Tuesday, November 3, 2015

ဓါးခုတ်ခံရသူ ဦးနိုင်ငံလင်း ဆိုက္ကားအစီး ၅၀၀ ဖြင့် မနက်ဖြန် မဲထပ်ဆွယ်မည်

 သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရာမှ ဓါးခုတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အမတ်လောင်းလည်းဖြစ်၊ လက်ရှိပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သည့်  ဦးနိုင်ငံလင်း က နိုဝင်ဘာ ၄ ရက်တွင် ယင်းမြို့နယ်အတွင်း ဆိုက္ကားအစီးရေ ၅၀၀ နှင့်အတူ မဲဆွယ်စည်းရုံးရေး ထပ်မံပြုလုပ်မည်ဟု ၄င်း၏ ဇနီး ဒေါ်ခင်စန္ဒာဝင်း က မဇ္ဈိမကို အတည်ပြုသည်။

"လမ်းလျောက်နိုင်တယ်။ ဆရာဝန်ကလည်း အလုပ်ဖြစ်လို့ ခွင့်ပြုပါတယ်။ တစ်ချို့လက်ချောင်းတွေတော့ လှုပ်လို့ မရသေးဘူး။ ဒါပေမယ့် မဲဆွယ်ဖို့ကလည်း ၂ ရက်ပဲ ကျန်တော့တယ်။ ကိုနိုင်ငံလင်းကလည်း ထပ်လုပ်ချင်လို့ မနက်ဖြန် မဲဆွယ်စည်းရုံးရေးထပ်ဆင်းမှာပါ။" ဟု ၄င်းကပြောသည်။

နေပြည်တော်ကောင်စီ ရှစ်မြို့နယ် နိုင်ငံခြားရောက် ကြိုတင်မဲ လွှဲပြောင်း

နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်မှ နိုင်ငံပြင်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင် များ၏  ကြိုတင်မဲဆန္ဒပြုပြီး မဲလက်မှတ်များကို   ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီဌာနမှ ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ နိုဝင်ဘာ ၂ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒပြုပြီး လက်မှတ်အရေအတွက် (၈၀၂) စောင် လွှဲပြောင်းပေးအပ်မှုအား ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်က လက်ခံခဲ့ကြောင်း ယင်းအဖွဲ့ခွဲရုံးမှ တာဝန်ရှိတစ်ဦးကပြောသည်။

တိုက်ပွဲများရပ်တန့်ရန် ထိပ်သီးခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေး တောင်းဆို

 မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် အပါအဝင် အချက် ၇ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးအပြီး တောင်းဆိုလိုက်သည်။

နိုဝင်ဘာလ ၁ ရက်မှ ၃ရက်အထိ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)တွင် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်မရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကျေနပ်တဲ့ ဈေးနှုန်းရတဲ့အတွက် ကြံ့ခိုင်ရေးအတွက် ဖျော်ဖြေပေးခဲ့ဟု ဇာဇာထက်၊ ဇွန်သဉ္ဇာပြော

Sexy Model အဖြစ် လူသိများနေသည့် သရုပ်ဆောင်၊ အဆိုတော်နှင့် မော်ဒယ် ဇာဇာထက်၊ ဇွန်သဉ္ဇာတို့သည် ရခိုင် ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်ဖျော်ဖြေပွဲကို နိုင်ငံရေး ခံယူချက်ကြောင့် ဖျော်ဖြေခဲ့ခြင်းမဟုတ်ဘဲ အနုပညာတစ်ရပ်အဖြစ်သာ ဖျော်ဖြေခဲ့ခြင်းဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁ရက်နှင့် ၂ရက်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ် စည်းရုံးဖျော်ဖြေပွဲ ယင်းတို့၏ ဖျော်ဖြေမှုနှင့် ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ဝေဖန်မှုများနှင့် ပတ်သက်ပြီး မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဇာဇာထက်နှင့် ဇွန်သဉ္ဇာတို့က နိုင်ငံရေးကြောင့် အနုပညာရှင် ဖြစ်သည့်အတွက် မည်သည့်ပါတီက ငှားငှား ဖျော်ဖြေသွားမည်ဟု ဆိုသည်။

ဆော်ဒီရောက် မြန်မာနိုင်ငံသား တစ်သိန်းကျော်ကို ဒုက္ခသည်တွေအဖြစ် လက်ခံ

လက်ရှိဆော်ဒီအာရေးဗီးယားနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၂၅၀,၀၀၀ ကျော်ထဲက တဝက်ဖြစ်တဲ့ ၁၂၅,၀၀၀ ကျော်ကို ဆော်ဒီအစိုးရက ဒုက္ခသည်တွေအဖြစ် ၄ နှစ်ကြာ နေထိုင်ခွင့်ပြုမယ့် ခွင့်ပြုချက်ထုတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် အဲဒီလူတွေရဲ့ နေထိုင်ခွင့်အခြေအနေကို အတိအကျ သတ်မှတ်ပေးလိုက်ရာ ရောက်ပါတယ်။
အဲဒီ နေထိုင်ခွင့်ပါမစ်တွေကို Makkah မြို့ နိုင်ငံကူးလက်မှတ်ဌာနက ထုတ်ပေးလိုက်တာဖြစ်ပြီး ကျန်ဒုက္ခသည်တွေရဲ့ကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တရားဝင်နေထိုင်ခွင့်ကိစ္စကို ဆော်ဒီအစိုးရက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင် ဆောင်ရွက်လာတာဖြစ်ပြီး အဲဒီလို လုပ်ဆောင်တာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကုလသမဂ္ဂက ဆော်ဒီအစိုးရရဲ့ ဆောင်ရွက်မှုကို ကြိုဆိုလိုက်ပါတယ်။

တောင်တရုတ် ပင်လယ်တွင် စစ်သင်္ဘောများ ဆက်လက် ခုတ်မောင်းစေမည်ဟု အမေရိကန်ဆို

တရုတ်နှင့် ဆက်ဆံရေး တင်းမာမှုများ ဖြစ်လာနိုင်သည့်တိုင် တောင်တရုတ် ပင်လယ်ထဲသို့ စစ်သင်္ဘောများ ထပ်မံ စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက် အတည်ပြုခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်အတွင်း ကျွန်းတုများ တည်ဆောက်ခြင်း၊ သန္တာကျောက်တန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ တည်ဆောက်ခြင်းတို့ ပြုလုပ်ပြီး အဆိုပါ ပင်လယ်နှစ်ခု၏ ရေပြင်ပိုင်နက် အားလုံးနီးပါးကို ၎င်းတို့ လက်အောက်ခံအဖြစ် ကြေညာထားသည်။

ဆီးရီးယားတွင် အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်ရန် အားထုတ်မှုကို ဗြိတိန်အစိုးရ မစွန့်လွှတ်သေး

ဆီးရီးယားတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နိုင်ရေး အားထုတ်နေမှုကို စွန့်လွှတ်ရန် စီစဉ်နေကြောင်း သတင်းများကို ဝန်ကြီးချုပ် အိမ်တော်က ငြင်းဆိုလိုက်သည်။ဗြိတိန်အစိုးရ အနေဖြင့် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ရန် အစီအစဉ်ကို စွန့်လွှတ်တော့မည်ဟု The Timesနှင့် The Guardianကဲ့သို့ သတင်းစာကြီးများက ဖော်ပြလာခဲ့သည်။လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် နေအိမ်က ကြေညာချက် ထုတ်ပြန်ရာတွင် ဝန်ကြီးချုပ် အနေဖြင့် လွှတ်တော်တွင်း လုံလောက်သည့် မဲအရေအတွက် မရရှိသဖြင့် လေကြောင်းတိုက်ခိုက်မှု အစီအစဉ်ကို စွန့်လွှတ်ရန် ကြံစည်နေကြောင်း သတင်းများသည် မှန်ကန်မှု မရှိဟု ဖော်ပြထားသည်။

မွန်ပြည်နယ်မဲဆန္ဒရှင်စာရင်း နောက်ဆုံးထုတ်ပြန်ချက်တွင် မဲပေးခွင့်ရှိသူ လေးသောင်းကျော်တိုးလာ

မွန်ပြည်နယ်ရှိ မဲဆ န္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် တတိယအကြိမ်ထုတ် ပြန်ကြေညာရာ မဲဆန္ဒရှင်ဦးရေ လေးသောင်းကျော်တိုးလာသည် ဟု ပြည်နယ်ရွေးကောက်ပွဲကော် မရှင်ရုံးမှ သတင်းရရှိသည်။
လက်ရှိတွင် မွန်ပြည်နယ် တစ်ခုလုံးအတွက်ထုတ်ပြန်ထား သည့် မဲပေးပိုင်ခွင့်ရှိသူဦးရေစာ ရင်းမှာ ၁၅သိန်းတစ်သောင်း ကျော်ရှိပြီး ယခင်ထုတ်ပြန်သော  အခြေခံမဲစာရင်းမှာ ၁၄သိန်းခုနစ်သောင်းသာရှိသည်။
ထပ်မံတိုးလာသည့် မဲဆန္ဒ ရှင်များမှာ ပုံစံ၃(က)(မဲဆန္ဒနယ် ပြင်ပရောက်ရှိနေသူများလက်ရှိ နေထိုင်ရာ မဲဆန္ဒနယ်တွင် မဲပေး နိုင်ရန် လျှောက်ထားသူများ)ဖြင့် လျှောက်ထားသူများဖြစ်ကြောင်း ပြည်နယ်ကော်မရှင်ရုံးမှ သိရ သည်။
‘‘မဲစာရင်း ကျန်ခဲ့တဲ့လူတွေ က တစ်သောင်းကျော်လောက်ပဲ ပြန်ပါတယ်။ ကျန်တာတော့ ပုံစံ ၃(က)တွေပါ။ ပုံစံ၃(ခ)နဲ့ မဲစာ ရင်းဖျက်လိုက်တာတွေက သုညဒသမ ၁ရာခိုင်နှုန်းရှိတယ်’’ဟု ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ဒု ညွှန်ကြားရေးမှူးဦးဟိဏ်လင်း ထက်ကပြောသည်။

တရုတ်တွင် အွန်လိုင်းမှ ရောင်းချမှု ၄၀ ရာခိုင်နှုန်းမှာ အတုများ၊ အရည်အသွေးညံ့ ပစ္စည်းများ ဖြစ်နေ

တရုတ်နိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့် ပစ္စည်းများ၏ ၄၀ ရာခိုင်နှုန်းမျှသည် အတုအပများ၊ အရည်အသွေးမမီသည့် အညံ့စားများ ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နှစ်အတွင်း အွန်လိုင်းရောင်းဝယ်မှုကဏ္ဍနှင့် ပတ်သက်၍ ဥပဒေပြု အဖွဲ့အစည်းများ၏ လေ့လာမှုများကို ကိုးကားပြီး တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
တရုတ်တွင် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍ အလွန်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေသော်လည်း အရည်အသွေး အာမခံမှုအပိုင်းကို ကိုင်တွယ် ကြပ်မတ်ရာတွင် အားနည်းချက်များ ရှိနေဆဲဟု ဆိုသည်။

ဂျာမနီ လေဆိပ်တစ်ခုတွင် စစ်လက်ကျန် ဗုံးတစ်လုံး တွေ့ရှိသဖြင့် ထိန်းချုပ် ဖောက်ခွဲခဲ့ရ

ဂျာမနီနိုင်ငံရှိ လေဆိပ်တစ်ခုတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို တွေ့ရှိရသည့်နောက် လုံခြုံရေး ထိန်းချုပ်မှုများ ပြုလုပ်ဖောက်ခွဲခဲ့ရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် ညပိုင်းက ဒူဆယ်လ်ဒေါ့ဖ်မြို့ရှိ နိုင်ငံတကာလေဆိပ်တွင် ဗုံးဟောင်းတစ်လုံးကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

၂၇၅ ပေါင်မျှ အလေးချိန်ရှိသည့် စစ်ကျန်ဗုံးဟောင်းကို နေရာရွှေ့ပြောင်းရန် အဆင်မပြေသဖြင့် နေရာတွင်ပင် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ကာ ဖောက်ခွဲလိုက်ရခြင်းဟု လေဆိပ်အာဏာပိုင်များက
ဆိုသည်။

ထိုင်း ကောင်းကင်ယံမှ မီးလုံးကြီးသည် ကမ္ဘာ့လေထု အပြင်ဘက်မှ ကျဆင်းလာခြင်းဟု ပညာရှင်များ အတည်ပြု

နိုဝင်ဘာ ၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ ကောင်းကင်ယံတွင် တောက်ပစွာ တွေ့မြင်လိုက်ရသည့် အစိမ်းရောင်မီးလုံးကြီးသည် ကမ္ဘာ့လေထုအပြင်ဘက်မှ ကျဆင်းလာခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြု ပြောကြားခဲ့သည်။

တောက်ပသည့် မီးလုံးကြီးသည် ဥက္ကာခဲတစ်ခု ကျဆင်းလာသည်ဟု ယူဆရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အပြင် ရာယွန်၊ ချောင်ဘူရီ၊ ချာချွန်ဆောင်၊ နာခွန်ဆာဝမ်၊ ခွန်ကန်း၊ ဖစ်ဆာနူလော့၊ အန်သောင်းနှင့် ချင်းမိုင်ဒေသများတွင်ပါ တွေ့မြင်ခဲ့ရသည်။

တောင်တရုတ်ပင်လယ်တွင် နောက်ထပ်ကင်းလှည့်မှုများပြုလုပ်ရန် အမေရိကန်ရေတပ်စီစဉ်

နိုင်ငံတကာဥပဒေအရ အမေရိကန်တွင် အခွင့်အရေးရှိကြောင်း တရုတ်နှင့် အခြားနိုင်ငံများကို သတိပေးရန် တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းများ၏ ရေမိုင် ၁၂ မိုင်အတွင်း သုံးလလျင် နှစ်ကြိမ်ခန့် ကင်းလှည့်ရန် အမေရိကန်ရေတပ်က စီစဉ်လျက်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၂ တွင်ပြောကြားသည်။"ကျွန်တော်တို့ သုံးလကို နှစ်ကြိမ် ဒါမှမဟုတ် ဒီထက်နည်းနည်းပိုပြီးတော့လည်း ကင်းလှည့်မှာပါ"ဟု ၄င်းအရာရှိက ပြောသည်။ "မှန်မှန်ပြုလုပ်ဖို့ ဒါက လုံလောက်မှုရှိပါတယ်။ဒါဟာ နိုင်ငံတကာဥပဒေအရ ကျွန်တော်တို့ရဲ့အခွင့်အရေးကို မှန်မှန်အသုံးချဖို့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါတယ်။ နောက်ပြီး တရုတ်နဲ့ အခြားနိုင်ငံတွေကို ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို သတိပေးတာပါ"ဟု ၄င်းကပြောသည်။

ဗီယက်နမ် အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်

ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဗီယက်နမ် အမျိုးသမီးဖိတ်ခေါ် ယူ-၂၁ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်း လူစာရင်း အပြီးသတ်ကစားသမား ၂၁ဦးကို ရွေးချယ်ထုတ်ပြန်လိုက်သည်။ ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၄ရက်တွင်  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာ ယူ-၂၀ အသင်းအပါအ၀င် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ ဖိလစ်ပိုင်ကလပ် FEU အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ဗီယက်နမ် အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို လေးသင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အမှတ်အများဆုံးအသင်းကို ဗိုလ်စွဲမည် ဖြစ်သည်။ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်ပြီး နည်းစနစ်အကြံပေးအဖြစ် ဦးအေးမောင်ကြီးနှင့် လက်ထောက်နည်းပြအဖြစ် ဒေါ်စန်းစန်းဝင်းတို့က  ဆောင်ရွက်သွားမည်   ဖြစ်သည်။

BTV Cup ပြိုင်ပွဲ တွင် ဘင်ဒေါင်း၊ BVN ၊ ကိုရီးယားတက္ကသိုလ်အသင်းတို့နှင့် ရတနာပုံ တစ်အုပ်စုတည်း ကျရောက်

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဗီယက်နမ်ဖိတ်ခေါ်ဖလား BTV Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ရတနာပုံအသင်းသည် ဗီယက်နမ်ကလပ် ဘင်ခမ်းဘင်ဒေါင်းအသင်း၊ BVN အသင်း၊ ကိုရီးယားတက္ကသိုလ် လက်ရွေးစင်အသင်းတို့နှင့် အုပ်စု (က) တွင် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။BTV Cup ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ သူဒါမို့မြို့ရှိ ပရိသတ် တစ်သောင်းရှစ်ထောင်ကျော်ဆန့် ဂိုဒူးဘောလုံးကွင်းတွင် နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ရှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စု (ခ) တွင် ဗီယက်နမ်ကလပ် ကွမ်နန်းကိုးအသင်း၊ ဒေါင်နန်းလိုအန်အသင်း၊ ဘရာဇီးကလပ် ဘန်ဂူးအက်သလက်တီကို အသင်းနှင့် ဂျပန်ကျောင်းသားအသင်းတို့ ပါဝင်လျက်ရှိသည်။

အတူတွဲရိုက်တဲ့ ရုပ်ရှင်စက်မှုလုပ်သားတစ်ဦးစီကို ငွေကျပ်သုံးထောင် နေ့စဉ်ထောက်ပံ့မယ့် ပြေတီဦး

စက်မှုလုပ်သားများ၏ လိုအပ်ချက်ကို တတ်နိုင်သ လောက် ဖြည့်ဆည်းပေးသည့် သဘောဖြင့် နိုဝင်ဘာ ၂ ရက်မှ စတင်၍ အတူတွဲဖက်အလုပ်လုပ် သော စက်မှုလုပ်သားများကို တစ် ဦးလျှင် ကျပ်သုံးထောင်စီထောက် ပံ့မည်ဟု ပြေတီဦးက ပြောသည်။‘‘စက်မှုလုပ်သားတွေဆိုတာ ကျွန်တော်တို့အတွက် ရဲဘော်ရဲ ဘက်တွေပါ။ သူတို့ရတဲ့အနုပညာ ကြေးက နည်းလို့ တိုးတောင်းပေ မယ့် ပရိုဂျူဆာတွေဘက်က လည်း အခက်အခဲတွေရှိတော့ တိုးမပေးနိုင်ဘူး။ အဲဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီ ပေးတာပါ’’ဟု ပြေတီဦးက ပြော သည်။ယင်းအစီအစဉ်ကို နိုဝင်ဘာ ၂ ရက်က ရိုက်ကူးနေသော ‘ကပ္ပိယ’ ရုပ်ရှင်ဇာတ်ကားရိုက် ကွင်းတွင် စတင်လုပ်ဆောင်ခဲ့ပြီး ရိုက်ကွင်းရှိသည့်နေ့တိုင်း ယင်း အစီအစဉ်အတိုင်း လုပ်ဆောင် မည်ဟု ၎င်းက ဆိုသည်။ပြေတီဦးအနေဖြင့် ယခင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ လှုပ်ရှားမှုများမရှိခဲ့သော်လည်း နိုဝင်ဘာ ၁ ရက်က သုဝဏ္ဏမြို့ဦး စေတီဝင်း၌ ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏  အောင်နိုင်ရေးဟောပြောပွဲသို့  ဇနီးအိန္ဒြာကျော်ဇင်နှင့်အတူ    သွားရောက် အားပေးခဲ့သည်။
7 day

အများပိုင်ကုမ္ပဏီအသစ်များ ရှယ်ယာ ထုတ်ရောင်းနိုင်ရန် သီးသန့်စံနှုန်း မကြာမီ ထုတ်ပြန်မည်

အများပိုင်ကုမ္ပဏီအသစ် များအနေဖြင့် ရှယ်ယာများရောင်း ချနိုင်ရန် စံနှုန်းသတ်မှတ်ချက်များ မကြာခင် သီးသန့်ထုတ်ပြန်၍ ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချရန်စံနှုန်း သတ်မှတ်ချက် ၁၇ ချက် ထုတ်ပြန် ထားရာ၌ အမြတ်ငွေ ၂ နှစ်ရှိရမည်ဟူသော အချက်ကြောင့် တည် ထောင်စ ကုမ္ပဏီနှင့် ကုမ္ပဏီအ သစ်များ ပါဝင်ခွင့်မရ၍ ယခုကဲ့ သို့ ထပ်မံထုတ်ပြန်ရခြင်း ဖြစ် ကြောင်း ချေးငွေသက်သေခံလက် မှတ်ရောင်းချရေး လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
‘‘အခုစံနှုန်းသတ်မှတ်ထား တာ ဖွဲ့ပြီးသား ကုမ္ပဏီတွေအ တွက် ထုတ်ထားတာ။ အသစ်ဖွဲ့ ထားတဲ့ကုမ္ပဏီအတွက်မဟုတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂ နှစ် အမြတ်ရှိရမယ်ဆိုတော့ အသစ်ဖွဲ့မယ့်ကုမ္ပဏီမှာ မရှိနိုင်ဘူး။ ၁၇ ချက်က ရှိပြီးသား၊ အလုပ်ဖြစ်ပြီး သားတွေအတွက် ထုတ်ထားတာ’’ ဟု၎င်းက ဆက်လက်ပြောသည်။