဲထုတ် လုပ်ရောင်းချသူတစ်ဦးက ပြော သည်။ နှစ်စဉ် ၀ါဆို၊ ၀ါခေါင်လများ တွင် မြစ်ရေတက်သည့်အတွက် သဲရှားပါးပြီး ဈေးကောင်းရခဲ့သော်လည်း ယခုနှစ်၌ သဲရှားပါးသည့် ဇွန်လမှ စက်တင်ဘာအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများမှ ၀ယ်ယူမှုသိသာစွာလျော့ကျလာကြောင်း သဲထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

ထိုင်းသံရုံးရှေ့၌ လုံခြုံရေး တိုးမြှင့်ချထား

ဒဂုံမြို့နယ်၊ မနော်ဟရီလမ်းပေါ်ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ယနေ့ မနက် ၁၁ နာရီခန့်မှစ၍ လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရသည်။လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲခံမြန်မာ ၂ ဦးကို ယနေ့ သေဒဏ်ချမှတ်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် အပြင်းအထန် ဝေဖန်မှုများဖြင့် သောသောညံနေပြီး မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်တွင် ထိုင်းသံရုံးရှေ့၌ ဆန္ဒပြရန် စုစည်းလှုံဆော်မှုများလည်း ရှိနေသည်။

မြန်မာပြည်မှာ အမှိုက်တွေလာမပုံပါနဲ့

ပြီးခဲ့သည့်လများက ရန်ကုန်ဆိပ်ကမ်းတွင် ပြည်ပနိုင်ငံများ၌ အသုံးပြုပြီးသော အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ သယ်ဆောင်လာသော ကွန်ပျူတာ၊ လျှပ်စစ်ပစ္စည်းများမှ ထွက်ရှိသည့် ဆားကစ်ပြားအဟောင်းကဲ့သို့သော အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများပါဝင်ကာ ထိုပစ္စည်းများမှာ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်ပျက်စီး နိုင်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်၍ ညွှန်ကြားခဲ့သည်။
ထိုအီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများသည် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသဖြင့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း (Hazardous Waste) ဟု သတ်မှတ်ထားရာ နိုင်ငံတကာကွန်ဗင်းရှင်းများတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံတင်ပို့ရန် တားမြစ်ထားသည့် ပစ္စည်းများလည်းဖြစ်သည်။