Tuesday, September 23, 2014

အင်္ဂလန်သို့  ပန်ကန်ပြားပျံ တစ်စင်း ရောက်လာခဲ့သလား

UFO
ပို့စ်မောက် ကောင်းကင်ယံတွင် တွေ့လိုက်ရသည့် ပန်းကန်ပြားပျံဟု ယူဆရသည့် အရာဝတ္ထု။ (ဓာတ်ပုံ - ဒေးလီးမေးလ်)
အင်္ဂလန်နိုင်ငံ တောင်ဖက်ကမ်းခြေ ကောင်းကင်ယံတွင်  အရှိန်နှုန်း လျင်မြန်စွာ ပျံသန်းသွားသော အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုကို တွေ့ရှိလိုက်ကြရာ သိပ္ပံနှင့် ဆိုင်ရာ နယ်ပယ်များမှ ပညာရှင်များ အပြင် မြို့ နေ ပြည်သူများ အကြား မည်သည့် အရာဝတ္ထု ဖြစ်မှန်းကို ဒွိဟပွား အတွေးခက်နေစေသည်။“

မိုဘိုင်းဖုန်း သုံးစွဲမှုကြောင့် အိန္ဒိယ ဆယ်ကျော်သက် မိန်းလေးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးမှာ မိုဘိုင်းဖုန်း သုံးစွဲမှုကြောင့် မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
အိန္ဒိယ အရှေ့ပိုင်း ယူတာပရာဒက်ရှ်တွင် စက်တင်ဘာ (၂၀)ရက် ညပိုင်းက အသက်(၁၇)နှစ်ဝန်းကျင်ရှိ မိန်းကလေးသည် အခင်းသွားရန်အတွက် အိမ်ထဲမှထွက်လာခဲ့သည်။ ယူတာပရာဒက်ရှ်ရှိ နေအိမ် အများစုကဲ့သို့ သူမ၏ နေအိမ်တွင်လည်း အိမ်သာမရှိချေ။

ကာမဂုဏ်ကိုးသူ မိခင်ကြောင့် မြေစာပင် ဖြစ်ခဲ့ရသူ သမီးငယ် ~ "ကျွန်မဟာ နေ့ပိုင်းမှာ ကျောင်းသူတစ်ယောက် ဖြစ်ပြီး ညပိုင်းမှာ လိင်ကျေးကျွန် တစ်ယောက်ပါ"

DevilOnTheDoorStep

အန်နာဘယ်လ် ဖော့ရက်စ် ကိုယ်တိုင် ရေးသားထားသည့် ဖြစ်ရပ်မှန် စာအုပ်၏ မျက်နှာဖုံး။

ကာမဂုဏ် ကိုးကွယ်သည့် မာရ်နတ်ဂိုဏ်း တစ်ဂိုဏ်း၏ လိင်အစေအပါး အဖြစ် လုပ်ကျွေး ပြုစုခဲ့ရသူ အန်နာဘယ်လ် ဖော့ရပ်စ်ဆိုသူ အမျိုးသမီးက သူငယ်စဉ်က ဖြတ်သန်းခဲ့ရသည့် ၁၁ နှစ်တာ အမှောင်ကာလများ အကြောင်းကို စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခဲ့ပြီး ယင်း မကောင်းဆိုးဝါး ဂိုဏ်းဝင်များ လက်တွင်း သူ့ အား ၁၁ နှစ်လုံးလုံး လိင်ကျေးကျွန် အဖြစ် ငရဲကျ စေခဲ့သည့် မိစ္ဆာဒိဌိ အယူလွဲ မိခင်ဖြစ်သူအား ၎င်းအနေဖြင့် မည်သည့် အချိန်တွင်မျှ ခွင့်လွှတ်မည် မဟုတ်ကြောင်း ရင်ဖွင့် ပြောကြား ခဲ့သည်။

မြန်မာအမျိုးသမီး လက်ရွေးစဉ်အသင်း အာရှပွဲမှာ ဘာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုသလဲ

အာရှအားကစား ပြိုင်ပွဲ, မြန်မာ အမျိုးသမီးဘောလုံး အသင်း, ဆီးဂိမ်း,
၁၉၄၈ ခုနှစ်က လန်ဒန်တွင် ကျင်းပသော ၁၄ ကြိမ်မြောက် လန်ဒန်အိုလံပစ် ပြိုင်ပွဲကျင်းပနေစဉ် အပြည်ပြည် ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) အဖွဲ့ဝင်လည်းဖြစ်၊ အိန္ဒိယ နိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်သူ Mr. Sondhi သည် အာရှ ၁၃ နိုင်ငံမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ အာရှတိုက် အားကစား အဖွဲ့အစည်းတရပ် ထူထောင် ဖွဲ့စည်း နိုင်ရန်နှင့် အာရှအားကစား ပြိုင်ပွဲများကျင်းပနိုင်ရေး အတွက် အစည်းအဝေး ခေါ်ယူ၍ စတင် အကောင်အထည် ဖော်ခဲ့သည်။

ဆေးမြစ်များ လိမ်းရာမှ အရိုးပေါ်သည်အထိ ဝေဒနာခံစားခဲ့ရသူကို အသားအစားထိုးကုသမည်

Photo: ဆေးမြစ်များ လိမ်းရာမှ အရိုးပေါ်သည်အထိ ဝေဒနာခံစားခဲ့ရသူကို အသားအစားထိုးကုသမည်

Tuesday, September 23, 2014

ဒေသထွက်ဆေးမြစ် များလိမ်းရာမှ ညာဘက်ပေါင်ရှိ အ ရိုးများပေါ်လာသည်အထိ ဝေဒနာ ခံစားနေရသည့် လူနာအမျိုးသမီး ငယ်မှာ အသားအစားထိုးပြီး လရှည်ကုသမှု ခံယူရမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရေဦးမြို့နယ်အတွင်း နေ ထိုင်သည့် အသက် (၁၄) နှစ်အ ရွယ် လူနာအမျိုးသမီးငယ်မှာ လွန်ခဲ့သည့် တစ်လခန့်က တံ မြက်စည်းလှည်းရာမှတစ်ဆင့် ချော်လဲခဲ့၍ အိမ်ရှိ သစ်ခေါက် တစ်မျိုးကို  သွေးလိမ်းခဲ့ရာ ပေါင် နှင့်ခြေသလုံး ၀န်းကျင်တွင် ရေ ကြည်ဖုများ ထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် မုံရွာဆေးရုံကြီး တွင် ၂၇ ရက်ကြာအောင် တက် ရောက်ပြီး အနာများအား  ကုသမှု ပြုလုပ်ခဲ့ရသည်။ မသက်သာ၍ မန္တလေးမြို့ ၂၆ လမ်းရှိ အရိုးအ ထူးကုဆေးရုံကြီးတွင် လာရောက် ဆေးကုသမှုခံယူနေရခြင်း ဖြစ် သည်။

အရိုးအထူးကုဆေးရုံကြီးသို့ ရောက်ရှိသည်မှာ ဆယ်ရက် ကျော်ကြာသည့်အချိန်ထိ လူနာ အား ဆေးထိုးခြင်း၊ ဆေးသွင်း ခြင်း၊ ဆေးတိုက်ခြင်းများ ပြုလုပ် ပေးထားပြီး အနာများ အသားနု တက်လာသည့်    အချိန်တွင် အသားကပ်သည့်နည်းဖြင့် ကုသ မှုခံယူရမည်ဖြစ်ကြောင်း ဆေးရုံ ကြီးတွင် ကုသပေးနေသည့် ဆရာ  ၀န်ကြီးများက   ဖြေကြားထား ကြောင်း လူနာ၏ မိခင်ဖြစ်သူ ဒေါ်ဦးက ပြောသည်။

‘‘ဆရာကြီးတွေကတော့ သက်သာတယ်ပြောတာပဲ။ လ ရှည်ကုရမယ့် ရောဂါလို့လည်း ပြောတယ်။ အခုချိန်မှာတော့ ဘာမှမလိုသေးပါဘူး’’ ဟု  ၎င်းက ပြောသည်။

လရှည်ဆေးကုသမှုခံယူရ မည်ဖြစ်သောကြောင့် လူနာအ တွက် ဆေးဖိုးလှူဒါန်းလိုသူများအ နေဖြင့် ၆၂ လမ်းရှိ အရိုးအထူးကု ဆေးရုံကြီး၊ အဆောင် (၃)၊ ခု တင်အမှတ် (၃၉) သို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်သလို ဖုန်းနံပါတ် ၀၉-၃၃၆၇၅၂၉၇ သို့လည်း ဆက်သွယ်လှူဒါန်းနိုင် သည်။ 

7 Day News
ဒေသထွက်ဆေးမြစ် များလိမ်းရာမှ ညာဘက်ပေါင်ရှိ အ ရိုးများပေါ်လာသည်အထိ ဝေဒနာ ခံစားနေရသည့် လူနာအမျိုးသမီး ငယ်မှာ အသားအစားထိုးပြီး လရှည်ကုသမှု ခံယူရမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရေဦးမြို့နယ်အတွင်း နေ ထိုင်သည့် အသက် (၁၄) နှစ်အ ရွယ် လူနာအမျိုးသမီးငယ်မှာ လွန်ခဲ့သည့် တစ်လခန့်က တံ မြက်စည်းလှည်းရာမှတစ်ဆင့် ချော်လဲခဲ့၍ အိမ်ရှိ သစ်ခေါက် တစ်မျိုးကို သွေးလိမ်းခဲ့ရာ ပေါင် နှင့်ခြေသလုံး ၀န်းကျင်တွင် ရေ ကြည်ဖုများ ထွက်ပေါ်ခဲ့သည်။

အော်ရီဒူး ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက်သာ ကောက်ခံတော့မည်

ဖုန်းအသုံးပြုချိန် တစ်မိနစ် မပြည့်လျှင်ပင် (တစ်မိနစ် ကျသင့်နှုန်း) ၃၅ ကျပ် ကောက်ခံပြီး ဖုန်းခေါ်ဆိုမှု မကြည်လင်ခြင်း၊ ဖုန်းလိုင်း မကောင်းမွန်ခြင်းကြောင့် ပြည်သူလူထုက ဝေဖန်မှုများ ရှိနေသော အော်ရီဒူး ဖုန်းခေါ်ဆိုခ နှုန်းထားများကို စက်တင်ဘာ ၂၃ ရက်နေ့မှ စကာ အသုံးပြုသည့် စက္ကန့်အလိုက် ပြောင်းလဲ ကျသင့်တော့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အော်ရီဒူး ဖုန်းဆက်သွယ်ရေး ကွန်ရက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး ဗဟိုဌာနတွင် မြန်မာဝန်ထမ်းဦးရေ ၃၀၀ ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ပြီး သုံးစွဲသူ ပြည်သူလူထု၏ အကြံပြုချက်များနှင့် သုံးစွဲမှုအပေါ် သဘောထား အခြေအနေတို့ကို ပြုလုပ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောင်းလဲကောက်ခံခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူသတ်မှု၊ လက်နက်ကိုင်ရမ်းကားမှုများကို ထိရောက်စွာနှိမ်နင်းရန် ရန်ကုန်အစိုးရ ကို တောင်းဆို

ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှုနှင့် လက်နက်ကိုင် ရမ်းကားမှုတို့ကို တိုင်းအစိုးရက ထိရောက်စွာ ဆောင်ရွက်ရန် စက်တင်ဘာ ၂၂ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦးက အရေးဆိုလိုက်သည်။

ရန်ကုန်တိုင်းအတွင်း မင်းမဲ့စရိုက် ဆန်ဆန် ကျူးကျော်ဝင်ရောက်မှု၊ လူသတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှု၊ ဝတ္တရားနှောင့်ယှက်မှုနှင့် လက်နက်ကိုင်ရမ်းကားမှုများ ဖြစ်ပေါ်နေသည့်အတွက် တရားဥပဒေစိုးမိုးရေးကို ပိုမိုထိရောက်စွာ လုပ်ဆောင်ရန် ဒဂုံမြို့သစ်(တောင်ပိုင်း) မှ တိုင်းအမတ် ဒေါ်စန်းစန်းဝင်းက ရန်ကုန်တိုင်း အစိုးရကို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ဗြိတိန် ၂ ဦး အသတ်ခံရသည့် လိပ်ကျွန်းလူသတ်မှု၊ သံသယရှိ ၂ဦး၏ ဓာတ်ပုံများ ရဲက ရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်သည့် တရားခံဟု ယူဆရသူ ထိုင်းလူမျိုး ၂ ဦး၏ ဓာတ်ပုံကို ပြင်သစ်ကမ္ဘာလှည့်ခရီးသွားတဦးက ထိုင်းရဲတပ်ဖွဲ့ အားပြန်လည်မျှဝေပေးခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ အခင်းဖြစ်ပွားချိန်က လုံခြုံရေးကင်မရာမှတ်တမ်း၌ ပါရှိသည့် သံသယရှိသူ တဦး၏ ပုံစံမှာလည်း အဆိုပါ

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်

မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ သည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန် ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာကျိန် ဆိုပွဲကို ဒေသခံများက အိမ်များ၊ ဈေးဆိုင်များပိတ်ကာ လမ်းများ ပေါ်သွားလာလှုပ်ရှားခြင်းမပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြ ခြင်း ဖြစ်သည်။

မင်းမဲ့စရိုက်ဆန်ဆန် မှုခင်းများ ထိရောက်စွာနှိမ်နင်းရန် အဖြေရှာမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပေါ်နေသော မင်းမဲ့စ ရိုက်ဆန်ဆန်လူသတ်မှု၊ အုပ်စု ဖွဲ့တိုက်ခိုက်မှု များအား တိုင်း ဒေသကြီးအစိုးရအနေဖြင့် ပိုမိုထိ ရောက်စွာ နှိမ်နင်းဆောင်ရွက် ရန် တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့ ဆွေးနွေးသွားမည် ဖြစ် သည်။
ယခုလ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အထူးအစည်း အဝေး၌ ဒဂုံမြို့သစ်(တောင် ပိုင်း) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဒေါ် စန်းစန်းဝင်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အထက်ဖော် ပြပါ ကိစ္စရပ်များဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှုကို ထိခိုက် လာသဖြင့် ယခုအဆိုကို တင် သွင်းရကြောင်း ပြောကြားခဲ့ သည်။
‘‘တရားဥပဒေမဲ့ လုပ်ဆောင် တယ်ဆိုတဲ့ နေရာမှာ ပုဂ္ဂလိက ပိုင်၊  ဌာနပိုင်၊ အများပိုင် စတဲ့ မြေတွေမှာ အုပ်စုဖွဲ့ကျူးကျော် ၀င်ရောက်မှုတွေတော်တော်များ များရှိလာတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ်တာတွေ အပေါ်မှာ အပြစ် ရှိသူကို ရှိသကဲ့သို့ အရေးယူပြီး မှန်ကန်သူများအတွက်လည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်လုပ်ပေး သင့်ပါတယ်’’ဟု အဆိုရှင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကပြောကြား သည်။

ဖက်ဒရယ်နှင့်ပတ်သက်၍ တပ်မတော်ထိပ်ပိုင်း မကျေလည်၊ ဆွေးနွေးပွဲ ပထမနေ့ သဘောတူညီချက်မရသေး

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး တတိယမူကြမ်းအ တွက် ဆွေးနွေးပွဲပထမနေ့တွင် ဖက်ဒရယ်နှင့်ပတ်သက်၍ တပ်မ တော် ထိပ်ပိုင်းမှ မကျေလည်မှု များရှိနေပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များကိုလည်း ဆွေးနွေးမှု မပြု လုပ်နိုင်သေးကြောင်း သတင်းရရှိ သည်။
‘‘အရင်တစ်ပတ်တုန်းကပေါ့ နော်။ ဖက်ဒရယ်ကိစ္စတွေ ချမှတ် သွားတဲ့အပေါ်မှာ အထက်ပိုင်း တပ်ဘက်ဆိုင်ရာက သိပ်မကျေ လည်ဘူး’’ ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြော ကြားသည်။

ချစ်စရာကောင်းတဲ့ မန်းလေးသူမော်ဒယ်လေး အလင်္ကာခေတ်...



New Face Cute Model

အကြံပြုချင်ပါ၏

Photo: အကြံပြုချင်ပါ၏
==========
အကြံပြုချင်ပါ၏ တတိယအရွယ် အိုမင်းသောအခါမှ တရားရှာလျှင် ဆယ်နှစ်ကြာမည်ဆိုလျှင် ပထမအရွယ်ကတည်းက တရားရှာပါက ဆယ်ရက် သို့မဟုတ် ဆယ်ပါတ် သို့မဟုတ် ဆယ်လအတွင်း တရားရနိုင်မည်ဖြစ်၏။ 
တရားရှာသည်ဆိုသဖြင့် စီးပွားရေးလုပ်ငန်းများကို ရပ်ထားရမည်ဟု မဆိုလို၊ အိပ်ခါနီးအချိန်လေးတွင် နာရီဝက်၊ တစ်နာရီခန့် အချိန်ယူပြီး ၀ိပဿနာတရားကို နည်းနည်းချင်း နာကြားသင့်သည်ကို ဆိုလိုပါ၏။

စီးပွားရှာရင်း ရတဲ့အချိန်လေးမှာ
====================== 
ယောဂီတို့ရဲ့ ပတ်ဝန်းကျင်မှာ ဗုဒ္ဓဟောကြားတဲ့အတိုင်း ကာမဂုဏ် အာရုံတွေရှာဖွေရင်း သေမင်းနောက် ပါသွားတဲ့လူတွေကို အများကြီးတွေဖူးကြပါလိမ့်မယ်၊ 

စီးပွားရေးဆိုတာ တစ်သက်လုံး ရှာနေကြရမှာပါ၊ စီးပွားရှာနေရင်း ရတဲ့အချိန်လေးမှာ

ဝိပဿနာတရားကို နာကြားမယ်၊ ၀ိပဿနာတရားကို အားထုတ်မယ်ဆိုရင် ဘ၀မှာ အမြတ်ထွက်လာမယ်။

မေတ္တာရှင် (ရွှေပြည်သာ)
အကြံပြုချင်ပါ၏ တတိယအရွယ် အိုမင်းသောအခါမှ တရားရှာလျှင် ဆယ်နှစ်ကြာမည်ဆိုလျှင် ပထမအရွယ်ကတည်းက တရားရှာပါက ဆယ်ရက် သို့မဟုတ် ဆယ်ပါတ် သို့မဟုတ် ဆယ်လအတွင်း တရားရနိုင်မည်ဖြစ်၏။ 
တရားရှာသည်ဆိုသဖြင့် စီးပွားရေးလုပ်ငန်းများကို ရပ်ထားရမည်ဟု မဆိုလို၊ အိပ်ခါနီးအချိန်လေးတွင် နာရီဝက်၊ တစ်နာရီခန့် အချိန်ယူပြီး ၀ိပဿနာတရားကို နည်းနည်းချင်း နာကြားသင့်သည်ကို ဆိုလိုပါ၏။

Poe Ei Phyu Zin


Attractive Photo Model- Poe Ei Phyu Zin

ပုရိသတွေကို စိတ်ကုန်လို့ ရင်သားသုံးဖက်ဖြစ်အောင် ဆာဂျရီနဲ့ ပြုပြင်လိုက်တဲ့ ဖလော်ရီဒါ အနှိပ်ခန်းက မိန်းကလေး

Photo: ပုရိသတွေကို စိတ်ကုန်လို့ ရင်သားသုံးဖက်ဖြစ်အောင် ဆာဂျရီနဲ့ ပြုပြင်လိုက်တဲ့ ဖလော်ရီဒါ အနှိပ်ခန်းက မိန်းကလေး
Tuesday, September 23, 2014

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ဆွဲဆောင်မှုမရှိတော့စေရန် တတိယမြောက်ရင်သား တစ်ခုကို ပလပ်စတစ်ဆာဂျရီဖြင့် ပြုပြင်လိုက်သည်။အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်သော ဂျက်စမင်းထရိုင်ဒီဗဲလ်သည် အဆိုပါ ရင်သားနောက်ထပ်တစ် လုံးကို ရရှိရန် အမေရိကန်ဒေါ်လာ ၂၀၀၀၀ အကုန်အကျခံ ပြုပြင်ခဲ့ရကြောင်း ပြောကြားသည်။

“ကျွန်မအနေနဲ့ နောက်ထပ်ရင်သားတစ်လုံး ရလာတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒီနို့သီးခေါင်းအသစ်က နဂိုနို့ သီးခေါင်းတွေလိုတော့ ခံစားမှုသိပ်မရှိဘူး” ဟု ပြောသည်။

အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ၎င်းတို့က မိမိအား စိတ်မ၀င်စားတော့အောင် ယခုကဲ့သို့ လုပ် ဆောင်ခြင်းဖြစ်ကြောင်း သူမက အိုလန်ဒို အသံလွှင့်ဌာနသို့ ပြောကြားသည်။

“ကျွန်မ ရူးနေပါတယ်။ ဒါပေမယ့် ရူးတဲ့သူတွေဟာ ကိုယ်ရူးတာကို ကိုယ်မသိကြဘူး။ ဒါကြောင့် ကျွန်မရူးနေတာ မဟုတ်ဘူးလို့ လည်း ပြောနိုင် ပါတယ်” ဟု ထရိုင်ဒီဗဲလ်က ပြောသည်။

တတိယ ရင်သားပြင်ဆင်ရန် ဆရာဝန်အများအပြားနှင့် သွားရောက်ဆွေးနွေးခဲ့ရသည်ဟု သူမက ပြောသည်။ထရိုင်ဒီဗဲလ်က နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ချင်သကဲ့သို့ အမ်တီဗွီ အစီအစဉ်များတွင် လည်း ပါဝင်သရုပ်ဆောင် ချင်ကြောင်း ပြောကြားသည်။

“အမေရိကန်ကို ဖုန်းကင်မရာကနေ လှမ်းပြလိုက်တော့ အမေက ဘာမှမပြောတော့ဘဲ အပြင်ဘက်ကို ချာကနဲ လှည့်ထွက်သွားတယ်” ဟု သူမက ပြောသည်။

Mizzima
အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ဆွဲဆောင်မှုမရှိတော့စေရန် တတိယမြောက်ရင်သား တစ်ခုကို ပလပ်စတစ်ဆာဂျရီဖြင့် ပြုပြင်လိုက်သည်။အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်သော ဂျက်စမင်းထရိုင်ဒီဗဲလ်သည် အဆိုပါ ရင်သားနောက်ထပ်တစ် လုံးကို ရရှိရန် အမေရိကန်ဒေါ်လာ ၂၀၀၀၀ အကုန်အကျခံ ပြုပြင်ခဲ့ရကြောင်း ပြောကြားသည်။

“ကျွန်မအနေနဲ့ နောက်ထပ်ရင်သားတစ်လုံး ရလာတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒီနို့သီးခေါင်းအသစ်က နဂိုနို့ သီးခေါင်းတွေလိုတော့ ခံစားမှုသိပ်မရှိဘူး” ဟု ပြောသည်။

ဆီးရီးယား IS စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုစတင်

Photo: ဆီးရီးယား IS စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုစတင်
Tuesday, September 23, 2014

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ တွေကို လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေ စတင်ပြီဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာန ချုပ် က ပြောပါတယ်။ အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေနဲ့ တွန်မာဟော့ မစ်ဆိုင်းဒုံးကျည်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရ John Kirby ပြောဆို တာကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ 

စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေတယ်လို့သာပြောသွားပြီး အသေးစိပ်ကိုတော့ သူက ပြောမထား ပါဘူး။ 

အခုဆို အမေရိကန်သမ္မတ အိုဘားမား ပြောသွားခဲ့သလို အီရတ်နဲ့ ဆီးရီးယားတို့မှာ အခြေစိုက်လှုပ် ရှားနေတဲ့ IS အဖွဲ့တွေ ကို အပြတ်ချေမှုန်းမယ်လက္ခဏာတွေပါဘဲ။ 

အမေရိကန်က အီရတ်မှာရှိတဲ့ IS စစ်သွေးကြွတွေကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက လေကြောင်း တိုက်ခိုက်မှု ၁၉၀ လောက်ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ 

အစ္စလမ်မစ် နိုင်ငံတော် စစ်သွေးကြ ဂျီဟတ်အုပ်စုတွေဟာ ဆီးရီးယားနဲ့ အီရတ်ကြားမှာ တိုက်ခိုက် သိမ်းပိုက်မှုတွေတော် တော်များများ လုပ်ဆောင်ကာ အခြေစိုက်နေကြတာပါ။ 

ဧရာဝတီ
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ တွေကို လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေ စတင်ပြီဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာန ချုပ် က ပြောပါတယ်။ အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေနဲ့ တွန်မာဟော့ မစ်ဆိုင်းဒုံးကျည်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရ John Kirby ပြောဆို တာကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ 

စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေတယ်လို့သာပြောသွားပြီး အသေးစိပ်ကိုတော့ သူက ပြောမထား ပါဘူး။ 

အူရီးဒူး ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက် ပြောင်းလဲ ကောက်ခံမည်

Ooredoo

ရန်ကုန် (မဇ္ဈိမ) ။ ။ ဖုန်းခေါ်ဆိုမှု စက္ကန့်ကျော်ပါက မိနစ်ဖြင့် ကောက်ယူမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော အူရီးဒူး အော်ပရေတာက စက်တင်ဘာ ၂၃ ရက်မှစပြီး ဖုန်းပြောဆိုခများကို စက္ကန့်အလိုက်ပြောင်းလဲ ကောက်ခံမည်ဟု အူရီးဒူးမြန်မာက ယနေ့ (စက်တင်ဘာ ၂၂ ရက်) ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ToP 10 Miss Popular မှာ မြန်မာအလှမယ် ပါဝင်

 Top 10 Miss Popular များ၊ ဓာတ်ပုံ- Miss Grand International
ထိုင်းနိုင်ငံ ကျင်းပနေတဲ့ Miss Grand International 2014 မှာ နိုင်ငံတကာ အလှမယ်တွေ ယှဉ်ပြိုင်နေ ကြတာမှာ မဲပေးမှု စနစ်အရ Miss Popular Vote 2014 ရဲ့ နောက်ဆုံး ဇကာတင် ၁ဝ ဦး စာရင်း မှာ 
မြန်မာ အလှမယ် M ဂျာဆိုင်း လည်း ရွေးချယ်ခံရပါတယ်။ 

မဲပေးမှု ၁ဝ.၃၂ ရာခိုင်နှုန်းရထားတဲ့ ဖိလစ်ပိုင်မယ်ပြီးရင် မြန်မာအလှမယ်က ၈.၆၈ ရာခိုင်နှုန်း နဲ့ ဒုတိယမဲ အများဆုံး ရရှိထားပါတယ်။ 

အမေရိကန်သူတစ်ဦး ရင်သားတတိမွှာ အစားထိုးခွဲစိတ်

Photo: အမေရိကန်သူတစ်ဦး ရင်သားတတိမွှာ အစားထိုးခွဲစိတ်
Tuesday, September 23, 2014

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမြို့မှ အနှိပ်ပညာရှင် တစ်ဦးသည် ပေါင် ၁၂၀၀၀ အကုန်အကျခံ၍ ရင်သား တတိယမွှာ အစားထိုး ခွဲစိတ်ခဲ့သည်။ အသက်(၂၁)နှစ် အရွယ်ရှိ ထရိုင်ဒီဗေးသည် ထင်ပေါ်ကျော်ကြားရန်နှင့် သူမကို ယောက်ျားများ စိတ်ဝင်စားခြင်းမရှိရန် ယခုကဲ့သို့ တတိယရင်သားမွှာ အစားထိုး ခွဲစိတ်ကုခဲ့ခြင်းဟု ပြောသည်။

ထရိုင်ဒီဗေးသည် ရင်သား အစားထိုး ခွဲစိတ်စဉ် ကြုံတွေ့ရသည့် အခက်အခဲများကို ဗီဒီယို ရိုက်ကူးကာ သူမ၏ဖေ့ဘွတ် စာမျက်နှာပေါ် တင်ခဲ့ပြီး ရင်သား အစားထိုးမှုအကြောင်း MTV ရိုက်ကူးနိုင်ရန်
မျှော်လင့်နေကြောင်း ပြောသည်။ ကျင့်ဝတ်ချိုးဖောက်ရာ ရောက်သည့်အတွက် ဆရာဝန် အများစုက ထရိုင်ဒီဗေး၏ ရင်သား အစားထိုး ခွဲစိတ်မှုကို ငြင်းပယ်ခဲ့ပြီး သူမ ကမ်းလှမ်းခဲ့သည့် ဆရာဝန်(၅၀)အနက် တစ်ဦးက ၀မ်းဗိုက် အသားစများဖြင့် ရင်သား အစားထိုး ခွဲစိတ်ပေးခဲ့ခြင်းဖြစ်သည်။

ထရိုင်ဒီဗေးက ''အခုလို ခွဲစိတ်လိုက်ရင် ယောက်ျားတွေ ကျွန်မကို စိတ်ဝင်စားတော့ဘူးလေ။ ဒီလိုလုပ်တာ ရူးမိုက်ရာ ကျပေမယ့် ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ ထင်ပါတယ်'' ဟု ပြောသည်။ ထရိုင်ဒီဗေးမှာ ဖေ့ဘွတ်တွင် Like ၁၆၀၀၀ကျော် ရရှိထားသော်လည်း ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ အများစုက ဝေဖန်ခဲ့ကြသည်။

Ref:telegraph
Nz(ရိုးရာလေး)
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမြို့မှ အနှိပ်ပညာရှင် တစ်ဦးသည် ပေါင် ၁၂၀၀၀ အကုန်အကျခံ၍ ရင်သား တတိယမွှာ အစားထိုး ခွဲစိတ်ခဲ့သည်။ အသက်(၂၁)နှစ် အရွယ်ရှိ ထရိုင်ဒီဗေးသည် ထင်ပေါ်ကျော်ကြားရန်နှင့် သူမကို ယောက်ျားများ စိတ်ဝင်စားခြင်းမရှိရန် ယခုကဲ့သို့ တတိယရင်သားမွှာ အစားထိုး ခွဲစိတ်ကုခဲ့ခြင်းဟု ပြောသည်။

တစ်ဖက်မှာငြိမ်းချမ်းရေး၊တစ်ဖက်မှာအမုန်းတရား

Cartoon
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ရန်ကုန်နဲ့ အခြားနယ်မြို့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ စီနီယာဝန်ကြီး ဦးစိုးသိန်း၊ ၀န်ကြီးဦးခင်ရီ နဲ့ အစိုးရတာဝန်ရှိသူတွေ၊ ပဒိုကွယ်ထူးဝင်းလို လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ အနု ပညာသည် တွေနဲ့ ပြည်သူတချို့ တက်ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတစ်ခုကိုလည်း ရန်ကုန် ရွှေလီလမ်းက ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။ အလားတူ ညနေပိုင်းမှာ ငြိမ်းချမ်းရေးအတွက် ချီတက် လမ်းလျှောက်တာတွေ၊ ငြိမ်းချမ်းရေး ဘောလုံးပွဲတွေကိုလည်း ကျင်းပခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဒါပေမဲ့ လည်းပေါ့လေ။ စက်တင်ဘာ ၂၀ ရက်တုန်း က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေကျေးရွာမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတစ်ခု

ကာကွယ်ရေးတက္ကသိုလ်တွင် အမျိုးသမီး အပါအ၀င်နယ်ဘက်အရာရှိများ တက်ရောက်ခွင့်ပြုရန် စီစဉ်နေဟု သတင်းထွက်ပေါ်

Photo: ကာကွယ်ရေးတက္ကသိုလ်တွင် အမျိုးသမီး အပါအ၀င်နယ်ဘက်အရာရှိများ တက်ရောက်ခွင့်ပြုရန် စီစဉ်နေဟု သတင်းထွက်ပေါ်
Tuesday, September 23, 2014

 နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးများ အပါအ၀င် နယ်ဘက်အရာရှိများကို ထပ်မံတက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က အင် ဒိုနီးရှားခရီးစဉ်အတွင်း အင်ဒိုရှိ ကာကွယ်ရေးတက္ကသိုလ်သို့သွား ရောက် လေ့လာပြီးနောက် ထိုကဲ့သို့ အရပ်သားများကို လက်ခံသင်ကြားရန်  စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးကပြောသည်။

‘‘အင်ဒိုကာကွယ်ရေးတက္က သိုလ်မှာက တပ်ရော၊ ရဲရော၊အ ရပ်သားပါ တက်နေကြတယ်။ ဒီ လိုဖြစ်အောင်လို့ ကာကွယ်ရေးဦး စီးချုပ်က သူခရီးစဉ်သွားတုန်းက လေ့လာပြီး လုပ်ဖို့ရည်ရွယ်ချက်ရှိ ပါတယ်။ အခုဒုဝန်ကြီး၊ ၀န်ကြီး အများစုကလည်း ကာကွယ်ရေး တက္ကသိုလ်တက်ပြီးသားတွေ။ ဒီ ကျောင်းက လူတစ်ယောက်ရဲ့ IQ, EQကိုအကုန်သင်ပေးတာ။ အရင် က တိုက်ရည်ခိုက်ရည်နဲ့ ရန်သူကို ချေမှုန်းရေးတွေသင်ခဲ့တာ။အခု ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အခါ ကျတော့ သင်ရိုးညွှန်းတမ်းတွေကို  ခေတ်မီတပ်မတော်တစ်ရပ် ဖြစ် အောင် တော်တော်ပြောင်းပစ်လိုက်တာ။ တော်တော်ပြောင်းကုန်ပြီ’’ဟု ၎င်းကဆိုသည်။

နိုင်ငံတော်ကာကွယ်ရေးတ က္ကသိုလ်(National Defence College)တွင် ယခင်က တပ်မမှူး အဆင့်တိုးမြှင့်ပေးမည့် ဗိုလ်မှူး ချုပ်များကိုသာ တက်ရောက်ခွင့် ပေးခဲ့ရာမှာ ၂၀၁၃မှစ၍ ပြည်ထဲ ရေးဝန်ကြီးဌာနတွင် ရဲမှူးချုပ်အ ဆင့်တိုးပေးမည့် ရဲမှူးကြီးများကို တွဲဖက်တက်ရောက်စေခဲ့သည်။

‘‘အရင်က ပြည်ထဲရေးမှာရဲ မှူးချုပ်ခန့်မယ်ဆိုရင် တပ်က  တပ်မမှူးကို ဟိုဘက်ရွှေ့ပစ်လိုက်တာ။ မိုး ကျရွှေကိုယ်ဆိုပြီး အပြောခံရတဲ့သူတွေပေါ့လေ။ အခု တပ်က မပို့တော့ဘူး။ ကာကွယ်ရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီးကို လူစာရင်းတောင်းတယ်။ ဗိုလ်မှူးချုပ်တို့ကိုပေးတဲ့ လူစာရင်းအတိုင်း NDC မှာ လာတက်ရတယ်။ အခု အရပ်ဘက်ကဆို ရဲပြီးရင် မီးသတ် တက်ရဖို့ရှိတယ်’’ဟု အဆိုပါအရာရှိကြီးကဆိုသည်။

NDCမှာ စစ်တိုက်နည်းသင် ကြားခြင်းသက်သက်မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့်သက် ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်လုံခြုံရေးမူဝါဒမများ အကြောင်းသင်ကြားပေးခြင်းဖြစ် ပြီး တစ်နှစ်သင်တန်းတက်ရောက် ရခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူး ကြီးဟောင်းတစ်ဦးကပြောသည်။

အမေရိကန်အပါအ၀င် အ ရှေ့တောင်အာရှနိုင်ငံအချို့ရှိကာ ကွယ်ရေးတက္ကသိုလ်များတွင်အ မျိုးသမီးများနှင့် အရပ်သားပညာ ရှင်များကို တက်ရောက်ခွင့်ပေးခဲ့ ပြီး မြန်မာနိုင်ငံတွင် အရပ်သား သင်တန်းသားကို မည်သည့်စနစ် ဖြင့်ရွေးချယ်မည်ကိုမူမပြောနိုင် သေးကြောင်း၎င်းကပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတ က္ကသိုလ်တွင် အမေရိကန်အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာဗိုလ်ချုပ် ကြီးအန်တိုနီချက်ဖီးလ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း ပထမ ဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံတကာ ဗိုလ်ချုပ်ကြီးများအနက် ၎င်းမှာ ပထမဆုံးအကြိမ်မိန့်ခွန်းပြောကြားခဲ့သူလည်းဖြစ် သည်။

7Day DAILY

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံ အမှာစကားပြောကြားစဉ် (ဓာတ်ပုံ −မင်းအောင်လှိုင် ဖေ့စ်ဘွတ်)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများ အား တွေ့ဆုံအမှာစကားပြောကြားစဉ် (ဓာတ်ပုံ −မင်းအောင်လှိုင် ဖေ့စ်ဘွတ်)
 နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးများ အပါအ၀င် နယ်ဘက်အရာရှိများကို ထပ်မံတက်ရောက် ခွင့် ပြုမည်ဖြစ်ကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

သမ္မတနှင့်ဌာန ဂုဏ်သိသမ္မတနှင့်ဌာန ဂုဏ်သိက္ခာကာကွယ်ရန် ဂျာနယ် နှစ်စောင် ကို တရားစွဲမည်ဟုဆိုက္ခာကာကွယ်ရန် ဂျာနယ်နှစ်စောင်ကို တရားစွဲမည်ဟုဆို

Photo: သမ္မတနှင့်ဌာန ဂုဏ်သိသမ္မတနှင့်ဌာန ဂုဏ်သိက္ခာကာကွယ်ရန် ဂျာနယ် နှစ်စောင် ကို တရားစွဲမည်ဟုဆိုက္ခာကာကွယ်ရန် ဂျာနယ်နှစ်စောင်ကို တရားစွဲမည်ဟုဆို
Tuesday, September 23, 2014

 ပြည်တွင်းထုတ်မြန်မာ သံတော်ဆင့်ဂျာနယ်နှင့် Weekly  Eleven သတင်းဂျာနယ်တို့တွင် သမ္မတ၊ စာပေနှင့် စာနယ်ဇင်း လုပ်ငန်းတို့နှင့်ပတ်သက်၍ ရေး သားမှုများကို     စာနယ်ဇင်းကောင်စီသို့ တိုင်ကြားထားရာညှိ နှိုင်းဖြေရှင်းမှုမအောင်မြင်သည့် အတွက် သမ္မတနှင့်ဌာန၏ဂုဏ်သိ က္ခာကာကွယ်ရန်တရားဥပဒေအ ရ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ပြောကြားသည်။

အဆိုပါဂျာနယ်နှစ်စောင်ကို  တရားစွဲဆိုရန်   ဥပဒေအကြံပြု ချက်များ     တောင်းခံထားပြီး သမ္မတကိုယ်စား   တရားစွဲမည့် သူကိုလည်း ဥပဒေအကြံပြုချက် အတိုင်းသာ   ဆောင်ရွက်မည် ဖြစ်ကြောင်း  ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာသံတော်ဆင့်ဂျာနယ်  ကလည်းတိုင်ကြားခံရမှုအတွက်  လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်  ဆောင်ပြီးဖြစ်၍ ၀န်ကြီး၏တရားဥပဒေအရ ဆောင်ရွက်ချက်အပေါ်ပြန်လည်ရင်ဆိုင်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

Elevenကမူ ယခု ကိစ္စအတွက် သတင်းအချက်အလက်အတိအကျကို စုဆောင်းနေပြီး လတ်တလောတွင် မှတ်ချက် ပေးရန်မရှိကြောင်း Eleven Media အယ်ဒီ တာချုပ်ဦးဝေဖြိုးက  ပြောကြား သည်။

မြန်မာသံတော်ဆင့်ဂျာနယ် တွင်ဒေါက်တာမျိုးရန်နောင်သိမ်း နှင့် သံတော်ဆင့်ဒုတိယအယ်ဒီ တာချုပ်အံ့ခေါင်မင်းတို့တွေ့ဆုံ မေးမြန်းမှုတွင် ‘‘သမ္မတဦးသိန်းစိန်  ဗလောင်းဗလဲလုပ်နေတယ်’’ဟု ဖော်ပြချက်နှင့် ပတ်သက်၍ပြန်ကြားရေးဝန်ကြီးဌာန   ဒုဝန်ကြီးဦးပိုက်ထွေးက စာနယ်ဇင်းကောင်စီယာယီထံ     တိုင်ကြားခဲ့ခြင်းဖြစ် သည်။

Weekly  Elevenမှာ  ပြန် ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်  စာနယ်ဇင်းလုပ်ငန်းမှ ပုံနှိပ်စက် ၀ယ်ယူမှုတွင် ဈေးနှုန်းကွာဟချက် ကိုဖော်ပြခဲ့မှုနှင့်ပတ်သက်၍ ပြန် ကြားရေးဝန်ကြီးဌာနက စာနယ် ဇင်းကောင်စီသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ကို တိုင်ကြား မှုနဲ့ ပတ်သက်လို့ စာနယ်ဇင်း ကောင်စီမှာ   နှစ်ခါသွားညှိနှိုင်း တယ်။ ဘာတွေညှိနှိုင်းတယ်ဆို တာတော့ အသေးစိတ်ပြောလို့မ ရသေးဘူး။ ပြန်ကြားရေးကသမ္မ တကိုတောင်းပန်ဖို့ပြောတယ်။ ကျွန်တ်ာတို့က တောင်းပန်နိုင်တဲ့ အနေအထားကိုကောင်စီကတစ် ဆင့် အကြောင်းပြန်တယ်။အဲဒါ ကို ဒီနေ့(စက်တင်ဘာ ၂၂ရက်) မနက်မှာ ပြန်ကြားရေးက စာပြန် ပို့တယ်။ ကျွန်တော်တို့တောင်းပန် တဲ့အနေအထားကို သဘောမတူ တဲ့အတွက်၊    လက်မခံနိုင်တဲ့အ တွက် ဥပဒေအရလုပ်မယ်လို့ ဦး ပိုက်ထွေးလက်မှတ်ထိုးပြီးပို့တာ။ ကျွန်တော်တို့လုပ်သင့်လုပ်ထိုက် တာလုပ်ပြီးပြီ။ ဥပဒေအရရင်ဆိုင် ဖို့ပဲရှိတော့တယ်’’ဟု    မြန်မာသံ တော်ဆင့်ဂျာနယ်    တာဝန်ခံ အယ်ဒီတာကိုအောင်ထွန်းလင်း ကပြောသည်။

Weekly  Elevenအား ပြန် ကြားရေးတိုင်စာနှင့်ပတ်သက်၍ ကောင်စီ၏ခေါ်စာပေးပို့ခဲ့သော် လည်း ပြန်ကြားရေးနှင့်ပတ်သက် ၍ ကောင်စီမှ ခေါ်ယူစာများထပ် မံမပို့ရန်သာ အကြောင်းပြန်ကြား ခဲ့ကြောင်း ကောင်စီအတွင်းရေး မှူးဦးကျော်မင်းဆွေက   ပြော သည်။

‘‘ဒီကိစ္စကတော့ နှစ်ဦးနှစ် ဖက်သဘောထားနဲ့ဆိုင်တယ်။ ကောင်စီက တတ်နိုင်သရွေ့ညှိ ပေးတယ်။ မပြေလည်တာတစ်ခု၊ နှစ်ခုပေါ့။ နှစ်ဖက်လုံးပြေလည် အောင်လုပ်မယ်။ အခုကိစ္စက အ စိုးရဖြစ်နေလို့ ပုဂ္ဂလိကဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတာလည်း စဉ်းစားကြည့်ဖို့လိုတယ်။ တရားစွဲ တဲ့အဆင့်မရောက်အောင် အတတ်နိုင်ဆုံးညှိပေးနိုင်တယ်။ နှစ်ဖက်မကျေနပ်တဲ့အခါမှာတော့ သူတို့ ဆန္ဒအရ တရားရုံးသွားကြတာ ပေါ့’’ဟု စာနယ်ဇင်းကောင်စီယာ ယီအတွင်းရေးမှူးဦးကျော်မင်း ဆွေကပြောသည်။

မကြာမီက ပြဋ္ဌာန်းလိုက် သော မီဒီယာဥပဒေတွင် ကောင်စီ က အငြင်းပွားမှုများကိုတိုင်ကြား အသိပေး၍ ညှိနှိုင်းဖြေရှင်းနိုင်ပြီး  နစ်နာသူက မကျေနပ်ပါကတရား ရုံးသို့ သွားရောက်တိုင်ကြားနိုင် ကြောင်းဖော်ပြထားသည်။

7Day DAILY 

နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
 ပြည်တွင်းထုတ်မြန်မာ သံတော်ဆင့်ဂျာနယ်နှင့် Weekly  Eleven သတင်းဂျာနယ်တို့တွင် သမ္မတ၊ စာပေနှင့် စာနယ်ဇင်း လုပ်ငန်းတို့နှင့် ပတ်သက်၍ ရေးသားမှုများကို  စာနယ်ဇင်းကောင်စီသို့ တိုင်ကြား ထားရာညှိ နှိုင်းဖြေရှင်းမှုမအောင်မြင်သည့်အတွက် သမ္မတနှင့်ဌာန၏ ဂုဏ်သိ က္ခာကာကွယ်ရန်တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးရဲထွဋ်ကပြောကြားသည်။