များသောအားဖြင့် အသီးကိုသုံးရသည်။ ချို၏။ အမှည့်အနည်းငယ်ဖန်၏။ အေး၏။ (အစိမ်း) အနည်း ငယ် အေး၏။ ၀ိပါက ချို၏ ။
Sunday, January 19, 2014
ရွှေညာမြေ က ခံတက်ရွက် ရဲ့ အာနိသင်
( အညာမှာတော့ ..ခံတက်ချဉ်ရမယ်လို့  အော်ရောင်းနေသည့် ခံတက်ရွက်ဂုဏ်သတ္တိ) ခံတက်ရွက် မှာ နေရာသီတွင် ဖြိုင်ဖြိုင်ပေါ်သည့်အရွက် ဖြစ်သည်။ ခံတက်ရွက်ကို ပြုတ်သော က် ခြင်းဖြင့် နွေဥတု တွင် ဖြစ်တက်သော အပူ ၀မ်းလျှော ၀မ်းပျက် ရောဂါများ၊ ချွေးငုပ်၊ မိတ်ငုပ်၊ ဓာတ် ငုပ် ရောဂါများ ပျောက်
သယံဇာတတူးဖော်မှု ပွင့်လင်းမြင်သာရေး စစ်တွေမြို့မှာ ဆွေးနွေး
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေကို စောင့်ကြည့်ပြီး ဒေသခံတွေ ကို ပြန်လည်ရှင်းပြ မယ့် "ရခိုင်ပြည်နယ်ကိုယ်စားပြု သယံဇာတ အရင်းအမြစ်တူးဖော်မှု စောင့်ကြည့်ရေး အလုပ် အမှုဆောင်ကော်မတီ " ဖွဲ့စည်းဖို့ မြို့နယ် ၁၇ မြို့နယ်က အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ စုပေါင်းပြီး အလုပ် ရုံဆွေးနွေး ပွဲ ကို စစ်တွေမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ
ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။
ပညာရေးမူဝါဒရေးဆွဲရေး ပြည်တွင်းပြည်ပ ပညာရှင်တွေကို ဖိတ်ခေါ်ကမ်းလှမ်း
လာမယ့် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံမူကြို ပညာရေးအဆင့်ကနေ တက္ကသိုလ် ပညာရေး အဆင့်ထိ သက်ဆိုင်တဲ့ "ပညာရေးမူဝါဒ မူကြမ်း" ရေးဆွဲရာမှာ ပြည် တွင်း ပြည်ပပညာရှင်တွေ၊ ပညာရေး အဖွဲ့ အစည်းအသီးသီးနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်အကောင်အထည်ဖော်ရေးဆွဲဖို့ ပညာရေး ၀န်ကြီးဌာနက ဒီနေ့ ဖိတ်ခေါ်လိုက် ပါတယ်။
ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ အသုဘ အခမ်းအနားတွင် လူအုပ်အတွင်း စုပြုံ တိုးဝှေ့မှုကြောင့် ၁ ဦး သေဆုံး ၅၉ ဦး ဒဏ်ရာရ
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇန်နဝါရီ ၁၇ ရက်က သေဆုံးခဲ့သည့် Dawoodi Bohra ဘာသာ ရေး အဖွဲ့ခေါင်းဆောင် Syedna Mohammed Burhanuddin နေထိုင်ရာ Malabar စီရင်စု၌ ဇန်နဝါရီ ၁၈ ရက် နံနက် ဒေသစံတော်ချိန် ၁ နာရီ ၃ဝ မိနစ်ခန့် တွင် ၎င်းအား လာရောက် ဂါရဝပြုသူများ အကြား စုပြုံ တိုးဝှေ့မှု ဖြစ်ပွားခဲ့သောကြောင့် ၁၈ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
ဗန်ကောက်မြို့တော် ဆန္ဒပြမှုတွင် ဗုံးပေါက်ကွဲ တစ်ဦးသေ ၊ ၃၆ ဦးဒဏ်ရာရ
ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘန်သက်သွန်လမ်းရှိ အစိုးရ အတိုက်အခံ ဆန္ဒပြသူများ စုဝေးသည့် နေရာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ယင်းလပ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြမည်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြနေသူများ ချီတက် ဆန္ဒပြနေစဉ် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာ ရရှိ သွားသော်လည်း ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဟု ဆန္ဒပြသူများက ပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်မှ ပလက်ဝသို့ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင်များ အရေးပေါ် အကူအညီလိုအပ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကြမ်းဖက် ခံရမှုများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ထွက်ပြေးလာ သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ၇၃ ဦးသည် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အထောက် အပံ့များ အရေးပေါ် လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားများ လူမှုအဖွဲ့အစည်း (ယာယီ) အဖွဲ့ဝင် ဦးလှမောင်သိန်းက ပြောကြားသည်။
ကျေးရွာ ၁၀ ရွာကို ကျပ်သိန်းနှစ်သောင်းနီးပါး သုံး၍ ဆိုလာစနစ်ဖြင့် မီးပေးမည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၁၀ ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် သိန်းနှစ်သောင်း နီးပါးသုံးစွဲပြီး ဆိုလာစနစ်သုံးကာ ၂၀၁၄ ခုနှစ် မတ်လကုန်အတွင်း မီး လင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရှိရသည်။
မြစ်ကြီးနားလေဆိပ် ပြင်ဆင်ရက် နန်ပေါင် တပ်မတော် လေယာဉ်ကွင်း တွင် ပြောင်းဆင်းမည်
မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်း ပြင်ဆင်မှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်မည့် နေ့ရက်များတွင် ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များအားလုံး မြစ်ကြီးနားမြို့ နန်ပေါင် တပ်မတော် လေယာဉ်ကွင်း တွင် ပြောင်းလဲဆင်းသက်ရမည် ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိက The Voice သို့ပြောကြား သည်။
ဗုဒ္ဓဘာသာ အမျိုးသမီးများ လွတ်လပ်ခွင့် သံဃာများကြိုးပမ်း
ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မစိုးရိမ်တိုက်က အရှင် ဣန္ဒာ စက္ကာဘိဝံသက သူတို့သံဃာတော်များအနေနဲ့ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးကို စဉ်ဆက်မပြတ် ဆောင် ရွက်နေကြောင်း RFA ကို မနေ့က မိန့်ကြားလိုက်ပါတယ်။
အစိုးရအရာရှိ လေးဆယ်ကျော်အား လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းပို့ချ
မြန်မာနိုင်ငံရှိ အကြီးတန်းအရာရှိကြီး ၄၄ ဦးအား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးအပါအ၀င် အခြားသော ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာများကို သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းရင်းသား ရိုးရာ ဝတ်စုံများကို နိုင်ငံခြားသားများ အမြတ်တနိုး ဝယ်ယူ ဝတ်ဆင်မှု မြင့်တက်လာ
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဝတ်စုံများကို နိုင်ငံခြား ခရီးသွားများမှ အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင်မှု များပြားလာကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ တိုင်းရင်း သား ရိုးရာဝတ်စုံ အရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။
တောင်ငူတွင် ပုဒ်မ-၅၉ (ဃ/စ) ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမည်
နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို ဖမ်းဆီးရာတွင် အသုံးပြုသော ငြိမ်း/စု/စီ ပုဒ်မ (၁၈)၊ ပုဒ်မ ၅၀၅ (ခ)/(ဂ) နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ-၅၉ (ဃ/စ) တို့ကို ဆန့် ကျင်ကန့်ကွက်သည့် အနေနှင့် တောင်ငူမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅၀ ခန့်က ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော် ထုတ်ပွဲကို ဦးဆောင်စီစဉ်သူ နိုင်ငံရေးတက်ကြွ လှုပ် ရှားသူ ဦးသန့်ဇင်က The Voice သို့ပြော ကြားသည်။
Subscribe to:
Posts (Atom)