Saturday, August 16, 2014

ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ရှာဖွေတွေ့ရှိ

Photo: ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ရှာဖွေတွေ့ရှိ
Saturday, August 16, 2014

ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ဘောလ်တစ် ပင်လယ်အောက်ခြေက ပြန်လည်ဆယ်ယူလာတဲ့ သဘောင်္ပျက်ကြီးထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရတော့ ပုလင်းကြီးထဲက အရက်တွေက ယခုအချိန်ထိ ဘေးကင်းစွာ သောက်သုံးနိုင်သေးတယ်လို့ သိရပါတယ်။

ဇွန်လက ပေါလစ်ကမ်းခြေ အနီးမှာရှိတဲ့ Gdan’sk ပင်လယ်အော် အတွင်းက F-53-31 သဘောင်္ပျက်ကြီးကို ဆယ်ယူစဉ်မှာပဲ သုတေသနပညာရှင်တွေ ဟာ သက်တမ်း အနှစ်၂၀၀ လောက်ရှိနေပြီဖြစ်တဲ့ ယင်း ယမကာစဥ့်ထည်ပုလင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ အကောင်းဆုံးတွင်းထွက်ရေတစ်မျိုးဖြစ်တဲ့ မူလ “ဆယ်လ်တာ” ရေ များပါဝင်နေပြီး အသေးစိတ်ထိ ထပ်မံ ခွဲခြားစိတ်ဖြာကြည့်လိုက်တဲ့အခါမှာတော့ ဗော့ဒ်ကာ (သို့မဟုတ်) ဂျင် အမျိုးအစား ယမကာတွေကို ၁၄ ရာခိုင်နှုန်းလောက်ထိ ရောနှောပါဝင်နေတာတွေ့ရပါတယ်။

“ဆယ်လ်တာ” အမျိုးအစားတွင်း ထွက်ရေဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က ဂျာမနီ နိုင်ငံ မှာရှိတဲ့ တောနတ်စ်တောင်တန်းဒေသ မှာပထမဆုံး တွေ့ရှိခဲ့တဲ့ အရည်အသွေးမြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်တဲ့ ရေတစ်မျိုးဖြစ်ပြီး ခွန်အားနဲ့ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ဘောလ်တစ် ပင်လယ်အောက်ခြေက ပြန်လည်ဆယ်ယူလာတဲ့ သဘောင်္ပျက်ကြီး ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရတော့ ပုလင်းကြီးထဲက အရက်တွေက ယခုအချိန်ထိ ဘေးကင်းစွာ သောက် သုံးနိုင်သေး တယ်လို့ သိရပါတယ်။

Ebola ကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ပြီ

အနောက် အာဖရိကတိုက်မှာ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၁၄၅ ယောက်အထိ ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေတယ်လို့ မသင်္ကာသူနဲ့ အတည်ပြုနိုင်တဲ့ ဝေဒနာရှင် စုစုပေါင်း ၁၅၂ ဦး လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လင် ကို ကြိုးနဲ့တုတ်ပြီး မယားကို အဓမ္မ ပြုကျင့်

ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်အတွင်း တညနေမှာ ဒေသခံလူငယ် နှစ်ဦးက  မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ Chawl hmun ရပ်ကွက်မြို့ပြင်ေ န အသက် ၃၇ အရွယ် အိမ်ထောင်ရှင် ချင်းအမျိုးသမီး Pi Kap Hlei Zing အား ၄င်း၏ ယော င်္ကျား (၆၄) ရှေ့မှောက်မှာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရပါတယ်၊

ထိုင်းရှိ မြန်မာအလုပ်သမား ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမည်

Photo: ထိုင်းရှိ မြန်မာအလုပ်သမား ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမည်
Saturday, August 16, 2014

  ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ရင်း အလုပ် လုပ်နေကြတဲ့ မြန်မာပြည် က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လိုအပ်လာရင် နေရပ်ရင်း ပြန်နိုင်အောင် ခရီးသွားလာခွင့် အထောက်အထားတွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာသံရုံးက ထုတ်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေ အဖမ်းမခံရဖို့ အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကနေ အခုလို အခြေအနေရောက် လာတာဖြစ်တဲ့အကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ တစ်ဦးက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ  ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေ တဲ့ အဖွဲ့ တချို့ကိုခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်  ယာယီနိုင်ငံကူး လက်မှတ် မရှိဘဲ  နေရပ်ရင်း ကို ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် သူတို့ဆီမှာ တင်ပြတောင်းခံ လာမယ်ဆိုရင် ခရီးသွား လက်မှတ် ကိုထုတ်ပေး မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံဘန်ကောက်မြို့က အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့  ခရီးသွားလာတဲ့အခါမှာ မြန်မာသံရုံးက အထောက်အထား လက်မှတ်ထုတ်ပေးမယ့် ကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့သဘောတူညီမူ ရယူထားတယ်လို့ဆိုပါတယ်။

"ဘတ်ဘတ်ကဆိုတာပါမယ် မြန်မာသံရုံးက ခရီးသွားထောက်ခံချက် ပါမယ်ဆိုလို့ရင် လမ်းမှာ အဖမ်းအဆီးမရှိဘူး။ နောက်တစ်ခါ ခါတိုင်းလုပ်တဲ့ အခါမှာ အရင်တုန်းကဆိုပေးရတယ်။ တစ်ထောင်လား တစ်ထောင့်နှစ်ရာလား ပေးရတယ်။ အခုမြန်မာပြည်ပြန်မှာဖြစ်တဲ့အတွက်ကြောင့် ပေးစရာမလိုဘူး ဆိုတာ ထိုင်းဖက်ကလည်း အဲဒါလေးတွေကို ဆွေးနွေးထားတာဖြစ်တဲ့အတွက်ကြောင့်  အဲဒီဟာလေးတွေကို အောက်ခြေအထိအောင် ကျနော် ရှင်းပြလိုက်ခြင်းဖြစ်ပါတယ်"

ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပါတ်သက်လို့ အလုပ်လုပ်ခွင့် လက်မှတ်တွေကို ထိုင်းအစိုးရက ဇွန်လကစတင်ပြီး ထုတ်ပေးနေပြီ ဖြစ်ပေမဲ့ တချို့ အလုပ်သမားတွေ အနေနဲ့ နိုင်ငံကူး လက်မှတ်လုပ်ဖို့ အတွက်က မြန်မာနိုင်ငံသားမှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမရှိကြတာကြောင့် အခက်အခဲတွေလည်း တွေ့ကြုံနေကြရတာပါ။

ဒီအတွက် မြန်မာသံရုံးက နေရပ်ရင်းပြန်ဖို့ အတွက် ခရီးသွားလက်မှတ်တွေ လုပ်ပေးမယ် ဆိုရင်တော့ အလုပ်သမားတွေအတွက် အဖမ်းဆီး ခံရပြီး ငွေကုန်ကြေးကျ များနိုင်မယ့် ကိစ္စတွေအတွက် အဆင်ပြေမူတွေ ရှိသွားနိုင်တယ် ဆိုပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ မဟာချိုင်ဒေသတာဝန်ခံ ကိုခိုင်ကြီးက အခုလိုပြောပြပါတယ်။

"ကျနော်တို့က ကိုယ့်နိုင်ငံကို ပြန်တဲ့အခါကြရင် ရှိတဲ့ဒေသကနေ ရဲစခန်းကို သတင်းပို့ရတယ်။ ကြား အကျိုးဆောင်တစ်ယောက်နဲ့။ သတင်းပို့တဲ့အခါကျရင် ကျနော်ပြန်ပါ့မယ်လို့ဆိုပြီး ရဲကို ပြောပြီး သွားအဖမ်းခံရတယ်။ အဲ့ဒီကျ ရဲက အလကား မဖမ်းဘူး။ သူ့ရဲ့  ပိုက်ဆံသတ်မှတ်ထားတဲ့ ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ အဲဒါ ကျနော်တို့က သူ့ရဲ့ မှတ်ပုံတင် နဲ့ ဓါတ်ပုံရိုက်တဲ့ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ ပြီးသွားရင် ရဲက ကားပေါ်တင်ပေးလိုက်တယ်။ မြဝတီဂိတ်ရောက်ရင် အဲဒီမြဝတီမှာ လက်မှတ်သွားထိုးတဲ့ အခါကျရင် မြဝတီက ကိုးသုံးလုံးဂိတ်ကို သွားပို့တယ်။ အဲဒီဂိတ်မှာ နောက်ထပ်ပိုက်ဆံ ခြောက်ရာ ထပ်တောင်းတယ်။  ခြောက်ရာ မပေးတဲ့လူဆိုရင် လုံးဝ ဗမာပြည်ဖက်ကို ပြန်လို့မရဘူး။ မြဝတီ အချုပ်ထဲမှာ ထည့်ထားတယ်။ သောမောရုံး လဝကမှာ အနဲဆုံး ၂၄ နာရီ တရက် နှစ်ရက်လောက်အထိထားတယ်ပေါ့ဗျာ။ ဗမာပြည်သားတွေက ပိုက်ဆံ ခြောက်ရာမပေးဘူးဆိုပြီး အကုန်နေပစ်လိုက်တဲ့အခါကျတော့ နောက်ပိုင်းမှာ ရက်တွေတိုးတိုးပြီးတော့ခါ အလုပ်သမားတွေ စိတ်ညစ်ပြီးတော့ ပိုက်ဆံ ခြောက်ရာပေးရတယ်။ အဲဒါ ကိုးသုံးလုံးဂိတ်မှာ ပေးရတယ်။ အဲဒီတော့ ဟိုက ၆၀၀ ရယ် ဒီက ၂၄၀၀ ရယ် သုံးထောင် ကုန်တယ်။ အဲဒီ သုံးထောင်ကို အလုပ်သမားအရာရှိ ဦးသိန်းနိုင်ကပြောတဲ့ အတိုင်း သူတို့ပရိုဂရမ် အတိုင်း မှန်ကန်သွားပြီဆိုရင် ဒီနေ့ကစပြီးပြောတာပေါ့နော်။ ကျနော်တို့အလုပ်သမားတွေ အတွက် အရမ်းကို အကုန်အကျ သက်သာသွားမယ်။ ကားခပဲကုန်မယ်"

ထိုင်းအစိုးရ က အလုပ်သမားတွေလက်မှတ်လုပ်ဖို့အတွက် ၀မ်းစတော့ ဆားဗစ်စင်တာ (One Stop Service Center ) လို့ခေါ်တဲ့ စခန်းတွေကို ၂၀၁၄ ခုနှစ်အောက်တိုဘာလ (၃၀) ရက်နေ့ထိ ဆက်လက်ဖွင့်လှစ်သွားဖို့ ကြေညာထားပြီး ယာယီအလုပ်လုပ်ခွင့်ကို ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ သက်တမ်းပေးသွားဖို့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်ချထားပါတယ်။

ဇွန်လ(၃၀) ရက်နေ့ကစပြီး စတင်ပြုလုပ်ခဲ့တဲ့ မှတ်ပုံတင်တဲ့အစီစဉ်မှာတော့  မြန်မာ ကမ္ဘောဒီယား လာအို ရွှေပြောင်း အလုပ်သမားပေါင်း လေးသိန်းသုံးထောင် (၄၀၃၀၀၀) ကျော်လာရောက် မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သိန်းနဲ့ချီရှိတဲ့ တာ့(ခ်) ခရိုင်ထဲမှာတော့ ထိုင်းအစိုးရ ရွှေ့ပြောင်းလုပ်သား တသိန်းလေးသောင်းကျော် မှတ်ပုံတင်ကြမယ်လို့  ခန့်မှန်းထားတာပါ။  ဒါပေမဲ့ သြဂုတ်လ ၄ ရက်နေ့ ၁၄ရက်နေ့ထိ ၁၀ရက်အတွင်းမှာ မြန်မာနိုင်ငံသား တထောင်ကျော်သာ လာရောက်မှတ်ပုံတင်ခဲ့ကြပါတယ်။

ရွှေ့ပြောင်း အလုပ်သမားအတော်များများဟာ အလုပ်လုပ်ခွင့် လက်မှတ်ဖိုး အပြင် နောက်ဆက်တွဲ လုပ်ရမယ့် နိုင်ငံကူးလက်မှတ်ရဲ့ကုန်ကျစားရိတ်တွေကို တတ်နိုင်မူ မရှိသေးတာကြောင့် ရော နေရပ်ရင်းပြန်ဖို့အခက်အခဲတွေကြောင့် ထိုင်းအစိုးရခန့်မှန်းသလောက် ထိုင်းနိုင်ငံတွင်းမှာ   မှတ်ပုံတင်ကြတာမျိုးတွေ မရှိသေးပါဘူး။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ရင်း အလုပ် လုပ်နေကြတဲ့ မြန်မာပြည် က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လိုအပ် လာရင် နေရပ်ရင်း ပြန်နိုင်အောင် ခရီးသွားလာခွင့် အထောက်အထားတွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာသံရုံးက ထုတ်ပေးဖို့ စီစဉ်နေပြီ ဖြစ် ပါတယ်။ မြန်မာအလုပ်သမားတွေ အဖမ်းမခံရဖို့ အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကနေ အခုလို အခြေအနေရောက် လာတာဖြစ်တဲ့ အကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ တစ်ဦးက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဓမ္မစေတီခေါင်းလောင်း ဆက်လက်ရှာဖွေ လာရောက်ကြည့်ရှုသူများ စည်ကားလျက်ရှိ

Photo: ဓမ္မစေတီခေါင်းလောင်း ဆက်လက်ရှာဖွေ လာရောက်ကြည့်ရှုသူများ စည်ကားလျက်ရှိ
Saturday, August 16, 2014

  ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံးအစိမ်းအနက် ပြထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံးကို ထပ်မံချထားပြီး နံနက်ပိုင်းတွင် ခေတ္တနားခဲ့သည်။

နံနက် ၁ဝ နာရီတွင် ရပ်နီးရပ်ဝေးမှ လာရောက်ကြည့်ရှုသူများ၊ သတင်းမီဒီယာသမားများ၊ ပြည်ပသတင်းဌာနမှ မှတ်တမ်းယူသူတို့ဖြင့် စည်ကားစပြုလာပါသည်။ မြစ်ပြင်မြစ်ဆုံနေရာသို့ သွားရောက်လေ့လာသော မိဘပြည်သူများအသက် အန္တရာယ်မဖြစ်စေရန် ဒေါပုံမြို့နယ် ရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများက အသက်ကယ်အင်္ကျီဝတ်ကြရန်၊ စိတ်ချရသောစက်သမ္ဗန်ကို စီးရန် နှိုးဆော်ကြပ်မတ်ပေးလျက်ရှိသည်။ မြစ်ရေအကျတွင် ပင်လယ်ဝမှ လေတိုက်နေသည့်အတွက်ကမ်းစပ်တွင် မသိသာသော်လည်း မြစ်လယ်တွင် လှိုင်းထန်လျက်ရှိရာ စက်လှေအသေးဖြင့် စီးနင်း၍ ကြည့်ရှုခဲ့သောသူများမှာ လှိုင်းပုတ်ဒဏ်ကြောင့် အဝတ်အစားများ ရေစိုခြင်းကို ခံကြရသည်။

ပူဇော်ထား

မွန်းလွဲ ၁ နာရီတွင် ဧည့်ပရိ သတ်ပို၍စည်ကားလာပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆရာတော်များ ပရိတ်ရွတ်ဖတ်ပူဇော်သော ဗညားလတ် သုံးထပ်သင်္ဘောပေါ်တွင် သာသနာပွဲများကို အစီအရီပူဇော်ထားပြီး အကြံအစည်အောင်မြင်မှုနှင့် သာသနာတော်ကို ဆည်းကပ်ကိုးကွယ်ရာအဖြစ် ကြံပင်နှင့် ငှက်ပျောပင်တို့ မညှိုးနွမ်းစေရန်စိုက်ထူပူဇော်ထားကြောင်း၊ သင်္ဘောပေါ်ရှိ သက်သတ်လွတ် စားသုံးနေသော လူဦးရေ ၈ဝ အတွက် အစားအသောက်များလှူဒါန်းပြီး ပြန်လာသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရှာဖွေလျက်

ညနေ ၃ နာရီ ၃ မိနစ်တွင် သုံးထပ်သင်္ဘောမှ မီးစိမ်းတိုင်အနီးရှိ ရေပေါ်အမှတ်အသား ပြုလုပ်ထားသည့် ဘောလုံးအစိမ်းအမည်းနေရာတွင် ရေငုပ်သမားများ စတင်ငုပ်ကြရာ မြစ်ကမ်းပေါ်မှ ကြည့်ရှုနေသူများ၊ စက်လှေဖြင့် တစ်ဖုံ၊ မှန်ပြောင်းဖြင့် တစ်သွယ် ကြည့်ရှုသူများ လှုပ်လှုပ်ရှားရှား ဖြစ်ကြသည်။ ထိုအချိန်တွင် မြစ်ဆုံနေရာသည် မိုးဖွဲဖွဲတစ်ကြိမ်သာ ရွာသွန်းခဲ့သည်။ ဆလုံ ရေငုပ်အဖွဲ့က လည်ပင်းတွင် ကြိုးချည်ထားသော သံတုံးကိုစွပ်၍ အသက်ရှူပိုက်နှင့် အချက်ပြကြိုး တစ်ချောင်းကိုကိုင်ကာ အလှည့်ကျဆင်း၍ ရှာဖွေလျက်ရှိပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် တွန်းသင်္ဘော NAWATU ရောက်ရှိလာကာ တွန်းသင်္ဘောဦးပိုင်းတွင် ပါလာသောဆရာတော်ကြီးက ပရိတ်ရေများကို ငွေဖလားအတွင်းမှ မြစ်အတွင်းသို့ ပက်ဖျန်းကာ ဗညားလတ်သင်္ဘော ကြီးပေါ်သို့ ပြန်လည်ကြွရောက်၍ သင်္ဘောဦးခန်း လက်တန်းမှ မေတ္တာဘာဝနာ ပွားများလျက်ရှိသည်။

ဗညားလတ် သင်္ဘောပေါ်မှ လက်ကိုင်စပီကာဖြင့် ရေငုပ်ရှာဖွေနေသော လုပ်ငန်းခွင်အတွင်းသို့မဝင်ရောက်ရန်နှင့် ကိုက် ၅ဝ မှ ကြည့်ရှုလေ့လာကြရန် မေတ္တာရပ်ခံ အသိပေးလျက်ရှိသည်။ မီးစိမ်းတိုင်၏ ကိုက် ၃ဝဝ အကွာတွင် ထပ်မံငုပ် ကြပြီး ညနေ ၃ နာရီခွဲတွင် မီးစိမ်းတိုင်မှ ကိုက် ၅ဝဝ ခန့်ရှိသောနေရာတွင် ကျောက်ဆူးချ၍ ဆက်ငုပ်ကြသည်။ ပင်လယ်ဝမှ ရေတက်လာပြီဖြစ်၍ ပဲခူးမြစ်ရေအကျနှင့် မြစ်ဆုံတွင် ဆုံနေရာ လှိုင်းထလေတိုက်လျက်ရှိနေသည်။ လှိုင်းထန်လာသည့်အတွက် မြစ်ပြင်တွင် ကြည့်ရှုလေ့လာသော စက်လှေများကမ်းသို့ပြန်လှည့်သွား၍ ရှင်းလင်းလျက်ရှိပြီး ရေငုပ်သမားနှစ်ဦး ရေအောက်သို့ ထပ်မံဆင်းသွားသည်။

ညနေ ၄ နာရီအထိ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေသော ရေငုပ်အဖွဲ့သည် မြစ်ဆုံတွင် ဆက်လက်ရှာဖွေလျက်ရှိသည်။

အဆိုပါ နေရာတွင် ခေါင်းလောင်းကြီးရှိလျှင် မြစ်ကမ်းပေါ်မှ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်တို့၏ ပို့သသောမေတ္တာနှင့် ရေလယ်မှဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်သည့် ပရိတ်တရားတော်တို့ ပေါင်းစည်းမိကာ ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးရရှိမည်ဟု ပြည်သူအချို့က ပြောဆိုသုံးသပ်လျက်ရှိသည်။

Myanmaalinn
ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့ လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံး အစိမ်းအနက် ပြ ထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံး ကို ထပ်မံချထားပြီး နံနက်ပိုင်းတွင် ခေတ္တနားခဲ့သည်။

ဆရာကြီး ဒဂုန်တာရာ အရိုးများကို ဂူဗိမာန်အတွင်း ထည့်သွင်းမည်

သြဂုတ် ၁၉ ရက်တွင် ကျင်းပမည့် ဆရာကြီး ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်မြောက်အခမ်းအနားတွင် ဆရာကြီး ဒဂုန်တာရာ၏ အရိုးများ ကို ဆောက် လုပ်ဆဲဂူဗိမာန်အတွင်းသို့ ထည့်သွင်းသွားမည်ဟု ဆရာ ဒဂုန် တာရာ ဂူဗိမာန်စောင့်ရှောက်ရေးအတွင်းရေးမှူး ဦးထွန်းဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

ပါကစ္စတန်အစိုးရကို ဆန့်ကျင်သူများ မြို့တော်အစ္စလမ္မာဘတ်သို့ ရောက်ရှိ

Photo: ပါကစ္စတန်အစိုးရကို ဆန့်ကျင်သူများ မြို့တော်အစ္စလမ္မာဘတ်သို့ ရောက်ရှိ
Saturday, August 16, 2014

ပါကစ္စတန်အတိုက်အခံခေါင်းဆောင် အီမာရန်ခန်း ဦးဆောင်သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများသည် သြဂုတ် ၁၆ ရက်က မြို့တော် အစ္စလမ္မာဘတ် သို့ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်၏ အစိုးရသည် ၂၀၁၃ ခုနှစ် မေလရွေးကောက်ပွဲတွင် မဲလိမ်လည်ပြီး အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့ အစိုးရအနေဖြင့် နုတ်ထွက်ပြီး ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

“ပါကစ္စတန်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်လာပါပြီ။ ၀န်ကြီးချုပ် နာဝပ်ရှာရစ်ဖ် နုတ်ထွက်သည်အထိ ကျွန်တော် ဒီမှာဆက်ပြီး ဆန္ဒပြသွားပါမယ်။ သူဟာ ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ လုပ်ပြီး အနိုင်ရလာတာဖြစ်ပါတယ်” ဟု ခန်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တရားရုံးချုပ်တို့ကို တောင်းဆိုပါတယ်။ တရားမျှတမှုကို မရဘူးဆိုရင်တော့ လမ်းပေါ် ကနေ ဆက်ပြီးတောင်းဆိုဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး” ဟု ခန်းက ပြောကြားသည်။

ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ တာဟာကာဒရီကလည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူ များကို ဦးဆောင်ကာ ခန်း၏အဖွဲ့ကဲ့သို့ပင် မြို့တော်အတွင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

ခရစ်ကတ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ခန်းဦးဆောင်သော ဆန္ဒပြသူများသည် နိုင်ငံအရှေ့ပိုင်း ကီလိုမီတာ ၃၀၀ ဝေးသော လာဟိုးမြို့မှ သြဂုတ် ၁၄ ရက်တွင်စတင်ကာ မော်တော်ယာဉ်များဖြင့် မြို့တော်သို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုထောက်ခံသူများအား နှုတ် ဆက်ခဲ့ရသာကြောင့် ယခုခရီးစဉ်သည် ၃၆ နာရီ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခန်း၏ Pakistan Tehreek-e-Insaaf (PTI) ပါတီအား ထောက်ခံသူများနှင့် ၀န်ကြီးချုပ် ရှာရစ်ဖ်၏ Pakistan Muslim League-N (PML-N) ပါတီ အား ထောက်ခံသူများအကြား သြဂုတ် ၁၅ ရက် နံနက်ပိုင်းက မြို့တော်အစ္စလမ္မာဘတ် အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာခန့်ရှိ ဂူဂျာရန် ၀ါလာ မြို့တွင် တိုက်ခိုက်မှုများ ဖြစ်ခဲ့ကြကြောင်း ရဲများနှင့် မျက်မြင်သက်သေများက ပြောကြားသည်။

ခန်း၏ ဆန္ဒပြအဖွဲ့နောက်မှ လူငယ် ၄၀ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လိုက်လာပြီး ကြွေးကြော် သံများ အော်ဟစ်ပြီးနောက် တစ်ဘက်နှင့်တစ်ဘက် ခဲများနှင့် ပစ်ပေါက်ခဲ့ကြရာ ရဲများက လူစုခွဲပေးခဲ့ ရသည်။

ဂူဂျာရန်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်နှင့် ဆူပူမှုမလုပ် ဆောင်ကြရန် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

Ref:AFP
Mizzima - News in Burmese
ပါကစ္စတန်အတိုက်အခံခေါင်းဆောင် အီမာရန်ခန်း ဦးဆောင်သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများသည် သြဂုတ် ၁၆ ရက်က မြို့တော် အစ္စလမ္မာဘတ် သို့ ရောက်ရှိလာကြောင်း သိရသည်။

မုံရွာတွင်ဖမ်း မိသည့် မူးယစ်အမှုများတွင် အစိုးရကျောင်းဆရာ တစ်ဦးပါဝင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အမှုများထဲတွင် အစိုးရ ခန့် ကျောင်းဆရာတစ်ဦး ပါဝင်နေ သည်ဟု အမှတ်(၈)မူးယစ် တပ်ဖွဲ့စုမှူးဖြစ်သူ ဒု-ရဲမှူးစံတိုးက မဇ္ဈိမကို ပြောသည်။

ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနများအတွက် လုံခြုံရေးကိရိယာများ တိုးမြှင့်အသုံးပြုခွင့်ပေးမည်

Photo: ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနများအတွက် လုံခြုံရေးကိရိယာများ တိုးမြှင့် အသုံးပြုခွင့်ပေးမည်
Saturday, August 16, 2014

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဆက်စပ် ဌာနများအတွက်လုံခြုံရေးစစ်ဆေးသည့်ကိရိယာများနှင့်ဆက်သွယ်ရေး ကိရိယာ များ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

‘‘ပုံမှန်အသုံးပြုဖို့နဲ့ အခမ်းအနားတွေမှာ လုံခြုံရေးနဲ့ပတ် သက်ပြီး စစ်ဆေးနိုင်ဖို့ အတွက် ကိရိယာတွေကိုတိုးချဲ့တပ်ဆင် သွားမှာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအတွက် စစ်ဆေး နိုင်မည့်  X-ray စက်များ၊ မိုင်းရှာဖွေရေးကိရိယာများနှင့် ရဲတပ်ဖွဲ့ ဝင်များကြား အပြန်အလှန်ဆက် သွယ်နိုင်မည့်ကိရိယာများကို နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဌာနများထံသို့ တိုးချဲ့ချထားပေးမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါပစ္စည်းများဝယ်ယူနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုံခြုံရေးနဲ့ဆက်သွယ်ရေးကိရိယာ တွေကို ဒီနှစ်အတွက်ရတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး ရဲတပ်ဖွဲ့ဌာန အားလုံးမှာ တိုးချဲ့ပေးသွားပါမယ်။ နှစ်အလိုက်ရတဲ့ဘတ်ဂျက် ပေါ်မူတည်ပြီးတော့ တိုးချဲ့မှုတွေကိုလည်း လုပ်သွားပါမယ်’’ဟု ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးနှင့်ဆက်သွယ် ရေးကိရိယာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့တွင် တိုးချဲ့အသုံးပြုသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

7Day DAILY 

ဓာတ်ပုံ - ကျော်ဇင်သန်း
ဓာတ်ပုံ - ကျော်ဇင်သန်း
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဆက်စပ်ဌာနများအတွက်လုံခြုံရေးစစ်ဆေးသည့် ကိရိယာများနှင့် ဆက် သွယ်ရေး ကိရိယာများတိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသတင်းရရှိသည်။

သမ္မတလောင်း သေဆုံးသည့် ဘရာဇီး လေယာဉ်ပျက်ကျမှုကို Black Boxက မှတ်တမ်းတင်ထားခြင်း မရှိ

Photo: သမ္မတလောင်း သေဆုံးသည့် ဘရာဇီး လေယာဉ်ပျက်ကျမှုကို Black Boxက မှတ်တမ်းတင်ထားခြင်း မရှိ
Saturday, August 16, 2014

ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်၏ Black Boxက ခရီးစဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်တမ်းတင်မထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။

လေယာဉ်များတွင် ပါရှိသည့် Black Boxများသည် လေယာဉ်မှူး အခန်းထဲတွင် ပြောဆိုနေသည့် စကားများနှင့် လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည့် ကိရိယာများ ဖြစ်ကြသည်။ ဘရာဇီး သမ္မတလောင်း အီဒွာဒို ကမ်ပို့စ်သည် စင်းလုံးငှားလေယာဉ် ပျက်ကျမှုတွင် အခြားလူ(၆)ဦးနှင့်အတူ သေဆုံးခဲ့သည်။ အဆိုပါ လေယာဉ်ပျက်၏ Black Boxများကို စစ်ဆေးကြည့်သည့်အခါ ပျံသန်းမှု ခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်တမ်း တင်မထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘရာဇီး လေတပ်က Black Box အတွင်းရှိ လေယာဉ်မှူး ပြောစကားများကို စိစစ်ကြည့်သည့်အခါ အဆိုပါ လေယာဉ်ခရီးစဉ်နှင့် လုံးဝ မပတ်သက်ကြောင်း အတည်ပြုခဲ့သည်။ ဆော်ပေါ်လိုရှိ ဆန်းတို့စ် မြို့အနီးတွင် ရာသီဥတု ဆိုးရွားနေစဉ် အတောအတွင်း လေယာဉ်ပျက်ကျပြီး ကမ်းပို့စ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ သေဆုံးခဲ့ခြင်း ဖြစ်သည်။ မြို့တော် ဘရာစီလီယာရှိ လေကြောင်း မတော်တဆမှုများ စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးရေး ဌာနမှ ကျွမ်းကျင်သူများသည် Black Boxအတွင်းရှိ အသံဖိုင်များကို ပြန်လည်စုစည်း တည်ဆောက်ပြီး စစ်ဆေးခဲ့ရာ အံ့ဩဖွယ်ရာ အခြေအနေအဖြစ် ယခုခရီးစဉ်နှင့် လုံးဝ ဆက်စပ်မှု ရှိမနေသည်ကို တွေ့ရှိခဲ့ရသည်။

“စုစုပေါင်း (၂)နာရီစာ အသံတွေကို ပြန်ပြီး စစ်ဆေး နားထောင်ကြည့်တဲ့အခါ ဩဂုတ်(၁၃)ရက်က ပျက်ကျတဲ့ လေယာဉ် ခရီးစဉ်နဲ့ မသက်ဆိုင်တာကို တွေ့ရှိခဲ့ရပါတယ်”ဟု လေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပက်ဒရိုလူးဝစ် ဖာဆစ်က ပြောကြားခဲ့သည်။ “Black Box လေယာဉ်မှူး ပြောဆိုထားတဲ့ စကားတွေဟာ ဘယ်နေ့တုန်းကလဲ ဆိုတာကို မသိနိုင်သေးပါဘူး။ တပ်ဆင်ထားတဲ့ ကိရိယာက အသံဖိုင်တွေရဲ့ နေ့ရက်ကို ဖော်ထုတ်ပြနိုင်ခြင်း မရှိလို့ပါ”ဟုလည်း ဖာဆစ်က ဆိုသည်။

ကမ်းပို့စ်သည် ဘရာဇီး ဆိုရှယ်လစ် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူဖြစ်ပြီး တတိယ ရေပန်းအစားဆုံး သမ္မတလောင်းအဖြစ် ရပ်တည်နေသည်။ ၎င်းသေဆုံးသည့်နောက် မည်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဘရာဇီး၏ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတလောင်း မတော်တဆ ကွယ်လွန်ပါက သက်ဆိုင်ရာ ပါတီသည် (၁၀)ရက်အတွင်း လူသစ် အစားထိုး ယှဉ်ပြိုင်ခွင့်ရှိကြောင်း သတင်းရရှိသည်။

BBC
ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်၏ Black Boxက ခရီးစဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်တမ်းတင်မထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။

ပါကစ္စတန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ရွေးကောက်ပွဲအသစ် ကျင်းပရန် တောင်းဆို

Photo: ပါကစ္စတန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ရွေးကောက်ပွဲအသစ် ကျင်းပရန် တောင်းဆို
Saturday, August 16, 2014

ပါကစ္စတန်နိုင်ငံ မြို့တော်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ စုရုံးနေပြီး အတိုက်အခံ နိုင်ငံရေးသမား အင်ရန်ခမ်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှာအစ် နုတ်ထွက်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပတဲ့ အထိ ဆန္ဒပြသွားမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောလိုက်ပါတယ်။

Pakistanခရစ်ကက် အကျော်အမော်ဘ၀ကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ အင်ရန်ခမ်းဟာ သြဂုတ်လ ၁၅ ရက်နေ့ညပိုင်းမှာ စတင်တဲ့ ဆန္ဒပြပွဲ ၂ ခုထဲက တခုကို ခေါင်းဆောင်နေပြီး ဘာသာရေး ခေါင်းဆောင်တာဟာ ကာဒရီက နောက်ဆန္ဒပြပွဲတခုကို ခေါင်းဆောင်ပါတယ်။

ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဒီဆန္ဒပြပွဲနှစ်ခုဟာ ၁၅ လသာ သက်တမ်းရှိသေးတဲ့ အရပ်သားအစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။

အင်ရန်ခမ်းက လက်ရှိဝန်ကြီးချုပ်ဟာ မဲမသာမှုတွေရှိတဲ့ ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ ၀န်ကြီးချုပ်ဖြစ်လို့ နုတ်ထွက်သွားတဲ့အတွက် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ သူ့ကို ထောက်ခံသူတော်တော်များများကိုလည်း သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ အစ္စလာမ္မာဘက်မြို့မှာ သပိတ်စခန်းချထားတာကို တွေ့ရပါတယ်။

အစိုးရအဖွဲ့ထဲက တချို့က လက်ရှိ ဆန္ဒပြပွဲတွေရဲ့ နောက်မှာ စစ်တပ်ထဲက အမာခံတချို့ ကျောထောက်နောက်ခံပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။ ဆန္ဒပြပွဲတွေက အစိုးရကို ဘယ်လောက်အထိ ကိုင်လှုပ်နိုင်မလဲဆိုတာက စစ်တပ်ရဲ့ ရပ်တည်ချက်အပေါ်မှာ မူတည်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ပါကစ္စတန်မှာ အာဏာသိမ်းတဲ့ အစဉ်အလာရှိတဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာ အာဏာသိမ်းမှာကို စိုးရိမ်သူတွေ မများလှပေမယ့် မတည်ငြိမ်မှုတွေကြောင့် စစ်တပ်အာဏာ ကြီးထွားလာမှာကိုတော့ အစိုးရအရာရှိတွေက တွက်ဆထားကြပါတယ်။

ဒီဗွီဘီ
ပါကစ္စတန်နိုင်ငံ မြို့တော်မှာ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ စုရုံးနေပြီး အတိုက် အခံ နိုင်ငံရေး သမား အင်ရန်ခမ်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှာအစ် နုတ်ထွက်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပတဲ့အထိ ဆန္ဒပြသွားမယ်လို့ သူ့ကို ထောက် ခံ သူတွေကို ပြောလိုက်ပါတယ်။

လက်မှတ်ငါးသန်းကိုစဉ်းစားရန် ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်တွင် သာတာဝန်ရှိ

 Photo: လက်မှတ်ငါးသန်းကိုစဉ်းစားရန် ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်တွင် သာတာဝန်ရှိ
Saturday, August 16, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်းသည် ပြည်ထောင်စုလွှတ် တော်၏ အခြေခံဥပဒေပြင်ဆင် နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီအပေါ် သက်ရောက်မှု မရှိကြောင်း လွှတ်တော်နာယက ပြောကြားသကဲ့သို့ပင် ကော်မတီ ကထပ်တူပြောကြားလိုက်သည်။

  ‘‘လက်မှတ်ငါးသန်းကို ထည့်သွင်းစဉ်းစားဖို့ကော်မတီမှာ တာဝန်မရှိပါဘူး။ စဉ်းစားရမှာက လွှတ်တော်နာယကနဲ့ဥက္ကဋ္ဌပြည် ထောင်စုလွှတ်တော်ကစဉ်းစားရ မှာပါ’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည် ဖော်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

 ဇူလိုင်လအတွင်းကလည်း ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများ ၏ ဆန္ဒပြုလက်မှတ်များသည် လွှတ်တော်ကော်မတီအပေါ် သက်ရောက်မှုမရှိနိုင်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။

 လက်မှတ်ကောက်ယူရေး လှုပ်ရှားမှုကို စတင်ခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် သည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်ကလည်း ထို လက်မှတ်များသည် ကော်မတီ အပေါ် သက်ရောက်မှုမရှိနိုင်ဆို သည်မှာ မှန်ကန်သည်ဟုပြော ကြားခဲ့သည်။

  သို့သော် လွှတ်တော်နှင့် သက်ဆိုင်သောကိစ္စဖြစ်သော ကြောင့် ပြည်သူများ၏အသံကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များက စဉ်းစားဆောင်ရွက် နိုင်သဖြင့် ထိုက်သင့်သောအကျိုး သက်ရောက်မှုရှိနိုင်ပါသည်ဟု သြဂုတ်လ ၁၁ ရက်တွင် ပြည် ထောင်စုလွှတ်တော် နာယကကပြန်ပြောင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအကောင်အထည် ဖော်ရေးကော်မတီသည် အခြေခံ ဥပဒေပါပုဒ်မအားလုံးကို ဆွေး နွေးပြီးစီးပြီးဖြစ်၍ ဇယား ၁ မှ ဇယား ၅ အထိသာဆွေးနွေးရန် ကျန်ရှိတော့ကြောင်းသတင်းရရှိ သည်။

 ဇယား ၁၊၂၊၃ နှင့် ၅သည် အရေးကြီးသဖြင့် ဆွေးနွေးရန် အချိန်ယူရမည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

ကော်မတီ၏ဆွေးနွေးမှုများ ပြီးစီးပါက ဥပဒေကြမ်းကို ယခု လာမည့် (၁၁)ကြိမ်မြောက်လွှတ် တော်တွင် တင်သွင်းနိုင်ရန်စီစဉ် နေပြီဖြစ်ကြောင်းလည်း လွှတ် တော်နာယက ကပြောကြားထား သည်။ အဖွဲ့ဝင် ၃၁ ဦးပါဝင်သော ကော်မတီသည် အစီရင်ခံစာနှင့် အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းဥပဒေကြမ်းနှင့် ပြင်ဆင် ရန်အဆိုကိုပါ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းရမည်ဖြစ် ပြီး ရွေးကောက်ပွဲမတိုင်မီ ၆ လ အလိုတွင် တင်သွင်းရမည်ဟု ကော်မတီ၏တာဝန်များတွင် ပြဋ္ဌာန်းထားသည်။

7Day DAILY 

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်းသည် ပြည်ထောင်စုလွှတ် တော်၏ အခြေခံဥပဒေပြင်ဆင် နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီအပေါ် သက်ရောက်မှု မရှိကြောင်း လွှတ်တော်နာယက ပြောကြားသကဲ့သို့ပင် ကော်မတီ ကထပ်တူပြောကြား လိုက်သည်။

လှည်းကူး ရေဘေးသင့်ရွာ သုံးရွာသို့ ကူညီရေးအဖွဲ့များ မရောက်နိုင်၍ လူတစ်ထောင်ကျော် အခက်အခဲတွေ့နေ

Photo: လှည်းကူး ရေဘေးသင့်ရွာ သုံးရွာသို့ ကူညီရေးအဖွဲ့များ မရောက်နိုင်၍ လူတစ်ထောင်ကျော် အခက်အခဲတွေ့နေ
Saturday, August 16, 2014

ရေကြီးရေလျှံမှုများနှင့် တစ်လကျော်ကြာ ရင်ဆိုင်နေရ သော လှည်းကူးမြို့ နယ်ရှိ ကျေး ရွာသုံးရွာသို့ ရေဘေးကူညီရေး အဖွဲ့များ သွားရောက်ရန် အခက်အခဲရှိနေ၍ ဒေသခံလူဦးရေ တစ်aထာင်ကျော် အခက်အခဲဖြစ်နေ ကြောင်း သတင်းရရှိသည်။

မြို့နယ်အတွင်း အစားအ သောက်နှင့် အ၀တ်အထည် အ ကူအညီပေးရေး အဖွဲ့များ လာ ရောက်ကူညီမှုများ ရှိနေသော် လည်း ဖခမဲကျေးရွာ၊ ဖရုံစုကျေး ရွာနှင့် ကျုံကာကျေးရွာများသို့ စက်လှေဖြင့် တစ်နာရီကျော်ကြာ သွားရသဖြင့် အကူအညီပေးရေးအဖွဲ့များ မရောက်နိုင် ဖြစ်နေသည်။

‘‘ရေတက်တာ တစ်လကျော် ရှိသွားပြီ။ စားရေးသောက်ရေး အတွက် အကြွေးယူပြီး စားနေရ တာပါ။ ရပ်ကျေးအုပ်ချုပ်ရေးမှူး က တစ်အိမ်ကို ဆန်တစ်ပြည်နှုန်း နဲ့ တစ်ကြိမ် လိုက်ဝေဖူးတယ်။ ဒီ နောက်ပိုင်း ဘယ်သူမှ လာပေး ကမ်းကြတာ မရှိတဲ့အတွက် အ ကူအညီလိုတာပေါ့။ အကူအညီပေးနေတဲ့ သူတွေက ဒီနေရာရောက်တဲ့အထိလာရင် ကောင်းမှာပဲ’’ ဟု ဖခမဲကျေးရွာခံ ဦးစံအောင်က ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ကပင် ရေနစ်မြုပ်စာရင်း လိုက် လံကောက်ခံခဲ့ပြီး မိသားစုတစ် စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် သြ ဂုတ် ၁၃ ရက်တွင် ကျေးရွာအုပ် ချုပ်ရေးမှူးက ပေးဝေခဲ့သည်။

လှည်းကူးမြို့နယ်တွင် ရေ ကြီးရေလျှံမှုများကြောင့် အခြေခံ ပညာကျောင်း ၁၀ ကျောင်း ပိတ် ထားရကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

‘‘ကျောင်းကို သွားတဲ့ လမ်း တွေမှာ ရေကြီးပြီး သွားလို့မရ အောင် ဖြစ်နေလို့ ကျောင်းပိတ် ထားတာ။ တချို့ကျောင်းတွေကို ပိတ်ထားရတာ နှစ်ပတ်ကျော် လောက်ရှိနေပြီ။ တချို့ကျောင်း တွေကတော့ ပိတ်ထားတာ တစ် ရက်၊ နှစ်ရက်လောက်ပဲ ရှိသေး တယ်’’ ဟု လှည်းကူးမြို့နယ် ဒု ပညာရေးမှူးက ပြောသည်။

သြဂုတ် ၅ ရက်မှစ၍ လှည်း ကူး မြို့နယ်ရှိ ရေနစ်မြုပ်သော နေရာသို့ လာရောက်ကူညီမှုများ ရှိနေပြီး ကျေးရွာအချို့သို့ သွား ရောက်ရန် အခက်အခဲများ ရှိနေ သောကြောင့် ကူညီရေးအဖွဲ့မ ရောက်နိုင်သော ဒေသများတွင် အရေးပေါ် အစားအသောက်များ လိုအပ်နေသည်။

‘‘ဒီရွာသုံးရွာကို အတတ်နိုင် ဆုံး အရေးပေါ်ကူညီဖို့ လုပ်နေပါ ပြီ။ တကယ်လည်း အကူအညီ လိုအပ်နေတဲ့ နေရာတွေပါ။ ကုန်း မြေပေါ်နေတဲ့ နေရာကနေ စက် လှေနဲ့သွားတာ တစ်နာရီခွဲကြာမှ ရောက်တာ။ ဒီရွာတွေကို တော်ရုံ တန်ရုံ ဘယ်သူမှ မသိကြပါဘူး’’ ဟု လှည်းကူးမြို့နယ်အသင်းမှ တာဝန်ရှိသူ ဦးစည်သူက ပြောသည်။

လက်ရှိ အကူအညီလိုအပ် နေသော ကျေးရွာသုံးရွာမှာ ဖခမဲ ကျေးရွာတွင် အိမ်ခြေ ၄၀၊ ဖရုံစု ကျေးရွာတွင် အိမ်ခြေ ၂၈၀ နှင့် ကျုံတာကျေးရွာရှိ အိမ်ခြေ ၅၀ တို့မှာ ရေကြီးရေလျှံမှုများနှင့် ရင် ဆိုင်နေရခြင်းဖြစ်သည်။

လှည်းကူးမြို့နယ်တွင် ရေ ကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ဂျုံးဂျုံးကျ၊ ကင်းမွန်ခြံသိမ်ကုန်း၊ ဘိုရင်လေး စသည့် ကျေးရွာများ သို့ နာရေးကူညီမှုအသင်း (ရန် ကုန်)၊ ZTE မိုဘိုင်း ထရေးဒင်း ကုမ္ပဏီ၊ ဒေ၀ူးသင်္ဘောကျင်းလူ ငယ်များအဖွဲ့၊ လှည်းကူးမြို့နယ် အသင်းနှင့် လှည်းကူးမြို့နယ် (NLD) တို့မှ အစားအသောက်၊ အ၀တ်အထည်နှင့် ဆေးဝါးများ ကူညီပေးလျက်ရှိသည်။

7Day DAILY 

ရေဘေးသင့် ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရေဘေးသင့် ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
 ရေကြီးရေလျှံမှုများနှင့် တစ်လကျော်ကြာ ရင်ဆိုင်နေရ သော လှည်းကူးမြို့နယ်ရှိ ကျေး ရွာသုံးရွာသို့ ရေဘေးကူညီရေး အဖွဲ့များ သွားရောက်ရန် အခက်အခဲရှိနေ၍ ဒေသခံလူဦးရေ တစ်aထာင်ကျော် အခက်အခဲဖြစ်နေ ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ထိုင်းထုတ်ကုန်တင်ပို့မှု ယခင်ထက် (၁၁)ရာခိုင်နှုန်းကျော် မြင့်တက်

ထိုင်းနိုင်ငံရဲ့အသေးစားနဲ့ အလတ်စားကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ခင်းကျင်းပြသခဲ့တဲ့ ထိုင်းထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်း စိန်ဂေဟာမှာ သြဂုတ်လ (၁၉) ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရင်သားထဲ ကိုကင်းထည့်သယ်လာသူကို စပိန်လေဆိပ်မှာ ဖမ်းမိ


ရင်သား အစားထိုး ပစ္စည်းထဲ ထည့်လာတဲ့ ကိုကင်း မူးရစ်ဆေးများ၊ ဓာတ်ပုံ- The Mirror
ဗင်နီဇွဲလား ခရီးသွားအမျိုးသမီးတဦးကို စပိန်နိုင်ငံ မက်ဒရစ်လေဆိပ်မှာ သူ့ရင်သားပုံသဏ္ဍန်တွေက မတူကွဲပြား ထူးခြား နေတာကြောင့် အကောက်ခွန်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။

ပဲရစ်က ချစ်သူတံတား၊ အစဉ်အလာပိတ်ပင်ခံရ

Photo: ပဲရစ်က ချစ်သူတံတား၊ အစဉ်အလာပိတ်ပင်ခံရ
Saturday, August 16, 2014
 
ပြင်သစ်နိုင်ငံမှာ ပဲရစ်မြို့က ရှေးဟောင်းတံတားတခုမှာ ချစ်သူစုံတွဲတွေရဲ့ ကတိသစ္စာပြု သော့ခတ်လေ့ရှိ တဲ့ အလေ့အထ ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ 

ရှေးဟောင်း တံတားကို မပျက်စီးစေပဲ ထိန်းသိမ်းဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူစုံတွဲတွေပဲဖြစ်ဖြစ် ကမ္ဘာလှည့် ခရီး သည်တွေပဲဖြစ်ဖြစ် သော့တွေ ခတ်ခွင့် မပေးတော့ပါဘူး။ 

Le Pont des arts လို့ လူသိများတဲ့ ပဲရစ်မြို့က တံတားပေါ်မှာ လွန်ခဲ့တဲ့ နှစ်တော်တော်များစွာကတည်း က ချစ်သူတွေဟာ ချစ်သစ္စာ တိုင်တည်တဲ့ အနေနဲ့ သော့တွေခတ်ပြီး သော့တံကို မြစ်ထဲ လွှင့်ပစ်ခဲ့ကြလေ့ ရှိပါတယ်။ မခွဲတမ်းချစ်မယ်ဆိုတဲ့ သဘောပါ။ 

တကယ်လို့ ၂ ဦး လမ်းခွဲကြကြေးဆိုရင် မြစ်ထဲက သော့တံပြန်ရှာပြီး သော့ဖွင့်လို့ရမှ ဖြစ်မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ သော့တံတွေကို မြစ်ထဲ လွှင့်ပစ်ကြတာပါ။ 

ဒီလိုနဲ့ လူတွေက ဒီတံတားမှာ လာကြ၊ သော့တွေခတ်ကြနဲ့၊ တံတားမှာ ချိတ်ခတ်ထားကြတဲ့ သော့ တွေရဲ့ အလေးချိန်က များလာတော့ တံတားအစိပ်အပိုင်းတချို့ တံတားပျက်စီးလာနေတာကို ပြင်သစ် အာဏာပိုင်တွေ က ထောက်ပြပြီး အခုလို သော့တွေခတ်တဲ့ အစဉ်အလာကို ပိတ်ပင်လိုက်တာပါ။ 

ချစ်သူတံတားကို လာရောက်ကြသူတွေအနေနဲ့ ဓာတ်ပုံရိုက်တာလောက်ပဲ ခွင့်ပေးလိုက်တဲ့အပေါ် ကမ္ဘာလှည့်ခရီးသွားတွေ နဲ့ ဒေသခံတွေကလည်း သော့ခတ်တဲ့ အစဉ်အလာကို လုပ်ခွင့် မပေးလို့ သဘောမကျ ကြပါဘူး။ 

 ပဲရစ် က ချစ်သူတံတားမှာ အခုလို ချစ်သူတွေရဲ့ အစဉ်အလာ လုပ်ခွင့်မရတဲ့အပေါ် ဧရာဝတီပရိသတ်
aတွကရော ဘယ်လို အယူအဆမျိုးရှိပါသလဲ၊ လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။

ဧရာဝတီ BLOG

 ပဲရစ်မြို့က Le Pond des arts တံတားပေါ်က သော့တွေနဲ့ ချစ်သူစုံတွဲ 

https://www.youtube.com/watch?v=accuNlV1aTo
 ပဲရစ်မြို့က Le Pond des arts တံတားပေါ်က သော့တွေနဲ့ ချစ်သူစုံတွဲ
 ပြင်သစ်နိုင်ငံမှာ ပဲရစ်မြို့က ရှေးဟောင်းတံတားတခုမှာ ချစ်သူစုံတွဲတွေရဲ့ ကတိသစ္စာပြု သော့ခတ်လေ့ရှိတဲ့ အလေ့အထကို အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ 

အရေးပေါ်အကူအညီများလိုနေဆဲ ရေဘေးဒုက္ခသည်များ

Photo: အရေးပေါ်အကူအညီများလိုနေဆဲ ရေဘေးဒုက္ခသည်များ
Saturday, August 16, 2014

မွန်ပြည်နယ်သထုံမြို့ ကျိုက်ကော်ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် နိုင်ငံရေးပါတီတစ်ခုမှပေးဝေသည့်ဆန်နှစ်ပြည်၊ဆီငါး ဆယ်သားနှင့် အချိုမှုန့်အနည်းငယ်ပါအထုပ်ကိုယူရန် ရေဘေးဒုက္ခသည်များ တဖွဲဖွဲ ရောက်လာကြသည်။

အဆိုပါရိက္ခာထုပ်ကိုယူရန် ခုနစ်မိုင်ခန့်အကွာ ခရီးဝေးမှ လာ ရောက်သူများပါပြီး အများစုမှာ ရွှံ့တော၊ ဗွက်တောထဲမှ ရုန်းလာ ရသည့်ဒယိမ်းဒယိုင်ခြေလှမ်းများ ဖြင့်ဖြစ်၏။ တစ်ကိုယ်လုံးမိုးရေစို ရွှဲနေသော အသက်ငါးနှစ်အရွယ် ကိုယ်တုံးလုံးကလေးငယ်အရွယ် မှ တောင်ဝှေးတစ်ချောင်းကိုအား ပြုလျက် ဓမ္မာရုံဘက်ဆီတဖြည်း ဖြည်းချင်းလျှောက်လာနေသည့် အသက် (၇၀)ခန့်အရွယ်သက် ကြီးရွယ်အိုများအထိ အရွယ်စုံ ကျား၊ မအစုံပါဝင်သည်။
လူဦးရေနှစ်ရာခန့်ရှိသော အဆိုပါလူစုမှာ သထုံမြို့ကျိုက် ကော်၊ သိမ်ဆိပ်၊ မရမ်းကုန်း၊ ဒေး ဝန်း၊ အောက်ကွင်းနှင့် ဆိပ်ကျွန်း ကျေးရွာများရှိ ရေဘေးဒုက္ခသည် များထဲမှ လူနည်းစုသာဖြစ်ပါ သည်။ အဆိုပါကျေးရွာအနီးပတ် ဝန်းကျင်မှ ရေဘေးသင့်သူစုစု ပေါင်းမှာ မွန်ပြည်နယ် လူ-ကယ် -ပြန်ဌာန၏  စာရင်းများအရ လူဦးရေလေးထောင်ကျော်ရှိပါသည်။

အလှူရှင်များက ကျေးရွာ အုပ်စုတစ်စုချင်းစီအလိုက် အလှည့်ကျလှူဒါန်းခြင်းဖြစ်ပြီး ဒေသတွင်းရေကျသွားပြီဖြစ်၍ရေဘေးသင့်စခန်းများပိတ်လိုက်သောအခါ အစိုးရမှပေးသည့်ကယ်ဆယ်ရေးပစ္စည်းကိုပါ မရတော့ဘဲ စားဝတ်နေရေးအတွက် အခက်အခဲတွေ့နေသူများစွာရှိသည်။

‘‘အဲဒီနေ့က တခြားရွာက နာရေးတစ်ခုကိုပို့ပြီး ပြန်လာတော့ တစ်ရွာလုံးရေမြုပ်နေပြီ။ အိမ်ထဲကပစ္စည်းတွေလည်း ဘာဆိုဘာမှမရလိုက်ဘူး။ အခုလည်း ဆန်ဝေတယ်ဆိုလို့လာတာ။ ဒါပေမဲ့ စာရင်းထဲမှာမပါတော့ ပြန်ရတော့မယ်’’ဟု ရိက္ခာဝေရာ ဓမ္မာရုံသို့ရောက်လာသည့် အောက်ကွင်းကျေးရွာမှ မအေးမိုးကပြောသည်။

သထုံမြို့အနီးပတ်ဝန်းကျင် တွင်ရေကြီးခဲ့သည့်ပုံစံမှာ အခြား ဒေသများကဲ့သို့ မြစ်ရေကြီး၍ မြေ နိမ့်ဒေသများအတွင်း ရေဝင်ခြင်း မျိုးမဟုတ်ဘဲ မိုးသည်းထန်စွာရွာ သောအနီးပတ်ဝန်းကျင်ရှိ တက္က တောင်၊  မဥတောင်နှင့် ဝင်းပ တောင်တို့မှ တောင်ကျရေများ အရှိန်အဟုန်ဖြင့်ဆင်းလာခြင်း ဖြစ်သည်။  ရွာထဲသို့ရေအလုံး လိုက် ရုတ်တရက်ဝင်ရောက်လာ ခြင်းဖြစ်ပြီး ကျေးရွာသားများမှာ ကိုယ်လွတ်ရုန်း၍ပြေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

‘‘အိုးတွေခွက်တွေရော အဝတ်အစားတွေပါ ရေထဲပါ သွားတာ။ ကျောင်းသားတွေရဲ့ စာအုပ်တွေလည်းကုန်တာပဲ။ ဘာမှပြန်မရလိုက်ဘူး။ အခုတော့ အလှူရှင်တွေပေးတာနဲ့စားနေရတယ်။ ဆန်နှစ်ပြည်ဆိုတာကလည်း နှစ်ရက်စာပဲရှိတာလေ။ လယ်တွေလည်းပျက်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး။ တစ်သက်နဲ့တစ်ကိုယ် အခုလိုသူများဆီ လက်ဖြန့်တောင်းရမယ်လို့မထင်ခဲ့ဘူး’’ဟု သိမ်ဆိပ်ကျေးရွာမှ ဒေါ်ထွေးစိန်က ဝမ်းနည်းစွာ ပြောသည်။

ဒေသတွင်းရှိ ရေတွင်းရေ ကန်အားလုံး ရေနစ်မြုပ်ခဲ့ပြီး အညစ်အကြေးများနှင့် ရောထွေး ကာသောက်သုံးရေ မရတော့ခြင်းကလည်း အရေးတကြီးပြဿနာတစ်ရပ်ဖြစ်နေသည်။ ရေဘေးစတင်သည့်ရက်များတွင် မွန်ပြည်နယ်အစိုးရက World Vision Myan-mar ၏ အကူအညီဖြင့် ရေသန့်ဆေးမှုန့် ထုပ်များပေးခဲ့သော်လည်းအဆိုပါရေသန့်ဆေးများ၏အာ နိသင်မှာ ဆယ်ရက်သာခံသောကြောင့် ယခုအခါ သောက်သုံးရေအခက်အခဲကြီးမားနေကြောင်း ဒေသခံများက ပြောသည်။

သထုံမြို့အပါအဝင် မွန်ပြည်နယ်အတွင်း ရေဘေးသင့်ဒေသ များသို့ ပြည်နယ်အစိုးရက ရေ သန့်ဆေးထုပ်ပေါင်း ၂၆၀၀၀ ကျော် ပေးအပ်ခဲ့သည်။ သို့သော် အဆိုပါဒေသများတွင် လယ်ကွင်း အချို့မှလွဲ၍ ကျန်နေရာများတွင် ရေပြန်ကျသွားသည်နှင့် ကယ် ဆယ်ရေးစခန်းများပိတ်လိုက်ကာ အစိုးရကလည်း ရိက္ခာထောက်ပံ့ မှုကိုရပ်လိုက်သည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ရင်ဆိုင်ရ လေ့မရှိသည့် ဒေသခံများအတွက် အခက်အခဲများရင်ဆိုင်နေရခြင်း ဖြစ်သည်။

ရေဘေးဒုက္ခသည်များမှာ အရေးပေါ်အကူအညီကိုပင် အလုံအလောက်မရဘဲ ပြန်လည် ထူထောင်ရေးအတွက် အကူအညီကို လုံးလုံးမမျှော်လင့်နိုင်တော့ပေ။

‘‘ကြက်ခြေနီတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေလိုက်ဝေတဲ့ ရေသန့်ဆေးထုပ်က ကုန်သွားပြီ။အခုမိုးရေကိုခံပြီး ကြိုသောက်နေ တယ်။ သူတို့ကလည်း ဆေးကုန် သွားရင် အဲဒီလိုသောက်လို့မှာ သွားတယ်’’ဟု သိမ်ဆိပ်ကျေးရွာ မှ ဦးမိုးဆွေကပြောသည်။

ပြည်ခိုင်ဖြိုးနှင့် NLD ကဲ့သို့ နိုင်ငံရေးပါတီများက အဝတ်အ ထည်နှင့်ရိက္ခာထောက်ပံ့နေကြ သော်လည်း ကယ်ဆယ်ရေးပစ္စည်းနှင့်ဒုက္ခသည်ဦးရေမှာ မမျှတ။ သြဂုတ် ၁၃ ရက်ကကျိုက်ကော် ကျေးရွာ၊ ဓမ္မပဋ္ဌာန်းဘုန်းကြီး ကျောင်းတွင် မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကယ်ဆယ်ရေး ပစ္စည်းများလာရောက်ထောက်ပံ့စဉ်ကပင် စာရင်းထဲတွင်မပါသောကြောင့် လက်ဗလာဖြင့်အိမ်ပြန်သွားရသူများရှိခဲ့သည်။

‘‘ကျွန်တော်တို့ဆို အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတာ။ ပိုက်ဆံ လည်း အထိုက်အလျောက်ရှိပါ တယ်။ ဒါပေမဲ့ ပစ္စည်းတွေရေထဲ မျောသွားတော့ စားရေးသောက် ရေးအခက်အခဲရှိလို့ လာတန်းစီရ တာ။ ရေဘေးကြောင့် ရွာထဲမှာ ဘာမှပြန်မရလိုက်တဲ့သူတွေအ များကြီးပဲ’’ဟု ကယ်ဆယ်ရေး ပစ္စည်းယူရန် လာရောက်တန်းစီ သည့် ကိုမျိုးမင်းကပြောသည်။

ကျိုက်ကော်ကျေးရွာအတွင်းပိုင်းတွင် ရေဘေးကြောင့် လူနေ အိမ်အချို့ပျက်စီးခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ အုတ်နံရံမှာလည်း ပေနှစ်ရာခန့် လမ်းပေါ်ပြိုကျကာ ဆယ်ရက်ကျော်သည်အထိ မရှင်းလင်းရသေးဘဲ အပျက်အစီးများပြန့်ကျဲနေသည်။ ရေဘေးသင့်သူများ၏ ပစ္စည်းအချို့မှာလည်း မပြိုလဲသေးသည့် အုတ်နံရံအပေါ်ဘက်တွင် ရသမျှတင်ထားသည်ကို တွေ့ရသည်။

‘‘ဘုန်းကြီးဆိုရင် ကျောင်းကို ကာထားတဲ့အုတ်နံရံအကြီးကြီး ပြိုကျသွားလို့ စိတ်ညစ်ပြီး အပြင် ထွက်မလာတာ  ဆယ်ရက်လောက်ရှိပြီ’’ဟုကိုမျိုးမင်းက ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရေဘေးသင့်လူဦးရေလေးထောင့် တစ်ရာကျော်ရှိပြီး ပြည်နယ် လူ- ကယ်-ပြန်ဌာနမှ ကျပ်သိန်း ၆၀ ကျော်နှင့်ညီမျှသော သုံးရက်စာ ရိက္ခာကိုထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။  ထို့ကြောင့် ဒေသတွင်းဒုက္ခသည်အရေအတွက်နှင့်စာလျင် အစိုးရ၏ထောက်ပံ့ နိုင်သည့်ပမာဏ နည်းပါးလှကြောင်း ဒေသခံများက သုံးသပ်သည်။

ယခုသဘာဝဘေး ကယ် ဆယ်ရေးအပိုင်း၏ထူးခြားချက် မှာ ပါတီအချို့၏မဲဆွယ်စည်းရုံး ရေးအသွင်ကယ်ဆယ်ရေးပစ္စည်း များပေးအပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကူအညီများက ရေဘေးသင့် သူများအတွက် အထိုက်အလျောက်သက်သာရာရစေခဲ့သည်။ သို့သော်ပြန်လည်ထူထောင်ရေး အပိုင်းတွင်တော့ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကျိုက်ကော်ကျေးရွာဓမ္မ ပဋ္ဌာန်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်နေစဉ်ပင် ဝါခေါင်လ၏မိုးက အငြိုးကြီးစွာရွာနေဆဲဖြစ်သည်။ ရွာဦးကျောင်းဆရာတော်နှင့် ရေဘေးသင့်သူလူဦးရေနှစ်ရာခန့်၏ အလှူတရားနာရေစက်ချသည့် အသံကိုပင် ဖုံးလွှမ်းနေသည်အထိ မိုးကကောင်းနေသည်။ အိမ် ထောင်စုတစ်စုအတွက်ရသည့် ခွဲတမ်းရိက္ခာထုပ်တစ်ထုပ်စီကို သဲသဲမဲမဲရွာနေသည့်မိုးရေကြားထဲ သယ်ဆောင်သွားရင်းဖြင့်တောင်ကျရေဆင်းလာဦးမည်ကို ၎င်းတို့အားလုံးစိုးရိမ်နေသည်။ 

7Day DAILY 

အလှူရှင်များက ကူညီသော ရိက္ခာထုပ်နှင့် ရေဘေးသင့်သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
အလှူရှင်များက ကူညီသော ရိက္ခာထုပ်နှင့် ရေဘေးသင့်သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
မွန်ပြည်နယ်သထုံမြို့ ကျိုက်ကော်ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် နိုင်ငံရေးပါတီတစ်ခုမှပေးဝေသည့်ဆန်နှစ်ပြည်၊ဆီငါး ဆယ်သားနှင့် အချိုမှုန့်အနည်းငယ်ပါအထုပ်ကိုယူရန် ရေဘေးဒုက္ခသည်များ တဖွဲဖွဲ ရောက်လာကြသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူနေသောနေရာအနီး သဲတင်သမ္ဗန်နှစ်စီးတိုက်မိ

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် လုပ်ငန်းခွင်အနီး၌ သဲတင်သမ္ဗန် နှစ်စီး တိုက်မိခဲ့ရာ တိုက်ခံရ သည့် သမ္ဗန်တစ် စီးနစ်မြုပ်သွားပြီး လူတစ်ယောက် မှသေဆုံးခြင်းမရှိဘဲ ၀င်တိုက်ခဲ့ သော သမ္ဗန်မှာ မောင်းပြေးသွား ကြောင်း သတင်းရရှိသည်။

အီဘိုလာရောဂါထိန်းချုပ်နိုင်ရန် ၆ လ ကြာမြင့်မည်

Photo: အီဘိုလာရောဂါထိန်းချုပ်နိုင်ရန် ၆ လ ကြာမြင့်မည်
Saturday, August 16, 2014 

အီဘိုလာရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ စစ်အတွင်းကာလလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ၆ ခြောက်လလောက် ကြာမြင့်အုံးမယ်လို့ နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူ က သြဂုတ်လ ၁၅ ရက်နေ့က ပြောကြားပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိက နိုင်ငံတွေကို ၁၀ ရက်ကြာသွားရောက်လေ့လာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားခဲ့တာဖြစ်ပါတယ်။
ဂျွမ်လီယူ က “ကျမ အဲ့ဒီဒေသတွေကို ရောက်သွားတဲ့အချိန်မှာ စစ်အတွင်းကာလလို့ပဲ ခံစားရတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် စိုးရိမ်ကြောက်ရွံ့နေရပြီး အခုဘာဖြစ်နေတယ်။ နောက်ဘာတွေ ဆက်ဖြစ်အုံးမယ်။ ဘယ်သူမှ အသေအချာမသိကြပါဘူး”လို့ ပြောဆိုပါတယ်။

ဒေသတခုလုံးကို ထိန်းနိုင်ဖို့ လိုင်ဘေးရီးယားနိုင်ငံက အခြေအနေကို အရင်ဆုံး ထိန်းနိုင်ဖို့ အရေးကြီးနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့အခန်းကဏ္ဍဟာ အရေးအကြီးဆုံး ဖြစ်နေတယ်လို့လည်း နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူက ပြောဆိုပါတယ်။

“လိုင်ဘေးရီးယားနိုင်ငံရဲ့လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေကို မထိန်းနိုင်ရင် ဒေသတခုလုံးကို လုံးဝထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် WHO အဖွဲ့ကြီးက ဦးဆောင်ပြီး လက်တွေ့ကျကျအလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”

အီဘိုလာရောဂါကြောင့် ဒီနှစ်အတွင်း အနောက်အာဖရိကနိုင်ငံတွေမှာ သေဆုံးသူ ၁၀၆၉ ဦးရှိသွားပြီလို့ WHO အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။

 ဒီဗွီဘီ 

ဓာတ်ပုံ - ရိုက်တာ
အီဘိုလာရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ စစ်အတွင်းကာလလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ၆ ခြောက်လလောက် ကြာမြင့်အုံးမယ်လို့ နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူ က သြဂုတ်လ ၁၅ ရက်နေ့က ပြောကြားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ္တရုပ်ရှင်ကို ကြိုဆိုပါသည်

Photo: ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ္တရုပ်ရှင်ကို ကြိုဆိုပါသည်
Saturday, August 16, 2014 

မြန်မာပြည်သူပြည်သားအားလုံးက စိတ်ဝင်တစားဖြစ်နေသော ဗိုလ်ချုပ် အောင်ဆန်းအတ္တူပ္ပတိ္တရုပ်ရှင်ဇာတ်ကား ကြီးကို ရိုက်ကူးတော့မည်ဆိုသောသတင်း ကို ကြားသိရသောအခါ ၀မ်းသာကြည်နူး ရပါသည်။ ဟောလီဝုဒ်၌ ရုပ်ရှင်အကယ် ဒမီဆုများရရှိခဲ့သော အိနိ္ဒယခေါင်းဆောင် မျိုးချစ်ပုဂ်္ဂိုလ်ကြီး “မဟတ္တမဂနီ်္ဓရုပ်ရှင်ကား ကြီးထွက်ပေါ်လာခဲ့စဉ်ကလည်းကောင်း၊ အိနိ္ဒယနိုင်ငံမှရိုက်ကူးသော “ချန်ဒရာဘို့” ရုပ်ရှင်ကားကြီးထွက်ပေါ်လာစဉ်ကလည်း ကောင်း၊ ကျူးဘားတော်လှန်ရေးသမား ကြီး “ချီဗွေဗားရား”ရုပ်ရှင်ကားကြီးကို ကြည့်ခဲ့ရစဉ်ကလည်းကောင်း အံ့သြခြင်း များစွာဖြစ်ခဲ့ရသည်။
ယခုလွတ်လပ်ရေး၏ ဖခင်၊ အမျိုး သားခေါင်းဆောင်ကြီး၊ ပြည်သူများ၏ ရင်တွင်းက ဘယ်တော့မှမေ့ဖျောက်၍ မရသော အသည်းနှလုံးဟုဆိုရမည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တူပ္ပတိ္တဇာတ် ကား မြန်မာနိုင်ငံတွင်ရိုက်ကူးပြသလျှင် အဘယ်မျှကောင်းလိုက်လေမည်နည်းဟု တွေးခဲ့ဖူးသည်။  

ယခုမြန်မာနိုင်ငံမှရုပ်ရှင် ပညာရှင်များက ဗိုလ်ချုပ်အောင်ဆန်း အတ္တူပ္ပတိ္တရုပ်ရှင်ဇာတ်ကားကိုရိုက်ကူး တော့မည်ဟု သိရသောအခါ ရင်ထဲမှ ဆန်္ဒများပြည့်ဝတော့မှာပါလားဆိုသည့် အတွေးဖြင့်ပျော်နေမိသည်။
ကျွန်တော်ငယ်စဉ်က ဦးလေး(အဒေါ် ၏ ယောက်ျား)က သုံးဆယ်မြို့မှ ရှိန်ရုပ် ရှင်ရုံ (ယခုရတနာဝင်းအဆင့်မြင့်ရုပ်ရှင် ရုံ)၏ မန်နေဂျာဖြစ်သဖြင့် ရုပ်ရှင်တစ် ကားကို တစ်ခါက မကကြည့်ခဲ့သူဖြစ်၍ ရုပ်ရှင်ကိုနှစ်ခြိုက်သည်။ စာရေးဆရာ ဖြစ်လာသောအခါ ရုပ်ရှင်ဆရာသမား များထံမှ ရုပ်ရှင်ဇာတ်ညွှန်းရေးနည်းပညာ ကိုသင်ယူခဲ့သည်။ သည်တော့ရုပ်ရှင်နှင့် ပတ်သက်ပြီး မစိမ်းဟုဆိုရပါမည်။ ကျွန်တော်ရေးခဲ့သည့်ဝတ္တူတိုများကိုဗီဒီယို ဇာတ်ကားများရိုက်ကူးခဲ့ရသည်များလည်း ရှိခဲ့သည်။ ၀တ္တူတစ်ပုဒ်ကို ဗီဒီယိုဇာတ် လမ်းရိုက်ကူးလိုက်သည့်အခါ မူလဇာတ် လမ်းအားကောင်းသွားခြင်း၊ အားနည်း သွားခြင်းကို ဝေဖန်သုံးသပ်တတ်လာပါ သည်။ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားကြီး ရိုက်ကူးတော့မည်ဟုကြားသိရသောအခါ ကျွန်တော့်ရင်ထဲတွင် ခံစားနေသောဆန္ဒ များကို အနည်းငယ်မျှလောက်သောရုပ် ရှင်ပညာလေးဖြင့် ဖြည့်စွမ်းပေးချင်မိ သည်။ ပညာရှင်ကြီးများအနေဖြင့် စာနာ ခွင့်လွှတ်ပေးစေချင်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရုပ်ရှင် ဆက်စပ်ခဲ့ဖူးသည်ကို စာအုပ်တစ်အုပ်ထဲ တွင် ဖတ်ဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ရုပ်ရှင်ချစ်သူတစ်ဦးဖြစ် ကြောင်း သိခဲ့ရသည်။ ဗိုလ်ချုပ်အောင် ဆန်း၏ အတ္တူပ္ပတိ္တစာအုပ်တစ်အုပ်ထဲ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပါးတော်မြဲ ဗိုလ်ထွန်းမှ (စာရေးဆရာတက္ကသိုလ် နေ၀င်း၊ ရုပ်ရှင်သရုပ်ဆောင်လည်းလုပ်ခဲ့ သူ)တို့ အပန်းဖြေရုပ်ရှင်ကြည့်ခဲ့ပုံကို ဖတ် ခဲ့ရသည်။
စစ်အတွင်းက ရုပ်ရှင်ပညာရှင်များ ရုပ်ရှင်မရိုက်ရသောကြောင့် ပြဇာတ်များ ကပြခဲ့ရာ မြိုင်ရုံတွင်တင်ဆက်ကပြခဲ့သော ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ “တကယ့် စစ်သား”ပြဇာတ်ကို ဗိုလ်ချုပ်အောင်ဆန်း က လာရောက်ကြည့်ရှုပြီးသဘောကျနေ ပုံကို ဖတ်ခဲ့ရဖူးသည်။ နှစ်ဆယ့်ငါးနှစ် မြောက်(ငွေရတု)မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးဖွင့်ပွဲသို့ ဗိုလ်ချုပ် အောင်ဆန်းက လာရောက်၍ဖွင့်လှစ်ပေး ခဲ့ပုံကို သမိုင်းမှတ်တမ်းဓာတ်ပုံများတွင် မြင်တွေ့ဖူးပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ် ဘ၀သည် ထူးခြားလှသည်။ နတ်မောက် မြို့ဖွားဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘ၀ကိုစတင်ပြသရမည့်ပြကွက်ဖြစ် သည်။ဗိုလ်ချုပ်အောင်ဆန်းသည်ငယ်စဉ် ကတည်းကပင် အမှန်ကိုမြတ်နိုးသူ၊ ကြိုး စားထက်မြက်သူ၊လူသားချင်းစာနာသနား တတ်သူ၊ စစ်တိုက်တန်းကစားရသည်ကို ၀ါသနာထုံသူဖြစ်ရာရုပ်ရှင်အနေနှင့် သရုပ်ဖော်ရိုက်ပြရန်အလွန်ကောင်းသော ပြကွက်များဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းအတ္တူပ္ပတိ္တရုပ်ရှင် ဇာတ်ကားကြီးသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနောက်ခံဖြစ်ရပ်များဖြစ် လေရာ ဗိုလ်ချုပ်အောင်ဆန်း၏စွန့်လွှတ် စွန့်စားခဲ့ရပုံများ၊ ဗိုလ်ချုပ်နှင့်အတူ ထို ခေတ်၊ ထိုအခါက သက်ရှိထင်ရှားရှိခဲ့သူ များ၏ ရုပ်ပုံလွှာများသည်ဝတ္တူဇာတ် လမ်းထဲမှ ဇာတ်ကောင်များမဟုတ်ကြ (သမိုင်းကြောင်းထဲမှာ အမှန်လှုပ်ရှားခဲ့ကြ သူများ)သောကြောင့် သရုပ်ဆောင်များ ကို တကယ်ဖြစ်ရပ်နှင့်တစ်ထပ်တည်းကျ စေရန်လိုပါသည်။(ဆရာလုပ်ခြင်းမဟုတ် ပါ)မြန်မာရုပ်ရှင်လောက၌ ထင်ရှား ကျော်ကြားခဲ့သော ရုပ်ရှင်ဒါရိုက်တာကြီး ရွှေဒုံးဘီအောင်သည် စစ်မဖြစ်မီကာလ က ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီမှ “စစ် သူကြီး မဟာဗန္ဓူလ”ရုပ်ရှင်ကားကိုရိုက်ကူး ရန်ကြိုးစားခဲ့ပါသည်။ သို့သော် စစ်ကြီး ဖြစ်လာသဖြင့် အကောင်အထည်မဖော် နိုင်တော့ချေ။
စစ်သူကြီးမဟာဗန်္ဓုလသည် မြန်မာ လူမျိုးများအတွက် အတုယူစရာ၊ ဂုဏ်ယူ စရာ မြန်မာစစ်သူကြီးတစ်ဦးဖြစ်ပါသည်။ နယ်ချဲ့တို့ကပင် လေးစားခဲ့ရသော မြန်မာ သူရဲကောင်းဖြစ်သည်။ သို့သော်စစ်သူကြီး မဟာဗန္ဓူလကို သိမှီလိုက်သူမရှိသဖြင့် အလှမ်းဝေးလှသည်ဟုဆိုရပါမည်။ 

ဗိုလ်ချုပ်အောင်ဆန်းကိုတော့ သိမှီ လိုက်သူတွေကများလှသည်။ ဗိုလ်ချုပ် အတ္တူပ္ပတိ္တစာအုပ်များ၊ သမိုင်းဝင်မှတ် တမ်းဓာတ်ပုံများ၊ မှတ်တမ်းရုပ်ရှင်မှ ပြန် လည်ကူးယူထားသည့် ဗိုလ်ချုပ်အောင် ဆန်း၏ လှုပ်ရှားမှုများရှိနေရာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ မသိရသေး သော ဖြစ်ရပ်များကိုရုပ်ရှင်ဇာတ်လမ်းထဲ တွင် မြင်ချင်သိချင်နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်းအတ်္ထုပ်္ပတိ္တရုပ်ရှင်ပေါ်ထွက် လာရေးကို ပြည်သူအားလုံးကမျှော်လင့် နေကြသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုချစ်မြတ်နိုး သူတိုင်းက ဗိုလ်ချုပ်၏မြန်မာဆန်ခြင်းကို လေးစားကြသည်။ မိသားစုဘ၀ကိုအချိန် တို ကလေးသာရခဲ့သော ဗိုလ်ချုပ်ဘ၀ တွင် ကြည်နူးစရာလေးများရှိခဲ့သည်။ အထူးသဖြင့် ဇနီးဖြစ်သူကို စာတိုကလေး ရေးပြီး “ကြည်ရေ ပဲပြုတ်နဲ့ နံပြားစားချင် တယ်”ဟု ပြောခဲ့ပုံမှာ အမျိုးသားခေါင်း ဆောင်တစ်ဦး၏ ချစ်စရာကောင်းသော စိတ်ဓာတ်ကိုပြသနိုင်သောပြကွက်လေး ဖြစ်နေသည်။
ဗိုလ်ချုပ်အောင်ဆန်းအတ္တူပ္ပတိ္တဇာတ် ကားသည် သမိုင်းနောက်ခံကျယ်ဝန်း သောကြောင့် နိုင်ငံတော်အစိုးရ၏ပံ့ပိုး ကူညီမှုကလည်း အမှန်ပင်လိုအပ်ကြောင်း ယူဆမိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတိ္တရုပ်ရှင်၌ ဗိုလ်ချုပ်ပြတိုက်အဖြစ် လုပ်ထားသော အိမ်သည်လည်း ရိုက်ကူး ရမည့်ဇာတ်ဝင်အိမ်ဖြစ်နေသည်။ ယခင် အတိုင်းရှိအောင်ထိန်းသိမ်းထားသည်ကို ကျေးဇူးတင်မိသည်။ ထိုအိမ်တွင် ဗိုလ်ချုပ် တို့ မိသားစု၏ဘ၀ကိုအသေးစိပ်ရိုက်ကူး ပြသရမည်ဖြစ်သည်။ သားအလတ် အောင်ဆန်းလင်းရေနစ်သေဆုံးသွားသော အခါ အမျိုးသားခေါင်းဆောင်ကြီး၏ ကြေကွဲနေပုံကို ရင်နင့်ဖွယ်ဖြစ်အောင် ပြသရမည့်ပြကွက်ဟု ဆိုချင်သည်။ 

နိုင်ငံတကာအဆင့်မီရုပ်ရှင်ဇာတ် ကားကြီးဖြစ်ရန် ကြိုးပမ်းကြမည်ဆိုပါ လျှင် မိတ်ကပ်အထူးကျွမ်းကျင်သော ပညာရှင်များ၊ ကွန်ပျူတာအထူးပြုလုပ် ချက်ကို ဖန်တီးပေးနိုင်သောပြည်တွင်း ပြည်ပပညာရှင်များလိုအပ်ပါသည်။
သမိုင်းနောက်ခံကျယ်ပြန့်သော ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ္တရုပ်ရှင်ကို ဖန်တီးရိုက်ကူးကြရာတွင် ရသလည်း မြောက်ရပါမည်။ အားမာန်လည်းပါရပါ မည်။ ဇာတ်ကောင်များက သမိုင်းဖြစ်ရပ် များကို ဖော်ကြူးကြမည်ဖြစ်ရာ သရုပ် ဆောင်များ၏ သရုပ်ဆောင်မှုများပီပြင် စေရန် အချိန်ယူ၍စနစ်တကျသင်ကြား ပေးရန်လိုအပ်လှပါကြောင်း တင်ပြရင်း ဗိုလ်ချုပ်အောင်ဆန်းအတ်္ထုပ်္ပတိ္တရုပ်ရှင် ဇာတ်ကားကြီးကို လွမ်းမောစွာကြိုဆိုလိုက် ရပါသတည်း။        

မန္တလာမျိုးနွယ်
Hot News Journal
မြန်မာပြည်သူပြည်သားအားလုံးက စိတ်ဝင်တစားဖြစ်နေသော ဗိုလ်ချုပ် အောင်ဆန်းအတ္တူပ္ပတိ္တရုပ်ရှင်ဇာတ်ကား ကြီးကို ရိုက်ကူးတော့မည် ဆိုသော သတင်း ကို ကြားသိရသောအခါ ၀မ်းသာကြည်နူး ရပါသည်။ ဟောလီဝုဒ်၌ ရုပ်ရှင်အကယ် ဒမီဆုများရရှိခဲ့သော အိနိ္ဒယခေါင်းဆောင် မျိုးချစ်ပုဂ်္ဂိုလ်ကြီး “မဟတ္တမဂနီ်္ဓရုပ်ရှင်ကား ကြီးထွက်ပေါ်လာခဲ့စဉ်ကလည်းကောင်း၊ အိနိ္ဒယနိုင်ငံမှရိုက်ကူးသော “ချန်ဒရာဘို့” ရုပ်ရှင်ကားကြီး ထွက်ပေါ် လာစဉ်ကလည်း ကောင်း၊ ကျူးဘားတော်လှန်ရေးသမားကြီး “ချီဗွေဗားရား”ရုပ်ရှင်ကားကြီးကို ကြည့်ခဲ့ရစဉ်ကလည်းကောင်း အံ့သြခြင်း များစွာဖြစ်ခဲ့ရသည်။

၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတစွာကျင်းပရေး အမေရိကန် အလေးထား ကူညီပံ့ပိုးသွားမည်

Photo: ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတစွာကျင်းပရေး အမေရိကန် အလေးထား ကူညီပံ့ပိုးသွားမည်
Saturday, August 16, 2014

မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ကနဦး တိုးတက်တဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး စိန်ခေါ်မှုတွေလည်း အများကြီးရှိနေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစွာကျင်းပနိုင်ရေးကို အထူးအလေးထား ကူညီပံ့ပိုးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့က ဟာဝိုင်ယီတက္ကသိုလ်မှာရှိတဲ့ East West Center မှာ ဗုဒ္ဓဟူးနေ့က ပြောကြားတဲ့ အာရှခရီးစဉ်နဲ့ အမေရိကန် မူဝါဒအကြောင်း ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ပြော ကြားခဲ့တာဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ မိန့်ခွန်းအပြည့်အစုံမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ရှေ့ဆက်သွားရမယ့်ခရီးက အများကြီးရှိနေပါတယ်။ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေကြသူတွေ အနေနဲ့ အခုအခါမှာ အခက်ခဲဆုံး၊ အနက်နဲဆုံး စိန်ခေါ်မှုတွေဖြစ်တဲ့ အနာဂတ်မှာ စစ်တပ်အတွက် အခန်းကဏ္ဍ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပရေး၊ ဆယ်စုနှစ်တွေချီကြာမြင့်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ နာမည်အရသာ ကတိပေးထားတဲ့ လူ့အခွင့်အရေးတွေ တရားဝင် လက်တွေ့ရရှိရေး၊ စတာတွေကို ကိုင်တွယ်ဖြေရှင်းနေကြရပါတယ်လို့ Mr. Kerry က ပြောသွားတာပါ။

တချိန်ထဲမှာလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တိုင်းပြည်ရဲ့ သစ်တောနဲ့ တခြားသယံဇာတတွေ ထိန်းသိမ်းရေးတွေလည်း လုပ်ဆောင်နေကြကြောင်း၊ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသူတွေကို အမြဲတမ်း အားပေး ကူညီနေမှာဖြစ်ပြီး အထူးသဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲအောင်မြင့်စွာ ကျင်းပရေးကို ကူညီအားပေးသွားမှာဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ဒါပေမယ့် တကယ်တမ်းဆုံးဖြတ် လုပ်ကိုင်ရမှာက မြန်မာနိုင်ငံက ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်လို့လည်း Mr. Kerry က ပြောကြားထားပါတယ်။

RFA
မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ကနဦး တိုးတက်တဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး စိန်ခေါ်မှုတွေလည်း အများကြီးရှိနေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစွာကျင်းပနိုင်ရေး ကို အထူးအလေးထား ကူညီပံ့ပိုးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရေးအပြောင်းအလဲ ဂျွန်ကယ်ရီသုံးသပ်ချက်ထွက်လာ

Photo: မြန်မာနိုင်ငံရေးအပြောင်းအလဲ ဂျွန်ကယ်ရီသုံးသပ်ချက်ထွက်လာ
Saturday, August 16, 2014

မြန်မာနိုင်ငံတွင် အံ့အား သင့်ဖွယ်အပြောင်းအလဲများဖြစ် ပေါ်နေသော် လည်း နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင် ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပြည် တွင်းစစ်ရပ်စဲရေး စသည့် ဒီမိုကရေစီရေးနှင့် လူ့ အခွင့်အရေးမြှင့်တင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံခရီး စဉ်အတွင်း အစိုးရနှင့် ပြည်သူများ ပူးပေါင်းဆောင် ရွက်ခဲ့သည့် တိုး တက်မှုများကို မြင်တွေ့ခဲ့ရပြီး ယခုအပြောင်းအလဲများဖြစ်ပေါ် ရန် အမေရိကန်အစိုးရက ၂၅ နှစ် ကြာတိုက်တွန်းဆောင်ရွက်နိုင်ခဲ့ ခြင်းကို ဂုဏ်ယူကြောင်း ၎င်းက ပြောသည်။

အမေရိကန်အစိုးရအနေ ဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးတွင် တတ်နိုင် သမျှ ပါဝင် ကူညီပေးလိုပြီး နောင်နှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ ကို အထောက်အပံ့ပေး လိုကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရန်နှင့် ဘာသာရေးအကြမ်းဖက်မှုနှင့် အမုန်းတရား လှုံ့ဆော်မှုများကို ကိုင်တွယ်ဖြေ ရှင်းရန် မြန်မာအစိုးရကိုတိုက် တွန်းကြောင်း ၎င်းကပြောသည်။

အမေရိကန်အစိုးရအနေ ဖြင့် မြန်မာအပါအဝင် အာရှဒေသတွင်းတွင် ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် အထူးဦးစားပေးဆောင်ရွက် လိုကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ အာရှထိပ် သီးညီလာခံတက်ရောက်ရန် လာရောက်ခဲ့သည့် ဂျွန်ကယ်ရီသည်၎င်း၏ ဩဂုတ် ၁၀ ရက် ခရီးစဉ်သတင်းစာရှင်းလင်းပွဲ တွင် မြန်မာနိုင်ငံရေးနှင့်ပတ်သက်၍ အကောင်းမြင်ချဉ်းကပ်မှုဖြင့် ထိန်းထိန်းသိမ်းသိမ်းပြောကြားခဲ့ပြီး သုံးရက်အကြာ ဟိုနိုလူလူရှိ East West စင်တာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်ခရီးစဉ် သတင်း စာရှင်းလင်းပွဲတွင် စစ်တပ်၏ အခန်းကဏ္ဍကို ထည့်သွင်းပြော ကြားခဲ့ခြင်းမရှိခဲ့ဘဲ ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ ဆုံပြီး နောက် ယခု ဟိုနိုလူလူခရီးစဉ်တွင် မြန်မာ့နိုင်ငံရေး၌ စစ်တပ်ပါဝင်မှု အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ရေး ထည့်သွင်းပြောကြားသွားခဲ့သည်။

‘‘စစ်တပ်ရဲ့အခန်းကဏ္ဍကို သတ်မှတ်ရမယ်။ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့ လွတ်လပ်ပြီး တရားမျှ တတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရ က ထောက်ပံ့ပေးရမယ်။ ဆယ်စု နှစ်တစ်ခုကျော်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကိုလည်း အဆုံး သတ်ရမှာဖြစ်ပြီး မြန်မာပြည်သူ လူထုတွေရဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်ရှိတဲ့ ဥပဒေ တွေဖြစ်ဖို့က မြန်မာ့ဒီမိုကရေစီပြု ပြင်ပြောင်း လဲရေးအတွက် နက် ရှိုင်းတဲ့စိန်ခေါ်မှုတွေဖြစ်တယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

၁၉၉၀ ပြည့်နှစ် ၎င်း၏ မြန်မာပြည် ပထမဆုံးခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည် မှာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရပြီး ယနေ့တွင် ဒေါ်အောင်ဆန်း စုကြည်မှာ လွှတ် တော်အတွင်း လွတ်လပ်စွာ ပြော ဆိုဆွေးနွေးနိုင်သည့်အဆင့်ကို ရောက်နေကြောင်း ဂျွန်ကယ်ရီက ပြောသည်။

မြန်မာတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် လိုပါက အကျင့်ပျက်ခြစားမှုများ ကို တိုက်ဖျက်ရမည်ဖြစ်ကြီး သစ် တောနှင့် သယံဇာတများကို ကာ ကွယ်ရန်မှာ မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးအတွက် ကြီးမား သည့် စမ်းသပ်ချက်ပင်ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘မြန်မာ့ပြုပြင်ပြောင်းလဲရေး ကို ဆက်ပြီးလက်တွဲကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းမှာတော့ စိန် ခေါ်မှုတွေကို မှန်မှန်ကန်ကန်ရွေး ချယ်ဖြေရှင်းနိုင်ဖို့လိုပါမယ်’’ဟု ဂျွန်ကယ်ရီက ပြောသည်။

လတ်တလောမြန်မာနိုင်ငံ ရေးကို အိမ်နီးချင်းအာဆီယံနိုင်ငံ များဖြစ်သည့် ထိုင်း၊အင်ဒိုနီးရှားတို့နှင့် နှိုင်းယှဉ်ပြောကြားသွားသည်။ ထိုင်းတွင် စစ်တပ်က အာဏာ သိမ်းလိုက်သည့်အတွက် ဒီမိုကရေစီလမ်းကြောင်း နောက်ကြောင်းပြန်လှည့်သွားခြင်းကို စိုးရိမ်ကြောင်းနှင့် လွတ်လပ်သည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန် လိုကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိစဉ် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ဒီမိုကရေစီ အလားအလာကောင်းများကို တွေ့မြင်ခဲ့ရပြီး အာရှတစ်လွှားရှိ နိုင်ငံများအနေဖြင့် အင်ဒိုနီးရှားကို စံထားနိုင်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သည်။

‘‘အခုထိတော့ မြန်မာအပေါ် ကျယ်ကျယ်လောင်လောင်တုံ့ပြန် တဲ့ အရိပ် အယောင်ကို မတွေ့ရပါ ဘူး။ မြန်မာကို အမေရိကန်က မိတ်ဖက်အဖြစ်ပဲ ဆက်ပြီး ဆက် ဆံဦးမယ်လို့ ခန့်မှန်းပါတယ်။ ကျန်တဲ့ အာဆီယံဒေသ တွင်း နိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာက သိပ်ပြီးအဆိုးရွားဆုံးအခြေအနေကို မရောက်သေး ဘူးလေ’’ဟု အာဆီ ယံရေးရာကျွမ်းကျင်သူ ကဝီက ပြောကြား သည်။

7Day Daily 

သမ္မတဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတွေ့ဆုံစဉ်(ဓာတ်ပုံ − အီးပီအေ)
သမ္မတဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတွေ့ဆုံစဉ်(ဓာတ်ပုံ − အီးပီအေ)
မြန်မာနိုင်ငံတွင် အံ့အား သင့်ဖွယ်အပြောင်းအလဲများဖြစ် ပေါ်နေသော်လည်း နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပြည် တွင်းစစ်ရပ်စဲရေး စသည့်ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးမြှင့်တင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ဆော်ဒီအမျိုးသားများကို (၄) နိုင်ငံမှအမျိုးသမီးများနှင့် လက်ထပ်ခွင့်တားမြစ်

 Photo: ဆော်ဒီအမျိုးသားများကို (၄) နိုင်ငံမှအမျိုးသမီးများနှင့် လက်ထပ်ခွင့်တားမြစ်
Saturday, August 16, 2014

ဆော်ဒီအမျိုးသားများကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ချဒ် နှင့် မြန်မာနိုင်ငံတို့မှ အမျိုးသမီး နှင့် လက်ထပ်ခွင့်ကိုပိတ်ပင်တား မြစ်လိုက်ကြောင်း မာခါးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အာ ဆတ်ဖ်အယ်လ် ကူရာစီကို ကိုးကား၍ မာခါးနေ့စဉ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။

တရားဝင်ထုတ်ပြန်ကြေညာ ခြင်းမရှိသော စာရင်းဇယားများ အရ ထို (၄) နိုင်ငံမှ အမျိုးသမီး (၅၀၀၀၀) ခန့် ဆော်ဒီအာရေဗျ နိုင်ငံတွင် နေထိုင်လျက်ရှိပြီး ယခု တားမြစ်ချက်သည် ဆော်ဒီအမျိုး သားများအတွက် နိုင်ငံခြားသူ များကို လက်ထပ်ခြင်းကို စိတ် ပျက်သွားစေရန် ယခင်ရှိနှင့်ပြီး ဖြစ်သည့် နိုင်ငံခြားသူ များနှင့် လက်ထပ်လျှင် ခွင့်ပြုချက်ရယူရ မည်ဆိုသော ကန့်သတ်ချက်ကို ထပ်လောင်းဖြည့်စွက်လိုက်ခြင်း ဖြစ်ဟန်တူသည်။  

ယခုအခါ နိုင်ငံ ခြားသူများနှင့်လက်ထပ်လိုသော ဆော်ဒီအမျိုးသားများအနေနှင့် ပို၍တင်းကြပ်သော လုပ်ထုံး လုပ်နည်းများနှင့် ကြုံတွေ့နေရ ပြီဖြစ်သည်။
နိုင်ငံခြားသူများနှင့်လက်ထပ် လိုသည့် ဆော်ဒီအမျိုးသားများ သည် ပထမဦးစွာ အစိုးရ၏ သဘောတူညီချက်ကိုရယူရမည် ဖြစ်ပြီး တရားဝင်လျှောက်လွှာ တင်သွင်းရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကူရာစီက ပြောကြားခဲ့ သည်ဟု သတင်းစာတွင် ဆက် လက်ရေးသားဖော်ပြသည်။

လက်ထပ်လျှောက်လွှာတင် သွင်းသူများသည် အသက် (၂၅) နှစ်အထက် ရှိရမည်ဖြစ်ပြီး ဒေသခံ မြို့ဝန်က လက်မှတ်ရေးထိုးထား သည့် သက်သေခံ အထောက် အထားအပြင် မိသားစုကတ်မိတ္တူ အပါအ၀င် အခြားသောသက်သေခံ အထောက်အထားစာရွက်စာတမ်း များ တင်ပြရမည်ဖြစ်သည်။ 

အကယ်၍ လျှောက်ထား သူသည် လက်ထပ်ထားသူဖြစ် မည်ဆိုပါက ၎င်း၏ ဇနီးသည် မစွမ်းမသန်ဖြစ်နေကြောင်း သို့မဟုတ် နာတာရှည်ရောဂါ ခံစားနေ ရကြောင်း သို့မဟုတ် မျိုးဆက်မပွားနိုင်သူဖြစ်ကြောင်း ဆေးရုံ၏ ထောက်ခံစာ တင်ပြရန် လည်း လိုအပ်သည်။ 

ကွာရှင်းပြတ်စဲထားသူ အမျိုး သားတစ်ဦးအနေနှင့် ကွာရှင်း ပြတ်စဲသည့်နေ့မှစ၍ (၆) လ အတွင်း လက်ထပ်ရန်လျှောက် ထားခွင့်မရှိကြောင်းလည်း ဗိုလ်ချုပ် ကူရာစီက ဆက်လက်ပြောကြား သည်။    

Hot News Journal
ဆော်ဒီအမျိုးသားများကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ချဒ် နှင့် မြန်မာနိုင်ငံတို့မှ အမျိုးသမီး နှင့် လက်ထပ်ခွင့်ကိုပိတ်ပင်တား မြစ်လိုက်ကြောင်း မာခါးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အာ ဆတ်ဖ်အယ်လ် ကူရာစီကို ကိုးကား၍ မာခါးနေ့စဉ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။

စမတ်ဖုန်းဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သည့် Rolling Spider မောင်းသူမဲ့လေယာဉ်ငယ်

drone 1
ပြင်သစ်အခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီတစ်ခုက လက်ရှိမောင်းသူမဲ့လေယာဉ်ငယ်များထက် ပိုမို၍ထိန်းချုပ်ရန်လွယ်ကူပြီး စွမ်းဆောင် ရည်ရှိသော အဝေးထိန်းစနစ်ဖြင့် ပျံသန်းနိုင်သည့် လေယာဉ်ငယ်ကို ထီတွင်ထုတ်လုပ် လိုက်သည်။ Rolling Spider ဟု အမည်ပေးထား သည့် မောင်းသူမဲ့  လေယာဉ်ငယ်လေးကို ပြင်သစ်အခြေစိုက် Parrot ကုမ္ပဏီက တီထွင်လိုက်ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်ငယ်တွင် ဒလက် ၄ ခုနှင့် ဘီးနှစ်ခု တပ်ဆင်ထားသည်။

သွေးလှူရန် အရွယ်မရောက်သေးသူ ကျောင်းသားများအား ရိုက်နှက်ခိုင်းစေသည့် အဖွဲ့ တရုတ်တွင် ဖမ်းဆီးခံရ

Photo: သွေးလှူရန် အရွယ်မရောက်သေးသူ ကျောင်းသားများအား ရိုက်နှက်ခိုင်းစေသည့် အဖွဲ့ တရုတ်တွင် ဖမ်းဆီးခံရ
Saturday, August 16, 2014

တရုတ်နိုင်ငံအနောက်ပိုင်း ဂန်စူးပြည်နယ်တွင် သွေးလှူရန် အရွယ် မရောက်သေး သူ ကျောင်း သားကလေးများကို  အဓမ္မအတင်း အဓမ္မခိုင်းစေခဲ့သည့် အဖွဲ့တစ်ဖွဲ့ အား ရဲများက ဖမ်း ဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ခုနစ်ဦးမှာ Lanzhou Institute of Biological Products ကုမ္ပဏီမှ ထူထောင်ထားသည့် သွေးလှူဌာနမှ လက်ထောက် အကြီးအကဲ တစ်ဦးဖြစ် သည့် ဟူအန်းဆိုသူနှင့် အလုပ်လက်မဲ့ ခြောက်ဦး တို့ပါဝင်ကြောင်း သိရသည်။

ဂန်စူးပြည်နယ် ၀ူဝေမြို့တွင်ရှိသော အဆိုကုမ္ပဏီသည် တရုတ်နိုင်ငံတွင် သွေးနှင့်ပတ်သက်သည့် ပစ္စည်းများကို ထုတ်လုပ်ရောင်းချသည့် အကြီး၏ဆုံးကုမ္ပဏီများ အနက် တစ်ခုဖြစ်သည်။

ဟူအန်းနှင့်၎င်း၏ မိတ်ဆွေများသည် မူလတန်းနှင့်အလယ်တန်းကျောင်းသားများအား သွေးလှူဌာနသို့ သွားကာ အတင်းအဓမ္မ သွေးလှူရန် ခိုင်းစေ ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံတွင် တရားဝင်သွေးလှူခွင့်ရှိသည့် အရွယ်မှာ အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားဖြစ်ပြီး ယခုဖြစ်စဉ်တွင် အသက် ၁၀နှစ်မှ ၁၆ နှစ်အကြားကလေးငယ် ရှစ်ဦးထက်မနည်းအား တစ်လလျင် တစ်ကြိမ်ဖြင့် ခုနစ် လကြာအောင် သွေးလှူရန် စေခိုင်းခဲ့ပြီး ကုမ္ပဏီမှ ဒေါ်လာ ၁၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ယခုဖမ်းဆီးခံထားရသူများက ကလေးငယ်များအား အသက်ပြည့်ကြောင်း အထောက်အထားအတု များ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

ထိုကဲ့သို့ အတင်းအဓမ္မသွေးလှူရန် စေခိုင်းခံခဲ့ရသူ ကလေးအရေအတွက်နှင့် ရရှိခဲ့သည့် ငွေကြေးပ မာဏမှာ ပိုမိုများပြားနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် သွေးလှူဌာနများသည် သွေးလှူသူများ နှင့် သက်ဆိုင်သည့် အထောက်အထားများအား နှစ်ကြိမ်ထပ်မံစစ်ဆေးရသည်။

မိမိအနေဖြင့် သွေးများပိုမိုရှာဖွေရန် ကုမ္ပဏီက ဖိအားပေးခဲ့သောကြောင့် ယခုသို့ လုပ်ဆောင် ခဲ့ရခြင်းဖြစ်သည်ဟု ဟူအန်းက ထွက်ဆိုခဲ့သည်။ ခိုင်းစေသူများက ကလေးငယ်များအား ရိုက်နှက်ကာ သွေးလှူစေခဲ့ပြီး ကလေးငယ်တစ်ဦးက မိဘများကို ထုတ်ဖော်ပြောကြားခဲ့ရာမှ ယခုပြဿနာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Ref:AFP
Mizzima - News in Burmese
တရုတ်နိုင်ငံအနောက်ပိုင်း ဂန်စူးပြည်နယ်တွင် သွေးလှူရန် အရွယ်မရောက်သေး သူ ကျောင်းသားကလေးများကို  အဓမ္မအတင်း အဓမ္မခိုင်းစေခဲ့ သည့် အဖွဲ့တစ်ဖွဲ့ အား ရဲများက ဖမ်း ဆီးလိုက်ကြောင်း သိရသည်။

တပ်မတော် အနေဖြင့် နိုင်ငံတော် အကျိုးကို အစဉ်ရှေ့ရှု၍ အမျိုးသား နိုင်ငံရေး အသွင်ဖြင့် ပါဝင် ရပ်တည်လျက်ရှိ

မြန်မာ-ပိုလန် သံတမန် ဆက်ဆံရေးသည် လာမည့်နှစ်တွင် နှစ် ၆ဝ ပြည့်မှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ရှည်လျားသည့် ဆက်ဆံရေး ရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ဆက်ဆံရေး အရှိန်မြှင့်တင် လာခဲ့ကြောင်း၊ပိုလန်နိုင်ငံ အနေဖြင့် အီးယူတွင် တက်ကြွစွာပါဝင်လှုပ်ရှားမှုများ ကို တွေ့ရှိရ ပါကြောင်းနှင့် ပိုလန်နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များသည် မြန်မာနိုင်ငံ အတွက် အတွေ့အကြုံများ ရရှိနိုင်မည်ဟု ယုံကြည် ပါကြော င်းဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ မြန်မာနိုင်ငံ ဆိုင်ရာ ပိုလန်နိုင်ငံ သံအမတ်ကြီးH.E.Mr.Zenon KU-CHCIAK အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံ တွေ့ဆုံ ရာတွင် ပြောကြားသည်။

ယူကရိန်း သူပုန်တပ်ဖွဲ့၏ စစ်ရေးခေါင်းဆောင် နုတ်ထွက်

Photo: ယူကရိန်း သူပုန်တပ်ဖွဲ့၏ စစ်ရေးခေါင်းဆောင် နုတ်ထွက်
Saturday, August 16, 2014

ယူကရိန်းစစ်တပ်က အသာစီးရနေပြီး သူပုန်များ၏ ရုရှားဘက်မှ ထောက်ပို့ရေး လမ်းကြောင်းတစ်ခုကိုပင် သိမ်းထားလိုက်နိုင်သော အခြေအနေတွင် သူပုန်တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရှေ့တန်းစစ်မျက်နှာနှင့် နီးသော နေရာများအထိ ရုရှားဘက်မှ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးဟု အမည်တပ်ထားသော ယာဉ်တန်း ဝင်ရောက်လာချိန်တွင် ယူကရိန်းအစိုးရ တပ်များ၏ ထိုးစစ်များကလည်း ရှေ့ကို တိုးလာခဲ့ခြင်း ဖြစ်သည်။

လေးလကြာ တိုက်ခိုက်မှုများ ဖြစ်လျက်ရှိကာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပြည်သူပေါင်းများစွာ ရေမီးပြတ်တောက်ပြီး နေထိုင်ရလျက် ရှိသော အခြေအနေတွင် ခွဲထွက်ရေး စစ်ခေါင်းဆောင် နုတ်ထွက်ခဲ့ခြင်းက စစ်ရေးအရ ကျဆုံးမှုဘက်သို့ ဦးတည်နေသည်ကို ပြလျက်ရှိသည်။

သူပုန်တပ်ဖွဲ့၏ စစ်ခေါင်းဆောင် အိုင်ဂေါစတာရယ်ကော့ဗ်က ဒဏ်ရာ အခြေအနေကြောင့် နုတ်ထွက်သွားခဲ့ကြောင်း အဓိက သူပုန်နယ်မြေ လူဂန်စ်က်တွင် အခြေစိုက်သည့် ဒုတိယစစ်ခေါင်းဆောင် ဗယ်လာရီဘိုလိုတော့ဗ်က ရုရှားရုပ်သံလိုင်း တစ်ခုကို ပြောကြားခဲ့သည်။

သူပုန်အဓိကနေရာ လူဂန်စ်က်နယ်မြေကို လုံးဝ ဝိုင်းရံပြီးဖြစ်ကာ ရုရှားနယ်စပ်ဘက်မှ ဝင်မည့် လမ်းကြောင်းများကိုလည်း ပိတ်ထားခဲ့ပြီး ဖြစ်သည်ဟု ယူကရိန်း စစ်တပ်က ဆိုထားသည်။

ရုရှားသည် ယူကရိန်း သူပုန်များကို လက်နက်များ ထောက်ပံ့လျက် ရှိသည်ဟု ယူကရိန်းအစိုးရက ယုံကြည်ထားပြီး ရုရှားကလည်း ယင်းကိစ္စကို အကြိမ်ကြိမ် ငြင်းဆန်ထားခဲ့သည်။

လူဂန်စ်က်နယ်မြေနှင့် ဒွန်နက်စ်တို့ကို လက်နက်ကြီးများဖြင့် ယူကရိန်းက ဆက်တိုက် ပစ်ခတ်လျက်ရှိကာ ၂၅ ဦး ကျော် သေဆုံးသွားခဲ့ပြီး ယူကရိန်း စစ်တပ်ဘက်မှလည်း ကိုးဦး ကျဆုံးသွားခဲ့ကာ ၁၈ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

ယင်းဒေသများရှိ လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ အလွန်ဆိုးဝါးနေလျက် ရှိခြင်းကြောင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ဖက်လုံးကို တိုက်တွန်းပြောကြားခဲ့သည်။

အဖြူရောင် တာပေါ်လင်စများဖြင့် အုပ်ထားသော လော်ရီကားအစီး ၃၀၀ ဖြင့် ရုရှား၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းဟု ဆိုမည့် ကားများက နယ်စပ်မြို့တစ်မြို့ အနီးတွင် ရပ်တန့်ထားကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ရုရှားလော်ရီကား ယာဉ်တန်းတွင် ဆေးဝါးများ၊ ကလေးအစားအစာများ၊ အိပ်ရာများနှင့် မီးစက်များ တန်ချိန် ၁၈၀၀ ကျော်ခန့် ပါလာသည်ဟု ရုရှားဘက်က သတင်းထုတ်ပြန်ထားပြီး ယူကရိန်းက ယင်းယာဉ်တန်းကို ဝင်ခွင့်ပြုမည် ဆိုပါက နယ်စပ်တွင် နိုင်ငံတကာကြက်ခြေနီ အဖွဲ့အစည်းနှင့် ယူကရိန်း နယ်ခြားစောင့်တပ်များ၏ စစ်ဆေးမှုကို ခံယူရမည်ဟု ယူကရိန်းသမ္မတ ပီတရိုပိုရိုရှန်ကိုက ပြောဆိုထားသည်။

The Voice Weekly
ယူကရိန်းစစ်တပ်က အသာစီးရနေပြီး သူပုန်များ၏ ရုရှားဘက်မှ ထောက်ပို့ရေး လမ်းကြောင်းတစ်ခုကိုပင် သိမ်းထားလိုက်နိုင်သော အခြေအနေ တွင် သူပုန်တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူက ရာထူးမှ နုတ်ထွက်သွား ခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မိန်းကလေးငယ်များကို ကူညီဖို့ ထိုင်းနိုင်ငံကို လုပ်အားပေးသွားရောက်မယ့် Girl's Day အဖွဲ့

Photo: မိန်းကလေးငယ်များကို ကူညီဖို့ ထိုင်းနိုင်ငံကို လုပ်အားပေးသွားရောက်မယ့် Girl's Day အဖွဲ့
Saturday, August 16, 2014

တောင်ကိုရီးယား မိန်းက လေးအဆိုရှင်များအဖွဲ့ Girl's Day သည် နိုင်ငံတကာကလေးငယ် များ ထောက်ပံ့ရေးအဖွဲ့ Plan Korea သံတမန်များအဖြစ် သြ ဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံသို့ လုပ်အားပေးသွား ရောက်ပေးမည်ဟု Girl's Day အဖွဲ့ အေဂျင်စီက ပြောသည်။

 Girl's Day အဖွဲ့ဝင်များ သည် ထိုင်းမိန်းကလေးများ မွေး စာရင်းရရှိစေခြင်းနှင့် ထိုင်းမိန်းက လေးများအတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားခြင်းများတွင် ပါ ၀င်ဆောင်ရွက်သွားမည်ဟု အေ ဂျင်စီက ပြောသည်။

ကေပေါ့ပ်အဖွဲ့ Girl's Day သည် ၂၀၁၃ သြဂုတ်လကလည်း Plan Korea အဖွဲ့နှင့်အတူ ထိုင်း နိုင်ငံသို့ လုပ်အားပေး သွားရောက် ခဲ့သည်။

ဇူလိုင် ၁၃ ရက်က ကျင်းပ ခဲ့သော Girl's Day အဖွဲ့၏ ပထမ အကြိမ် တစ်ကိုယ်တော်ဖျော်ဖြေ ပွဲမှ ရရှိသည့် အကျိုးအမြတ်များ အားလုံးကို Plan Korea အဖွဲ့သို့ လှူဒါန်းခဲ့သည်ဟု သိရသည်။

ယခုနှစ် ထိုင်းနိုင်ငံလုပ်အား ပေးခရီးစဉ်တွင် Girl's Day အဖွဲ့ ၀င်များသည် မွေးစာရင်းမရှိဘဲ နေထိုင်နေသော မိန်းကလေးလေး ဦးနှင့် တွေ့ဆုံ၍ မွေးစာရင်းများ ရရှိစေရန် ကူညီပေးသွားမည်ဟု Plan Korea အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Ref:Soompi
7Day DAILY
တောင်ကိုရီးယား မိန်းက လေးအဆိုရှင်များအဖွဲ့ Girl's Day သည် နိုင်ငံတကာကလေးငယ် များ ထောက်ပံ့ရေးအဖွဲ့ Plan Korea သံတမန်များ အဖြစ် သြ ဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံသို့ လုပ်အားပေးသွား ရောက်ပေးမည်ဟု Girl's Day အဖွဲ့ အေဂျင်စီက ပြောသည်။

ရန်ကုန်၏ ဒုတိယမြောက် စီးပွားရေး အချက်အချာနေရာ တည်ဆောက်ခွင့် First Myanmar ဆောက်လုပ်ရေးကုမ္ပဏီ ရရှိ

ရန်ကုန်မြို့၏ ဒုတိယ မြောက်စီးပွားရေးအချက်အချာ နယ်မြေအဖြစ် အကောင်အထည် ဖော်မည့် မရမ်းကုန်းမြို့နယ်မင်း ဓမ္မလမ်းရှိ မြေဧက ၃၀ကျော်တွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက် လုပ်ကိုင်ခွင့်အ တွက် First Myanmar ဆောက် လုပ်ရေးကုမ္ပဏီအား ရွေးချယ် လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

ရန်ကုန်၏ ဒုတိယမြောက် စီးပွားရေး အချက်အချာနေရာ တည်ဆောက်ခွင့် First Myanmar ဆောက်လုပ်ရေးကုမ္ပဏီ ရရှိ

ရန်ကုန်မြို့၏ ဒုတိယ မြောက်စီးပွားရေးအချက်အချာ နယ်မြေအဖြစ် အကောင်အထည် ဖော်မည့် မရမ်းကုန်းမြို့နယ်မင်း ဓမ္မလမ်းရှိ မြေဧက ၃၀ကျော်တွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက် လုပ်ကိုင်ခွင့်အ တွက် First Myanmar ဆောက် လုပ်ရေးကုမ္ပဏီအား ရွေးချယ် လိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

ဂီတအဘိဓာန်နဲ့ ထူးအိမ်သင်ကို ဂုဏ်ပြုမယ့် L လွန်းဝါ

Photo: ဂီတအဘိဓာန်နဲ့ ထူးအိမ်သင်ကို ဂုဏ်ပြုမယ့် L လွန်းဝါ
Saturday, August 16, 2014

ကျွန်ုပ်၏ ဂီတအဘိဓာန် ဟု အမည်ပေးထားသည့် တစ် ကိုယ်တော်ခွေကို ဆရာဖြစ်သူ ထူးအိမ်သင်အား အနုပညာနှင့် ပူ ဇော်သည့်အနေဖြင့် ထူးအိမ်သင် ဂီတပွဲတော်တွင် ရောင်းချကာ ရရှိငွေများကို လှူဒါန်းမည်ဟု Lလွန်းဝါက ပြောသည်။

‘‘ဒီအခွေမှာ သူ (ထူးအိမ်သူ) သင်ပေးထားတဲ့ ပညာတွေနဲ့ သီချင်းတွေ ရေးထားတယ်။ အဲဒါ တွေနဲ့ သူ့ကိုပြန်ပြီး ပူဇော်ချင် တယ်။ ကျွန်တော်ကိုယ်တိုင်ရေး ပြီး အရေးနဲ့ပူဇော်တယ်။ နောက် ပြီး ဒီအခွေကရလာတဲ့ ပိုက်ဆံ တွေကို အနုပညာကြေးနဲ့ ပူဇော် တဲ့သဘောပါပဲ။ မိသားစုတွေ အ ကုန်လုံးက ပိုက်ဆံမလိုတာလည်း သိပါတယ်။ ဒါပေမဲ့ တပည့်တစ် ယောက်အနေနဲ့ ကန်တော့ချင်တဲ့ ဆန္ဒနဲ့ ဒီအခွေကို လုပ်ထားတာ ပါ’’ဟု Lလွန်းဝါက ပြောသည်။

ထူးအိမ်သင်သည် ၎င်းအ တွက် အဘိဓာန်တစ်အုပ်နှင့် တူ ညီသောကြောင့် အခွေအမည်ကို ကျွန်ုပ်၏ဂီတအဘိဓာန်ဟု အ မည်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းအခွေတွင် ၎င်းကိုယ်တိုင်ရေးစပ်ထားသော သီချင်းခြောက်ပုဒ်ပါဝင်မည်ဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက စီစဉ်ခဲ့သည်ဟု အယ်လ်လွန်းဝါက ပြောသည်။

‘‘၂၃ ရက်မှာ လုပ်မယ့်ပွဲမှာ သီချင်းခွေရောင်းမယ်။ အဲဒီက ရတဲ့ငွေတွေ အားလုံးကိုလည်း တစ်ပြားမှ မယူဘူး။ အကုန်လုံး လှူမယ်’’ဟု ၎င်းက ပြောသည်။

ထူးအိမ်သင် ဂီတပွဲတော် တွင် ထူးအိမ်သင်၏ သီချင်းနှစ် ပုဒ်ကို The Aces တေးဂီတအဖွဲ့ နှင့် ဂုဏ်ပြုသီဆိုမည်ဟု Lလွန်းဝါကပြောသည်။

7Day DAILY 

ဓာတ်ပုံ - ဇွဲဉာဏ်
ဓာတ်ပုံ - ဇွဲဉာဏ်
ကျွန်ုပ်၏ ဂီတအဘိဓာန် ဟု အမည်ပေးထားသည့် တစ် ကိုယ်တော်ခွေကို ဆရာဖြစ်သူ ထူးအိမ်သင်အား အနုပညာနှင့် ပူ ဇော်သည့်အနေဖြင့် ထူးအိမ်သင် ဂီတပွဲတော်တွင် ရောင်းချကာ ရရှိငွေများကို လှူဒါန်းမည်ဟု Lလွန်းဝါက ပြောသည်။

တက္ကသိုလ်ဝင်ခွင့်ပုံစံသစ်ကိုမိဘတိုင်း သိကြပါစေ

ဒသမတန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်သည့်ပုံစံသစ်ကို လာမည့်ပညာသင်နှစ် (၂၀၁၄-၂၀၁၅)မှစတင်၍ ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက် တွင် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည့် ပညာရေးဆိုင်ရာဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

မြေဈေးကြီးရခြင်း အကြောင်းရင်းများကို သမ္မတ ထုတ်ဖော်ပြောကြား

Photo: မြေဈေးကြီးရခြင်း အကြောင်းရင်းများကို သမ္မတ ထုတ်ဖော်ပြောကြား
 Saturday, August 16, 2014

မြေဈေးနှုန်းများ ကြီးမြင့်လာခြင်းသည် မြေဈေးကစားမှုနှင့်အတူ ငွေကြေး ကြွယ်ဝသူများက ကုန်ထုတ်လုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမပြုဘဲ အခြားလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ နေမှုကြောင့်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

‘‘ကား အရောင်းအ၀ယ်၊ မြေ အရောင်းအ၀ယ်၊ ဘဏ်၊ အ ဆောက်အအုံ ဆောက်လုပ်ရောင်း ချတဲ့လုပ်ငန်းတွေမှာ ပိုပြီး ရင်းနှီး မြှုပ်နှံလာကြတဲ့အတွက် မြေဈေး တွေ ကြီးမြင့်လာတယ်’’ ဟု မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအား မြေအသုံးချမှုဝါဒနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန်က ပြောကြားသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်  စီးပွားရေး တံခါးဖွင့်ပြီးချိန်ကစပြီး ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ တိုးတက်လာသကဲ့သို့ မြေက စားမှုနှင့်အတူ မြေဈေးနှုန်းများ အ ဆမတန်မြင့်တက်လာခဲ့သည်ဟု ၎င်းကဆိုသည်။

မြို့ပြင်၊ မြို့စွန်များတွင် လယ်ယာမြေများ ဝယ်ယူပြီး လုပ်ငန်း များ ထူထောင်ရန် ဆောင်ရွက်နေ ကြကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

ထိုကဲ့သို့ မြေဈေးကြီးမြင့်လာ မှုကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ ခက်ခဲလာခြင်း၊ ငွေကြေး ဖောင်းပွမှုအန္တရာယ် ရှိလာခြင်းတို့ ကြုံတွေ့လာနိုင်ကြောင်း  သမ္မတကဆက်လက်ပြောသည်။

‘‘ဒီမှာက ရင်းနှီးမြှုပ်နှံမှု ရှား တဲ့အတွက် မြေတွေမှာ ရင်းနှီးမြှုပ် နှံကြတယ်။ ပါးစပ်က ပြောနေလို့ မရဘူး။ အခွန်ဥပဒေတွေ ပြင်ရ မယ်။ မြေ၀ယ်ထားပြီး အသုံးမပြု ရင် အခွန်ဆောင်ရမယ်။ ဒါမျိုး တွေလုပ်သွားမယ်ဆိုရင် အလိုအ လျောက် ထိန်းချုပ်ပြီး ဖြစ်သွား မယ်’’ ဟု Farmer Auto ကားအ ရောင်းပြခန်းပိုင်ရှင် ဒေါက်တာ စိုး ထွန်းက ပြောသည်။

လယ်ယာမြေနေရာများတွင် လည်း အခြားနည်းများဖြင့် ပြောင်း လဲသုံးစွဲခွင့် ရရှိရန် နည်းမျိုးစုံ နှင့် ကြိုးပမ်းဆောင်ရွက်နေကြ သောကြောင့် လာဘ်ပေးလာဘ် ယူနှင့် ဥပဒေနှင့်မညီသော လုပ် ရပ်များ ပေါ်ပေါက်မှုများ ရှိနေ ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသွားသည်။

သို့ဖြစ်၍ သက်ဆိုင်ရာ ပြည် ထောင်စုဝန်ကြီးဌာနများနှင့် တိုင်း ဒေသကြီး အစိုးရတို့က ဥပဒေနှင့် အညီ ကြပ်ကြပ်မတ်မတ် စိစစ်ပြီး မြို့ပြစီမံကိန်းနှင့်အညီဖြစ်စေရေးတည့်မတ်ဆောင်ရွက်ကြရန်သမ္မတက တိုက်တွန်းခဲ့သည်။

အမှန်တကယ်မြေယာမဲ့သူ များမဟုတ်ဘဲ ကျူးကျော်နေထိုင် သူများ ရောနှောနေသည့်အတွက် ဥပဒေနှင့်အညီစစ်ဆေးပြီးမှသာ မြေမဲ့ယာမဲ့များကို မြို့ပြ၊ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်အ ညီနေရာချထားပေးရန်၊မြေအသုံး ချရေးစီမံခန့်ခွဲရာတွင် ဥပဒေ၊လုပ် ထုံးလုပ်နည်းနှင့် လုပ်ငန်းအဆင့် ဆင့်ဖြေရှင်းဆောင်ရွက်မှုနှောင့် နှေးကြန့်ကြာနေမှုအတွက်လွယ် ကူရှင်းလင်းအောင် လုပ်ငန်းအ ဆင့်များ လျှော့ချနိုင်မည့်နည်း လမ်းရှာဖွေရန်လည်းသမ္မတက ပြောသည်။

အိုးပိုင်အိမ်ပိုင် မရှိသေး သော ၀င်ငွေနည်းပြည်သူများအ တွက် တန်ဖိုးနည်းအိမ်ရာ စီမံ ကိန်းများထည့်သွင်းစီမံခြင်း၊အစိုးရပိုင်မြေများ အသုံးပြုရာတွင်စု ပေါင်းရုံးများအဖြစ်ဖွဲ့စည်းတည် ဆောက်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ မီးသတ်နှင့်ဈေး နေရာများကို အထပ်မြင့် အ ဆောက်အအုံများတည်ဆောက် ရန် စဉ်းစားရတော့မည်ဟုလည်း သမ္မတကပြောသည်။

မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံ ကိန်းများ ရေးဆွဲအကောင်အ ထည်ဖော်ရာတွင် မြေအသုံးချမှု မူဝါဒနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးတို့ကို ဆောင်ရွက်ရန် မြေယာခွဲဝေအသုံးချမှု စစ်ဆေးဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး မူဝါဒ (မူကြမ်း)များကို ရေးဆွဲခဲ့ကြောင်း သိရသည်။

7Day DAILY

ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − 7Day Daily)
ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − 7Day Daily)
မြေဈေးနှုန်းများ ကြီးမြင့်လာခြင်းသည် မြေဈေးကစားမှုနှင့်အတူ ငွေကြေး ကြွယ်ဝသူများက ကုန်ထုတ်လုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုမပြုဘဲ အခြားလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ နေမှုကြောင့်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။

ရဲနှင့်တောင်သူ ရုန်းရင်းဆန်ခတ်မှု နှစ်ဖက်ပြောကြားချက်များ ကွဲလွဲနေ

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် တပ်သိမ်းမြေ ပြန်ရရေး ထွန်တုံးတိုက်ပွဲဆင်နွှဲသည့် ဒေသခံတောင်သူများနှင့် ရဲ တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ဒေသခံတောင်သူများကြား ပြောကြားချက်များတွင် ကွဲလွဲမှုများရှိနေသည်။

ပိုလန်က မြန်မာနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး အရှိန်မြှင့်မည်

အီးယူအဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံဖြစ်သော ပိုလန်နိုင်ငံအနေ ဖြင့် ယခုနှစ်အတွင်း မြန်မာ့တပ်မ တော်နှင့် စစ်ဘက်ဆိုင်ရာ ဆက် ဆံရေးကို အရှိန်မြှင့်ဆောင်ရွက် မည်ဖြစ်ကာ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ အပြန် အလှန် စေလွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံကို လူထုဆန္ဒနှင့် အနီးစပ်ဆုံး ပြင်နိုင်ခဲ့ဟု ကော်မတီဝင်ဆို

ပုဒ်မ ၄၃၆အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသည့် ပုဒ်မများကို ပြင်ဆင်ရာတွင် ပြည်သူ လူထုဆန္ဒနှင့် အနီးစပ်ဆုံးဖြစ်အော င် ပြင် ဆင် ထားသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်က သြ ဂုတ် ၁၅ ရက်တွင် မဇ္ဈိမကိုပြောသည်။

အစ္စလာမ္မစ်သူပုန်များကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချ

Photo: အစ္စလာမ္မစ်သူပုန်များကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချ
Saturday, August 16, 2014

အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းယူထားသည့် Islamic State သူပုန်များအား ပိတ်ဆို့အရေးယူရန်  ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကသြဂုတ် ၁၅ ရက်တွင် ဆုံးဖြတ်ချက်  ချလိုက်သည်။

ယခုအရေးယူမှုတွင် အဆိုပါအဖွဲ့သို့ ငွေကြေးစီးဆင်းနေမှုများနှင့် တပ်ဖွဲ့သစ်များ ပြည်ပနိုင်ငံများမှ ၀င်ရောက်နေမှုများကို ထိန်းချုပ်ရန်တို့ ပါဝင်သည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီသို့ ဗြိတိန်နိုင်ငံက တင်သွင်းခဲ့သည့် ပိတ်ဆို့အရေးယူ ရေးအစီအစဉ်တွင် အယ်ကေးဒါးအဖွဲ့၏ အမည်စာရင်း တွင် ထည့်သွင်းခြင်းခံထားရသည့်  ကူဝတ်၊ဆော်ဒီအာရေဗျနှင့်အခြားနိုင်ငံများမှ အစ္စလာမ္မစ်ခေါင်းဆောင် ခြောက်ဦးအား ခရီးသွားခွင့် ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုအရပ်ရပ်အား ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။

၎င်းတို့ ခြောက်ဦးတွင် ဆီးရီးယားနိုင်ငံရှိ Al-Nusra Front သို့ ငွေကြေးထောက်ပံ့နေသည့် အယ်ကေးဒါးခေါင်းဆောင်များနှင့် IS အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် အဘူမိုဟာမက်အယ်လ်အာဒန်နီတို့ ပါဝင်သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ်လီအောဂရန့်က  “စစ်သွေးကြွတွေရဲ့ လုပ်ရပ်တွေဟာ တော်တာ် ရက်စက်ပါတယ်။ လူမျိုးနွယ်တွေကို ဘာသာရေး၊ ယုံကြည်ချက်အပေါ်အခြေခံပြီး သုတ်သင် သတ်ဖြတ်နေပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွအပါအ၀င် အရပ်သားတွေကို ပစ်မှတ် ထားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။ 

Ref:AFP
Mizzima - News in Burmese
အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းယူထားသည့် Islamic State သူပုန်များအား ပိတ်ဆို့အရေးယူရန်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကသြဂုတ် ၁၅ ရက်တွင် ဆုံးဖြတ်ချက်  ချလိုက်သည်။

ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်တွင် ပါသွားသည့် ခရီးသည်များ၏ ဘဏ်စာရင်းမှ ငွေများကို ခိုးယူသူနှစ်ဦး ဖမ်းဆီးခံရ

 ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်ခရီးစဉ် MH 370 တွင် ပါသွားသည့် ခရီးသည်လေးဦး၏ ဘဏ်စာရင်းမှ ငွေများကို ခိုးယူခဲ့သူ ဘဏ်အရာရှိ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းတို့ကို မလေးရှားရဲများ က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖက်ဒရယ် ပြည်ထောင်စု စနစ် အစိုးရ လက်ခံပြီ

ရန်ကုန်၊ သြဂုတ် ၁၅။ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖော်ရန် အစိုးရ ကိုယ်စားလှယ် များက ပဉ္စမမြောက် အပစ်ရပ် မူကြမ်း ဆွေးနွေးပွဲတွင် သဘောတူညီလိုက်ပြီဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) ပထမ ခေါင်းဆောင် နိုင်ဟံ သာက ဆွေးနွေးပွဲ ပထမရက် အပြီးတွင် သတင်း မီဒီယာ များကို ပြောသည်။

ဓာတုဆေးများစွာ အလွန်အကျွံသုံးစွဲထားသည့်မုန့်များနှင့် တရုတ်လုပ်မုန့်များ နေပြည်တော်တွင် မီးရှို့ဖျက်ဆီး

နပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်း များနှင့် ဈေးများတွင် ရောင်းချနေသော အစားအသောက်များထဲမှ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မညီသည့် အစားအသောက်များကို နေပြည်တော် စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းက လိုက်လံသိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

ယူကရိန်း အကူအညီယာဉ်တန်း စစ်တပ်မပါဟု ရုရှားအာမခံ

Photo: ယူကရိန်း အကူအညီယာဉ်တန်း စစ်တပ်မပါဟု ရုရှားအာမခံ
Saturday, August 16, 2014

ယူကရိန်းနိုင်ငံအရှေ့ခြမ်းက အရပ်သားတွေအတွက် လူသားချင်း စာနာကူညီမှု ယာဉ်တန်းစေလွှတ်ခဲ့ရာမှာ ရုရှားစစ်တပ်က စစ်ဖက်ဆိုင်ရာ ၀န်ထမ်းတွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoygu က အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကို အာမခံပြောဆိုခဲ့ တယ်လို့ ပင်တဂွန် ကာကွယ်ရေးစစ်ဌာနချုပ်က ပြောပါတယ်။ အကူအညီယာဉ်တန်း ကိုတော့ အခုဆိုရင် ယူကရိန်းနယ်စပ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ရုရှားနဲ့အမေရိကန် ကာကွယ်ရေးဝန်ကြီးနှစ်ဦးဟာ သောကြာနေ့တုန်းက တယ်လီဖုံးကတဆင့် ယူကရိန်းကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ် John Kirby က ပြောခဲ့ပါတယ်။ ယူကရိန်းအရှေ့ခြမ်းကို သွားတဲ့ ရုရှားကူညီရေးယာဉ်တန်းနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ Mr.Hagel က ရုရှားကို မေတ္တာရပ်ခံခဲ့တယ်လို့ ကာကွယ်ရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကလည်း အဲဒီယာဉ်တန်းမှာ စစ်ဖက်ဝန်ထမ်းတွေ မပါဘူးဆိုတာကို အာမခံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းကို ၀င်ရောက်ကျုးကျော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဒီအကူအညီပေးမှုကို အသုံးချမှာ မဟုတ်ဘူးလို့လည်း ရုရှားဖက်က ပြောခဲ့တဲ့အကြောင်း ပြောပါတယ်။

အကူအညီပစ္စည်းတွေ ဖြန့်ဝေမှုကိုလည်း ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အသင်းရဲ့ ကြီးကြပ်မှုအောက်မှာ ပြုလုပ်သွားမယ် ဆိုတာကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးက အသိအမှတ်ပြုပြောဆိုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရသူက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရုရှားက လူသားချင်း စာနာကူညီမှုယာဉ်တန်းများစေလွှတ်။ (သြဂုတ် ၁၄၊ ၂၀၁၄)
ရုရှားက လူသားချင်း စာနာကူညီမှုယာဉ်တန်းများစေလွှတ်။ (သြဂုတ် ၁၄၊ ၂၀၁၄)
ယူကရိန်းနိုင်ငံအရှေ့ခြမ်းက အရပ်သားတွေအတွက် လူသားချင်း စာနာကူညီမှု ယာဉ်တန်းစေလွှတ်ခဲ့ရာမှာ ရုရှားစစ်တပ်က စစ်ဖက်ဆိုင်ရာ ၀န်ထမ်းတွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoygu က အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကို အာမခံပြောဆိုခဲ့ တယ်လို့ ပင်တဂွန် ကာကွယ်ရေးစစ်ဌာနချုပ်က ပြောပါတယ်။ အကူအညီယာဉ်တန်း ကိုတော့ အခုဆိုရင် ယူကရိန်းနယ်စပ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်နှင့် သြစတြေးလျ ပူးပေါင်းပြီး မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများနှင့် ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူ တစ်သိန်းခန့်အား ဒေါ်လာ သန်း ၁၀၀ ကူညီ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း၌ ပညာသင်ကြား နေသည့် ကလေးငယ်များကို ၂၀၁၄ ဇန်န၀ါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
ကျောင်းသား၊ ကျောင်းသူ ၈ ဒသမ ၂ သန်း ပညာသင်ကြားလျက်ရှိသော မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများနှင့် ဆင်းရဲနွမ်းပါး ကျောင်း သား၊ ကျောင်းသူ တစ်သိန်းခန့်အား ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၈၀ နှင့် သြစတြေးလျ နိုင်ငံမှ ဒေါ်လာ သန်း ၂၀ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ကူညီနေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အူရီဒူး၏ ၀န်ဆောင်မှုအချို့ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက် အသုံးပြုခနှုန်းများပြားသည့် ဝေဖန်မှုများ ရှိနေ

အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုအချို့မှာ သုံးစွဲသူများ၏ မျှော်မှန်းချက်နှင့် မကိုက်ညီဘဲ အင်တာနက်အသုံးပြုခ နှုန်းထားများပြားခြင်း၊ ၀န်ဆောင်မှု အရည်အသွေးပိုင်းတွင် လိုအပ်ချက်ရှိခြင်း စသည့်ဝေဖန်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။

အီရတ် ကာဒ်တွေကို လက်နက်ပေးဖို့ EU သဘောတူ

Photo: အီရတ် ကာဒ်တွေကို လက်နက်ပေးဖို့ EU သဘောတူ
Friday, August 15, 2014

အီရတ်နိုင်ငံအတွင်းက အစ္စလာမ် အစွန်းရောက် ISIS အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာဒ် လူမျိုးစုတွေကို လက်နက် ထောက်ပံ့ပေးလိုတဲ့ EU အဖွဲ့ဝင် တနိုင်ငံချင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒီအတောအတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ISIS အဖွဲ့ထဲဝင်ဖို့ လူတွေကို လိုက်လံစည်းရုံးတာ၊ ဘဏ္ဍာငွေ စုဆောင်းပေးတာတွေ လုပ်ဆောင်နေသူ ၆ ဦးအပေါ် ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

EU နိုင်ငံခြားရေးဝန်ကြီးတွေက Brussels မြို့မှာ သောကြာနေ့က အဲဒီလို သဘောတူကြောင်း ဆုံးဖြတ်ပေးလိုက်တဲ့အတွက် အီရတ် ပဋိပက္ခမှာ လက်ရှိထက်ပိုမို ပါဝင်ပတ်သက်မယ့်ဘက်ကို ဦးတည်သွားတာလည်း ဖြစ်ပါတယ်။

အီရတ်နိုင်ငံအနောက်မြောက်ပိုင်း ဒေသအတော်များများကို သိမ်းပိုက်ထားတဲ့ ISIS အစ္စလာမ် အစွန်းရောက်အဖွဲ့ဟာ ဒေသအတွက်သာမကပဲ၊ ဥရောပတိုက်နဲ့ လူ့အဖွဲ့အစည်း တခုလုံးကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်လို့ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး Philip Hammond က ပြောပါတယ်။

ပြင်သစ်နိုင်ငံက ကာဒ်လူမျိုးစုတွေကို လက်နက်တွေ ထောက်ပံ့ပေးနေပြီး ဖြစ်ပါတယ်။ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံ တို့ကလည်း လက်နက် ထောက်ပံ့ပေးဖို့အတွက် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံအနေနဲ့လည်း ဥပဒေဘောင်အတွင်းကရော နိုင်ငံရေးအရရော လုပ်လို့ရသလောက် အစွမ်းကုန် လုပ်ဆောင်မယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ပြောပါတယ်။

ဒီအတောအတွင်း ISIS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ တခြား ၅ ဦးတို့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လိုက်ကြောင်း သောကြာနေ့က တညီတညွတ်ထဲ ဆုံးဖြတ်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ISIS အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာဒ်လူမျိုးစုများ။ (သြဂုတ် ၉၊ ၂၀၁၄)။ 
ISIS အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာဒ်လူမျိုးစုများ (သြဂုတ် ၉၊ ၂၀၁၄)
အီရတ်နိုင်ငံအတွင်းက အစ္စလာမ် အစွန်းရောက် ISIS အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာဒ် လူမျိုးစုတွေကို လက်နက် ထောက်ပံ့ပေးလိုတဲ့ EU အဖွဲ့ဝင် တနိုင်ငံချင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးသွားမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒီအတောအတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ISIS အဖွဲ့ထဲဝင်ဖို့ လူတွေကို လိုက်လံစည်းရုံးတာ၊ ဘဏ္ဍာငွေ စုဆောင်းပေးတာတွေ လုပ်ဆောင်နေသူ ၆ ဦးအပေါ် ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

ကိုးလ်ဂိတ် သွားတိုက်ဆေး သတင်းများ လုံးဝ မမှန်ကန်ဟု တရားဝင် ဖြန့်ချိသည့် ကုမ္ပဏီဆို

Photo: ကိုးလ်ဂိတ် သွားတိုက်ဆေး သတင်းများ လုံးဝ မမှန်ကန်ဟု တရားဝင် ဖြန့်ချိသည့် ကုမ္ပဏီဆို
Friday, August 15, 2014

ရန်ကုန်၊ သြဂုတ် ၁၅။ ကိုးလ်ဂိတ်(Colgate) သွားတိုက်ဆေးတွင် ကင်ဆာ ဖြစ်စေသော ဓာတုပစ္စည်း ပါဝင်နေသည်ကို ဟောင်ကောင်တွင် တွေ့ ရှိခဲ့ ဟူသည့် ဟောင်ကောင် အခြေစိုက် သတင်းစာ၏ အွန်လိုင်း သတင်းတစ်ပုဒ် ပြန့်နှံ့ခဲ့ပြီး အဆိုပါ သတင်းမှာ လုံးဝ မှန်ကန်မှုမရှိဟု မြန်မာ နိုင်ငံတွင် ကိုးလ်ဂိတ် သွားတိုက်ဆေးကို တရားဝင် ဖြန့်ချိခွင့် ရထားသည့် DKSH မှ ဌာနေ မန်နေဂျာက ငြင်းဆို လိုက်သည်။

ရန်ကုန်မြို့ ပုဇွန်တောင်ဈေးရှိ ဈေးဆိုင်တစ်ဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သည့် ကိုးလ်ဂိတ်သွားတိုက်ဆေးဘူးများကို တွေ့ရစဉ်။

အဆိုပါ သတင်းကို ပုဂ္ဂလိက သတင်းစာ တစ်စောင်ဖြစ်သည့်The Voice က “Colgate သွားတိုက်ဆေး အတွင်း ကင်ဆာ ဖြစ်စေသော ဓာတုပစ္စည်း ပါဝင်ကြောင်း ဟောင်ကောင်တွင် တွေ့ရှိ”ဟူ၍ မျက်နှာဖုံး သတင်း အဖြစ် ဖော်ပြခဲ့ သေးသည်။

DKSH မှ ဌာနေ မန်နေဂျာ Durgesh Chugh ကိုဆက်သွယ် မေးမြန်းရာ ၎င်းက “ကျွန်တော်တို့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး ပြောထားတာ အားလုံးက လုံးဝ မမှန်ကန် ပါဘူး။ အခု ပြဿနာရှိတယ် ဆိုတဲ့ Colgate Total က အမေရိကန် FDA  ရဲ့ ထောက်ခံချက် အပြည့်အ၀ ရထား ပြီးသားပါ။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကလည်း သွားတိုက်ဆေးမှာ ပါတဲ့ triclosan ပမာဏက လူကို ဘေးဥပါဒ် လုံးဝ မဖြစ်စေနိုင် ဘူးလို့ သက်သေပြု ထားပြီးသားပါ။ ဓာတ်ခွဲခန်း တွေမှာလည်း စမ်းသပ်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန် အားလုံးကို ဥရောပ၊ ကနေဒါ၊ သြစတြေးလျ မှာလည်း စစ်ဆေးပြီး သားပါ။ ဘာအန္တရာယ်မှ မရှိပါဘူး။ စိတ်ချလက်ချ ဆက်သုံး နိုင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သုံးစွဲသူ အိမ်ရှင်မ တစ်ဦးက “The Voice  မှာ ဖတ်လိုက် ရတော့ အရမ်းလန့် သွားတယ်။ ကျွန်မတို့ မိသား စုက colgate သုံးနေကျ လေ။ ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေ အနေနဲ့ သေသေချာချာ စစ်ဆေး ပေးစေ ချင်တယ်။ တကယ် အန္တရာယ် ရှိတယ် ဆိုလည်း တင်သွင်းတဲ့ ကုမ္ပဏီကို ထိထိ ရောက်ရောက် အရေးယူ ပေးစေချင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က သွားတိုက်ဆေး များတွင် ကင်ဆာ ဖြစ်စေ နိုင်သော ဓာတု ပစ္စည်းများ ပါဝင် နေတတ် သည်ကို လွန်ခဲ့သော နှစ်နှစ် ကပင် သိရှိပြီး ဖြစ်သည် ဟုဆိုသည်။ သို့သော် လက်ရှိ အခြေအနေတွင် အစား အသောက်များ အန္တရာယ် ကင်းရှင်းရေး ဘက်ကိုသာ အာရုံစိုက် နေရသဖြင့် သွားတိုက်ဆေး ကဲ့သို့ လူ့အသုံးအဆောင် ပစ္စည်းများကို မစစ်ဆေး နိုင်သေးဟု ဆိုသည်။ “အခု လောလောဆယ် ကိုင်တွယ်ဖို့ မဖြစ်နိုင် သေးပါဘူး။ ဓာတ်ခွဲခန်း ပြဿနာ၊ တံဆိပ် အများကြီးကို စစ်ဆေးဖို့ ငွေကြေး မလုံလောက်တဲ့ ပြဿနာတွေ ရှိပါသေးတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

မဇ္ဈိမက မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဌာန တာဝန်ရှိသူ များထံ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့ သော်လည်း ဆက်သွယ် မေးမြန်း၍ မရခဲ့ပေ။

Mizzima - News in Burmese
ရန်ကုန်၊ သြဂုတ် ၁၅။ ကိုးလ်ဂိတ်(Colgate) သွားတိုက်ဆေးတွင် ကင်ဆာ ဖြစ်စေသော ဓာတုပစ္စည်း ပါဝင်နေသည်ကို ဟောင်ကောင်တွင် တွေ့ ရှိခဲ့ ဟူသည့် ဟောင်ကောင် အခြေစိုက် သတင်းစာ၏ အွန်လိုင်း သတင်းတစ်ပုဒ် ပြန့်နှံ့ခဲ့ပြီး အဆိုပါ သတင်းမှာ လုံးဝ မှန်ကန်မှု မရှိဟု မြန်မာ နိုင်ငံတွင် ကိုးလ်ဂိတ် သွားတိုက်ဆေးကို တရားဝင် ဖြန့်ချိခွင့် ရထားသည့် DKSH မှ ဌာနေ မန်နေဂျာက ငြင်းဆို လိုက်သည်။